← Chapters

အခန်း (၅၅၅)

Vol. 40 Ch. 555

အခန်း (၅၅၅)

Vol. 40 Ch. 555

ဝိညာဉ်သူငယ်ကျင့်ကြံသူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး အော်ပြောသည်။

“တာအိုရောင်းရင်းတို့ ဆေးလုံးအတွက် မတိုက်ခိုက်ကြပါနဲ့။ အတူတူပူးပေါင်းပြီး ....”

သူ့စကားအဆုံးမသတ်ခင် ကျင့်ကြံသူအများအပြား ဝိုင်းရံထားသော ရွှေရောင်ဆေးလုံးသည် မီးတောက်များနှင့်အတူ ပေါက်ကွဲသွားသည်။

“ဘုန်း”

မိုင်တစ်ရာပတ်ဝန်းကျင်းသည် မီးတောက်များဖြင့် လွှမ်းခြုံသွားသည်။

“အရမ်းလှတာပဲ ....”

မင်ချန်ကျီ၏မျက်နှာထားက ရှုပ်ထွေးနေပြီး ကောင်းကင်ကိုကြည့်၍ ရေရွတ်လိုက်သည်။

ဆေးလုံးတစ်လုံးသည် ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူခြောက်ယောက်ကို သတ်ဖြတ်လိုက်ပြီး သုံးယောက်ကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။ သူက ထိုဖြစ်ရပ်နှင့် အသားမကျနိုင်ပေ။

အာခီမီပညာရှင်တစ်ယောက်အနေဖြင့် သူက ရောဂါကုသပြီး အသက်များကို ကယ်တင်ရမည်။ ယခု သူက ဆေးလုံးဖြင့် တခြားလူများကို ပထမဆုံးအကြိမ် သတ်ဖြတ်ခဲ့သည်။

ထိုဖြစ်ရပ်ကို တည်ငြိမ်စွာလက်ခံနိုင်သောလူများ သိပ်မရှိပေ။

အာခီမီပညာရှင်အများစုက ဆေးလုံးများကို ဆုပ်ကိုင်ထားပြီး တုံ့ဆိုင်းနေသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါ၍ ပျံထွက်သွားသည်။

သူ့လက်ဝါးထဲမှ ဒါဇင်ချီနေသော မီးခိုးရောင်ဆေးလုံးများ ပျံသန်းထွက်လာသည်။

‘နောက်ထပ်ဆေးလုံးတွေပဲ’

အာကာသထဲတွင် ဆေးလုံးတစ်လုံးကြောင့် ထိတ်လန့်သွားခဲ့ရသော ပြင်ပဘုံကျင့်ကြံသူများက ထိတ်လန်စွာ ထွက်ပြေးသွားကြသည်။

အစပိုင်းတွင် ဆေးလုံးများကိုအသုံးပြု၍ သူတို့ကို သွေးခွဲချင်သည်ဟု ထင်ခဲ့ကြသည်။ အဆုံးတွင် ထိုဆေးလုံးသည် ပေါက်ကွဲသွားပြီး ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများကို သတ်ဖြတ်ပစ်လိုက်သည်။

ထိုနည်းလမ်းသည် ပြင်ပဘုံကျင့်ကြံသူများကို ထိတ်လန့်သွားစေသည်။

ဆေးလုံး၏ပေါက်ကွဲမှုကြောင့် မိုင်တစ်ရာပတ်လည်သည် ပျက်စီးသွားခဲ့သည်။ သူတို့က အသက်ရှင်နေလျှင်ပင် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မည်။

ထိုအချိန်တွင် လူတိုင်းက ထိတ်လန့်နေသည်။

ဟန်မူယဲ့က ဆေးလုံးများကို ထပ်မံပစ်လွှတ်လိုက်သောကြောင့် သူတို့က ပိုမိုကြောက်ရွံ့သွားသည်။

‘သူက အားလုံးကို တစ်ခါတည်းသတ်ပစ်ဖို့ ကြံစည်နေတာလား’

သူတို့အားလုံးက မိုင်ထောင်ချီအကွာသို့ လျင်မြန်စွာထွက်ပြေးသွားကြသည်။

နှေးကွေးနေသောလူများက ခုခံကာကွယ်ရေးနည်းလမ်းများအားလုံးကို ထုတ်သုံးထားသည်။

အဆောင်လက်ဖွဲ့၊ ဝိညာဉ်လက်နက်၊ မန္တန် ....

သူတို့၏ခန္ဓာကိုယ်ကို အလင်းတန်းများက လွှမ်းခြုံထားသည်။

သို့သော် သူ့တို့၏မျက်နှာက ဖြူဖျော့ပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုများ ရှိနေသည်။

အစောပိုင်းတွင် ဆေးလုံးတစ်လုံးသည် ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူအများအပြားကို သတ်ဖြတ်ခဲ့သည်။ ယခု ဆေးလုံးအများအပြား ရှိနေသောကြောင့် ပိုမိုပြင်းထန်လိမ့်မည်။

“ဘုန်း”

ဆေးလုံးတစ်လုံး ပေါက်ကွဲသွားသည်။

ကောင်းကင်က မည်းမှောင်သွားသည်။

တခြားဆေးလုံးများလည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားသည်။

တချို့ဆေးလုံးများက ပေတစ်ထောင်ပတ်လည်ကို တုန်ခါသွားစေပြီး တချို့က သုံးပေ၊ ငါးပေ ပတ်လည်ကိုသာ တုန်ခါသွားစေသည်။

‘ဒါပဲလား’

‘ဒါက အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူရဲ့ စွမ်းအားပြည့်တိုက်ခိုက်မှုလောက်တောင် မရှိဘူး’

မိုင်ထောင်ချီအကွာတွင် ထွက်ပြေးသွားသောကျင့်ကြံသူများက မျက်နှာများ နီရဲနေသည်။

‘ထွက်ပြေးလာတာ အရမ်းရှက်စရာကောင်းတယ်’

သူတို့က တွေးမိသည်။

မိုင်တစ်ရာပတ်လည်တွင်ရှိနေသော ကျင့်ကြံသူများက ခန္ဓာကိုယ်ပေါ်တွင်ရှိသော အလင်းလွှာများကိုကြည့်လိုက်ပြီး ငိုချင်သွားသည်။

‘ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်တောင်ကုန်သွားပြီလဲ’

“ဝှစ် ....”

“ဝှစ် ....”

ဟန်မူယဲ့၏နောက်တွင် အာခီမီပညာရှင်များ ရောက်လာပြီး ဆေးလုံးများကို ပစ်လွှတ်လိုက်သည်။

‘နောက်ထပ် ဆေးလုံးတွေ’

အာကာသထဲတွင်ရှိနေသော ကျင့်ကြံသူများက လမ်းပျောက်သွားသည်။

‘ထွက်ပြေးရမှာလား စောင့်ကြည့်နေရမှာလား’

“ဘုန်း”

ဟန်မူယဲ့က အံ့အားသင့်နေသောမျက်နှာထားဖြင့် လျင်မြန်စွာနောက်ဆုတ်သည်။

သူက ကျောက်စိမ်းသက်တံကြယ်ဆီသို့ ပြန်ရောက်လာသောအခါတွင် ဖရိုဖရဲထွက်ပြေးလာသော အာခီမီပညာရှင်များကို ကြည့်သည်။

“အဲဒီဆေးလုံးက ဘာလဲ”

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။

“ငါသန့်စင်ထားတဲ့ စတုတ္ထအဆင့် ကျောက်စိမ်းနေမင်းဝိညာဉ်စုစည်းဆေးလုံးပဲ ....”

ကောင်းကင်အဆင့်အာခီမီပညာရှင်တစ်ဦးက ဖျော့တော့နေသောမျက်နှာထားဖြင့် လက်ဖြန့်ပြသည်။

“ငါ .... ငါက အရမ်းစိတ်လှုပ်ရှားနေပြီး မတော်တဆ ပစ်ထုတ်မိသွားတယ်။ အခု ငါတော့ မွဲသွားပြီ ....”

စတုတ္ထအဆင့်ဆေးလုံးသည် ဝိညာဉ်ကျောက်တုံးသန်းဆယ်ချီ၍ တန်ဖိုးရှိသည်။

စတုတ္ထအဆင့်ဆေးတစ်လုံးအတွက် မရေမတွက်နိုင်အောင် ကုန်ကျခဲ့ရသည်။

ထိုဆေးလုံးသည် မဟာကျင့်ကြံသူတစ်ယောက်ကို အမှန်တကယ်ပင် မွဲသွားစေနိုင်သည်။

တခြားအာခီမီပညာရှင်များက ကျေနပ်သွားပုံပေါ်သည်။

ယခုအချိန်တွင် တင်းကျပ်နေသောလေထုသည် အတော်လေး လျော့နည်းသွားသည်။

ဟန်မူယဲ့က ‌ခေါင်းခါလိုက်ပြီး အာကာသထဲသို့ ကြည့်သည်။

‘မွဲသွားတာလား’

ထိုတိုက်ခိုက်မှုသည် သိန်းချီသော ပြင်ပဘုံကျင့်ကြံသူများကို သတ်ဖြတ်လိုက်သည်။ အာကာသထဲရှိ မိုင်တစ်ထောင်ပတ်ဝန်းကျင်သည် အလွန်ရှုပ်ထွေးနေပြီး အဆုံးမဲ့ပင်လယ်ထဲတွင် ပုန်းအောင်းနေသော မရေမတွက်နိုင်လောက်သည့် မိစ္ဆာသားရဲများသည် အသတ်ခံလိုက်ရသည်။

အလွန်အကျိုးအမြတ်ရှိသည်။

“ဝီ”

ကောင်းကင်ထက်မှ မှုန်ဝါးနေသော ချီစွမ်းအင်အလင်းတစ်ခု ဆင်းသက်လာပြီး စကားပြောလိုက်သောကျင့်ကြံသူကို လွှမ်းခြုံသွားသည်။

အာခီမီပညာရှင်က အလွန်ထိတ်လန့်နေသည်။

“တံခါးပိတ်ကျင့်ကြံလိုက်ပါ။ အဲဒီစွမ်းအားကို သန့်စင်ပြီးသွားရင် ခင်ဗျားရဲ့ကျင့်ကြံခြင်းက အနည်းဆုံး အဆင့်သုံးဆင့်တက်လာလိမ့်မယ်”

ဟန်မူယဲ့က ညင်သာစွာသက်ပြင်းချလိုက်ပြီး ကောင်းကင်ကို ကြည့်သည်။

ဆေးလုံး၏ ပြင်းထန်သောဆေးစွမ်းအားသည် အာကာသကို နီရဲသွားစေခဲ့သည်။

သူက ပြင်ပဘုံကျွမ်းကျင်သူများကို အမဲလိုက်ရန်အတွက် နေရာပြောင်းရတော့မည်။

“အမ်၊ စတုတ္ထအဆင့်‌ဆေးလုံးက ဝိညာဉ်သူငယ်အဆင့်ကျင့်ကြံသူကို အဆင့်သုံးဆင့် တိုးလာစေနိုင်တာလား”

ဟန်မူယဲ့၏နောက်တွင် လူတစ်ယောက်က အားကျစွာ ရေရွတ်လိုက်သည်။

“အဲဒါဆိုရင် အကျိုးအမြတ်ရှိတာပဲ”

လူတစ်ယောက်က တွက်ချက်ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“အဲဒီလောက် မလွယ်နိုင်ဘူး။ ငါတို့ ထပ်ပြီး ကြိုးစားကြည့်ရအောင်”

“ငါ့မှာ အသစ်သန့်စင်ထားတဲ့ စတုတ္ထအဆင့်ဆေးလုံးရှိတယ်။ ကြိုးစားကြည့်တာပေါ့”

ဟန်မူယဲ့က နောက်တွင်ရှိနေသောစကားသံများကို ကြားလိုက်ရပြီး အပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။

ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားပြီး ကျင့်ကြံသူတစ်ယောက်၏တိုက်ခိုက်နိုင်စွမ်းများ ထွက်ပေါ်လာသောအချိန်တွင် အာခီမီပညာရှင်များကပင် အလွန်ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်။

သို့သော် အာခီမီတော်ဝင်နယ်မြေဖြစ်သော ကျောက်စိမ်းသက်တံကြယ်ကဲ့သို့ နေရာမျိုးကသာ စတုတ္ထအဆင့်ဆေးလုံးကို ထုတ်ယူပြီး ဖောက်ခွဲနိုင်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် စတုတ္ထအဆင့်ဆေးလုံးများ သိပ်မရှိပေ။

ဟန်မူယဲ့က အာကာသထဲသို့ ပျံသန်းသွားသည်။

ယခုအချိန်တွင် အာကာသထဲ၌ ဆေးစွမ်းအားများ တုန်ခါနေပြီး ချီစွမ်းအင်များ လှုပ်ရှားနေသည်။ ကျင့်ကြံသူများ ရောက်မလာရဲပေ။

ဟန်မူယဲ့က မိုင်တစ်သောင်းအကွာတွင်ရှိသော အဆုံးမဲ့ပင်လယ်၏ မိစ္ဆာသားရဲအုပ်စုကို တိတ်ဆိတ်စွာ ရှာတွေ့သွားသည်။

အဆုံးမဲ့ပင်လယ်တွင် လှိုင်းထန်နေပြီး ကျောက်စိမ်းသက်တံနယ်မြေ၏ ကြယ်အများအပြားကို နစ်မြုပ်သွားစေသည်။

အဆုံးမဲ့ပင်လယ်ထဲသို့ ကြယ်များကျဆင်းသွားသောအချိန်တွင် ချီစွမ်းအင်များ အရည်ပျော်သွားသည်။ သက်ရှိများအားလုံး နစ်မြုပ်သွားပြီး ကောင်းကင်တာအိုစွမ်းအားသည် ဖျက်ဆီးခံလိုက်ရသည်။

အားကောင်းသောသက်ရှိများ ထွက်ပြေးနိုင်လျှင်ပင် မရေမတွက်နိုင်လောက်‌သော မိစ္ဆာသားရဲများ၏အမဲလိုက်ခြင်းကို ခံရလိမ့်မည်။

ယခုအချိန်တွင် ထိုမိစ္ဆာသားရဲများသည် ချီစွမ်းအင်အလင်းဖြင့်လွှမ်းခြုံထားသော မိစ္ဆာသားရဲအုပ်စုကို လိုက်ဖမ်းနေသည်။

ခေါင်းပေါ်၌ သစ်ကိုင်းများရှိနေသော သစ်ပင်မိစ္ဆာများထဲတွင် အဆင့်အမြင့်ဆုံးကျင့်ကြံသူသည် ကောင်းကင်အဆင့်တွင်ရှိပြီး အဆင့်အနိမ့်ဆုံးသည် အသွင်မပြောင်းနိုင်သေးပေ။ သူတို့အားလုံး တစ်ရာခန့်ရှိပြီး ထိတ်လန့်စွာ ထွက်ပြေးနေကြသည်။

ဟန်မူယဲ့၏လက်ထဲတွင် ဓားတစ်လက်ပေါ်လာသည်။ သူက သစ်ပင်မိစ္ဆာများ၏ရှေ့သို့ ဖျတ်ခနဲရောက်လာသည်။

“မင်းတို့တွေ ကျောက်စိမ်းသက်တံကြယ်ကို သွားကြ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်ပြီး နောက်မှရောက်လာသော ရေမိစ္ဆာများကို ကြည့်သည်။

ခေါင်းဆောင်ရေမိစ္ဆာ၏ခေါင်းတွင် ဦးချိုများရှိပြီး ကိုယ်လုံးသည် နွားသိုးတစ်ကောင်နှင့်တူသည်။ သူ့ခန္ဓာကိုယ်က ပေတစ်ရာရှည်လျားပြီး မျက်လုံးထဲတွင် သတ်ဖြတ်မှုကြောင့်ထွက်ပေါ်လာသော ကြမ်းတမ်းမှုများနှင့် ပြည့်နေသည်။

ကောင်းကင်အဆင့်မိစ္ဆာ ဖြစ်သည်။

သူ့နောက်တွင် ချွန်ထက်နေ‌သောသွားများနှင့် အနက်ရောင်ခန္ဓာကိုယ်ရှိသော ကြေးခွံမိစ္ဆာများ ပါလာသည်။

“ကျေးဇူးပါပဲ ....”

ခေါင်းဆောင်သစ်ပင်မိစ္ဆာက လက်ကိုဝှေ့ယမ်းပြီး တခြားသစ်ပင်မိစ္ဆာများကို အရင်ထွက်သွားစေလိုက်သည်။ ထို့နောက် သူက ပတ်ဝန်းကျင်ကိုကြည့်ပြီး ပြောသည်။

“ငါ့နာမည်က ကျင်းခွန်းပါ။ ငါက သစ်သားဓာတ်မိစ္ဆာဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်း သိပ်မကောင်းဘူး”

“ငါ့ရဲ့မှော်စွမ်းရည်က အမြင်အာရုံပျောက်ကွယ်ခြင်းပဲ”

သစ်ပင်မိစ္ဆာက စကားပြောလိုက်ပြီး လက်မြှောက်၍ ညွှန်ပြသည်။ အဆုံးမဲ့ပင်လယ်၏မိစ္ဆာများရှေ့တွင် ရွှေရောင်သစ်ရွက်တစ်ရွက် ပေါ်လာသည်။

မိစ္ဆာသားရဲများအားလုံး တုန်ခါသွားပြီး ခဏတာငေးမောသွားသည်။

ထိုမှော်စွမ်းရည်သည် ကောင်းမွန်သည်။

ဟန်မူယဲ့က ပျော်ရွှင်သွားသည်။ သူက လက်မြှောက်ပြီး ဓားအလင်းကိုဖန်တီး၍ လျင်မြန်စွာရှေ့တက်သွားသည်။

သူက အသန်မာဆုံး နွားသိုးမိစ္ဆာကို ကျော်ဖြတ်သွားပြီး ကြေးခွံများဖြင့်ဖုံးလွှမ်းထားသော မိစ္ဆာတစ်ကောင်၏ဦးခေါင်းကို ထိုးချသည်။

ဓားအလင်းသည် ရပ်တန့်ခြင်းမရှိပေ။ သွေးများနှင့်အတူ ပြန်ထွက်လာပြီး တခြားမိစ္ဆာသားရဲတစ်ကောင်၏ အောက်မေးရိုးကို ထိုးစိုက်လိုက်သည်။

ဓားသည် ပူလောင်နေသောသွေးများနှင့် မျဉ်းကြောင်းတစ်ခု ဖြစ်လာစေသည်။

ရွှေရောင်သစ်ရွက်ပျောက်ကွယ်သွားပြီး ဟန်မူယဲ့က မူလနေရာသို့ ပြန်‌ရောက်လာသောအခါတွင် မိစ္ဆာသားရဲ ၁၂ကောင် သေဆုံးသွားခဲ့သည်။

သူက လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ့ကျောပေါ်တွင် အချိန်အတော်ကြာအောင် ပျောက်ကွယ်နေသောဓားအိမ်တစ်ခု ပြန်ပေါ်လာသည်။

သူ့ဘယ်ဘက်လက်တွင် ခရမ်းရောင်မီးတောက်ဓားကို ကိုင်ထားသည်။

“ကျင်းခွန်း၊ မင်းရဲ့မှော်စွမ်းရည်ကို ဘယ်နှကြိမ်သုံးနိုင်လဲ”

ဟန်မူယဲ့၏ဓားမှ သွေးများစီးကျနေကြောင်း မြင်လိုက်ရသောအခါတွင် ကျင်းခွန်းက ခက်ခဲစွာပြောလိုက်သည်။

“ငါ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် ဆယ်ကြိမ်လောက် ထပ်သုံးနိုင်တယ် ....”

“လုံလောက်တယ်”

ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်ပြီး တောင်ပံဖြန့်၍ ဖျတ်ခနဲပျောက်ကွယ်သွားသည်။

သူ့မျက်လုံးများက တောက်ပနေပြီး အစိမ်းရောင်ကံကြမ္မာဓားက ညင်သာစွာလှုပ်ရှားသွားသည်။

ပေတစ်သိန်းမြင့်မားသောရေလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး မိစ္ဆာသားရဲများကို ရစ်ပတ်လိုက်သည်။

ရှေ့ဆုံးတွင်ရှိနေသော နွားသိုးမိစ္ဆာက ဟိန်းဟောက်လိုက်သည်။ သို့သော် ကျင်းခွန်း၏ရွှေသစ်ရွက်က သူ့မျက်လုံးကို ဖုံးကွယ်ထားသောကြောင့် မည်သည့်အရာကိုမှမမြင်နိုင်ဘဲ ဟိန်းဟောက်ရုံသာ တတ်နိုင်ခဲ့သည်။

ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားသည် ရေလှိုင်းများကို လမ်းညွှန်ပေးနေသည်။ သူက နေရာတွင် ရပ်နေသည်။

ထိုအချိန်တွင် သူ့ခန္ဓာကိုယ်နှင့်စိတ်သည် ရှေ့တွင်ရှိသောရေလှိုင်းများနှင့်အတူ ပေါင်းစပ်သွားသည်။

သူက အဆုံးမဲ့ပင်လယ်တွင် ဓားထုတ်ပြီး ရေဓာတ်လိုက်ဖက်ညီမှုစွမ်းအားကို အသုံးပြုလိုက်သောအခါ မတူညီသောနားလည်မှုတစ်ခုကို ရခဲ့သည်။

ထိုထူးခြားဆန်းကြယ်မှုကြောင့် သူက ဓားတာအိုကို ပိုမိုရှင်းလင်းစွာ မြင်နိုင်လာသည်။

“အဆုံးမှာတော့ ဓားတစ်သောင်းက ဓားတစ်လက်ပဲ။ အဆုံးမရှိတဲ့တာအိုတွေက ဓားတစ်လက်အဖြစ် ပြောင်းလဲနိုင်တယ်”

“ငါ့ရဲ့ကိုယ်ပိုင်ဓားတာအိုကို ရရှိဖို့အတွက် အချိန်ကျလာပြီ”

ဟန်မူယဲ့က ဖြည်းဖြည်းချင်းမျက်လုံးမှိတ်လိုက်ပြီး လက်မြှောက်သည်။

“ရေက နူးညံ့ပေမဲ့ မာကျောမှုကို ဆန့်ကျင်နိုင်တယ်”

“ရေက လှိုင်းတွေဖန်တီးပြီး ဖျက်ဆီးနိုင်သလို နှစ်တစ်သောင်းကြာအောင်လည်း ငြိမ်သက်နေနိုင်တယ်”

“နှလုံးသားက လှုပ်ရှားမှုမရှိရင် ရေကလည်း တည်ငြိမ်နေလိမ့်မယ်”

ဟန်မူယဲ့က မျက်လုံးများဖွင့်လိုက်သည်။ အစိမ်းရောင်ကံကြမ္မာဓားဦးဆောင်ထားသော ရေလှိုင်းများသည် ငြိမ်သက်သွားသည်။

“မိုင်တစ်သောင်းပတ်ဝန်းကျင်မှာ လှိုင်းမရှိဘူး။ နှလုံးသားထဲမှာ ဓားရှိရင် လှေက ရေပြင်ညီအတိုင်း လှုပ်ရှားလိမ့်မယ်။ ရေဓာတ်မျိုးဆက်ရဲ့ ပထမဆုံးဓားနည်းစနစ် ရေပြင်ညီလှေ”

အစိမ်းရောင်လှေကလေးတစ်စင်းသည် လှိုင်းလုံးများကြောင့် လူးလွန့်နေသော်လည်း နစ်မြုပ်မသွားခဲ့ပေ။

ရေထဲတွင်ရှိသော မိစ္ဆာများအားလုံးသည် လှေကလေးကြောင့် ဖိနှိပ်ခံလိုက်ရပြီး အရိုးများ ပျက်စီးသွားသည်။

သွေးချီလှိုင်းများ ပေါ်ထွက်လာသည်။ စွမ်းအင်တချို့သည် ဟန်မူယဲ့နှင့် ကျင်းခွန်းဆီသို့ ရောက်လာပြီး အများစုကို ပတ်ဝန်းကျင်က စုပ်ယူသွားသည်။

ကျင်းခွန်းက သွေးချီများနှင့်အတူ နေရာတွင်ရပ်နေသည်။ သူက အစပိုင်းတွင် ကြောင်အနေပြီး နောက်ပိုင်းတွင် အံ့အားသင့်သွားသည်။ ထို့နောက် ရှုပ်ထွေးသောမျက်နှာထားကို ဖော်ပြသည်။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကျန်နေခဲ့သော နွားသိုးမိစ္ဆာကို ကြည့်သည်။

“တာအိုရောင်းရင်း၊ ဒီမိစ္ဆာက ငါ့အိမ်ကိုဖျက်ဆီးပြီး ငါ့ကလန်သားတွေကို သတ်ဖြတ်ခဲ့တယ်။ ကျေးဇူးပြုပြီး လက်စားချေနိုင်ဖို့အတွက် ကူညီပေးပါ”

သူက စကားပြောပြီးသွားသောအချိန်တွင် ခေါင်းပေါ်ရှိ စိမ်းလန်းသောသစ်ကိုင်းပေါ်၌ ပန်းတစ်ပွင့် ပွင်လာသည်။ ထိုပန်းပွင့်သည် အဆက်မပြတ်ယိမ်းထိုးနေပြီး လက်သီးအရွယ်အစားရှိသော ရွှေရောင်ဝိညာဉ်သစ်သီးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

“ဒါက အလင်းကျောက်စိမ်းသစ်သီးပါ။ ဒီသစ်သီးက မင်းတို့လူသားကျင့်ကြံသူတွေအတွက် ခန္ဓာကိုယ်နဲ့ဝိညာဉ်ကို ဟန်ချက်ညီစေတဲ့ ရတနာတစ်ခုပဲ”

“ဒါကို စားသုံးလိုက်ရင် ဝိညာဉ်ကိုယ်ခွဲအဆင့်မှာ ခန္ဓာကိုယ်ကနေ ထွက်သွားတဲ့ ဝိညာဉ်ကို တည်ငြိမ်နေပြီး စွမ်းအားတိုးလာစေတယ်”

ကျင်းခွန်းက သစ်သီးကိုဖန်တီးလိုက်ပြီး အနည်းငယ်ဖြူဖျော့သွားသည်။

သူက ဟန်မူယဲ့ကို သစ်သီးပေးလိုက်သည်။

All Chapters