← Chapters

အခန်း (၅၇၀)

Vol. 41 Ch. 570

အခန်း (၅၇၀)

Vol. 41 Ch. 570

သူတို့က ပြိုကျသွားတော့မည့်စားပွဲတွင် ထိုင်လိုက်ကြသည်။ ယောက္ခထီးနှင့်ယောက်ဖက ကျန့်တနျိုနှင့် ခွက်ချင်းတိုက်နေသည်။

ယခုအချိန်တွင် ကျန့်တနျို၏ကိုယ်ဟန်က ထူးခြားနေသည်။ သူက ဓားဆိုင်နှင့်ပတ်သတ်၍ စကားတချို့ပြောပြီး မိသားစုတစ်ခုလုံးကို ခြောက်လှန့်ထားနိုင်သည်။

သူအဖေနှင့်အမေက ပါးစပ်မပိတ်နိုင်ပေ။ သူတို့က အသားကို မဝါးနိုင်သောကြောင့် ဖြည်းဖြည်းချင်း မြုံ့နေသည်။

ယောက္ခထီးက သမက်ဖြစ်သူကို အကြံတချို့ပေးချင်သော်လည်း ကျန့်တနျို၏ပြောစကားများကို နားမလည်နိုင်ခဲ့ပေ။

ယောက်ဖ၏မျက်လုံးများက တောက်ပနေပြီး မေးခွန်းများ ဆက်တိုက်မေးနေသည်။

ထိုအရာသည် ကျင့်ကြံခြင်းလောကဖြစ်သည်။

ယခုအချိန်တွင် ကျန့်တနျိုက အင်မော်တယ်တစ်ပါး၏အစေခံဖြစ်သည်။

အသားများနှင့်သေရည်အိုး ကုန်သွားသောအချိန်၌ တံခါးဝတွင် ဆူညံသံများကို ကြားလိုက်ရသည်။

ကျန့်တနျိုက မတ်တပ်ရပ်လိုက်ပြီး တံခါးဝဆီသို့ လျှောက်သွားသည်။ သူက အစိမ်းရောင်ဝတ်စုံဝတ်ထားသော အစေခံနှစ်ယောက်ကိုလမ်းပြလာသည့် ချောင်အားဝါကို မြင်လိုက်ရသည်။ အိမ်နီးချင်းများက ပွဲကြည့်ရန် စုစည်းလာကြပြန်သည်။

“အဲဒါက သူပါပဲ။ ကျန့်တနျိုပါ”

“သူက အိမ်ကနေ ခဏလောက်ထွက်သွားပြီး အခုတော့ ချမ်းသာနေပါပြီ”

“မင်းက အိမ်မှာသောက်စားနေတာပဲ”

ချောင်အားဝါက ရှေ့သို့ခုန်တက်သွားပြီး ကျန့်တနျိုကို လက်ညှိုးဖြင့်ထိုးသည်။

“မင်း တနျို့၊ အမှန်အတိုင်းပြောစမ်း။ ဘယ်ကနေပြီး ....”

“ဘန်း”

ချောင်အားဝါကို လက်သီးတစ်ချက်က မိတ်ဆက်လိုက်သည်။

သူက ဆယ်ပေအထိ ကန်ထုတ်ခံလိုက်ရပြီး မြေပေါ်သို့ လဲကျသွားသည်။

ယောက်ဖဖြစ်သူက နှုတ်ခမ်းထောင့်များ တွန့်သွားသည်။

အစိမ်းရောင်ဝတ်စုံနှင့်အစေခံနှစ်ယောက်က မျက်မှောင်ကြုတ်သည်။ သူတို့က စကားပြောတော့မည့်အချိန်တွင် ကျန့်တနျိုက အင်္ကျီထောင့်ကို ဖြည်းဖြည်းချင်းလှန်ပြသည်။ သူ့ခါးတွင် သော့တစ်ချောင်းရှိနေသည်။

သော့ပေါ်တွင် ဝိညာဉ်အင်းကွက်တစ်ခုရှိပြီး အနည်းငယ်အရောင်တောက်နေသည်။

“ကျွန်တော်က မြို့ထဲမှာရှိတဲ့ ယွီလန်လမ်းက တော်ဝင်ရှုခင်းဓားဆိုင်မှာ အလုပ်လုပ်တဲ့ အင်မော်တယ်အစေခံတစ်ယောက်ပါ။ ဒီညီအစ်ကိုနှစ်ယောက်က ဘယ်အင်မော်တယ်ရဲ့လက်အောက်မှာ ရှိနေတာလဲမသိဘူး”

သူက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ စကားပြောလိုက်သည်။ ထိုနှစ်ယောက်က တံငါသည်များမဟုတ်ပေ။

ပတ်ဝန်းကျင်ရှိအိမ်နီးချင်းများက မသိစိတ်အလျောက် နောက်ဆုတ်မိသည်။

အစေခံနှစ်ယောက်၏မျက်နှာထားကလည်း ပြောင်းလဲသွားသည်။ သူတို့က လျင်မြန်စွာဦးညွှတ်သည်။

“အစ်ကိုကျန့်လား။ ကျွန်တော်တို့က အန်းဟယ်မြို့ရဲ့ ထောင်မိသားစုကပါ။ ကျွန်တော်တို့မိသားစုက ကုန်ပစ္စည်းတချို့ပျောက်သွားလို့ပါ”

ထို့နောက် ဘယ်ဘက်တွင်ရှိနေသောအစေခံက ရှေ့တက်လာပြီး ချောင်အားဝါကို အချက်ရေအနည်းငယ်ခန့် ပိတ်ကန်လိုက်သည်။

“မင်း ငတုံးကောင်၊ အစ်ကိုကျန့်ကို ဘယ်လိုလုပ်ပြီး ချောက်ချရဲတာလဲ။ မင်းက သေချင်နေတာလား”

“အစ်ကိုကျန့်က အင်မော်တယ်တစ်ယောက်ရဲ့အစေခံပဲ။ မင်းက အသက်ရှည်ရှည်မနေချင်တော့ဘူးထင်တယ်”

....

နေ့လယ်ပိုင်းတွင် ထောင်မိသားစုခေါင်းဆောင်က ကိုယ်တိုင်ရောက်လာခဲ့သည်။ သူက ကျန့်တနျိုကို ထောင်မိသားစုသို့ဖိတ်ခေါ်ပြီး ဧည့်ခံပွဲကျင်းပပေးချင်ခဲ့သည်။

သို့သော် ကျန့်တနျိုက ဆိုင်သို့ပြန်သွားရမည်ဖြစ်သည်။

ထောင်မိသားစု၏ခေါင်းဆောင်က အိမ်ထဲတွင် ခဏနေခဲ့သည်။ သူက ကလေးနှစ်ယောက်အတွက် ကျန့်တနျိုဝယ်လာသော သစ်သီးအချို့ကို စားလိုက်သည်။ ထို့နောက် အင်မော်တယ်ရတနာများသည် ချီစွမ်းအင်ဖြင့်ပြည့်နှက်နေသည်ဟု ချီးကျူးခဲ့သည်။

ထို့နောက် သူတို့က တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုဟု ခေါ်လိုက်ကြသည်။

ညီအစ်ကိုထောင်က ကျန့်တနျိုတို့မိသားစုကို အန်းဟယ်မြို့တွင်နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ သူက အားလပ်လျှင် ကျန့်တနျို၏ဆိုင်ဆီသို့ လာလည်မည်ဟု ပြောခဲ့သည်။

ကျန့်တနျိုကလည်း မိသားစုကို မြို့ထဲသို့ ပြောင်းရွေ့ချင်သည်။ ထို့ကြောင့် ပစ္စည်းများထုပ်ပိုးပြီး ထောင်မိသားစု၏လှည်းနှင့်အတူ မြို့သို့ ပြန်လိုက်လာခဲ့သည်။

သူတို့မိသားစုတွင် ပစ္စည်းများသိပ်မရှိပေ။ သူတို့က ချက်ချင်းရွှေ့ပြောင်းနိုင်ပြီး လှေကလေးတစ်စင်းသာ ကျန်ရစ်ခဲ့သည်။

ထိုလှေကို အိမ်နီးချင်းများက စောင့်ကြည့်ထားပြီး ဘယ်တော့ငါးဖမ်းပြန်လာမလဲဟု ပြောမိကြသည်။

သူတို့အားလုံးက ရယ်လိုက်ပြီး ကျန့်တနျိုက ချမ်းသာသွားသည့်အတွက် ငါးဖမ်းရန်မလိုအပ်တော့ကြောင်း ပြောလိုက်သည်။

ကျန့်တနျိုက ငါးဖမ်းနေသောအချိန်တွင် အင်မော်တယ်နှင့်တွေ့ခဲ့သောကြောင့် လှေကလေးကို မဆုံးရှုံးချင်ကြောင်း ပြောလိုက်သည်။

အိမ်နီးချင်းများအားလုံးက လှေကို ဂရုစိုက်ထားမည်ဟု ပြောလိုက်ကြသည်။

ကျန့်မိသားစုက ရေပေါ်ရွာကလေးမှ ထွက်လာသည်။ ရွာသားများက သူတို့ကို လိုက်ပို့ကြသည်။

အဖေကျန့်၏မျက်လုံးများက နီရဲနေသည်။ ကျန်တနျို့က နောက်ပိုင်းတွင်ပြန်လာနိုင်ကြောင်း ပြောလိုက်သည်။ ရေပေါ်ရွာကလေးသည် မြို့နှင့် သိပ်မဝေးပေ။

လှည်းပေါ်တွင် ရှောင်စွေ့မထားခဲ့နိုင်သော အဝတ်အစားနှင့် အိုးခွက်များရှိနေသည်။

ကျန့်တနျိုက ထောင်မိသားစုခေါင်းဆောင်နှင့်အတူ ရှိနေပြီး ကျန်လူများက မြို့အကြောင်းကို ဆွေးနွေးနေကြသည်။

ထောင်မိသားစုခေါင်းဆောင်က အတွေ့အကြုံများသည်။ သူက ကျန့်တနျိုကို အကြံကောင်းများပင် ပေးနိုင်သည်။ ကျန့်တနျိုက ကောင်းမွန်သောအင်မော်တယ်တစ်ယောက်၏နောက်သို့ လိုက်သွားနိုင်ခဲ့သည်ဟု ပြောသည်။ မြို့ထဲတွင် ဓားဆိုင်သည် အကောင်းဆုံးနေရာများဖြစ်ကြသည်။

မြို့နှင့်သိပ်မဝေးတော့ကြောင်း မြင်ရသောအခါတွင် ကျန့်တနျိုက ဆင်ခြေပေးပြီး ရှောင်စွေ့ဆီသို့ ရောက်လာသည်။ သူက အရုပ်တချို့ပေးပြီး ကလေးနှစ်ယောက်ကို နှင်လွှတ်လိုက်သည်။ လှည်းပေါ်တွင် အိုးခွက်များလှုပ်ရှားသံကို ကြားနိုင်သည်။

မြို့ဂိတ်ဝသို့ ရောက်လာသောအခါ ကျန့်တနျိုက သပ်ရပ်စွာဝတ်စားထားပြီး လှည်းထဲမှထွက်လာသည်။

သူက လှည်းနှင့်အတူ လိုက်မသွားဘဲ မြို့ထဲသို့ လမ်းလျှောက်ဝင်သွားခဲ့သည်။

လှည်း၏ပြတင်းပေါက်ခန်းစီးသည် ဆွဲဖွင့်ခံလိုက်ရသည်။ ရေကဲ့သို့နူးညံ့သောမျက်လုံးများဖြင့် မျက်နှာတစ်ခုလုံးနီရဲနေသော အမျိုးသမီးတစ်ဦးကို မြင်နိုင်သည်။

ကျန့်တနျိုက မြို့ထဲသို့ ပြေးဝင်သွားသည်။

သူက မီးထွန်းထားသောဓားဆိုင်ကို မြင်ရသောအချိန်တွင် ခြေထောက်များ အားနည်းသွားကြောင်း ခံစားလိုက်ရသည်။

တံခါးဝတွင် ရှောက်ထျန်းရီက သူ့ကို ထူးဆန်းစွာကြည့်နေသည်။

“မင်းရဲ့သွေးချီက ကြွယ်ဝနေတယ်။ မင်းက ချီစွမ်းအင်ကို မကျင့်ကြံနိုင်ပေမဲ့ သွေးချီကို ကျင့်ကြံနိုင်ခဲ့တယ် ....”

ကျန့်တနျိုက သူ့စကားကို နားမလည်ပေ။

သူက ဆိုင်ထဲသို့ပြေးဝင်သွားပြီး ဒုတိယထပ်၏လှေကားဆီသို့ ရောက်လာသည်။ သူက ကြမ်းပြင်ပေါ်တွင်ဒူးထောက်ပြီး အရိုအသေပေးလိုက်သည်။

သူက တခြားအဓိပ္ပာယ်များ မရှိပေ။ ဆိုင်ရှင်ကိုသာ အရိုအသေပေးလိုခြင်းဖြစ်သည်။

ရှောက်ထျန်းရီကလည်း သူ့အပြုအမူကို နားမလည်ပေ။

....

နောက်တစ်နေ့တွင် ကျားဝူက ဟန်မူယဲ့ကို လာရှာခဲ့သည်။

“ဆိုင်ရှင်ဟန်၊ ချွမ်ဟယ်ဓားဆိုင်ရဲ့ ရှုချွမ်ဟယ်က မင်းကို စစ်ဆေးတော့မှာလား”

ကျားဝူက စိုးရိမ်စွာမေးသည်။

သူနှင့်ရင်းနှီးသော ဆိုင်ရှင်တစ်ယောက်က ရှုချွမ်ဟယ်၏ ဓားအကဲဖြတ်ပွဲအကြောင်းကို ပြောခဲ့သည်။

သူက ဟန်မူယဲ့ကို စစ်ဆေးချင်ပုံရသည်။

“မင်း ယုံကြည်ချက်ရှိလား”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သောအခါတွင် ကျားဝူက စိုးရိမ်စွာမေးသည်။

သူက ယုံကြည်ချက်ရှိသည်။

ဟန်မူယဲ့က ထိုကိစ္စကို အလေးအနက်မထားပေ။

လွန်ခဲ့သောနှစ်ရက်ခန့်တွင် သူက ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို လိုက်ဖက်ညီမှုရှိစေရန် ရုပ်ခန္ဓာကို သန့်စင်နေခဲ့သည်။

သူက ကျင်းခွန်းပေးခဲ့သော အလင်းကျောက်စိမ်းသစ်သီးကို စားသုံးခဲ့သည်။

ထိုသစ်သီးသည် ရတနာတစ်ပါးဖြစ်သည်။ သစ်သီးကို စားသုံးပြီးသောအခါတွင် ခန္ဓာကိုယ်နှင့်ဝိညာဉ်သည် ပိုမိုလိုက်ဖက်ညီလာသည်။

နောက်တစ်နေ့တွင် ချွမ်ဟယ်ဓားဆိုင်မှ အစေခံတစ်ယောက်သည် ဓားအကဲဖြတ်ပွဲအတွက် ဖိတ်စာပို့ပေးခဲ့သည်။

ဓားအကဲဖြတ်ပွဲသည် စီးပွားရေးတစ်မျိုးပင်ဖြစ်သည်။ ဓားဆိုင်များက ကျင်းပလေ့ရှိသည်။

တခြားလူများက ဓားအကဲဖြတ်ပွဲနှင့်ပတ်သတ်၍ သိပ်ဂရုမစိုက်ကြပေ။

ကျားဝူနှင့် ဆိုင်ရှင်တချို့ကတော့ စိုးရိမ်နေသည်။

ဟန်မူယဲ့က လူကောင်းတစ်ယောက်ဖြစ်ပြီး သူတို့နှင့် ဆက်ဆံရေးကောင်းသည်။

နောက်ရက်တွင် ဒုတိယထပ်၌ကျင့်ကြံနေသော ဟန်မူယဲ့က အစီအရင်ပေါ်တွင် အလင်းများတောက်ပနေသည်ကို မြင်လိုက်ရသည်။

သူက အောက်ထပ်သို့ဆင်းသွားသောအခါတွင် ကျားဝူနှင့် ဝိညာဉ်သတ္တုများရောင်းချသော ရှန်းဖူကွေ့ကို မြင်လိုက်ရသည်။ သစ်သားစင်များ၏ဘေးတွင် အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှိနေသည်။ သူမက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး နံရံပေါ်တွင်ရှိသော လက်ရေးလှစာနှင့်ပန်းချီကားများကို ကြည့်နေသည်။

“ဦးလေးကျား၊ ဆိုင်ရှင်ရှန်း”

ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်လိုက်သည်။

“ရှင်က ဆိုင်ရှင်လား”

အမျိုးသမီးကျင့်ကြံသူက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“လက်ရေးလှစာနဲ့ပန်းချီကားတွေကို ဈေးလျော့ပေးလို့ရသေးလား”

‘ဈေးလျော့ရမယ်’

‘ဈေးနှုန်းတွေက ဈေးလျော့ပြီးသားပဲ’

‘ဆရာသခင်တစ်ယောက်ရဲ့လက်ရေးစာ၊ နာမည်ကြီးပန်းချီဆရာတစ်ယောက်ရဲ့ပန်းချီကားတွေ ဒါက ဟာသလို့ထင်နေတာလား’

ဟန်မူယဲ့က ခေါင်းခါသည်။

“ဆိုင်ရှင်ဟန်၊ ဒါက လေတောအုပ်ဓားဖိုရဲ့ မိန်းကလေးယုပါ။ လက်ရေးလှစာနဲ့ပန်းချီကားတွေကို ရောင်းနိုင်တယ်ဆိုရင် ရောင်းလိုက်ပါ”

ရှန်းဖူကွေ့က လျင်မြန်စွာရှေ့တက်လာပြီး ဟန်မူယဲ့ကို ပြောသည်။

လေတောအုပ်ဓားဖို ....

သူတို့က ပြန့်ကျဲကြယ်ကျွန်းတွင် ဓားပြုလုပ်သော နာမည်ကြီးဆိုင်ဖြစ်သည်။

လေတောအုပ်ဓားဖိုက ဓားပုံသွင်းရာတွင် အထူးပြုထားသည်။ သူတို့ထဲတွင် ပန်းပဲပညာရှင်ဆရာသခင်များ ရှိနေသည်။ သူတို့က အဆုံးမဲ့ပင်လယ်၏ အလေးချိန်သံမဏိကို အဓိကပစ္စည်းအနေဖြင့် အသုံးချသည်။ သူတို့သန့်စင်ထားသောဓားများသည် ကြံ့ခိုင်ပြီး အေးစက်သည်။ သံမဏိကို ရွှံ့တစ်တုံးကဲ့သို့ ဖြတ်တောက်နိုင်သည်။

ယခင်က ကျောက်ယုကျင့်သည် လေတောအုပ်ဓားဖို၏ဓားများကို ဝယ်ယူချင်ခဲ့သည်။ သို့သော် လေတောအုပ်ဓားဖိုက သူ့ဓားဆိုင်ကို မနှစ်သက်သောကြောင့် လျော့ဈေးမပေးခဲ့ပေ။

ကျောက်ယုကျင့်က လျော့ဈေးမရေသောကြောင့် ဓားများကိုဝယ်ယူရန် လက်လျော့လိုက်သည်။

“အဲဒီတော့ မိန်းကလေးယုလား”

ဟန်မူယဲ့က နှုတ်ဆက်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“မိန်းကလေးယုက လက်ရေးလှစာနဲ့ပန်းချီကားတွေကို ဝယ်ချင်တယ်ဆိုရင် လွယ်ပါတယ်။ လေ‌တောအုပ်ဓားဖိုရဲ့ လျော့ဈေးအကြောင်း ပြောရအောင်လေ”

“လေတောအုပ်ဓားဖိုရဲ့လျော့ဈေးအတိုင်း ပေးလိုက်မယ်”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ကျားဝူနှင့်ရှန်းဖူဟွေ့တို့က ကြောင်အသွားသည်။ သူတို့က စိုးရိမ်နေသည်။

လေတောအုပ်ဓားဖိုသည် တော်ဝင်ရှုခင်းဓားဆိုင်ကို လျော့ဈေးမပေးခဲ့ကြောင်း သူတို့က သိထားသည်။

တစ်ဖက်တွင် မိန်းကလေးယုက မျက်မှောင်ကြုတ်သည်။ ထို့နောက် သူမက တည်ငြိမ်စွာပြောသည်။

“ငါတို့ဓားဖိုရဲ့လျော့ဈေးက ၃၀% ကနေ ၁၀၀% အထိ ရှိတယ်။ နင်က လျော့ဈေးလိုချင်ရင် နင့်ရဲ့စွမ်းရည်အပေါ်မှာပဲ မူတည်နေတယ်”

ထို့နောက် သူမက ရှန်းဖူကွေ့ကို လှည့်ကြည့်သည်။

“ဆိုင်ရှင်ရှန်းက ငါနဲ့အသိတွေပဲ။ ငါတို့က နည်းနည်းလောက် ဆုံတွေ့ဖူးတယ်”

“သူက နင့်ရဲ့ဓားအကဲဖြတ်စွမ်းရည်ကို စစ်ဆေးပြီး သင်ပြပေးဖို့တောင်းဆိုတဲ့အတွက် ငါရောက်လာခဲ့တာပဲ”

“ခလွမ် ....”

မိန်းကလေးယုက လက်ကို‌ ဝှေ့ယမ်းလိုက်သောအခါ ဒါဇင်ချီနေသောဓားများက လေထုထဲတွင် တိတ်ဆိတ်စွာရှိနေခဲ့သည်။

ဓားပေါ်တွင် ချီစွမ်းအင်အလင်းများဖြတ်ပြေးနေပြီး ဓားများက သာမန်မဟုတ်ပေ။

ဓားချီများစိမ့်ထွက်လာပြီး ဓားဆိုင်တစ်ဆိုင်လုံးတွင် ပြည့်နှက်သွားသည်။

သို့သော် ဓားချီထွက်လာသောအချိန်တွင် လက်ရေးလှစာနှင့်ပန်းချီကားများက ရွှေအလင်းဖြင့်တောက်ပလာပြီး ဓားချီကို ဖိနှိပ်လိုက်သည်။

မိန်းကလေးဝူက အနည်းငယ်အံ့အားသင့်သွားပုံပေါ်ပြီး ပြောလိုက်သည်။

“ငါတို့လေတောအုပ်ဓားဖိုကနေ လျော့ဈေးရဖို့ဆိုရင် နင့်စွမ်းရည်အပေါ်မှာပဲ မူတည်တယ်”

All Chapters