← Chapters

အခန်း (၅၃၄)

Vol. 39 Ch. 534

အခန်း (၅၃၄)

Vol. 39 Ch. 534

သူက အံတင်းတင်းကြိတ်လိုက်ပြီး လက်မြှောက်သည်။

လက်ဝါးအရွယ်အစားရှိသော တာအိုအနှစ်သာရမီးပြင်းဖိုက ပျံထွက်လာသည်။

“ဘုန်း”

လေထုထဲတွင် ပေတစ်ထောင်မြင့်မားသော မီးပြင်းဖိုကြီးတစ်ခု ဖြစ်တည်လာသည်။

လီစစ်မင်က စကားမပြောပေ။ သူ့လက်ထဲတွင် ချီစွမ်းအင်အလင်းများက မီးတောက်အဖြစ်ပြောင်းပြီး တာအိုအနှစ်သာရမီးပြင်းဖိုကို ရစ်ပတ်လိုက်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး မီးဓာတ်လိုက်ဖက်ညီမှုစွမ်းအားကို အသုံးပြု၍ အားနည်းနေသောမီးတောက်များကို သန်မာလာအောင် ကူညီပေးလိုက်သည်။

မီးတောက်များ မြင့်တက်လာပြီး လီစစ်မင်၏အငွေ့အသက်က တည်ငြိမ်နေသည်။ သူက လက်မြှောက်လိုက်သောအခါတွင် ဝိညာဉ်ဆေးပင်များ တစ်ပင်ပြီးတစ်ပင် ပေါ်လာသည်။

ဝိညာဉ်ဆေးပင်များအားလုံးသည် အလွန်အဖိုးတန်သည်။

ထိုမြင်ကွင်းကြောင့် အာခီမီပညာရှင်များအားလုံးက မျက်မှောင်ကြုတ်သည်။

သူတို့အားလုံးက အာခီမီကျင့်ကြံသူများဖြစ်သောကြောင့် အာခီမီလမ်းစဉ်ကို ရှင်းလင်းစွာနားလည်သည်။

ဝိညာဉ်ဆေးပင်အရေအတွက်ကို တိုးမြှင့်လိုက်ရုံဖြင့် ဆေးလုံးများကို မသန့်စင်နိုင်ပေ။

အာခီမီလမ်းစဉ်သည် ဆေးစွမ်းအားညီညွတ်မျှတမှုကို အလေးထားသည်။

“ဟီးဟီး၊ ငါက နည်းနည်း စိတ်မရှည်ဖြစ်သွားတယ်”

လူတစ်ယောက်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

သူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

အာခီမီဌာန၏ ခေါင်းဆောင်အသစ်သည် နည်းလမ်းများကို ထုတ်ပြချင်သောကြောင့် အဆင့်နိမ့်အာခီမီဆရာတစ်ယောက်ကို ပွဲထုတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ခေါင်းဆောင်အသစ်က အကျိုးဆက်များကို တွေးထားပုံမရပေ။

သို့သော် နက်နဲသောကျင့်ကြံခြင်းနှင့် အာခီမီပညာရှင်များလည်း ရှိသည်။ သူတို့၏မျက်လုံးများက အသိဉာဏ်များဖြင့် တောက်ပနေပုံရသည်။

ထူးခြားသော တာအိုအနှစ်သာရမီးပြင်းဖိုက ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်တွင်ရှိနေသော ကျွမ်းကျင်သူများကို ဆွဲဆောင်လိုက်သည်။

‘ဒီလိုရတနာမျိုးကို ဆေးလုံးသန့်စင်ဖို့ သုံးလို့ရတာလား’ သူတို့ တွေးမိသည်။

“ဝီ”

တာအိုအနှစ်သာရမီးပြင်းဖိုက တုန်ခါသွားသည်။ လီစစ်မင်က လက်မြှောက်ပြီး ဝိညာဉ်ဆေးပင်များကို မီးပြင်းဖိုထဲသို့ ထည့်သွင်းသည်။

သူ့မျက်နှာထားက တည်ငြိမ်ပြီး တစ်ကိုယ်လုံး လေးနက်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် သူ့အာခီမီကျင့်ကြံခြင်းက လျှို့ဝှက်စွာပြောင်းလဲသွားပြီး တိုးတက်နေသည်။

လီစစ်မင်က မသိလိုက်ဘဲ အာခီမီဆရာသခင်အဆင့်သို့ ရောက်သွားသည်။

“ဝီ”

မီးပြင်းဖိုကလည်ပတ်နေပြီး ဆေးချီလှိုင်းများ ထွက်ပေါ်လာသည်။

ဝိညာဉ်ဆေးပင်များ ဆယ်ဆခန့်ပိုထည့်ထားသောကြောင့် ဆေးချီလှိုင်းများက အလွန်ပြင်းထန်နေသည်။

တာအိုအနှစ်သာရမီးပြင်းဖိုက သန်မာသောကြောင့် ပေါက်ကွဲမသွားခဲ့ပေ။

လီစစ်မင်က အစွမ်းကုန်သုံး၍ ဆေးလုံးကို ထိန်းချုပ်နေသည်။ သူ့လက်ဝါးထဲတွင် အမျိုးမျိုးသောမန္တန်အလင်းများ ပြောင်းလဲနေသည်။

သူ့ပတ်ပတ်လည်တွင် အစိမ်းရောင်ချီစွမ်းအင်နှင့် ရွှေအမြုတေချီစွမ်းအင်များ ပေါင်းစပ်သွားသည်။

ထိုမြင်ကွင်းကြောင့် ချင်စုယန်နှင့် တခြားလူများ၏မျက်နှာထား ပြောင်းလဲသွားသည်။

ယခုအချိန်တွင် လီစစ်မင်က အငယ်တန်းဆရာသခင်တစ်ယောက် မဟုတ်တော့ပေ။ သူက အတွေ့အကြုံများသော အာခီမီကျွမ်းကျင်သူတစ်ယောက် ဖြစ်လာသည်။

လီစစ်မင်က အပြည့်အဝအာရုံစိုက်ထားသောကြောင့် ကျင့်ကြံခြင်းတည်ငြိမ်သွားသည်။

ဟန်မူယဲ့က လီစစ်မင်ကို ကြည့်သည်။ ထို့နောက် တာအိုအနှစ်သာရမီးပြင်းဖိုကို ကြည့်သည်။

သို့သော် လီစစ်မင်၏ကျင့်ကြံခြင်းက အားနည်းနေသေးသည်။ သူက တာအိုအနှစ်သာရမီးပြင်းဖိုကို ထိန်းချုပ်ရန်အတွက် အားထုတ်နေရသည်။ ယခုအချိန်တွင် မီးပြင်းဖိုအတွင်း၌ ဆေးစွမ်းအားများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က အတွေးတစ်ချက်ဖြင့် တာအိုအနှစ်သာရမီးပြင်းဖိုကို အသက်သွင်းလိုက်ပြီး တုန်ခါလာစေသည်။ အထဲတွင်ရှိသော ဆေးစွမ်းအားများက ဆက်တိုက်ပေါင်းစပ်သွားပြီး ဝဲကတော့တစ်ခု ဖြစ်လာသည်။

လီစစ်မင်၏ဦးခေါင်းတွင် ချွေးများဖြင့် စိုရွှဲနေသည်။ သူက ကျေးဇူးတင်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို လှည့်ကြည့်သည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မန္တန်ကို ထိန်းချုပ်သည်။ သူက မီးပြင်းဖိုကို လှုပ်ခါလိုက်ပြီး လည်ပတ်နေသောဆေးစွမ်းအားများကို ဆေးလုံးများအဖြစ် စုစည်းစေသည်။

“ဘုန်း”

မိုးကြိုးက လေထုကို ထိုးခွဲပြီး တာအိုအနှစ်သာရမီးပြင်းဖိုကို ရိုက်ခတ်လိုက်သည်။

ထိုမိုးကြိုးသည် တာအိုနယ်မြေစွမ်းအားများ၏ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်တာအို၏ သဘာဝစွမ်းအားဖြစ်သည်။

ဟန်မူယဲ့က အသက်သွင်းခဲ့သောကြောင့် ထိုစွမ်းအား ပေါ်ထွက်လာသည်။

သူ့ကြောင်သာမဟုတ်လျှင် လုယွီကျိုးနှင့်ချင်စုယန်က တာအိုနယ်မြေတွင် ကောင်းကင်မိုးကြိုးကို ဖန်တီးနိုင်မည်မဟုတ်ပေ။

မိုးကြိုးကျဆင်းလာသောကြောင့် ဆေးလုံးများ အောင်မြင်စွာဖြစ်တည်လာသည်။

မီးပြင်းဖိုပွင့်သွားပြီး ဆေးလုံးတစ်လုံး ပျံထွက်လာသည်။

ဝိညာဉ်ဆေးပင်များ ဆယ်စုံကျော်ထည့်ခဲ့သောကြောင့် ဆေးလုံးတစ်လုံးတည်းပင် မဖြစ်နိုင်ပေ။

ထိုဆေးလုံး၏နောက်မှ နောက်ထပ်ဆေးလုံး ၁၂လုံး ပျံထွက်လာသည်။

လျှပ်စီးများ ပြန့်ကျဲသွားပြီး ဆေးလုံးများကို လွှမ်းခြုံလိုက်သည်။

“ပြီးသွားပြီ”

လီစစ်မင်က လဲကျလုနီးပါး ဖြစ်နေသည်။ သို့သော သူ့မျက်လုံးများက ‌တောက်ပနေသည်။

‌အောက်တွင်ရှိနေသော အာခီမီပညာရှင်များကလည်း မျက်လုံးများ တောက်ပသွားသည်။

“တကယ်ဖြစ်နိုင်တာပဲ”

ချင်စုယန်က ရှေ့တက်လာပြီး တာအိုအနှစ်သာရမီးပြင်းဖိုကို လက်ဝါးဖြင့်ရိုက်သည်။

“ဘုန်း”

တာအိုအနှစ်သာရမီးပြင်းဖိုက ပေတစ်သောင်းမြင့်မားသွားသည်။

သူက လက်ကို ဆန့်ထုတ်လိုက်သောအခါ သူ့ရှေ့တွင် ဝိညာဉ်ဆေးပင်များ အပုံလိုက်ပေါ်လာသည်။

အကယ်၍ လီစစ်မင်က မီးပြင်းဖိုတစ်ဖိုတွင် ဓားဆေးလုံး ၁၃လုံး သန့်စင်နိုင်လျှင် သူ ချင်စုယန်က ဓားဆေးလုံးတစ်ထောင် သန့်စင်နိုင်သည်။

ပုံမှန်အတိုင်းဆိုလျှင် အာခီမီပညာရှင်ရှစ်ထောင်က တစ်နေ့လျှင် မီးပြင်းဖို သုံးဖို၊ ငါးဖိုစာခန့်သာ သန့်စင်နိုင်လိမ့်မည်။ သူတို့က တစ်နေ့လျှင် ဓားဆေးလုံး သုံးသောင်းမှ ငါးသောင်းအထိသာ သန့်စင်နိုင်မည်။

သို့သော် လီစစ်မင်ကဲ့သို့ ဆေးလုံးသန့်စင်နိုင်လျှင် တစ်‌နေ့တွင် ဆေးလုံးတစ်သိန်းမှ နှစ်သိန်းအထိ သန့်စင်နိုင်လိမ့်မည်။

“ဆရာမူယဲ့၊ ငါနဲ့အတူ ဆေးလုံးသန့်စင်ကြည့်မလား”

အာခီမီမီးတောက် မြင့်တက်လာသောအခါတွင် ချင်စုယန်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဆေးလုံးများသန့်စင်ရန်အတွက်သာဆိုလျှင် ဟန်မူယဲ့က တာအိုအနှစ်သာရမီးပြင်းဖိုကို ထုတ်ပေးမည်မဟုတ်ပေ။

ဟန်မူယဲ့က ဆေးလုံးအများအပြားကို တစ်ပြိုင်နက်သန့်စင်ချင်နေကြောင်း ချင်စုယန်က နားလည်ထားသည်။

တာအိုအနှစ်သာရမီးပြင်းဖိုကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြု၍ အာခီမီပညာရှင်ရှစ်ထောင်က ဆေးလုံးများကို တစ်ပြိုင်နက်သန့်စင်နိုင်မည်။

ဤမီးပြင်းဖိုသည် ဆေးလုံးတစ်သိန်းကို သန့်စင်နိုင်သည်။

ယခု ချင်စုယန်က ဟန်မူယဲ့ကိုဖိတ်ခေါ်ပြီး ပူးပေါင်းသန့်စင်သောနည်းလမ်းကို စမ်းကြည့်တော့မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့တက်လာသည်။

ချင်စုယန်၏လှုပ်ရှားမှုများက အလွန်လျင်မြန်သည်။ ပေတစ်သိန်းမြင့်မားသောမီးပြင်းဖိုက တုန်ခါသွားပြီး ဝိညာဉ်ဆေးပင်များကို ထည့်သွင်းလိုက်သည်။

ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။ သူက လက်မြှောက်ပြီး မီးပြင်းဖိုထဲသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်သည်။

သူကိုယ်တိုင် ဆေးလုံးသန့်စင်လျှင် အညစ်အကြေးများကို ရှင်းထုတ်ပစ်ရန်အတွက် ဓားချီကို အသုံးချသည်။

သို့သော် ယခုအချိန်တွင် မလိုအပ်ပေ။

သူ့ဝိညာဉ်စွမ်းအားတချို့က တာအိုအနှစ်သာရမီးပြင်းဖိုပေါ်သို့ ကျရောက်သွားသည်။

“ဆရာသခင်ကျန့်ယွီ၊ ဆေးလုံးအတူတူသန့်စင်ဖို့ ဆန္ဒရှိလား”

ဟန်မူယဲ့က ဝိညာဉ်ဖြင့်ထိန်းချုပ်ထားပြီး မေးလိုက်သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ရှည်လျားသောမုတ်ဆိတ်များနှင့် လူအိုကြီးတစ်ယောက်က ရှေ့တက်လာပြီး လက်မြှောက်၍ မန္တန်ကို အသုံးပြုသည်။

မီးပြင်းဖိုထဲတွင် အာခီမီကျွမ်းကျင်သူသုံးဦး၏စွမ်းအားများ လှုပ်ရှားနေသည်။ ပေတစ်သိန်းမြင့်မားသောမီးပြင်းဖိုက တုန်ခါသွားသော်လည်း မပေါက်ကွဲခဲ့ပေ။

တာအိုအနှစ်သာရမီးပြင်းဖိုဖြစ်သည်။

တခြားမီးပြင်းဖိုများဆိုလျှင် ထိုစွမ်းအားမျိုးကို တောင့်ခံနိုင်မည်မဟုတ်ပေ။

မီးပြင်းဖိုထဲတွင်ရှိသောဆေးစွမ်းအားများ တည်ငြိမ်သွားသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်သည်။

“ဆရာသခင် ဟယ်ကျင်းစီ၊ ဆရာသခင် ကျူးယန်၊ ဆရာသခင် ရှုမင် ....”

သူခေါ်ထုတ်လိုက်သော ဆရာသခင်များအားလုံးက ရှေ့တက်လာပြီး ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို မီးပြင်းဖိုထဲသို့ ထည့်သွင်းလိုက်သည်။

မီးပြင်းဖိုထဲတွင် ဝိညာဉ်စွမ်းအားရှစ်ဆယ်ခန့် စုစည်းလာသောအခါတွင် ဟန်မူယဲ့က နာမည်ဆက်မခေါ်တော့ဘဲ နောက်သို့ဆုတ်သည်။

“လီစစ်မင်၊ နောက်ပိုင်းမှာ မင်းတာဝန်ယူရမယ်”

သူ့ဝိညာဉ်က မီးပြင်းဖိုထဲမှ ထွက်သွားသည်။

လီစစ်မင်က ခေါင်းညိတ်လိုက်ပြီး ရှေ့တိုးသည်။ သူက ဝိညာဉ်စွမ်းအားဖြင့် မီးပြင်းဖိုကို သေချာစစ်ဆေးလိုက်ပြီး လူတိုင်း၏ ချီစွမ်းအင်နှင့် ဝိညာဉ်စွမ်းအားများကို ဦးဆောင်၍ မီးပြင်းဖိုထဲတွင် လှည့်ပတ်လိုက်သည်။

တစ်နာရီအကြာတွင် ဧရာမမီးပြင်းဖိုကြီး တုန်ခါသွားသည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။ သူ့နောက်တွင် အနက်ရောင်ခွေဦးချိုတစ်ခု လွင့်မျောနေသည်။

“ဘုန်း”

မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ကျဆင်းလာသည်။

ကြယ်ကဲ့သို့တောက်ပနေသောဆေးလုံးများ ကောင်းကင်ထက်တွင် ပျံသန်းနေသည်။

ဆေးလုံးတစ်ထောင် ....

ကြယ်ကဲ့သို့တောက်ပနေသော ဆေးလုံးတစ်ထောင်က လေထုထဲတွင် လှုပ်ရှားနေကြသည်။

သူတို့၏ အလင်းစီးကြောင်းများသည် ဓားချီအငွေ့အသက်ကို ထုတ်ပေးနေသည်။

လျှပ်စီးများက မိုးရွာနေသကဲ့သို့ ကျဆင်းလာပြီး ဓားအမြုတေများကို ဆေးကြောပေးလိုက်သည်။

မိုးကြိုးလျှပ်စီးများ ပျောက်ကွယ်သွားသောအခါတွင် ဆေးလုံးများက အလင်းရောင်နှင့်ဓားချီကို ရုတ်သိမ်းလိုက်သည်။ ထို့နောက် ဆေးလုံးပေါ်တွင် ရွှေရောင်ဝိညာဉ်အင်းကွက်များ ပေါ်လာသည်။

ချင်စုယန်က လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ဓားအမြုတေတစ်ခုက သူ့လက်ပေါ်သို့ ရောက်လာသည်။

သူက ဓားအမြုတေထဲသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်သည်။ ပုံစံဖြစ်ပေါ်တော့မည့် ဓားဆန္ဒတစ်ခုက ဆက်တိုက်လှည့်ပတ်နေသည်။

ချင်စုယန်က ဆေးလုံးကို လက်ထဲတွင်ကိုင်ထားပြီး ဓားနည်းနစ်ကို ထုတ်ဖော်သည်။

“ခလွမ်”

ဓားအမြုတေ ပျံသန်းသွားသောအခါတွင် ဓားမြည်သံကို ကြားနိုင်သည်။

ပေသုံးဆယ်ရှည်လျားသောဓားအလင်းသည် ချွန်ထက်သောဓားသွားကို သယ်ဆောင်ထားသည်။ ထိုဓားအလင်းက ထိုးသွင်းခြင်း၊ ခုတ်ပိုင်းခြင်းများကို ပြုလုပ်နိုင်သည်။

ဓားအမြုတေတစ်ခုသည် ထောင်ချီသောစစ်သည်များအား သတ်ဖြတ်နိုင်သည့် ချွန်ထက်သောလက်နက်တစ်ခု ဖြစ်လာသည်။

ဆေးလုံးသန့်စင်ခဲ့သော အာခီမီကျင့်ကြံသူကြီးများက လေထုထဲတွင်ရှိနေသော ဓားအမြုတေများအားလုံးကို သိမ်းဆည်းလိုက်သည်။

လူတချို့က လက်ထဲတွင် ဓားဆေးလုံး သုံးလုံး၊ ငါးလုံးခန့် ကိုင်ထားသည်။ လူတချို့၏ရှေ့တွင် ဓားဆေးလုံး ခုနစ်လုံး၊ ရှစ်လုံးခန့် လွင့်မျောနေသည်။

ဆေးလုံးတစ်ထောင်တွင် တစ်ဝက်ခန့်ကို ယူကြည့်လိုက်သည်။

ထိုဓားဆေးလုံးများက ချက်ချင်းဆိုသလိုပင် ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။

တာအိုအနှစ်သာရမီးပြင်းဖို၏အောက်တွင် ခမ်းနားပြီးလှပသော ဓားအလင်းများ ပေါ်ထွက်လာသည်။

ဤနေရာတွင် အာခီမီကျင့်ကြံသူများ စုစည်းနေကြောင်း မသိခဲ့လျှင် ဓားကျင့်ကြံသူများ ရှိနေသည်ဟု ထင်သွားလိမ့်မည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ညင်သာစွာခေါင်းခါသည်။

အာခီမီပညာရှင်အများစုသည် တိုက်ခိုက်နိုင်စွမ်းမကောင်းပေ။

သူတို့၏ဝိညာဉ်စွမ်းအားက သန်မာပြီး ဓားအမြုတေများကို အသက်သွင်းနိုင်သော်လည်း အစစ်အမှန်ဓားကျင့်ကြံသူများကဲ့သို့ တစ်လက်မအတွင်း၌ ဓားဆေးလုံးကို မလှုပ်ရှားနိုင်ပေ။

သို့သော် အာခီမီကျင့်ကြံသူကြီးများက ဓားအမြုတေသုံးလုံး၊ ငါးလုံးခန့် ဆောင်ထားမည်ဆိုလျှင် သာမန်ကမ္ဘာမြေအဆင့်ကျင့်ကြံသူများကို တားဆီးနိုင်လိမ့်မည်။

အကယ်၍ အာခီမီပညာရှင်တစ်ယောက်က ကျင့်ကြံဆင့်နက်နဲပြီး ဓားဆေးလုံးထိန်းချုပ်ခြင်းနည်းစနစ်ကို တတ်မြောက်ထားလျှင် အတော်လေး စိတ်ဝင်စားဖွယ်ကောင်းလိမ့်မည်။

ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများက ဓားဆေးလုံးများကို ထိန်းချုပ်နေကြောင်း မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိသော တခြားအာခီမီပညာရှင်များက စိတ်မရှည်တော့ပေ။ လူတစ်ယောက်က လက်မြှောက်ပြီး ဓားအမြုတေတစ်ခုကိုယူ၍ စမ်းကြည့်နေသည်။

ရိုးရှင်းသော ဓား‌ဆေးလုံးများသည် တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံးသုံးသိန်းသာ လိုအပ်သည်။ ဤနေရာတွင်ရှိနေသော အာခီမီပညာရှင်များအားလုံးက ချမ်းသာသည်။

ဓားအမြုတေကို ဝိညာဉ်ဖြင့်ထိန်းချုပ်နိုင်ပြီး အသုံးပြုရလွယ်ကူသည့်အပြင် လျင်မြန်မှုလည်း ရှိသည်။ အနည်းဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လိမ့်မည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်၌ရှိသော ဓားဆေးလုံးများအားလုံး ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်တွင် ဓားအလင်းအမျိုးမျိုး ရှိနေသည်။

သူတို့အားလုံးက သန်မာသောဝိညာဉ်စွမ်းအင်နှင့် အာခီမီပညာရှင်များဖြစ်သည်။ ဓားဆေးလုံးအများအပြား ပျံသန်းနေသော်လည်း ထိခိုက်မှုများ မရှိပေ။

ဟန်မူယဲ့က သူတို့ကို တွန်းအားမပေးဘဲ ဘေးတွင် စောင့်ကြည့်နေသည်။

လုယွီကျိုးကပင် ဆေးလုံးတစ်လုံးကိုယူပြီး ပျော်ရွှင်စွာဆော့ကစားနေသည်။

All Chapters