← Chapters

အခန်း (၅၄၈)

Vol. 40 Ch. 548

အခန်း (၅၄၈)

Vol. 40 Ch. 548

ထိုလက်ဆောင်သည် ဟန်မူယဲ့ကို ကျေးဇူးဆပ်ခြင်းသာမက ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းအတွက် တာဝန်တစ်ခုလည်း ဖြစ်သည်။

ယန်ကျန်းချင်က နတ်ဘုရားတာအိုကျင့်ကြံခြင်းသို့ လွယ်ကူစွာဝင်ရောက်သွားသည်။ ထို့ကြောင့် တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ရာထူးကို ဟန်မူယဲ့ဆီသို့ အပ်နှင်းခဲ့သည်။

“ဘုန်း”

မှူးမတ်ဝူ၏ဆေဘာဓားရှည်က ကျဆင်းလာသည်။ ထိုဓားချက်သည် အဆုံးမရှိသောသတ်ဖြတ်လိုစိတ်များနှင့် မိုင်တစ်ထောင်အထိ ရှည်လျားသည်။ ထိုဓားချက်က ကြယ်တစ်လုံးကိုဖျက်ဆီးပြီး နတ်ဘုရင်တစ်ပါးကို နောက်ဆုတ်သွားစေသည်။

အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုအခြေခံအုတ်မြစ်သည် ယိမ်းယိုင်သွားခဲ့သည်။ ထို့ကြောင့် နတ်ဘုရင်များတွင် တိုက်ခိုက်ရန် လုံလောက်သောခွန်အားများ မရှိတော့ပေ။

“အငြိုးအတေးမဲ့နယ်မြေရဲ့နတ်ဘုရင်တွေ အဆုံးထိတိုက်ခိုက်ရမယ်။ မဟုတ်ရင် မင်းတို့ရဲ့ အငြိုးအတေးမဲ့နယ်မြေက ပျက်စီးသွားလိမ့်မယ်”

အာကာသထဲတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ မဟာကျင့်ကြံသူကြီးတစ်ယောက်၏အသံ ပေါ်ထွက်လာသည်။

အငြိုးအတေးမဲ့နယ်မြေမှ နတ်ဘုရင်တစ်ပါး၏မျက်နှာထား ပြောင်းလဲသွာသည်။ သူက အာကာသထဲတွင်ရပ်နေပြီး အံတင်းတင်းကြိတ်၍ လက်ကို ဝှေ့ယမ်းသည်။

သူ့ဘေးတွင်ရပ်နေသော နတ်ဘုရင်နှစ်ပါးက အလင်းများဖြင့် လွှမ်းခြုံခံလိုက်ရပြီး မတုံ့ပြန်နိုင်ခင် နတ်စွမ်းအားများ စုပ်ယူခံလိုက်ရသည်။

နတ်စွမ်းအားများ ပေါင်းစပ်သွားပြီး နတ်ဘုရင်ဝူယွမ်၏ခန္ဓာကိုယ်က အလင်းများဖြင့် တောက်ပလာသည်။

သူက ခေါင်းပေါ်တွင်ရှိနေသော ရွှေရောင်ချိပ်တံဆိပ်ကို ပင့်မြှောက်လိုက်ပြီး အော်ဟစ်လျက် ရှေ့သို့ပြေးဝင်သွားသည်။

ရွှေရောင်ချိပ်တံဆိပ်သည် မှူးမတ်ဝူ၏ ဆေဘာဓားရှည်နှင့် ထိတွေ့သွားပြီး ကျယ်လောင်စွာပေါက်ကွဲသွားသည်။

အာကာသသည် ရေလှိုင်းများကဲ့သို့ တွန့်လိမ်သွားသည်။

ကောင်းကင်အံ့ဖွယ်စစ်တပ်၏ စစ်မြေပြင်တွင် မရေမတွက်နိုင်သော အငြိုးအတေးမဲ့စစ်တပ်မှ စစ်သူကြီးများ၏ နတ်ဘုရားအလင်းများ ပျက်စီးသွားသည်။ ထို့နောက် အနက်ရောင်မိစ္ဆာအရိပ်များအဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။

သူထင်ထားခဲ့သည့်အတိုင်း နတ်ဘုရားတာအိုနှင့် မိစ္ဆာလမ်းစဉ်သည် မျဉ်းကြောင်းလေးတစ်ခုသာ ကွာခြားသည်။

ကောင်းကင်အံ့ဖွယ်စစ်တပ်ဝင်္ကပါ၏ရှေ့တွင် အငြိုးအတေးမဲ့စစ်တပ်၏ မိစ္ဆာကျင့်ကြံသူများက ပြန်လည်တိုက်ခိုက်လိုက်သည်။

စစ်မြေပြင်သာမက အလယ်ပိုင်းကုန်းမြေတွင်ရှိနေသော အငြိုးအတေးမဲ့နယ်မြေ၏ မရေမတွက်နိုင်လောက်သော သူလျှိုများကလည်း လှုပ်ရှားလိုက်ကြသည်။ နတ်ဘုရားတာအိုကျင့်ကြံသူများသည် မိစ္ဆာကျင့်ကြံသူများအဖြစ် ပြောင်းလဲသွားပြီး အလယ်ပိုင်းကုန်းမြေသည် မိစ္ဆာများ၏တိုက်ခိုက်မှုကို ခံစားလိုက်ရသည်။

အရှေ့ပင်လယ်တွင် မရေမတွက်နိုင်လောက်သော ကြေးခွံငါးမိစ္ဆာများက စတင်သောင်းကျန်းလိုက်သည်။ သူတို့က ရေနဂါးမျိုးနွယ်နှင့် ဓားဂိုဏ်းများကို ဝိုင်းရံထားသည်။

တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေတွင်လည်း မိစ္ဆာများ သောင်းကျန်းနေသည်။

ယနေ့တိုက်ပွဲကြောင့်သာမဟုတ်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင်ရှိနေသော အငြိုးအတေးမဲ့နယ်မြေ၏အစီအစဉ်များကို သိနိုင်မည်မဟုတ်ပေ။

အာကာသထဲတွင် ဝမ်မော့ရှန်က အေးစက်စွာနှာမှုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော ကွန်ဖြူးရှပ်တာအို၏ ရွှေအလင်းများသည် ပိုမိုတောက်ပလာသည်။

“ဝမ်မော့ရှန်၊ ကောင်းကင်တာအိုတွေက ဖိနှိပ်ခံရဖို့ ဆန္ဒမရှိဘူး။ မင်းရဲ့ကွန်ဖြူးရှပ်တာအိုက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို နှစ်ပေါင်းမရေမတွက်နိုင်အောင် အုပ်ချုပ်ခဲ့တယ်။ ကောင်းကင်တာအိုက တိတ်တဆိတ်ခုခံနေတာကို မင်းသိမှာပါ”

“ဒီနေ့မှာ အငြိုးအတေးမဲ့နယ်မြေရဲ့အစီအစဉ်တွေက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဖရိုဖရဲဖြစ်မသွားစေရင်တောင် မင်းတို့ရဲ့အခြေခံအုတ်မြစ်က ထိခိုက်သွားလိမ့်မယ်”

“နောက်တစ်ကြိမ်မှာ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့စစ်တပ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို သိမ်းပိုက်လိမ့်မယ်”

တန့်ဝူယိုက တိုက်ခိုက်လိုစိတ်ပြည့်နေသောအသံဖြင့် အော်ဟစ်လိုက်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏တည်နေရာနှင့် ရှေ့တန်းသည် ပေါ်ပေါက်ခဲ့ပြီဖြစ်သည်။

ဤတစ်ကြိမ်တွင် သူတို့က အငြိုးအတေးမဲ့နယ်မြေ၏ နတ်ဘုရားတာအိုအခြေခံအုတ်မြစ်ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏တိုက်ခိုက်မှုကို မည်သို့ခုခံမည်နည်း။

“လာစမ်းပါ။ တိုက်ခိုက်ရအောင် ....”

ဝမ်မော့ရှန်က ဂရုမစိုက်ဘဲ ပြန်ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ သမာဓိစွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ဝန့်ဝူယိုက ရယ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ချီစွမ်းအင်အလင်းသည် သမာဓိစွမ်းအားနှင့် ထိတွေ့သွားသည်။

“မင်းက မိစ္ဆာစစ်သူကြီးတစ်သိန်းကိုဦးဆောင်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ သန်းထောင်ချီတဲ့စစ်သည်တွေကို သတ်ဖြတ်လိုက်တော့”

“အားနည်းတဲ့လူတွေက ငါ့ရဲ့အင်မော်တယ်ဝိညာဉ်ကမ္ဘာကို လှုပ်ခါသွားစေနိုင်မယ်ထင်နေတာလား”

တန့်ဝူယို၏စကားကို ကြားလိုက်ရသောအခါ အဝေးတစ်နေရာတွင်ရှိနေသော လူတစ်ယောက်က တုံ့ပြန်လိုက်သည်။ အဆုံးမရှိသော မိစ္ဆာအလင်းများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏စစ်မြေပြင်သို့ ပြေးဝင်သွားသည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ မိစ္ဆာစစ်တပ်ဖြစ်သည်။

ယခုအချိန်တွင် လူတိုင်းက ရှေ့တန်းစစ်မြေပြင်ကို ကြည့်နေကြသည်။

တန့်ဝူယိုပြောခဲ့သည့်အတိုင်း အားနည်းသူများသည် ကျွမ်းကျင်သူများကို တားဆီးနိုင်မည်မဟုတ်ပေ။

မီးတောက်နီစစ်တပ်၏ သန်းရာချီသောစစ်သားများသည် နီရဲနေသော စစ်တပ်ဝင်္ကပါကို ဖွဲ့စည်းပြီး အငြိုးအတေးမဲ့နယ်မြေ၏ မိစ္ဆာစစ်တပ်ကို ခုခံနေသည်။

သို့သော် သူတို့က မိစ္ဆာသူတော်စင်တစ်ပါးဦးဆောင်လာသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ မိစ္ဆာတစ်သိန်းစစ်တပ်ကို ခုခံနိုင်မည်မဟုတ်ပေ။

မိစ္ဆာစစ်တပ်ရောက်မလာခင် မကောင်းဆိုးဝါးဆန်သော မိစ္ဆာမီးတောက်များသည် အာကာသကို ဖုံးလွှမ်းသွားသည်။

ယွင်ချန်ကြယ်ပေါ်တွင် ဟွမ်တင်းရှု၏မျက်လုံးများက နတ်ဘုရားအလင်းများဖြင့် တောက်ပလာသည်။ သူ့ခေါင်းပေါ်တွင် ရွှေသရဖူတစ်ခု ပေါ်လာပြီး အဆုံးမရှိသောနတ်ဘုရားအလင်းများကို ထုတ်ပေးနေသည်။

“မိစ္ဆာတွေကို သတ်ဖြတ်မယ်”

ဟွမ်တင်းရှုက အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်၏ နတ်ဘုရားအလင်းများသည် ဧရာမလေးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ လေးသည် ရှည်လျားသော ရွှေရောင်မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

“ဘုန်း”

မြားရှည်သည် မိစ္ဆာမီးတောက်များနှင့်ထိတွေ့ပြီး အကန့်အသတ်မျဉ်းတစ်ကြောင်း ပေါ်လာသည်။

နတ်ဘုရားအမည်စာရင်းပေါ်တွင်ရှိသော နတ်ဘုရားခုံရုံးစစ်တပ်သည် ဝင်္ကပါတစ်ခုဖွဲ့စည်းပြီး မိစ္ဆာစစ်တပ်နှင့် ရင်ဆိုင်လိုက်သည်။

မော့ဝူရှဲ့က ကျယ်လောင်စွာရယ်မောသည် သူ့လက်ထဲတွင်ရှိနေသော ဆေဘာဓားရှည်သည် ရွှေရောင်မြားကို ခုတ်ဖြတ်လိုက်သည်။

ပြန့်ကျဲသွားသော ရွှေရောင်မြား၏ နတ်ဘုရားအလင်းများသည် မိစ္ဆာစစ်တပ်ထဲတွင် သောင်းကျန်းနေပြီး စစ်တပ်ကို နှေးကွေးသွားစေသည်။

နတ်ဘုရားအမည်စာရင်း၏ မရေမတွက်နိုင်လောက်သော နတ်စစ်သူကြီးများသည် ရှေ့တက်သွားပြီး ရန်သူများကို တားဆီးလိုက်သည်။

နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ကြောင့် သူတို့က မသေဆုံးနိုင်ပေ။

မော့ဝူရှဲ့က ရှေ့တွင်ရှိနေသော သန်းချီသည့်နတ်စစ်သူကြီးများကိုကြည့်လိုက်ပြီး အံတင်းတင်းကြိတ်လျက် အော်ဟစ်သည်။

“လူစုခွဲပြီး သတ်ဖြတ်ကြတော့”

မိစ္ဆာစစ်သည်တစ်သိန်းသည် နေရာအနှံ့သို့ ခွဲထွက်သွားသည်။

ထို့ကြောင့် နတ်ဘုရားခုံရုံးစစ်တပ်သည် သူတို့ကို တားဆီးနိုင်တော့မည်မဟုတ်ပေ။

သို့သော် ပြန့်ကျဲနေသောစစ်တပ်၏ ဖျက်ဆီးနိုင်စွမ်းသည် အလွန်လျော့နည်းသွားလိမ့်မည်။

နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ထက်တွင်ရပ်နေသော ယန်ကျန်းချင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူက ရှေ့တွင်ရှိနေသော မရေမတွက်နိုင်လောက်သည့် နတ်ဘုရားတာအိုကျင့်ကြံသူများကို ကြည့်လိုက်ပြီး ဘွဲ့ထူးများ ဆက်လက်ချီးမြှင့်ပေးနေသည်။

သူက ဘွဲ့ထူးများချီးမြှင့်ပေးနိုင်လေ အငြိုးအတေးမဲ့နယ်မြေက အားနည်းသွားလေ ဖြစ်သည်။

သိပ်မကြာခင် အငြိုးအတေးမဲ့နယ်မြေတစ်ခုလုံးသည် နတ်ဘုရားခုံရုံးအဖြစ် ပြောင်းလဲသွားလိမ့်မည်။

ထိုအချိန်တွင် အငြိုးအတေးမဲ့နယ်မြေသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် အကာအကွယ်တစ်ခု ဖြစ်လာလိမ့်မည်။

နတ်ဘုရားတာအိုနှင့် ကွန်ဖြူးရှပ်တာအို၏ ပေါင်းစပ်မှုကြောင့် ကျင့်ကြံသူများ အခွင့်အရေးပိုရလာမည်။

သူတို့က ကျင့်ကြံခြင်း၏အဆုံးသတ်သို့ ရောက်သွားလျှင်ပင် နတ်ဘုရားတာအိုကိုကျင့်ကြံပြီး ထာဝရရှင်သန်နိုင်လိမ့်မည်။

“ဘုန်း”

အာကာသထဲတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ မိစ္ဆာတာအိုသူတော်စင် မော့ဝူရှဲ့၏မျက်လုံးများက မိစ္ဆာအလင်းများဖြင့် တောက်ပနေသည်။ သူက လှုပ်ရှားလိုက်ပြီး နတ်ဘုရားအမည်စာရင်းဆီသို့ ပြေးဝင်လာသည်။

မော့ဝူရှဲ့က နတ်ဘုရားအမည်စာရင်းနှင့် မိုင်တစ်ရာခန့်အကွာသို့ ရောက်လာသောအခါတွင် အမည်စာရင်းတစ်ခုလုံးက အဆုံးမရှိသောရွှေအလင်းများဖြင့် တောက်ပလာသည်။

‌ရွှေရောင်မီးတောက်များသည် မော့ဝူရှဲ့၏ခန္ဓာကိုယ်နှင့် ထိတွေ့သွားပြီး မိုင်ထောင်ချီအကွာသို့ တွန်းထုတ်လိုက်သည်။

လေထုထဲတွင် မော့ဝူရှဲ့၏မျက်နှာထားသည် အသည်းအသန် ပြောင်းလဲသွားခဲ့သည်။

နတ်ဘုရားအမည်စာရင်း၏စွမ်းအားသည် သူ့မျှော်လင့်ချက်ထက် ပိုမိုကျော်လွန်နေသည်။

ထိုစွမ်းအားသည် သူ့ကို ဖျက်ဆီးပစ်နိုင်သည်။

သူက ကောင်းကင်အံ့ဖွယ်စစ်တပ်ဆီသို့ ပြေးဝင်သွားသည်။

သူက နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်၏စွမ်းအားကို မဖျက်ဆီးနိုင်လျှင် ကောင်းကင်အံ့ဖွယ်စစ်တပ်ကို ဖျက်ဆီးပြီး သင်ခန်းစာပေးရမည်။

မော့ဝူရှဲ့က ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး ပေတစ်သောင်းမြင့်မားသော ဝံပုလွေအမျိုးအစားသားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ သူက ကောင်းကင်အံ့ဖွယ်စစ်တပ်ကို ခုန်အုပ်သည်။

“တိရစ္ဆာန်ကောင်၊ မင်းက သေချင်နေတာပဲ”

အငြိုးအတေးမဲ့နယ်မြေမှ နတ်ဘုရင်များ၏ဝိုင်းရံမှုကိုခံထားရသော မှူးမတ်ဝူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က ခေါင်းမပါသော အစိမ်းရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

အစိမ်းရောင်နဂါးသည် ဟိန်းဟောက်လိုက်ပြီး နဂါးထွက်သက်များကို မှုတ်ထုတ်သည်။ အမြီးရှည်ကိုဝှေ့ယမ်း၍ နတ်ဘုရင်တစ်ပါး၏ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်။

နတ်ဘုရင်ဝူယွမ်က အစိမ်းရောင်နဂါး၏ရှေ့တွင်ရပ်နေပြီး အံတင်းတင်းကြိတ်၍ နောက်မဆုတ်ဘဲ ခုခံထားသည်။

သူက မော့ဝူရှဲ့အတွက် အချိန်ဆွဲပေးနေသည်။

နတ်ဘုရားအမည်စာရင်း၏ရှေ့တွင်ရပ်နေသော ဟန်မူယဲ့က မော့ဝူရှဲ့၏နောက်သို့ လိုက်သွားသည်။

ဟန်မူယဲ့၏ခန္ဓာကိုယ်က ဓားတစ်လက်အဖြစ်ပြောင်းလဲသွားပြီး အဆုံးမရှိသောတိုက်ခိုက်လိုစိတ်များကို ထုတ်လွှတ်နေသည်။

‘ငါက သူတော်စင်တစ်ယောက်နဲ့တိုက်ခိုက်လိုက်ရင်ရော ဘာဖြစ်မှာမလို့လဲ’

“ဘုန်း”

ရှေးခေတ်သားရဲရွှေဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲသွားသော မော့ဝူရှဲ့သည် စစ်တပ်ဝင်္ကပါကို ဝင်တိုက်ပြီး ဖျက်ဆီးပစ်လိုက်သည်။

မီးတောက်နီစစ်တပ်၏ စစ်သူကြီးတစ်ယောက်သည် သွေးများအန်ထုတ်လိုက်ပြီး တစ်ကိုယ်လုံးပျက်စီးသွားသည်။

“သတ် ....”

လုယန်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး စစ်တပ်ဝင်္ကပါတစ်ခုဆီမှ ပြေးထွက်လာသည်။

သူ့ခန္ဓာကိုယ်ထဲမှ ရွှေရောင်ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး ဖိနှိပ်ထားသောကျင့်ကြံခြင်းကို လွှတ်ပေးလိုက်သည်။

သူ့ကျင့်ကြံဆင့်က လျင်မြန်စွာတိုးတက်လာပြီး မိုးကြိုးများကို ပေါ်ထွက်လာစေသည်။

ကောင်းကင်ဘုံ ဝိညာဉ်သူငယ်အဆင့် ....

ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် .... နဝမအဆင့် ....

သားသတ်သမားလု၏ကျင့်ကြံခြင်းသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် နဝမအဆင့်သို့ ချက်ချင်းရောက်သွားသည်။

သူ့ခန္ဓာကိုယ်၏ ချီစွမ်းအင်အလင်းသည် အောက်တွင်ရှိနေသော စစ်သည်များ၏ သွေးနှင့်ချီစွမ်းအားများကို လှုံ့ဆော်ပြီး သွေးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။

“ဘုန်း”

လုယန်က သွေးနဂါး၏စွမ်းအားများကို ဆင့်ခေါ်လိုက်သည်။ သူ့ဝိညာဉ်က ချက်ချင်းဆိုသလိုပင် ဝိညာဉ်သူငယ်အဖြစ်ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲမှ ပျံထွက်လာသည်။

သူ့ဝိညာဉ်က သွေးနဂါးနှင့် ပေါင်းစပ်သွားသည်။ သွေးနဂါးက ခေါင်းမော့၍ ဟိန်းဟောက်လိုက်ပြီး ရွှေဝံပုလွေနှင့် ရင်ဆိုင်သည်။

ရွှေဝံပုလွေအဖြစ်ပြောင်းလဲသွားသော မော့ဝူရှဲ့သည် စိတ်မရှည်စွာ ဟိန်းဟောက်လိုက်ပြီး စစ်တပ်ဝင်္ကပါကိုချန်၍ တစ်ဖက်သို့လှည့်ထွက်သွားသည်။

သွေးနဂါး၏စွမ်းအားသည် သူ့ကို မတားဆီးနိုင်သော်လည်း နှောင့်နှေးသွားစေလိမ့်မည်။

ရွှေဝံပုလွေက နောက်တွင်ပါလာသောအလင်းတန်းကို လျစ်လျူရှုထားပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာဆီသို့ ပြေးသွားသည်။

ယခုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက ပေါ်ထွက်လာပြီဖြစ်သောကြောင့် အထဲသို့ဝင်ရောက်ရန် အခွင့်ကောင်းတစ်ခုဖြစ်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ တိုက်ရိုက်ဝင်ရောက်ပြီး ကုန်းမြေတစ်ခုကို မိစ္ဆာစွမ်းအင်များဖြင့် စွန်းထင်းစေနိုင်လျှင် ထိုနယ်မြေက ပြင်းထန်စွာ ပျက်စီးသွားလိမ့်မည်။

ထို့အပြင် ထိုနယ်မြေ၏အမှတ်အသားကြောင့် သူနှင့်လက်‌အောက်ငယ်သားများက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ အချိန်မရွေး ဆင်းသက်နိုင်လိမ့်မည်။

ထိုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက အရသာရှိသောဟင်းတစ်ပွဲကဲ့သို့ ဖြစ်နေလိမ့်မည်။

“ဘုန်း”

သူ့ရှေ့တွင် အာခီမီအငွေ့အသက်များ အဆက်မပြတ်ပေါ်ထွက်လာသည်။

‘အာခီမီကျင့်ကြံသူတွေလား’

‘အာခီမီကျင့်ကြံသူတွေက ဘယ်တုန်းက စစ်တိုက်တတ်သွားတာလဲ’

ရွှေဝံပုလွေက သိန်းချီသော အာခီမီဝင်္ကပါများကိုကြည့်လိုက်ပြီး ရက်စက်စွာပြုံးသည်။

သူက ထိုအာခီမီကျင့်ကြံသူများကို ဝါးမြိုလိုက်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အာခီမီလမ်းစဉ်သည် ပြိုလဲသွားလိမ့်မည်။

မော့ဝူရှဲ့က အရိုင်းဆန်စွာ ရယ်မောလိုက်ပြီး အာခီမီဝင်္ကပါများဆီသို့ ပြေးဝင်သွားသည်။

‘အာခီမီပညာရှင်တွေက တိတ်တိတ်လေး ဆေးလုံးသန့်စင်နေသင့်တယ်။ အခု သေလမ်းရှာနေတာပဲ’

ရွှေဝံပုလွေက ပါးစပ်ဖွင့်လိုက်သည်။

အာခီမီကျင့်ကြံသူများသည် အရသာရှိသော အာခီမီချီများနှင့် ပြည့်နေသည်။

ရွှေဝံပုလွေဆင်းသက်လာသောအခါ အောက်တွင်ရှိနေသော အာခီမီကျင့်ကြံသူများက ဆေးလုံးများကို အသည်းအသန်ပင့်မြှောက်လိုက်သည်။

‘ဆေးလုံးတွေလား’

‘ဆေးလုံးတွေနဲ့ ရန်သူကို တားဆီးနိုင်မှာလား’

‘သူတော်စင်တစ်ယောက်ကို ဆေးလုံးတွေနဲ့ တားဆီးနိုင်ရင် ကမ္ဘာတစ်ခုကိုဖိနှိပ်ထားတဲ့ သူတော်စင်လို့ ခေါ်မှာမဟုတ်ဘူး’

‘မိစ္ဆာတာအိုသူတော်စင်ကို ဆေးလုံးတွေနဲ့ တားချင်တယ်ပေါ့’

ရွှေဝံပုလွေက ကျယ်လောင်စွာရယ်သည်။ သူ့ပါးစပ်ထဲမှ သန်မာသောဆွဲငင်အားများ ပေါ်ထွက်လာပြီး ဆေးလုံးများကို အစာအိမ်ထဲသို့ မြိုချလိုက်သည်။

ရှေးခေတ်သားရဲတစ်ကောင်အနေဖြင့် အစာမချေနိုင်သောဆေးလုံးများ မရှိပေ။

‘အဲဒီဆေးလုံးတွေက သိပ်မဆိုးလောက်ဘူးမဟုတ်လား’

သူက ထိုသို့တွေးလိုက်သောအချိန်တွင် တစ်ကိုယ်လုံးတုန်ခါသွားသည်။

ထိုဆေးလုံးများက သူ့ပါးစပ်ထဲသို့ ရောက်မလာဘဲ ကြိုတင်သတ်မှတ်ထားသောလမ်းကြောင်းအတိုင်း ရွေ့လျားနေကြသည်။

တစ်ခုခု မှားနေသည်။

“ဘုန်း”

All Chapters