← Chapters

သင်္ချာ၏ ညှို့ဓာတ်

Vol. 50 Ch. 670

သင်္ချာ၏ ညှို့ဓာတ်

Vol. 50 Ch. 670

ရွာတွင် ပေါ့ပြက်ပြက် အလုပ်တတ်ဆုံးသူမှာ မျက်ကန်းဖြစ်ပြီး သူ၏ကဗျာစွမ်းရည်ကို မကြာခဏ ထုတ်ကြွားတတ်၏။ သို့သော် သားသတ်သမား စိတ်ရူးမဖောက်တော့ဘဲ ယခင်လို ပြန်ဖြစ်သွားပြီး ကြွားဝါသည့်အခါ မျက်ကန်းမှာ နောက်ရောက်သွားတော့သည်။

စည်းလုံးညီညွတ်ခြင်းသည် မကျိုးပေါက်နိုင်သော ခံတပ်ဖြစ်၏။ ကမ္ဘာနှစ်ခု ဝင်တိုက်မှုကြောင့် ဖရိုဖရဲ ဖြစ်နေသော်လည်း သားသတ်သမားနှင့် ချင်မူ၏ ရဲရင့်သော သီချင်းသံများကို ကြားလျှင် ကောင်းကင်နတ်သိုင်းပညာရှင်များ စိတ်အားတရှိန်းရှိန်း တက်ကြွလာကြသည်။ သူတို့ပတ်ပတ်လည်ရှိ ကောင်းကင်နတ်သိုင်းများမှာ မပျက်စီးနိုင်သည့် နတ်ဘုရားမြို့တစ်မြို့ပမာ ဖြစ်လာ၏။

ပထမလူသားဧကရာဇ်၏ ကောင်းကင်နှင့်မြေပြင်မုဒြာက ကောင်းကင်အသွင် ဖွဲ့၍ နတ်ဘုရားမြေပြင်နှင့်အတူ တံတိုင်းလေးဖက် တည်‌ဆောက်ထားသည်။ နတ်ဘုရားတို့က တံတိုင်းများကို ထောက်ကန်ပေးထားသော စစ်သူကြီးများ ဖြစ်ကာ ချင်မူနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များသည် တံတိုင်းများအပေါ်၌ ရပ်လျက် ရန်သူ၏ကျူးကျော်မှုကို ခုခံနေသော စစ်သည်တော်များ ဖြစ်ကြ၏။

သူတို့၏ချီနှင့်သွေး၊ ကောင်းကင်နတ်သိုင်းတို့က တစ်ခုနှင့်တစ်ခု ချိတ်ဆက်ရင်း ကြောက်မက်ဖွယ်ရာ စွမ်းအားကို ဟန့်တားနေကြသည်။

အားလုံး တုနှိုင်းမဲ့ ‌ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသည့် ဖိအားကို ခံစားရသည်။ တချို့ဆိုလျှင် သွေးကြောများပင် ပေါက်ကွဲကုန်၏။ စီးကျလာနေသော သွေးများကြောင့် တစ်ကိုယ်လုံး သွေးတို့ရွှဲရွှဲစိုနေကြသည်။ တချို့မှာ အရွတ်များ စုတ်ပြဲပြီး အရေပြားတို့ ကွဲအက်ကုန်သည်။ တချို့ကမူ အရိုးကျိုးကုန်၏။ သို့သော် မည်သူမှ နောက်မဆုတ်၊ လက်နှစ်ဖက်လုံး ကျိုးကြေသွားသည့်အချိန်တွင်ပင် နောက်မဆုတ်။ သူတို့တွင် မူလဝိညာဉ် ရှိနေသေး၍ ‌ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်နိုင်သေးသည် မဟုတ်ပါ၏လော။

နောက်ဆုံးတော့ အပြင်းထန်ဆုံး ပထမအားလှိုင်း ပြီးဆုံးသွားသည်။

ပထမလူသားဧကရာဇ်၏ ခြေထောက်များမှာ ရုတ်တရက် ပျော့ခွေသွားပြီး သူ မေ့လဲသွားသည်။ လက်များစွာက သူ့ကို လှမ်းဖမ်းပြီး မြေကြီးပေါ် ပြုတ်ကျသွားခွင့်မပေးပေ။ သူတို့က သူ့ကို ညင်ညင်သာသာ ချပေးလိုက်ကြသည်။

ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများစွာ ရှိသော်လည်း ပထမလူသားဧကရာဇ်သည် သူတို့၏ဘေးကင်းလုံခြုံမှုအတွက် ဖိအားဒဏ် ကိုးဆယ်ရာခိုင်နှုန်းကျော် တောင့်ခံခဲ့ရ၏။ သူက နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်သောကြောင့် ကျန်နတ်ဘုရားများထက် များစွာသာလွန်ချေသည်။ အားလုံး၏စွမ်းအားများကို ပေါင်းလိုက်လျှင်ပင် သူ့အောက် နိမ့်ကျနေလိမ့်မည်။

ချင်မူနှင့် ဆေးဆရာက သူ၏ဒဏ်ရာများကိ အလျင်အမြန် စစ်ဆေးကာ ကုသပေးနေသည်။ ကျန်နတ်ဘုရားများက သူတို့ကို ဝိုင်းထားပြီး နောက်ဆက်တွဲလှိုင်းများကို ဆက်လက်ဟန့်တားနေ၏။

ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ချော်ရည်ပူများ ခြုံလွှမ်းနေသော ငရဲပမာ ဖြစ်နေသည်။ ချော်ရည်တို့က အနက်ရောင်ပြာမှုန်များ၊ တောင်အရွယ် မီးကျောက်ခဲကြီးများနှင့်အတူ တဖွဲဖွဲ ရွာကျနေသည်။

လေပူများသည်လည်း အသံထက် အဆတစ်ရာ ပိုမြန်သော အရှိန်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသဖြင့် ‌ချော်ရည်များမှာ လှိုင်းလုံးကြီးများအဖြစ် ရိုက်ခတ်နေတော့သည်။

မြေငလျင်တို့ကြောင့် ပင်လယ်ရေအောက် မီးတောင်တို့ ပေါက်ကွဲကုန်သည်။ မိုင်ပေါင်းထောင်ချီ မြင့်မားသော မီးတိုင်လုံးကြီးများက ကောင်းကင်ယံသို့ ထိုးတက်လာကြ၏။

ကောင်းကင် ပျက်စီးနေသည်မှာ ကြာပြီဖြစ်ပြီး ဟင်းလင်းပြင်အပိုင်းအစများတွင် အထူအပါးမရှိတော့ပေ။ ၎င်းတို့က ထူးဆန်းသောအလင်းရောင်များဖြင့် ကောင်းကင်ယံတွင် ပျံသန်းစီးဆင်းနေကြသည်။ အလင်းတန်းတို့ ဖြတ်သွားလျှင် မည်သည့်အရာမဆို ပြန်တောက်ကျန်ခဲ့သည်။

ရှူ၍ရသည့် လေပမာဏသည် လျော့နည်းလာသည့်အပြင် အဆုတ်ကို အန္တရာယ်ပြုနိုင်သော အဆိပ်ငွေ့တို့ ပြည့်နှက်လာ၏။ သူတို့ အသက်အောင့်ထားလျှင်ပင် အဆိပ်မှာ အရေပြားမှတစ်ဆင့် စိမ့်ဝင်လာနိုင်သေးသည်။

ရှင်းအန်း သေတ္တာကို ဖွင့်၍ အစေ့လက်တစ်ဆုပ် ထုတ်လိုက်သည်။ အစေ့များကို ညင်သာစွာ မှုတ်ထုတ်လိုက်သည့်အခါ သူတို့၏ပတ်ပတ်လည်တွင် သစ်ပင်များ၊ မြက်များ ပေါက်လာ၏။

သူတို့ကို ကာကွယ်ပေးထားသော မြေပြင်မှာ ခြောက်မိုင်၊ ခုနစ်မိုင်မျှ ကျယ်ဝန်းသည်။ ထိုင်ဧကရာဇ်ကောင်းကင်ဘုံတွင် ချော်ရည်မဖြစ်သွားသေးသော နေရာဆို၍ ဤမြေပြင်သာ ရှိ၏။ ထို့ကြောင့်လည်း ရှင်းအန်း ဖန်းဆင်းပညာဖြင့် သစ်ပင်၊ မြက်များ စိုက်ပျိုးကာ လေကို သန့်စင်နိုင်ခြင်းဖြစ်သည်။

တထာဂတမာက လက်ဝါးနှစ်ဖက်ကို အသာအယာ တွန်းထုတ်လိုက်သည့်အခါ မြေပြင်က မြောက်တက်လာသည်။ သစ်ပင်၊ မြက်ပင်များသည် သူ၏ဦးခေါင်းနောက်ရှိ ကောင်းကင်ဘုံအဆင့်နှစ်ဆယ်ပုံရိပ်ထဲသို့ ဝင်ရောက်ကာ ဆင်းသက်လိုက်ကြ၏။ ထို့နောက် ဗုဒ္ဓရောင်ခြည်တော်များမှ အားဖြည့်ပေးသည်။

သန့်ရှင်းသော လေ စတင်ပျံ့နှံ့လာသည်နှင့် အားလုံး အငမ်းမရ ရှူသွင်းလိုက်ရသည်။

“ငါတို့ ဒီတိုင်း ဆက်နေလို့မရဘူး”

တထာဂတမာနှင့် ရဟန်းများက ရောင်ခြည်တော်အလင်းများဖြင့် အကာအကွယ်တစ်ခု ဖွဲ့တည်ကာ အားလုံးကို ကာကွယ်ပေးထား၏။ “ဖန်ဆင်းပညာ သုံးရင်တောင်မှ ဒီမှာ ကြာကြာခံနိုင်မှာမဟုတ်ဘူး... အနှေးနဲ့အမြန် မှောင်လာလိမ့်မယ်... အလင်းလည်းမရှိ၊ ဝိညာဉ်စွမ်းအင်လည်း မရှိရင် ငါတို့သိုင်းအဆင့်တွေ အချိန်ကြာလာတာနဲ့အမျှ ယုတ်လျော့လာမယ်.... တဖြည်းဖြည်း အရိုးစုဘဝနဲ့ ဒီမှာ နိဂုံးချုပ်ရလိမ့်မယ်”

ရှင်းအန်းက သေတ္တာကို ပိတ်၍ ပြောသည်။ “ဂိုဏ်းသခင်ချင်၊ မင်းမှာ စွမ်းအင်အကူးအပြောင်းတံတား နောက်တစ်စင်း ဖန်ဆင်းနိုင်တဲ့ နည်းလမ်း ရှိပါတယ် ဟုတ်တယ်မလား”

ချင်မူနှင့် ဆေးဆရာက ပထမလူသားဧကရာဇ်၏ ဒဏ်ရာများကို အတူတူ ချုပ်နေကြသည်။ “ရှိရင်တောင် မဖြစ်နိုင်ဘူး.... ငါ့မှာ ပစ္စည်းလုံလုံလောက်လောက် ရှိပေမယ့် မဟာမြို့ပျက်ထဲက ယဇ်ပလ္လင်လည်း ဒီကယဇ်ပလ္လင်နဲ့အတူ ပျက်စီးသွားပြီ... ဝိညာဉ်စွမ်းအင်က ပလ္လင်နှစ်ခုလုံးကို တစ်ပြိုင်တည်း ဖျက်စီးပစ်လိုက်တာ... မဟာမြို့ပျက်ထဲမှာ ပလ္လင်မရှိဘဲ ငါ တံတားနောက်တစ်စင်း ဆောက်လို့မရဘူး”

ရှင်းအန်း မျက်မှောင်ကြုတ်၍ ပျက်စီးနေသော ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူက ခေါင်းယမ်းကာ ပြော၏။ “နတ်ဘုရားတွေအနေနဲ့ အသက်ရှင်နိုင်ကောင်း အသက်ရှင်နိုင်လိမ့်မယ်... ဒါပေမဲ့ သူတို့လည်း တဖြည်းဖြည်း အားနည်းလာမှာပဲ... ကောင်းကင်နတ်သိုင်းပညာရှင်တွေကတော့ ကြာကြာရှင်မှာမဟုတ်ဘူး... သူတို့က ဝန်ပိုတွေ ဖြစ်နေမှတော့ ဒီတိုင်းပဲ ထားခဲ့ကြရအောင်”

ပတ်ဝန်းကျင်တွင် ကောင်းကင်နတ်သိုင်းပညာရှင် ထောင်သောင်းချီရှိ၍ သူ့စကားကြားလျှင် အားလုံး ရင်ထဲ အေးစိမ့်သွားကြသည်။

ချင်မူက ခါးမတ်လိုက်သည်။ သူ့အကြည့်က ရှင်းအန်းအပေါ် ကျရောက်သွား၏။ “ငါ ထိုက်မင်ကောင်းကင်ဘုံဆီ ရောက်ဖူးတယ်.... ထိုက်မင်ကောင်းကင်ဘုံက ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ အပေါ်မှာ ရှိတာ... အဲဒီမှာ မဟာမြို့ပျက်ကို သွားလို့ရတဲ့ လမ်းတစ်လမ်း ရှိတယ်... ထိုက်မင်ကောင်းကင်ဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကလည်း ဆက်နေတာဆိုတော့ ငါတို့ ဒီကနေ အဲဒီကို သွားနိုင်မယ်... ပြီးမှ မဟာမြို့ပျက်ဆီ ဆက်မယ်... ဘယ်သူမှ သေစရာမလိုဘူး”

ရှင်းအန်းက ပြောသည်။ “ဒါပေမဲ့ ဒီလူတွေကို ခေါ်နေရင် ခရီးဖင့်တာပေါ့... ဒါ့အပြင် ငါတို့နတ်ဘုရားတွေကလည်း သူတို့ကို ကာကွယ်ပေးနေရဦးမယ်... ဒီလိုပျက်စီးနေတဲ့ ကမ္ဘာကြီးမှာ ဒီကောင်းကင်နတ်သိုင်းပညာရှင်တွေကို ကာကွယ်ပေးနေရရင် ငါတို့စွမ်းအားတွေ ကုန်တာ မြန်မယ်... ငါတော့ ဝန်ပေါ့ပေါ့နဲ့သွားဖို့ အကြံပြုတယ်”

သူ့အကြည့်သည် အားလုံးကို ဝေ့ဝဲကြည့်ကာ ပြော၏။ “အရင်ဆုံး တစ်သုတ်လောက် သတ်ပြီး အသားခြောက်လုပ်သင့်တယ် ထင်တာပဲ... ဒါမှ ဆာရင် စားလို့ရမှာ”

အားလုံး ခေါင်းမွှေးများ ထောင်ကုန်ကြပြီး သူ့ကို မကြည့်ရဲတော့ပေ။

ချင်မူက အပြုံးမဟုတ်သော အပြုံးဖြင့် ပြောသည်။ “ရှင်းအန်း၊ ငါ့မျက်လုံးထဲမှာ မင်းလည်း ဝန်ပိုပဲ... ဝန်ပိုမဖြစ်ချင်ရင် သာမန်လူတစ်ယောက်လို တွေး... မင်းရဲ့အကူအညီ လိုနေရင် ကူညီပေးလိုက်... မင့်အလုပ် မင်းလုပ်... မင်းက ငါတို့ရဲ့ခေါင်းဆောင်မဟုတ်ဘူး... ဒီတော့ ‌ခေါင်းဆောင်လို လာပြောမနေနဲ့”

ရှင်းအန်း မျက်မှောင်ကြုတ်သွား၏။

ရွာလူကြီးက ချောင်းဟန့်ကာ တည်ငြိမ်စွာ ပြောသည်။ “ရှင်းအန်း၊ မင့်သေတ္တာထဲမှာ အသားခြောက်တွေ ရှိပါတယ် ဟုတ်တယ်မလား”

မျက်ကန်းသည် လုံထော်ကို ပွတ်သပ်ပေးနေပြီး နဂါးနက်မှာ ကြောင်‌လေးသဖွယ် ငြိမ်သက်နေ၏။ ၎င်းက သူ၏လက်ကြမ်းကြမ်းများအောက်၌ လူးလွန့်နေသဖြင့် တဂျောက်ဂျောက်မြည်သံများ ထွက်နေသည်။ လုံထော်မှာ အတော်လေး သက်တောင့်သက်သာ ရှိနေသည်။ မျက်ကန်းက အပြုံးတစ်ခုဖြင့် ဝင်ပြောသည်။ “နောင်‌ကြီးရှင်းအန်းကိုပဲ အသားခြောက်ပြောင်းပြီး ဗိုက်ဖြည့်ရင်ကောင်းမလား”

ဤတစ်ကြိမ်တွင် ထော့ကျိုးကလည်း သတ္တိအပြည့်ဖြင့် ညစ်ကျယ်ကျယ် ရယ်သည်။ “သူ့ခြေထောက်နှစ်ချောင်း အရင်ဖြတ်ရအောင်”

ရှင်းအန်းက အေးဆေးစွာ ပြောလိုက်၏။ “ဓားနတ်ဘုရားအိုကြီး၊ မင်းက အခု ခြေလက်တောင် ရှိလို့လား.. မင်း ငါ့ကို မယှဉ်နိုင်ပါဘူး... ဒီတာအိုနောင်တော် ပန်ယု ပါရင်တောင်မှ မင်းတို့အားလုံး ငါ့ဆီ တစ်ပြိုင်တည်း လာလို့ရတယ်... ငါ မကြောက်ဘူး”

ဆေးဆရာ လှမ်းမေးလိုက်၏။ “မင်း ဘာပြောနေတာလဲ... ထပ်ပြောပါဦး”

ရှင်းအန်း၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး တခဏကြာသော် ပျင်းရိပျင်းတွဲ ပြောသည်။ “အေးကွာ လုပ်စရာရှိတာ လုပ်တာပေါ့”

ချင်မူက ပထမလူသားဧကရာဇ်ကို ကြည့်လိုက်သည်။ သူ့ဒဏ်ရာများမှာ အလွန်ပြင်းထန်၏။ မနိုးနိုင်သေးသည့်အပြင် သူ့ခန္ဓာကိုယ်ကလည်း လေးလံချေရာ အစစ်အမှန်နတ်ဘုရားပန်ယု သယ်ပေးရလိမ့်မည်။

ကောင်းကင်နတ်သိုင်းပညာရှင်များအနေဖြင့် ချော်ရည်ပင်လယ်ထက်၌ ခရီးနှင်နိုင်သည်။ ချော်ရည်ကို နင်းရန်မှာ မခက်ခဲပေ။ နတ်ဘုရားများ လုပ်ပေးရမည်မှာ ကြောက်မက်ဖွယ် လေဆင်နှာမောင်းများနှင့် ချော်ရည်လှိုင်းများကို ခုခံပေးရန် ဖြစ်သည်။

အသံထက် အဆတစ်ရာမြန်သော လေပြင်းတစ်ချက်က မည်သည့်ကောင်းကင်နတ်သိုင်းပညာရှင်ကိုမဆို အလွယ်တကူ တိုက်ထုတ်ပစ်နိုင်၏။ အဆိပ်ငွေ့များနှင့်တောင်အရွယ် ကျောက်ခဲများကလည်း သူတို့ကို ဒဏ်ရာအပြင်းအထန် ရစေနိုင်သလို၊ သတ်ပစ်နိုင်သည်။

ထို့ကြောင့် နတ်ဘုရားများအနေဖြင့် အပြင်မှ ကာကွယ်ပေးရလိမ့်မည်။

“ရေအောက် မီးတောင်တွေက ခဏခဏ ပေါက်ကွဲတတ်တယ်...”

ချင်မူ တစ်ယောက်တည်း ရေရွတ်နေသည်။ ချော်ရည်ပင်လယ်အောက်၌ မီးပင်လယ်များ ပြည့်နေပြီး မီးတောင်ပေါက်ကွဲမှုများက နတ်ဘုရားတစ်ပါးဆီမှ သိုင်းကွက်တစ်ကွက်နှင့် ညီမျှသည်။ ထိုကြောက်မက်ဖွယ် မီးတန်းများသာ ကောင်းကင်နတ်သိုင်းပညာရှင်များကို ထိသွားလျှင်.... သူ တွေးပင် မတွေးဝံ့။

“ဓားနတ်ဘုရားနဲ့ ငါ မီးတောင်တွေကို ခုခံပေးမယ်”

ရှင်းအန်းက ထပြောသည်။ “သူ့ဓားသိုင်းနဲ့ ငါ့ကောင်းကင်နတ်သိုင်းတွေနဲ့ဆို မီးတောင်တွေကို ဖိနှိပ်နိုင်တယ်”

ချင်မူ ခေါင်းညိတ်၍ အားလုံးကို တာဝန်ကိုယ်စီ ပေးလိုက်သည်။ သူက အလေးအနက် ပြောလိုက်၏။ “မိတ်ဆွေတို့၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံဟာ ပျက်စီးနေပါပြီ... အမိမြေနဲ့ မခွဲနိုင်တာ သိပေမယ့် အသက်ရှင်ဖို့က ပိုအရေးကြီးပါတယ်... နောင်တစ်ချိန် ကျုပ်တို့ ဒီပြန်လာပြီး ကပ်ဘေးတွေကို ဖယ်ရှားနိုင်ပါတယ်... ဒါပေမဲ့ အခုတော့ ထွက်သွားမှ ဖြစ်မယ်”

စန်းဟွာက ဒူးထောက်၍ မြေပြင်ကို နမ်းရှုံ့ရင်း မျက်နှာဖြင့် မြေသားအား အသာအယာ ပွတ်သပ်လိုက်သည်။ ကျန်ကောင်းကင်နတ်သိုင်းပညာရှင်များလည်း မြေပြင်အား ဒူးထောက်နမ်းရှုံ့ကာ ပွေ့ဖက်နေကြ၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။ အေးချမ်းသာယာနေသော အချိန်တွင် မိမိတိုင်းပြည်နှင့် အမိမြေအပေါ် ချစ်မြတ်နိုးစိတ်သည် ပေါ်ထွက်မလာတတ်ပေ။ ကပ်ဘေးနှင့် ကြုံကြသည့်အခါမှ ထွက်လာ၏။

တခဏကြာသော် အားလုံး ထရပ်လိုက်ကြသည်။ နတ်ဘုရားများက သူတို့ကို ဝိုင်းလိုက်ကြပြီး မှော်စွမ်းအင်များဖြင့် သဘာဝကပ်ဘေးများအား အေးခဲလိုက်ကြ၏။ ကျန်နတ်ဘုရားများက ငြိမ်သက်သွားသည့် ချော်ရည်ပင်လယ်ပေါ် နင်း၍ ရှေ့မှ ဦးဆောင်နေကြသည်။

ချော်ရည်ပင်လယ်မှာ ခြစ်ခြစ်တောက် ပူပြင်းသည့်အပြင် လေကလည်း ကြောက်စရာကောင်းလောက်အောင် ပူသည်။ တထာဂတမာ၏ ဗုဒ္ဓရောင်ခြည်တော်များဖြင့်ပင် လေအေးအောင်  မလုပ်နိုင်ပေ။

“မွှေးညင်းပေါက် အားလုံး ပိတ်ထား... ခန္ဓာကိုယ်ထဲက ရေဓာတ် မခမ်းစေနဲ့”

ချင်မူက အော်လိုက်သည်။ “ကောင်းကင်နတ်သိုင်းနဲ့ ပျံနေကြတဲ့လူတွေ မပျံကြနဲ့... ချီစွမ်းအင် ချွေတာကြ.... ဒီခရီးက ရှည်မှာ... သိုင်းအဆင့်မြင့်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေက အဆင့်နိမ့်တဲ့ ကိုယ့်ညီလေးတွေ၊ ညီမလေးတွေကို ကာကွယ်ပေးကြ”

သူက ရှေ့လျှောက်သွားပြီး ထော့ကျိုးက သံလိုက်အိမ်မြှောင်တစ်ခု ထုတ်သည်။ သံလိုက်အိမ်မြှောင်မှာ အလွန်ရှေးကျပြီး မျက်နှာပြင်ထက်၌ ထောင့်များစွာ ပါ၏။ ထော့ကျိုး တစ်နေရာရာမှ ခိုးလာသော ရတနာတစ်ခု ဖြစ်လိမ့်မည်။ အလယ်ရှိ ညွှန်တံမှာ လည်နေပြီး အရပ်မျက်နှာ မခွဲပေးနိုင်ပေ။

ထော့ကျိုး သက်ပြင်းချကာ သံလိုက်အိမ်မြှောင်ကို သိမ်းလိုက်သည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ချော်ရည်များ ပြည့်နေ၏။ အရပ်မျက်နှာ ခွဲပေးနိုင်သည့်အရာဆို၍ ထိုက်ဧကရာဇ်ကောင်းကင်ဘုံထဲ စိုက်ဝင်နေသော လော့ဖူကောင်းကင်ဘုံသာ ရှိသည်။

တာအိုသခင်လင်းရွှမ်နှင့် တာအိုရသေ့များက ကြယ်များကို အသုံးချကာ အရပ်မျက်နှာခွဲခြားရန် ကြိုးစားနေ၏။ ထိုစဉ် တာအိုရသေ့ချာက ပြောသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ကြယ်မှ မရှိတာလေ... ဘယ်လိုအရပ်မျက်နှာ ခွဲမှာလဲ”

တာအိုသခင်လင်းရွှမ်နှင့် ကျန်တာအိုရသေ့များ အံ့အားသင့်ပြီး စိတ်ပျက်သွားကြသည်။

အခြားသူများလည်း အရပ်မျက်နှာခွဲခြားချင်သော်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ကြယ်မရှိပေ။ ထို့အပြင် ကမ္ဘာနှစ်ကမ္ဘာ ဝင်တိုက်သွားခြင်းက သံလိုက်စက်ကွင်းကိုလည်း ကမောက်ကမ ဖြစ်စေခဲ့သည်။

နဂါးချီလင်၊ သမင်ကြီးနှင့် ကျန်ဆန်းကြယ်သားရဲများလည်း သံလိုက်စက်ကွင်းကို အားကိုး၍ တည်နေရာ ရှာရန် ကြိုးစားကြ၏။ သို့သော် ဤသံလိုက်စက်ကွင်းများကြောင့် သူတို့ မူးဝေလာကြသည်။

“အားလုံး အရပ်မျက်နှာကို စိုးရိမ်စရာမလိုဘူး”

ချင်မူ ဗုဒ္ဓစွမ်းအင်သတ္ထုနီများနှင့် ဗုဒ္ဓမိခင်သစ်ပင်မှ သစ်သားတချို့ ထုတ်လိုက်သည်။ သူက တထာဂတမာကို အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ဘိုးဘိုးမာ၊ ကျွန်တော် ကမ္ဘာပေါ်မှာ လက်ရာအကောင်းဆုံး လက်သမား လိုတယ်”

တထာဂတမာ ပြုံးကာ ပြောလိုက်သည်။ “ငါပဲပေါ့”

ချင်မူက ရွှေအဆီသို့ ကြည့်ကာ ပြုံးပြလိုက်၏။ “ဘိုးဘိုးရွှေအ၊ အထူးချွန်ဆုံး ပန်းပဲဆရာကိုလည်း ကျွန်တော် လိုတယ်”

ရွှေအက ပြုံးပြပြီး သူ့ပါးစပ်မှ တစ်ပိုင်းပြတ်နေသော လျှာထွက်လာသည်။ “အ”

ချင်မူ စာရွက်နှင့် စုတ်တံ ထုတ်ကာ အလျင်အမြန် တွက်ချက်သည်။ များစွာမကြာလိုက်ဘဲ ရထားလုံးတစ်စီး၏ ပုံကြမ်းကို ရေးဆွဲပြီး တထာဂတမာနှင့် ရွှေအဆီ ပေးလိုက်၏။ “ဒီ သံလိုက်အိမ်မြှောင် ရထားလုံးကို သွန်းလုပ်ဖို့ ရှားနကိန်းအထိ တိကျဖို့လိုတယ်... အဲဒါမှ မိုင်ပေါင်းထောင်ချီ ခရီးနှင်နိုင်မှာ”

တထာဂတမာနှင့် ရွှေအက ပုံကြမ်းများကို အလေးအနက် ကြည့်လိုက်ကြပြီး တခဏကြာသည့်အခါ တထာဂတမာက ပြောသည်။ “ငါတို့ ကြိုးစားကြည့်လို့ရတယ်”

နှစ်ယောက်သား အလုပ်စလုပ်ကြသည်။ သူတို့က အစိတ်အပိုင်းတိုင်းကို လက်ရာမြောက်စွာ သွန်းလုပ်ကြပြီး အချိန်တချို့ကြာသော် သံလိုက်အိမ်မြှောင် ရထားလုံးအား တည်ဆောက်ပြီးစီး၏။ ရထားလုံးအပေါ်တွင် လက်မြှောက်၍ အရှေ့သို့ ညွှန်နေသော ဗုဒ္ဓစွမ်းအင်သတ္ထုသား ရွှေရောင်လူတစ်ယောက် ရှိသည်။ ရွှေရောင်လူ၏ ခေါင်းပေါ်တွင် သစ်သားချောင်းများ ကိုယ်စီကိုင်ထားသည့် လူအသေးလေးသုံးယောက် မြင်ရ၏။ သူတို့၏အလယ်၌မူ ဗုံတစ်လုံး ရှိနေသည်။

ချင်မူက လော့ဖူကောင်းကင်ဘုံကို ကြည့်၍ အရင်ဆုံး အရပ်မျက်နှာဆုံးဖြတ်သည်။ ထို့နောက် ရွှေရောင်လူ၏ လက်များကို ချိန်ညှိပြီးသော် နဂါးချီလင်ကို ရထားလုံးဆွဲရန် လှမ်းခေါ်လိုက်၏။ နဂါးချီလင် ရထားလုံးကို မည်သည့်နေရာကို ဆွဲစေကာမူ ရွှေရောင်လူ၏ လက်က အရပ်မျက်နှာတစ်ခုတည်းကိုသာ ညွှန်နေကြောင်း တွေ့ရပေသည်။

“တာအိုသခင်၊ ဂိုဏ်းသခင်ချင်ရဲ့ သံလိုက်အိမ်မြှောက် ရထားလုံးကို ကျွန်တော် နားလည်ပြီ... သူက စက်သွားတွေနဲ့ ဘီးရဲ့ လည်ပတ်မှုကို အခြေခံပြီး ရွှေရောင်လူကို တစ်မျက်နှာတည်း ညွှန်နေအောင် လုပ်ထားတာပဲ”

တာအိုရသေ့ငယ်တစ်ယောက်က တာအိုသခင်လင်းရွှမ်ကို မေးနေသည်။ “ဒါပေမဲ့ ရွှေရောင်လူရဲ့ ခေါင်းပေါ်က လူသုံးယောက်နဲ့ ဗုံက ဘာအတွက်လဲ”

ကောင်းကင်နတ်သိုင်းပညာရှင်များလည်း နားစွင့်နေကြသည်။ သူတို့ သင်္ချာလေ့လာခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်သည့်အပြင် တာအိုဂိုဏ်း၏ တာအိုရသေ့များဆီမှ သင်ခဲ့ရခြင်းဖြစ်၏။ ထို့ကြောင့် ချင်မူ၏ သံလိုက်အိမ်မြှောင် ရထားလုံးနှင့်ပတ်သက်ပြီး အလွန်သိချင်နေကြသည်။

တာအိုသခင်လင်းရွှမ်က ပြောသည်။ “အဲဒီလူသေးသေးလေးသုံးယောက်က မိုင်အကွာအဝေးကို တိုင်းတာဖို့ သုံးတာပဲ... မိုင်တစ်ရာတိုင်း လူအသေးလေးတွေက ဗုံတစ်ကြိမ် တီးလိမ့်မယ်... ဗုံမြည်တဲ့အရေအတွက်ကို မှတ်ထားရင် ငါတို့ မိုင်ဘယ်လောက် သွားပြီးပြီလဲ သိနိုင်လိမ့်မယ်”

အားလုံး အံ့ဩသွားကြသည်။ “ဘာလို့ မိုင်အကွာအဝေးကို တိုင်းတာဖို့ လိုတာလဲ”

တာအိုသခင်လင်းရွှမ် ရှင်းပြလိုက်၏။ “ဂိုဏ်းသခင်ချင်က ကောင်းကင်ပန်းပဲဆရာနဲ့ တထာဂတကို ရှားနကိန်းအထိ တိကျစေချင်ခဲ့ပေမယ့် နည်းနည်းသွေဖီနေတာလေး ရှိနေဦးမှာပဲ... ရထားလုံး မိုင်တစ်သောင်း သွားပြီးရင် ရွှေရောင်လူရဲ့ လက်ချောင်းက မဆိုစလောက် ရွေ့သွားလိမ့်မယ်... ငါ ထင်တာတော့ အဲဒီအချိန်ကျရင် ဂိုဏ်းသခင်ချင်က ရွှေရောင်လူရဲ့လက် ညွှန်ရာကို စစ်ကိန်းတစ်လုံးစာ ပြန်ညှိလိမ့်မယ်”

အားလုံး အံ့အားသင့်ကုန်ကြပြီး ယွီဟယ်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ “အဲဒီလောက် တိကျစရာလိုတယ်လား”

“လိုတာပေါ့”

တာအိုသခင်လင်းရွှမ်၏ အမူအရာက နွေးထွေးနေသည်။ “မိုင်တစ်သောင်းတိုင်း စစ်ကိန်းတစ်လုံးစာ ကွာသွားရင် မိုင်တစ်သိန်းရောက်တိုင်း ဟောက်ကိန်းတစ်လုံးစာ ကွာသွားလိမ့်မယ်... ဒါဆို ငါတို့ သွားရမယ့် နေရာနဲ့ မိုင်တစ်ရာလောက် ကွာသွားနိုင်တယ်... မိုင်တစ်ရာဆိုတဲ့ ပမာဏက မနည်းဘူးလေ... ဂိုဏ်းသခင်ချင်က ဘယ်အရာကိုမဆို အမှားမခံဘူး ပြည့်စုံနေမှ ကြိုက်တယ် ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နေတွေကို မကြည့်နိုင်တုန်းကလည်း ရိုက်ခွဲပြီး ဧကရာဇ်အတိုင်ပင်ခံကို အသစ်ပြန်လုပ်ခိုင်းတယ်လေ... အဲဒါနဲ့တင် သူ့အကျင့်ကို မြင်နိုင်ပါတယ်”

‘သူ ငါတို့နေကို တမင်တကာ ရိုက်ခွဲပစ်ခဲ့တာကိုး’ ပထမလူသားဧကရာဇ်ကို ကျောပိုးထားသော အစစ်အမှန်နတ်ဘုရားပန်ယု တွေးလိုက်မိသည်။

သူတို့ မိုင်တစ်ရာခန့် လျှောက်ပြီးသည့်အခါ ရွှေရောင်လူ၏ ဦးခေါင်းပေါ်ရှိ လူသေးသေးလေးက ဗုံတီးလိုက်သည်။

အားလုံး အော်လိုက်ကြ၏။ “အမှန်ပဲဟ”

တာအိုသခင်လင်းရွှမ်က အပြုံးတစ်ခုဖြင့် ပြောသည်။ “ဒါက သင်္ချာရဲ့ ညှို့ဓာတ်ပဲ... အသုံးမတည့်ဘူးထင်ရပေမယ့် နေရာတိုင်းမှာ သင်္ချာသဘောတရားတွေ ကိန်းဝပ်နေတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကျောင်းတွေမှာ သင်ပေးတာထက် သင်္ချာကို ပိုနက်နက်နဲနဲ နားလည်ချင်ရင်တော့ ငါ့တာအိုဂိုဏ်းဆီ လာလို့ရတယ်နော်”

ကိုယ်တော်ကြီးကျင့်မင် သူ့ကို တစ်ချက်ကြည့်ကာ တွေးလိုက်မိ၏။ ‘တာအိုသခင်ကတော့ ချင်မူ့ဆီက အကျင့်ဆိုးတွေ ကူးနေပြီ... တာအိုဂိုဏ်းထဲ ဝင်အောင်တောင် ဆွဲဆောင်တတ်နေပြီ... တထာဂတကို ပြောထားဦးမှ... ငါတို့တပည့်တွေ ခိုးခံနေရဦးမယ်’

မိုင်တစ်သောင်း ရောက်သည့်အခါ လူသေးသေးလေးများ အကြိမ်တစ်ရာ ဗုံတီးပြီးသွား၍ ချင်မူ ရပ်လိုက်သည်။ သူက ရွှေရောင်လူ၏ ဝမ်းဗိုက်ကို ဖွင့်၍ စက်သွားများကို ညှိကာ ရှေ့ဆက်သွား၏။

လူတိုင်း တာအိုသခင်လင်းရွှမ်ကို ပို၍ပင် လေးစားလာကြတော့သည်။

၎

င

၎

၎

All Chapters