အခန်း (၅၄၉)
Vol. 40 Ch. 549
ထောင်ချီသောဓားအလင်းများသည် ရွှေဝံပုလွေဆီသို့ တိုးဝင်လာသည်။
ရွှေဝံပုလွေက မျက်လုံးပြူးသွားသည်။ သူက အော်ဟစ်ပြီး ထွက်ပြေးချင်သော်လည်း ကျောပေါ်တွင် မရေမတွက်နိုင်လောက်သောဓားများအား သယ်ဆောင်ထားရသည်ဟု ခံစားနေရသည်။ သူက မလှုပ်ရှားနိုင်တော့ပေ။
ကောင်းကင်စက်ဝန်းဝင်္ကပါ ....
ဆေးလုံး ၃၆၁,၀၀၀လုံးသည် အစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းထားခဲ့သည်။ ဓားအမြုတေများဖြင့်ဖွဲ့စည်းထားသော ထိုဓားဝင်္ကပါသည် ကမ္ဘာတစ်ခုကို လွယ်ကူစွာဖျက်ဆီးပစ်နိုင်သည်။
ထိုဝင်္ကပါကြောင့် သူတော်စင်တစ်ပါးပင် အရေးနိမ့်သွားလိမ့်မည်။
ရွှေဝံပုလွေက မျက်လုံးပြူးသွားပြီး ဓားအလင်းများကို ကြည့်နေရသည်။
ဓားအလင်းများ ဖျတ်ခနဲပျံသန်းသွားပြီး သူ့သားမွေးများကို ပိုင်းဖြတ်သွားသည်။
တချို့ဓားအလင်းများသည် သွေးစွန်းဒဏ်ရာများကို ချန်ရစ်ခဲ့သည်။
ရှေးခေတ်သားရဲဖြစ်သော မိစ္ဆာသူတော်စင်သည် ဓားအလင်းများကြောင့် ဒဏ်ရာရသွားခဲ့သည်။
သူတော်စင်တစ်ပါး၏သွေးများဖြင့် စွန်းထင်းသွားသော ဆေးလုံးများသည် တုန်ခါနေပြီး ဓားအလင်းများ ပိုမိုတောက်ပလာသည်။
ထိုဓားအလင်းများ ထပ်မံကျဆင်းလာလျှင် သူ့အရိုးကို ထိခိုက်စေလိမ့်မည်။
သူက ဤနေရာတွင် ပိတ်မိနေလျှင် မဖြစ်တော့ပေ။
ရွှေဝံပုလွေက ဟိန်းဟောက်လိုက်ပြီး ခေါင်းငုံ့၍ ဓားအလင်းများကိုတားဆီးပြီး ရှေ့တက်လာသည်။
သူက ဓားအလင်းများ၏တိုက်ခိုက်မှုမှ ထွက်ပြေးနေပြီး သူ့ခေါင်းနှင့်မျက်နှာသည် သွေးများဖြင့် စွန်းထင်းနေသည်။
သူ၏ ရှည်လျားသော လည်ဆံမွေးတစ်ဝက်သည် ပြတ်တောက်သွားသည်။ သူ့နားရွက်တစ်ဝက်ကလည်း နောက်တွင် ကျန်ရစ်ခဲ့သည်။ သူ့မျက်လုံးထောင့်တွင် ဓားဒဏ်ရာများရှိနေပြီး နှာခေါင်းထဲမှ သွေးများစီးကျနေသည်။
ရွှေဝံပုလွေက ပါးစပ်ဖွင့်၍ သွားဖြဲပြပြီး ဟိန်းဟောက်ချင်သော်လည်း ဒဏ်ရာများကို ဆွဲဖြဲလိုက်သလို ဖြစ်သွားသည်။
အောက်တွင် ပျော်ရွှင်နေသောအသံများ ပေါ်ထွက်လာသည်။
ဆေးလုံးထဲတွင်ရှိသော ဓားအလင်းများသည် ပိုမိုသန်မာလာသည်။
သူတော်စင်တစ်ပါး၏ သွေးနှင့်ချီများကြောင့် ဓားအမြုတေများသည် စတင်ပြောင်းလဲလာသည်။
ရွှေဝံပုလွေက ဓားအလင်းများကိုကြည့်လိုက်ပြီး ခဏတာတုံ့ဆိုင်းသွားသည်။ နောက်ဆုံးတွင် သူက မရပ်တန့်ဘဲ ထွက်ပြေးသွားသည်။
သူက ထိုဓားဝင်္ကပါနှင့် ရင်မဆိုင်ရဲပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အခြေခံအုတ်မြစ်သည် အလွန်အားကောင်းသည်။ သူတို့တွင် ဆေးလုံးများဖြင့်ဖွဲ့စည်းနိုင်သော ဓားဝင်္ကပါပင် ရှိနေသည်။
မော့ဝူရှဲ့က အခွင့်အရေးရလျှင် ထိုအာခီမီကျင့်ကြံသူများကိုဖမ်းဆီးပြီး မိစ္ဆာကျင့်ကြံသူများအဖြစ်သန့်စင်ပစ်ရန် တွေးနေသည်။ ထို့အပြင် ဓားဝင်္ကပါကိုလည်း သိမ်းယူရမည်။
သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာထဲသို့ ဝင်သွားနိုင်လျှင် အာခီမီပညာရှင်အုပ်စုနှင့်ရင်ဆိုင်ရန် မရေမတွက်နိုင်လောက်သောနည်းလမ်းများကို ထုတ်သုံးနိုင်လိမ့်မည်။
ရွှေဝံပုလွေက ဟိန်းဟောက်ပြီး ခန္ဓာကိုယ်ပေါ်ရှိနာကျင်မှုများကို ထုတ်လွှတ်လိုက်သည်။
သိန်းချီသောအာခီမီပညာရှင်များ၏ ဦးခေါင်းထက်တွင် ဓားဝင်္ကပါစွမ်းအားသည် ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားသည်။
ကောင်းကင်စက်ဝန်းဓားဝင်္ကပါ၏စွမ်းအားသည် အမှန်တကယ်ပင် မိစ္ဆာသူတော်စင်တစ်ပါးကို ဖိနှိပ်နိုင်သည်။
ဓားဝင်္ကပါကိုထိန်းချုပ်ခဲ့သော အာခီမီပညာရှင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာရယ်သည်။
ယနေ့မှစ၍ လောကရှိအာခီမီပညာရှင်များသည် အားမနည်းတော့ပေ။
ဆေးလုံးများကို ဝင်္ကပါအဖြစ် ဖွဲ့စည်းလိုက်လျှင် သူတော်စင်တစ်ပါးကိုပင် ရင်ဆိုင်နိုင်သည်။
“ခလွမ် ....”
ရွှေဝံပုလွေ၏ရှေ့တွင် ဓားရှည်တစ်လက်ပေါ်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့်ကုန်းစွန်းရှုက တည်ငြိမ်သောမျက်နှာထားဖြင့် လေထုထဲတွင် ရပ်နေသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူ ကုန်းစွန်းရှုက ဒီမှာရှိနေပါတယ်”
ကုန်းစွန်းရှုက ရွှေဝံပုလွေမော့ဝူရှဲ့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
‘ဓားကျင့်ကြံသူတဲ့လား’
‘သူတော်စင်တစ်ပါးမဖြစ်သေးတဲ့ ဓားကျင့်ကြံသူက ငါ့ကိုတားဆီးဖို့ အဆင့်မီလို့လား’
ဓားဝင်္ကပါကြောင့်ဖြစ်ပေါ်လာသော ဒေါသများသည် ပိုမိုပြင်းထန်လာသည်။ ရွှေဝံပုလွေက စိတ်မရှည်စွာ ဟိန်းဟောက်လိုက်သည်။ ပတ်ဝန်းကျင်တွင်ရှိနေသော မိစ္ဆာအလင်းများသည် ဆေဘာဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားပြီး ကုန်းစွန်းရှု၏ဦးခေါင်းကို ခုတ်ချသည်။
ဆေဘာဓားအလင်းသည် အလွန်လျင်မြန်ပြီး ကုန်းစွန်းရှု၏ရှေ့သို့ ချက်ချင်းရောက်လာသည်။
ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ထိန်းချုပ်ထားသော သူတော်စင်တစ်ပါးဖြစ်သည်။
ကုန်းစွန်းရှု၏ရှေ့တွင် ဆေဘာဓားအလင်းသည် ရှေးခေတ်မှရောက်လာသကဲ့သို့ ရပ်တန့်နေသည်။
ဓားအလင်းသည် မှုန်ဝါးနေပြီး ကုန်းစွန်းရှုနှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာကြားတွင်ရှိသော ကံကြမ္မာကြိုးမျှင်ကို ဖြတ်တောက်ပစ်ရန်အတွက် အနာဂတ်မှတစ်ဆင့် ခုတ်ချလိုက်ပုံရသည်။
ကုန်းစွန်းရှုက အသက်ရှင်ခဲ့လျှင်ပင် ကံကြမ္မာကြိုးမျှင် ပြတ်တောက်သွားပါက ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အဆက်အသွယ်ပြတ်သွားပြီး အဆုံးမရှိသောအမှောင်ထုထဲတွင် မျောပါနေလိမ့်မည်။ နှစ်ထောင်ချီကြာသည်အထိ ပြန်လာနိုင်မည်မဟုတ်ပေ။
ထိုအရာသည် သူတော်စင်တစ်ပါး၏ စွမ်းအားဖြစ်သည်။
“ကောင်းပြီလေ ....”
ကုန်းစွန်းရှုက အော်ဟစ်လိုက်ပြီး ဆေဘာဓားအလင်းကို ခုခံရန်အတွက် ဓားဖြင့်ခုတ်သည်။
သူက လက်ထဲတွင် ဓားကိုင်ထားပြီး ကျောက်ချထားသကဲ့သို့ အာကာသထဲတွင် တည်ငြိမ်စွာဆက်ရှိနေသည်။
ထိုဓားချက်သည် တာအိုနယ်မြေ၏စွမ်းအားများကို အဆုံးစွန်အထိ ထုတ်ဖော်ထားသည်။
ဓားအလင်းသည် လောကနှင့်ဆက်သွယ်နေပြီး စွမ်းအားများကိုလှုံ့ဆော်၍ ဆေဘာဓားအလင်းကို ရင်ဆိုင်သည်။
ဆေဘာဓားအလင်းသည် ပြန်လည်မွေးဖွားခြင်းဖြစ်ပြီး ဓားအလင်းသည် လက်ရှိလောကဖြစ်သည်။
“ခလွမ် ....”
ဆေဘာဓားနှင့် ဓားရှည်တို့ ထိတွေ့သွားပြီး ကုန်းစွန်းရှုက မိုင်ရာချီအကွာအထိ လွင့်စင်သွားသည်။ သူ့ပါးစပ်ထဲမှ သွေးများပန်းထွက်လာသည်။
သူ့လက်ထဲတွင်ရှိသောဓားသည် ဝမ်းနည်းစွာငိုကြွေးနေသကဲ့သို့ အဆက်မပြတ်တုန်ခါနေသည်။
ဆေဘာဓားချက်ကြောင့် သူက အပြင်းအထန် ဒဏ်ရာရသွားသည်။
သူတော်စင်တစ်ပါး၏စွမ်းအားဖြင့် အစစ်အမှန်သူတော်စင်တစ်ပါးကို မည်သို့တားဆီးနိုင်မည်နည်း။
ကံကြမ္မာစွမ်းအားသည် ပြန်လည်မွေးဖွားခြင်းစွမ်းအား၏ရှေ့တွင် ဓားတစ်လက်ကိုင်ထားသော ကလေးတစ်ယောက်နှင့်သာ တူသည်။
“ကောင်းတယ်။ ကောင်းတယ်”
ကုန်းစွန်းရှုက ဆေဘာဓားချက်ကြောင့် ထိတ်လန့်မသွားသည့်အပြင် တိုက်ခိုက်လိုစိတ်များ ပိုမိုပြင်းထန်လာသည်။
သူက ဓားဦးကို အောက်သို့ညွှန်ပြထားပြီး အာကာသထဲတွင် တစ်လှမ်းချင်းစီ ပြန်လျှောက်လာသည်။
သူက သူတော်စင်တစ်ပါး၏ရှေ့တွင် မသေဆုံးခဲ့သောကြောင့် မောက်မာခွင့်ရှိသည်။
“ခန္ဓာကိုယ်ထဲမှာ ခွန်အားတွေစုစည်းနေပြီး အကောင်အထည်မရှိတဲ့စွမ်းအားကို အသက်သွင်းနိုင်တယ်။ ပြန်လည်မွေးဖွားခြင်းစွမ်းအားတွေကို ထည့်သွင်းထားတယ်။ ရှောင်တိမ်းဖို့ နည်းလမ်းမရှိဘူး။ အံ့အားသင့်စရာပဲ”
ကုန်းစွန်းရှု၏မျက်လုံးများက တောက်ပနေပြီး ဖြည်းဖြည်းချင်း လက်မြှောက်သည်။
“ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ နန်းမြို့တော်ကို နှစ်ပေါင်းသုံးဆယ်ကြာအောင် စောင့်ကြပ်ပြီး ဥက္ကာခဲတွေပျံသန်းသွားတဲ့မြင်ကွင်းကို စောင့်ကြည့်ခဲ့တယ်။ ပြီးတော့ ဓားနည်းစနစ်တစ်ခုကို နားလည်ခဲ့တယ်”
“ဒီဓားကွက်က ကမ္ဘာခြားအင်မော်တယ်လို့ ခေါ်တယ်။ ကျေးဇူးပြုပြီး အကဲဖြတ်ပေးပါအုံး ....”
ကုန်းစွန်းရှု၏စကား အဆုံးသတ်သွားသောအချိန်တွင် သူ့ဓားသည် ဥက္ကာခဲတစ်ခုသဖွယ် ပြောင်းလဲသွားသည်။ ဓားသည် အဆုံးမရှိသောအလင်းများကိုအသုံးပြု၍ အာကာသထဲတွင် မိုင်ရာချီအကွာအဝေးကို ချက်ချင်းဖြတ်သန်းသွားပြီး ရွှေဝံပုလွေ၏နောက်တွင် ပေါ်လာသည်။ ထို့နောက် ပြင်းထန်စွာ ထိုးစိုက်ချလိုက်သည်။
ဓားသည် ထိုနေရာတွင် ရှိနေသကဲ့သို့ ရုတ်တရက် ပေါ်လာခဲ့သည်။
‘ဒါက ပြန်လည်မွေးဖွားခြင်းရဲ့စွမ်းအားပဲ’
‘မဟုတ်သေးဘူး’
ရွှေဝံပုလွေက မျက်လုံးပြူးသွားသည်။
‘ပြန်လည်မွေးဖွားခြင်းမဟုတ်ဘူး။ ဖျက်ဆီးခြင်းပဲ’
ဓားတာအိုကျင့်ကြံခြင်းသည် လေဟာနယ်ကို ဖျက်ဆီးခဲ့သည်။ ထို့နောက် လေဟာနယ်စွမ်းအားများကိုအသုံးပြု၍ ဓားရှည်ကို ပြန်လည်တည်ဆောက်ခဲ့သည်။
ထိုဓားသည် လောကကို ထိုးဖောက်နိုင်သည်။
အသန့်စင်ဆုံး ဓားတာအိုနည်းစနစ်ဖြစ်သည်။
“ရွှပ် ....”
ရွှေဝံပုလွေ၏ကျောပေါ်တွင် သွေးစွန်းဒဏ်ရာကြီးတစ်ခု ပေါ်လာသည်။
ကုန်းစွန်းရှုက ရယ်မောလိုက်ပြီး လျင်မြန်စွာနောက်ဆုတ်သည်။
ရွှေဝံပုလွေက ဟိန်းဟောက်လိုက်ပြီး သူ့နောက်သို့ လိုက်လာသည်။ သို့သော် ခြေလှမ်းအချို့အကွာတွင် သူက ရပ်တန့်လိုက်သည်။
သူ့ရှေ့တွင် ဓားအမြုတေများ လွင့်မျောနေသည်။
ထိုဓားအမြုတေများသည် အာခီမီပညာရှင်များထက် ပိုများသည်။
ထိုဓားအမြုတေများဖြင့် ဝင်္ကပါဖြစ်တည်လာလျှင် ရွှေဝံပုလွေက အပြင်းအထန်ထိခိုက်သွားလိမ့်မည်။
ထို့အပြင် သူ့ကိုဒဏ်ရာရစေနိုင်သော မဟာဓားကျင့်ကြံသူကလည်း ဘေးတွင်ရှိနေသည်။ သူက အမှန်တကယ်ပင် ခံစားရလိမ့်မည်။
ရွှေဝံပုလွေက အံတင်းတင်းကြိတ်လိုက်ပြီး ထွက်ပြေးသွားသည်။
သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဝင်ရောက်ချင်သည်။ တခြားအရာများဖြင့် အချိန်မဖြုန်းနိုင်ပေ။
ရွှေဝံပုလွေက အဝေးသို့ရောက်သွားသောအခါ အကာကာသထဲတွင် လုယွီကျိုးပေါ်လာသည်။
သူက ဘေးတွင်ရှိသော ဖြူဖျော့နေသည့်ယွင်သွမ့်ကို ကြည့်သည်။
“မဆိုးဘူးပဲ”
ယွင်သွမ့်က အားတင်း၍ ပြုံးလိုက်သည်။
ကုန်းစွန်းရှုက နောက်သို့လှည့်ကြည့်သည်။
ဓားဆေးလုံးများက လှုပ်ရှားသွားပြီး ပြန်လည်သိမ်းဆည်းခံလိုက်ရသည်။
ရွှေရောင်မီးပြင်းဖိုတစ်ခု ပေါ်လာသည်။
ယွင်သွမ့်က ဓားအမြုတေအားသန့်စင်ခဲ့သော အာခီမီပညာရှင်များကို ဆေးလုံးများစုစည်းရန် ပြောခဲ့သည်။
ထိုဆေးလုံးများသည် ကောင်းကင်စက်ဝန်းဓားဝင်္ကပါနှင့် ဆင်တူသည်။
အစောပိုင်းတွင် ထိခိုက်ခဲ့သော ရွှေဝံပုလွေက ရှေ့တက်မလာရဲဘဲ နောက်ဆုတ်၍ ထွက်သွားခဲ့သည်။
အကယ်၍ ရွှေဝံပုလွေက ရှေ့ဆက်တိုးလာလျှင် ကုန်းစွန်းရှု၊ လုယွီကျိုးနှင့် တခြားအာခီမီပညာရှင်များ သေဆုံးသွားလိမ့်မည်။
“အဲဒီသားရဲက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို သွားနေတယ်။ သူ့ကို တားနိုင်တဲ့လူ ရှိလား ....”
လုယွီကျိုးက ရွှေဝံပုလွေထွက်သွားသောဘက်သို့ ကြည့်လိုက်ပြီး တီးတိုးပြောသည်။
‘တားနိုင်တဲ့လူလား’
ရှိနေသည်။
လေပြင်းနှင့်မိုးကြိုးများအား သယ်ဆောင်ထားသော ဓားအလင်းတစ်ခု ပျံသန်းလာသည်။ ထိုဓားအလင်းသည် အသက်တစ်ခါရှုကြိမ်အတွင်း၌ မိုင်ထောင်ချီအကွာအဝေးကို ဖြတ်သန်းပြီး ရွှေဝံပုလွေ၏နောက်သို့ လိုက်သွားသည်။
လုယွီကျိုးက ထူးဆန်းစွာအော်ဟစ်သည်။
“ငါ့ ငါ့ညီအစ်ကို ....”
သူ့ဘေးတွင် ယွင်သွမ့်က တစ်ကိုယ်လုံးတုန်ခါသွားပြီး လက်တစ်ဖက်ဖြင့် ပါးစပ်ပိတ်ထားလိုက်သည်။
ကုန်းစွန်းရှုက ဓားရိုးကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ့နောက်သို့ လိုက်သွားချင်သည်။ သို့သော် သူ့မျက်နှာက နီရဲသွားပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။
ဟန်မူယဲ့ ....
ဟန်မူယဲ့ပင်ဖြစ်သည်။
အမည်မဲ့တောင်ကြားတွင် ဒဏ်ရာရနေသောစစ်သားများကို ပတ်တီးစည်းပေးနေသည့်မူဝမ်က ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။
မိုင်သောင်းချီကွာဝေးနေသော်လည်း သူမက ဟန်မူယဲ့၏အငွေ့အသက်ကို ခံစားနိုင်သည်။
မသိစိတ်၏ ညွှန်ပြချက်တစ်မျိုးဖြစ်သည်။
“အစ်ကိုဟန်”
မူဝမ်က မျက်ရည်များကျဆင်းလာသည်။
သူမ၏အစ်ကိုဟန်သည် အသက်စွန့်နေသော်လည်း သူမက မော့ကြည့်နေရုံသာ တတ်နိုင်သည်။
စွမ်းအားမဲ့နေသောခံစားချက်ကြောင့် သူမ၏နှလုံးသားက နာကျင်ရသည်။
“ကောင်မလေး၊ သူ့ကိုလိုက်မီဖို့ မလွယ်ဘူး”
မူဝမ်၏ဘေးတွင် နူးညံ့သောအသံတစ်သံ ထွက်လာသည်။
မူဝမ်က နောက်သို့လှည့်ကြည့်လိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် နူးညံ့ပုံရသောအမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။
မူဝမ်က အကြောင်းပြချက်တချို့ကြောင့် သူမနှင့် အလွန်ရင်းနှီးသည်ဟု ခံစားရသည်။
“ရှင်က ....”
မူဝမ်က တီးတိုးမေးသည်။
ထိုအမျိုးသမီးက တခစ်ခစ်ရယ်လိုက်ပြီး မူဝမ်ကို ကြည့်သည်။
“ကောင်မလေး၊ ငါက ယုဟုန်ကျီပဲ။ နင်က ငါ့ကို ဆရာတူအစ်မလို့ ခေါ်သင့်တယ်”
ဆရာတူအစ်မ ....
ကျောက်စိမ်းသက်တံနယ်မြေ၏ အာခီမီသူတော်စင် ယုဟုန်ကျီ ....
မူဝမ်က မျက်လုံးပြူးသွားသည်။
‘လူတစ်သန်းမှာ တစ်ယောက်ပဲရှိတဲ့ အာခီမီသူတော်စင်က ငါ့ရဲ့ ဆရာတူအစ်မလား’
“ဆရာတူအစ်မ ....”
မူဝမ်က လျင်မြန်စွာဦးညွှတ်လိုက်သည်။
“ဘုန်း”
အာကာသထဲတွင် ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာသည်။
သူမက ခေါင်းမော့ကြည့်လိုက်ပြီး ရွှေဝံပုလွေနှင့်ထိတွေ့သွားသော ဓားအလင်းကို မြင်လိုက်ရသည်။
ယုဟုန်ကျီ၏မျက်နှာထားက ထူးဆန်းသွားပြီး တည်ငြိမ်စွာပြောသည်။
“နင့်ရဲ့ဂိုဏ်းတူအစ်ကိုက မရိုးရှင်းဘူးပဲ ....”
ဂိုဏ်းတူအစ်ကို ....
မူဝမ်က ကောင်းကင်ထက်တွင်ရှိနေသော လွင့်မျောနေသည့်အလင်းများကို စိုးရိမ်စိတ်များနှင့်အတူ မော့ကြည့်သည်။
ထိုအချိန်တွင် ဟန်မူယဲ့က သူထိန်းချုပ်နိုင်သော နတ်ဘုရားသားရဲ၏စွမ်းအားကို အဆုံးစွန်အထိ အသုံးပြုထားသည်။
သူ့လက်ထဲတွင်ရှိသောဓားရှည်သည် သွေးနီရောင်သန်းနေပြီး နတ်ဘုရားသားရဲ၏စွမ်းအားများကို ဖော်ပြနေသည်။
တခြားလက်တစ်ဖက်တွင် ရွှေရောင်ဓားတိုတစ်ချောင်း ရှိနေသည်။ ထိုဓားသည် ရိုးရှင်းပြီး သွက်လက်သည်။
ထိုဓားသည် ယန်ကျန်းချင်၏ သမာဓိစွမ်းအားများမှ ဖြစ်ပေါ်လာသည်။
ထိုဓားနှစ်လက်သည် သူတော်စင်များကို ထိခိုက်သွားစေနိုင်သည်။
ရွှေဝံပုလွေသည် တောက်ပနေသောမျက်လုံးများနှင့်အတူ အာကာသထဲတွင် ရပ်တန့်လိုက်သည်။
သူက ဟန်မူယဲ့နှင့် အချက်ရေအနည်းငယ်ခန့် တိုက်ခိုက်ခဲ့ပြီး အသာစီးမရခဲ့ပေ။
သူ့ရှေ့တွင်ရှိနေသော ဓားကျင့်ကြံသူလူငယ်၏ကျင့်ကြံဆင့်သည် အားမကောင်းပေ။ သို့သော် အားကောင်းသော သွေးနှင့်ချီစွမ်းအားအပြင် ကြမ်းတမ်းသောဓားအလင်းက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေသည်။
ထိုစွမ်းအားသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏စွမ်းအားမဟုတ်သော်လည်း အဆင့်တူတွင် ရှိနေသည်။
သူက အလွန်သန်မာသော ဓားကျင့်ကြံသူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ပြီး ယခု နောက်တစ်ယောက်နှင့် ထပ်တွေ့နေသည်။
‘ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ဘာဖြစ်လို့ ကောင်းကင်ကိုဖီဆန်နေတဲ့ လူငယ်မျိုးဆက်တွေနဲ့ ပြည့်နေတာလဲ’
ရွှေဝံပုလွေက ဟိန်းဟောက်လိုက်ပြီး အနက်ရောင်ဝတ်စုံ၊ ချပ်ဝတ်နှင့် မော့ဝူရှဲ့အဖြစ် ပြောင်းလဲသွားသည်။
သူ့လက်ထဲတွင်ရှိသော ဆေဘာဓားရှည်သည် အရိုးအေးလောက်သော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ပေးနေသည်။
သူက ဟန်မူယဲ့၏နောက်တွင်ရှိသော ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လှမ်းကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်များကို ဖော်ပြသည်။
အဝေးတစ်နေရာတွင် ရေလှိုင်းကဲ့သို့အသံများကို ကြားနိုင်သည်။
မဟာကျင့်ကြံသူကြီးတစ်ယောက် ပျံသန်းလာနေသည်။
မှူးမတ်ဝူက နတ်ဘုရင်များကိုချန်ထားခဲ့ပြီး ကူညီရန်ရောက်လာခြင်း ဖြစ်လိမ့်မည်။
မော့ဝူရှဲ့အတွက် အချိန်သိပ်မကျန်တော့ပေ။
“ကောင်လေး၊ မင်းက ဒီကို မလာခဲ့သင့်ဘူး”
မော့ဝူရှဲ့က ပြုံးလိုက်ပြီး ဟန်မူယဲ့ကို ဆေဘာဓားရှည်ဖြင့် ညွှန်ပြသည်။
“မင်းက ငါ့ကို ကောင်းကင်အံ့ဖွယ်ကမ္ဘာထဲမဝင်နိုင်အောင် တားမယ်ဆိုရင်တောင် ငါက မင်းကို သတ်ပစ်မှာပဲ”