← Chapters

အခန်း (၅၇၁)

Vol. 41 Ch. 571

အခန်း (၅၇၁)

Vol. 41 Ch. 571

‘နောက်ထပ် စမ်းသပ်မှုတစ်ခုလား’

ဟန်မူယဲ့က စိတ်မရှည်ဖြစ်နေသည်။ သူက ငြင်းဆန်တော့မည့်အချိန်တွင် မိန်းကလေးယု၏အသံကို ကြားလိုက်ရသည်။

“ပြန့်ကျဲကြယ်ကျွန်းပေါ်မှာ ၉၀%လျော့ဈေးရတဲ့ ဓားဆိုင်တွေ ၁၇ဆိုင်ရှိနေတယ်။ ဆိုင်သုံးဆိုင်က ၈၀%လျော့ဈေးရထားတယ်”

“အင်အားစုကြီးတွေကလွဲပြီး ၇၀% လျော့ဈေးရတဲ့ဆိုင်အသေး မရှိသေးဘူး”

“ငါက ကျောက်ယုကျင့်ကို သိတယ်။ သူက လေတောအုပ်ဓားဖိုရဲ့စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် နင့်ရဲ့ဓားဆိုင်က လျော့ဈေးမရတာပဲ”

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။

ထိုအရာသည် ရန်စခြင်းဖြစ်သည်။

အပေါ်ယံတွင် ကျောက်ယုကျင့်က သူ၏ ဆရာဦးလေးဖြစ်သည်။

ကျောက်ယုကျင့်က စမ်းသပ်မှုကို မကျော်ဖြတ်နိုင်ကြောင်း ပြောလိုက်ပြီး သူ့ကို ရန်စနေသည်။

သူနောက်ဆုတ်သွားလျှင် တော်ဝင်ရှုခင်းဓားဆိုင်သည် စီးပွားရေးဆက်လုပ်နိုင်တော့မည်မဟုတ်ပေ။

“ကောင်းပြီ။ မိန်းကလေးယု၊ နောက်ကနေ လိုက်ခဲ့ပါ”

ဟန်မူယဲ့က ဒုတိယထပ်ကို ညွှန်ပြသည်။

ဓားအကဲဖြတ်ခြင်း၏စည်းကမ်းများသည် တခြားလူများနှင့် မသက်ဆိုင်ပေ။

“မလိုပါဘူး”

မိန်းကလေးယုက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“နင်က ဓားတွေကို အကဲဖြတ်နိုင်ရင် အခုချက်ချင်းရောင်းပေးလိုက်မယ်”

“အနည်းဆုံး ၉၀% လျော့ဈေးပေးမယ်”

ဓားများအားလုံးသည် ဝိညာဉ်လက်နက်ဖြစ်သည်။

၁၀% ပြန်ပေးရမည်ဆိုလျှင်ပင် ဝိညာဉ်ကျောက်တုံးတစ်သောင်းကျော်လိမ့်မည်။

ရှောက်ထျန်းရီက လုပ်ကြံသတ်ဖြတ်ခြင်းစီးပွားရေးကို ပြန်တွေးမိသည်။ ကမ္ဘာမြေသွေးကြောဖွင့်အဆင့် ကျွမ်းကျင်သူတစ်ယောက်သည် ဝိညာဉ်ပုလဲဆယ်လုံးတန်သည်။

ဆိုင်ရှင်ကဲ့သို့ အမြတ်များများရချင်လျှင် စွမ်းဆောင်နိုင်စွမ်းရှိမှဖြစ်မည်။

ကျန့်တနျိုက အနည်းငယ်စိတ်လှုပ်ရှားနေသည်။

ဆိုင်ရှင်က အမြဲအနိုင်ရလိမ့်မည်ဟု သူမျှော်လင့်သည်။

သို့သော် ဆိုင်ရှင်ဟောင်းက မလုပ်နိုင်ခဲ့ပေ။

သူ၏အသိစိတ်တွင် ဆိုင်ရှင်အသစ်က ဆိုင်ရှင်အဟောင်းကိုကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။

“ကောင်းပြီလေ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

သူက ဓားတစ်လက်ကို လှမ်းယူသည်။

ချီစွမ်းအင်များ စိမ့်ဝင်သွားပြီး ဓားချီများ အရောင်လက်လာသည်။ သူ့မျက်လုံးများက တောက်ပသွားသည်။

ဟန်မူယဲ့က ကျောက်စိမ်းဖြူပိုးထည်ကို ထုတ်ယူပြီး ဓားရိုးပေါ်တွင် တင်လိုက်သည်။

ထိုအရာသည် ဓားအကဲဖြတ်ပွဲ၏ ရိုးရာပင်ဖြစ်သည်။

ပိုးထည်သည် ဓားရိုးကို ရစ်ပတ်သွားသည်။ သူက တခြားလက်တစ်ဖက်ဖြင့် ဓားအိမ်ကိုကိုင်ပြီး ဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်သည်။

ဓားအလင်းသည် အေးစက်နေပြီး ချီစွမ်းအင်အလင်းများဖြင့် တောက်ပနေသည်။

ရှားပါးပြီးကောင်းမွန်သော ဓားတစ်လက်ဖြစ်သည်။

ရှောက်ထျန်းရီက အလိုဆန္ဒတချို့နှင့်အတူ ဘေးမှကြည့်နေသည်။

သူက အသက်ခိုးယူခြင်းမျှော်စင်တွင် နှစ်ပေါင်းများစွာကြာအောင် ရှိခဲ့သော်လည်း ဓားကောင်းတစ်လက်ကို မရခဲ့ပေ။

တစ်ဖက်တွင် ကျန့်တနျိုက ဓားနှင့်ပတ်သတ်၍ နားမလည်ပေ။ ဓားက အရောင်တောက်နေသောကြောင့် ထူးခြားသောဓားတစ်လက်ဖြစ်ကြောင်းကိုသာ ပြောနိုင်သည်။

သူက ဆိုင်ရှင်၏အကဲဖြတ်မှုနှင့်ပတ်သတ်၍ စိုးရိမ်နေသည်။

ကျားဝူနှင့်ရှန်းဖူကွေ့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဟန်မူယဲ့ကို ပြန်ကြည့်သည်။

ဟန်မူယဲ့က ဓားကို ထုတ်လိုက်သည်။ သူက ဘယ်ဘက်လက်ဖြင့် ဓားအိမ်ကိုချလိုက်ပြီး လက်ချောင်းများဖြင့် ဓားကိုယ်ထည်ကို ဖြည်းဖြည်းချင်း စမ်းကြည့်နေသည်။

လက်ချောင်းများ၏လှုပ်ရှားမှု၊ ချီစွမ်းအင်ဖြင့်စစ်ဆေးခြင်း၊ ထိုအရာများသည် ဓားအကဲဖြတ်ခြင်း၏ အခြေခံသာဖြစ်သည်။

သူ့အပြုအမူကို မြင်လိုက်ရသောအခါတွင် မိန်းကလေးယုက စိတ်ပျက်သွားပုံပေါ်သည်။

သူမက အစစ်အမှန်ဓားကျွမ်းကျင်သူတစ်ယောက်နှင့် တွေ့ရတော့မည်ဟု ထင်ခဲ့သည်။

သို့သော် အခြေခံနည်းလမ်းများက မည်မျှအားကောင်းနိုင်မည်နည်း။

“ဓားရဲ့နာမည်က ဖူယွီပဲ။ တောင်နဲ့မြစ်တွေ ပျက်စီးသွားပြီး လက်ကျန်သက်တမ်းမှာ ပျော်ရွှင်စွာနေနိုင်ဖို့ ကိုယ်စားပြုတယ်”

ဓားကိုယ်ထည်တွင် ဓား၏နာမည်ကို ထွင်းထုထားသည်။

“ဓားက သုံးပေရှည်တယ်။ ဓားကိုယ်ထည်က သုံးပေါင်နဲ့ခြောက်အောင်စလေးတယ်။ ဓားသွားက နှစ်ပေရှည်လျားပြီး သုံးလက်မကျယ်တယ်”

“ဓားကျောရိုးမှာရှိတဲ့ သွေးမြောင်းတွေက ပုံမှန်ထက် နည်းနည်းပိုနက်တယ်”

ဟန်မူယဲ့က ဓား၏အချက်အလက်များကို တီးတိုးပြောလိုက်သည်။

မိန်းကလေးယုက စိတ်မရှည်တော့ပေ။

ဓားတာအိုနည်းစနစ်များကို လေ့ကျင့်ထားသူတိုင်းက ထိုအချက်အလက်ကို သိနိုင်သည်။

ကျားဝူနှင့် ရှန်းဖူကွေ့တို့ကလည်း မျက်မှောင်ကြုတ်သည်။

ဟန်မူယဲ့က ယုံကြည်ချက်များကို ထုတ်ပြခဲ့သောကြောင့် ရှန်းဖူကွေ့က မိန်းကလေးယုကို ဖိတ်ခေါ်ခဲ့သည်။

ဟန်မူယဲ့၏စွမ်းရည်က အခြေခံလောက်ပဲရှိနေလျှင် မိန်းကလေးယုကို ဖိတ်ကြားခဲ့မည်မဟုတ်ပေ။

ပျော်ရွှင်နေသောလူက ကျန့်တနျိုတစ်ယောက်သာရှိသည်။

‘ဓားကိုထိကြည့်လိုက်ရုံနဲ့ ဒီလိုမျိုးပြောနိုင်တယ်ဆိုတော့ ငါ့ဆိုင်ရှင်က အရမ်းအားကောင်းတာပဲမဟုတ်လား’

ဟန်မူယဲ့က ဖြည်းဖြည်းချင်းဓားမြှောက်လိုက်ပြီး ဓားသွားကို ကြည့်သည်။

“ဒီဓားကို ကျောက်စိမ်းသံမဏိ၊ အလေးချိန်သံမဏိသဲနဲ့ အလင်းရွှေတို့ပေါင်းစပ်ပြီး ပြုလုပ်ထားတယ်”

ထိုအချိန်တွင် ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။

သူက တစ်ဖက်လူကို အနိုင်ယူမည်ဖြစ်သောကြောင့် ထိုစကားများက မလုံလောက်သေးပေ။

“နှစ်ကြိမ်ပုံသွင်းပြီး ရာချီသန့်စင်ခြင်းနည်းစနစ်နဲ့ အလေးချိန်သံမဏိသဲ လေးအောင်စကို အသုံးပြုထားတယ်။ တတိယအကြိမ်သန့်စင်ခြင်းမှာ ဓားထဲကို ပေါင်းထည့်ခဲ့တယ်”

ဟန်မူယဲ့၏စကားကြောင့် မိန်းကလေးယု၏မျက်နှာထားက ပြောင်းလဲသွားသည်။

“နင် ....”

ထိုအရာသည် လေတောအုပ်ဓားဖို၏ ထူးခြားသောနည်းစနစ်ဖြစ်သည်။ သို့သော် တစ်ဖက်လူက ရှင်းလင်စွာပြောနေသည်။

ကျားဝူနှင့်ရှန်းဖူကွေ့တို့ကလည်း မျက်လုံးပြူးသွားသည်။

‘ဓားအကဲဖြတ်တဲ့အချိန်မှာ ဓားသန့်စင်ထားတဲ့နည်းစနစ်ကိုလည်း တိတိကျကျ ထုတ်ပြောနိုင်တာလား’

‘အဲဒါဆိုရင် ဟန်မူယဲ့ဆီကနေ လျှို့ဝှက်ချက်ထားနိုင်တဲ့ဓားတွေ မရှိတော့ဘူးပေါ့’

‘ဟန်မူယဲ့က ပန်းပဲဆရာသခင်နဲ့ ပန်းပဲဖိုတွေရဲ့ ထူးခြားတဲ့နည်းနစ်ကိုရော မြင်နိုင်တာလား’

“အလင်းရွှေတစ်အောင်စခွဲကို အသုံးပြုထားတယ်။ ဓားဖြစ်တည်လာတဲ့အချိန်မှာ အလင်းရွှေကို ရေနွေးပူနဲ့သန့်စင်ပြီး မြင့်မားတဲ့အပူချိန်မှာ ဓားနဲ့ ပေါင်းစပ်ခဲ့တယ်”

မိန်းကလေးချူ၏တစ်ကိုယ်လုံးက အေးစက်နေသည်။ ဘေးတွင်ရှိနေသော ရှောက်ထျန်းရီက လက်မြှောက်ပြီး ကျန်းတနျိုကို နောက်သို့ဆွဲသည်။

ကျားဝူနှင့်ရှန်းဖူကွေ့တို့၏မျက်နှာက ဖြူဖျော့နေသည်။

‘ငါတို့က မကြားသင့်တာကို ကြားလိုက်ရပြီလား’

ဟန်မူယဲ့က မိန်းကလေးယု၏အေးစက်မှုများကို မမြင်ချင်ယောင်ဆောင်ထားပြီး ဆက်ပြောသည်။

“ဓားကိုယ်ထည်ပေါ်မှာ ဝိညာဉ်အင်းကွက်ငါးခုကို ထွင်းထုထားတယ်။ အင်းကွက်တွေအားလုံးက လေဓာတ်နဲ့ပတ်သတ်ပြီး လိုက်ဖက်ညီမှုခွန်အားကို တိုးမြှင့်ပေးဖို့ပဲ”

“ဒါပေမဲ့ လေတောင်ကြားနေမင်းအင်းကွက်သုံးခုက ဘယ်ဘက်ကို နည်းနည်းစောင်းနေတယ်။ အဲဒါကြောင့် ဓားကို လွှဲယမ်းလိုက်တဲ့အချိန်မှာ ဓားချက်က နည်းနည်းကွာခြားသွားမယ်”

ဟန်မူယဲ့က ဓားကိုရှေ့ထုတ်ပြီး ရေပြင်ညီအတိုင်း ခုတ်ချလိုက်သည်။

“ဓားက ရေပြင်ညီခုတ်ချက်မှာ ကောင်းမွန်တယ်။ ရှေ့ကို ထိုးသွင်းလိုက်တဲ့အချိန်မှာ ဓားသွားရဲ့ဖိအားကို တိုးမြှင့်နိုင်ရင် ပိုကောင်းလိမ့်မယ်”

“ဒီဓားနဲ့ပတ်သတ်ပြီး လှုပ်ရှားမှုသိပ်မများတဲ့ ဓားနည်းနစ်ကိုအသုံးပြုရင် အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော ပဥ္စမမြောက်လေဝိညာဉ်အင်းကွက်နဲ့ လေရှာဖွေအင်းကွက်တို့က မလှုပ်ရှားတဲ့အတွက် တည်ငြိမ်နေဖို့လိုတယ်”

....

သူက ဓား၏ ဝိညာဉ်သတ္တုနှင့် သန့်စင်ခြင်းနည်းစနစ်များကို အကဲဖြတ်ခဲ့သည်။

ထို့နောက် ဝိညာဉ်အင်းကွက်ကို အကဲဖြတ်ပေးသည်။

ထို့အပြင် ဓားနည်းစနစ်ကိုလည်း အကဲဖြတ်ပေးလိုက်သေးသည်။

ဓားနည်းစနစ်ပြီးသောအခါတွင် ဓား၏အားသာချက်ကို အသုံးချရန် ဆက်ပြောသည်။

ထိုဓားကိုဖန်းတီးခဲ့သော ပန်းပဲပညာရှင်ကပင် ထိုသို့ပြောနိုင်မည်မဟုတ်ပေ။

မိန်းကလေးယု၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူမ၏အေးစက်မှုများကလည်း ပျောက်ကွယ်သွားပြီး ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားကို ကြည့်သည်။

သူမက ဟန်မူယဲ့ပြောခဲ့သောအရာအများစုကို သိထားသည်။

သို့သော် သူမက သိပ်မတွေးခဲ့ပေ။

သူမ သိမထားသော အချက်တချို့လည်း ရှိနေသည်။ ထိုအရာကို တွက်ချက်ကြည့်ရန် မခက်ပေ။

“ဓားလိုအပ်နေတဲ့လူတွေကို ရောင်းချပေးဖို့က ဒီဓားဆိုင်ရဲ့ ရည်ရွယ်ချက်ပါပဲ”

ဟန်မူယဲ့က ဓားကိုပြန်သိမ်းလိုက်ပြီး ပိုးထည်စဖြင့် လက်ကိုသုတ်သည်။ သူက မိန်းကလေးယုကို ကြည့်လိုက်သည်။

“ပန်းပဲပညာရှင်တွေက အစစ်အမှန်ဝိညာဉ်လက်နက်တစ်ခုကို ဘယ်လိုသန့်စင်ရမလဲ ရှာဖွေကြတယ်”

မိန်းကလေးယုက ခေါင်းညိတ်လိုက်ပြီး ဦးညွှတ်သည်။

“ကျွန်မက တစ်ခုခု သင်ကြားလိုက်ရပါတယ်”

နှိမ့်ချတတ်ပြီး လေးစားသောအပြုအမူကြောင့် ကျားဝူနှင့်ရှန်းဖူကွေ့က အံ့အားသင့်သွားကြသည်။

မိန်းကလေးယုက မည်သူနည်း။

သူမက လေတောအုပ်ဓားဖို၏ လူငယ်မျိုးဆက်သစ်ထဲတွင် အတော်ဆုံးဖြစ်သည်။ ပြန့်ကျဲကြယ်ကျွန်းများ၏ ပန်းပဲပညာလောကတွင် လက်ရွေးစင်တစ်ယောက်ဖြစ်သည်။

ထိုလူမျိုးက လေးစားစွာ ဦးညွှတ်ခဲ့သည်။

“မင်းက ချီးကျူးလွန်းနေပါပြီ”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ဒီပန်းပဲပညာရှင်က ဓားကို အအေးခံတဲ့နေရာမှာ အတွင်းပိုင်းအပူချိန်ကို ထိန်းသိမ်းထားရတာ သဘောကျပုံပေါ်တယ်။ အဲဒါကြောင့် ဓားက ပိုပြီး ကြွပ်ဆတ်လာတယ်။ ဒါက မကောင်းဘူး”

သူက မိန်းကလေးယုကို တစ်ချက်ကြည့်လိုက်သည်။

“ထိပ်တန်းအဆင့်ဓားသမားတစ်ယောက်နဲ့ရင်ဆိုင်ရပြီး ဒီဓားရဲ့ ကိုးခုမြောက်အမှတ်ကို ထိတွေ့သွားရင် တစ်ချက်တည်းနဲ့ ကျိုးသွားလိမ့်မယ်”

“အဲဒီလိုတိုက်ပွဲမျိုးမှာ ဓားကျိုးသွားရင် သေပြီပဲ။ ဓားရဲ့ပြစ်ချက်အကြောင်းကို ပန်းပဲပညာရှင်ဆီပြန်ပြောဖို့ အသက်ရှင်နေမှာမဟုတ်ဘူး”

ထိုစကားများကြောင့် မိန်းကလေးယု၏မျက်နှာထားက အလွန်လေးနက်သွားသည်။

လေတောအုပ်ဓားဖို၏ ဓားများတွင် သေစေနိုင်လောက်သောချို့ယွင်းချက်တစ်ခု ရှိနေသည်။

....

ဆိုင်ထဲသို့ ဂရုမစိုက်သောမျက်နှာထားဖြင့် လူငယ်တစ်ယောက်ရောက်လာသည်။ သူက ရှောက်ထျန်းရီကို မြင်လိုက်ရသောအခါတွင် လှောင်ပြောင်လိုသောမျက်နှာထားကို ဖော်ပြသည်။

“ဧည့်သည်က ဓားဝယ်ချင်လို့လား။ ဒါမှမဟုတ် ဓားအကဲဖြတ်ချင်လို့ပါလား”

ကျန့်တနျိုက ပြုံးလိုက်ပြီး ရှေ့တက်သွားချင်သော်လည်း ရှောက်ထျန်းရီက တားဆီးလိုက်သည်။

“ငါက သူ့ကို လက်ခံလိုက်မယ်”

ရှောက်ထျန်းရီက လူငယ်ကို စိုက်ကြည့်သည်။

“မင်းက ဒီမှာ ဘာလုပ်နေတာလဲ”

လူငယ်၏နှုတ်ခမ်းထောင့်များက တွန့်သွားပြီး သစ်သားစင်ပေါ်တွင်ရှိသောဓားများကို ကြည့်သည်။

“ဒါက ဓားဆိုင်လေ။ ဓားဝယ်ဖို့ရောက်လာတာပေါ့။ ဒါမှမဟုတ် ....”

လူငယ်က နောက်ဆုံးစကားများကို ဆိုးယုတ်သောပုံစံဖြင့် တီးတိုးပြောသည်။

“တစ်ယောက်ယောက်ကိုသတ်ဖို့ ရောက်လာတာပေါ့”

ထိုစကားလုံးများသည် ဓားချီဖြင့်ပြည့်နေပုံရသည်။ နံရံပေါ်တွင်ရှိသော လက်ရေးလှစာနှင့်ပန်းချီကားများက ရွှေအလင်းများဖြင့် တောက်ပသွားသည်။

ထိုမြင်ကွင်းကြောင့် လူငယ်၏မျက်နှာထားက ထူးဆန်းသွားသည်။

“ချန်ကျင်းစန်း၊ တာဝန်ကို ငါယူထားတာပဲ”

ရှောက်ထျန်းရီ၏အကြည့်က တင်းမာနေသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် လူငယ်က ရယ်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“မင်းက ဘယ်သူလဲဆိုတာကို မေ့မသွားနဲ့အုံး။ ဆိုင်ဝန်ထမ်းတစ်ယောက်လို့ ထင်မနေနဲ့”

“ငါတို့မှာ အလုပ်တစ်ခုပဲရှိတယ်”

“မင်းက အဲဒါကို စွန့်ပစ်ချင်ရင် အရင်ဆုံး အသက်စွန့်ရမယ်”

ထိုသို့ဖြင့် လူငယ်က လှည့်ထွက်သွားသည်။

ရှောက်ထျန်းရီက စဉ်းစားလိုက်ပြီး ညင်သာစွာပြောသည်။

“တနျို၊ ဆိုင်ကို ဂရုစိုက်ထားလိုက်အုံး။ ငါအပြင်သွားလိုက်အုံးမယ်”

ထိုသို့ဖြင့် သူက အပြင်ဘက်သို့ ပြေးထွက်သွားသည်။

ရှောက်ထျန်းရီက ချန်ကျင်းစန်း၏နောက်မှတစ်ဆင့် မြို့အပြင်ဘက်အထိ လိုက်လာသည်။

ချန်ကျင်းစန်းက ကျောက်တုံးတစ်တုံးပေါ်တွင် ရပ်လိုက်ပြီး ရှောက်ထျန်းရီကို လှည့်ကြည့်သည်။

“ငါသိချင်မိတယ်။ မင်းက ဘာဖြစ်လို့ ငါ့ကိုသတ်ချင်ရတာလဲ”

“အသက်ခိုးယူခြင်းမျှော်စင်ရဲ့ မျိုးဆက်သစ်ထဲမှာ ထိပ်တန်းလုပ်ကြံသူတစ်ယောက်ဖြစ်ပြီးတော့ မင်းက အဲဒီဆိုင်မှာ ဝန်ထမ်းတစ်ယောက်အဖြစ် ဖုံးကွယ်နေတော့မှာလား”

All Chapters