အခန်း (၅၃၈)
Vol. 39 Ch. 538
ဟန်မူယဲ့က အာကာသထဲတွင် ခဏတာ ရပ်နေခဲ့သည်။ အနီရောင်ချပ်ဝတ်စစ်သူကြီးတစ်ဦး ပေါ်လာပြီး ဟန်မူယဲ့ကိုဦးညွှတ်၍ မိုင်တစ်ရာပတ်လည်ကျယ်ဝန်းသော ဥက္ကာခဲတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။
ချင်စုယန်၊ ပိုင်လီရှင်းလင်၊ ယန်ကျန်းချင်နှင့် ထိပ်တန်းအဆင့်ကျွမ်းကျင်သူများအားလုံး ထိုနေရာတွင် ရှိနေသည်။
မီးခိုးရောင်ဝတ်စုံကို ဝတ်ထားပြီး မျက်နှာထားလေးနက်နေသော မှူးမတ်ဝူက ရှေ့ဆုံးတွင် ရပ်နေသည်။
ဟန်မူယဲ့ရောက်လာသောအခါတွင် လူတိုင်းက ညင်သာစွာခေါင်းညိတ်ပြသည်။
မှူးမတ်ဝူက ဟန်မူယဲ့၏နောက်တွင်ရှိသော စွန်းယွင်ကို ကြည့်လိုက်သည်။
“နတ်ဘုရားတာအိုကျင့်ကြံခြင်းနည်းစနစ်မှာ ဝိညာဉ်ထိန်းချုပ်ခြင်းအတတ်တွေ အများကြီးရှိတယ်။ ပြန်ကန်လာမှာကို သတိထားအုံး”
မှူးမတ်ဝူက ပြောလိုက်သည်။
ဟန်မူယဲ့က ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ စွန်းယွင်ကို ထိန်းချုပ်ထားကြောင်း မှူးမတ်ဝူကဲ့သို့ မဟာကျင့်ကြံသူကြီးတစ်ဦးက အကြည့်တစ်ချက်ဖြင့် ပြောနိုင်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အားလုံးကို ကြည့်သည်။
“နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ကို တည်ဆောက်ဖို့အတွက် နတ်ဘုရားတာအိုရဲ့စွမ်းအားကို အသုံးပြုရမယ်။ အငြိုးအတေးမဲ့နယ်မြေနဲ့နီးလေ ပိုကောင်းလေပဲ”
“ကျွန်တော်က ဒီလူကိုထိန်းချုပ်ပြီး အချက်အလက်တချို့ ရှာတွေ့ခဲ့တယ်”
အငြိုးအတေးမဲ့နယ်မြေသည် ကြယ်အများအပြားပိုင်ဆိုင်ထားသော ကမ္ဘာတစ်ခုဖြစ်သည်။ နတ်ဘုရင် ၁၈ပါးက နယ်မြေတစ်ခုစီကို ပိုင်စိုးထားခဲ့သည်။
နောက်ပိုင်းတွင် နတ်ဘုရင်တချို့သေဆုံးသွားပြီး ကြယ်အချို့၏ အမွှေးနံ့သာစွမ်းအင်များက ဖရိုဖရဲဖြစ်လာသည်။
ဟန်မူယဲ့က နတ်ဘုရင်တစ်ပါးကျဆုံးသွားပြီး အမွှေးနံ့သာစွမ်းအင်များ ဖရိုဖရဲဖြစ်နေသော ကြယ်တစ်စင်းကိုရှာ၍ နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ကို တည်ဆောက်ရန် စီစဉ်ထားသည်။
ဟန်မူယဲ့က မှူးမတ်ဝူကို ကြည့်လိုက်သည်။
ထိုကိစ္စမျိုးအတွက် မှူးမတ်ဝူကိုယ်တိုင် ဆုံးဖြတ်ချက်ချရမည်။
အငြိုးအတေးမဲ့နယ်မြေ၏အနီးတွင်ရှိသော ကြယ်တစ်စင်းအပေါ်သို့ ခိုးဝင်ရမည်ဖြစ်သောကြောင့် သတိမထားမိလျှင် စစ်တပ်၏ဝိုင်းရံခြင်းကို ခံရလိမ့်မည်။
ကျွမ်းကျင်သူများက လွတ်မြောက်လာလျှင်ပင် ဆုံးရှုံးမှုများပြားလိမ့်မည်။
“ကောင်းပြီ”
မှူးမတ်ဝူက စဉ်းစားလိုက်ပြီး ခေါင်းညိတ်သည်။
နေ့တစ်ဝက်အကြာတွင် သင်္ဘောပျံသုံးစင်းက ဥက္ကာခဲများကြားမှထွက်လာပြီး အဆုံးမရှိသောအာကာသထဲတွင် ပျံသန်းသွားသည်။
သင်္ဘောပျံပေါ်တွင် ဟန်မူယဲ့က ရှေ့တွင်ရှိသောလူများကို ကြည့်လိုက်ပြီး သက်ပြင်းချသည်။
“ဂိုဏ်းတူအစ်ကိုဟန်”
လက်တစ်ဖက်ဆုံးရှုံးသွားသော ကျောက်ယိုကျစ်၊ လီသုံး၊ ကျန်းဟန်နှင့် တခြားလူများက သင်္ဘောပျံပေါ်တွင် စိတ်လှုပ်ရှားစွာ ရှိနေကြသည်။
တစ်ဖက်တွင် လုရှောင်ယွင်က ထူးဆန်းသောမျက်နှာထားဖြင့် ဦးညွှတ်လိုက်ပြီး ခေါ်သည်။
“ဘိုးဘေး”
မတတ်နိုင်ပေ။ လုယွီကျိုးက သူမ၏ ဘိုးဘေးဖြစ်သည်။ ဟန်မူယဲ့က လုယွီကျိုး၏ညီအစ်ကိုဖြစ်သောကြောင့် သူမက သူ့ကို ဘိုးဘေးဟန်မူယဲ့ဟု ခေါ်ရမည်။
အဆင့်၁၈တွင်ရှိနေသော ကျွမ်းကျင်သူလုရှောင်ယွင်က ဟန်မူယဲ့ကို မှုန်မှိုင်းစွာကြည့်နေရုံသာ တတ်နိုင်သည်။
လုရှောင်ယွင်ဦးဆောင်သော ကောင်းကင်အံ့ဖွယ်ကိုယ်ရံတော်တပ်ဖွဲ့သည် ထူးခြားသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ဟန်မူယဲ့ကိုကာကွယ်ရန် တာဝန်ပေးခံရသည်။
ဤစစ်ဆင်ရေးတွင် ဟန်မူယဲ့က အရေးအကြီးဆုံးလူမဟုတ်သော်လည်း အဓိကအစီအစဉ်ချသူဖြစ်သည်။
ယခုအချိန်တွင် လုရှောင်ယွီက ကောင်းကင်ဘုံတစ်ဝက်အဆင့်တွင် ရှိနေသည်။ အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ထုံးစအရ သူမက ကျင့်ကြံဆင့်ကို အစွမ်းကုန်ဖိနှိပ်ထားသည်။
လီသုံးက ကောင်းကင်အဆင့်တွင်ရှိနေပြီး ဓားတာအိုကျင့်ကြံခြင်းတွင် အလွန်သန်မာသည်။ သူမက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ရှိနေသကဲ့သို့ ပျင်းရိမနေဘဲ ပြင်းထန်သောသတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေသည်။
ကျောက်ယိုကျစ်၏ ဘယ်ဘက်လက်သည် အရိပ်အယောင်မကျန်ဘဲ ဓားကွက်များကို ဖော်ထုတ်နိုင်သည်။
လက်ရှိတွင် ကျောက်ယိုကျစ်သည် လုရှောင်ယွင်၏ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။
ဟန်မူယဲ့က စစ်ဆေးကြည့်လိုက်သည်။ ကျောက်ယိုကျစ်၏ဓားနည်းစနစ်သည် အဖွင့်ကျယ်သော်လည်း ထူးဆန်းမှုများရောနှောနေပြီး ခုခံရန်ခက်ခဲသည်။
တစ်ခါတလေတွင် ကျင့်ကြံခြင်းသည် ထိုသို့ဖြစ်သည်။ တခြားလူများ၏အတွေးနောက်ကို လိုက်ရန်မလိုအပ်ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဟန်မူယဲ့က လခြမ်းကွေးပြောင်းပြန်ဓားနည်းစနစ်ကို လေ့ကျင့်ခဲ့ဖူးသည်။
သို့သော် ကျောက်ယိုကျစ်က ဖြောင့်မတ်ခြင်းကို ဆက်လက်ကိုင်ဆွဲထားသည်။
ဟန်မူယဲ့၏အမြင်တွင် ကျင့်ကြံခြင်းလမ်းစဉ်များ အမျိုးမျိုးရှိသည်။ တွက်ချက်ထားသောလမ်းစဉ်သည် ချောမွေ့နေမည်မဟုတ်ပေ။ ကိုယ်တိုင်ဆန္ဒရှိပြီး ရွေးချယ်ထားသောလမ်းစဉ်ကသာ အနှောင့်အယှက်များ ကင်းဝေးနေလိမ့်မည်။
ကျင့်ကြံခြင်းတွင် လမ်းစဉ်ကို တည်ငြိမ်စွာရင်ဆိုင်ရမည်။
ဟန်မူယဲ့က မိတ်ဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံပြီး အတူတူသောက်ခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၊ တိမ်မြုံကမ်းပါးနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအကြောင်း ပြောလိုက်မိသောအခါတွင် သူတို့အားလုံးက သက်ပြင်းချသည်။
လူတစ်ယောက်က အလယ်ပိုင်းကုန်းမြေသို့ ရောက်မလာလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ကြီးမားပုံကို သိနိုင်မည်မဟုတ်ပေ။
နန်းမြို့တော်သို့ ရောက်မလာလျှင် လောက၏ကြွယ်ဝမှုကို မြင်နိုင်မည်မဟုတ်ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်မလာခဲ့လျှင် လောကသည် အကန့်အသတ်မဲ့ပြီး ထောင်ချီသောနယ်မြေများနှင့် တောက်ပနေကြောင်း သိနိုင်မည်မဟုတ်ပေ။
“ဖုန်းမင်ကြယ်မှာ တာဝန်ကျနေတုန်းက ဓားကျင့်ကြံသူတချို့နဲ့ ဓားရေးဖလှယ်ဖူးတယ်။ သူတို့ရဲ့ဓားပညာရပ်က မှော်ဓားနဲ့ ဓားဆန္ဒကို ပေါင်းစပ်ထားတယ်”
“ဂိုဏ်းတူအစ်ကိုဟန်၊ ဓားတာအိုကျင့်ကြံခြင်းမှာ လမ်းစဉ်အမျိုးမျိုးကိုပေါင်းစပ်ဖို့ ဖြစ်နိုင်လား”
ကျန်းဟန်က သေရည်ခွက်ကိုချလိုက်ပြီး တီးတိုးပြောသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပတ်တစ်ရာမြောက်အပြင်စည်းတပည့်သည် ယခုအချိန်တွင် တည်ငြိမ်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည်။ သူ့နောက်ကျောတွင် ဓားနှစ်လက်ကို သယ်ထားသည်။ ဓားတစ်လက်ပေါ်တွင် ဓားဆန္ဒများများလှုပ်ရှားနေပြီး တခြားဓားတစ်လက်တွင် မှော်နည်းစနစ်၏အငွေ့အသက်များ ရှိနေသည်။
ပေါင်းစပ်ခြင်း ....
ဟန်မူယဲ့က ပြုံးသည်။
ယခင်က ဂိုဏ်းတူတပည့်များသည် ယခုအချိန်တွင် ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းနေကြသည်။
“လောကရဲ့ကျင့်ကြံခြင်းက အရမ်းအသေးစိတ်မကျဘူး။ ဓားဆန္ဒကိုပဲကျင့်ကြံနိုင်တယ်လို့ ဘယ်သူကပြောလဲ။ မင်းက ဓားမန္တန်တွေကိုပဲ လေ့ကျင့်နိုင်တယ်လို့ ဘယ်သူကပြောလဲ”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော သေရည်ခွက်က ရေခိုးရေငွေ့များထွက်လာပြီး သုံးပေအထိ ဆန့်တန်းသွားသည်။
ထိုရေခိုးရေငွေ့သုံးပေသည် ချက်ချင်းအေးခဲပြီး ဓားရှည်တစ်လက်ဖြစ်သွားသည်။
ဓားပေါ်လာသောအခါတွင် လွှမ်းမိုးနိုင်စွမ်းရှိသောဓားဆန္ဒကို ခံစားရသည်။
သူက ချီစွမ်းအင်ဖြင့် ဓားကိုစုစည်းလိုက်ပြီး ဝိညာဉ်စွမ်းအားဖြင့် ထိန်းချုပ်ထားသည်။
သို့သော် အလွန်ရိုးရှင်းသည်။
“ဝီ”
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ရေခဲဓားသည် တုန်ခါလာပြီး မရေမတွက်နိုင်လောက်သောအစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားသည်။
ထိုအစိတ်အပိုင်းများသည် လိပ်ပြာများအဖြစ်ပြောင်းလဲသွားပြီး အခန်းတွင်း၌ လှပစွာ ကခုန်နေသည်။
‘မန္တန်လား’
‘ဓားနည်းစနစ်လား’
ကျောက်ယိုကျစ်၊ ကျန်းဟန်နှင့် တခြားလူများ စိတ်ရှုပ်ထွေးသွားသည်။
လီသုံး၏မျက်လုံးများက တောက်ပနေပြီး အော်ဟစ်လိုက်သည်။
“ပျက်စီးစမ်း”
ဓားဆန္ဒတစ်ခု ပြေးထွက်သွားပြီး လိပ်ပြာများအားလုံးကို ဖျက်ဆီးလိုက်သည်။
ပျက်စီးသွားသောလိပ်ပြာများက ရေခိုးရေငွေ့အဖြစ်ပြောင်းလဲပြီး ဟန်မူယဲ့၏သေရည်ခွက်ထဲသို့ ပြန်ရောက်လာသည်။
“ဒီတိုင်းပဲထားလိုက်တော့။ နင်က စကားကို ပြန်ရုတ်သိမ်းချင်နေတာလား”
လီသုံးက ဟန်မူယဲ့ကို စိုက်ကြည့်လိုက်ပြီး သေရည်ခွက်ကို သောက်လိုက်သည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး လက်မြှောက်၍ သေရည်ခွက်ကို သောက်လိုက်သည်။
....
သူတို့က သေရည်တစ်အိုးသောက်ပြီးသွားသောအခါတွင် လုရှောင်ယွင်ရောက်လာပြီး လီသုံးနှင့်တခြားလူများကို ခေါ်သွားသည်။
သူတို့က ထိုကြယ်တွင် ဦးဆောင်၍ အစီအစဉ်ချထားရမည်။
သူတို့နှင့်အတူ ဟန်မူယဲ့ထိန်းချုပ်ထားသော နတ်စစ်သူကြီးစွန်းယွင်လည်း ပါသွားသည်။
လီသုံးတို့ထွက်သွားသောအခါတွင် ဟန်မူယဲ့က သီးသန့်ကျင့်ကြံနေလိုက်သည်။ သုံးရက်အကြာတွင် စစ်သူကြီးတစ်ယောက်က ဟန်မူယဲ့ကို ဖိတ်ခေါ်လိုက်သည်။
မှူးမတ်ဝူက ဖိတ်ခေါ်ခြင်းဖြစ်သည်။
ဟန်မူယဲ့က မှူးမတ်ဝူရှိသောအခန်းသို့ ရောက်လာသောအချိန်တွင် အစိမ်းရောင်ဝတ်စုံနှင့်မှူးမတ်ဝူက စားပွဲခုံရှေ့တွင်ထိုင်၍ စုတ်တံကိုင်ထားပြီး ပန်းချီဆွဲနေသည်။
စုတ်ချက်များကြောင့် တိမ်တိုက်ကြားတွင်လှုပ်ရှားနေသော အစိမ်းရောင်နဂါးတစ်ကောင် ပေါ်လာသည်။
နဂါး၏ကြေးခွံများကို ရှင်းလင်စွာမြင်နိုင်သည်။
ဟန်မူယဲ့က အနည်းငယ်အံ့အားသင့်သွားသည်။
မှူးမတ်ဝူ၏ကျင့်ကြံခြင်းနည်းစနစ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းခေါင်းဆောင် ထို့ပါ့ချန်နှင့် တူညီနေသည်။
ထို့ပါ့ချန်က သွေးအဆီအနှစ်များကို မင်ရည်အဖြစ်စုစည်းပြီး ပန်းချီကားထဲတွင် ထည့်သွင်းထားသည်။
မှူးမတ်ဝူက နတ်ဘုရားစွမ်းအားများကို ပေါင်းစပ်ထားပြီး သူ့စုတ်တံတွင် ဝိညာဉ်တစ်ခုရှိနေသည်။
“မင်းက ဒီကျင့်ကြံခြင်းနည်းစနစ်ကို မြင်ဖူးတာလား”
မှူးမတ်ဝူက ဟန်မူယဲ့ကိုမော့ကြည့်ပြီး ညင်သာစွာပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ မဟုတ်လား”
မှူးမတ်ဝူက ခပ်ဟဟရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ငါက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အံ့ဖွယ်ကိုးပါးတောင်ကို ရောက်ဖူးတယ်”
“မင်းက ဓားစံအိမ်ရဲ့နောက်ခံကို သိမှာပါ”
ဓားစံအိမ် ....
အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ဆင်းသက်လာသည်။
ကျင့်ကြံခြင်း၏ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။
“ငါက အင်မော်တယ်ရင်းမြစ်ကမ္ဘာကိုသွားပြီး ဓားစံအိမ်ရဲ့ အမွေခံတပည့်တစ်ယောက်အဖြစ် ပြန်လာခဲ့တယ်”
မှူးမတ်ဝူက အတိတ်ကို သတိရနေပုံပေါ်သည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည်။
“အဆုံးမှာတော့ ငါက ဓားကျင့်ကြံသူတစ်ယောက် မဟုတ်ခဲ့ဘူးလေ”
“ဓားစံအိမ်ကိုလည်း အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့လမ်းကြောင်းကို ဖိနှိပ်ဖို့အတွက် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ထားခဲ့ရတယ်”
‘မှူးမတ်ဝူက ဓားစံအိမ်ကို အင်မော်တယ်ရင်းမြစ်ကမ္ဘာကနေ ယူလာခဲ့တာလား’
ဟန်မူယဲ့က မှူးမတ်ဝူကို ကြည့်သည်။
“ကျင့်ကြံခြင်းလောကမှာ ကံကြမ္မာအဆင့်ပြီးရင် ပြန်လည်မွေးဖွားခြင်းအဆင့်ရှိတယ်။ ဆရာတူအစ်ကိုဝမ်နဲ့ငါက ပြန်လည်မွေးဖွားခြင်းရဲ့ကပ်ဘေးကို လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် ငါတို့က ဒီကမ္ဘာမှာပဲ နေခဲ့တယ်”
“ဆရာတူအစ်ကိုဝမ်မှာ မတူညီတဲ့ရည်ရွယ်ချက်တစ်ခု ရှိတယ်။ ငါက အကောင်းဆုံးကြိုးစားပြီး သူ့ကို ကူညီပေးမယ်”
“ဓားစံအိမ်အမွေအနှစ်က အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အထက်ဘုံသုံးပါးကနေ ရောက်လာတယ်။ ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးရဲ့ အမွေအနှစ်ထက် ပိုခမ်းနားတယ်”
မှူးမတ်ဝူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“တစ်နေ့မှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာက အန္တရာယ်ကျရောက်လာရင် မင်းက ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်”
ကောင်းကင်အံ့ဖွယ်ကမ္ဘာက အန္တရာယ်ကျရောက်လာမည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် အန္တရာယ်ကျရောက်လာအောင် အမတ်ချုပ်ကြီးဝမ်က မည်သည့်အကြံအစည်များကို ပြုလုပ်နေသနည်း။
အင်မော်တယ်ဝိညာဉ်ကမ္ဘာဆိုလျှင်ပင် အားကောင်းသောကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် အဆုံးမရှိသောဓားအလင်းများ တိုက်ခိုက်လာသည်။
တာအိုနယ်မြေ ....
သူက မသိလိုက်ဘဲ မှူးမတ်ဝူ၏တာအိုနယ်မြေထဲသို့ ရောက်သွားသည်။
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိုက်ခိုက်လာသောဓားအလင်းများကိုကြည့်၍ အော်ဟစ်သည်။ သူ့ချီပင်လယ်တွင်ရှိသော ဓားဆန္ဒဓားရှည်သည် မျဉ်းကြောင်းတစ်ခုအဖြစ် သိပ်သည်းသွားပြီး ခုတ်ချလိုက်သည်။
ဓားကို ဓားဖြင့်ရင်ဆိုင်မည်။
မှူးမတ်ဝူက ဓားစံအိမ်အမွေအနှစ်ကို ကျင့်ကြံခဲ့ဖူးသည်။ ထို့ကြောင့် သူ့ဓားကျင့်ကြံခြင်းသည် အလွန်အားကောင်းလိမ့်မည်။
သို့သော် လောကတွင် ဟန်မူယဲ့ကို ဦးညွှတ်စေနိုင်သောလူများ မရှိပေ။
“ဘုန်း”
ဓားအလင်းများ ထိတွေ့သွားပြီး ချီစွမ်းအင်အလင်းများဖြစ် ပြန့်ကျဲသွားသည်။
ချီစွမ်းအင်အလင်းများ ပေါ်လာသောအခါတွင် ဓားအလင်းများအဖြစ် သွယ်ယှက်သွားသည်။
ဟန်မူယဲ့၏မျက်လုံးများက ချီစွမ်းအင်အလင်းဖြင့် အလွန်တောက်ပနေသည်။ သူ့ရှေ့တွင်ရှိသောဓားများသည် အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။
ရွှေရောင်ထိချက် ....
ပထမသစ်ရွက် ....
မီးလွင်ပြင်၏ မီးပြတိုက် ....
လခြမ်းကွေး ....