အခန်း (၅၆၁)
Vol. 41 Ch. 561
ဓားအလင်းသည် သက်တံတစ်စင်းနှင့်တူပြီး ထောင်ချီသောဓားဆန္ဒများကို နှိုးဆွလိုက်သည်။
ဟန်မူယဲ့၏ခန္ဓာကိုယ်မှ ဓာအလင်းပေါ်ထွက်လာသောအချိန်တွင် အာခီမီပညာရှင်များ၏ ဝင်္ကပါမှ သိန်းချီသောဓားအမြုတေများသည် တုန်ခါသွားသည်။
ဓားဝင်္ကပါထဲသို့ဝင်သွားတော့မည့် ဓားကျင့်ကြံသူသုံးထောင်က ထိတ်လန့်သွားခဲ့သည်။
ဓားဝင်္ကပါက ချက်ချင်းပြောင်းလဲသွားသည်။
အဆုံးမရှိသောဓားချီများ သွယ်ယှက်နေပြီး ပြန့်ကျဲသွားသည်။ ဓားဆန္ဒများ စုစည်းလာပြီး ခွဲခြားရန်ခက်ခဲနေသည်။
ခုခံမှုတွင်အာရုံစိုက်ထားခဲ့သော ဓားဝင်္ကပါသည် ယခုအချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းနှင့် ကြမ်းတမ်းသော ပြိုင်ဘက်ကင်းဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဝင်္ကပါပြောင်းလဲသွားခြင်းနှင့်အတူ အာကာသသည် အေးစက်လာသည်။
ဓားဝင်္ကပါနှင့်ရင်ဆိုင်နေသော ဓားကျင့်ကြံသူသုံးထောင်သည် အေးစက်နေသောဓားဆန္ဒ၏ရှေ့တွင် တည်ငြိမ်စွာမနေနိုင်တော့ပေ။
သူတို့က အလွန်အတွေ့အကြုံများပြီး ဓားအလင်းများကိုဆွဲထုတ်၍ နောက်ဆုတ်ရန်ပြင်သည်။
“ကျင်းခွန်း၊ အမြင်အာရုံဖုံးကွယ်ခြင်း”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
ကျင်းခွန်းက တုံ့ဆိုင်းမနေပေ။ သူ့ခန္ဓာကိုယ်ထဲမှ ရွှေအလင်းများနှင့်အတူ မရေမတွက်နိုင်လောက်သော ရွှေသစ်ရွက်များ ပျံထွက်လာသည်။
မှော်စွမ်းရည်၊ အမြင်အာရုံဖုံးကွယ်ခြင်း ....
ရွှေသစ်ရွက်များသည် လေဟာနယ်ကိုဖြတ်သန်း၍ ဓားကျင့်ကြံသူသုံးထောင်၏ရှေ့တွင် ချက်ချင်းပေါ်လာပြီး မျက်လုံးများကို ဖုံးကွယ်လိုက်သည်။
သူတို့က ရွှေသစ်ရွက်များကြောင့် အမှောင်ထုကိုသာ မြင်နိုင်တော့သည်။
ထို့ကြောင့် ဓားကျင့်ကြံသူများသည် ပျံသန်းရမည့်တည်နေရာကို မဆုံးဖြတ်နိုင်တော့ပေ။
ဖရိုဖရဲဖြစ်သွားသည်။
သူတို့က ရာချီနေသောတိုက်ပွဲများနှင့် ကြုံတွေ့ခဲ့သော်လည်း ယခုအချိန်တွင် အစီအစဉ်တကျမရှိဘဲ ရှုပ်ထွေးနေသည်။
“ဘုန်း”
ဓားဝင်္ကပါဆီမှ အဆုံးမရှိသော သတ်ဖြတ်လိုစိတ်နှင့်အတူ ဓားချီများ ပေါ်ထွက်လာသည်။
ထိုအရာသည် ဓားအမြုတေ ၃၆၀,၀၀၀ဖြင့် ဖွဲ့စည်းထားသော ကောင်းကင်စက်ဝန်းဓားဝင်္ကပါ၏ ဓားတာအိုစွမ်းအားဖြစ်သည်။
အဆုံးမရှိသောဓားအလင်းများသည် နဂါးတစ်ကောင်အဖြစ် စုစည်းသွားသည်။
ဓားသည် နဂါးနှင့်တူပြီး ကောင်းကင်ဘုံကိုးပါးတွင် ကခုန်နေသည်။
ဓားကျင့်ကြံသူသုံးထောင်သည် နဂါး၏တိုက်ခိုက်ခြင်းကို အရင်ဆုံးခံစားလိုက်ရသည်။ သူတို့က ခုခံမှုပင် မပြုလုပ်နိုင်ပေ။
နဂါးဓားသည် ဟိန်းဟောက်လိုက်ပြီး ဓားကျင့်ကြံသူသုံးထောင်ကို ဝါးမြိုခဲ့သည်။
နဂါးဓား ဖြတ်သန်းသွားသောအချိန်တွင် ဓားကျင့်ကြံသူသုံးထောင်၏ ဓားချီများသည် ချက်ချင်းပျက်စီးသွားခဲ့သည်။ သူတို့၏ရင်ဘတ်နှင့်ဝမ်းဗိုက်တွင် စုစည်းနေသော ဓားဆန္ဒများကို ဓားအမြုတေများက မည်သည့်အရာမှ မကျန်တော့သည်အထိ ဖြိုခွဲပစ်လိုက်သည်။
ဓားဝင်္ကပါသည် ပြောင်းလဲသွားပြီး ဓားကျင့်ကြံသူသုံးထောင်ကို ချက်ချင်းဖျက်ဆီးပစ်လိုက်သည်။
ဓားအမြုတေများနှင့်ဖွဲ့စည်းထားသော ဓားအလင်းသည် ဓားအလင်းသုံးထောင်ကို ပျောက်ကွယ်သွားစေသည်။
သူတို့က သေဆုံးသွားပြီး သူတို့၏တာအိုကလည်း ပျောက်ကွယ်သွားခဲ့သည်။
ထိုပြောင်းလဲမှုသည် အသက်သုံးခါရှူချိန်အတွင်း၌ ဖြစ်သွားခဲ့သည်။ မော့ဝူရှဲ့၊ ဟွမ်တင်းရှု၊ အာခီမီပညာရှင်များနှင့် သင်္ဘောကုန်းပတ်ပေါ်တွင်ရပ်နေသော မျက်နှာဖုံးတပ်ထားသည့်ကျင့်ကြံသူတို့က မတုံ့ပြန်နိုင်ခဲ့ပေ။
“ဘုန်း”
ဓားကျင့်ကြံသူသုံးထောင် သေဆုံးသွားသည်။ နဂါးဓားသည် ကောင်းကင်ထက်တွင် ဟိန်းဟောက်လိုက်ပြီး မိစ္ဆာစစ်တပ်ကို ဝင်တိုက်သည်။
အာကာသထဲတွင် စွမ်းအားများ စတင်ဆင်းသက်လာသည်။
အလင်းတန်းတစ်ခုသည် အာခီမီပညာရှင်များပေါ်သို့ ကျရောက်သွားပြီး ချီစွမ်းအင်အလင်းများကို လှည့်ပတ်နေစေသည်။
“ဆုတ်မယ်”
မော့ဝူရှဲ့က မျက်လုံးပြူးသွားပြီး အော်ဟစ်လိုက်သည်။
နဂါးဓားရှည်သည် ဟိန်းဟောက်သံနှင့်အတူ ရောက်လာခဲ့သည်။ ဝင်္ကပါမဖွဲ့စည်းရသေးသော မိစ္ဆာစစ်တပ်သည် ထိုဓားအလင်းကို မတားဆီးနိုင်ခဲ့ပေ။
“ဘုန်း”
မော့ဝူရှဲ့က ပျံသန်းလာပြီး ဆေဘာဓားဖြင့် နဂါး၏ဦးခေါင်းကို ခုတ်ချသည်။
သို့သော် နဂါးဓားသည် အလွန်သွက်လက်သည်။ နဂါးက အမြီးကိုလှုပ်ရှား၍ ဆေဘာဓားချက်ကို ရှောင်တိမ်းလိုက်ပြီး မရေမတွက်နိုင်လောက်သောဓားအလင်းအများအဖြစ် ပြိုကွဲထွက်သွားသည်။ ထို့နောက် မိစ္ဆာစစ်တပ်ဆီသို့ တိုးဝင်သွားခဲ့သည်။
ဓားအလင်းဖြတ်သန်းသွားပြီး မိစ္ဆာစစ်သည်တစ်သန်းကို ဖျက်ဆီးလိုက်သည်။
ဆုံးရှုံးမှု များပြားနေသည်။
ဓားအလင်းကြောင့် မိစ္ဆာစစ်သည်တစ်သန်းတွင် တစ်ဝက်ခန့်သေဆုံးသွားခဲ့သည်။
မိစ္ဆာစစ်တပ်သည် တာအိုပြိုင်ပွဲတွင် မော့ဝူရှဲ့၏ အခြေခံအုတ်မြစ်ဖြစ်သည်။
အားထုတ်မှုများ သနားစရာကောင်းလောက်အောင် ကျရှုံးသွားသောကြောင့် မော့ဝူရှဲ့၏ခန္ဓာကိုယ်ထဲတွင်ရှိသော မိစ္ဆာချီများသည် မီးခိုးများအဖြစ်ပြောင်းလဲသွားသည်။ သူက ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။
သူက နီရဲနေသောမျက်လုံးများနှင့် အဝေးတစ်နေရာတွင်ရှိနေသော ဟန်မူယဲ့ကို ကြည့်သည်။
သင်္ဘောပျံပေါ်တွင်ရှိသော မျက်နှာဖုံးနှင့်ဓားကျင့်ကြံသူက တစ်ကိုယ်လုံးတုန်ခါနေပြီး ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်သည်။
“မင်းပဲ ....”
သူက အံတင်းတင်းကြိတ်ထားပြီး ဓားဖြင့် ဟန်မူယဲ့ကို ညွှန်ပြသည်။
သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် နောက်ကွယ်တွင်ရှိသောတရားခံကို လွယ်ကူစွာပြောနိုင်သည်။
ဟန်မူယဲ့ရောက်မလာခဲ့လျှင် သူ့လက်အောက်တွင်ရှိသော ဓားကျင့်ကြံသူသုံးထောင်သည် လွယ်ကူစွာသေဆုံးသွားမည်မဟုတ်ပေ။
ဓားကျင့်ကြံသူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ဓားဦးဖြင့် ညွှန်ပြလိုက်သောအချိန်တွင် တောင်တစ်လုံးကျဆင်းလာသကဲ့သို့ ဖိအားများကို ထုတ်ပေးသည်။
သူ့စကားနှင့်အပြုအမူကို နားလည်နိုင်သည်။
သူက အလွန်အားကောင်းသော ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။
“ကျင်းခွန်း၊ ငါ့ရဲ့ဆရာဦးလေးဆီကို သွားလိုက်ပါ”
ဟန်မူယဲ့က လက်မြှောက်ပြီး ကျင်းခွန်းကို ဟွမ်တင်းရှုဆီသို့ တွန်းထုတ်သည်။
ထို့နောက် ဟန်မူယဲ့၏လက်ထဲတွင် အစိမ်းရောင်ဓားတစ်လက်ပေါ်လာသည်။
ထိုဓားသည် အစိမ်းရောင်ကံကြမ္မာဓားမဟုတ်ဘဲ သူသန့်စင်ခဲ့သော မှော်ရတနာဓားဖြစ်သည်။
သူက ဓားပညာရပ်ကို အဓိကထားလေ့ကျင့်ချင်သောကြောင့် ဓမ္မရတနာများကို သုံးလေ့မရှိပေ။
သို့သော် ယနေ့တွင် မှော်ရတနာဓားတစ်လက်ကို အသုံးပြုနေသည်။
အလင်းခုနစ်ပါးဓားဂိုဏ်း၏ ဓားကျင့်ကြံသူသည် ကိုယ်ပိုင်ဓားဆန္ဒကို စုစည်းထားပြီး မဟာတာအိုလမ်းစဉ်ကို နားလည်ထားသည်။ ထိုကျွမ်းကျင်သူမျိုးနှင့်တိုက်ခိုက်ရန် ထိုက်တန်သည်။
တိုက်ခိုက်လိုစိတ်များ ကောင်းကင်အထိ ထိုးတက်သွားပြီး ဓားဆန္ဒများ စုစည်းလာသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူဟန်မူယဲ့က သင်ကြားမှုကိုခံယူဖို့ ရောက်လာပါတယ်”
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိသောဓားဖြင့် ညွှန်ပြ၍ ရှေ့သို့ တစ်လှမ်းတိုးသည်။
ဟွမ်တင်းရှုက မျက်လုံးများကိုမှေးကျဉ်းလိုက်ပြီး နဂါးတစ်ကောင်ကဲ့သို့ ဓားအလင်းများထုတ်ပေးနေသော ဟန်မူယဲ့ကို ကြည့်သည်။ သူက ညင်သာစွာတီးတိုးပြောသည်။
“ဟန်မူယဲ့၊ မူယဲ့။ ဟီးဟီး၊ မင်းရဲ့နောက်ခံကိုခန့်မှန်းဖို့ မခက်ဘူးမဟုတ်လား”
“မျှော်လင့်ထားတဲ့အတိုင်းပဲ မဟာတာအိုတိုက်ပွဲမှာ ထူးခြားတဲ့ပါရမီရှင်တွေ ပေါ်လာလိမ့်မယ်”
“ဒါက ကောင်းကင်ရဲ့ဆန္ဒဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ဟန်မူယဲ့က ကံကြမ္မာကို ဂရုမစိုက်ပေ။
ယခုအချိန်၌ သူက လက်ထဲတွင်ရှိသောဓားကို အာရုံစိုက်ထားသည်။
ဓားသည် အဆုံးမရှိသောထက်မြိမှုများကို သယ်ထောင်ထားပြီး တစ်စက္ကန့်၏ တစ်ထောင်ပုံတစ်ပုံအတွင်း၌ သင်္ဘောပျံကို ခုတ်ချလိုက်သည်။
“ဘုန်း”
သင်္ဘောပျံက ပေါက်ကွဲသွားပြီး နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။
ပျက်စီးသွားသောသင်္ဘောပျံဆီမှ ထက်မြိနေသောဓာအလင်းတစ်ခု တိတ်ဆိတ်စွာထွက်ပေါ်လာပြီး ဟန်မူယဲ့၏ရင်ဘတ်ကို ထိုးချလိုက်သည်။
ဟန်မူယဲ့က ထိုဓားချက်ကို မျှော်လင့်ထားခဲ့သည်။ သူက ဓားကိုလှုပ်ရှား၍ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
“ခလွမ် ....”
ဓားနှစ်လက်ထိတွေ့သွားပြီး ဟန်မူယဲ့က ပေသိန်းချီအကွာသို့ လွင့်စင်သွားသည်။
အစိမ်းရောင်ကံကြမ္မာဓားကို ကိုင်ထားခဲ့မည်ဆိုလျှင် ထိုတိုက်ခိုက်မှုကြောင့် ဓားပျက်စီးသွားလိမ့်မည်။
“ဝိညာဉ်ကိုယ်ခွဲအဆင့်”
ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက ဖြည်းဖြည်းချင်းလျှောက်လာသော မဟာဓားကျင့်ကြံသူကို ဓားဦးဖြင့် ညွှန်ပြလိုက်သည်။
ယခုအချိန်တွင် အလင်းခုနစ်ပါးဓားဂိုဏ်းမှ အဖြူရောင်ဝတ်စုံနှင့် မဟာဓားကျင့်ကြံသူ၏ကြေးမျက်နှာဖုံးသည် ဟန်မူယဲ့၏ဓားချက်ကြောင့် ပျက်စီးသွားခဲ့သည်။ သူ့ခန္ဓာကိုယ်၏အရှိန်အဝါသည် လေးနက်နေပြီး ပြင်းထန်သောဓားအလင်းများက သူ့ကို ဝိုင်းရံထားသည်။
သူက အသက်လေးဆယ်အရွယ်ခန့်ဟု ထင်ရသည်။ သူ့မျက်နှာက လေးထောင့်ကျပြီး မျက်လုံးထဲတွင်ရှိသော ရက်စက်မှုများသည် အစိုင်အခဲဖြစ်တည်လာတော့မည်။
“အလင်းခုနစ်ပါးဓားဂိုဏ်းရဲ့ ကျူးဝူရှစ်ဖြစ်တဲ့ ငါက ဂြိုဟ်ခုနစ်လုံးကြယ်သုံးစင်းဓားနည်းစနစ်ကို နှစ်ပေါင်း သုံးထောင့်ရှစ်ရာကြာအောင် ကျင့်ကြံခဲ့တယ်”
“ငါတို့ အလင်းခုနစ်ပါးဓားဂိုဏ်းက သတ်ဖြတ်ခြင်းအငွေ့အသက်တွေနဲ့ ဓားကို လေ့ကျင့်တယ်။ ငါတို့က ဓားတာအိုအတွက် တိုက်ခိုက်ကြတယ်”
“မင်းက ငါနဲ့အတူပါလာတဲ့တပည့်တွေကို သတ်ဖြတ်လိုက်ရင်လည်း ငါဂရုမစိုက်ဘူး”
ကျူးဝူရှစ်၏ဓားက ပတ်ဝန်းကျင်ကို တုန်ခါသွားပြီး ညည်းညူသံပေးစေနိုင်သော ဆိုးယုတ်သည့်အရှိန်အဝါများကို ထုတ်ပေးနေသည်။
အဘယ်ကြောင့်ဆိုသော် စွမ်းအားအများအပြား စုစည်းလာသည့်အတွက် လေဟာနယ်စွမ်းအား၏ဖိနှိပ်မှုကို လှုံ့ဆော်မိနေသည်။
တာအိုပြိုင်ပွဲတွင် ကျွမ်းကျင်သူများ စုစည်းလာကြသည်။ ကံကြမ္မာအဆင့်နှင့် ပြန်လည်မွေးဖွားခြင်းအဆင့်တို့၏စွမ်းအားများက ဖိနှိပ်ခံထားရသည်။ ထို့ကြောင့် လေဟာနယ်စွမ်းအားကို အသုံးပြုနိုင်လျှင် ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်လိမ့်မည်။
“မင်းက အခုပဲ ဓားကိုစွန့်လွှတ်ပြီး ငါ့ရဲ့ ဓားကျွန်ဖြစ်လာမယ်ဆိုရင် မင်းရဲ့အသက်ကို နှစ်တစ်ရာကြာသည်အထိ ချမ်းသာပေးနိုင်တယ်”
ကျူးဝူရှစ်၏ဓားဆီမှ တုန်ခါနေသောလေဟာနယ်စွမ်းအားများ ပေါ်ထွက်လာပြီး ဟန်မူယဲ့၏ ပေတစ်ထောင်ပတ်ဝန်းကျင်ကို ချက်ချင်းလွှမ်းခြုံလိုက်သည်။
တည်နေရာအေးခဲခြင်း ....
ဟွမ်တင်းရှုက မျက်မှောင်ကြုတ်လိုက်ပြီး လက်မြှောက်၍ ရွှေရောင်ချိပ်တံဆိပ်စွမ်းအားကို အသက်သွင်းသည်။ သို့သော် ရူးသွပ်နေသည့်မော့ဝူရှဲ့က ဆေဘာဓားကိုမြှောက်၍ ခုတ်ချလိုက်သည်။
မိစ္ဆာကျင့်ကြံသူများက ရူးသွပ်လေ တည်ငြိမ်လေဖြစ်သည်။
သူက ဟန်မူယဲ့ကို မကူညီနိုင်ရန် ဟွမ်တင်းရှုကို တားဆီးထားသည်။
‘ဒါပေမဲ့ သူက ငါ့ရဲ့အကူအညီကို လိုမှာတဲ့လား’
ဟွမ်တင်းရှုက ခပ်ဟဟရယ်သည်။ ရွှေရောင်ချိပ်တံဆိပ်က ပြောင်းပြန်လန်သွားပြီး ဖီရှို့၏ပုံရိပ်က ပျံသန်းထွက်လာ၍ မော့ဝူရှဲ့၏ဓားအလင်းကို တားဆီးလိုက်သည်။
“ဘုန်း”
ဆေဘာဓားအလင်းသည် ဖီရှို့နှင့် ဝင်တိုက်သွားသည်။ ရွှေအလင်းနှင့် အနက်ရောင်မိစ္ဆာအလင်းများ ရောယှက်သွားသည်။
တစ်ဖက်တွင် ကျူးဝူရှစ်က ဓားဦးဖြင့် ဟန်မူယဲ့၏ခေါင်းကို ညွှန်ပြထားသည်။
“ငါက မင်းကို အသက်သုံးခါရှုစာ အချိန်ပေးလိုက်မယ် ....”
သူ့စကားမဆုံးခင် အာကာသထဲ၌ချုပ်နှောင်ထားခံရသော ဟန်မူယဲ့က ရုတ်တရက် ပျောက်ကွယ်သွားသည်။
တည်နေရာအေးခဲခြင်းတစ်ခုသာဖြစ်သည်။ ထိုစွမ်းရည်ကို ဟန်မူယဲ့က ကိုယ်တိုင်ချိုးဖောက်နိုင်သည်။ ထို့အပြင် ကောင်းကင်ကြိုးကြာတောင်ပံကို အသက်သွင်းလိုက်လျှင် ချက်ချင်းလွတ်မြောက်နိုင်သည်။
သူက ကျိူးဝူရှစ်၏ရှေ့ ပေတစ်ရာအကွာ၌ ပြန်ပေါ်လာသည်။
“ကောင်းပြီလေ”
ကျူးဝူရှစ်က သူ့ကို လျစ်လျူရှုပြီး ဓားကျွန်အကြောင်းကို ဆက်မပြောတော့ပေ။ သူက အော်ဟစ်လိုက်ပြီး ဓားရှည်ဖြင့် ခုတ်ချသည်။
ဓားအလင်းသည် လေဟာနယ်ကို ထိုးခွဲသွားသည်။ ဓားသွားသည် ဟန်မူယဲ့၏ရင်ဘတ်ပေါ်သို့ ရောက်လာသည်။
ဓားချက်သည် လျင်မြန်ရုံသာမက အာကာသ၏ဖိနှိပ်မှုကိုလည်း ချိုးဖောက်သွားသည်။
နားအူလောက်သောအသံများ ထွက်မလာခင် ဓားအလင်း၏အေးစက်မှုကြောင့် ရပ်တန့်သွားသည်။
လေဟာနယ်စွမ်းအားကို ကောင်းမွန်စွာထိန်းချုပ်နိုင်သော မဟာဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။
ဓာတ်စင်ငါးမျိုးစွမ်းအားအပြင် လေဟာနယ်နှင့် မိုးကြိုးစွမ်းအားတို့သည် ဖျက်ဆီးနိုင်စွမ်းအကောင်းဆုံးဖြစ်သည်။
ကျူးဝူရှစ်က လေဟာနယ်စွမ်းအားကို ထိန်းချုပ်ထားသော ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။
သို့သော် ဟန်မူယဲ့ကလည်း လေဟာနယ်စွမ်းအားနှင့် ရင်းနှီးသည်။
သူ့နောက်ကျောတွင်ရှိနေသော ပုံရိပ်ယောင်တောင်ပံများသည် ညင်သာစွာလှုပ်ရှားလာသည်။ သူ့ရှေ့တွင်ရှိသောဓားအလင်းက ရင်ဘတ်ပေါ်သို့ ကျမလာနိုင်တော့ပေ။
ထိုမြင်ကွင်းကြောင့် ကျူးဝူရှစ်၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
သူက ပထမဆုံးအကြိမ်အဖြစ် လေဟာနယ်စွမ်းအားတွင် သူနှင့်တန်းတူယှဉ်ပြိုင်နိုင်သော ဓားတာအိုကျင့်ကြံသူတစ်ဦးကို တွေ့လိုက်ရသည်။
“ဝီ”
သူ့လက်ထဲတွင်ရှိသောဓားက လှုပ်ရှားသွားပြီး ဓားအလင်းများ ပေါက်ကွဲသွားသည်။ ဓားအလင်းက ပြိုကွဲသွားပြီး ဟန်မူယဲ့၏ဦးခေါင်းကို လွှမ်းခြုံလိုက်သည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ဓားမြှောက်သည်။
“ငါက တည်နေရာကိုချိုးဖောက်ပြီး လေဟာနယ်ကိုလွှမ်းမိုးနိုင်တဲ့ လေဟာနယ်ဖုံးကွယ်ခြင်းဓားနည်းစနစ်ကို သင်ကြားခဲ့ဖူးတယ်”
“အဲဒီနည်းစနစ်ကို အမှီပြုပြီး ဓားနည်းစနစ်တစ်ခုကို တွက်ချက်ခဲ့တယ်။ ကျေးဇူးပြုပြီး ရှုစားလိုက်ပါ ....”
ဟန်မူယဲ့က အော်ဟစ်လိုက်ပြီး ထောင့်ဖြတ်အတိုင်း ဓားကိုလွှဲသည်။
“လေဟာနယ်တာအိုရဲ့ ပထမဓားကွက်၊ သဏ္ဍာန်မဲ့”
ဓားသည် အကောင်အထည်မရှိသလို တာအိုသည်လည်း ပျောက်ကွယ်နေသည်။