← Chapters

အခန်း (၅၆၈)

Vol. 41 Ch. 568

အခန်း (၅၆၈)

Vol. 41 Ch. 568

“ကွန်ဖြူးရှပ်တာအိုမှာကျွမ်းကျင်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ပဲ။ ဒီမျိုးဆက်သစ်လူငယ်လေးက စိတ်ဝင်စားဖို့ကောင်းတယ်”

“ငါတို့ဓားစံအိမ်ရဲ့စစ်ဆေးမှုကို ကျော်ဖြတ်ဖို့မလွယ်ဘူးလို့ ကျောက်ယုကျင့်က သူ့ကို ပြောလိုက်သေးလားမသိဘူး”

ရှုချွမ်ဟယ်က လေးနက်သောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

“ဆရာဦးလေးရဲ့ဓားစံအိမ်ကို ဂရုစိုက်ပေးမယ့်လူမရှိတာ နှစ်ပေါင်းသုံးရာကြာနေပြီ။ အရည်အသွေးကျဆင်းသွားဖို့ အန္တရာယ်ရှိနေပြီ။ ဘယ်သူက အမွေဆက်ခံနိုင်မလဲမသိဘူး ...”

ဓားဆိုင်၏ရှေ့တွင် ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ပြုံးလိုက်သည်။

ရှုချွမ်ဟယ်ထွက်သွားသောအခါတွင် သူက လောင်ကျွမ်းပြီးသိပ်သည်းသောဓားဆန္ဒကို တမင်သက်သက် ဖော်ပြခဲ့သည်။

အံ့ဖွယ်နေမင်းနည်းစနစ် သို့မဟုတ် ဆင်တူသော အမွေအနှစ်နည်းစနစ်တစ်ခု ဖြစ်လိမ့်မည်။

‘ဓားစံအိမ်ရဲ့‌ကောင်းကင်အဆင့်တပည့်က ကျောက်ယုကျင့်လိုမျိုး စမ်းသပ်ခံတပည့်တော့ မဟုတ်ဘူးမလား’

ဟန်မူယဲ့က တွေးမိသည်။

‘ဓားစံအိမ်ရဲ့ တရားဝင်တပည့်လား’

‘ဒါမှမဟုတ် တခြားအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားတာလား’

သို့သော် ထိုလူက သူ့ဆီသို့ရောက်လာပြီး ဆက်သွယ်ခဲ့သည့်အတွက် အလျင်လိုနေရန် မလိုအပ်ပေ။ ဖြည်းဖြည်းချင်း သွားရမည်။

ဟန်မူယဲ့က ကျားဝူနှင့်တခြားလူများကို နှုတ်ဆက်လိုက်ပြီး ဆိုင်ထဲသို့ ပြန်ဝင်သွားသည်။

သူက ပတ်ဝန်းကျင်တွင်ရှိနေသော လက်ရေးလှစာနှင့်ပန်းချီကားများကိုကြည့်လိုက်ပြီး အနည်းငယ်စဉ်းစား၍ စာလုံးတချို့ထပ်ရေးလိုက်သည်။

သူက အပေါ်ထပ်သို့ တက်သွားသောအချိန်တွင် ရှောက်ထျန်းရီက စာလုံးများကို လာကြည့်ပြီး မျက်လုံးပြူးသွားသည်။

“ကျစ် .... ဒါက ဝိညာဉ်ကျောက်တုံးတွေကို လုယူနေတာပဲ ....”

‘ဓား’ဟု ရေးသားထားသောစာလိပ်သည် ဝိညာဉ်ကျောက်တုံးသုံးသိန်းဖြစ်သည်။

သူနားမလည်နိုင်သောပန်းချီကားသည် ဝိညာဉ်ကျောက်တုံးသုံးသန်းဖြစ်သည်။

‘တမင်သက်သက်လုပ်ထားတာလား’

ရှောက်ထျန်းရီက ဓားစာလုံးကို ခေါင်းမော့ကြည့်သည်။

သူက ထိုစာလုံးနှင့်ပန်းချီကားများကို ထူးခြားသည်ဟုမထင်သောကြောင့် ဂရုမစိုက်ခဲ့ပေ။

သို့သော် ဝိညာဉ်ကျောက်တုံးသုံးသိန်းအဖြစ် ဈေးတပ်ထားသောကြောင့် တစ်ခုခုရှိနေလိမ့်မည်။

သူက အချိန်အတော်ကြာအောင် စောင့်ကြည့်ခဲ့သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

သူက ခေါင်းခါလိုက်ပြီး အကြည့်လွှဲတော့မည့်အချိန်တွင် စာလုံး၏စုတ်ချက်တိုင်းသည် ဓားအမှတ်အသားများနှင့်တူသည်ဟု ခံစားလိုက်ရသည်။

ထိုအတွေးပေါ်လာသောအချိန်တွင် သူ့စိတ်နယ်ပယ်သည် ပေါက်ကွဲထွက်သွားသည်။

မရေမတွက်နိုင်သောဓားကွက်များသည် ကောင်းကင်နှင့်မြေကြီးကိုထိုးဖောက်၍ သူ့အသိစိတ်ကို တစ်ပိုင်းတစ်စစီဖြစ်သွားအောင် လုပ်နေသည်။

ဓားကွက်တိုင်းသည် ကြယ်များကဲ့သို့ တောက်ပနေသည်။

ဓားအလင်းတိုင်းသည် သူ့ဆီသို့တိုးဝင်လာပြီး သူက မရှောင်တိမ်းနိုင်ခဲ့ပေ။

ဓားအလင်းသည် နဂါးတစ်ကောင်သဖွယ်ဖြစ်ပြီး သူ့ဝိညာဉ်ကို တစ်ပိုင်းတစ်စစီဖြစ်သွားအောင် လုပ်နေပုံရသည်။

“ဘန်း”

ရှောက်ထျန်းရီက ကြမ်းပြင်ပေါ်တွင် လဲကျသွားပြီး နောက်တွင်ရှိသောသစ်သားစင်နှင့် တိုက်မိလုနီးပါး ဖြစ်သွားခဲ့သည်။

သူ့နောက်ကျောသည် ချွေးများဖြင့်စိုရွှဲနေသည်။

သူက နှလုံးခုန်မြန်နေပြီး အပြင်ဘက်အထိ တိုးထွက်လာတော့မည်ဟု ထင်ရသည်။

သူက လက်သီးဆုပ်လိုက်ပြီး ဖြူဖျော့နေသောမျက်နှာထားနှင့်အတူ ပြုံးသည်။ ထို့နောက် သူက ကျယ်လောင်စွာရယ်လိုက်သည်။

ထိုဓားအလင်းသည် အလွန်ထူးခြားဆန်းကြယ်သည်။

သူက အသက်ခိုးယူခြင်းမျှော်စင်၏ လုပ်ကြံသူတစ်ယောက်ဖြစ်ပြီး လူများကိုသတ်ဖြတ်၍ ကြီးပြင်းလာခဲ့သည်။

သူက လူသတ်နိုင်သောဓားနည်းစနစ်များကို သင်ယူခဲ့သည်။ သို့သော် အစစ်အမှန်ဓားနည်းစနစ်ကို မသိခဲ့ပေ။

ယခု အကြည့်တစ်ချက်နှင့်အတူ သူက ဓားတစ်လက်ကို မြင်လိုက်ရသည်။

သတ်ဖြတ်လိုစိတ်များသည် ကောင်းကင်အထိ ထိုးတက်သွားပြီး ဓားသည် လောကကို လွှမ်းမိုးထားသည်။

ဓားသည် လူသတ်လက်နက်တစ်ခုဖြစ်သော်လည်း လူကတော့ မဟုတ်ပေ။

ရှောက်ထျန်းရီက ဖြည်းဖြည်းချင်း ‌ခေါင်းမော့လိုက်ပြီး ဓားစာလုံးကို ပြန်ကြည့်သည်။

မရေမတွက်နိုင်သောဓားဆန္ဒများသည် သူ့စိတ်နယ်ကို တိုက်ခိုက်လာသည်။ သို့သော် သူက ပိုမိုပျော်ရွှင်စွာ ရယ်လိုက်သည်။

ဓားတစ်လက်သည် မည်သည့်အရာဖြစ်သနည်း။

ဤလောကတွင် ခြေတစ်လှမ်းဖြင့် မိုင်သုံးသောင်းခရီးသွားနိုင်သောလူများအပြင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် တောင်နှင့်မြစ်များအား ပြိုကွဲသွားစေနိုင်သောလူများလည်း ရှိနေသည်။ မြစ်ကို ဓားဖြင့်ဖြတ်ကူးနိုင်သောလူများလည်း ရှိပြီး စစ်သည်တစ်သန်းကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သောလူများလည်း ရှိသည်။ ဓားတစ်ချက်ဖြင့် အချိန်မြစ်ကိုဖျက်ဆီးပြီး ခေတ်များ၏ကံကြမ္မာကို ပြောင်းလဲနိုင်သောလူများလည်း ရှိနေသည်။

သို့သော် ထိုအရာသည် အလွန်ဝေးကွာနေသေးသည်။

ရှောက်ထျန်းရီက အသက်ခိုးယူခြင်းမျှော်စင်သို့ အသက်ရှစ်နှစ်အရွယ်တွင် ရောက်လာခဲ့သည်။ ထိုအချိန်တွင် ဂိုဏ်းတူအစ်ကိုတစ်ယောက်က ဓားတစ်လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး စားသောက်ချိန်နှင့် အိပ်စက်ချိန်တို့တွင်လည်း လွှတ်မပေးခဲ့ပေ။

ရှောက်ထျန်းရီက သူ့ကို မေးခဲ့ဖူးသည်။

ဂိုဏ်းတူအစ်ကိုက ပြန်ဖြေခဲ့သည်။

“ဒါက ငါ့ဘဝလေ ....”

‌ရှောက်ထျန်းရီက အသက် ၁၃နှစ်အရွယ်သို့ ရောက်လာသောအချိန်တွင် ထိုဂိုဏ်းတူအစ်ကို၏ရင်ဘတ်ကို ဓားဖြင့်ထိုး၍ သတ်ဖြတ်ခဲ့သည်။

ထိုဓားချက်သည် သူ့အသက်ကို ယူဆောင်သွားခဲ့သည်။

ဂိုဏ်းတူအစ်ကို၏ဓားကို အဆုံးမဲ့ပင်လယ်ထဲသို့ ပစ်ချခဲ့သည်။

“အဲဒီတော့ ဓားက တကယ်ကို ငါ့ရဲ့ဘဝပဲပေါ့ ....”

ရှောက်တထျန်းက မျက်ရည်များစီးကျနေပြီး ခေါင်းမော့ကြည့်သည်။

သူ့ခန္ဓာကိုယ်ထဲတွင် တက်ကြွသောဓားဆန္ဒများ လှုပ်ရှားနေပြီး သစ်သားစင်ပေါ်တွင်ရှိသောဓားများနှင့် ပဲ့တင်ထပ်သွားသည်။

....

ကျန့်တနျိုတို့မိသားစုနေထိုင်သော ရေပေါ်ရွာကလေးနှင့် ဈေးဆိုင်တန်းများသည် မိုင်တစ်ရာခန့် ကွာဝေးသည်။

စောင်တစ်ထုပ်သယ်ထားပြီး မုန့်စားနေသောကျန့်တနျိုက လျင်မြန်စွာလမ်းလျှောက်လာသည်။

သူက မြို့အပြင်ရှိ ဆယ်မိုင်ခန့်အကွာတွင် နွားလှည်းတစ်စီးနှင့် တွေ့လိုက်ရသည်။ သူက သူတို့၏ဦးတည်ချက်ကို မေးလိုက်သည်။

ကျန့်တနျိုက သတိထားနေသည်။ သူက မြို့ထဲရှိ ဆိုင်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ဆိုင်ရှင်၏ခိုင်းစေမှုကြောင့် အဆုံးမဲ့ပင်လယ်၏ကမ်းစပ်တွင်ရှိသော ကျေးရွာဆီသို့သွားမည်ဟု ပြောခဲ့သည်။

သူက ဟန်မူယဲ့ပေးလိုက်သော ဈေးဆိုင်၏သော့ကိုလည်း ပြသခဲ့သည်။

သော့ပေါ်တွင် ဝိညာဉ်အင်းကွက်များရှိနေသောကြောင့် ကျင့်ကြံခြင်းလောက၏ပစ္စည်းတစ်ခုဖြစ်ကြောင်း သက်သေပြနိုင်သည်။

လှည်းမောင်းသူက တစ်ဖက်သို့လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြနေသောသခင်ဖြစ်သူကို မြင်ရသည်။ သူက ကျန့်တနျိုကို လှည်းပေါ်သို့တက်ရန် ဖိတ်ခေါ်လိုက်သည်။

ကျန့်တနျိုက ငြင်းဆန်ချင်သော်လည်း ခရီးဝေးသောကြောင့် လှည်းသမားကို ကျေးဇူးတင်ပြီး လှည်းပေါ်သို့ တက်လိုက်သည်။

လှည်းပိုင်ရှင်သည် ဝတ်ရုံရှည်နှင့် လူအိုကြီးတစ်ယောက်ဖြစ်ပြီး သူနှင့်အတူ ဆယ်နှစ်အရွယ်ကလေးတစ်ယောက် ရှိနေသည်။

လူအိုကြီးက ပြုံးလိုက်ပြီး ကျန့်တနျိုကို မေးသည်။

ကျန့်တနျိုက သေချာတုံ့ပြန်လိုက်ပြီး အများအပြားမပြောသင့်ကြောင်း ခံစားရသည်။

သို့သော် သူက လှည်းပေါ်မှဆင်းပြီး ထွက်လာသောအချိန်တွင် ဒေါသတကြီး ခေါင်းကုတ်လိုက်သည်။

သူက အရာအားလုံးကို ပြောပြလိုက်ပုံပေါ်သည်။

“ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံတဲ့ ဓားသမားတစ်ယောက်လား။ စိတ်ဝင်စားဖို့ကောင်းသားပဲ”

လှည်းပေါ်တွင် လူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး ဘေးတွင်ရှိသောကလေးကို လှည့်ကြည့်သည်။

“ပြန့်ကျဲကြယ်ကျွန်းတွေမှာ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေ သိပ်မရှိဘူးလို့ ဆရာပြောခဲ့တယ်မဟုတ်လား”

ကလေးက ကြည်လင်‌သောအသံဖြင့် မေးလိုက်သည်။

“ဟီးဟီး၊ အဲဒါကြောင့် ငါက သိချင်နေတာပဲ”

လူအိုကြီးက မုတ်ဆိတ်ရှည်များကို ပွတ်သပ်လိုက်ပြီး ညင်သာစွာပြောသည်။

“ငါတို့ကျင်းနန်ကြယ်မှာ ကွန်ဖြူးရှပ်တာအိုက တိုးတက်နေပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာနဲ့တောင် ယှဉ်နိုင်တယ်။ ဒါပေမဲ့ ဒီနေရာနဲ့ အရမ်းဝေးတဲ့အတွက် ငါတို့ရဲ့အမွေအနှစ်က ဒီမှာ မဖွံ့ဖြိုးနိုင်ခဲ့ဘူး”

“ကွန်ဖြူးရှပ်တာအိုကိုကျင့်ကြံတဲ့ ဓားသမားလား။ ဒါက အကြံကောင်းတစ်ခုပဲ”

“ဒါအောင်မြင်သွားခဲ့ရင် ငါတို့ကျင်းနန်ကြယ်ရဲ့ ကွန်ဖြူးရှပ်တာအိုအမွေအနှစ်က ကမ္ဘာအသီးသီးကို ရောက်သွားလိမ့်မယ်”

လူအိုကြီးက တီးတိုးပြောလိုက်သည်။ ကလေးက အပြည့်အဝနားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။

လှည်းသမားက စိတ်ကူးယဉ်မှုများဖြင့်ပြည့်နေပုံရသည်။ သူက ကြာပွတ်ကိုဝှေ့ယမ်းပြီး လှည်းကို အရှိန်မြှင့်လိုက်သည်။

ကျန့်တနျိုက လမ်းဘေးတွင် ဦးတည်ချက်ပြန်ရှာပြီး အိပ်ယာခင်းအသစ်များ၊ ပစ္စည်းများနှင့်အတူ စိတ်လှုပ်ရှားစွာ ထွက်ပြေးသွားသည်။

ခုနစ်မိုင်၊ ရှစ်မိုင်ခန့် ပြေးပြီးသွားသောအခါ သူက ရှေ့တွင်ရှိသော ချောင်းစွယ်ကို မြင်လိုက်ရသည်။ ရေပေါ်ရွာကလေးမှ မီးခိုးများထွက်နေပြီး သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

သူက ပြုံးနေသည်။

ကျန့်တနျိုက ခဏတာအနားယူလိုက်ပြီး အင်္ကျီထောင့်စွန်းကို မသိမသာစမ်းကြည့်သည်။

မာကျောသောဝိညာဉ်ပုလဲလုံးသည် ထိုနေရာတွင် ရှိနေသေးသည်။

ဝိညာဉ်ပုလဲလုံးဖြစ်သည်။

ထိုဝိညာဉ်ပုလဲနှင့်ဆိုလျှင် သူတို့တစ်မိသားစုလုံးသည် ဘဝတစ်လျှောက်လုံး အစားအသောက်အတွက် စိတ်ပူရန်မလိုတော့ပေ။

သူက ဝိညာဉ်ပုလဲလုံးကို ဇနီးဖြစ်သူဆီသို့ပေးပြီး ပိုမိုကြီးမားသောရွာသို့ တစ်မိသားစုလုံး ရွှေ့ပြောင်းရမည်။

ကလေးနှစ်ယောက်ကိုလည်း ကောင်းမွန်စွာပျိုးထောင်ပေးရမည်။ သူတို့က ကျင့်ကြံသူများဖြစ်မလာနိုင်လျှင်ပင် စာပေတတ်ကျွမ်းပြီး ကျင့်ကြံသူများ၏အစေခံ ဖြစ်လာရမည်။

သူတို့အရွယ်ရောက်လာပြီး သူ့နေရာကိုဝင်ယူနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

ဆိုင်ရှင်သည် မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်ပြီး အလွန်အသက်ရှည်လိမ့်မည်။ သူ၊ သူ့ကလေးနှင့် သူ့မြေးများသည် ဆိုင်ရှင်၏အစေခံအဖြစ် မျိုးဆက်တစ်လျှောက် တာဝန်ထမ်းဆောင်နိုင်မည်။

ဆိုင်ရှင်က သူတို့ကိုလက်ခံလိုလျှင် အဆင်ပြေသည်။

ကျန့်တနျိုက ထိုသို့တွေးလိုက်ပြီး စိတ်မရှည်စွာထရပ်သည်။

သူက စောင်ထုပ်ကိုသယ်ထားပြီး ရွာဆီသို့ ပြေးသွားသည်။

သို့သော် ရွာအပြင်ဘက်တွင်ဆော့ကစားလေ့ရှိသော ကလေးများကို မတွေ့ရပေ။

အနည်းငယ်ထူးဆန်းနေသည်။

ရွာထဲရှိလမ်းတစ်လျှောက်တွင်လည်း တခြားလူများကို မတွေ့ခဲ့ရပေ။

သူက အနည်းငယ်ဆောက်တည်ရာမရဖြစ်လာသည်။

သူက အိမ်ရှေ့သို့ပြေးသွားပြီး နောက်ဆုံးတွင် လူတစ်ယောက်ကို မြင်လိုက်ရသည်။

အိမ်ထဲတွင် ဆူညံသံတချို့ကို ကြားလိုက်ရသည်။

“တနျို”

လူတစ်ယောက်က အံ့အားသင့်စွာ အော်ခေါ်သည်။

ရှေ့တွင်ရှိသောလူများက နောက်လှည့်ကြည့်ပြီး ခေါ်လိုက်ကြသည်။

“တနျို”

“တနျိုက ပြန်လာပြီ”

ကျန့်တနျိုက ပြုံးလိုက်ပြီး ကျောပေါ်တွင်ရှိသောစောင်ထုပ်ကို တင်းကျပ်စွာဆုပ်ကိုင်သည်။

“တနျို၊ မင်းရဲ့ယောက္ခမတွေက မင်းဇနီးကို ပြန်ခေါ်သွားချင်နေတယ်။ မြန်မြန်သွားကြည့်လိုက်အုံး”

လူတစ်ယောက်က အော်ပြောသည်။

‘ငါ့မိန်းမကို ပြန်ခေါ်သွားချင်တာလား’

အစပိုင်းတွင် ကျန့်တနျိုက နားမလည်သော်လည်း အနည်းငယ်ရှေ့ဆက်သွားပြီးသောအခါတွင် ရုတ်တရက် နားလည်သွားသည်။

သူ့မျက်နှာထားက ပြောင်းလဲသွားပြီး လျင်မြန်စွာပြေးလာသည်။

တခြားလူများက သူ့ကို မြင်လိုက်ရသောအခါတွင် လမ်းဖယ်ပေးလိုက်ကြသည်။

သစ်သားအိမ်ပုလေးသို့ ရောက်လာသောအချိန်တွင် ကျန့်တနျိုက ကလေးနှစ်ယောက်၏ငိုသံကို ကြားလိုက်ရသည်။

“အဖေ၊ ကျွန်မကိုခေါ်သွားမယ်ဆိုရင်လည်း ရှစ်ထုန်နဲ့ချင်းရွှေကိုပါ ခေါ်သွားပါရစေ”

“သူတို့ကိုလည်း ခေါ်လာမယ် ဟုတ်လား။ ညီမလေး၊ နင်က ဒီဝန်ထုပ်ဝန်ပိုးနှစ်ခုနဲ့ဆိုရင် ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်မှာလဲ”

သစ်သားအိမ်ထဲမှ စကားသံများကို ကြားလိုက်ရသည်။

ကျန့်တနျိုက အိမ်ထဲသို့ပြေးဝင်သွားပြီး မီးဖိုဘေးတွင်ထိုင်နေသော မိဘနှစ်ပါးကို မြင်လိုက်ရသောအခါတွင် သက်ပြင်းချသည်။

ကလေးနှစ်ယောက်က သူ့ဇနီး၏အဝတ်အစားများကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အော်ငိုနေသည်။

အိပ်ယာပေါ်တွင်ထိုင်နေသောအမျိုးသမီးက လက်တစ်ဖက်ဖြင့် ကလေးနှစ်ယောက်ကို ဖက်ထားပြီး တခြားလက်တစ်ဖက်ဖြင့် မျက်ရည်သုတ်ပေးနေသည်။

ကျန့်တနျို၏ယောက္ခထီးသည် စားပွဲခုံအကျိုး၏ဘေးတွင် ထိုင်နေပြီး သူ့ယောက်ဖက ဇနီးသည်၏ဘေးတွင် ရှိနေသည်။ သူက ကလေးနှစ်ယောက်ကိုတွန်းထုတ်ရန် ကြိုးစားနေသည်။

ကျန့်တနျိုပြန်လာသောအခါ အခန်းထဲတွင်ရှိသောလူများအားလုံးက အံ့အားသင့်သွားသည်။

ကျန့်တနျိုက ရှေ့သို့တိုးလာပြီး အိပ်ယာခင်းနှင့်ပစ္စည်းများကို အိပ်ယာပေါ်သို့ ပစ်တင်လိုက်သည်။ သူက ကြောင်အနေသော ယောက်ဖဖြစ်သူ၏ အင်္ကျီကော်လံကိုဆွဲပြီး နှစ်ချက်ထိုးလိုက်သည်။

“ဘန်း”

“ဘန်း”

ထို့နောက် သူက ယောက်ဖဖြစ်သူကို ကန်ထုတ်လိုက်ပြီး လက်သီးဆုပ်၍ စိုက်ကြည့်နေသည်။

All Chapters