အခန်း (၅၆၇)
Vol. 41 Ch. 567
လုယန်က ကျင့်ကြံဆင့်ကို နှစ်တစ်ရာဖိနှိပ်ထားခဲ့သည်။ သူက အဆင့်တက်သွားသောအခါတွင် ဝိညာဉ်သူငယ်နဝမအဆင့်သို့ ချက်ချင်းရောက်သွားခဲ့သည်။
ချင်းရီမင်ကလည်း ကျင့်ကြံဆင့်ကို ဖိနှိပ်ထားပြီး တစ်ခါတည်း တိုးတက်သွားခဲ့သည်။
သို့သော် ဟန်မူယဲ့က နှစ်တစ်ရာတာအိုပြိုင်ပွဲနှင့် ကြုံတွေ့နေရသောကြောင့် ကျင့်ကြံဆင့်ကိုဖိနှိပ်ရန်အတွက် အချိန်သိပ်မရှိပေ။
သို့သော် အကောင်းဆုံးကြိုးစားပြီး အရင်းအမြစ်များကို ရှာဖွေနိုင်သည်။
ချီစွမ်းအင်အလင်းများ လွင့်မျောနေပြီး သူ့ပတ်ဝန်းကျင်တွင်ရှိသော ဆေးလုံးများ ပျောက်ကွယ်သွားသည်။
ထိုဆေးလုံးများအားလုံးသည် ဆဌမအဆင့်တွင်ရှိပြီး အရည်အသွေးကောင်းသည်။ ဆေးလုံးတစ်လုံးသည် ဝိညာဉ်ကျောက်တုံးတစ်သန်းခန့် တန်ဖိုးရှိသည်။
တစ်ကြိမ်ကျင့်ကြံလျှင် ဝိညာဉ်ကျောက်တုံးဆယ်သန်းခန့် ကုန်ကျသည်။ ဟန်မူယဲ့ကသာ ထိုဖြုန်းတီးမှုမျိုးကို တတ်နိုင်သည်။
ကျန့်တနျိုနှင့် ရှောက်ထျန်းရီတို့က ဆိုင်ကို လည်ပတ်ပေးနေသည်။ ဟန်မူယဲ့က နေ့ထိုင်းအောက်ထပ်သို့ဆင်းသွားပြီး တစ်ချက်ကြည့်လေ့ရှိသည်။ ထို့နောက် သူ့က ဆက်လက်ကျင့်ကြံနေသည်။
ပြန့်ကျဲကြယ်ကျွန်းများတွင် သဘာဝစွမ်းအင်ကြွယ်ဝပြီး ရေဓာတ်စွမ်းအားများ ရောပါနေသောကြောင့် ကျင့်ကြံခြင်းအတွက် အလွန်သင့်တော်သည်။
ကျန့်တနျိုက ကျင့်ကြံခြင်းနည်းစနစ်များ သင်ကြားပေးရန်အတွက် ရှောက်ထျန်းရီကို တိတ်ဆိတ်စွာ တောင်းဆိုခဲ့သည်။ သို့သော် သူက ကျင့်ကြံခြင်းပါရမီ ရှိပုံမရဘဲ သဘာဝစွမ်းအင်များကို အာရုံမခံနိုင်ခဲ့ပေ။
တော်ဝင်ရှုခင်းဓားဆိုင် ပြန်လည်ဖွင့်လှစ်ပြီး လဝက်ကြာသွားခဲ့သည်။ သူတို့က ဓားများကို သုံးကြိမ်ရောင်းချနိုင်ခဲ့သည်။
လူသားအဆင့်လက်နက်တစ်ခုကို ဝိညာဉ်ကျောက်တုံးတစ်သောင်းဖြင့် ရောင်းချလိုက်သည်။
အဆင့်နိမ့်ဝိညာဉ်လက်နက်နှစ်ခုကို ဝိညာဉ်ပုလဲလုံးတစ်အိတ်၊ ဝိညာဉ်ဆေးပင်များဖြင့် လဲလှယ်ခဲ့သည်။
ပြန့်ကျဲကြယ်ကျွန်းပေါ်တွင် ပစ္စည်းများလဲလှယ်လေ့ရှိသည်။
ကျင့်ကြံခြင်းလောကတွင်လည်း ပစ္စည်းများလဲလှယ်ကြသည်။
တတိယအကြိမ် ရောင်းချနိုင်သောအခါတွင် ဟန်မူယဲ့က ကျန့်တနျိုကို ဝိညာဉ်ပုလဲတစ်လုံး ပေးလိုက်ပြီး အိမ်အလည်သွားရန် ပြောလိုက်သည်။
လွန်ခဲ့သောလဝက်ခန့်၌ ညဘက်တွင် သူက တစ်ခါတလေ ရှောက်ထျန်းရီကိုဖက်ပြီး ဇနီးဖြစ်သူကို ပျော်ရွှင်စွာခေါ်နေလိမ့်မည်။
ကျန့်တနျိုက ဝိညာဉ်ပုလဲလုံးကို အဝတ်ထောင့်တွင် သေချာဖွက်ထားလိုက်သည်။ ထို့နောက် သူစုဆောင်းထားသောပစ္စည်းလေးများကို အိမ်သို့သယ်သွားရန် ပြင်ဆင်လိုက်သည်။
ပြန့်ကျဲကြယ်ကျွန်းများပေါ်တွင် ဝိညာဉ်ပုလဲတစ်လုံးသည် ဝိညာဉ်ကျောက်တုံးတစ်ထောင်နှင့် တန်ဖိုးချင်းတူညီသည်။ ထိုဝိညာဉ်ပုလဲသည် သူတို့၏မိသားစုအတွက် တစ်သက်စာလုံလောက်သည်။
“ဆိုင်ရှင်၊ သူပြန်မလာတော့မှာကို မစိုးရိမ်ဘူးလား”
ကျန့်တနျိုထွက်သွားသောအခါတွင် ရှောက်ထျန်းရီက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“မင်းလည်းသွားလို့ရတယ်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
ရှောက်ထျန်းရီက အပြုံးတစ်ခု ညှစ်ထုတ်လိုက်ရသည်။
‘ဘယ်လိုလုပ်ပြီး သွားရဲမှာလဲ’
မွန်းလွဲပိုင်း၌ ဟန်မူယဲ့၏ရှေ့တွင်ရှိသော အလင်းလွှာက ရွှေအလင်းများဖြင့် တောက်ပလာသည်။
သူက ဝင်္ကပါပြားကိုသိမ်းလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။ ရှောက်ထျန်းရီက လျင်မြန်စွာရှေ့တက်လာသည်။
“ဆိုင်ရှင်၊ သူက ဓားကိုအကဲဖြတ်ပေးဖို့အတွက် တောင်းဆိုနေတယ်”
ရှောက်ထျန်းရီက ပန်းချီကား၏ရှေ့တွင်ရပ်နေသော အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်ကို ညွှန်ပြလိုက်ပြီး တီးတိုးပြောသည်။
ထိုအချိန်တွင် လူအိုကြီးက တစ်ခုခုကို အာရုံခံမိပုံရပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။ သူက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်ပြသည်။
“မင်းက ဆိုင်ရှင်လား”
“ဒီပန်းချီကားကို ရောင်းမလား”
လူအိုကြီး၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြန်မဖြေဘဲ လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ခပ်ဟဟရယ်လျက် နှုတ်ဆက်သည်။
“ဟန်မူယဲ့က အကြီးအကဲချွမ်ဟယ်ကို နှုတ်ဆက်ပါတယ်”
ချွမ်ဟယ်ဓားဆိုင်၏ပိုင်ရှင် ရှုချွမ်ဟယ်ဖြစ်သည်။
သူက ကျောက်ယုကျင့်၏ စီးပွားရေးပြိုင်ဘက်ဟောင်းဟု ယူဆနိုင်သည်။
ကျောက်စိမ်းရောင်ဓား၏မှတ်ဉာဏ်ထဲတွင် ကျောက်ယုကျင့်က ရှုချွမ်ဟယ်နှင့်ပတ်သတ်ပြီး အတော်လေးမကျေနပ်ခဲ့ပေ။
ရှုချွမ်ဟယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အနည်းငယ်အံ့အားသင့်သွားပုံရသည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“တော်ဝင်ရှုခင်းဓားဆိုင်က ပိုင်ရှင်ပြောင်းသွားတယ်လို့ ငါကြားခဲ့တယ်။ အဲဒါကြောင့် တစ်ချက်လာကြည့်တာပဲ”
ထို့နောက် သူက သိချင်နေသောမျက်နှာထားဖြင့် ပြောသည်။
“ကျောက်ယုကျင့်က ငါနဲ့ပတ်သတ်ပြီး ဘာတွေပြောလိုက်သေးလဲမသိဘူး”
ကျောက်ယုကျင့်က ရှုချွမ်ဟယ်နှင့်ပတ်သတ်၍ အမြင်ကောင်းမရှိပေ။
မြေခွေးအိုကြီး၊ ငပိန်ရှု၊ ကောက်ကျစ်တဲ့လူ ....
ရှုချွမ်ဟယ်ကလည်း ဓားစံအိမ်၏ စမ်းသပ်ခံတပည့်တစ်ယောက်ဖြစ်မည်ဟု ကျောက်ယုကျင့်က သုံးသပ်ခဲ့သည်။
ထိုအကြောင်းပြချက်ကြောင့်မဟုတ်လျှင် ကျောက်ယုကျင့်က ရှုချွမ်ဟယ်ကို တိုက်ခိုက်မည်မဟုတ်ပေ။
ဟန်မူယဲ့က ဓားထဲတွင်ရှိသော ကျောက်ယုကျင့်၏ မကျေနပ်သည့်စကားလုံးများကို ပြန်တွေးမိသည်။ ထို့နောက် သူက အသက်သာဆုံးစကားကိုရွေးချယ်၍ ပြောလိုက်သည်။
“ရှုချွမ်ဟယ်က ပန်းပဲပညာမှာ မဆိုဘူး။ တခြားဟာတွေကတော့ သာမန်ပါပဲ။ သူအရူးလုပ်တာကို မခံရစေနဲ့”
ရှုချွမ်ဟယ်က ကြောင်အသွားပြီး ကျယ်လောင်စွာရယ်လိုက်သည်။
သူက ဟန်မူယဲ့ကို ညွှန်ပြလိုက်သည်။
“ငါ့ကို မလိမ်ပါနဲ့။ ကျောက်ယုကျင့်ရဲ့စကားလုံးတွေက အဲဒါထက် အဆတစ်ရာလောက် ပိုဆိုးတယ်”
သူက ပြိုင်ဘက်ဟောင်းကြီးဖြစ်သင့်သည်။ ကျောက်ယုကျင့်ကို အတော်လေး နားလည်ထားသည်။
ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက ပြန်မဖြေခဲ့ပေ။
ရှုချွမ်ဟယ်က အပြုံးကိုရပ်တန့်လိုက်ပြီး သစ်သားစင်ပေါ်တွင်ရှိသောဓားများနှင့် ပတ်ဝန်းကျင်တွင်ရှိသောပန်းချီကားများကို ကြည့်သည်။
“ပိုးစုန်းကြူးကျွန်းပေါ်မှာ ဓားဆိုင် ၁၃ဆိုင်ရှိတယ်။ ဂိုဏ်းကြီးတွေနဲ့ အင်အားစုတွေကို ထည့်တွက်စရာမလိုဘူး။ ငါ ရှုချွမ်ဟယ်က ကျောက်ယုကျင့်ကိုပဲ သဘောကျတယ်”
“မင်းက သူ့ဆိုင်ကို ဆက်ခံထားတယ်ဆိုတော့ ဓားအကဲဖြတ်တဲ့နေရာမှာ ဘယ်လောက်တော်လဲ”
ရှုချွမ်ဟယ်က တောက်ပနေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
‘သူက ကျွမ်းကျင်သူတစ်ဦးပဲ’
ထိုအကြည့်ကြောင့် ဟန်မူယဲ့၏စိတ်နယ်ပယ်ထဲတွင်ရှိသော ဝိညာဉ်လိပ်ပြာဓားသည် အနည်းငယ်တုန်ခါသွားခဲ့သည်။
ဝိညာဉ်လိပ်ပြာဓား၏တုံ့ပြန်မှုကို လှုံ့ဆော်နိုင်သောကြောင့် အနည်းဆုံး ကောင်းကင်အဆင့်တွင် ရှိနေလိမ့်မည်။
‘သူက တကယ့်ကို ကောင်းကောင်းဖုံးကွယ်ထားတာပဲ’
ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားပေ။ သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ကျွန်တော်က ဒီကိုရောက်လာမှတော့ ဓားအကဲဖြတ်ဖို့ စွမ်းရည်ရှိပါတယ်”
သူက နှိမ့်ချမှုမရှိသလို မောက်မာခြင်းလည်း မရှိပေ။
သူက အမှန်တကယ်ပင် ဓားများကို အကဲဖြတ်နိုင်ပုံပေါ်သည်။
ဘေးတွင်ရပ်နေသောရှောက်ထျန်းရီက ဟန်မူယဲ့ကိုတစ်ချက်ကြည့်လိုက်ပြီး ခံစားချက်များဖြင့် သက်ပြင်းချသည်။
‘ဒီနေ့မှာ ယှဉ်ပြိုင်မှုတွေက အရမ်းပြင်းထန်နေပြီလား’
သူတွေးမိသည်။
‘ငါ့ကို တစ်ချက်တည်းနဲ့အနိုင်ယူပြီး ပုရွက်ဆိတ်တစ်ကောင်လို နင်းချေပစ်နိုင်တဲ့ မဟာဓားကျင့်ကြံသူကြီးက အရမ်းကို သရုပ်ဆောင်ကောင်းနေတာပဲ’
‘ဒီလိုလူမျိုးက ဆိုင်ဖွင့်ပြီး အသက်မွေးစရာမလိုဘူးလေ’
ရှုချွမ်ဟယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး သစ်သားစင်ပေါ်တွင်တင်ထားသော အစိမ်းရောင်ဓားအိမ်နှင့်ဓားတစ်လက်ကို ညွှန်ပြသည်။
“မင်းက ဒီလေစိမ့်တောဓားရဲ့ ဈေးနှုန်းကို အကဲဖြတ်ထားတာလား”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“ဒီဓားကို ကျိုးပဲ့ဝါးကိုးမျိုးနည်းစနစ်နဲ့ လေစိမ့်တောသံမဏိကိုအသုံးပြုပြီး ပြုလုပ်ထားတယ်။ ဒါက ဝိညာဉ်တစ်ဝက်အဆင့်လက်နက်ပဲ။ မင်းက ဘာဖြစ်လို့ ဝိညာဉ်ကျောက်တုံးသုံးသောင်းအဖြစ် ဈေးတပ်ထားတာလဲ”
ရှုချွမ်ဟယ်၏မျက်နှာထားက အေးစက်နေသည်။
“ငါတို့ဓားဆိုင်တွေမှာ ကိုယ်ပိုင်စည်းကမ်းရှိတယ်”
“တကယ်လို့ ကျောက်ယုကျင့်သာဆိုရင် ဈေးနှုန်းကို ၃၀%လျော့ချပေးလိမ့်မယ်”
အကယ်၍ တစ်ဖက်လူက ကောင်းကင်အဆင့်မဟုတ်လျှင် ဟန်မူယဲ့က ရှင်းပြရန် ဒုက္ခခံနေမည်မဟုတ်ပေ။
သို့သော် ရှုချွမ်ဟယ်တွင် တခြားအဆင့်အတန်းတစ်ခု ရှိနေလိမ့်မည်။ သူက ဓားဆိုင်၏စီးပွားရေးနှင့် စည်းကမ်းများကို အမှန်တကယ်ဂရုစိုက်နေခြင်းမဟုတ်ပေ။
သူ့မေးခွန်း၏နောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသောအဓိပ္ပာယ် ရှိနေလိမ့်မည်။
“ဓားထဲမှာအသုံးပြုထားတဲ့ သံမဏိက လေစိမ့်တောသံမဏိအဆီအနှစ်လိုမျိုး အရည်အသွေးကောင်းတယ်။ ဓားကို သန့်စင်ပြီးတဲ့အချိန်မှာ မဟာကျင့်ကြံသူကြီးတစ်ယောက် လေဝိညာဉ်အင်းကွက်ကို ထွင်းထုပေးခဲ့တယ်။ ကျွန်တော်က မှန်ကန်တဲ့ဝယ်သူကို ရှာဖွေချင်တဲ့အတွက် ဈေးနှုန်းကို ၃၀% တိုးထားခဲ့တာပဲ။ မဟုတ်ရင် နှစ်ဆတိုးလိုက်မှာပါ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်သည်။
ရှုချွမ်ဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး ဓားကိုလှမ်းယူသည်။ သူက ဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်ပြီး ချီစွမ်းအင်များထည့်သွင်း၍ သေချာစစ်ဆေးကြည့်လိုက်သည်။
ရှောက်ထျန်းရီက ရှုချွမ်ဟယ်ကိုကြည့်လိုက်ပြီး ဟန်မူယဲ့ကို ဆက်ကြည့်သည်။
‘သူက ဘယ်လိုလုပ်ပြီး ဓားရဲ့လေစိမ့်တောသံမဏိကို ရှင်းရှင်းလင်းလင်းသိနေရတာလဲ’
‘ဓားကို အချိန်အကြာကြီးပျိုးထောင်ခဲ့တဲ့ ဓားပိုင်ရှင်ကပဲ ဓားရဲ့အသေးစိတ်အချက်အလက်တွေကို သိနိုင်တာမဟုတ်လား’
“ဟုတ်တယ်။ လေစိမ့်တောသံမဏိအဆီအနှစ်ဖြစ်ဖို့ တစ်လှမ်းပဲလိုတော့တယ်။ ဒီဓားကို ဖူယွမ်သုံးမျိုးနည်းစနစ်နဲ့ သန့်စင်လိုက်ရင် ဝိညာဉ်လက်နက် ဖြစ်သွားလိမ့်မယ်”
ရှုချွမ်ဟယ်က ဓားကိုပြန်ချလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
“ငါ့မှာ ဓားတစ်လက်ရှိတယ်။ မင်းက ကူညီပြီး အကဲဖြတ်ပေးနိုင်မလား”
‘ဓားကို အကဲဖြတ်တော့မှာလား’
ရှောက်ထျန်းရီ၏မျက်လုံးများက တောက်ပသွားသည်။
ပြန့်ကျဲကြယ်ကျွန်းပေါ်တွင် ဓားအကဲဖြတ်ခြင်းစီးပွားရေးများ နေရာတိုင်းတွင် ရှိနေသည်။ သို့သော် သူက ဓားနှင့်ပတ်သတ်၍ အကဲဖြတ်ခြင်းကို မလုပ်ဘူးသေးပေ။
သူက ဓားကောင်းတစ်လက်မဟုတ်လျှင် ဝိညာဉ်ကျောက်တုံးများသုံးစွဲ၍ ဝယ်ယူမည်မဟုတ်ပေ။
သူရရှိထားသော ဝိညာဉ်ပုလဲတိုင်းကို အသက်နှင့်လဲ၍ ယူခဲ့ရသည်။
“အကြီးအကဲက ကျွန်တော့်ကို စစ်ဆေးတော့မလို့လား”
ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး ညင်သာစွာမေးသည်။
ရှုချွမ်ဟယ်က သူ့ကို မော့ကြည့်သည်။
ဟန်မူယဲ့က ရှေ့တွင်ရှိနေသော သစ်သားစင်များကို တည်ငြိမ်စွာကြည့်သည်။
“ဓားအကဲဖြတ်ချင်တယ်ဆိုရင် ဓားစည်းဝေးပွဲတစ်ခု လုပ်လိုက်ပါ”
“ကျွန်တော့်ကို စိန်ခေါ်ချင်တယ်ဆိုရင်တော့ စိန်ခေါ်စာထုတ်လိုက်ပါ”
ထို့နောက် သူက ရပ်တန့်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။
“အဆင့်မသတ်မှတ်ရသေးတဲ့ဓားကို အကဲဖြတ်ခိုင်းချင်တယ်ဆိုရင်တော့ ဈေးနှုန်းသုံးဆပေးမယ်ဆိုရင် ရပါပြီ”
‘ဓားကို အလကားအကဲဖြတ်ပေးရမှာလား။ စဉ်းစားလေ’
‘ကောင်းကင်အဆင့်ကိုရောက်နေတယ်ဆိုပြီး ငါ့ကို အခွင့်ကောင်းယူချင်တာလား’
ဟန်မူယဲ့က ဓားဆိုင်၏စည်းကမ်းများကို နားလည်သည်။
ဟန်မူယဲ့၏စကား အဆုံးသတ်သွားသောအချိန်တွင် ရှုချွမ်ဟယ်၏ကိုယ်ပေါ်၌ ဓားချီအချို့ ပေါ်ထွက်လာသည်။
ဓားချီများသည် အနည်းငယ်အေးစက်နေသည်။ ရှောက်ထျန်းရီက တစ်ကိုယ်လုံးတုန်ခါသွားပြီး ဟန်မူယဲ့၏ရှေ့တွင် ရပ်လိုက်သည်။
‘ငါက အချိန်ကိုက်လှုပ်ရှားလိုက်တာတော့ ဟုတ်ပါတယ်နော်’
ရှုချွမ်ဟယ်က အငွေ့အသက်များကို လျင်မြန်စွာသိမ်းဆည်းလိုက်သည်။ သူက အသာအယာချောင်းဟန့်၍ ပြုံးသည်။
“စိန်ခေါ်စာကို မေ့ထားလိုက်ပါ။ မင်းက ကျောက်ယုကျင့်ရဲ့မျိုးဆက်သစ်ဆိုတော့ ငါရဲ့မျိုးဆက်သစ်အဖြစ်လည်း ယူဆနိုင်ပါတယ်။ မင်းက ဒီမှာ ဓားဆိုင်ဖွင့်ထားတော့ နာမည်ရလာအောင် ငါက ကူညီပေးရမှာပေါ့”
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါက ရက်နည်းနည်းကြာရင် ဓားအကဲဖြတ်စည်းဝေးပွဲကို ကျင်းပလိုက်မယ်။ မင်းလာခဲ့လေ”
ထိုသို့ဖြင့် သူက ခေါင်းခါလိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပစ်၍ ဆိုင်ထဲမှ ထွက်သွားသည်။
ရှုချွမ်ဟယ်က တံခါးဝသို့ရောက်သောအခါတွင် ဟန်မူယဲ့ကို ပြန်လှည့်ကြည့်သည်။
“လက်ရေးလှစာနဲ့ပန်းချီကားတွေကို ရောင်းမှာလား”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။
“ဈေးနှုန်းက သင့်တော်တယ်ဆိုရင် ရောင်းမှာပါ”
‘သင့်တော်တဲ့ဈေးနှုန်းလား’
‘သင့်တော်တဲ့ဈေးနှုန်းက ဘယ်လောက်လဲ’
ဟန်မူယဲ့က ဆုံးဖြတ်ပေးမည်မဟုတ်ပေ။
ရှုချွမ်ဟယ်က ပါးစပ်ဖွင့်လိုက်ပြီး လက်ရေးလှစာနှင့်ပန်းချီကားများကို ကြည့်သည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး ပြောသည်။ “ထားလိုက်ပါတော့”
ထိုသို့ဖြင့် သူက လမ်းပေါ်သို့ ဦးတည်လိုက်သည်။
ရှောက်ထျန်းရီက အနည်းငယ်စိတ်ပျက်နေသည်။
လမ်းဘေးတွင် လူအများက ရှုချွမ်ဟယ်ကို နှုတ်ဆက်လိုက်ကြသည်။
“ဆိုင်ရှင်ရှု”
ကျားဝူနှင့် တခြားလူများက ဆိုင်ထဲမှထွက်လာပြီး တော်ဝင်ရှုခင်းဓားဆိုင်၏ရှေ့တွင် ရပ်နေသော ဟန်မူယဲ့ကို စပ်စုလိုသောအကြည့်များဖြင့် ကြည့်လိုက်သည်။