အခန်း (၅၄၄)
Vol. 39 Ch. 544
ဟန်မူယဲ့က အစိမ်းနုရောင်ဝတ်စုံကို ဝတ်ထားပြီး ပေတစ်သောင်းအကွာတွင် ရပ်နေသည်။ သူက သက်တောင့်သက်သာရှိစွာ ပြုံးသည်။
“မင်း၊ မင်းက နတ်ဘုရင်ရဲ့လက်အောက်ခံ နတ်စစ်သူကြီးတစ်ယောက်မဟုတ်ဘူး ....”
နတ်သခင်မင်ကျီးက ဟန်မူယဲ့၏ဝတ်စုံနှင့် ဖြာထွက်လာသောချီစွမ်းအင်များကိုကြည့်လိုက်ပြီး အံတင်းတင်းကြိတ်သည်။
လှည့်ကွက်တစ်ခုပင်ဖြစ်သည်။
နတ်ဘုရင်ချိပ်တံဆိပ်၏အစိတ်အပိုင်းများကို ယူလာခဲ့သောလူက နတ်ဘုရင်သွမ်ယွဲ့၏ နတ်စစ်သူကြီးတစ်ယောက်မဟုတ်ဘဲ ချီစွမ်းအင်ကျင့်ကြံသူတစ်ဦး ဖြစ်နေသည်။
ချီစွမ်းအင်ကျင့်ကြံသူက နတ်ဘုရင်ချိပ်တံဆိပ်၏ အစိတ်အပိုင်းများကိုယူလာပြီး သူတို့ကိုမျှားခေါ်၍ သေသည်အထိ တိုက်ခိုက်စေခဲ့သည်။
“ငရဲကို သွားလိုက်တော့ ....”
နတ်သခင်မကျီထိုက်၏ဘေးတွင်ရပ်နေသော နတ်သခင်ကောင်းစွန်းက မနေနိုင်တော့ဘဲ ဟိန်းဟောက်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော နတ်ဘုရားအလင်းသည် ပေတစ်ထောင်ရှည်လျားသော ပုဆိန်တစ်လက်အဖြစ်ပြောင်းသွားပြီး ဟန်မူယဲ့၏ခေါင်းကို ခုတ်ချသည်။
စွမ်းအားကြီးပြီး ဂုဏ်သရေမြင့်မားသော နတ်သခင်များက ချီကျင့်ကြံသူတစ်ဦး၏ လှည့်စားမှုကြောင့် အချင်းချင်းတိုက်ခိုက်ခဲ့သည်။
သူတို့က ထိုစော်ကားမှုမျိုးကို သည်းမခံနိုင်ပေ။
နတ်သခင်ကောင်းစွန်းက လှုပ်ရှားလိုက်သောအခါတွင် နတ်သခင်မကျီထိုက်က နတ်သခင်မင်ကျီနှင့် နတ်သခင်ထိုက်ယွီကိုကြည့်လိုက်ပြီး လှည့်ထွက်သွားရန် ပြင်လိုက်ရသည်။
ထောင်ချောက်တစ်ခုဖြစ်သည်။
ချီစွမ်းအင်ကျင့်ကြံသူသည် နတ်ဘုရင်ချိပ်တံဆိပ်တစ်ဝက်ကို ယူထားပြီး သူတို့ကိုမျှားခေါ်၍ အချင်းချင်းသတ်ဖြတ်စေခဲ့သည်။
သူတို့က စောစီးစွာအသိဝင်မလာခဲ့လျှင် နတ်သခင်တစ်ပါးသာ ကျန်ရစ်လိမ့်မည်။
သို့သော် ချီစွမ်းအင်ကျင့်ကြံသူများသည် ဤသို့ ထောင်ချောက်လေးတစ်ခုကိုသာ ပြုလုပ်မည်မဟုတ်ပေ။ နောက်ကွယ်တွင် အစီအစဉ်များ ရှိနေလိမ့်မည်။
သူမက ယခုအချိန်တွင် ထွက်မသွားခဲ့လျှင် အသက်ရှင်နိုင်ရန် မသေချာပေ။
နတ်သခင်မကျီထိုက်က ယွင်ချန်ကြယ်သို့ ပြန်သွားခြင်းမဟုတ်ဘဲ တခြားနေရာတစ်ခုသို့ ဦးတည်လိုက်သည်။
အကြောင်းပြချက်တချို့ကြောင့် သူမ၏နောက်သို့ လိုက်လာသောလူများ မရှိပေ။
သူမက ပျံထွက်သွားသောအခါတွင် ဒေါသတကြီးဟိန်းဟောက်သံနှင့် ဓားမြည်သံများကို ကြားလိုက်ရသည်။
သူမက နောက်သို့ လှည့်ကြည့်လိုက်သောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် ချီစွမ်းအင်ကျင့်ကြံသူက ဓားရှည်တစ်လက်ကို ကိုင်ထားခဲ့သည်။ သူ့ပတ်ပတ်လည်တွင်ရှိနေသော မရေမတွက်နိုင်လောက်သည့်ကြယ်များက ဓားဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်သခင်မင်ကျီးနှင့် နတ်သခင်ကောင်းစွန်းကို တားဆီးထားသည်။
ဓားအလင်းသည် မရေမတွက်နိုင်သော ဥက္ကာခဲများနှင့်ဆင်တူပြီး တိတ်ဆိတ်သောအာကာသထဲတွင် ပျံသန်းသွားသည်။
နတ်သခင်မကျီထိုက်က တစ်ကိုယ်လုံးတုန်ခါသွားသည်။
နတ်ဘုရင်ယွင်ချန်ကျဆုံးသွားပြီး ကောင်းကင်တစ်ခုလုံး ချီစွမ်းအင်အလင်းများဖြင့်ပြည့်နေသောအချိန်ကို သူမ ပြန်တွေးမိသည်။
‘အဲဒီကျွမ်းကျင်သူ ပြန်ရောက်လာတာလား’
သူမက တုန်ခါနေသောနှလုံးသားကို ထိန်းသိမ်းလိုက်ပြီး ထွက်ပြေးသည်။
စစ်မြေပြင်တွင် ဟန်မူယဲ့က နတ်သခင်မကျီထိုက်ကို လျစ်လျူရှုထားသည်။ သူ့ပတ်ဝန်းကျင်တွင်ရှိနေသော ဓားအမြုတေများက ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို ဖန်တီး၍ နတ်သခင်ကောင်းစွန်း၏တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ သူ့လက်ထဲတွင် ဓားအလင်းများလှုပ်ရှားသွားပြီး နတ်သခင်မင်ကျီးနှင့် တိုက်ခိုက်သည်။
နတ်ဘုရားတစ်ဝက်အဆင့်ကျင့်ကြံသူနှစ်ယောက်သည် အားကောင်းသော နတ်ဘုရားတာအိုနည်းစနစ်များကို ကျင့်ကြံထားသည်။ ဟန်မူယဲ့၏ တိုက်ခိုက်နိုင်စွမ်းနှင့်ဆိုလျှင် သူတို့နှစ်ယောက်ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် သူက တိုက်ခိုက်မှုစွမ်းအားများကို ပေါင်းစပ်နိုင်သည်။ ယခုအချိန်တွင် သူက နတ်ဘုရားသားရဲပါ့ရှား၏စွမ်းအားကို ငှားယူပြီး ရုပ်ခန္ဓာစွမ်းအားဖြင့် ရန်သူများကို တိုက်ခိုက်နေသည်။
ကုန်ဆုံးမှုများပြားသလို အကျိုးအမြတ်များလည်း များပြားသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်၏ တိုက်ခိုက်မှုများသည် အားကောင်းရုံတင်မကဘဲ ဝိညာဉ်စွမ်းအားနှင့် တိုက်ခိုက်နိုင်စွမ်းကိုပါ ဖိနှိပ်နိုင်သည်။
ဟန်မူယဲ့၏ဝိညာဉ်စွမ်းအားသည် တစ်ဖက်လူများထက် အားမနည်းပေ။ ထို့အပြင် သူ့ချီပင်လယ်၌ ဓားဆန္ဒသည် အလွန်တည်ငြိမ်နေသောကြောင့် တိုက်ခိုက်မှုများ၏စွမ်းအားကို ၈၀%အထိ လျော့ချပေးနိုင်သည်။
“မီးလွင်ပြင်”
ခပ်အုပ်အုပ်အော်ဟစ်သံနှင့်အတူ ဟန်မူယဲ၏လက်ထဲတွင်ရှိသောဓားသည် ဓားအလင်းကို မြစ်တစ်စင်းကဲ့သို့ ဖြစ်ပေါ်လာစေသည်။
ယခုအချိန်တွင် အံ့ဖွယ်ငါးပါးဓားနည်းစနစ်သည် အသွင်ပြောင်းသွားခဲ့သည်။ မီးနှင့်လေသာမက ရေခိုးရေငွေ့များလည်း ရောနှောနေပြီး လောင်ကျွမ်းနေသောဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။
မီးနှင့်ရေစွမ်းအားသည် တစ်ခုကိုတစ်ခု ဆန့်ကျင့်နေသည်။ သို့သော် ဟန်မူယဲ့၏လက်ထဲတွင် မီးနှင့်ရေသည် ပေါင်းစပ်သွားပြီး ဖိနှိပ်မှုစွမ်းအားနှင့် ပေါက်ကွဲမှုစွမ်းအားသည် ပိုမိုအားကောင်းလာသည်။
သူက လက်ထဲတွင်ရှိသောဓားဖြင့် နတ်သခင်မင်ကျီး၏ အကာအကွယ်နတ်ဘုရားအလင်းကို ထိုးဖောက်လိုက်သည်။ ဓားသည် အားနည်းချက်တစ်ခုကို ရှာတွေ့သွားပုံရပြီး စွမ်းအားများအားလုံးက အကာအကွယ်နတ်ဘုရားအလင်းနှင့်ထိတွေ့၍ ပေါက်ကွဲသွားသည်။
ဓားသည် ပျက်စီးသွားပြီး စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်သည်။
နတ်သခင်မင်ကျီးက ပျက်စီးသွားသော အကာအကွယ်အလင်းလွှာကို ထိတ်လန့်စွာကြည့်နေလိုက်ရသည်။ ဓားအပိုင်းအစများသည် သူ့ခန္ဓာကိုယ်ကို စိုက်ဝင်လာပြီး နတ်ဘုရားစွမ်းအားများကို စိမ့်ထွက်သွားစေသည်။
ထိုဓားသည် သူ့ခန္ဓာကိုယ်ကို ဒဏ်ရာရသွားစေနိုင်သည်။
ထိုဓားချက်ကြောင့် အရူးအမူးတိုက်ခိုက်နေသော နတ်သခင်ကောင်းစွန်းက အသိပြန်ဝင်လာသည်။
ထိုအချိန်တွင် တိုက်ပွဲကို စောင့်ကြည့်နေသော နတ်သခင်ထိုက်ယွီက မိုင်တစ်ထောင်အကွာသို့ တိတ်ဆိတ်စွာဆုတ်ခွာလိုက်သည်။
သူ့ခန္ဓာကိုယ်၏ မှိန်ဖျော့နေသော နတ်ဘုရားအလင်းများက ပြန်လည်တောက်ပလာသည်။ သူက လှောင်ပြောင်လိုက်ပြီး ယွင်ချန်ကြယ်ဆီသို့ ပျံသန်းသွားသည်။
“အရူးတွေပဲ။ နတ်ဘုရင်ချိပ်တံဆိပ်အပိုင်းအစကို လမ်းညွှန်အနေနဲ့သုံးပြီး ယွင်ချန်ကြယ်ရဲ့ ကောင်းကင်တာအိုစွမ်းအားကို ထိန်းချုပ်နိုင်တယ်။ ကောင်းကင်တာအိုရဲ့အဆီအနှစ်ကို ထိခိုက်သွားစေတယ်ဆိုရင်တောင် အနည်းဆုံး နတ်ဘုရင်တစ်ဝက်အဆင့်ကို ရောက်သွားလိမ့်မယ်။ ဘာဖြစ်လို့ ဒီမှာ တိုက်ခိုက်နေတာလဲ ....”
နတ်သခင်ထိုက်ယွီက အဆုံးထိမပြောနိုင်ဘဲ ရပ်တန့်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက မျက်လုံးပြူးလိုက်ပြီး ရှေ့သို့ကြည့်သည်။
မိုင်သန်းချီအကွာတွင်ရှိနေသော ယွင်ချန်ကြယ်ဆီမှ သူ့ကိုရင်တုန်သွားစေနိုင်သော စွမ်းအားများ ပေါ်ထွက်လာသည်။
နတ်ဘုရားစွမ်းအားဖြစ်သည်။
နတ်ဘုရင်၏ ချိပ်တံဆိပ်တစ်ဝက်ဖြစ်သည်။
နတ်ဘုရင်ချိပ်တံဆိပ်တစ်ဝက်သည် ယွင်ချန်ကြယ်ပေါ်တွင် ရှိနေသည်။
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
နတ်သခင်များက အံ့အားသင့်သွားသည်။
“ဘုန်း”
အဆုံးမရှိသောနတ်ဘုရားအလင်းများ ပေါက်ကွဲသွားသည်။ အာကာသထဲတွင်ရှိနေသော နတ်သခင်ထိုက်ယွီ၊ မိုင်ထောင်ချီအကွာတွင်တိုက်ခိုက်နေသော နတ်သခင်မင်ကျီးနှင့် နတ်သခင်ကောင်းစွန်း၊ မိုင်သိန်းချီအကွာသို့ ထွက်ပြေးသွားသော နတ်သခင်မကျီထိုက်တို့ အားလုံးက တုန်ခါသွားသည်။
ထိုအချိန်၌ သူတို့၏ခန္ဓာကိုယ်ထဲတွင်ရှိသော နတ်ဘုရားစွမ်းအားများ ဖိနှိပ်ပြီး ထုတ်ယူခံလိုက်ရသည်။
ယွင်ချန်ကြယ်ပေါ်တွင် နတ်ဘုရင်တစ်ပါး မွေးဖွားလာသည်။
ဟန်မူယဲ့က ယွင်ချန်ကြယ်ကို လှမ်းကြည့်လိုက်ပြီး ပြုံးသည်။
အားကောင်းသောနတ်စစ်သူကြီးများ၏စွမ်းအားကို အခြေခံအုတ်မြစ်အဖြစ် အသုံးချပြီး သူက ယွင်ချန်ကြယ်၏ ကောင်းကင်တာအိုကို စတေးခဲ့သည်။ ထို့နောက် နတ်ဘုရင်ချိပ်တံဆိပ်တစ်ဝက်ကို အသုံးချပြီး ယွင်ချန်ကြယ်၍ နတ်ဘုရားတာအိုစွမ်းအားများကို စုစည်းစေသည်။
ယခုအချိန်တွင် ယွင်ချန်ကြယ်ပေါ်၌ နတ်ဘုရင်အသစ်တစ်ပါး ပေါ်ထွက်လာသည်။
“မင်းတို့ တိုက်ချင်သေးလား”
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ထဲတွင်ရှိသောဓားဖြင့် ရှေ့တွင်ရှိသော နတ်သခင်နှစ်ပါးကို ညွှန်ပြသည်။
“ငါနဲ့အတူ ယွင်ချန်ကြယ်ကို ပြန်လိုက်လာခဲ့။ နတ်ဘုရင်က မင်းတို့ကို ခွဲခြားဆက်ဆံမှာမဟုတ်ဘူး”
“’မဟုတ်ရင် မင်းတို့ရဲ့နတ်ဘုရားစွမ်းအားတွေ အပြည့်အဝနှုတ်ယူခံရတာကို စောင့်နေပြီး ပျောက်ကွယ်သွားလိုက်ပေါ့”
ဟန်မူယဲ့၏ပြောစကားသည် မှန်ကန်သည်။ ယွင်ချန်ကြယ်မှ နတ်သခင်များ၏စွမ်းအားသည် လျင်မြန်စွာထုတ်ယူခံနေရသည်။
သူတို့က အညံ့မခံလျှင် ခွန်အားများ ပျောက်ကွယ်သွားလိမ့်မည်။
“ငါသေသွားရင်တောင် ငါက ....”
နတ်သခင်ကောင်းစွန်းက ဟိန်းဟောက်လိုက်သည်။ သူ့စကားမဆုံးခင် နတ်သခင်မင်ကျီးက လက်ကိုဆန့်ထုတ်၍ ရေပြင်ညီအတိုင်း ခုတ်ချသည်။
ဓားချက်ကြောင့် နတ်သခင်ကောင်းစွန်းက နှစ်ပိုင်းပြတ်သွားသည်။ သူ့ခန္ဓာကိုယ်က တွန့်လိမ်သွားပြီး ပြန်လည်ဖြစ်ပေါ်လာသောအခါတွင် သူ့နတ်ဘုရားစွမ်းအားများက ကုန်ဆုံးလုနီးပါး ဖြစ်သွားသည်။
“မင်းသေချင်ရင်လည်း ငါ့ကို နတ်ဘုရားတွေအားတွေ ပေးသွားလိုက်”
နတ်သခင်မင်ကျီးက အေးစက်စွာပြောသည်။
နတ်သခင်ကောင်းစွန်း၏မျက်နှာက ဖြူဖျော့နေသည်။ သူက ဟန်မူယဲ့နှင့် နတ်သခင်မင်ကျီးကို ကြည့်လိုက်ပြီး စကားမပြောတော့ပေ။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး နတ်သခင်မင်ကျီးကို ခေါင်းညိတ်ပြသည်။ သူက ယွင်ချန်ကြယ်ကိုကြည့်လိုက်ပြီး ပြောသည်။
“နတ်ဘုရင်အသစ်ကို သွားတွေ့ကြစို့”
နတ်သခင်မင်ကျီး၏မျက်နှာထားက ရှုပ်ထွေးနေပြီး တီးတိုးပြောသည်။
“မင်းတို့ချီစွမ်းအင်ကျင့်ကြံသူတွေက နတ်ဘုရားတာအိုနည်းစနစ်ကိုလည်း ကျင့်ကြံနိုင်တယ်။ မင်းတို့က နတ်ဘုရင်လည်း ဖြစ်လာနိုင်တာလား”
ဟန်မူယဲ့က ရယ်လိုက်ပြီး အဖြေပြန်မပေးချေ။
ချီစွမ်းအင်ကျင့်ကြံသူများသည် နတ်ဘုရားတာအိုကို မကျင့်ကြံပေ။ သို့သော် လူတစ်ယောက်က နတ်ဘုရားတာအိုနှင့်ပတ်သတ်၍ နက်ရှိုင်းစွာနားလည်ပြီး ပေါင်းစပ်ထားသောနည်းစနစ်တစ်ခုကို တီထွင်ခဲ့သည်။
အဝါရောင်ခုံရုံးနည်းစနစ်ဖြစ်သည်။
ယခုအချိန်တွင် ယွင်ချန်ကြယ်ပေါ်၌ ကွန်ဖြူးရှပ်တာအိုဆရာသခင် ဟွမ်တင်းရှုသည် အဝါရောင်ခုံရုံးနည်းစနစ်ကို အသုံးပြု၍ နတ်ဘုရားတာအိုနှင့် ပေါင်းစပ်ပြီး နတ်ဘုရင်အဆင့်သို့ ရောက်ခဲ့သည်။
နတ်ဘုရင်အဆင့်သို့ ရောက်သွားသောအခါတွင် အဝါရောင်ခုံရုံးသည် နတ်ဘုရားခုံရုံးဖြစ်လာလိမ့်မည်။ ထိုအရာသည် ဟွမ်တင်းရှု၏ ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။ ထို့အပြင် ဟန်မူယဲ့မျှော်လင့်နေသောအရာလည်း ဖြစ်သည်။
ဟွမ်တင်းရှုက နတ်ဘုရင်ဖြစ်လာသောအခါတွင် နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ကို တည်ဆောက်လိမ့်မည်။
ဟန်မူယဲ့က အဝေးတစ်နေရာတွင်ထွက်ပေါ်လာသော လေတိုးသံနှင့်မိုးခြိမ်းသံများကို ကြားလိုက်ရသည်။
နတ်ဘုရင်တစ်ပါး ....
နတ်ဘုရင်သွမ်ယွဲ့ ရောက်လာခဲ့သည်။
“ချီစွမ်းအင်ကျင့်ကြံသူကောင်စုတ်လေးက ငါ့ကို အကွက်ချရဲတယ်ပေါ့။ မင်းက သေချင်နေတာပဲ”
အာကာသထဲတွင် လေပြင်းနှင့်မိုးကြိုးများ လှုပ်ရှားလာသည်။
နတ်ဘုရင်တစ်ပါး၏စွမ်းအားသည် လောဟာနယ်ကိုထိုးဖောက်၍ ဟန်မူယဲ့ကို လွှမ်းခြုံလိုက်သည်။
သူက ကျောပေါ်တွင် ကမ္ဘာတစ်ခုလုံးကို သယ်ထားရသည်ဟု ခံစားလိုက်ရသည်။
လေးလံသောစွမ်းအားများက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည်။ စိတ်နယ်ပယ်တွင်ရှိသော ဝိညာဉ်လိပ်ပြာဓားကိုပင် နတ်ဘုရားအလင်းများက ရစ်ပတ်ထားသည်။
နတ်ဘုရင်တစ်ပါး၏ စွမ်းအားဖြစ်သည်။
နတ်ဘုရားတာအိုသည် ကိုယ်ပိုင်အားသာချက်များ ရှိသည်။
ချုပ်နှောင်ခံလိုက်ရသောဟန်မူယဲ့က နေရာတွင်ရပ်နေလိုက်ရသည်။ သို့သော် သူက နတ်ဘုရင်စွမ်းအား၏ အမျိုးအစားကို ဆက်တိုက်တွက်ချက်ပြီး နတ်ဘုရားတာအိုစွမ်းအား၏ လက္ခဏာရပ်များကို အာရုံခံကြည့်နေသည်။
ဤအရာသည် ရှားပါးသော အခွင့်အရေးတစ်ခုဖြစ်သည်။
သူ့လုံခြုံမှုကိုတော့ ဂရုမစိုက်ပေ။
သူ့ဘေးတွင် မှူးမတ်ဝူရှိနေသည်။ သူ့ကို နတ်ဘုရင်တစ်ပါးက ဒဏ်ရာရသွားအောင်လုပ်နိုင်လျှင် မှူးမတ်ဝူက နာမည်ပျက်ရလိမ့်မည်။
“ဘုန်း”
နတ်ဘုရားအလင်းများသည် ဧရာမလက်သည်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏ဦးခေါင်းကို ရိုက်ချသည်။
လရောင်ဖြူဝတ်စုံဖြင့် အရပ်ရှည်သောလူတစ်ယောက်က ရွှေအလင်းများကိုထုတ်လွှတ်၍ အရိုးနှင့်အရွတ်များပျက်စီးနေသော နတ်စစ်သူကြီးစွန်းယွင်ကို လက်တစ်ဖြင့်သယ်ဆောင်ပြီး ဟန်မူယဲ့ဆီသို့ လျှောက်လာသည်။
မင်ကျီးနှင့်ကောင်းစွန်းတို့၏မျက်နှာထားက ရှုပ်ထွေးနေပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ရှိနေသည်။
နတ်ဘုရင်သွမ်ယွဲ့က လူကိုယ်တိုင်ရောက်လာခဲ့သည်။
နတ်ဘုရင်သွမ်ယွဲ့က စောစီးစွာရောက်လာခဲ့မည်ဆိုလျှင် သူတို့က ကြောက်ရွံ့နေမည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူတို့က အငြိုးအတေးမဲ့နယ်မြေကို သစ္စာဖောက်ရန် ရည်ရွယ်ထားသည်။ နတ်ဘုရင်က ရန်သူကြီးတစ်ယောက်ဖြစ်သည်။
နတ်ဘုရင်သွမ်ယွဲ့က နတ်သခင်နှစ်ပါးကို ကြည့်လိုက်ပြီး ချုပ်နှောင်ခံထားရသော ဟန်မူယဲ့ကို ဆက်ကြည့်သည်။
“ငါက တကယ်ကိုပဲ သိချင်မိတယ်။ ငါ့ကို အကွက်ချဖို့ ယုံကြည်ချက်တွေ ဘယ်ကရလာတာလဲ”