အခန်း (၅၃၂)
Vol. 38 Ch. 532
မဟာကျင့်ကြံသူကြီးများက တာအိုနယ်မြေ၏လျှို့ဝှက်ချက်ကို တခြားလူများ သိသွားမည်စိုးရိမ်သောကြောင့် တာအိုနယ်မြေစွမ်းအားကိုထုတ်ဖော်လေ့မရှိပေ။
သို့သော် လုယွီကျိုးက တာအိုနယ်မြေကို ထုတ်ဖော်ခဲ့သည်။ ချင်စုယန်ကလည်း ဖုံးကွယ်ထားမည် မဟုတ်ပေ။
ထို့အပြင် ဟန်မူယဲ့က အဖိုးတန်သော ကြယ်ဝိညာဉ်ပုလဲလုံးကို ထုတ်သုံးခဲ့သည်။
“လူအိုကြီးချင်၊ မင်းရဲ့တာအိုနယ်မြေက အတော်လေးသိပ်သည်းတာပဲ ....”
လုယွီကျိုး၏အသံက အနည်းငယ်ခါးသက်နေသည်။
သူက ကြယ်စွမ်းအားကိုအသုံးပြု၍ သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်လာခဲ့သော်လည်း အခြေခံအုတ်မြစ်နေရာတွင် အားနည်းနေသေးသည်။
သူ့တာအိုနယ်မြေသည် တုန်းရှန်ဒေသအဖြစ် ပြောင်းလဲသွားပြီး သူနှင့်အတူ လိုက်မလာနိုင်ပေ။ သူသုံးစွဲနိုင်သော တာအိုနယ်မြေစွမ်းအားက အားနည်းနေသည်။
ချင်စုယန်က ရယ်လိုက်ပြီး လက်မြှောက်သည်။
သူ့ပတ်ဝန်းကျင်တွင် ကြွယ်ဝသောဆေးရနံ့များ ပေါက်ကွဲထွက်လာပုံရသည်။
မြေပြင်ပေါ်တွင် ဝိညာဉ်ဆေးပင်များ တစ်ပင်ပြီးတစ်ပင် ပေါ်လာသည်။
ကွန်ဖြူးရှပ်တာအိုနှင့် အာခီမီတွင် သူတော်စင်တစ်ဝက်အဆင့် ....
နှစ်ထပ်ကွမ်းသူတော်စင် ....
ချင်စုယန်က နှစ်ထပ်ကွမ်းသူတော်စင်တစ်ယောက် ဖြစ်နေကြောင်း လုယွီကျိုးက သိထားသော်လည်း မြေပြင်တွင်ရှိနေသော ဝါးပင်နှင့်ဝိညာဉ်ဆေးပင်များကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။
တစ်ဖက်တွင် ဟန်မူယဲ့က သိပ်မခံစားရပေ။
ဟန်မူယဲ့က နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသောအခါတွင် တခြားလူများ၏ခွန်အားကို သိပ်ဂရုမစိုက်တော့ပေ။
သူက ပုံမှန်အတိုင်းရှေ့ဆက်သွားနေလျှင် လူတိုင်းကို ကျော်ဖြတ်နိုင်လိမ့်မည်။
“ဒါကလည်း ကောင်းတာပဲ။ ဒီနေရာမှာ တာအိုနယ်မြေကို ချန်ထားခဲ့တော့ ဓားတာအိုကို သေချာရှာဖွေနိုင်မယ်”
ချင်စုယန်က သူတော်စင်တစ်ဝက်အဆင့်တာအိုနယ်မြေနှစ်ခုကို အသက်သွင်းလိုက်သောအခါတွင် အငွေ့အသက်များ အနည်းငယ်အားလျော့သွားပုံရသည်။
သို့သော် သူဖိနှိပ်ထားသော ဓားတာအိုစွမ်းအားက ပိုမိုထင်ရှားလာသည်။
သူ့ခန္ဓာကိုယ်ထဲမှ ထက်မြိသောဓားဆန္ဒများ ပေါ်ထွက်လာသည်။
သူက ဓားတာအိုစွမ်းအားကြောင့် ဟန်မူယဲ့ကို သေချာအာရုံခံနိုင်ခဲ့သည်။
ဟန်မူယဲ့က နှလုံးတုန်သွားစေနိုင်သော ဓားတာအိုစွမ်းအားကို ဖုံးကွယ်ထားသည်။
‘သူ့ရဲ့ဓားတာအိုကျင့်ကြံခြင်းက ငါ့ထက်ပိုပြီး နက်နဲတာပဲ’
“လူအိုကြီးချင်၊ မင်းရဲ့တာအိုနယ်မြေစွမ်းအားကြောင့် ဒီကြယ်က ပိုအသက်ဝင်လာသလိုပဲ”
လုယွီကျိုးက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး နောင်တများနှင့်အတူ ပြောသည်။
“မဟာတာအိုစွမ်းအားကို မစုစည်းနိုင်တာ နှမြောစရာပဲ။ မဟုတ်ရင် ....”
သူ့စကားမဆုံးခင် မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ရှေ့တွင်ရှိသောလေထုကို လက်ညှိုးညွှန်သည်။
လေပြင်းတစ်ခု ပေါ်ထွက်လာပြီး လေပြေလေညင်းများအဖြစ် ပြောင်းလဲသွားသည်။
လေဓာတ်လိုက်ဖက်ညီမှု အမြင့်ဆုံးအဆင့်ကြောင့် အဆုံးမရှိသောလေစီးကြောင်းများကို ဖန်တီးနိုင်သည်။
ဟန်မူယဲ့က ရပ်တန့်မသွားပေ။ သူ့ခြေထောက်အောက်မှ အဝါရောင်အလင်းများ ပျံ့နှံ့သွားပြီး နေရာတိုင်းတွင် မြေကြီးနှင့်ကျောက်တုံးများ ရွေ့လျားလာကြသည်။ ထူထဲသော မြေဓာတ်အငွေ့အသက်က နေရာအနှံ့တွင် ပျံ့နှံ့သွားသည်။
မြေထုနှင့်အတူ အစိမ်းရောင်စီးကြောင်းတစ်ခု ပြေးထွက်လာပြီး မြေပြင်ပေါ်တွင် လိမ့်ဆင်းသွားသည်။
မြေဓာတ်လိုက်ဖက်ညီမှု အမြင့်ဆုံးအဆင့် ....
ရေဓာတ်လိုက်ဖက်ညီမှု အမြင့်ဆုံးအဆင့် ....
ဟန်မူယဲ့က လက်မြှောက်လိုက်ပြန်သည်။ သူ့လက်ဝါးထဲမှ အစိမ်းရောင်ချီစွမ်းအင်အလင်းများ ပြန့်ကျဲသွားသည်။
စိမ်းလန်းသောဝါးပင်များ၊ မြေပြင်တွင်ရှိနေသော ဝိညာဉ်ဆေးပင်များ၊ မြက်ပင်နှင့် ထင်းရှူးပင်များက ပျော်ရွှင်နေသကဲ့သို့ အကိုင်းအခက်များကို လှုပ်ရှားလိုက်သည်။
အသက်စွမ်းအား ....
ဤကမ္ဘာလေး၏ မိုင်တစ်ရာပတ်ဝန်းကျင်တွင် အသက်စွမ်းအားဖြင့် ပြည့်နှက်သွားသည်။
“လောကမှာ ကောင်းကင်တာအိုရဲ့ မျက်နှာသာအပေးခံရတဲ့သားတော်က တကယ်ပဲရှိနေတာလား ....”
ချင်စုယန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။
လုယွီကျိုးက ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။
“တော်သေးလို့ မိုးကြိုးစွမ်းအားကို ကောင်းကင်တာအိုက ထိန်းချုပ်ထား ....”
“ဘုန်း”
ဟန်မူယဲ့၏နောက်တွင် အနက်ရောင်ခွေဦးချိုတစ်ခု ပေါ်လာသည်။
ခွေဦးချိုပေါ်လာသောအခါတွင် အာကာသထဲ၌ အဆုံးမရှိသောလျှပ်စီးများ ဆင်းသက်လာပြီး အလင်းလွှာကို ထိမှန်သွားသောကြောင့် အနည်းငယ်တုန်ခါသွားသည်။
သို့သော် ထိုတုန်ခါမှုကြောင့် ချင်စုယန်နှင့်လုယွီကျိုးတို့က အံ့အားသင့်သွားသည်။
မိုးကြိုးစွမ်းအားသည် တာအိုနယ်မြေနှင့်ပေါင်းစပ်သွားပြီး ကောင်းကင်တာအိုစွမ်းအားကို လှုံ့ဆော်လိုက်သည်။ သူတို့က ကောင်းကင်တာအိုစွမ်းအားကို လျင်မြန်စွာ သုံးသပ်ကြည့်နိုင်သည်။
“ဘုန်း”
မိုးကြိုးများ ဆက်တိုက်ကျဆင်းလာပြီး မြေပြင်ပေါ်တွင်ရှိသော ရေခိုးရေငွေ့များက တိမ်တိုက်အဖြစ်ပြောင်း၍ မိုးရွာကျလာသည်။
ယခုအချိန်တွင် မိုင်တစ်ရာပတ်ဝန်းကျင်က အမှန်တကယ် အသက်ရှင်လာခဲ့သည်။
မိုင်တစ်ရာကျော်သွားလျှင် ပျက်စီးနေသောမြေပြင်ကို ဆက်မြင်နေရသည်။ ထိုသို့မဟုတ်လျှင် အသက်ရှင်နေသောကြယ်တစ်လုံးနှင့် ကွာခြားတော့မည်မဟုတ်ပေ။
ချင်စုယန်နှင့်လုယွီကျိုးက ရှုပ်ထွေးသောမျက်နှာထားများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို နောင်တများနှင့်ကြည့်လိုက်ပြီး ခေါင်းခါသည်။
“ကြယ်ဝိညာဉ်ပုလဲလုံးရဲ့စွမ်းအားက လျော့နည်းနေသေးတာ နှမြောစရာပဲ။ သဘာဝရတနာတွေကို မစုစည်းနိုင်သေးဘူး။ သတ္တုဓာတ်လိုက်ဖက်ညီမှုစွမ်းအားက အားနည်းနေသေးတယ်”
ဓာတ်စင်ငါးမျိုးတွင် ဟန်မူယဲ့က သတ္တုဓာတ်ကိုသာ လိုအပ်တော့သည်။
သူက လက်နက်သန့်စင်ခြင်းကို လေ့လာခဲ့သော်လည်း သတ္တုဓာတ်စွမ်းအားတွင် အားထည့်မထားခဲ့ပေ။
သူက ဓာတ်စင်လိုက်ဖက်ညီမှုစွမ်းအားများကို ရရန်အတွက် သိပ်ဂရုမစိုက်ပေ။
ချင်စုယန်နှင့်လုယွီကျိုးက ပြောစရာစကား ကင်းမဲ့နေသည်။
ဟန်မူယဲ့က ဗြောင်ကျကျ ကြွားဝါနေသည်။
သူက တာအိုနယ်မြေကို မတည်ဆောက်ရသေးသော်လည်း နည်းလမ်းအမျိုးမျိုး ထုတ်သုံးနိုင်သည်။ ကောင်းကင်ဘုံ၏သားတော်ပင် ဖြစ်ရမည်။
လိုက်ဖက်ညီမှုစွမ်းအားအမျိုးမျိုးကို ထုတ်သုံးလိုက်ပြီး ပတ်ဝန်းကျင်မိုင်တစ်ရာပတ်လည်ကို အသက်သွင်းပေးခဲ့သည်။ ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲတွင်ရှိသော ဖုံးကွယ်ထားသည့်ဓားတာအိုစွမ်းအားက ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ဓားတာအို၏ထက်မြိမှုသည် တိမ်တိုက်များကိုပင် ထိုးခွဲသွားသည်။
‘ဒီနေ့ခေတ်လူငယ်တွေက ဒီလောက်တောင် ကြောက်စရာကောင်းနေပြီလား’
“မင်းက ဆေးလုံးသန့်စင်လိုက်ရင် စွမ်းအားတွေအပေါ်မှာ သက်ရောက်မှုရှိလာမှာလား”
ချင်စုယန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးမေးသည်။
မဟာတာအိုစွမ်းအားကို ထိန်းသိမ်းထားရန်အတွက် သိပ်သည်းသောကျင့်ကြံခြင်းနှင့် ခွန်အားကို လိုအပ်သည်။
သူတို့နှစ်ယောက်က တာအိုပေါင်းစည်းထားသော သူတော်စင်တစ်ဝက်အဆင့်များဖြစ်သည်။ ထို့ကြောင့် သူတို့၏အခြေခံအုတ်မြစ်က ခိုင်မာသည်။
ဟန်မူယဲ့၏ကျင့်ကြံဆင့်က ရွှေအမြုတေအဆင့်တွင်သာ ရှိနေသည်။
ထိုခွန်အားနှင့်ဆိုလျှင် ဓားအမြုတေကို သန့်စင်သောအချိန်တွင် ခက်ခဲလိမ့်မည်။ သူက ဆေးလုံးများကို ကောင်းမွန်စွာမသန့်စင်နိုင်လျှင် အာခီမီပညာရှင်များကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။
“ကျွန်တော်ကိုယ်တိုင်ဆေးလုံးသန့်စင်မယ်လို့ ဘယ်သူကပြောလဲ”
ဟန်မူယဲ့က ပြုံးသည်။
သူ့စကားများကြောင့် ချင်စုယန်နှင့်လုယွီကျိုးက ကြောင်အသွားသည်။
ဟန်မူယဲ့က အဝေးတစ်နေရာသို့ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“လီစစ်မင်၊ ငါ့ကိုလာတွေ့လှည့်”
ဟန်မူယဲ့၏အသံကို ကြားလိုက်ရသောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့်လူတစ်ယောက် ပြေးလာသည်။
“လီစစ်မင်က ဆရာမူယဲ့၊ ခေါင်းဆောင်ချင်နဲ့ လက်ထောက်ကျောင်းအုပ်လုကို နှုတ်ဆက်ပါတယ်”
လီစစ်မင်က ရှေ့တွင်ရှိသောလူသုံးယောက်ကို စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့်ကြည့်လိုက်ပြီး ဦးညွှတ်သည်။
သူက မရေမတွက်နိုင်လောက်သော အာခီမီအကြီးအကဲများနှင့်အတူ ခရီးထွက်ပြီး အာခီမီသူတော်စင်ကို ကိုယ်တိုင်မြင်တွေ့နေရသည့်အတွက် ယခုအချိန်အထိ မယုံကြည်နိုင်ဖြစ်နေသည်။
သူက ဆိုင်ပိတ်လိုက်ရသော အာခီမီပညာရှင်တစ်ဦးဖြစ်သည်။ ထိုကျွမ်းကျင်များ၏အာရုံစိုက်မှုကို ရရှိနိုင်ရန် သူ့တွင် မည်သည့်အခွင့်အရေးများ ရှိနိုင်မည်နည်း။
လီစစ်မင်က စိတ်လှုပ်ရှားပြီး ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က သူ့ကို သင်္ဘောပျံပေါ်သို့ တင်ပေးခဲ့သော်လည်း လုပ်ဆောင်ရမည့်အရာများ သိပ်မပြောခဲ့ပေ။
ထို့ကြောင့် သူက လမ်းပျောက်နေသည်။
“ဝီ”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် မီးပြင်းဖိုတစ်လုံး ပေါ်လာသည်။
မီးပြင်းဖိုပေါ်လာသောအခါတွင် ချင်စုယန်၏မျက်နှာထားက ပြောင်းလဲသွားပြီး အသံပြုမိသည်။
“တာအိုအနှစ်သာရမီးပြင်းဖိုပဲ”
ဟန်မူယဲ့က သူ့ကိုလှည့်ကြည့်ပြီး ပြောသည်။
“အကြီးအကဲက ဒီမီးပြင်းဖိုကို သိနေတာလား”
ချင်စုယန်၏မျက်လုံးထဲတွင် အားကျစိတ်များဖြတ်ပြေးသွားပြီး တီးတိုးပြောသည်။
“ငါက ရှေးခေတ်မှတ်တမ်းထဲမှာ မြင်ဖူးတယ်။ ဒါက ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးရဲ့ အာခီမီလမ်းစဉ်အမွေအနှစ်ထဲက ရတနာတစ်ခုပဲ ....”
သူက ထိုသို့ပြောလိုက်ပြီး ခေါင်းခါသည်။
“လောကမှာ မရေမတွက်နိုင်လောက်တဲ့ရတနာတွေရှိတယ်။ ဒါပေမဲ့ ကံပါမှပဲ ရနိုင်မယ်”
သူက ဟန်မူယဲ့ကိုပြောနေသည်လား ကိုယ့်ကိုယ်ကိုယ်ပြောနေသည်လား မသဲကွဲပေ။
“ဒါက ကြယ်တစ်လုံးကနေသန့်စင်ထားတဲ့ တာအိုအနှစ်သာရမီးပြင်းဖိုလား”
လုယွီကျိုးက ရှေ့တ်ကလာပြီး လေးနက်သောမျက်နှာထားဖြင့် မီးပြင်းဖိုကို စစ်ဆေးကြည့်သည်။
သူ့မျက်လုံးများက တောက်ပနေပြီး မီးပြင်းဖိုပေါ်တွင်ရှိသော ဝိညာဉ်အင်းကွက်များကို မှတ်သားနေပုံပေါ်သည်။
ချင်စုယန်ကလည်း မီးပြင်းဖိုကို သေချာစစ်ဆေးကြည့်လိုက်သည်။
ဟန်မူယဲ့က သူတို့ကို လျစ်လျူရှုထားပြီး လီစစ်မင်ကို ကြည့်သည်။
“ဒီမီးပြင်းဖိုက ရောနှေနေတဲ့စွမ်းအားတွေကို တောင့်ခံနိုင်တယ်။ ဧရာမမီပြင်းဖိုအဖြစ်လည်း ပြောင်းနိုင်တယ်”
“မင်းသုတေသနလုပ်ထားတဲ့ ဆတိုးဆေးလုံးမီးပြင်းဖိုအယူအဆကို ဒီမီးပြင်းဖိုနဲ့ စမ်းကြည့်ရင် ဖြစ်နိုင်လိမ့်မယ်”
သူက မီးပြင်းဖိုကို လီစစ်မင်၏ရှေ့သို့ တွန်းပို့လိုက်သည်။
“ဒီမီးပြင်းဖိုကိုယူသွားပြီး လေ့လာလိုက်။ မင်းက မနက်ဖြန်ကျရင် ဓားဆေးလုံးသန့်စင်ဖို့ တာဝန်ယူရမယ်”
‘ဓားဆေးလုံးသန့်စင်ဖို့ တာဝန်ယူရမှာလား’
လီစစ်မင်က တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက တာအိုအနှစ်သာရမီးပြင်းဖိုကို ကြည့်နေပြီး ထားခဲ့ရန် တွန့်ဆုတ်နေသည်။
သို့သော် သူက အာခီမီဆရာအဆင့်တွင်သာ ရှိသည်။ သူ့ထက်အားနည်းသောလူများ အနည်းငယ်သာကျန်တော့သည်။
‘ငါက ဘယ်လိုလုပ်ပြီး ဆေးလုံးသန့်စင်တာကို တာဝန်ယူရမှာလဲ’
“စိတ်မပူနဲ့။ ဆတိုးဆေးလုံးနည်းစနစ်ကိုသာ သေချာလေ့လာထားလိုက်။ ကျန်တာကို ငါလုပ်မယ်”
ဟန်မူယဲ့က လီစစ်မင်၏တုံ့ဆိုင်းမှုကို မြင်လိုက်ရသောအခါတွင် ညင်သာစွာပြောသည်။
လီစစ်မင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တာအိုအနှစ်သာရမီးပြင်းဖိုကို လက်နှစ်ဖက်ဖြင့် မသည်။ သူက လေးနက်စွာပြောသည်။
“ကျွန်တော်က စိတ်မပျက်စေရပါဘူး”
သူက ကျင့်ကြံခြင်းလောက၏အခွင့်အရေးကို လက်မခံခဲ့လျှင် အနာဂတ်၌ အာခီမီလမ်းစဉ်တွင်တိုးတက်လာရန် မဖြစ်နိုင်တော့ပေ။
တာအိုအနှစ်သာရမီးပြင်းဖိုနှင့်အတူ ဂရုတစိုက်ထွက်သွားသော လီစစ်မင်ကိုကြည့်လိုက်ပြီး လုယွီကျိုးက ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“သူက လုပ်နိုင်မှာလား”
အာခီမီဆရာတစ်ယောက်က အာခီမီပညာရှင်ရှစ်ထောင်ကို ဆေးလုံးသန့်စင်ရန်အတွက် မည်သို့စီမံနိုင်မည်နည်း။
ချင်စုယန်၏မျက်လုံးများက တောက်ပသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး လှည့်ထွက်သွားသည်။
သူက တာအိုအနှစ်သာရမီးပြင်းဖိုနှင့် ဆတိုးဆေးလုံးနည်းစနစ်ကို စမ်းကြည့်ခဲ့သည်။
သူက လီစစ်မင်၏ပါရမီကို တန်ဖိုးထားပြီး ဤနေရာတွင် ပိတ်မိမနေချင်သောကြောင့် လီစစ်မင်ကို အခွင့်အရေးပေးလိုက်သည်။
သူ့တွင် လုပ်စရာများ ရှိနေသည်။
ဟန်မူယဲ့က သင်္ဘောပျံ၏အခန်းထဲသို့ ပြန်လာပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်တွင် ချီစွမ်းအင်အလင်းများ တောက်ပသွားပြီး သူ့ရှေ့တွင် ဝင်္ကပါပြားတစ်ခု ပေါ်လာသည်။
ဝင်္ကပါပြားဆီမှ အလင်းတန်းများပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို ပိတ်ဆို့လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် အဆုံးမရှိသောချီစွမ်းအင်အလင်းများဖြင့် တောက်ပနေပြီး နတ်ဘုရားသားရဲပါ့ရှားက သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားသည်။
စုဝေကမ္ဘာ၏ အရှေ့ပင်လယ်တွင် နတ်ဘုရားသားရဲပါ့ရှားက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။
နတ်ဘုရားသားရဲပါ့ရှား၏ကိုယ်ပေါ်တွင် ထိုင်နေသော ဟန်မူယဲ့က ကောင်းကင်ကို မော့ကြည့်သည်။
ချီစွမ်းအင်အလင်းများ ထိတွေ့သွားပြီး လေဟာနယ်သည် တုန်ခါနေသည်။
ရန်သူများ တိုက်ခိုက်လာသည်။
ချီစွမ်းအင်အလင်းမှတစ်ဆင့် ပြင်ပရန်သူများအားခုခံနေသော ကျွမ်းကျင်သူများကို မြင်နိုင်သည်။ ဟန်မူယဲ့က စိုးရိမ်ရန်မလိုပေ။
သူက စုဝေကမ္ဘာတွင်နေထိုင်ပြီး အာကာသထဲတွင် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သောကြောင့် ရန်သူများ လျော့နည်းသွားသည်။
ပတ်ဝန်းကျင်တွင်ရှိသော မိစ္ဆာနှင့်သားရဲများသည် အားလုံးနီးပါး အသတ်ခံလိုက်ရသည်။
ပြင်ပရန်သူများထဲတွင် ကျွမ်းကျင်သူများက ထွက်ပြေးမသွားလျှင် ပါ့ရှားအတွက် ချီနှင့်သွေးစွမ်းအားများ ဖြစ်လာသည်။
ယနေ့တိုက်ပွဲတွင် ဟန်မူယဲ့က လှုပ်ရှားရန်မလိုအပ်ပေ။
နာရီဝက်အကြာတွင် ပြင်းထန်သောအငွေ့အသက်များနှင့် ဒါဇင်ချီသောဓားကျင့်ကြံသူများ ဆင်းသက်လာသည်။
သူ့တို့၏ပတ်ပတ်လည်တွင် ထူးဆန်းစွာလှုပ်ရှားနေသော ဓားအမြုတေများ ရှိသည်။ ထို့အပြင် ခြေထောက်အောက်တွင်ရှိသော ဓားရှည်များကလည်း ဓားအလင်းဖြင့် တောက်ပနေသည်။
သူတို့စတွေ့ခဲ့သောအချိန်နှင့် မတူတော့ဘဲ ထိုဓားကျင့်ကြံသူများသည် ဟန်မူယဲ့ကို မကြောက်တော့ပေ။
“အကြီးအကဲဟန်”
လုကျန်းရှန်းက ရှေ့တက်လာပြီး ဦးညွှတ်သည်။ ကျန်လူများကလည်း ဦးညွှတ်လိုက်သည်။
“ကျွန်တော်တို့က မိစ္ဆာနတ်ဆိုးတွေကိုသတ်ဖြတ်ပြီး ဝိညာဉ်သတ္တုတွေ ရလာပါတယ်။ ကျွန်တော်တို့က အဲဒီသတ္တုတွေကို ဓားအဖြစ်သန့်စင်ပြီး ဓားအမြုတေတချို့နဲ့ လဲချင်ပါတယ်”