အခန်း (၅၄၆)
Vol. 39 Ch. 546
“ဘုန်း”
အာကာသထဲတွင် အဆုံးမရှိသောအလင်းစီးကြောင်းများ ပေါက်ကွဲသွားသည်။
“ဝိညာဉ်သံချပ်ကာမိစ္ဆာတွေ၊ ဒီနေ့ကစပြီး ငါတို့ကောင်းကင်အံ့ဖွယ်ကမ္ဘာက မင်းတို့မျိုးနွယ်စုကို သေချာပေါက်ရှင်းထုတ်ပစ်မယ်”
ရှောင်လင်းရှန်က အော်ဟစ်လိုက်သည်။
“ငါက ဒီနေ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို သွားတော့မယ်။ ဒီနေရာကို မင်းတို့နဲ့ လွှဲထားခဲ့မယ်”
အာကာသထဲတွင် အသံတစ်သံထွက်ပေါ်လာသည်။
အမတ်ချုပ်ကြီးဝမ်ဖြစ်သည်။
အမတ်ချုပ်ကြီးဝမ်က အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ သွားချင်သည်။
အာကာသစစ်မြေပြင်သည် ရုတ်တရက် တိတ်ဆိတ်သွားသည်။
ထို့နောက် ပေသောင်းချီမြင့်မားသော လက်စရှည်သည့်ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ်က ဦးခေါင်းတွင် သရဖူတစ်ခုဆောင်းထားပြီး ခြေတစ်လှမ်းချင်းစီတွင် ရပ်တန့်လိုက်သည်။ သူက အာကာသထဲတွင် ခြေတစ်လှမ်းဖြင့် မိုင်ပေါင်းသန်းဆယ်ချီ၍ ရွေ့လျားသွားသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဝမ်မော့ရှန်က အင်မော်တယ်ဝိညာဉ်ကမ္ဘာကို အလည်ရောက်လာပါတယ်။ ဘယ်တာအိုရောင်းရင်းက ငါ့ကို ကြိုဆိုမလဲမသိဘူး”
သူ့စကားတစ်ခွန်းချင်းစီသည် မိုးခြိမ်းသံကဲ့သို့ အာကာသထဲတွင် ပဲ့တင်ထပ်သွားသည်။
အငြိုးအတေးမဲ့နယ်မြေတစ်ခုလုံးကလည်း ရှင်းလင်းစွာ ကြားလိုက်ရသည်။
ကိုးထပ်ယဇ်ပလ္လင်၏ရှေ့တွင်ရပ်နေသော ဟန်မူယဲ့က အာကာသထဲသို့ လှည့်ကြည့်သည်။
“အမတ်ချုပ်ကြီးဝမ်က ကိုယ်တိုင်လှုပ်ရှားနေတယ် ....”
အမတ်ချုပ်ကြီးဝမ်က အမှန်တကယ်လှုပ်ရှားလာလိမ့်မည်ဟု သူက ထင်မထားခဲ့ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တစ်ခါတည်း အဆုံးသတ်ချင်ပုံပေါ်သည်။
ဟန်မူယဲ့က ကိုးထပ်ယဇ်ပလ္လင်ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများတောက်ပလာသည်။
‘ဒါက ပိုစိတ်ဝင်စားဖို့ကောင်းတယ်’
“ဘုန်း”
အငြိုးအတေးမဲ့နယ်မြေ၏အတွင်းပိုင်းတွင် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။
နတ်ဘုရားအလင်းနှင့် ချီစွမ်းအင်အလင်းများသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ပြိုကွဲထွက်လာပြီး အာကာသ၏မိုင်ထောင်ချီပတ်ဝန်းကျင်ကို ဖျက်ဆီးပစ်လိုက်သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ မှူးမတ်ဝူက ဒီမှာရောက်လာပြီ။ အငြိုးအတေးမဲ့နယ်မြေရဲ့ နတ်ဘုရင်ရှုမင်၊ ထွက်လာပြီး အသေခံစမ်း ....”
ဆေဘာဓားအလင်းသည် ကောင်းကင်ကိုထိုးခွဲသွားပြီး ကမ္ဘာများကို ဖြတ်တောက်နိုင်သည့်ပုံပေါ်သည်။
နတ်ဘုရားအလင်း ပျက်စီးသွားပြီး ပိုမိုများပြားသော နတ်ဘုရားအလင်းများ ပေါ်ထွက်လာသည်။
“အထွန့်တက်စရာမရှိပါဘူး။ ငါက မှူးမတ်ဝူနဲ့တွေ့ဆုံဖို့ ရောက်လာပြီ”
“ငါ ဘုရင်ဝူကျင်းက မှူးမတ်ဝူကို ကြိုဆိုလိုက်ပါတယ်”
“ဒီဘုရင်ကို မှူးမတ်ဝူက လမ်းညွှန်ပေးပါအုံး”
....
ကမ္ဘာတစ်ခုလုံးတွင် နတ်ဘုရားအလင်းနှင့် ချီစွမ်းအင်အလင်းများ သွယ်ယှက်နေသည်။
နတ်ဘုရင်ခုနစ်ပါးသည် အတူတူပူးပေါင်း၍ မှူးမတ်ဝူကို တိုက်ခိုက်နေသည်။
ထိုနတ်ဘုရင်ခုနစ်ပါးသည် အငြိုးအတေးမဲ့နယ်မြေ၏ အစစ်အမှန်ကျွမ်းကျင်သူများဖြစ်ကြသည်။ သူတို့အားလုံးက သူတော်စင်ထက် တစ်ဆင့်သာနိမ့်သောစွမ်းအားကို ထုတ်လွှတ်နိုင်သည်။
အငြိုးအတေးမဲ့နယ်မြေ၏အသန်မာဆုံးဖြစ်သော နတ်ဘုရင်ဝူကျင်းသည် သူတော်စင်တစ်ပါးနှင့် ယှဉ်နိုင်သည်။
ယွင်ချန်ကြယ်ပေါ်တွင် ဟွမ်တင်းရှူ၏မျက်နှာထားက လေးနက်နေသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော သမာဓိစွမ်းအားများအားလုံးကို စုစည်း၍ ကိုးထပ်ယဇ်ပလ္လင်ကို ကာကွယ်ထားသည်။
အဝေးတစ်နေရာတွင် သွေးနဂါးက ဖြည်းဖြည်းချင်း နီးကပ်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးက မတ်တပ်ရပ်သည်။
ယန်ကျန်းချင် ....
ယန်ကျန်းချင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်က တည်ဆောက်ပြီးသွားပြီလို့ ပြောနိုင်တယ်မဟုတ်လား။ နဂါးရဲ့သွေးနဲ့ချီကို နတ်ဘုရားအမည်စာရင်းအဖြစ် ရက်လုပ်လိုက်ရင် ငါက နတ်ဘုရားဘွဲ့ထူးကို ချီးမြှင့်ပေးလို့ရပြီမဟုတ်လား”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အာကာသထဲတွင်ရှိသော သွေးနဂါးကို ကြည့်သည်။
မှူးမတ်ဝူက အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရင်များကို တစ်ယောက်တည်းတားဆီးထားပြီး အမတ်ချုပ်ကြီးဝူက အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ သွားနေသည်။
‘ကောင်းကင်အံ့ဖွယ်ကမ္ဘာက ကမ္ဘာနှစ်ခုကို တစ်ပြိုင်နက် တိုက်ခိုက်နိုင်တယ်လား’
“အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ တန့်ဝူယိုက တာအိုရောင်းရင်ဝမ်ကို နှုတ်ဆက်လိုက်ပါတယ်”
“တာအိုရောင်းရင်းက ငါရဲ့အင်မော်တယ်ဝိညာဉ်ကမ္ဘာကို တကယ်ပဲတိုက်ခိုက်ချင်တာလား”
အာကာသထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံထွက်လာသောအခါတွင် လေဟာနယ်တစ်ခုလုံး တုန်ခါသွားပုံပေါ်သည်။
“ဟုတ်တယ်”
ဝမ်မော့ရှန်၏အသံက တည်ငြိမ်နေသည်။
“ကောင်းပြီ။ ဒီနေ့ တန့်ဝူယိုက အင်မော်တယ်ဝိညာဉ်တွေအားလုံးနဲ့အတူ တာအိုရောင်းရင်းဝမ်ကို ကြိုဆိုပါ့မယ်”
အာကာသထဲတွင် အသံထွက်လာသည်။ ဓားအလင်းများ တောက်ပသွားပြီး နောက်ထပ်အသံသုံးသံ ပေါ်ထွက်လာပြန်လာသည်။
“အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ စွန်းယိုတောက်က တာအိုရောင်းရင်းဝူကို ကြိုဆိုလိုက်ပါတယ်”
လေထုထဲတွင် ချီစွမ်းအင်များ ပေါ်ထွက်လာပြီး တာအိုနည်းစနစ်များသည် သဘာဝနှင့် တစ်သားတည်းဖြစ်နေသည်။
“ကိုယ်တော် ရွှမ်ကျီက စောင့်နေပါတယ်”
ဗုဒ္ဓအလင်းများက လူတစ်ယောက်၏နှလုံးသားကို ထိုးဖောက်သွားနိုင်သည်အထိ တောက်ပနေသည်။
“ဒီလူအိုကြီးက မော့ဝူရှဲ့ပဲ။ တာအိုရောင်းရင်းမူနဲ့တွေ့ဖို့အတွက် ငါ့လက်အောက်မှာရှိတဲ့ မိစ္ဆာစစ်သူကြီးတစ်သိန်းကို ခေါ်လာခဲ့တယ်”
သူ့မိစ္ဆာဆန္ဒသည် အလွန်ခမ်းနားပြီး သတ်ဖြတ်လိုစိတ်များက ကောင်းကင်အထိ မြင့်တက်လာသည်။
သူတော်စင်လေးပါး ....
ဓားလမ်းစဉ်၊ တာအိုလမ်းစဉ်၊ ဗုဒ္ဓနှင့် မိစ္ဆာလမ်းစဉ် ....
အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် သူတော်စင်လေးပါးရှိနေသည်။
‘ဝမ်မော့ရှန်က သူတော်စင်လေးပါးကို တစ်ယောက်တည်း ခုခံနိုင်ပါ့မလား’
ထိုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
‘အမတ်ချုပ်ကြီးဝမ်နဲ့ မှူးမတ်ဝူတို့က တောင့်ခံထားနိုင်ပါ့မလား’
‘ငါတို့က ဘာဖြစ်လို့ အစွမ်းကုန်သုံးပြီး ကမ္ဘာနှစ်ခုကို တိုက်ခိုက်နေတာလဲ’
အပြင်လူများက မသိနိုင်သော်လည်း ဟန်မူယဲ့က စိတ်လှုပ်ရှားနေသည်။
အမတ်ချုပ်ကြီးဝမ်နှင့်မှူးမတ်ဝူက ဤနေရာတွင်ရှိနေသော နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်အတွက် အချိန်ဆွဲပေးရန် အစွမ်းကုန်တိုက်ခိုက်နေသည်။
သူတို့၏အမြင်တွင် ဘွဲ့ထူးများချီးမြှင့်ပေးနိုင်လျှင် အရှုံးကို အနိုင်အဖြစ် ပြောင်းလဲပေးနိုင်လိမ့်မည်။
ထို့ကြောင့် သူက လောင်းကြေးထပ်ရမည်။
ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပျံတက်သွားသည်။
ဟန်မူယဲ့က အငြိုးအတေးမဲ့နယ်မြေသို့တိုးဝင်လာသော သွေးနဂါးကိုကြည့်လိုက်ပြီး အဆုံးမရှိသောဓားအလင်းကို ထုတ်လွှတ်သည်။
သူ့ချီပင်လယ်ထဲတွင် ဓားဆန္ဒများဖြင့်စုစည်းထားသော ဓားရှည်သည် ပြိုကွဲသွားသည်။
ဓားအလင်းများပြန့်ကျဲနေပြီး မရေမတွက်နိုင်လောက်သော ဓားချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။
ဓားချည်မျှင်တိုင်းသည် ဓားဆန္ဒတစ်ခုဖြစ်သည်။
ဓားဆန္ဒများသည် သွေးနဂါး၏ကိုယ်ထဲသို့ ထိုးဖောက်သွားသည်။
ဓားချည်မျှင်တစ်ခုသည် သွေးနှင့်ချီစီးကြောင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။
ထိုအချိန်တွင် ဟန်မူယဲ့၏ရှေ့၌ သွေးနီရောင်ကောင်းကင်တစ်ခု ပေါ်လာသည်။
သူ့ဓားချည်မျှင်များသည် မိုးရေစက်များကဲ့သို့ မြေပြင်ပေါ်တွင် ကျဆင်းလာသည်။
သန်းထောင်ချီသော သွေးနှင့်ချီစွမ်းအားများ၏ရှေ့တွင် ဓားတာအိုသည် အလွန်အားနည်းနေသည်။
ဟန်မူယဲ့၏မျက်နှာက ဖြူဖျော့သွားသည်။
သွေးနဂါး၏စွမ်းအားသည် ခွဲထုတ်ရန် အလွန်သန်မာနေသည်။
သူတင်မကဘဲ သူတော်စင်တစ်ပါးဆိုလျှင်ပင် သွေးနဂါးကို ရှောင်တိမ်းရလိမ့်မည်။
သို့သော် သူက မရှောင်နိုင်ပေ။
သူက သွေးနဂါးကို နတ်ဘုရားအမည်စာရင်းအဖြစ် ပြောင်းလဲချင်သည်။
ဟန်မူယဲ့က မျက်လုံးများတောက်ပသွားပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
သူ့ခေါင်းထက်တွင် လက်စရှည်သောဝတ်ရုံနှင့် ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုအချိန်၌ စိတ်နယ်ပယ်ထဲတွင်ရှိသော ဝိညာဉ်လိပ်ပြာဓားသည် ရွှေရောင်အပ်ရှည်များအဖြစ် ပြောင်းလဲပြီး အဆုံးမရှိသောဓားဆန္ဒနှင့် ဓားချည်မျှင်များကိုသယ်ဆောင်ပြီး တိုက်ရိုက်ထိုးဖောက်လိုက်သည်။ သူတို့က သွေးနဂါးဆီသို့ ပြေးဝင်သွားပြီး ဆက်တိုက်လှုပ်ရှားနေသည်။
“မင်းရဲ့စစ်တပ်ကို တက်ကြွစွာအသုံးချပြီး အနိုင်ယူလိုက်ပါ”
ဟန်မူယဲ့၏နောက်တွင်ရှိသောပုံရိပ်သည် အော်ဟစ်လိုက်သည်။ သွေးနဂါးသည် တုန်ခါသွားပြီး စစ်တပ်ဝင်္ကပါများ ပေါ်လာသည်။
“တောင်နဲ့မြစ်တွေကိုဖြတ်သန်းပြီး မိုင်သောင်းချီပတ်ဝန်းကျင်မှာ သောင်းကျန်းလိုက်မယ်”
သွေးနှင့်ချီများသည် တောအုပ်တစ်ခုအဖြစ် စုစည်းသွားပြီး ရှေ့တက်လာသည်။
“ငါက သေသေရှင်ရှင် ရန်သူကို ဖျက်ဆီးမယ်”
ချီနှင့်သွေးများသည် တစ်ခုတည်းအဖြစ် စုစည်းသွားပြီး ရွှေရောင်အပ်များက ဓားချည်မျှင်များကိုဦးဆောင်၍ ရက်လုပ်နေသည်။
“အဝတ်အစားတွေမရှိဘူးလို့ ဘယ်သူပြောလဲ။ ငါက မင်းတို့နဲ့တူတဲ့ တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားတယ်”
“အဝတ်အစားတွေမရှိဘူးလို့ ဘယ်သူပြောလဲ။ ငါက မင်းတို့နဲ့တူညီတဲ့မုန်းတီးမှုကို သယ်ဆောင်ထားတယ်”
“အဝတ်အစားတွေမရှိဘူးလို့ ဘယ်သူပြောလဲ။ ငါက မင်းတို့နဲ့အတူ တိုက်ပွဲဝင်တယ်”
ဝတ်ရုံရှည်နှင့်သရဖူဆောင်းထားသောပုံရိပ်က အော်ဟစ်လိုက်သည်။ ရွှေအပ်များသည် ဓားချည်မျှင်များကိုဦးဆောင်၍ သွေးနဂါးကိုထိုးဖောက်ပြီး မိုင်တစ်သိန်းရှည်လျားသော ပိုးထည်စအဖြစ် ပြောင်းလဲလိုက်သည်။
အငြိုးအတေးမဲ့နယ်မြေမှ နတ်ဘုရင်များ၏ဝိုင်းရံမှုကို ခံထားရသော မှူးမတ်ဝူက ကျယ်လောင်စွာရယ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော သွေးနှင့်ချီများသည် အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး ပိုးထည်စကို ဝင်တိုက်သည်။
“ဘုန်း”
ပိုးထည်စ၏နောက်ကျောဘက်တွင် ရှေးကျပြီးဆန်းကြယ်သောစာလုံးများ ပေါ်လာသည်။
‘နတ်ဘုရားအမည်စာရင်း’
နတ်ဘုရားအမည်စာရင်း ပြီးပြည့်စုံသွားသောအခါတွင် ဟန်မူယဲ့က တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူက ကြွက်သားနှင့်အရိုးများ ဆွဲထုတ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး အောက်သို့ပြုတ်ကျသွားသည်။
နတ်ဘုရားအမည်စာရင်း ပြီးပြည့်စုံသွားသောအချိန်တွင် အာကာသသည် တုန်ခါသွားပြီး မရေမတွက်နိုင်သော အကြွင်းအကျန်ဝိညာဉ်များ ပေါ်လာသည်။
ထိုအကြွင်းအကျန်ဝိညာဉ်များက ဟိန်းဟောက်ပြီး ပိုးထည်စကို ဝင်တိုက်လိုက်သည်။
သို့သော် ပိုးထည်စက ချီစွမ်းအင်အလင်းများဖြင့်တောက်ပနေပြီး အကြွင်းအကျန်ဝိညာဉ်များအားလုံးကို ပြန့်ကျဲသွားစေသည်။
“ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ဆွဲယူပြီး မူလရတနာတစ်ခုအဖြစ် ပြောင်းလဲလိုက်တယ်”
“ဒါက ဘာရတနာလဲ”
ဆူညံသံများ ပေါ်ထွက်လာသည်။
မူလရတနာ ....
သန့်စင်သောချီနှင့်သွေးမှ ရက်လုပ်ထားသော ပိုးထည်၏စွမ်းအားများသည် သန့်စင်သည်။ ထိုအရာသည် လောကကို ပထမဆုံး စတင်ဖန်တီးခဲ့သောအချိန်တွင် ထွက်ပေါ်လာသောရတနာများနှင့် အဆင့်တူသည်။
ထိုရတနာမျိုးကို သူတော်စင်တစ်ပါးကပင် တက်မက်လိမ့်မည်။
ပိုးထည်စပေါ်လာသောအခါတွင် အာကာသထဲတွင် ပုံရိပ်အများအပြား ပြေးဝင်လာသည်။
ယွင်ချန်ကြယ်ပေါ်တွင် နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်၏ရှေ့တွင်ရပ်နေသော ယန်ကျန်းချင်က ညင်သာစွာ လက်မြှောက်လိုက်သည်။ သူ့လက်ထဲတွင် စုတ်တံတစ်ချောင်း စုစည်းလာသည်။
သူက ဖြည်းဖြည်းချင်း လျှောက်သွားပြီး ကိုးထပ်ယဇ်ပလ္လင်ပေါ်သို့ တက်လိုက်သည်။
သူ့ပုံရိပ်က ကိုးထပ်ယဇ်ပလ္လင်နှင့် ပေါင်းစပ်သွားပြီး သူ့ကျင့်ကြံခြင်းက ယဇ်ပလ္လင်၏စွမ်းအားကို ချက်ချင်းအသက်သွင်းလိုက်သည်။
ယန်ကျန်းချင်၏စွမ်းအားက နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်နှင့် ပေါင်းစပ်သွားသည်။
သိပ်မဝေးသောနေရာတွင်ရပ်နေသည့် ဟွမ်တင်းရှုက ညင်သာစွာသက်ပြင်းချသည်။
ယခုအချိန်မှာစ၍ ယန်ကျန်းချင်သည် နတ်ဘုရားတာအိုနှင့် ထာဝရငြိတွယ်နေလိမ့်မည်။
ထိုရွေးချယ်မှုသည် ကပ်ဘေးလား ကောင်းချီလား မသိနိုင်ပေ။
“ညီအစ်ကိုယန်၊ ကျေးဇူးပြုပြီး ဘွဲ့ထူးချီးမြှင့်ပေးပါ ....”
အာကာသထဲတွင် ချင်စုယန်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။ သူက လက်တစ်ဖက်တွင် ခန္ဓာကိုယ်တစ်ခုကို သယ်ထားပြီး တခြားလက်တစ်ဖက်တွင် ခမ်းနားသောနတ်စွမ်းအားကို သယ်ထားသည်။
သူက နတ်ဘုရင်၏ နတ်စွမ်းအားကို ထုတ်ယူလာခဲ့သည်။
ချင်စုယန်က နတ်စွမ်းအားကို ချေမွပစ်လိုက်ပြီး မင်ရည်အဖြစ် ပြောင်းသည်။ ယန်ကျန်းချင်က စုတ်တံကို ညင်သာစွာမြှောက်လိုက်ပြီး မင်ရည်ထဲတွင် နှစ်သည်။ သူက စုတ်တံကိုမြှောက်လိုက်ပြီး စာရေးသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဖီးနစ်အော်သံ ၁၃နှစ်မြောက်မှာ မဟာကျင့်ကြံသူ ဟယ်ရှောက်ရှန့်က နယ်မြေအခုသုံးဆယ်အကွာမှာ မိစ္ဆာတွေနဲ့တိုက်ခိုက်ပြီး သေဆုံးသွားခဲ့တယ်။ ဒီနေ့မှာ သူ့ရဲ့အကြွင်းအကျန်ဝိညာဉ်ကို နတ်ဘုရားဘွဲ့ထူးချီးမြှင့်မယ်။ သူက နယ်မြေတစ်ခုကိုထိန်းချုပ်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ တရားဝင်နတ်တစ်ပါး ဖြစ်လာရမယ်”
စာရေးလိုက်သောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ဦး ပေါ်လာသည်။
ထိုလူအိုကြီးက အစပိုင်းတွင် စိတ်ရှုပ်ထွေးနေသည်။ ထို့နောက် သူက ဝမ်မော့ရှန်ကို ဦးညွှတ်လိုက်ပြီး နတ်ဘုရားအမည်စာရင်းဆီသို့ လွင့်မျောသွားသည်။
“ဘုန်း”
ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးကြားတွင် မရေမတွက်နိုင်လောက်သောမိုးကြိုးပုံရိပ်များ စုစည်းလာသည်။
မရေမတွက်နိုင်လောက်သော နတ်ဘုရားအလင်းများက နတ်ဘုရားအမည်စာရင်းတွင် စုစည်းနေကြသည်။ မှိန်ဖျော့သောပုံရိပ်သည် ရွှေရောင်ဝတ်စုံနှင့် ခမ်းနားသောလူအိုကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရားအမည်စာရင်းပေါ်တွင် မတ်တပ်ရပ်နေသည်။
အောက်တွင် ဟန်မူယဲ့က အံ့အားသင့်စွာ ကြည့်မိသည်။
ကံကြမ္မာ ....
ပြန်လည်မွေးဖွားခြင်း ....
သူက ဓားဆန္ဒနှင့် ဝိညာဉ်စွမ်းအားကို အသုံးပြုပြီးသောအခါတွင် နတ်ဘုရားအမည်စာရင်းမှ အဆုံးမရှိသောစွမ်းအားများကို ခံစားမိသည်။ ထိုစွမ်းအားများက သူ့ကို ပျော်ရွှင်သွားစေသည်။
ထိုအရာသည် ကံကြမ္မာစွမ်းအားများ၏ ပေါင်းစပ်ခြင်းဖြစ်သည်။ သို့သော် ပြန်လည်မွေးဖွားခြင်း၊ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းစွမ်းအားများလည်း ရှိနေသည်။