← Chapters

အခန်း (၅၃၇)

Vol. 39 Ch. 537

အခန်း (၅၃၇)

Vol. 39 Ch. 537

နတ်ဘုရားကျင့်ကြံသူ၏ နတ်ဘုရားစွမ်းအားများ ပုံစံဖြစ်တည်လာလျှင် ဝိညာဉ်သူငယ်အဆင့်ကျင့်ကြံသူနှင့် တူညီသော နတ်ဘုရားကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်လိမ့်မည်။

ဟန်မူယဲ့က ဂရုမစိုက်ဘဲ သူ့ကိုကြည့်နေကြောင်း မြင်လိုက်ရသောအခါတွင် ရွှေရောင်ချပ်ဝတ် နတ်ဘုရားကျင့်ကြံသူက ဒေါသထွက်သွားသည်။ သူက လက်မြှောက်လိုက်ပြီး ဟန်မူယဲ့၏ရင်ဘတ်ကို လှံဖြင့်ထိုးချသည်။

တိုက်ပွဲဝင်လှံသည် လေနှင့်မိုးကြိုးများ၏အသံကို သယ်ဆောင်ထားသည်။ ထိုလှံက ချွန်ထက်သောစွမ်းအားကို သယ်ဆောင်ထားပြီး လှံရောက်မလာခင် မိုးခြိမ်းသံကို အရင်ကြားလိုက်ရသည်။

အာကာသထဲတွင် ဝိညာဉ်စွမ်းအားတချို့ လှုပ်ရှားလာပြီး ဟန်မူယဲ့၏ဝိညာဉ်ကို ထိန်းချုပ်ထားရန် ကြိုးစားနေသည်။

နတ်ဘုရားတာအိုကျင့်ကြံသူများ၏ တိုက်ခိုက်ရေးနည်းစနစ်များသည် ဟန်မူယဲ့မြင်ထားသောမှတ်ဉာဏ်များထက် သာလွန်နေသည်။

လှံစွမ်းအားသည် သိုင်းနည်းစနစ်များနှင့် ဆင်တူပြီး ဝိညာဉ်စွမ်းအားဖိနှိပ်မှုသည် နတ်ဘုရားတာအိုနည်းစနစ်တစ်ခု ဖြစ်သည်။

နှစ်ပေါင်းများစွာကြာအောင် စစ်ဖြစ်ခဲ့သောကြောင့် နတ်ဘုရားတာအိုကျင့်ကြံသူများက ရန်သူများနှင့်ရင်ဆိုင်ရန် နည်းလမ်းအမျိုးမျိုးကို သင်ယူခဲ့ပုံပေါ်သည်။

လှံက ရင်ဘတ်နားသို့ ရောက်လာပြီး ဝိညာဉ်စွမ်းအားများက ဖိနှိပ်ခံထားရသည်။ သာမန်ကျင့်ကြံသူတစ်ဦးဆိုလျှင် မလှုပ်ရှားနိုင်ဘဲ တိုက်ခိုက်မှုကြောင့် ချက်ချင်းသေဆုံးသွားလိမ့်မည်။

သို့သော် ဟန်မူယဲ့၏ဝိညာဉ်စွမ်းအားက အလွန်အားကောင်းသည်။ သူ့တိုက်ခိုက်နိုင်စွမ်းက မကောင်းဆိုးဝါးဆန်သည်။

သူ့မျက်လုံးများက ရွှေအလင်းများဖြင့် တောက်ပလာပြီး တစ်ဖက်ရန်သူ၏ဝိညာဉ်ကို ဖမ်းချုပ်လိုက်သည်။

“ဘုန်း”

နတ်ဘုရားတာအိုကျင့်ကြံသူ၏ပတ်ဝန်းကျင်တွင်ရှိသော စွမ်းအင်များ ပျက်စီးသွားသည်။ သူ့မျက်နှာက ဖြူဖျော့နေပြီး လက်ထဲတွင်ရှိသောလှံကို ကိုင်မထားနိုင်တော့ပေ။ လှံက ပြုတ်ကျသွားသည်။

သူက ဟန်မူယဲ့ကို ကြောက်ရွံ့စွာကြည့်သည်။ သူက စကားပြောချင်သော်လည်း မူဝေးနေပြီး စကားမပြောနိုင်ခဲ့ပေ။

ဟန်မူယဲ့က လှံကို လှမ်းယူလိုက်သည်။

စစ်ပွဲသုံးလှံထဲသို့ ဓားချီများ တိုးဝင်သွားသည်။ ဟန်မူယဲ့က မြင်ကွင်းများကို မြင်လိုက်ရသည်။

ဤကြယ်ပေါ်တွင် အငြိုးအတေးမဲ့နယ်မြေက ကောင်းကင်အံ့ဖွယ်စစ်တပ်၏ အရေအတွက်တူညီသော စစ်သည်များကို တိုက်ခိုက်ရန်အတွက် စစ်သည်နှစ်သိန်းကို နေရာချထားသည်။

တစ်ဖက်တွင်ရှိသော နတ်ဘုရားတာအိုကျင့်ကြံသူသည် စစ်မြေပြင်ကိုရှင်းလင်ရန် တာဝန်ယူထားသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင်လည်း ပြန့်ကျဲနေသောရန်သူများအား သတ်ဖြတ်နိုင်သည့် ကျွမ်းကျင်သူများ ရှိနေသည်။

ရှေ့တွင်ရှိနေ‌သောတိုက်ပွဲသည် အမည်မဲ့ချောက်နက်တွင် ဖြစ်ပွားနေသည်။ အငြိုးအတေးမဲ့နယ်မြေ၏ အစီအစဉ်အရ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်သူကြီးအများစုကို ထိုနေရာတွင် ရှင်းထုတ်ပစ်ချင်သည်။

“အင်မော်တယ်ဝိညာဉ်ကမ္ဘာက ဓားကျင့်ကြံသူတွေလား”

ဟန်မူယဲ့က နောက်ကျောတွင် ဓားလွယ်ထားသော အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူများကို မြင်လိုက်ရသည်။

ထိုကျင့်ကြံသူများက အင်မော်တယ်ဝိညာဉ်ကမ္ဘာမှရောက်လာပြီး ဝင်္ကပါတစ်ခုကို အသုံးပြုခဲ့သည်။ သူတို့က ကျဉ်းမြောင်းသောချောက်နက်ထဲသို့ တိုးဝင်သွားပြီး သတ်ဖြတ်နေသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ မီးတောက်နီစစ်တပ်သည် သူတို့ကို မတားဆီးနိုင်ပေ။

“ဓားအမြုတေ”

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။

မူဝမ်ကိုပေးလိုက်သော ဓားအမြုတေများအား မြင်လိုက်ရသည်။

ဓားအမြုတေဆယ်ခုကျော်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဓားကျင့်ကြံသူဝင်္ကပါကို အဓိကထား၍ တားဆီးပေးနေသည်။

သို့သော် မူဝမ်က ဓားအမြုတေများကို ဆန္ဒအလျောက် လွှဲပြောင်းပေးလိုက်သည်လား သို့မဟုတ် မီးတောက်နီစစ်တပ်ခေါင်းဆောင်က တောင်းဆိုခဲ့သည်လား သူမသိပေ။

သူ့စိတ်ထဲတွင်ရှိသောမြင်ကွင်းများ လှုပ်ရှားသွားပြီး ဟန်မူယဲ့က စွန်းယွင်ဟုအမည်ရသော နတ်ဘုရားတာအိုကျင့်ကြံသူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို မြင်လိုက်ရသည်။

ထိုနည်းစနစ်က အဝါရောင်ခုံရုံးနှင့် ဆင်တူပြီး အမွှေးနံ့သာစွမ်းအားများကို စုစည်းသည်။

သို့သော် ဟန်မူယဲ့က တွက်ချက်ကြည့်လိုက်သောအခါ စွန်းယွင်၏ကျင့်ကြံခြင်းနည်းစနစ်တွင် အားနည်းချက်များကို တွေ့လိုက်ရသည်။

စွန်းယွင်၏ နတ်ဘုရားတာအိုအခြေခံအုတ်မြစ်ကို အကြီးအကဲတစ်ယောက်က ဖန်တီးပေးထားသည်။ သူကိုယ်တိုင်ကျင့်ကြံထားခြင်း မဟုတ်ပေ။

ထိုအကြီးအကဲက သူ့ကျင့်ကြံခြင်းကို ပြန်ယူချင်လျှင် အလွန်လွယ်ကူသည်။

ထိုနည်းလမ်းသည် မိစ္ဆာလမ်းစဉ်နှင့် ဆင်တူသည်။

အမှန်အတိုင်းပြောရလျှင် ယုံကြည်မှုနှင့် ပူဇော်ခြင်းစွမ်းအားများကို အခြေခံထားသော ကျင့်ကြံခြင်းနည်းစနစ်သည် နတ်ဘုရား သို့မဟုတ် မိစ္ဆာဖြစ်သွားရန် မျဉ်းကြောင်းလေးတစ်ခုသာ ကွာဝေးသည်။

ဟန်မူယဲ့က လှံကိုင်ထားပြီး မျက်လုံးများတောက်ပလာသည်။

တုန်ခါပြီးရုန်းကန်နေသော စွန်းယွင်၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ ခဏအကြာတွင် သူက ဦးညွှတ်လိုက်ပြီး မတ်တပ်ရပ်သည်။

ဟန်မူယဲ့က အဝါရောင်ခုံရုံးနည်းစနစ်ကို ကျင့်ကြံခဲ့သည်။ သူက စွန်းယွင်၏ နတ်ဘုရားတာအိုနည်းစနစ်ကို အတုခိုးပြီး အားကောင်းသောဝိညာဉ်စွမ်းအားဖြင့် တစ်ဖက်လူ၏ဝိညာဉ်ကို ဖိနှိပ်လိုက်သည်။

ယခုအချိန်တွင် ရွှေရောင်ချပ်ဝတ်စွန်းယွင်က ဟန်မူယဲ့၏ အစောင့်အရှောက်စစ်သည်တစ်ဦး ဖြစ်လာသည်။

“ငါ့ကို ဒီမှာစောင့်နေ”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး လှံကို ပြန်ပေးသည်။

သူက ထိုအစောင့်အရှောက်စစ်သည်ကို အသုံးပြုရဦးမည်။

စွန်းယွင်က ခေါင်းညိတ်လိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

နတ်ဘုရားတာအိုစွမ်းအားတွင် ကိုယ်ပိုင်အားသာချက်များ ရှိသည်။

ဥပမာအနေဖြင့် ယခုအချိန်တွင် စွန်းယွင်က နတ်ဘုရားတာအိုစွမ်းအားဖြင့်ဖန်တီးထားသော နေရာလွတ်ထဲတွင် ရှိနေသည်။ ‌ကောင်းကင်အဆင့်အောက်တွင်ရှိသော သာမန်ကျင့်ကြံသူများက သူ့ကို အာရုံခံနိုင်မည်မဟုတ်ပေ။

ထိုနည်းလမ်းမျိုးသည် အလစ်တိုက်ခိုက်ရန်အတွက် အလွန်သင့်တော်သည်။

ဟန်မူယဲ့က တစ်ဖက်သို့လှည့်ကြည့်လိုက်ပြီး တိုက်ပွဲပြင်းထန်နေသော အမည်မဲ့ချောက်နက်ဆီသို့ ပျံသန်းသွားသည်။

ချောက်သို့မရောက်ခင် နတ်ဘုရားအလင်းများက သူ့ကို ကြိုဆိုလိုက်သည်။

ဟန်မူယဲ့က စိတ်မရှည်တော့ပေ. သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များရှိနေသည်။ သူ့လက်ထဲတွင်ရှိသောဓားအလင်းက ဖျတ်ခနဲလှုပ်ရှားသွားပြီး ဓားအမြုတေတစ်ခုသည် နတ်ဘုရားအလင်းသုံးခုကို ထိုးဖောက်သွားသည်။

ဓားအမြုတေက ဦးတည်ချက်ပြောင်းလဲခြင်းမရှိဘဲ စစ်မြေပြင်အစပ်သို့ ချက်ချင်းရောက်သွားသည်။

“ဘုန်း”

ဓားအမြုတေက မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး ပေတစ်ထောင်ပတ်ဝန်းကျင်ကို ဖောက်ခွဲပစ်လိုက်သည်။

နတ်ဘုရားတာအိုကျင့်ကြံသူများက မတုံ့ပြန်နိုင်ဘဲ ဓားအမြုတေ၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲမှုစွမ်းအားကြောင့် သေဆုံးသွားကြသည်။

ဓားအမြုတေတစ်ခုလျှင် ဝိညာည်ကျောက်တုံးတစ်သန်းတန်သည်။ ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်လျှင် ထိုက်တန်သည်။ ယခုအချိန်တွင် ချီစွမ်းအင်အလင်းနှင့် ဓားအလင်းကြောင့် ပျက်စီးသွားသော ရွှေအမြုတေကျင့်ကြံသူနှစ်ယောက်နှင့် ဝိညာဉ်နိုးထခြင်းအဆင့်ကျင့်ကြံသူသုံးယောက် ရှိနေသည်။

ဟန်မူယဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ဓားအမြုတေငါးခုကို ထုတ်ယူသည်။

ဓားအမြုတေသုံးခုက လေထုထဲတွင် ကြယ်သုံးစင်းဝင်္ကပါကို ဖန်တီးလိုက်သည်။ ကျန်ဓားအမြုတေနှစ်ခုက အောက်တွင်ရှိနေသော စစ်ပွဲဝင်္ကပါထဲသို့ ကျဆင်းသွားပြီး ဖုန်မှုန့်များနှင့်အတူ ပေါက်ကွဲသွားသည်။

“ဘုန်း”

သပ်ရပ်ပြီး အစီအစဉ်ကျသော အငြိုးအတေးမဲ့နယ်မြေ၏ စစ်ပွဲဝင်္ကပါတွင် အပေါက်ကြီးနှစ်ပေါက် ကျန်ရစ်ခဲ့သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏စစ်တပ်က နားအူလောက်သောဟစ်ကြွေးသံများနှင့်အတူ တိုက်ခိုက်လာသည်။

“ဝူ ....”

အငြိုးအတေးမဲ့နယ်မြေ၏စစ်တပ်က နောက်ဆုတ်သွားသည်။

ဟန်မူယဲ့က တောင်စောင်းပေါ်တွင် ရပ်နားလိုက်ပြီး ဖုန်မှုန့်နှင့်သွေးများစွန်းထင်းနေသော အဖြူရောင်ဝတ်စုံနှင့်မူဝမ်ကို ကြည့်သည်။ သူမက အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်းလျှောက်လာသည်။

“အစ်ကိုဟန်”

မူဝမ်က သွေးစွန်းနေသောလက်များကို ဆန့်ထုတ်ပြီး ဟန်မူယဲ့ကို ဖက်လိုက်သည်။ သူမက ဟန်မူယဲ့၏ရင်ဘတ်ထဲတွင် ညင်သာစွာခေါင်းထိုးထားသည်။

ဟန်မူယဲ့က မူဝမ်၏ နူးညံ့သောဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။

ဟန်မူယဲ့က တစ်ယောက်တည်းရောက်လာသော်လည်း ချီလမ်းကြောင်းဝိညာဉ်သွေးကြောအားဖြည့်ဆေးများကို ယူလာခဲ့သည်။

ဟန်မူယဲ့က အာခီမီပညာရှင်အုပ်စုကို ဦးဆောင်၍ ဒဏ်ရာရနေသောစစ်သားများကြားတွင် ပြေးလွှားနေသည့်မူဝမ်ကို ကြည့်နေသည်။ သူတို့က ချီစွမ်းအင်နှင့် ဆေးလုံးများကိုအသုံးပြုပြီး စစ်သည်များကို ကုသပေးနေသည်။ ဟန်မူယဲ့က မနေနိုင်တော့ဘဲ အနည်းငယ် ခံစာလိုက်ရသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် မူဝမ်က သွေးများကိုမြင်လျှင် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလိမ့်မည်။ သို့သော် ယခုအချိန်တွင် ကျိုးပဲ့နေသောခြေလက်များနှင့် သွေးစွန်းဒဏ်ရာများကို တည်ငြိမ်စွာကိုင်တွယ်နေသည်။

သူမက ဒဏ်ရာများကို ကိုင်တွယ်ရာတွင် အလွန်ကျွမ်းကျင်ပြီး ဆေးလုံး၊ ဝိညာဉ်ဆေးပင်များဖြင့် စစ်သည်များကို ကုသပေးရာတွင် အလေးအနက်ထားနေသည်။ သူမက အလွန်ရင့်ကျက်လာကြောင်း ဟန်မူယဲ့က ခံစားမိသည်။

“ဆရာမူယဲ့”

အစိမ်းရောင်ဝတ်စုံဝတ်ထားသော တာအိုတန်ခိုးရှင်တစ်ယောက်နှင့် အနက်ရောင်ချပ်ဝတ် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ရှေ့တက်လာသည်။

တာအိုတန်ခိုးရှင်၏နာမည်သည် လုချန်ယန်ဖြစ်သည်။ သူက ဓားအမြုတေများကိုထိန်းချုပ်ပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဓားဝင်္ကပါကိုတားဆီးခဲ့သော ကျွမ်းကျင်သူဖြစ်သည်။ အနက်ရောင်ချပ်ဝတ်နှင့် သက်လတ်ပိုင်းအရွယ်လူကြီးက တော်ဝင်အစောင့်တပ်ခေါင်းဆောင် ဇူအော်ဟယ်ကူဖြစ်သည်။

ဟန်မူယဲ့တွေးထားသည့်အတိုင်း မူဝမ်တွင် အကာအကွယ်အတွက် ဓားအမြုတေနှစ်ခုသာ ကျန်ရစ်ခဲ့သည်။ သူမက တခြားဓားအမြုတေများကို လုချန်ယန်ဆီသို့ ပေးလိုက်သည်။

အကယ်၍ လုချန်ယန်က ဓားအမြုတေများကိုသုံးပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ဓားဝင်္ကပါကို မခုခံခဲ့လျှင် စစ်ရှုံးရလိမ့်မည်။

“ဆရာမူယဲ့၊ နတ်မိမယ်မူဝမ်က ကြင်နာတတ်ပြီး သဘောထားကောင်းတယ်။ သူမက ဒဏ်ရာတွေကို အစွမ်းကုန်ကုသပေးရုံတင်မကဘဲ အကာအကွယ်ရတနာတွေကိုလည်း ထုတ်ပေးတယ်။ လူတိုင်းက သူမကို လေးစားကြတယ်”

ဇူအော်ဟယ်ကူက ဟန်မူယဲ့ကို ဦးညွှတ်လိုက်သည်။

သူတို့က ဟန်မူယဲ့နှင့်မူဝမ်၏ဆက်ဆံရေးကို သိထားသည်။

ဟန်မူယဲ့က ဓားအမြုတေများကို အကာအကွယ်အဖြစ် မူဝမ်အား ပေးခဲ့သည်။

ယခုအချိန်တွင် ဇူအော်ဟယ်ကူက သေချာရှင်းမပြနိုင်ဘဲ မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သော ဆရာမူယဲ့ကို စိတ်ခုသွားစေလျှင် တာဝန်ယူနိုင်မည်မဟုတ်ပေ။

လုချန်ယန်၏အတွေးကလည်း အတူတူပင်ဖြစ်သည်။

သူက ဓားအမြုတေများကို ကိုင်ထားပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ဆရာမူယဲ့၊ ဒီဓားအမြုတေတွေကို ပြန်ပေးပါရစေ”

ဟန်မူယဲ့က ဓားအမြုတေများကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“ဒါက ဓားအမြုတေတချို့ပဲမဟုတ်လား။ ငါ့ဂိုဏ်းတူညီမက ဒီမှာရှိနေတယ်။ သူမကိုပဲ ကာကွယ်ပေးပါ”

ဟန်မူယဲ့က ဤနေရာတွင် ထာဝရမရှိနိုင်ပေ။

ဇူအော်ဟယ်ကူနှင့် လုချန်ယန်တို့က ပျော်ရွှင်သွားသည်။ သူတို့က လျင်မြန်စွာဦးညွှတ်၍ ထွက်သွားသည်။

ဟန်မူယဲ့က တောင်ကြားစစ်စခန်းတွင် တစ်ရက်ကြာအောင် နေခဲ့သည်။ သူက မူဝမ်ကို အကာအကွယ်ရတနာတစ်ခု၊ ဓားအမြုတေနှင့် ချီလမ်းကြောင်းဝိညာဉ်သွေးကြောအားဖြည့်‌ဆေးများ ပေးခဲ့ပြီး လျင်မြန်စွာထွက်သွားသည်။

မူဝမ်ပြောခဲ့သည့်အတိုင်း လူတိုင်းတွင် ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းကြောင်းများ ရှိနေသည်။

သူမက အစ်ကိုဟန်ကို ထာဝရကာကွယ်ပေးရန် မတောင်းဆိုနိုင်ပေ။

ဟန်မူယဲ့က ဇူအော်ဟယ်ကူနှင့် လုချန်ယန်တို့ကို ရှာဖွေလိုက်ပြီး ဓားအမြုတေကိုအသုံးပြု၍ ဝင်္ကပါတည်ဆောက်နိုင်ကြောင်း သင်ပြပေးခဲ့သည်။

ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို တည်ဆောက်ရန် မဖြစ်နိုင်သော်လည်း ဓားအမြုတေများဖြင့် ကောင်းမွန်သောဓားဝင်္ကပါအချို့ကို တည်ဆောက်နိုင်သည်။

ထိုဓားဝင်္ကပါကိုအသုံးပြု၍ လုချန်ယန်နှင့် ကောင်းကင်တစ်ဝက်အဆင့်ကျင့်ကြံသူများက အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဓားဝင်္ကပါကို လွယ်ကူစွာခုခံနိုင်မည်။

ဝင်္ကပါများ၏တိုက်ပွဲဖြစ်သည်။

ဓားအမြုတေများ ကခုန်နေပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ကျင့်ကြံသူများက မူးနောက်သွားသောအခါတွင် ဟန်မူယဲ့က ကျေနပ်စွာထွက်သွားသည်။

ဟန်မူယဲ့က ထိုကမ္ဘာမှထွက်လာပြီး အနည်းငယ်စစ်ဆေးကြည့်ခဲ့သည်။ မဟာကျင့်ကြံသူကြီးတစ်ယောက်က ထိုကမ္ဘာကိုစောင့်ကြပ်နေကြောင်း သိလိုက်ရသောအခါတွင် သူက ပုန်းကွယ်၍ လက်အောက်ခံဖြစ်လာသော စွန်းယွင်နှင့်အတူ ထွက်သွားသည်။

ဆယ်ရက်အကြာတွင် သူ့ရှေ့၌ ချီစွမ်းအင်အလင်းများ လှုပ်ရှားလာသည်။

All Chapters