← Chapters

အခန်း (၅၅၂)

Vol. 40 Ch. 552

အခန်း (၅၅၂)

Vol. 40 Ch. 552

သူမ၏ရှေ့တွင် ဟန်မူယဲ့၏ ဦးညွှတ်နေသောပုံရိပ်ရှိသည်။

“ကောင်မလေး၊ နင့်ရဲ့ဂိုဏ်းတူအစ်ကိုက နင့်ကို ဒီနေရာကနေထွက်သွားနိုင်ဖို့ မျှော်လင့်နေတယ်”

“ဒီတာအိုပြိုင်ပွဲမှ နင်ထွက်သွားမှာ သူက လုပ်ချင်တာကို လုပ်နိုင်လိမ့်မယ်”

ယုဟုန်ကျီက မူဝမ်၏ပခုံးကိုပုတ်လိုက်ပြီး ညင်သာစွာပြောသည်။

“ဒါပေမဲ့ တကယ်လို့ ....”

မူဝမ်က ခေါင်းခါလိုက်ပြီး လက်သီးဆုပ်ထားသည်။

“ကျွန်မက ဂိုဏ်းတူအစ်ကိုနဲ့အတူ ရှိချင်တယ်”

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ယုဟုန်ကျီက တခစ်ခစ်ရယ်သည်။

တာအိုပြိုင်ပွဲသည် ရက်စက်သည်။ အကယ်၍ ဟန်မူယဲ့သေသွားခဲ့လျှင် သူမက တစ်ယောက်တည်းကျန်ရစ်ခဲ့မည်မဟုတ်ပေ။

သူမက ဟန်မူယဲ့နှင့်အတူ ရှိချင်သည်။

သို့သော် ယုဟုန်ကျီ၏အမြင်က မတူပေ။ သူမက တီးတိုးပြောသည်။

“ငတုံးမလေး၊ တာအိုပြိုင်ပွဲကို ဘယ်သူက စပြောခဲ့တာလဲ”

‘ဘယ်သူက စပြောခဲ့တာလဲ’

မူဝမ်က ကြောင်အသွားသည်။

တာအိုပြိုင်ပွဲကို ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက အဆိုပြုခဲ့သည်။

သူမ၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ယုဟုန်ကျီက တီးတိုးပြောသည်။

“အခု နင်နားလည်သွားပြီလား။ ဒီတာအိုပြိုင်ပွဲက အန္တရာယ်များပေမဲ့လည်း ရလဒ်က ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးရဲ့လက်ထဲမှာ ရှိနေတယ်”

‘ကောင်းကင်အံ့ဖွယ်ကမ္ဘာက အနိုင်ရမှာလား’

မူဝမ်က အလင်းလွှာထဲတွင် အပြုံးတစ်ခုနှင့်အတူ ညင်သာစွာခေါင်းညိတ်ပြနေသော အစ်ကိုဟန်ကို ကြည့်သည်။

‘တာအိုဘိုးဘေးက လိမ်နေတာရော မဖြစ်နိုင်ဘူးလား’

ယုဟုန်ကျီက ရှုပ်ထွေးသောအကြည့်များနှင့်အတူ ပတ်ဝန်းကျင်ကို ကြည့်သည်။

သူမက အာခီမီတာအို၏ သူတော်စင်တစ်ယောက်သာဖြစ်သည်။ တာအိုပြိုင်ပွဲ၏ရလဒ်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။

သူမက ခန့်မှန်းခဲ့လျှင်ပင် ခန့်မှန်းချက်တစ်ခုထက် မပိုပေ။

မဟာတာအို၏တိုက်ပွဲကို မခန့်မှန်းနိုင်ပေ။ တာအိုဘိုးဘေးကပင် ရလဒ်ကို နောက်ဆုံးအချိန်အထိ သိနိုင်မည်မဟုတ်ပေ။

“တကယ်လို့ .... တကယ်လို့ ဂိုဏ်းတူအစ်ကိုက တစ်ခုခုဖြစ်သွားရင် လူတိုင်းကို သူနဲ့အတူ သေစေချင်တယ်”

မူဝမ်က ပြတ်သားနေသောမျက်လုံးများနှင့်အတူ နေရာတွင် ရပ်နေသည်။

ယုဟုန်ကျီက အံ့အားသင့်သွားပြီး ခေါင်းညိတ်သည်။

ကျင့်ကြံသူများအတွက် ရည်မှန်းချက်တစ်ခုရှိနေလျှင် ကောင်းသည်။

....

ရက်တစ်ရာအကြာတွင် အာကာသထဲ၌ အလင်းစီးကြောင်းများ သွယ်ယှက်လာသည်။

မရေမတွက်နိုင်လောက်သောကျင့်ကြံသူများ ထွက်ပြေးသွားကြသည်။ အခွင့်အရေးရှာနေသောကျင့်ကြံသူများ ရောက်လာကြသည်။

မိုင်‌သောင်းချီသော ဤနယ်မြေသည် စွန့်စားလိုသူများအတွက် သုခဘုံတစ်ခု ဖြစ်လာသည်။

ရောက်လာသောလူများသည် နှစ်တစ်ရာတာအိုပြိုင်ပွဲတွင် ရှင်သန်နိုင်မည်ဟု ယုံကြည်ချက်ရှိကြသည်။

ဘက်ရွေးသောအခါတွင် အများစုက အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ရွေးချယ်လိုက်သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ခွန်အားသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် အဆပေါင်းများစွာ သာလွန်သည်။

အာကာသထဲတွင် ကောင်းကင်အံ့ဖွယ်စစ်တပ်က ဖြည်းဖြည်းချင်း ပြန်လည်စုစည်းလာသည်။

အငြိုးအတေးနဲ့နယ်မြေနှင့် ကျောက်စိမ်းသက်တံနယ်မြေတို့ ထွက်ခွာသွားသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာကြားတွင် ကြားခံနယ်မြေကြီးတစ်ခု ဖြစ်လာသည်။

“ဘုန်း”

ရက်တစ်ရာမြောက်တွင် အာကာသထဲ၌ အဆုံးမရှိသောတုန်ခါသံများကို ကြားလိုက်ရသည်။

လေဟာနယ်သည် တုန်ခါနေပြီး အနက်ရောင်ပင်လယ်တစ်စင်း ပြေးဝင်လာသည်။

အဆုံးမရှိသော မဟူရာပင်လယ်သည် အရာအားလုံးနီးပါးကို ဖိနှိပ်နိုင်သည်။

နတ်ဘုရားစွမ်းအား၊ တာအိုနည်းစနစ်နှင့် မဟာတာအိုစွမ်းအားများသည် အဆုံးမဲ့ပင်လယ်ထဲတွင် ထိန်းချုပ်ခံရပြီး အဆုံးစွန်အထိ စွမ်းအားများ နိမ့်ကျသွားသည်။

အကန့်အသတ်မရှိသောပင်လယ်သည် လျင်မြန်စွာပြန့်ကားလာပြီး ပျက်စီးနေသောကြယ်သေများကို ဝါးမြိုလိုက်သည်။

ချီစွမ်းအင်အလင်းများဖြင့်တောက်ပနေသော ကြယ်များကသာ ချီစွမ်းအင်၏ ကာကွယ်မှုအောက်တွင် တိတ်ဆိတ်စွာ လွင့်မျောနေနိုင်သည်။

အဆုံးမဲ့ပင်လယ်ထဲတွင် မရေမတွက်နိုင်သော အားကောင်းသည့်မိစ္ဆာသားရဲများက ကြယ်အမျိုးမျိုးဆီသို့ ပြေးဝင်လာသည်။

ထိုမိစ္ဆာများသည် အလွန်ကြမ်းတမ်းပြီး ချီစွမ်းအင်နှင့်ပတ်သတ်၍ ‌ခေါင်းမာသောစွဲလမ်းမှုမျိုး ရှိသည်။

မြင့်တက်လာ‌သောကြယ်များ၏အပြင်ဘက်တွင် မိစ္ဆာသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပြေးဝင်လာပြီး ကြယ်၏အပြင်ဘက်တွင်ရှိသော ကောင်းကင်အတားအဆီးကို ဝင်တိုက်လိုက်သည်။ ထို့နောက် သူတို့က သွေးလုံးများအဖြစ် ပြောင်းလဲသွားသည်။

အဆုံးမဲ့ပင်လယ်ထဲတွင် ထိုမိစ္ဆာသားရဲများ မရေမတွက်နိုင်အောင် ရှိသည်။ ကြယ်များကို ဝါးမြိုရန်အတွက် အမြဲတမ်း အခွင့်အရေးတစ်ခု ရှိနေလိမ့်မည်။

လုယွီကျိုးက ရေမျက်နှာပြင်ပေါ်တွင် ရပ်နေပြီး လက်မြှောက်သည်။ သူ့လက်ထဲတွင်ရှိသောစုတ်တံသည် ရှည်လျားသော အနက်ရောင်အမှတ်အသားတစ်ခုကို ရေးဆွဲလိုက်သည်။

ထိုအမှတ်အသားသည် ပင်လယ်ပြင်ကို ဆယ်မိုင်ရှည်လျားပြီး မိုင်တစ်ထောင်နက်သော ချောက်နက်တစ်ခုအဖြစ် ထိုးခွဲလိုက်သည်။

ပင်လယ်ထဲတွင်ရှိသော ပေရာချီသည့်သားရဲများသည် နှစ်ပိုင်းပြတ်သွားသည်။

ခဏအကြာတွင် ပင်လယ်ရေများ လှုပ်ရှားလာပြီး ချောက်နက်ကို ပြန်လည်ဖုံးလွှမ်းသွားသည်။

ထိုသားရဲများ၏ခန္ဓာကိုယ်ကို တခြားသားရဲများက ဝါးမြိုလိုက်ကြသည်။

လုယွီကျိုးနှင့် တခြားလူများ၏မျက်နှာထားက လေးနက်နေသည်။

အဆုံးမဲ့ပင်လယ်သည် ကျင့်ကြံသူများအတွက် အလွန်အန္တရာယ်များသည်။

အဆုံးမဲ့ပင်လယ်သည် ကွန်ဖြူးရှပ်တာအို၏စွမ်းအားကို ၈၀%အထိ ချုပ်နှောင်ထားနိုင်သည်။

လုယွီကျိုးက ကွန်ဖြူးရှပ်တာအို၏ သူတော်စင်တစ်ဝက်အဆင့်ဖြစ်သည်။ သူက အမှတ်အသားတစ်ခုဖြင့် မိုင်တစ်သောင်းကျယ်ပြန့်သောကြယ်တစ်လုံးကို ဖျက်ဆီးနိုင်သည်။ ယခု သူ့တိုက်ကွက်သည် ပေတစ်ထောင်နက်သော ချောက်ကမ်းပါးတစ်ခုကိုသာ ဖြစ်ပေါ်စေခဲ့သည်။

သူတော်စင်တစ်ဝက်အဆင့်၏စွမ်းအားသည် ထိုသို့ ကျဆင်းသွားခဲ့လျှင် တခြားကျင့်ကြံသူများအတွက် ပိုဆိုးလိမ့်မည်။

“အဆုံးမဲ့ပင်လယ်က ကံကြမ္မာနဲ့ ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ဖိနှိပ်ထားတယ်။ လက်ထောက်ကျောင်းအုပ်လုက သူတော်စင်တစ်ဝက်အဆင့်ပဲ။ ပြန်လည်မွေးဖွားခြင်းစွမ်းအားကြောင့် ဖိနှိပ်နိုင်စွမ်းက ပိုပြီးသန်မာလာတယ်”

အနက်ရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က မျက်လုံးမှေးကျဉ်းလိုက်ပြီး ရှေ့သို့ကြည့်သည်။

တခြားကွန်ဖြူးရှပ်ကျင့်ကြံသူများကလည်း ညင်သာစွာခေါင်းညိတ်သည်။

တာအိုပြိုင်ပွဲတွင် ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းစွမ်းအားကို ချိပ်ပိတ်ထားသည်။ သူတို့က စစ်ဆေးကြည့်ခဲ့ပြီး တိုက်ခိုက်နိုင်စွမ်းအကောင်းဆုံးလူများသည် ကောင်းကင်အထွတ်အထိပ်အဆင့်ဖြစ်သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြောင်း သိလိုက်ရသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ၏ စွမ်းအားတွင် ပြန်လည်မွေးဖွားခြင်းစွမ်းအားနှင့် ကံကြမ္မာစွမ်းအားတို့ မပါဝင်ပေ။ ကိုယ်ပိုင်မဟာတာအို၏ နားလည်မှုစွမ်းအားများသာ ပါဝင်သည်။

ထို့ကြောင့် လူအားလုံးသည် အများဆုံး ကောင်းကင်အထွတ်အထိပ်အဆင့်၏စွမ်းအားကိုသာ ထုတ်လွှတ်နိုင်လိမ့်မည်။

ယန်ကျန်းချင်၏မျက်လုံးထဲတွင် စိုးရိမ်မှုများ ပေါ်လာသည်။ သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဒီလိုဆိုရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကွန်ဖြူးရှပ်တာအိုအခြေခံအုတ်မြစ်က မတည်မငြိမ်ဖြစ်လာလိမ့်မယ်”

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ကွန်ဖြူးရှပ်တာအိုသည် အခြေခံအုတ်မြစ်ဖြစ်ပြီး အမတ်ချုပ်ကြီးဝမ်နှင့် မှူးမတ်ဝူတို့က ဖိနှိပ်ထားသည်။

တခြားကွန်ဖြူးရှပ်တာအို သူတော်စင်တစ်ဝက်အဆင့်များကလည်း အလွန်အားကောင်းသည်။

ယခုအချိန်တွင် သူတော်စင်ဖြစ်သော အမတ်ချုပ်ကြီးဝမ်နှင့် မှူးမတ်ဝူတို့ကလည်း ဝိညာဉ်ဖွဲ့စည်းခြင်းအထွတ်အထိပ်အဆင့်၏ စွမ်းအားကိုသာ ဖော်ထုတ်နိုင်တော့မည်။

ထိုစွမ်းအားသည် အလယ်ပိုင်းကုန်းမြေ၏ တာအိုဂိုဏ်းများနှင့် အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများကို ဖိနှိပ်ရန် မလုံလောက်ပေ။

ကိုယ်ပိုင်အခြေခံအုတ်မြစ်ကိုပင် မဖိနှိပ်နိုင်လျှင် တာအိုပြိုင်ပွဲတွင် မည်သို့ပါဝင်မည်နည်း။

ယန်ကျန်းချင်၏စကားကြောင့် တခြားကျင့်ကြံသူများ၏မျက်နှာထား မှောင်မည်းသွားသည်။

“ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို အရင်ပြန်သွားလိုက်မယ်”

ချင်စုယန်၏မျက်လုံးများက တောက်ပနေပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

သူက ကွန်ဖြူးရှပ်တာအိုနှင့် အာခီမီတွင် သူတော်စင်တစ်ဝက်အဆင့်ဖြစ်ပြီး ဓားတာအိုဆရာသခင်တစ်ဦးလည်း ဖြစ်သည်။ သူက နယ်မြေတစ်ခုကို ဖိနှိပ်နိုင်သည်။

“ဆရာသခင်ချင်၊ ငါလည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်မယ်”

ဘေးတွင်ရှိနေသော ကုန်းစွန်းရှုက ပြောလိုက်သည်။

ကုန်းစွန်းရှု၏ ကျင့်ကြံခြင်းနှင့်ခွန်အားသည် ချင်စုယန်နှင့် တခြားလူများထက် အားနည်းသည်။ သူက သူတော်စင်ဖြစ်လာသော ယန်ကျန်းချင်တို့နှင့်လည်း မယှဉ်နိုင်ပေ။

သို့သော် ယခုအချိန်တွင် သူက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် သူတို့အားလွှမ်းမိုးနိုင်သော အရှိန်အဟုန်တစ်ခုကို ပိုင်ဆိုင်ထားသည်။

“ပြီးတော့ အရှေ့ပင်လယ်က ....”

ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ဦးက လူတိုင်းကိုကြည့်လိုက်ပြီး ပြောသည်။

အရှေ့ပင်လယ်၊ အနောက်ဘက်နယ်စပ်ကုန်းမြေ၊ တောင်ပိုင်းကုန်းမြေနှင့် မြောက်ပိုင်းကုန်းမြေတို့သည် အရေးမပါသောနယ်မြေများ ဖြစ်ခဲ့သည်။ သို့သော် ယခုအချိန်တွင် တာအိုပြိုင်ပွဲအတွက် တိုက်ခိုက်ရမည့်နေရာများ ဖြစ်လာသည်။

“အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေက ကုန်းမြေလေးခုကို အမြန်ဆုံးဖိနှိပ်ပြီး ယာယီခေါင်းဆောင်ရွေးချယ်ပွဲကို ကြိုတင်ပြီး စတင်လိုက်မယ်။ ကုန်းမြေလေးခုရဲ့ကျွမ်းကျင်သူတွေကို ဝင်ပါခိုင်းလိုက်ပါ။ သူတို့ငြင်းဆန်ရင် သတ်ပစ်လိုက်”

ကျန်းရှုက သတ်ဖြတ်လိုစိတ်ပြည့်နေသောအသံဖြင့် ပြောသည်။

ကျောင်းတော်သားများက အမှန်တကယ်သတ်ဖြတ်မှုပြုလုပ်လျှင် ညင်သာမနေပေ။

လုယွီကျိုးက သက်ပြင်းချလိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။

“ကံကောင်းလို့ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့အခက်အခဲတွေကလည်း ငါတို့အောက် မနိမ့်ဘူး”

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏အင်အားစုများသည် ရှုပ်ထွေးနေသည်။ အစပိုင်းတွင် သူတော်စင်များက ဖိနှိပ်ထားသောကြောင့် သောင်းကျန်းရဲသောလူ မရှိပေ။

ယခုအချိန်တွင် သူတော်စင်အဆင့်စွမ်းအားများ ဖိနှိပ်ခံလိုက်ရသောကြောင့် ကောင်းကင်အဆင့်၏ အားကောင်းသောကျွမ်းကျင်သူများသည် ထိုင်မနေနိုင်တော့ပေ။

ထို့အပြင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ချီစွမ်းအင်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုမိုကြွယ်ဝသောကြောင့် အဆုံးမဲ့ပင်လယ်ထဲတွင်ရှိနေသော မိစ္ဆာသားရဲများကို ပိုမိုဆွဲဆောင်နိုင်သည်။

လွန်ခဲ့သောရက်တစ်ရာခန့်တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ သူတော်စင်လေးပါးသည် ဖရိုဖရဲဖြစ်နေသောကိစ္စရပ်များကို ဖိနှိပ်ရန်အတွက် တိတ်ဆိတ်စွာပြန်သွားခဲ့သည်။

အာကာသထဲတွင် ချီစွမ်းအင်အလင်းတစ်ခု ဆင်းသက်လာသည်။

ယန်ကျန်းချင်က အလင်းတန်းကို ညင်သာစွာဆုပ်ကိုင်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

“နယ်မြေခြားကျွမ်းကျင်သူတွေနဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ ကျင့်ကြံသူတွေက ကျောက်စိမ်းသက်တံကြယ်ကို တိုက်ခိုက်နေတယ်”

“အဆုံးမဲ့ပင်လယ်ရဲ့ မိစ္ဆာသားရဲတွေကလည်း ကျောက်စိမ်းသက်တံနယ်မြေကို တိုက်ခိုက်နေတယ်”

ကျောက်စိမ်းသက်တံကြယ်ပေါ်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် ယုဟုန်ကျီချန်ရစ်ခဲ့သော မရေမတွက်နိုင်လောက်သည့် ဝိညာဉ်ဆေးပင်များရှိသည်။

ကျောက်စိမ်းသက်တံနယ်မြေတစ်ခုလုံးတွင် ဝိညာဉ်ဆေးပင်များသာမကဘဲ မရေမတွက်နိုင်သော အာခီမီကျင့်ကြံသူများလည်း ရှိနေသည်။

ထိုအာခီမီကျင့်ကြံသူများသည် လေဟာနယ်ကိုဖြတ်သန်း၍ ယုဟုန်ကျီနှင့်အတူလိုက်သွားရန် လုံလောက်စွာသန်မာမှုမရှိသောကြောင့် ကျောက်စိမ်းသက်တံနယ်မြေတွင် ကျန်ရစ်ခဲ့သည်။

အာခီမီကျင့်ကြံသူအများစု၏အမြင်တွင် တာအိုပြိုင်ပွဲသည် သူတို့နှင့် မသက်ဆိုင်ပေ။

သို့သော် တာအိုပြိုင်ပွဲ စတင်လိုက်သောအချိန်တွင် သေခြင်းရှင်ခြင်းအတွက် တိုက်ပွဲဖြစ်ကြောင်း သူတို့က မသိခဲ့ပေ။

“အမတ်ချုပ်ကြီးဝမ်က အကောင်းဆုံးကြိုးစားပြီး ကျောက်စိမ်းသက်တံကြယ်ကိုကယ်တင်ဖို့ ပြောလိုက်တယ်”

ယန်ကျန်းချင်က ‌‌ခေါင်းမော့လိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် အဝေးတစ်နေရာသို့ ကြည့်သည်။

ကျောက်စိမ်းသက်တံကြယ်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် အလွန်အရေးပါသည်။

ထိုနေရာတွင်ရှိနေသော ဝိညာဉ်ဆေးပင်နှင့် အာခီမီပညာရှင်များကို ကောင်းကင်အံ့ဖွယ်ကမ္ဘာက အရေးတကြီး လိုအပ်နေသည်။

တာအိုပြိုင်ပွဲတွင် အာခီမီပညာရှင်များနှင့် ဆေးလုံးများသည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေသည်။

‘ဘယ်လိုသွားကယ်ရမှာလဲ’

သူတို့အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး မျက်နှာထားများ မည်းမှောင်သွားသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ကိုယ့်ကိုယ်ကိုယ်ပင် မကယ်တင်နိုင်သေးပေ။ ကျောက်စိမ်းသက်တံနယ်မြေကို မည်သို့ ကာကွယ်ပေးရမည်နည်း။

“ငါသွားမယ်”

တစ်ချိန်လုံးတိတ်ဆိတ်နေသော ဟွမ်တင်းရှုက ပြောလိုက်သည်။

သူက နတ်ဘုရားတာအိုဖြင့် သူတော်စင်တစ်ပါးဖြစ်လာပြီး ကွန်ဖြူးရှပ်တာအို၏ သူတော်စင်တစ်ဝက်အဆင့်ဖြစ်သည်။ သူ့တိုက်ခိုက်နိုင်စွမ်းသည် ယန်ကျန်းချင်နှင့် တူညီသည်။

နတ်ဘုရားအမည်စာရင်းကြောင့် ယန်ကျန်းချင်၏စွမ်းအားက ပိုမိုခမ်းနားလာသည်။

ဤလူများကြားတွင် ယန်ကျန်းချင်မှလွဲ၍ ဟွမ်တင်းရှု၏ကျင့်ကြံခြင်းသည် အသန်မာဆုံးဖြစ်လိမ့်မည်။

တခြားလူများက သူ့စကားကြောင့် အံ့အားသင့်မသွားပေ။

ပိုင်လီရှင်းလင်သည် ကျောက်စိမ်းသက်တံနယ်မြေမှ ရောက်လာခဲ့သည်။

ပိုင်လီရှင်းလင်က ယုဟုန်ကျီနှင့်အတူ ထွက်သွားသည်။ သို့သော် သူမ၏မိသားစုတွင် လူများကျန်နေခဲ့သေးသည်။

“ကောင်းပြီ။ နတ်ဘုရားအမည်စာရင်းရဲ့ နတ်စစ်သူကြီးတစ်ဝက်ကို မင်းနဲ့အတူ ခေါ်သွားပါ”

ယန်ကျန်းချင်က လက်ကို ညင်သာစွာဝှေ့ယမ်းသည်။ ရွှေအလင်းတစ်ခု ပေါ်ထွက်လာပြီး လေးထောင့်ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ယန်ကျန်းချင်က စုတ်တံဖြင့် ဘွဲ့ထူးများချီးမြှင့်ပေးပြီး နတ်ဘုရားအမည်စာရင်း၏ ထိန်းချုပ်သူဖြစ်လာခဲ့သည်။

ရွှေရောင်ချပ်ဝတ်နှင့် လှံကိုင်ထားသောစစ်သူကြီးများသည် သေသပ်သောဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ထိုစစ်သည်တစ်သန်း၏ နတ်ဘုရားစွမ်းအားများ ပျက်စီးမသွားခဲ့လျှင် သူတို့က သေဆုံးသွားမည်မဟုတ်ပေ။

သူတို့နှင့်ဆိုလျှင် သူက အားကောင်းသောရန်သူများကိုတားဆီးရန် ယုံကြည်ချက်ရှိသည်။

“မူယဲ့၊ မင်းလိုက်မှာလား”

ဟွမ်တင်းရှုက သိပ်မဝေးသောနေရာတွင်ထိုင်နေသည့် ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အော်ပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် သွေးနှင့်ချီများအားလှည့်ပတ်နေသော ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်ပြီး ခေါင်းညိတ်သည်။

“အာခီမီဓားဝင်္ကပါက မဆိုးဘူး။ ကျွန်တော်က ခင်ဗျားနဲ့အတူ ကျောက်စိမ်းသက်တံကြယ်ကို လိုက်မယ်”

“အဲဒီအာခီမီပညာရှင်တွေက ကျောက်စိမ်းသက်တံကြယ်ကိုမျှော်လင့်နေတာ အတော်ကြာပြီ”

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး ပြောသည်။

သူ့စကားကြောင့် လူတိုင်း၏မျက်လုံးများ တောက်ပသွားသည်။

All Chapters