← Chapters

အခန်း (၅၄၇)

Vol. 40 Ch. 547

အခန်း (၅၄၇)

Vol. 40 Ch. 547

ကံကြမ္မာအဆင့်၏အထက်တွင် ပြန်လည်မွေးဖွားခြင်းအဆင့်ရှိသည်။

ပြန်လည်မွေးဖွားခြင်းအဆင့်သည် ကောင်းကင်အဆင့်၏အထက်တွင်ရှိသော လူသားအင်မော်တယ်အဆင့်၏ ဒုတိယအဆင့်ဖြစ်သည်။

ကံကြမ္မာစွမ်းအားနှင့် ပြန်လည်မွေးဖွားခြင်းစွမ်းအားကို သူတော်စင်များက ထိန်းချုပ်ထားကြသည်။

ယခုအချိန်တွင် ဟန်မူယဲ့သည် အာကာသထဲတွင် ငြိမ်သက်စွာရှိနေပြီး နတ်ဘုရားအမည်စာရင်း၏အထက်တွင် ပေါ်လာသော ရွှေရောင်ပုံရိပ်များကို ကြည့်နေသည်။ ပြန်လည်မွေးဖွားခြင်းစွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားလာကြသည်။

ထိုစွမ်းအားသည် အချိန်ကို နောက်ပြန်ရစ်နိုင်သောစွမ်းရည်မျိုး ရှိပုံရပြီး ချီပင်လယ်ထဲတွင် ဓားဆန္ဒကို ပြန်လည်စုစည်းလိုက်သည်။

သူ့စိတ်နယ်ပယ်ထဲတွင်ရှိသော ဝိညာဉ်လိပ်ပြာဓားကလည်း ဖြည်းဖြည်းချင်း ပြန်လည်ဖြစ်တည်လာသည်။

သို့သော် ပြန်လည်ဖြစ်ပေါ်လာသည့် ဓားဆန္ဒဓားရှည်နှင့် ဝိညာဉ်လိပ်ပြာဓားတို့သည် မရှင်းပြနိုင်သောစွမ်းအားတစ်ခု၏ ရစ်ပတ်မှုကို ခံထားရပြီး အဆုံးမရှိ ဆက်တိုက်ပြောင်းလဲနေသည်။

ထိုစွမ်းအားသည် ပြန်လည်မွေးဖွားခြင်းစွမ်းအားဖြစ်သည်။

ဟန်မူယဲ့၏ လက်ရှိကျင့်ကြံဆင့်သည် အလွန်အဆင့်နိမ့်သောကြောင့် ထိုစွမ်းအားကို မထိန်းချုပ်နိုင်သေးပေ။

သို့သော် ခန္ဓာကိုယ်ထဲတွင်ရှိနေသော ပြန်လည်မွေးဖွားခြင်းစွမ်းအားကြောင့် သူက သူတော်စင်တစ်ပါးကို တည်ငြိမ်စွာရင်ဆိုင်နိုင်လိမ့်မည်။

ထိုစွမ်းအားသည် အလွန်အားကောင်းပြီး ဟန်မူယဲ့၏ခွန်အားနှင့် ယှဉ်နိုင်သည်။

ဟန်မူယဲ့က ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ရရှိလိုက်သောအခါတွင် သူတော်စင်တစ်ပါး၏ခွန်အားကို ခံစားလိုက်ရသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟောင်မင်ခေတ် ၃၅၁နှစ်မြောက်မှာ ကောင်းကင်မူလအစောင့်တပ်ခေါင်းဆောင် ရှောင်ကျင်းရန်က တော်ဝင်အစောင့်တပ် တစ်သိန်းရှစ်သောင်းကိုဦးဆောင်ပြီး တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်။ ဒီနေ့မှာ သူ့ကို စစ်သူကြီးရှောင်အဖြစ် ဘွဲ့ထူးချီးမြှင့်မယ်။ ကျေးဇူးပြုပြီး ပြန်လာပါ”

ယန်ကျန်းချင်၏အသံ အဆုံးသတ်သွားပြီး စုတ်တံဖြင့် ရေးသားလိုက်သောအချိန်တွင် ရွှေရောင်စစ်သူကြီးတစ်ဦးက နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်၌ ပေါ်လာပြီး ယန်ကျန်းချင်ကိုဦးညွှတ်၍ နတ်ဘုရားအမည်စာရင်းပေါ်တွင် ရပ်တန့်လိုက်သည်။

“ဘလေး”

အဝေးတစ်နေရာတွင် စစ်တပ်ကိုဦးဆောင်၍တိုက်ခိုက်နေသော ရှောင်လင်းရှန်က စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် မော့ကြည့်သည်။

စစ်သူကြီးများကို တစ်ယောက်ပြီးတစ်ယောက် ဘွဲ့ထူးချီးမြှင့်လိုက်သည်။ နတ်ဘုရားအမည်စာရင်းပေါ်တွင် စစ်တပ်ဝင်္ကပါသည် ဖြည်းဖြည်းချင်း ပုံစံ‌ပေါ်လာသည်။

ဝတ်ရုံနှင့် နတ်အရာရှိများ၊ ရွှေရောင်ချပ်ဝတ်ဖြင့် စစ်သူကြီးများက အဆင့်အတန်းအလိုက် ပေါ်လာသည်။

သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် အသက်စွန့်၍ တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားသောအခါတွင် ဘွဲ့ထူးများ ချီးမြှင့်ခံလိုက်ရသည်။

မရေမတွက်နိုင်လောက်သော အကြွင်းအကျန်ဝိညာဉ်များက နတ်စစ်သူကြီးနှင့် နတ်စစ်သည်များအဖြစ် ပြန်လည်မွေးဖွားလာသည်။

ထိုအရာသည် ပြန်လည်မွေးဖွားခြင်းစွမ်းအားဖြစ်သည်။

ယန်ကျန်းချင်တွင် စွမ်းအားသိပ်မရှိပေ။ သူက ကိုယ်ပိုင်စွမ်းအား၊ နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်နှင့် နတ်ဘုရားအမည်စာရင်းတို့၏စွမ်းအားကို ပေါင်းစပ်၍ သူတော်စင်အဆင့်သို့ဝင်ရောက်ပြီး ပြန်လည်မွေးဖွားခြင်းစွမ်းအားကို သုံးစွဲနိုင်ခဲ့သည်။

ယန်ကျန်းချင်က စုတ်တံကို ညင်သာစွာလှုပ်ရှားလိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်ပြန်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်မှာ သေဆုံးသွားခဲ့တဲ့ အငြိုးအတေးမဲ့နယ်မြေရဲ့ နတ်ဘုရင်ကျန့်ရီ။ ဒီနေ့မှာ သူ့ရဲ့ အကြွင်းအကျန်ဝိညာဉ်တွေကိုစုစည်းပြီး နတ်ဘုရားခုံရုံးကိုစောင့်ကြပ်ဖို့အတွက် မူလနတ်စစ်သူကြီးတစ်ရာရဲ့ခေါင်းဆောင်အဖြစ် ဘွဲ့ထူးချီးမြှင့်မယ်”

လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်တွင် သေဆုံးသွားခဲ့သည့် နတ်ဘုရင် ....

နတ်ဘုရားအမည်စာရင်းသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အကြွင်းအကျန်ဝိညာဉ်များကိုသာမက အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုကျင့်ကြံသူများကိုလည်း ဘွဲ့ထူးချီးမြှင့်နိုင်သည်။

နတ်ဘုရားအမည်စာရင်းပေါ်တွင် မုတ်ဆိတ်ဖြူလုအိုကြီးတစ်ယောက် ပေါ်လာသောအခါ မရေမတွက်နိုင်သောအော်ဟစ်သံများ ပေါ်ထွက်လာသည်။

နတ်ဘုရင်တစ်ပါး သေဆုံးသွားသောအခါတွင် နတ်စစ်သူကြီးတစ်ပါး ပြန်ဖြစ်လာနိုင်သည်။ သို့သော် ယခုအချိန်တွင် ထိုနတ်ဘုရင်၏ကျင့်ကြံဆင့်သည် အများအပြား ဆုံးရှုံးသွားပုံမရပေ။

ဘွဲ့ထူးချီးမြှင့်ခြင်းသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုတည်းအတွက် မဟုတ်ပေ။

အငြိုးအတေးမဲ့နယ်မြေသည် တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

အငြိုးအတေးမဲ့နယ်မြေ၏ တခြားကြယ်များပေါ်တွင် မရေမတွက်နိုင်လောက်သော နတ်ဘုရားတာအိုကျင့်ကြံသူများက နတ်ဘုရားအမည်စာရင်းကို လှမ်းကြည့်သည်။

အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုကျင့်ကြံခြင်းတွင် တင်းကျပ်သောအစဉ်အလာနှင့် ကြမ်းတမ်းသောအမိန့်အာဏာများ ရှိသည်။ သူတို့က သေခြင်းရှင်ခြင်းကို ကိုယ်တိုင်မထိန်းချုပ်နိုင်ပေ။

နတ်ဘုရင်တစ်ပါးသည် မရေမတွက်နိုင်သော နတ်ဘုရားတာအိုကျင့်ကြံသူများ၏ သေခြင်းရှင်းခြင်းကို ဆုံးဖြတ်ပေးနိုင်သည်။

သို့သော် ယခုအချိန်တွင် နတ်ဘုရားအမည်စာရင်းပေါ်၌ နာမည်ချန်ထားနိုင်လျှင် နတ်ဘုရားတာအိုကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်။

နတ်ဘုရင်များ၏ကျွန်ပြုခြင်းကို ခံရခြင်းထက် နတ်ဘုရားခုံးရုံး၏ အစောင့်အရှောက်နတ်စစ်သူကြီးတစ်ဦး ဖြစ်လာနိုင်လျှင် ပိုကောင်းသည်။

နတ်ဘုရားအမည်စာရင်းတွင်ရှိသော အဆင့်အတန်းသည် လက်အောက်ငယ်သားအဆင့် မဟုတ်ပေ။ တခြားလူများ၏ဖိနှိပ်မှုနှင့် ကျွန်ပြုခြင်းကို ခံယူရန် မလိုအပ်ပေ။

ထိုသို့ ကျင့်ကြံနိုင်မှ လွတ်လပ်ခြင်းကို ရနိုင်မည်။

“နတ်ဘုရင်ယွင်ချန်၊ နတ်ဘုရားအမည်စာရင်းမှာပါဝင်ဖို့ ဆန္ဒရှိလား”

ယန်ကျန်းချင်၏အသံ ပေါ်ထွက်လာသည်။

နတ်ဘုရင်ယွင်ချန်၏ပုံရိပ်က အာကာသထဲတွင် ပေါ်လာသည်။

အဝေးတစ်နေရာတွင်ထွက်ပြေးနေသော နတ်သခင်မကျီထိုက်က နောက်သို့လှည့်ကြည့်လိုက်သည်။ သူမက မျက်ရည်များ စီးကျလာသည်။

“ယောင်္ကျား၊ ရှင့်မှာ အကြွင်းအကျန်ဝိညာဉ် ရှိနေသေးတာပဲ။ ဘာဖြစ်လို့ ကျွန်မကို လာမရှာတာလဲ ....”

နတ်ဘုရင်ယွင်ချန်၏ အကြွင်းအကျန်ဝိညာဉ်က စဉ်းစားလိုက်ပြီး ယန်ကျန်းချင်ကို ဦးညွှတ်သည်။

ယန်ကျန်းချင်၏စုတ်တံက လှုပ်ရှားသွားသောအခါတွင် နတ်ဘုရင်ယွင်ချန်သည် နတ်ဘုရားခုံရုံး၏ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သွားသည်။

အရာရှိတစ်ယောက်ဖြစ်သွားသော နတ်ဘုရင်ယွင်ချန်က နတ်ဘုရားအလင်းများကို ထုတ်လွှတ်ပေးနေသည်။

ထိုနတ်ဘုရားအလင်းသည် ကန့်သတ်မှုများမရှိပေ။ နတ်ဘုရင်တစ်ပါး၏ဖိနှိပ်မှုကို ခံထားရသော နတ်ဘုရားတာအိုကျင့်ကြံသူတစ်ဦးနှင့် မ‌တူပေ။

နတ်ဘုရားဘွဲ့ထူးသည် အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုကျင့်ကြံခြင်းထက် ပိုမိုအဆင့်မြင့်သော ကျင့်ကြံခြင်းဖြစ်သည်။

မရေမတွက်နိုင်သော နတ်ဘုရားတာအိုကျင့်ကြံသူများက ဆွဲဆောင်ခံလိုက်ရသည်။

သူတို့က နတ်ဘုရားအမည်စာရင်းတွင် ပါဝင်ပြီး နတ်စွမ်းအားကို ရရှိနိုင်လျှင် အငြိုးအတေးမဲ့နယ်မြေတွင် ဖိနှိပ်ခံရခြင်းထက် ပိုကောင်းသည်။

“အကြီးအကဲ၊ ကျွန်မကိုရော ဘွဲ့ထူးချီးမြှင့်ပေးလို့ရပါသလား”

လေထုထဲတွင် ကျီထိုက်၏အသံ ပေါ်ထွက်လာသည်။

နတ်ဘုရားအမည်စာရင်းပေါ်တွင် နတ်ဘုရင်ယွင်ချန်က စိတ်လှုပ်ရှားစွာ လှည့်ကြည့်သည်။

ယန်ကျန်းချင်က စုတ်တံကို ညင်သာစွာမြှောက်လိုက်ပြီး ဝှေ့ယမ်းသည်။

“ယွင်ချန်ကြယ်ရဲ့ နတ်သခင်မကျီထိုက်က နတ်ဘုရားအမည်စာရင်းအတွက် အလိုလျောက် ဆန္ဒပြုခဲ့တယ်။ ဒီနေ့မှာ သူမကို ယွင်ချန်ကြယ် ရေဓာတ်မျိုးဆက်ရဲ့ တရားဝင်နတ်တစ်ပါးအဖြစ် ဘွဲ့ထူးချီးမြှင့်မယ်”

အကြွင်းအကျန်ဝိညာဉ်များကိုသာမက နတ်ဘုရားတာအို၏ ကျင့်ကြံသူများကိုလည်း ဘွဲ့ထူးချီးမြှင့်နိုင်သည်။

နတ်သခင်မကျီထိုက်၏ခန္ဓာကိုယ်ပေါ်တွင် ရေစီးကြောင်းတစ်ခု ပေါ်ထွက်လာသည်။ သူမနှင့် ယွင်ချန်ကြယ်၏ ရေဓာတ်မျိုးဆက်ကြားတွင် မမြင်နိုင်သောဆက်သွယ်မှုတစ်ခု ရှိလာသည်။ ရွှေရောင်ချိပ်တံဆိပ်တစ်ခု ပေါ်ထွက်လာ၏။

အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုကျင့်ကြံသူများသည် တွန့်ဆုတ်မနေတော့ပေ။ သူတို့က တစ်ယောက်ပြီးတစ်ယောက် နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ဆီသို့ ပြေးသွားပြီး ဒူးထောက်လိုက်ကြသည်။

သူတို့က နတ်ဘုရားတာအိုကို ကျင့်ကြံထားသည်။ ထို့အပြင် ယခုအချိန်တွင် နတ်ဘုရင်များ၏ကျွန်ပြုခြင်းကို ခံယူရန်မလိုသော အခွင့်အရေးတစ်ခုအား မြင်လိုက်ရသည်။ သူတို့က အဘယ်ကြောင့် မတောင်းဆိုဘဲ နေရမည်နည်း။

ယန်ကျန်းချင်က လက်ထဲတွင်ရှိ‌သောစုတ်တံကို ဝှေ့ယမ်းလိုက်သည်။ နတ်ဘုရားတာအိုကျင့်ကြံသူများက ဘွဲ့ထူးများ ရရှိသွားသည်။

နတ်ဘုရားအမည်စာရင်းတွင်ပါဝင်လာသော နတ်ဘုရားတာအိုကျင့်ကြံသူများ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ရွှေရောင်ဝိညာဉ်အမှတ်အသားတစ်ခု ပေါ်လာသည်။ သူတို့၏ခန္ဓာကိုယ်က နတ်ဘုရားအလင်းများဖြင့် တောက်ပပြီး တက်ကြွနေသည်။

စွမ်းအားများ၏ပြောင်းလဲမှုကို အာရုံခံမိလိုက်သောကြောင့် နတ်ဘုရားစွမ်းအားရရှိသွားသော ကျင့်ကြံသူများက ပြုံးလိုက်သည်။

ဟန်မူယဲ့ရရှိထားသော ပြန်လည်မွေးဖွားခြင်းစွမ်းအားများသည် အလွန်အသုံးဝင်သည်။

ဓားဆန္ဒဓားရှည်နှင့် ဝိညာဉ်လိပ်ပြာဓားတို့သည် တိတ်ဆိတ်စွာ ပြန်ကောင်းလာခဲ့သည်။ အပြင်လူများကတော့ ထိုအဖြစ်ကို မမြင်နိုင်ပေ။

ထိုအချိန်တွင် နတ်ဘုရားဘွဲ့ထူးအခမ်းအနား အောင်မြင်ရန်အတွက် အစွမ်းကုန်ထုတ်သုံးနေသော အမတ်ချုပ်ကြီးဝမ်နှင့် မှူးမတ်ဝူတို့၏ အပြုအမူကို သူနားလည်သွားသည်။

နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်သည် အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုအခြေခံအုတ်မြစ်ကို ဖျက်ဆီးနေသည်။

ယနေ့မှစ၍ နတ်ဘုရားတာအိုသည် နတ်ဘုရင်တစ်ပါးကို မွေးထုတ်ပေးနိုင်တော့မည် မဟုတ်ပေ။

နတ်ဘုရားအမည်စာရင်းတွင်ပါဝင်လာသော နတ်ဘုရားတာအိုကျင့်ကြံသူများသည် နတ်ဘုရားစည်းမျဉ်းကို လိုက်နာပြီး နတ်ဘုရားတာဝန်များ၏စွမ်းအားကို အခြေခံအုတ်မြစ်အဖြစ် အသုံးချသည်။

ကောင်းကင်နှင့်မြေကြီးသည် နတ်ဘုရားဝိညာဉ်များကို ပျိုးထောင်ပေးပြီး နတ်ဘုရားဝိညာဉ်များသည် ကောင်းကင်၊ မြေကြီးတို့နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်သည်။

ကျင့်ကြံခြင်းသည် ကောင်းကင်၊ မြေကြီးတို့နှင့်အတူ တောက်ပရန်ဖြစ်သည်။

အကြွင်းအကျန်ဝိညာဉ်များဖြစ်စေ နတ်ဘုရားတာအိုကျင့်ကြံသူများဖြစ်စေ ဘွဲ့ထူးချီးမြှင့်ခံရသောအခါတွင် အင်မော်တယ်တစ်ယောက်ဖြစ်လာရန် အရည်အချင်းပြည့်မီသွားသည်။

နတ်ဘုရားအမည်စာရင်း ပေါ်ထွက်လာလျှင် လောကတွင်ရှိသော နတ်ဘုရားတာအိုကျင့်ကြံခြင်း၏အခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။

“ဘုန်း”

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ရှေ့တန်းတွင် နတ်ဘုရားစစ်တပ်သည် အရင်ဆုံး နောက်ဆုတ်သွားသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ကျွမ်းကျင်သူများ မလှုပ်ရှားနိုင်ခင် သူတို့ကို ကောင်းကင်အံ့ဖွယ်စစ်တပ်က ဝိုင်းရံထားလိုက်သည်။

“အမည်စာရင်းကို ဖျက်ဆီးပစ်ကြ”

အာကာသထဲတွင် ဒေါသတကြီးအော်သံတစ်ခု ပေါ်ထွက်လာသည်။

မှူးမတ်ဝူနှင့်တိုက်ခိုက်နေသော နတ်ဘုရင်ခုနစ်ပါးက ရှေ့တက်လာသည်။

မှူးမတ်ဝူက ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့ပတ်ဝန်းကျင်တွင်ရှိနေသော သွေးနှင့်ချီများသည် အစိမ်းရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နတ်ဘုရင်လေးပါးကို ချုပ်နှောင်ထားလိုက်သည်။

ကျန်ရှိနေသော နတ်ဘုရင်သုံးပါးသည် နတ်ဘုရားအမည်စာရင်းဆီသို့ ပျံသန်းသွားကြသည်။

ယွင်ချန်ကြယ်ပေါ်တွင် ဟွမ်တင်းရှုက လှုပ်ရှားလိုက်သည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ပေါ်၌ ပြန်လည်မွေးဖွားခြင်းစွမ်းအားများကို ရှင်းလင်းစွာမြင်နိုင်သည်။

နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ကို တည်ဆောက်ရန်အတွက် အဝါရောင်ခုံရုံးကို အခြေခံအုတ်မြစ်အဖြစ် အသုံးချပြီး နတ်ဘုရားအမည်စာရင်း ပေါ်လာသောအခါတွင် ဟွမ်တင်းရှုက သူတော်စင်တစ်ယောက်ဖြစ်လာရန် နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။

နတ်ဘုရားသူတော်စင် ....

သူက ကွန်ဖြူးရှပ်တာအိုနှင့် နတ်ဘုရားတာအိုကို ကျင့်ကြံခဲ့သည်။ ကွန်ဖြူးရှပ်တာအိုတွင် အောင်မြင်မှုမရသေးသော်လည်း နတ်ဘုရားတာအိုကျင့်ကြံခြင်းဖြင့် သူတော်စင်တစ်ပါး ဖြစ်လာသည်။ သူ့ကျင့်ကြံဆင့်နှင့်ခွန်အားသည် နတ်ဘုရင်များ၏အထက်တွင် ရှိနေသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တတိယမြောက်သူတော်စင် ....

နတ်ဘုရင်သုံးပါးက ရှေ့တွင်ဖြောင့်မတ်စွာပေါ်လာသော ဟွမ်တင်းရှုကို မြင်လိုက်ရသောအခါတွင် နတ်ဘုရင်နှစ်ပါးက နတ်ဘုရားအလင်းများကိုထုတ်လွှတ်၍ သူ့ကို ဖိနှိပ်လိုက်သည်။ ကျန်နတ်ဘုရင်တစ်ပါးက ရပ်တန့်ခြင်းမရှိဘဲ နတ်ဘုရားအမည်စာရင်းဆီသို့ တိုးဝင်သွားသည်။

သို့သော် သူ့ရှေ့တွင် နောက်ထပ်လူတစ်ယောက် ပေါ်လာသည်။

ချင်စုယန်က ကျောပေါ်တွင် ဓားရှည်တစ်လက်လွယ်ထားပြီး လေထုထဲတွင် မောက်မာစွာရပ်နေသည်။ သူ့ဓားဆန္ဒများသည် ကောင်းကင်အထိ ထိုးတက်သွားသည်။

“ခလွမ် ....”

ဓားအလင်းပေါ်ထွက်လာပြီး အားကောင်းသောနတ်ဘုရင်သည် ချင်စုယန်၏တားဆီးခြင်းကို ခံလိုက်ရသည်။

ယွင်ချန်ကြယ်ပေါ်တွင် ယန်ကျန်းချင်က ပြုံးနေသည်။ သူ့လက်ထဲတွင်ရှိသောစုတ်တံက ဆက်တိုက်လှုပ်ရှားနေပြီး နတ်ဘုရားအမည်စာရင်းပေါ်တွင် ပုံရိပ်များ ဆက်တိုက်ပေါ်လာသည်။

နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်၏စွမ်းအားက ပိုမိုသန်မာလာသည်။

နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်သည် တိုးတက်နိုင်စွမ်းရှိသည်။

နတ်ဘုရားဘွဲ့ထူးများ ပိုမိုချီးမြှင့်ပေးလိုက်သောအခါတွင် စွမ်းအားက ပိုမိုသန်မာလာသည်။

ထိုရတနာသည် သန်းထောင်ချီသောနတ်ဘုရားများအား ဘွဲ့ထူးချီးမြှင့်ပြီးသောအခါတွင် လောကကို ဖိနှိပ်နိုင်မည်လား။

ယန်ကျန်းချင်က ညင်သာစွာရယ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော ကွန်ဖြူးရှပ်တာအို၏ သမာဓိစွမ်းအားများ ရုတ်တရက် တုန်ခါလာသည်။

“ဆရာမူယဲ့၊ ဒီသမာဓိစွမ်းအားတွေက ငါ့အတွက် အသုံးမဝင်တော့ဘူး။ မင်းကို ပေးလိုက်မယ်”

ယန်ကျန်းချင်က ညင်သာစွာအော်ဟစ်လိုက်ပြီး လက်မြှောက်၍ အာကာသထဲသို့ ဖိချသည်။

သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော သမာဓိစွမ်းအားများသည် အားလွှဲပြောင်းနည်းစနစ်နှင့်အတူ နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး ဟန်မူယဲ့ဆီသို့ ရောက်သွားသည်။

ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ အဆုံးမရှိသော နတ်ဘုရားအလင်းများ ပေါ်ထွက်လာသည်။

နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်၏ စာရေးသားသူဖြစ်သောကြောင့် ယန်ကျန်းချင်၏စွမ်းအားများသည် ယဇ်ပလ္လင်နှင့် ပေါင်းစပ်သွားသည်။

ယနေ့အချိန်မှစ၍ သူသည် ယဇ်ပလ္လင်၏ထိန်းချုပ်သူဖြစ်ပြီး နတ်ဘုရားအမည်စာရင်း၏ လက်နက်ဝိညာဉ်ဖြစ်သည်။

နတ်ဘုရားအလင်းသည် အလွန်ခမ်းနားပြီး ပြန်လည်မွေးဖွားခြင်းအလင်းအဖြစ် ပြောင်းလဲသွားသည်။

သူတော်စင် ....

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် နောက်ထပ်သူတော်စင်တစ်ပါး ပေါ်ထွက်လာသည်။

ကမ္ဘာတစ်ခုတွင် သူတော်စင်လေးပါးဖြစ်သည်။

များပြားလှသောသမာဓိစွမ်းအားများသည် ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲသို့ ဝင်ရောက်လာသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ယန်ကျန်းချင်ကျင့်ကြံခဲ့‌သော သမာဓိစွမ်းအားများသည် ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် ရွှေရောင်ဓားတစ်လက်အဖြစ် စုစည်းသွားသည်။

သမာဓိစွမ်းအားများသည် ဖြောင့်မတ်ပြီးတည်ငြိမ်သော ဓားတစ်လက်ဖြစ်လာသည်။

ထိုဓားသည် ကွန်ဖြူးရှပ်တာအိုစွမ်းအား၏ ပေါင်းစပ်မှုဖြစ်သည်။ မဟာကွန်ဖြူးရှပ်ပညာရှင်တစ်ယောက်၏ ခါးသီးသောကျင့်ကြံခြင်းကို ကိုယ်စားပြုသည်။

ထိုဓားသည် ကွန်ဖြူးရှပ်တာအိုမှ မဟာကျင့်ကြံသူကြီးတစ်ဦး၏ ကျင့်ကြံခြင်းစွမ်းအားများဖြစ်ပြီး မျိုးဆက်သစ်အတွက် မျှော်လင့်ချက်များကို ဖော်ပြနေသည်။

ဟန်မူယဲ့က ပျံသန်းသွားပြီး ယွင်ချန်ကြယ်ကို ဦးညွှတ်သည်။

သူ့လက်ထဲတွင်ရှိသော သမာဓိစွမ်းအားဓားသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်သည်။

All Chapters