← Chapters

အခန်း (၅၆၉)

Vol. 41 Ch. 569

အခန်း (၅၆၉)

Vol. 41 Ch. 569

“ငါသေသွားပြီလို့ ထင်နေတာလား”

လွန်ခဲ့သောရက်များတွင် ကျန့်တနျိုက တော်ဝင်ရှုခင်းဓားဆိုင်၌ ကောင်းမွန်စွာစားသောက်ပြီး နေထိုင်ခဲ့ရသောကြောင့် ခွန်အားတိုးလာသည်။

ထို့အပြင် သူက အောင်မြင်စွာမကျင့်ကြံနိုင်ခဲ့သော်လည်း ရှောက်ထျန်းရီနှင့် လေ့ကျင့်ပြီးသောအခါတွင် အလွန်သန်မာလာခဲ့သည်။

လက်သီးထိုးချက်နှစ်ချက်ကြောင့် ယောက်ဖဖြစ်သူက မူးဝေသွားသည်။ ခြေကန်ချက်သည် သူ့ကို အရိုးကျိုးလုနီးပါး ဖြစ်သွားစေသည်။

ကျန့်တနျိုက လက်သီးဆုပ်ထားပြီး အော်ဟစ်လိုက်သည်။ ယောက်ဖဖြစ်သူက နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့တွနေပြီး ညည်းညူလိုက်သည်။

“မင်းက သေသွားပြီမဟုတ်ဘူးလား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျန့်တနျိုက ဒေါသထွက်သွားသည်။ သူက ရှေ့တက်လာပြီး ယောက်ဖဖြစ်သူ၏ပခုံးကို ထိုးလိုက်သောကြောင့် ယောက်ဖက လိမ့်ထွက်သွားသည်။

ကျန့်တနျိုက လက်သီးဖြင့်ဆက်တိုးနေသည်။ ယောက်ဖဖြစ်သူက လက်နှစ်ဖက်ဖြင့် ခေါင်းကိုကာထားပြီး နာကျင်စွာညည်းညူနေသည်။

“မင်း မလုပ်နဲ့ ....”

စားပွဲတွင်ထိုင်နေသော ယောက္ခထီးက ရှေ့တက်လာပြီး ကျန့်တနျိုကို ဆွဲလိုက်သော်လည်း ကျန့်တနျိုက တွန်းထုတ်လိုက်သောကြောင့် လဲကျသွားသည်။

ကျန့်တနျိုက လက်သီးမြှောက်ထားသည်။ သူ့နောက်တွင် ဇနီးဖြစ်သူက အော်ဟစ်လိုက်သည်။

“တနျို၊ အဲဒါက ငါ့အဖေပါ ....”

ကျန့်တနျိုက ထိုစကားကို ကြားလိုက်ရသောအခါ ဘေးတွင်ရှိသောစားပွဲကို ထိုးချလိုက်သည်။

“ဘန်း”

စားပွဲခုံက တစ်ပိုင်းတစ်စစီဖြစ်သွားသည်။

ထိုလက်သီးချက်ကြောင့် သူက အနည်းငယ်စိတ်ပြေသွားသည်။

“ဘုရား‌ရေ၊ မင်းက ဒေါသထွက်နေတယ်ဆိုရင်တောင် ပစ္စည်းတွေကို မဖျက်ဆီးသင့်ဘူးလေ ....”

မီးဖိုဘေးတွင်ရှိနေသော တနျို၏အဖေက တုန်ခါနေသောအသံဖြင့် ပြောလိုက်သည်။

အိမ်အပြင်ဘက်တွင် တခြားလူများက လျင်မြန်စွာလူစုခွဲလိုက်ပြီး တီးတိုးဆွေးနွေးနေကြသည်။

ကျောက်တနျိုက လျင်မြန်စွာပြန်လာခဲ့သောကြောင့် သူတို့က သေချာအာရုံမစိုက်လိုက်ရပေ။ ယခု ပြန်လည်ဆွေးနွေးကြည့်လိုက်သောအခါတွင် တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိသွားသည်။

ကျန့်တနျိုက ခွန်အားတိုးလာသည်။

သူ့အဝတ်များက အကောင်းစားဖြစ်နေသည်။

သူက အိပ်ယာခင်းအသစ်များကို ပြန်သယ်လာခဲ့သည်။

....

အခန်းထဲတွင် ကျန့်တနျိုက ခြေတစ်ချောင်းကျိုးနေသော သစ်သားထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ သူက မထနိုင်သော ယောက္ခထီးနှင့်ယောက်ဖကို စိုက်ကြည့်နေသည်။

“ဘာဖြစ်နေတာလဲ ငါ့ကိုပြော”

“သေချာရှင်းမပြနိုင်ရင် ဒီအိမ်ထဲကနေ ထွက်သွားနိုင်မယ်မထင်နဲ့”

သူက ဓားဆိုင်တွင် လဝက်ခန့်နေထိုင်ခဲ့သည်။ သူ့အငွေ့အသက်သည် တံငါသည်တစ်ယောက်နှင့် မတူတော့ပေ။

သူက နေရာတွင်ထိုင်နေပြီး ကြမ်းတမ်းစွာပြောလိုက်သောအခါတွင် ယောက္ခထီးနှင့်ယောက်ဖဖြစ်သူက တစ်ကိုယ်လုံး တုန်ခါသွားကြသည်။

“ငါက ... ငါက ငါ့ညီမကောင်းဖို့အတွက် လုပ်ရတာပါ ....”

မျက်နှာတစ်ခုလုံးညိုမည်းနေသော ယောက်ဖဖြစ်သူက ကြောက်ရွံ့စွာပြောလိုက်သည်။

“ဟမ့်၊ မင်းက ငါရှိနေသေးတယ်ဆိုတာကို‌ရော သိရဲ့လား”

ကျန့်တနျိုက အော်ဟစ်လိုက်သည်။

“ငါသေသွားပြီး မင်ပြောခဲ့တာမဟုတ်ဘူးလား”

ယောက်ဖဖြစ်သူက လည်ပင်းကျုံ့လိုက်ပြီး တီးတိုးပြောသည်။

“ဟုတ်တယ်။ အဲဒါ မင်းတို့ရွာရဲ့ ချောင်အားဝါက စာပို့ခဲ့တာ ....”

ထိုဖြစ်ရပ်သည် အလွန်ရိုးရှင်းသည်။ ကျန့်တနျိုက ကျင့်ကြံသူနှင့်ဆုံတွေ့ခဲ့သောအချိန်တွင် တခြားလူတစ်ယောက်က မြင်သွားခဲ့သည်။

ကျန့်တနျိုထွက်သွား‌သောအခါ ရွာထဲတွင် ယဇ်ပူဇော်ခံလိုက်ရပြီဆိုသော ကောလဟာလများဖြင့် ပြည့်သွားသည်။

ကျန့်မိသားစု၏ အကြီးအကဲနှစ်ယောက်သည် မျက်ရည်ကျရုံသာ တတ်နိုင်သည်။ ကျန့်တနျို၏ဇနီးက ကိစ္စများကို ကိုင်တွယ်နိုင်‌သော်လည်း မိသားစု၏အပြူအမူကြောင့် ကောလဟာလများကို ရှင်းမထုတ်နိုင်ခဲ့ပေ။

အချိန်ကြာလာသောအခါတွင် ကောလဟာလများသည် အမှန်ဖြစ်လာသည်။ ရွာတစ်ရွာလုံးက ကျန့်တနျိုသေဆုံးသွားပြီဟု မှတ်ယူလိုက်ကြသည်။

ချောင်အားဝါသည် ကျန့်တနျို၏ဇနီးဖြစ်သူကို သဘောကျနေသည်။ ထို့ကြောင့် အိမ်နီးချင်းရွာတွင်ရှိသော ကျန့်တနျို၏ယောက္ခထီးကို သတင်းသွားပေးခဲ့သည်။

ထိုကိစ္စသည် သူတို့ရွာတွင် သတင်းပြန့်သွားခဲ့သည်။ ရွာသူကြီး၏အငယ်ဆုံးသားက မုဆိုးမဖြစ်နေလျှင်လည်း ဂရုမစိုက်ဘဲ လက်ထပ်ချင်သည်ဟု ကမ်းလှမ်းလာခဲ့သည်။ သူက လက်ဖွဲ့အနေဖြင့် ကျောက်စိမ်းခရုခွံတစ်ထောင်ပေးမည်ဟု ပြောခဲ့သည်။

ကျောက်စိမ်းခရုခွံတစ်ထောင်သည် ကျန့်တနျို၏ယောက်ဖအတွက် လက်ထပ်ပွဲကျင်းပရန် လုံလောက်သည်။

“မင်းက ညီမကို ကျောက်စိမ်းခရုခွံတစ်ထောင်အတွက် ရောင်းစားတော့မယ်ပေါ့လေ”

တနျိုက လက်သီးဆုပ်လိုက်ပြန်သည်။

သူက အချိန်မီပြန်ရောက်မလာခဲ့လျှင် သူ့မိသားစုက ပြိုကွဲသွားလိမ့်မည်။

“ရှန့်ဟယ်ရွာက စွန်းမိန်းကလေးအတွက် ကျောက်စိမ်းခရုခွံတစ်ထောင်နဲ့ တင်တောင်းရမယ် ....”

ယောက်ဖဖြစ်သူက မသိစိတ်အလျောက် ရေရွတ်လိုက်သည်။

သူ့စကားမဆုံးခင် ယောက္ခထီးဖြစ်သူက အော်ပြောလိုက်သည်။

“တနျို၊ ဒါက အရေးမပါတဲ့ကိစ္စလေးပါပဲ။ မိသားစုမှာ ဦးဆောင်မယ့်ယောင်္ကျားသားတစ်ယောက် မရှိဘူးဆိုရင် နေလို့မဖြစ်တာကို မင်းလည်းသိတာပဲ”

“ရှောင်စွေ့က ငါ့သမီးလေးပါ။ သူခံစားနေရတာကို ငါက ဘယ်လိုလုပ်ပြီး ကြည့်ရက်မှာလဲ ....”

ယောက္ခထီးဖြစ်သူက မျက်ရည်များကိုသုတ်လိုက်သည်။

သူက အသုံးမကျသောသားဖြစ်သူကို တိတ်တခိုး စိုက်ကြည့်လိုက်သည်။

‘ငတုံးကောင်’

‘ကျောက်စိမ်းခရုခွံတစ်ထောင်အတွက် ကျန့်တနျိုကို ရန်စပြီး သေချင်နေတာလား’

ကံကောင်းစွာဖြင့် သူက အတွေ့အကြုံပြည့်ဝသည်။ သူက မျက်ရည်များကို သုတ်လိုက်သောအချိန်တွင် သူ့သမီးကလည်း ငိုကြွေးလိုက်သည်။ ကလေးနှစ်ယောက်ကလည်း အမေဖြစ်သူနှင့်အတူ လိုက်ငိုကြသည်။

ကျန့်တနျို၏နှလုံးသားက ချင်ချင်းပျော့ပြောင်းသွားသည်။

သူက နှာမှုတ်လိုက်ပြီး မတ်တပ်ရပ်၍ အိမ်အပြင်ဘက်သို့ ထွက်သွားသည်။

အိမ်နီးချင်းများက သူ့ကို ထိတ်လန့်စွာကြည့်နေကြသည်။

သူက ချောင်အားဝါကို ရှာမတွေ့ခဲ့ပေ။ မဟုတ်လျှင် သူက ထိုလူ၏နံရိုးများကို ချိုးမိလိမ့်မည်။

ကျန့်တနျိုက အိမ်ထဲသို့ ပြန်ဝင်လာသောအချိန်တွင် ကျိုးသွားသောစားပွဲခုံကို ပြန်ပြင်ထားခဲ့သည်။

သူ့အဖေနှင့် ယောက္ခထီးက စားပွဲခုံတွင် ထိုင်နေကြသည်။

ကလေးနှစ်ယောက်က ဇနီးသည်နှင့်အတူ မီးဖိုထဲတွင် ရှိနေသည်။ မီးဖိုက မွှေးရနံ့များကို ထုတ်ပေးနေသောကြောင့် ကလေးနှစ်ယောက်က သွားရည်ကျနေသည်။

သူပြန်ယူလာခဲ့သော အသားများ၏ရနံ့ဖြစ်သည်။

ကျွန်းပေါ်တွင် ငါးများပေါသော်လည်း တခြားအသားများ ရှားပါးသည်။ ထိုအသားအတွက် ဒါဇင်ချီသော ကျောက်စိမ်းခရုခွံများ ပေးခဲ့ရသည်။

“ဒါက တကယ့်ကို အသားပဲ။ လူအိုကြီးကျန့်၊ ငါက ရွာသူကြီး မြေးရဲ့ မွေးနွေးပွဲမှာ အသားကို နောက်ဆုံးအကြိမ် စားခဲ့ရတယ်။ အဲဒါ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကပဲ။ အသားတစ်တုံးရဖို့အတွက် မလွယ်ခဲ့ဘူး ....”

ယောက္ခထီးဖြစ်သူက အနံ့ခံလိုက်ပြီး ခံစားချက်များနှင့်အတူ ပြောသည်။

ကျန့်တနျို၏အဖေက သက်ပြင်းချလိုက်ပြီး တီးတိုးပြောသည်။

“ဟုတ်တယ်။ အသားကို အရသာမခံရတာ အတော်ကြာပြီ”

ယောက္ခထီးက ခပ်ဟဟရယ်သည်။

“ရှောင်စွေ့၊ နည်းနည်းလောက်ထပ်ချက်လိုက်အုံး။ ငါတို့မှာ သွားတွေသိပ်မရှိတော့ဘူး”

ထို့နောက် သူက တီးတိုးပြောသည်။

“တနျိုက တကယ်အောင်မြင်နေတာပဲမဟုတ်လား”

ကျန့်တနျို၏အဖေက ကြောင်အသွားပြီး စိုးရိမ်နေပုံပေါ်သည်။

ထိုအချိန်တွင် ကျန့်တနျိုက အိမ်ထဲသို့ ပြန်ဝင်လာသည်။

“တနျို၊ မင်း ....”

ယောက္ခထီးဖြစ်သူက ပြောလိုက်သောအချိန်တွင် ကျန့်တနျိုက အေးစက်သောမျက်နှာထားဖြင့် မီးဖိုဆီသို့ သွားလိုက်သည်။

သူက မီးဖိုဘေးတွင်အလုပ်ရှုပ်နေသော အမျိုးသမီးကို ဆွဲယူလိုက်သည်။

အမျိုးသမီးက ယောက်မကို ချလိုက်သည်။ သူမက လက်များကိုသုတ်လိုက်ပြီး သူ့နောက်သို့ လိုက်သွားသည်။

ကလေးနှစ်ယောက်က မီးဖိုကိုငေးကြည့်နေပြီး လိုက်မသွားပေ။

စားပွဲပေါ်တွင်ထိုင်နေသော လူအိုကြီးနှစ်ယောက်၊ မီးဖိုနောက်တွင်ပုန်းနေသော ယောက်ဖ၊ မီးထိုးနေသော ကျန့်တနျို၏အမေတို့က လည်ပင်းဆန့်ပြီး တိတ်ဆိတ်စွာစောင့်ကြည့်နေသည်။

အိမ်က သိပ်မကြီးပေ။ တစ်ယောက်ယောက်ကို သယ်သွားရန် နေရာမရှိပေ။

ကျန့်တနျို၏ဇနီးသည်က ရှက်သွားသည်။

‘တနျို့က လဝက်လောက် ပြန်မလာခဲ့ဘူး။ ငါ့ကို သတိရနေတာလား’

သို့သော် ညမ‌ရောက်သေးပေ။ အိမ်ထဲတွင် တခြားလူများလည်း ရှိနေသည်။

‘လှေပေါ်သွားတော့မှာလား’

သူမက တွေးမိသည်။

သူမက ဝေခွဲမရဖြစ်နေသောအချိန်တွင် ခါးပတ်ချွတ်လိုက်သောကျန့်တနျိုကို မြင်ရသည်။

‘တကယ်ကြီးလား’

သူမက ကျန့်တနျိုကို လျင်မြန်စွာတားလိုက်သည်။

“တနျို၊ ဒီမှာ လူတွေရှိနေသေးတယ်လေ ....”

ကျန့်တနျိုက အပေါ်ဝတ်စုံကို ချွတ်လိုက်ပြီး ခန္ဓာကိုယ်နှင့်အသားကျနေသော အောက်ခံအဝတ်ကို ဖော်ပြသည်။

မီးဖိုဘေးတွင်ထိုင်နေသော ယောက်ဖဖြစ်သူက အားကျသွားသည်။

‘ရွာထဲမှာ အင်္ကျီနှစ်ထပ်ဝတ်တဲ့လူ ဘယ်သူရှိလို့လဲ’

‘ပြီးတော့ တောက်ပနေတဲ့ အဝတ်အစားအသစ်တွေ’

‘အဲဒီအဝတ်နှစ်စုံက ကျောက်စိမ်းခရုခွံတစ်ရာလောက် တန်ကြေးရှိတယ်မဟုတ်လား’

‘သူက တကယ်ပဲချမ်းသာသွားတာလား’

ထိုအချိန်တွင် ကျောက်တနျို့က အဝတ်များချွတ်လိုက်ပြီး တောင့်တင်းနေသောခန္ဓာကိုယ်ကို ဖော်ပြသည်။

သူက သန်မာပြီးသားဖြစ်သည်။ ထို့အပြင် ရှောက်ထျန်းရီနှင့် လဝက်ခန့်လေ့ကျင့်ခဲ့‌သောကြောင့် ပိုမိုသန်မာလာသည်။

အမျိုးသမီးက မျက်နှာတစ်ခုလုံး နီရဲသွားပြီး ခြေထောက်များပျော့ခွေနေသည်။

သူမက ခေါင်းမော့မကြည့်ရဲသောအချိန်တွင် အဝတ်ပြဲသွားသောအသံကို ကြားလိုက်ရသည်။

ကျန့်တနျိုက အဝတ်၏ထောင့်စွန်းကို ဆွဲဖြဲပစ်လိုက်သည်။

‘သူက ဘယ်လိုလုပ်ပြီး ဒီလိုအကောင်းစားအဝတ်ကို ဖြဲပစ်ရတာလဲ’

သစ်သားအိမ်ထဲတွင် ပင့်သက်ရှိုက်သံများကို ကြားနိုင်သည်။

“တနျို့၊ နင် ....”

ရှောင်စွေ့က သူ့ကို အပြစ်မတင်နိုင်ပေ။ သူမ၏နှလုံးသားက နာကျင်နေပြီး အဝတ်ကို ဆွဲယူသည်။

သို့သော် သူမက ခိုဥအရွယ်အစား ကျောက်စိမ်းရောင်ပုလဲတစ်လုံးအား ထုတ်ယူလိုက်သော ကျန့်တနျိုကို မြင်လိုက်ရသည်။

ကျန့်တနျိုက လူတိုင်းကိုလှည့်ကြည့်ပြီး ပြုံးသည်။

“ဝိညာဉ်ပုလဲပဲ”

သူမပြောလျှင် ဝိညာဉ်ပုလဲကို သိကြမည်မဟုတ်ပေ။

သူတို့အားလုံးက တစ်သက်လုံး ရွာတွင်နေလာခဲ့သည်။ ထို့ကြောင့် ဝိညာဉ်ပုလဲလုံးကို မမြင်ဘူးကြပေ။

သူတို့က ဝိညာဉ်ကျောက်တုံးများကို မြင်ဖူးသော်လည်း တစ်ခါတလေမှ ကိုင်တွယ်နိုင်သည်။

“ဝိညာဉ် .... ဝိညာဉ်ပုလဲလုံး ....”

ဇနီးဖြစ်သူက ပုလဲလုံးကို ကိုင်ထားပြီး အထစ်ထစ်အငေါ့ငေါ့ ပြောသည်။

အခန်းထဲတွင် တခြားလူများအားလုံးက မျက်လုံးပြူးသွားပြီး အသံမထွက်ရဲတော့ပေ။

သို့သော် မီးဖိုဘေးတွင် တိတ်ဆိတ်စွာစားသောက်နေသော ကလေးနှစ်ယောက်က အာရုံမစိုက်ပေ။

ကျန့်တနျိုက ဇနီးဖြစ်သူ၏လက်ထဲသို့ ပုလဲလုံးထည့်ပေးလိုက်ပြီး ပြောသည်။

“ခံစားကြည့်လိုက်”

‘ဘယ်လိုခံစားကြည့်ရမှာလဲ’

ကျန့်တနျို၏ဇနီးသည်တင်မကဘဲ တခြားလူများကလည်း လာကြည့်ကြသည်။ သို့သော် သူတို့က ထူးခြားချက်ကို မရှာနိုင်ပေ။

ယောက်ဖဖြစ်သူက ထိကြည့်ချင်သော်လည်း ကျန့်တနျို၏အကြည့်ကြောင့် ရပ်တန့်သွားသည်။

“ဒါက တကယ်ပဲ ဝိညာဉ်ပုလဲလုံးလား ....”

ယောက်ဖဖြစ်သူက ရေရွတ်လိုက်သည်။

“ဝိညာဉ်ပုလဲတစ်လုံးက ဝိညာဉ်ကျောက်တုံးတစ်ရာတန်တယ်။ ဝိညာဉ်ကျောက်တုံးတစ်တုံးက ကျောက်စိမ်းခရုခွံတစ်ထောင်တန်တယ်။ အဲဒီတော့ ဝိညာဉ်ပုလဲတစ်လုံးက ....”

ယောက္ခထီးဖြစ်သူက တွက်ချက်ပြချင်သော်လည်း မလုပ်နိုင်ခဲ့ပေ။

ရှောင်စွေ့က မသက်မသာဖြစ်နေသည်။ သူမက မကြာခဏဆိုသလိုပင် ကျန့်တနျိုကို လှည့်ကြည့်သည်။

‘တနျိုက ဝိညာဉ်ပုလဲလုံးကို ဘယ်လိုလုပ်ပြီး ရလာတာလဲ’

“ရှောင်စွေ့၊ ဝိညာဉ်ပုလဲလုံးကို သိမ်းထားလိုက်။ အန်းဟယ်မြို့ကိုသွားပြီး အိမ်တစ်လုံးရှာလိုက်”

“ငါတို့မိသားစုက ဒီရွာမှာ ဆက်နေစရာမလိုတော့ဘူး”

ကျန့်တနျိုက ဝိညာဉ်ပုလဲလုံးကို ဆွဲယူပြီး ရှောင်စွေ့၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

သူမက ဝိညာဉ်ပုလဲကို တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည်။

ဘေးတွင် ယောက္ခထီးဖြစ်သူက သားဖြစ်သူကို ပိတ်ကန်လိုက်သည်။

“အသုံးမကျတဲ့ကောင်၊ မင်းက မင်းရဲ့ညီမကို အမြဲတမ်းကာကွယ်ပေးရမယ်။ ကျန့်တနျိုကို စိတ်ပူအောင်မလုပ်နဲ့”

ယောက်ဖဖြစ်သူက လျင်မြန်စွာခေါင်းညိတ်ပြီး သက်ပြင်းချ၍ ပြုံးသည်။

အိုးထဲတွင်ရှိသော အသားအများစုကို ကလေးနှစ်ယောက်က စားသွားခဲ့သည်။ ကံကောင်းစွာဖြင့် ကျန့်တနျိုက သေရည်တစ်အိုး ယူလာခဲ့သည်။

All Chapters