← Chapters

အခန်း (၅၄၁)

Vol. 39 Ch. 541

အခန်း (၅၄၁)

Vol. 39 Ch. 541

နတ်ဘုရားတာအိုကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအားကို အလွန်အသေးစိတ်ကျစွာ သုံးစွဲနိုင်သည်။ ဟန်မူယဲ့၏ဝိညာဉ်စွမ်အားက ပုံစံဖြစ်ပေါ်နေပြီး အဝါရောင်ခုံရုံးနည်းစနစ်ကို ကျင့်ကြံထားသောကြောင့် ထိုဝိညာဉ်စွမ်းအားများကို အာရုံခံနိုင်ခဲ့သည်။

သူက ဒေါသထွက်နေသောမျက်နှာထားဖြင့် တီးတိုးပြောလိုက်သည်။

“နတ်သခင်ထိုက်ယွီက နတ်ဘုရင်ပြောထားတဲ့အတိုင်း တကယ်လွှမ်းမိုးနိုင်စွမ်းကြီးတာပဲ။ သူက နတ်သခင်ကျီထိုက်လိုမျိုး တည်ငြိမ်မှုမရှိဘူး”

“ဒါပေမဲ့ နတ်ဘုရင်ယွင်ချန်ရဲ့ နတ်ဘုရားချိပ်တံဆိပ်တည်နေရာက လျှို့ဝှက်ချက်တစ်ခုဖြစ်တယ်လို့ နတ်ဘုရင်က ပြောခဲ့တယ်။ အခွင့်အရေးတစ်ခုလို့လည်း ယူဆနိုင်တယ်။ ဘယ်သူပဲဖြစ်ဖြစ် ရနိုင်တယ် ....”

ဟန်မူယဲ့က တုန်ခါသွားသောဝိညာဉ်စွမ်းအားများကို အာရုံခံမိပြီး စကားမပြောတော့ဘဲ ခေါင်းခါသည်။ သူက အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။

ထိုအချိန်တွင် ယွင်ချန်ကြယ်ပေါ်ရှိ မဟာကျင့်ကြံသူကြီးများက တစ်ပြိုင်နက် ထရပ်လိုက်သည်။

“နတ်ဘုရင်ယွင်ချန်ရဲ့ နတ်ဘုရားချိပ်တံဆိပ်သတင်းပဲ”

နတ်ဘုရာစွမ်းအားများဖြင့်ပြည့်နေသော ခရမ်းရောင်ဝတ်ရုံရှည်နှင့် လူအိုကြီးတစ်ယောက်က မျက်လုံးများမှေးကျဉ်း၍ ကောင်းကင်ကို မော့ကြည့်သည်။

“ခစ်ခစ်၊ စိတ်ဝင်စားစရာပဲ။ ထိုက်ယွီက သူ့ကိုယ်သူ နတ်ဘုရင်ရဲ့တိုက်ရိုက်တပည့်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့တယ်။ သူက နတ်ဘုရားချိပ်တံဆိပ်ကို အခုထိ မရသေးဘူးပဲ။ ဒီတစ်ကြိမ်မှာတော့ ငါက နင်နဲ့ကစားပေးလိုက်မယ်”

ခမ်းနားသောနတ်နန်းတစ်ခု၏အလယ်တွင် ညင်သာသောရယ်သံကို ကြားနိုင်သည်။

....

“ဘုန်း”

တိမ်တိုက်များနှင့်လွှမ်းခြုံထားသော တောင်ထိပ်တွင် ခမ်းနားသောနန်းတော်ခန်းဆောင်တစ်ခု ပေါ်လာသည်။

အရပ်ရှည်သော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ဘုရင်တစ်ပါး၏အဆောင်အယောင်ဖြစ်သော ရွှေတောင်ဝှေးတစ်လက်ကို ကိုင်ထားပြီး ရွှေအလင်းများတောက်ပနေသောမျက်လုံးနှင့်အတူ ကောင်းကင်ကို ကြည့်သည်။

တစ်ဖက်တွင် ဟန်မူယဲ့ရှိနေသော သင်္ဘောပျံ၏ပုံရိပ်က ပိုမိုရှင်းလင်းလာသည်။

ထိုလူကြီးသည် နတ်ဘုရင်ယွင်ချန်၏အောက်တွင် နံပတ်တစ်လူဖြစ်သော နတ်သခင်ထိုက်ယွီဖြစ်သည်။

သူပေါ်လာသောအခါတွင် ခန်းဆောင်းအတွင်းရှိ မရေမတွက်နိုင်လောက်သော နတ်ဘုရားတာအိုကျင့်ကြံသူများက ဦးညွှတ်လိုက်ကြသည်။

နတ်သခင်ထိုက်ယွီက ကောင်းကင်ထက်တွင်ရှိ‌သော သင်္ဘောပျံကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်သည်။

“ဒါက ငါ့ရဲ့အခွင့်အရေးပဲ”

“ငါ ထိုက်ယွီက နှစ်ပေါင်းသုံးသောင်းကြာအောင် စောင့်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ အဲဒီနေရာမှာ ထိုင်နိုင်တော့မယ်”

“အခုအချိန်ကစပြီး ယွင်ချန်ကြယ်ကို ထိုက်ယွီကြယ်အဖြစ် အမည်ပြောင်းနိုင်တော့မယ်”

သူက လက်ထဲတွင်ရှိသောတောင်ဝှေးကို ဝှေ့ယမ်းလိုက်သောအခါတွင် ရွှေအလင်းက သက်တံတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သင်္ဘောပျံကို ဖြည်းဖြည်းချင်းအောက်ဆွဲချသည်။

ထိုအချိန်တွင် လေဟာနယ်ထဲမှ များပြားသောရွှေအလင်းများ ပေါ်ထွက်လာပြီး သင်္ဘောပျံကို ရစ်ပတ်လိုက်သည်။

နတ်သခင်ထိုက်ယွီက ဒေါသထွက်သွားပုံပေါ်သည်။ သူက ရွှေအလင်းတစ်ခုကို ပစ်ထုတ်လိုက်ပြီး ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ဟားဟား၊ ညီအစ်ကိုထိုက်ယွီ၊ မင်းက ဧည့်သည်တွေကို ဒီလိုပဲဆက်ဆံတော့မှာလား”

ရယ်သံတစ်ခုနှင့်အတူ အနက်ရောင်ဝတ်စုံလူငယ်တစ်ယောက်က လေဟာနယ်ထဲမှ ထွက်လာသည်။

နတ်သခင်မင်ကျီးဖြစ်သည်။

“မင်းက ဧည့်သည်တစ်ယောက်ဖြစ်ဖို့ အဆင့်မီလို့လား”

နတ်သခင်ထိုက်ယွီက လှောင်ပြောင်လိုက်ပြီး လက်ထဲတွင်ရှိသောတောင်ဝှေးကို မြှောက်သည်။

သူ့နောက်တွင်ရှိသောရွှေရောင်ပုံရိပ်က လက်တစ်ဖက်ကို လှုပ်ရှားလိုက်သည်။

နတ်သခင်မင်ကျီး၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။

“တာအိုရောင်းရင်းတို့၊ နတ်ဘုရင်သွမ်ယွဲ့ရဲ့ နတ်စစ်သူကြီးတစ်ပါးက ဒီကိုရောက်နေတဲ့အချိန်မှာ မင်းတို့က ဒီအတိုင်းပဲ စောင့်ကြည့်နေတော့မှာလား”

သူစကားပြောပြီးသွားသောအခါတွင် လေထုထဲ၌ ပုံရိပ်များပေါ်လာပြီး ရွှေရောင်နတ်ဘုရားအလင်းများက တစ်ခုတည်းအဖြစ် စုစည်းသွားသည်။

လူတစ်ယောက်က လေးနက်ပြီးတည်ငြိမ်သောမျက်နှာထားဖြင့် အရပ်ရှည်သောလူအိုကြီးဖြစ်သည်။ နောက်တစ်ယောက်က ပေါ့ပါးသောမျက်နှာထားဖြင့် အစိမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးဖြစ်သည်။

နတ်သခင်ကောင်းစွန်း ....

နတ်သခင် ကျီထိုက် ....

နတ်သခင်လေးပါး စုစည်းနေသည်။ ပတ်ဝန်းကျင်တွင် နတ်သခင်အဆင့်သို့မရောက်သေးသော ကျွမ်းကျင်သူအချို့ ရှိနေသေးသည်။ သို့သော် သူတို့၏ခွန်အားက ပထမအဆင့်နတ်စစ်သူကြီးတစ်ယောက်ကို ကျော်လွန်နေသည်။

သူတို့က လေထုထဲတွင်ရပ်နေပြီး သင်္ဘောပျံကို တားဆီးလိုက်သည်။ သူတို့က နတ်သခင်ထိုက်ယွီကို ငုံ့ကြည့်သည်။

နတ်သခင်ထိုက်ယွီ၏မျက်နှာက ရှုံ့မဲ့နေသည်။ သူက အံတင်းတင်းကြိတ်ပြီး လက်ထဲတွင်ရှိသောတောင်ဝှေးကို ဆုပ်ကိုင်ထားသည်။

ယခုအချိန်တွင် သူက အခက်ကြုံနေရသည်။

သူက နတ်သခင်သုံးပါး၏ပူးပေါင်းမှုကို ရင်ဆိုင်ရန် ယုံကြည်ချက်မရှိပေ။

ယွင်ချန်ကြယ်ပေါ်တွင်ရှိသော နတ်သခင်တစ်ပါးသည် တခြားနတ်သခင်သုံးပါးကို ဖိနှိပ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် နှစ်တစ်ရာကြာသည်အထိ မတိုးသာမဆုတ်သာအခြေအနေတွင် ရှိနေပြီး နတ်ဘုရင်တစ်ပါး ပေါ်ထွက်မလာခဲ့ပေ။

သို့သော် သူက လက်လျော့လိုက်လျှင် မျက်နှာပျက်ရပြီး နတ်ဘုရင်သွမ်ယွဲ့၏လက်အောက်တွင်ရှိသော နတ်စစ်သူကြီးက သူ့ကို အထင်သေးသွားလိမ့်မည်။

ဂုဏ်သတင်းက သိပ်အရေးမကြီးသော်လည်း ထိုနတ်စစ်သူကြီးက နတ်ဘုရင်ချိပ်တံဆိပ်ကို ပိုင်ဆိုင်ရန်အတွက် သူ့တွင် အရည်အချင်းမရှိကြောင်း သတ်မှတ်လိုက်လိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အိပ်မက်များ ပျက်စီးသွားရလိမ့်မည်။

နတ်သခင်ထိုက်ယွီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှေရောင်ပုံရိပ်ကို သိပ်သည်းလာအောင် စုစည်းသည်။

သူက တိုက်ခိုက်တော့မည်။

လေထုထဲတွင် နတ်သခင်သုံးပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးသည်။

ထိုအချိန်တွင် သင်္ဘောပျံထဲမှ အသံတစ်သံထွက်လာသည်။

“ခင်ဗျားတို့က တကယ်လွတ်လပ်တာပဲ”

ထိုအသံက မကျယ်သော်လည်း သူတို့အားလုံး ကြားလိုက်ရသည်။

နတ်သခင်လေးပါးက သင်္ဘောပျံကို လှည့်ကြည့်သည်။

သင်္ဘောပျံပေါ်တွင် ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ကုန်းပတ်ပေါ်တွင် ရပ်နေသည်။

နတ်သခင်ထိုက်ယွီနှင့် တခြားနတ်သခင်သုံးပါးက မျက်လုံးများတောက်ပသွားပြီး ဟန်မူယဲ့ကို ကြည့်သည်။

နတ်သခင်လေးပါးက သင်္ဘောပျံကို ဖိနှိပ်ထားသော်လည်း သူက အခန်းထဲမှထွက်လာပြီး စကားပြောနိုင်သေးသည်။ နတ်ဘုရင်သွမ်ယွဲ့၏လက်အောက်ခံ နတ်စစ်သူကြီးသည် သူတို့ခန့်မှန်းထားသည်ထက် ပိုမိုသန်မာသည်။

ထိုအရာသည် အမှန်ပင်ဖြစ်သည်။ နတ်ဘုရင်သွမ်ယွဲ့၏တာဝန်ကို ထမ်းဆောင်နိုင်သောလူများသည် ရိုးရှင်းသောလူများမဟုတ်ပေ။

နတ်သခင်လေးပါး၏အကြည့်အောက်တွင် ဟန်မူယဲ့က တည်ငြိမ်စွာရှေ့တက်လာသည်။

“နတ်သခင်မကျီထိုက်၊ ကျွန်တော့်ရဲ့နတ်ဘုရင်က ခင်‌ဗျားကို အတော်လေးမျှော်မှန်းထားတယ်။ ကျွန်တော်တို့နတ်ဘုရင်နဲ့လည်း တွေ့ဖူးတယ်မဟုတ်လား”

ဟန်မူယဲ့က အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူကို ကြည့်သည်။

သူ့စကားများကြောင့် နတ်သခင်ထိုက်ယွီ၏မျက်နှာထား ပြောင်းလဲသွားသည်။ တခြားနတ်သခင်နှစ်ပါးကလည်း နတ်ဘုရားအလင်းများကို မဆက်သွယ်တော့ဘဲ လူစုခွဲလိုက်သည်။

အစိမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ပြီး ပြုံးသည်။ သူမက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“နတ်ဘုရင်သွမ်ယွဲ့ကို နှုတ်ဆက်လိုက်တယ်လို့ ပြောပေးပါအုံး”

ဟန်မူယဲ့၏စကားများကြောင့် နတ်သခင်ကျီထိုက်က တုံးအချင်ယောင်ဆောင်ပြီး နောက်ကွယ်တွင် အကျိုးအမြတ်များကိုရိတ်သိမ်းရန် မဖြစ်နိုင်တော့ပေ။

သို့သော် နတ်ဘုရင်တစ်ပါး၏အသိအမှတ်ပြုခြင်းကို ရထားလျှင်လည်း မဆိုးပေ။

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။ သူက တခြားလူများကိုကြည့်လိုက်ပြီး အောက်တွင်ရှိနေသော နတ်သခင်ထိုက်ယွီကို ငုံ့ကြည့်သည်။

“နတ်သခင်ထိုက်ယွီ၊ ကျွန်တော်က နတ်ဘုရင်ရဲ့အမိန့်ကြောင့် ယွင်ချန်ကြယ်ကို ရောက်လာခဲ့တယ်။ နတ်သခင်က ကျွန်တော့်ကို ကြိုဆိုလိုက်တော့ ကျွန်တော်က ဒုက္ခပေးရအုံးမယ်”

သူ့စကား အဆုံးသတ်သွားသောအခါတွင် နတ်သခင်ထိုက်ယွီ၏မျက်နှာက တောက်ပသွားသည်။ သူက လျင်မြန်စွာပြောလိုက်သည်။

“ဟားဟား၊ နတ်ဘုရင်သွမ်ယွဲ့ရဲ့ နတ်စစ်သူကြီးတစ်ပါးက ငါတို့ယွင်ချန်ကြယ်ကိုရောက်လာတာ မင်္ဂလာရှိတဲ့ဖြစ်ရပ်ပဲ”

“နတ်စစ်သူကြီး ကျေးဇူးပြုပြီး ငါ့နတ်နန်းကို လာပါ။ ငါက မင်းကို ကောင်းကောင်းဧည့်ခံပါ့မယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တခြားနတ်သခင်များကိုကြည့်သည်။ ထို့နောက် ခပ်ဟဟရယ်လိုက်ပြီး အောက်သို့ ဆင်းသွားသည်။

လေထုထဲတွင် နတ်သခင်ကျီထိုက်က တခြားနတ်သခင်နှစ်ပါးကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

မင်ကျီးနှင့်ကောင်းစွန်းတို့က ခေါင်းညိတ်လိုက်ကြသည်။ သူတို့က နတ်ဘုရားအလင်းများကို ရုတ်သိမ်းပြီး နတ်သခင်ထိုက်ယွီ၏နန်းဆောင်သို့ ဝင်ရောက်လိုက်သည်။

နတ်သခင်ထိုက်ယွီက မကျေမနပ်ဖြစ်နေပုံပေါ်သော်လည်း မငြင်းဆန်ခဲ့ပေ။

ဟန်မူယဲ့က နန်းဆောင်ထဲသို့ ဝင်လိုက်သောအခါတွင် ဝိညာဉ်ဖိအားကို ခံစားလိုက်ရသည်။

နတ်နန်းသည် ချုံ့ထားသော တာအိုနယ်မြေတစ်ခုနှင့် ဆင်တူသည်။ သို့သော် သန့်စင်‌သော တာအိုနယ်မြေစွမ်းအားနှင့် ယှဉ်လိုက်လျှင် နတ်နန်း၏စွမ်းအားက အလွန်အားနည်းသည်။

နတ်ဘုရားအဆင့်များကသာ ကြယ်တစ်စင်းကို အစစ်အမှန်တာအိုနယ်မြေအဖြစ် သန့်စင်နိုင်သည်။

ဟန်မူယဲ့က နတ်နန်းထဲတွင် ပတ်ဝန်းကျင်၏ စွမ်းအားပြောင်းလဲမှုများကို ခံစားပြီး ဆက်တိုက် တွက်ချက်ကြည့်နေသည်။

နတ်သခင်ထိုက်ယွီက နတ်နန်းတွင်ရှိသောရှုခင်းများကို လိုက်ပြခဲ့သည်။ သူတို့က ဝိညာဉ်သစ်သီးအချို့စားသုံးပြီး ပေါ့ပါးစွာ စကားပြောခဲ့သည်။

နတ်သခင်ထိုက်ယွီက နတ်ဘုရင်သွမ်ယွဲ့၏အကြောင်းကို မေးနေသည်။ ဟန်မူယဲ့က စွန်းယွင်၏မှတ်ဉာဏ်များကို မြင်ထားသောကြောင့် မေးခွန်းအများစုကို ဖြေဆိုလိုက်သည်။ သူမသိသောမေးခွန်းများကိုတော့ မဖြေဘဲ ထားလိုက်သည်။

ခြုံကြည့်လိုက်လျှင် သူက နတ်ဘုရင်တစ်ပါး၏လက်အောက်တွင်ရှိသော နတ်စစ်သူကြီးတစ်ယောက်၏ဗဟုသုတကို ပြသနိုင်ခဲ့သည်။

နတ်သခင်ထိုက်ယွီက သံသယများ လျော့နည်းသွားသည်။

ဟန်မူယဲ့က နတ်သခင်ထိုက်ယွီစီစဉ်ပေးထားသော ခြံဝိုင်းလေးထဲတွင် သုံးရက်ကြာအောင် နေခဲ့သည်။

သူက ထိုသုံးရက်အတွင်း၌ အဝါရောင်ခုံရုံးနည်းစနစ်ကို အစွမ်းကုန်ကျင့်ကြံနေသည်။ သူက နတ်နန်း၏ စွမ်းအားပြောင်းလဲမှုများကို အာရုံခံပြီး နတ်ဘုရားတာအို၏ကျင့်ကြံခြင်းနည်းစနစ်ကို တွက်ချက်နေသည်။

သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော နတ်ဘုရားတာအိုစွမ်းအားများသည် နတ်သခင်ထိုက်ယွီ၏ လက်ကျန်သံသယများကို ရှင်းလင်းပေးခဲ့သည်။

လေးရက်မြောက်နေ့တွင် နတ်စစ်သူကြီးလီဟွေ့က ဖိတ်ခေါ်ချက်တစ်ခုနှင့်အတူ ဟန်မူယဲ့ဆီသို့ ရောက်လာခဲ့သည်။

ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ရောက်သွားသောအခါတွင် ဖြောင့်မတ်စွာထိုက်နေသော နတ်သခင်လေးပါးနှင့် အထွတ်အထိပ်အဆင့် နတ်စစ်သူကြီးများကို မြင်လိုက်ရသည်။

“ဟားဟား၊ ညီအစ်ကိုစွန်းက ငါ့ရဲ့ယွင်ချန်ကြယ်ကို တစ်ခါတလေမှ ရောက်လာတာဆိုတော့ မြန်မြန်ထိုင်ပြီး ယွင်ချန်ငါးကို စားကြည့်ပါအုံး”

နတ်သခင်ထိုက်ယွီက ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ထိပ်ဆုံးတွင် နေရာချပေးသည်။

သူ့နေရာသည် နတ်သခင်များနှင့် တူညီနေသည်။

ဟန်မူယဲ့က ယဉ်ကျေးမနေပေ။ သူက ထိုင်ပြီးသောအခါတွင် ရွှေအလင်းများတောက်ပပြီး မွှေးရနံ့များထုတ်လွှတ်နေသော ငါးကင်ကို စားလိုက်သည်။

ထိုငါးသည် ကမ္ဘာတစ်ခု၏ အထူးစားစရာဖြစ်သောကြောင့် ပြောစရာမလိုလောက်အောင် ကောင်းမွန်သည်။

ချီစွမ်းအင်များကလည်း အလွန်သိပ်သည်းပြီး လူတစ်ယောက်၏နှလုံးသားကို သန့်စင်ပေးနိုင်ပုံရသည်။

ငါး၏ အသားတစ်ကိုက်စာသည် သတ္တမအဆင့်ဆေးလုံးတစ်လုံးနှင့် ညီမျှသည်။

နတ်သခင်ထိုက်ယွီက ထိုပစ္စည်းကောင်းမျိုးကို ထုတ်ပေးရန်အတွက် အတော်လေး ကုန်ကျခဲ့လိမ့်မည်။

“မဆိုးဘူးပဲ။ ကျွန်တော်တို့ ရွှမ်းယွဲ့ကြယ်ရဲ့ ချင်းမင်ရေကန်က သစ်သားငါးတွေနဲ့ ယှဉ်နိုင်တယ်”

ဟန်မူယဲ့က နတ်သခင်ထိုက်ယွီကိုကြည့်လိုက်ပြီး ပြောသည်။

“ကျွန်တော်ထွက်သွားရင် ကျွန်တော်တို့နတ်ဘုရင်အတွက် လက်ဆောင်ယူသွားလိုက်ရမလား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် နတ်သခင်ထိုက်ယွီက ပျော်ရွှင်သွားသည်။ ထို့နောက် သူက တီးတိုးပြောသည်။

“ဒါက ငါ့ရဲ့တာဝန်ပါ။ ငါပြင်ဆင်ထားလိုက်ပါ့မယ်”

All Chapters