← Chapters

အခန်း (၅၅၄)

Vol. 40 Ch. 554

အခန်း (၅၅၄)

Vol. 40 Ch. 554

ဝိညာဉ်သူငယ်အဆင့်ကျင့်ကြံသူများ၏ ရုပ်ခန္ဓာစွမ်းအားသည် ကျောက်စိမ်းအရိုးများ၏ထောက်ပံ့မှုကြောင့် အလွန်သန်မာသည်။

သေစေနိုင်လောက်သောဒဏ်ရာများပင် ပျောက်ကင်းနိုင်သည်။

သမာဓိစွမ်းအားဖြင့်ဖွဲ့စည်းထားသော ဓားတိုသည် ဖိနှိပ်ရန်ခက်ခဲသော ဝိညာဉ်စွမ်းအားကို သယ်ဆောင်ထားသည်။

ထိုစွမ်းအားသည် ဒဏ်ရာကိုထိုးခွဲလိုက်ပြီး သွေးများ အဆက်မပြတ်ထွက်လာစေသည်။

ထိုဒဏ်ရာကို မကုသနိုင်ပေ။

စုမင်ရှန်က လက်တစ်ဖက်ဖြင့် လည်ပင်းကိုဖိထားပြီး လျင်မြန်စွာ‌နောက်ဆုတ်သည်။ သူက ပေတစ်သောင်းအကွာသို့ ရောက်သွားသောအခါတွင် ခြေထောက်များပျော့ခွေလာပြီး အာကာသထဲတွင် လဲကျသွားသည်။

သူ့ခေါင်းထက်တွင် အစိမ်းရောင်ဝိညာဉ်သူငယ်တစ်ခု ပေါ်ထွက်လာသည်။

ဝိညာဉ်သူငယ်အဌမအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် ပုံရိပ်ယောင်ဆန်သောမူလဝိညာဉ်ကို ဖွဲ့စည်းထားနိုင်သည်။ စုမင်ရှန်က မောက်မာရန် အရည်အချင်းရှိသည်။

သူက တာအိုပြိုင်ပွဲသို့ ရောက်လာရဲသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။

ဟန်မူယဲ့က ထွက်ပြေးသွားသောစုမင်ရှန်ကိုကြည့်လိုက်ပြီး ဆက်လက်မတိုက်ခိုက်ခဲ့ပေ။

ဤနေရာတွင် ကျင့်ကြံသူများက အခွင့်အရေးအတွက် တိုက်ခိုက်နေကြသည်။ သူ၏မူလဝိညာဉ်က ခန္ဓာကိုယ်ထဲမှထွက်သွားပြီး ဝိညာဉ်သူငယ်က ဒဏ်ရာရနေသည်။ သူက လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ကျောက်စိမ်းသက်တံကြယ်အား တိုက်ခိုက်နေကြသော ကျင့်ကြံသူအများအပြားသည် တိတ်ဆိတ်စွာ ထွက်သွားခဲ့သည်။ သူတို့က ဟန်မူယဲ့၏တိုက်ခိုက်နိုင်စွမ်းကို ကြောက်ရွံ့သွားခြင်းဖြစ်နိုင်သလို တခြားအရာများ သွားလုပ်နေခြင်းလည်း ဖြစ်နိုင်သည်။

နာရီဝက်အကြာတွင် ဟန်မူယဲ့၏ကိုယ်ပေါ်၌ မှိန်ဖျော့သောချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။

အားဖြည့်ပေးခြင်း ....

စုမင်ရှန်၏ဝိညာဉ်သူငယ်သည် အသတ်ခံလိုက်ရသည်။

မဟာကျင့်ကြံသူတစ်ယောက် သေဆုံးသွားသောအခါတွင် ထိုကျင့်ကြံသူ၏စွမ်းအားများသည် ကောင်းကင်နှင့်မြေကြီးဆီသို့ ပြန်ရောက်လာလိမ့်မည်။ တာအိုပြိုင်ပွဲအဆုံးသတ်သွားသောအခါတွင် ထိုစွမ်းအားများသည် တာအိုဘိုးဘေးတစ်ပါးကို မွေးထုတ်ပေးလိမ့်မည်။

ထို့အပြင် မဟာကျင့်ကြံသူအား သတ်ဖြတ်လိုက်သောလူအတွက်လည်း အကျိုးကျေးဇူးများ ရလိမ့်မည်။

ဟန်မူယဲ့က စုမင်ရှန်၏ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့သောကြောင့် အများဆုံး အကျိုးရလိုက်သည်။

တာအိုပြိုင်ပွဲတွင် သတ်ဖြတ်ခြင်းသည် တစ်ခုတည်းသောစည်းမျဉ်းဖြစ်သည်။

ဟန်မူယဲ့က ဓားကိုင်ထားပြီး မျက်နှာထားမည်းနက်သွားသည်။

သူက တာအိုပြိုင်ပွဲကို အထင်သေးခဲ့မိသည်။

မဟာတာအိုပြိုင်ပွဲတွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအတွက် နောင်တမရှိပေ။

သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

တချို့ကျင့်ကြံသူများက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားပြီး တချို့ကျင့်ကြံသူများ၏ခန္ဓာကိုယ်က ချီစွမ်းအင်အလင်းများဖြင့်တောက်ပလျက် ရှေ့တက်လာသည်။

သန်မာသောလူများက နေရာအနှံ့တွင် တိုက်ခိုက်နေပြီး အားနည်းသူများက ပျောက်ကွယ်သွားရမည်။

တာအိုအတွက်တိုက်ခိုက်ရန် ပြတ်သားရမည်။

ဟန်မူယဲ့က ဓားဖြင့်ထိုးချလိုက်ပြီး အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦး၏ဘေးတွင် ပေါ်လာသည်။

တာအိုတန်ခိုးရှင်၏လက်ထဲတွင်ရှိသော ကျောက်စိမ်းခေါင်းလောင်းသည် တုန်ခါသွားပြီး ရွှေအလင်းလုံးတစ်ခုသည် ဟန်မူယဲ့၏စိတ်နယ်ပယ်ကို ဝင်တိုက်လိုက်သည်။

ဝိညာဉ်ကိုတိုက်ခိုက်ရန် အထူးပြုထားသော နည်းလမ်းများသည် ကျင့်ကြံသူအများစုကို ဖိနှိပ်နိုင်သည်။

ထိုရွှေအလင်းအောက်တွင် အဆင့်နိမ့်ကျင့်ကြံသူများ၏ဝိညာဉ်က ချက်ချင်းပျက်စီးသွားလိမ့်မည်။ အဆင့်မြင့်ကျင့်ကြံသူများ၏ဝိညာဉ်က ချုပ်နှောင်ခံလိုက်ရပြီး သတ်ဖြတ်ခံရလိမ့်မည်။

သို့သော် ထိုရွှေအလင်းသည် ဟန်မူယဲ့အပေါ်တွင် အသုံးမဝင်ပေ။

ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင် ဝိညာဉ်လိပ်ပြာဓားရှိသည်။

ရွှေအလင်းလုံးသည် ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲသို့ ရောက်သွားသောအခါတွင် ချက်ချင်းဝါးမြိုခံလိုက်ရသည်။

“ရွှပ် ....”

ဟန်မူယဲ့က ရပ်တန့်ခြင်းမရှိပေ။ သူက ဓားဖြင့်ခုတ်ချပြီး ကျောက်စိမ်းခေါင်းလောင်းလေးကို ဖျက်ဆီးလိုက်သည်။

တာအိုတန်ခိုးရှင်၏ ကြောက်ရွံ့နေ‌သောအကြည့်အောက်တွင် ဓားတိုလေးသည် ရင်ဘတ်ကိုထိုးဖောက်ပြီး နှလုံးသွေးကြောများကို ဖျက်ဆီးလိုက်သည်။

ရွှေအမြုတေဖွဲ့စည်းထားသော ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူတစ်ယောက်သည် တစ်ချက်တည်း သေဆုံးသွားခဲ့သည်။

ဟန်မူယဲ့က ဓားကိုဆွဲနုတ်ပြီး တစ်ဖက်သို့ကြည့်သည်။

ဦးချိုနှစ်ချောင်းနှင့် ရေယက်လေးခုရှိပြီး ကြေးခွံနက်များဖြင့်လွှမ်းခြုံနေသော မိစ္ဆာသားရဲတစ်ကောင်က ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

သို့သော် ဟန်မူယဲ့၏ဓားကဲ့သို့ မလျင်မြန်ပေ။

ရွှေရောင်ဓားအလင်းသည် ပေငါးဆယ်ရှည်လျားသော အဆုံးမဲ့ပင်လယ်၏ငါးမိစ္ဆာကို နှစ်ခြမ်းခွဲပစ်လိုက်သည်။

ဓားအလင်းသည် ထပ်မံလှုပ်ရှားလိုက်ပြီး ဆယ်မိုင်အကွာတွင် ထွက်ပြေးသွားသော မိစ္ဆာအလင်းများဖြင့်လွှမ်းခြုံနေသည့် ကျင့်ကြံသူသုံးယောက်ဆီသို့ လိုက်သွားသည်။

ဓားအလင်းသည် အလွန်လျင်မြန်သည်။ မိစ္ဆာကျင့်ကြံသူသုံးယောက်ကို သတ်ဖြတ်ပြီးသောအခါတွင် မိုင်ဒါဇင်ပတ်ပတ်လည်တွင် ပျံသန်း၍ ဟန်မူယဲ့ဆီသို့ ပြန်ရောက်လာသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများ လူစုခွဲသွားသည်။

ဟန်မူယဲ့၏ဓားက အလွန်ထက်မြိနေသည်။

ဟန်မူယဲ့က ဓားနှစ်လက်ကိုင်ထားပြီး အာကာသထဲတွင် လှည့်ပတ်နေသည်။

ကျောက်စိမ်းသက်တံနယ်မြေကို တိုက်ခိုက်ရဲသောလူများရှိလျှင် သူ့ဓားက လှုပ်ရှားလာလိမ့်မည်။

သူ့ဓားချက်မှ ရှင်သန်နိုင်သောလူများ အနည်းငယ်သာရှိသည်။

သူ့ဓားအလင်းသည် ပိုမိုထက်မြိလာသည်။

“ခလွမ် ....”

ဓားကျင့်ကြံသူတစ်ယောက်၏ဓားပျံက လွင့်ထွက်သွားသည်။ ထို့နောက် ဟန်မူယဲ့၏ဓားပျံက သူ့ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်ပြီး လွင့်ထွက်သွားသောဓားပျံကို ဖမ်းယူသည်။ ဓားပျံထဲသို့ ဓားချီများ တိုးဝင်သွားသည်။

“ဝီ”

ဓားရှည်သည် တုန်ခါသွားပြီး ဓား၏အကြွင်းအကျန်ဝိညာဉ်သည် ချက်ချင်းပျက်စီးသွားသည်။

အဆင့်မြင့်ဝိညာဉ်နက်လက်၊ ဝိညာဉ်အိုဓား ....

ထိုဓားသည် သုံးပေရှည်လျားပြီး ပေါင် ၃၂၀လေးသည်။ ဓားသွား၏နှစ်ဖက်လုံးတွင် သွေးမြောင်းများရှိနေပြီး ပုံရိပ်ယောင်ဆန်သောတာအိုအင်းကွက်သုံးခုသည် ဓားကိုယ်ထည်ပေါ်တွင် ရှိနေသည်။

ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များဖြတ်ပြေးသွားပြီး ကမ္ဘာတစ်ခုကို မြင်လိုက်ရသည်။

အနန္တဝိညာဉ်စကြဝဠာတွင် ဝူချန်ကြယ်၏ ရာချီဝိညာဉ်ဓားဂိုဏ်းမှ အကြီးအကဲတစ်ယောက်ဖြစ်သူ စွန်းချီသည် ကောင်းကင်တစ်ဝက်အဆင့်တွင် နှစ်ပေါင်းရှစ်ရာကြာအောင် ပိတ်မိနေခဲ့သည်။ သူ့သက်တမ်းက ကုန်ဆုံးတော့မည်ဖြစ်သည်။

ရာချီဝိညာဉ်ဓားဂိုဏ်းသည် အလွန်အားကောင်းသော ဓားနည်းစနစ်အမွေအနှစ်များကို ပိုင်ဆိုင်ထားသည့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ ဂိုဏ်း၏ အဓိကဓားနည်းစနစ်သုံးခုသည် ကြယ်များကို ဖျက်ဆီးနိုင်သည်ဟု နာမည်ကြီးသည်။

စွန်းချီက ဝိညာဉ်ပြောင်းလဲခြင်းဓားနည်းစနစ်ကို ကျင့်ကြံခဲ့သည်။ ဓားသည် ဝိညာဉ်နှင့် ပေါင်းစပ်သွားပြီး ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ဆွဲယူ၍ သက်ရှိအမျိုးမျိုးအဖြစ် ပြောင်းလဲနိုင်သည်။

ထိုဓားနည်းစနစ်သည် တာအိုနည်းစနစ်နှင့် ပိုမိုနီးစပ်သည်။ မှော်ဓားများ၏ ထိပ်တန်းနည်းစနစ်တစ်ခု ဖြစ်သည်။

သူက ငါးဝိညာဉ်ဓားနည်းစနစ်ကို နားလည်ခဲ့သည်။

သူက ငှက်ပျံဓားနည်းစနစ်ကို နားလည်ခဲ့သည်။

....

ဟန်မူယဲ့က လက်ထဲတွင်ရှိသော‌ဓားကို မြှောက်လိုက်သည်။ ခိုဖြူအများအပြားပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တွင်ရှိနေသော ကျင့်ကြံသူများနှင့် ဝင်တိုက်သွားသည်။

ဓားအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။

သုံးရက်အကြာတွင် ကျောက်စိမ်းသက်တံကြယ်၏ပတ်ဝန်းကျင်သည် အခြေခံအားဖြင့် ရှင်းလင်းသွားသည်။

လူတစ်ယောက်နှင့်ဓားတစ်လက်သည် ကောင်းကင်ကို လွှမ်းမိုးထားသည်။

ထောင်ချီသော ကျင့်ကြံသူများနှင့် မရေမတွက်နိုင်လောက်သော မိစ္ဆာသားရဲများသည် အဝေးတစ်နေရာတွင် စောင့်ကြည့်နေကြသည်။ သူတို့က ဟန်မူယဲ့၏လက်ချက်ကြောင့် သေဆုံးသွားမည့် နောက်တစ်ယောက် မဖြစ်ချင်ပေ။

ထိုဓားကျင့်ကြံသူက အလွန်အားကောင်းသည်။

ဟန်မူယဲ့က ချဉ်းကပ်မလာရဲသောကျင့်ကြံသူများကို ကြည့်လိုက်ပြီး ကျောက်စိမ်းသက်တံကြယ်အတွင်းသို့ ဝင်သွားသည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း”

ကျောက်စိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်က ရှေ့တက်လာပြီး ဦးညွှတ်သည်။

“ငါက မင်ချန်ကျီပါ”

မင်ချန်ကျီဟူသော တာအိုတန်ခိုးရှင်သည် ဝိညာဉ်ကိုယ်ခွဲနဝမအဆင့်တွင်ရှိနေပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

သို့သော် ထိုမဟာကျင့်ကြံသူသည် ကျောက်စိမ်းသက်တံနယ်မြေ တိုက်ခိုက်ခံရသောအချိန်၌ အထဲတွင်သာ စောင့်နေနိုင်သည်။

အာခီမီကျင့်ကြံသူများ၏တိုက်ခိုက်နိုင်စွမ်းသည် အလွန်ဆိုးဝါးသည်။ သူက ကြယ်ထဲမှ ထွက်သွားခဲ့လျှင် ဘက်ပေါင်းစုံမှ ဝိုင်းရံတိုက်ခိုက်ခံရပြီး သေဆုံးသွားလိမ့်မည်။

“ကျွန်တော်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကပါ။ ကောင်းကင်အံ့ဖွယ်စစ်တပ်က မကြာခင်မှာ ကျောက်စိမ်းသက်တံကြယ်ဆီကို ရောက်လာပါလိမ့်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ရောက်လာသော အာခီမီပညာရှင်များကိုကြည့်သည်။

ထိုအာခီမီပညာရှင်များက စိုးရိမ်ထိတ်လန့်နေကြသည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် သူတို့က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ကျောက်စိမ်းသက်တံနယ်မြေသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် မဟာမိတ်များဖြစ်သည်။ ယုဟုန်ကျီရှိနေသောအချိန်တွင် အင်အားစုနှစ်ခုက ပူးပေါင်းခဲ့ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ကျောက်စိမ်းသက်တံနယ်မြေကို ကာကွယ်ပေးရန် အစွမ်းကုန်ကြိုးစားလေ့ရှိသည်။

“ကျေးဇူးတင်ပါတယ်တာအိုရောင်းရင်း။ ငါတို့က ဘာလုပ်ပေးနိုင်မလဲမသိဘူး”

အစိမ်းရောင်ဝတ်စုံနှင့် မုတ်ဆိတ်ရှည်လူအိုကြီးတစ်ယောက်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာမေးသည်။

ဟန်မူယဲ့က အထဲသို့ ရောက်လာသောအခါတွင် အာကာသထဲ၌ ကျင့်ကြံသူများ ပြန်လည်စုစည်းလာသည်။

ဟန်မူယဲ့က နောက်သို့ ပြန်လှည့်ကြည့်ပြီး ခပ်ဟဟရယ်သည်။

“ခင်ဗျားတို့မှာ အသုံးမလိုတဲ့ဆေးလုံးတွေ ရှိလား”

‘အသုံးမလိုတဲ့ဆေးလုံးတွေလား’

ဟန်မူယဲ့၏စကားကြောင့် အာခီမီပညာရှင်များက စိတ်ရှုပ်ထွေးသွားသည်။

တချို့လူများက မီးခိုးရောင်သန်းနေသော ဆေးလုံး နှစ်လုံး၊ သုံးလုံးခန့်ကို ထုတ်ယူလိုက်သည်။ တချို့က သာမန်အဆင့် ဆဌမအဆင့်နှင့် ပဥ္စမအဆင့်ဆေးလုံးများကို ထုတ်ယူသည်။

‘သာမန်ဆေးလုံးတွေကို မလိုအပ်တဲ့ဆေးလုံးတွေလို့ ယူဆနိုင်တယ်မဟုတ်လား’

ဟန်မူယဲ့က ဝိညာဉ်ဆေးပင်နှင့် ဆေးရနံ့များပြည့်နှက်နေသော ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မျက်နှာထားထူးဆန်းသွားသည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အသက်ရှည်ဆေးဖော်စပ်နိုင်ရန် ပိုင်စုကျန်းက အချိန်ယူ၍ ဝိညာဉ်ဆေးပင်များကို စုဆောင်းပေးခဲ့ရသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဝိညာဉ်ဆေးပင်များ ကြွယ်ဝနေလျှင် သူက အာခီမီလမ်းစဉ်ကို လျှောက်လှမ်းမိနိုင်သည်။

ဟန်မူယဲ့က သတ္တမအဆင့်ဝိညာဉ်သွေးကြောပေါင်းစပ်ဆေးလုံးကို လှမ်းယူပြီး ပစ်ထုတ်လိုက်သည်။

ထိုဆေးလုံးသည် ပေထောင်ချီအကွာသို့ ပျံသန်းသွားပြီး ဆေးစွမ်းအားများ ပေါက်ကွဲထွက်လာသည်။

“ဘုန်း”

အာကာသထဲတွင် မိုင်တစ်ရာပတ်ဝန်းကျင်သည် ပေါက်ကွဲသွားခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ဖျက်ဆီးနိုင်စွမ်းသိပ်မရှိပေ။ အခြေခံအုတ်မြစ်အဆင့်သို့ စတင်ဝင်ရောက်လာသော ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းနှင့်သာ တူညီသည်။

သို့သော် ဆေးလုံးပေါက်ကွဲသွားသောအချိန်တွင် အာခီမီပညာရှင်အများစု၏မျက်လုံးများ တောက်ပသွားသည်။

“ရန်သူတစ်ယောက် တိုက်ခိုက်လာရင် ဆေးလုံးကိုပဲ ဖောက်ခွဲပစ်လိုက်ပါ”

“အသုံးမလိုတဲ့ဆေးလုံးတွေ၊ အဆင့်မတူတဲ့ဆေးလုံးတွေက ပေါက်ကွဲနိုင်တယ်”

ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် လူတိုင်းကို ကြည့်လိုက်သည်။

“တာအိုပြိုင်ပွဲက သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးလိမ့်မယ်။ ဆေးလုံးနဲ့ဝိညာဉ်ဆေးပင်တွေက အသုံးချရမယ့်ပစ္စည်းတွေပဲ”

“ကျောက်စိမ်းသက်တံကြယ်ရဲ့ အာခီမီပညာရှင်တွေက ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ကောင်းကင်အံ့ဖွယ်ကျင့်ကြံသူတွေက အစွမ်းကုန်သုံးပြီး ကူညီပေးမှာမဟုတ်ဘူး”

သူ့စကားကြောင့် လူများ၏မျက်နှာထား ပြောင်းလဲသွားသည်။

သို့သော် ဟန်မူယဲ့၏စကားက မှန်ကန်ကြောင်း သူတို့အားလုံး နားလည်သည်။

အဆုံးအဖြတ်တိုက်ပွဲတွင် တခြားလူများအား ကာကွယ်ပေးနိုင်ရန် စွမ်းအားရှိမည်မဟုတ်ပေ။

အာခီမီပညာရှင်အုပ်စုအတွက်ဆိုလျှင် ပိုဆိုးသည်။

“တာအိုရောင်းရင်း၊ စိတ်မပူပါနဲ့။ ကျောက်စိမ်းသက်တံကြယ်ပေါ်မှာ ပစ္စည်းတွေအများကြီးမရှိပေမဲ့ ဆေးလုံးတွေတော့ အများကြီးရှိပါတယ်”

မင်ချန်ကျီက ရှေ့တစ်လှမ်းတိုးလိုက်ပြီး လက်ထဲတွင် ရွှေရောင်ဆေးလုံးတစ်လုံးကို ကိုင်ထားသည်။

ပဥ္စမအဆင့်ဆေးလုံး၊ အထွတ်အထိပ်အဆင့် ....

ဟန်မူယဲ့၏နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

ထိုဆေးလုံးသည် ဝိညာဉ်ကျောက်တုံး ဆယ်သန်းကျော်တန်ဖိုးရှိသည်။

မင်ချန်ကျီက နှမြောမနေပေ။ သူက ကောင်းကင်၏အပြင်ဘက်သို့ ပျံသန်းသွားပြီး ရွှေရောင်ဆေးလုံးကို ပစ်ထုတ်လိုက်သည်။

‘ဆေးစွမ်းအားကောင်းတဲ့ ဆေးလုံးတစ်လုံးလား’

‘ငါတို့တွေ ကြယ်ကိုမတိုက်ခိုက်အောင်လို့ သူက ဆေးလုံးသုံးပြီး ဆွဲဆောင်နေတာလား’

အပြင်ဘက်တွင်ရှိသော ကျင့်ကြံသူများက အံ့အားသင့်သွားသည်။

ထိုအချက်သည် အလွန်ထိရောက်သည်။

သူတို့က ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်များကိုလိုချင်သောကြောင့် ထိုကြယ်ကို တိုက်ခိုက်နေခဲ့သည်။

ထိုအာခီမီကျင့်ကြံသူများက ဆေးလုံးကိုအသုံးပြုပြီး အသက်ရှင်သန်ရန် တောင်းဆိုမည်ဆိုလျှင် ခွင့်ပြုပေးနိုင်သည်။

“ဟားဟား၊ ပဥ္စမအဆင့်ဆေးလုံးကို ကမ္ဘာမြေအဆင့် အာခီမီပညာရှင်သုံးယောက်ရဲ့အသက်နဲ့ လဲလှယ်နိုင်တယ်။ ဒီစည်းကမ်းကို သတ်မှတ်လိုက်ပြီ”

ရွှေရောင်ဝတ်စုံနှင့် ဝိညာဉ်သူငယ်တတိယအဆင့်ကျင့်ကြံသူတစ်ဦးက ရယ်မောလိုက်ပြီး လက်ကိုဆန့်ထုတ်၍ ရွှေရောင်ဆေးလုံးကို ဆွဲယူသည်။

“ဟမ့်၊ မင်းမှာ ဆေးလုံးကိုယူဖို့ အရည်အချင်းရှိလို့လား”

နှာမှုတ်သံနှင့်အတူ သိပ်မဝေးသောနေရာတွင်ရှိနေသော လူတစ်ယောက်က လက်မြှောက်၍ ဆေးလုံးကို ချီစွမ်းအင်အလင်းဖြင့် ရစ်ပတ်လိုက်သည်။

“ဒီဆေးလုံးက မဆိုးဘူး။ ငါယူလိုက်မယ်”

တစ်ဖက်တွင် အနက်ရောင်ဝတ်စုံနှင့် မိစ္ဆာကျင့်ကြံသူတစ်ဦးက အေးစက်စွာပြောသည်။ အနက်ရောင်အလင်းတစ်ခု ကျဆင်းလာသည်။

သိပ်မဝေးသောနေရာတွင် မဟာကျင့်ကြံသူများက ချီစွမ်းအင်အလင်းများကိုဖော်ထုတ်၍ ပျံသန်းလာသည်။

‘ဆေးလုံးကို လုယူနေကြတာလား’

ကျောက်စိမ်းသက်တံကြယ်ပေါ်တွင်ရှိနေသော ကျင့်ကြံသူများက ဆေးလုံးကိုအသုံးချ၍ လူတိုင်းကို အချင်းချင်း သတ်ဖြတ်စေချင်သည်။

“ဒါက သွေးခွဲနေတာပဲ”

လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ကျင့်ကြံသူအများအပြားက မျက်မှောင်ကြုတ်ပြီး ဆေးလုံးအားဝိုင်းရံထားသော ကျင့်ကြံသူများကို ကြည့်လိုက်သည်။

နည်းလမ်းကောင်းတစ်ခုပင်ဖြစ်သည်။ ဆေးတစ်လုံးသည် ယခုလေးတင်တည်ဆောက်ထားခဲ့သော မဟာမိတ်ကို ပြိုကွဲသွားစေသည်။

All Chapters