← Chapters

အခန်း (၅၇၂)

Vol. 41 Ch. 572

အခန်း (၅၇၂)

Vol. 41 Ch. 572

အသက်ခိုးယူခြင်းမျှော်စင်သည် မည်သည့်နေရာမျိုးဖြစ်သနည်း။

အသက်ခိုးယူခြင်းမျှော်စင်၏ လုပ်ကြံသူများသည် ဘဝတစ်လျှောက်လုံး တခြားလူများကိုသတ်ဖြတ်ပြီး တစ်နေ့တွင် တခြားလူများ၏လက်ချက်ဖြင့် သေသွားလိမ့်မည်။ သို့မဟုတ် အချင်းချင်းသတ်ဖြတ်မှုကြောင့် စောစီးစွာသေဆုံးသွားလိမ့်မည်။

အသက်ခိုးယူခြင်းမျှော်စင်မှ လွတ်လပ်စွာထွက်သွားနိုင်သောလူများ မရှိပေ။

အသက်ခိုးယူခြင်းမျှော်စင်သည် တခြားလူများ၏အသက်အပြင် လုပ်ကြံသူများ၏အသက်ကိုလည်း ပြန်လည်နုတ်ယူတတ်သည်။

“ချန်ကျင်းစန်း၊ မင်းမလာခဲ့သင့်ဘူး”

ရှောက်ထျန်းရီက ခေါင်းမော့လိုက်ပြီး ညင်သာစွာပြောသည်။

“အစပိုင်းမှာ ငါက အသက်ရှင်ချင်ရုံပဲရှိတယ်။ အခုတော့ ကောင်းကောင်းနေချင်တယ်”

‘ကောင်းကောင်းနေချင်တာတဲ့လား’

‘အသက်ခိုးယူခြင်းမျှော်စင်ရဲ့ လုပ်ကြံသူတွေက ကောင်းကောင်းနေဖို့ ထိုက်တန်လို့လား’

“မင်းက ငါ့ကိုသတ်ပြီးရင် ကောင်းကောင်းနေနိုင်မယ်လို့ ထင်နေတာလား”

ချန်ကျင်းစန်းက လှောင်ပြောင်လိုက်ပြီး ဓားကိုဆွဲထုတ်သည်။

“ငါက တာဝန်ပေးခံရလို့ ဒီကိုရောက်လာတယ်ဆိုတာကို မင်းလည်းသိမှာပါ”

ရှောက်ထျန်းရီက ခေါင်းခါလိုက်သည်။ သူ့ပုံရိပ်က မှုန်ဝါးနေသည်။

“ဘယ်သူပဲလာလာ ငါဂရုမစိုက်ဘူး။ ငါ့ရဲ့ဘဝကို ဖျက်ဆီးချင်တဲ့လူတွေက သေရလိမ့်မယ်”

သူစကားပြောပြီးသွားသောအချိန်တွင် ချန်ကျင်းစန်း၏မျက်နှာထားက ပြောင်းလဲသွားသည်။

သူက ရှောက်ထျန်းရီ၏ပုံရိပ်ကို မမြင်ရတော့ပေ။ သို့သော် သတ်ဖြတ်လိုစိတ်များကိုတော့ ခံစားနေရသည်။

ဓားဆန္ဒတစ်ခုစုစည်းနေပြီး သူ့မျက်ခုံးနှစ်ဖက်ကြားကို ချိန်ထားသည်။ သူ့နဖူးကို အချိန်မရွေးထိုးဖောက်သွားနိုင်ပုံပေါ်သည်။

‘ရှောက်ထျန်းရီက ဓားတာအိုမှာ ဘယ်လိုလုပ်ပြီး ဒီလောက်တိုးတက်သွားတာလဲ’

“ခလွမ် ....”

ဓားသံနှင့်အတူ အရာအားလုံး တိတ်ဆိတ်သွားသည်။

နှလုံးသားတွင်ဓားစိုက်နေသော ချန်ကျင်းစန်းက ခက်ခဲစွာခေါင်းမော့လိုက်ပြီး ရှောက်ထျန်းရီကို ကြည့်သည်။

“ဂိုဏ်းတူအစ်ကို၊ ဒါက ငါ့ဘဝအတွက် လွတ်မြောက်မှုတစ်ခုလည်း ဖြစ်နိုင်တယ်”

“မင်းက ကောင်းကောင်းမွန်မွန်နေထိုင်နိုင်မယ်လို့ ငါမျှော်လင့်တယ်”

“ငါကလည်း ကောင်းကောင်းမွန်မွန် နေထိုင်ချင်ပါတယ် ....”

ချန်ကျင်းစန်းက ရေရွတ်လိုက်ပြီး ခေါင်းစိုက်ကျသွားသည်။

“ငါက ကောင်းကောင်းနေမှာပါ”

ရှောက်ထျန်းရီက ချန်ကျင်းစန်း၏ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့်သယ်ပြီး ဓားကို တခြားလက်တစ်ဖက်ဖြင့် သယ်ထားသည်။ သူက အဆုံးမဲ့ပင်လယ်သို့ လျင်မြန်စွာပျံသန်းသွားပြီး ချန်ကျင်းစန်း၏ ခန္ဓာကိုယ်နှင့်ဓားကို ပစ်ချလိုက်သည်။

“ဟီးဟီး၊ ဓားက ငါ့ဘဝပဲ ....”

ရှောက်ထျန်းရီက ရေရွတ်လိုက်ပြီး မျောပါသွားသောအလောင်းကို ကြည့်သည်။

ဓားဆိုင်၏လက်ရေးလှစာများကို လေ့လာခဲ့သောကြောင့် သူက ဓားကျင့်ကြံခြင်းတွင် ပိုမိုတိုးတက်လာပြီး ဓားဆန္ဒကိုလည်း စုစည်းနိုင်ခဲ့သည်။

သူနှင့်လက်ရည်တူသော ချန်ကျင်းစန်းက သူ၏ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

ရှောက်ထျန်းရီက ကိုယ်ပိုင်ဓားတာအို၏ပြောင်းလဲမှုကို ခံစားမိသည်။

“အသက်ခိုးယူခြင်းမျှော်စင်က အချင်းချင်းသတ်ဖြတ်ဖို့ ခွင့်ပြုမထားဘူး။ မင်းက တမင်သက်သက် တာဝန်ကို မလုပ်ဆောင်ခဲ့ဘူး။ မင်းသေသွားတဲ့အထိ လိုက်သတ်ခံရလိမ့်မယ်”

ရှောက်ထျန်းရီက နောက်သို့လှည့်မကြည့်ဘဲ ဓားအလင်းတစ်ခုကို ထုတ်လွှတ်သည်။

“ရှောက်ထျန်းရီ၊ မင်းက သေချင်နေတာပဲ”

“မင်းရဲ့ဓားပညာရပ်က အရမ်းသန်မာနေပြီ ....”

“ငါ့ကို ချမ်းသာပေးပါ”

....

တော်ဝင်ရှုခင်းဓားဆိုင်တွင် ကျန့်တနျိုက ပတ်ဝန်းကျင်တွင်ရှိသော လက်ရေးလှစာနှင့်ပန်းချီကားများကိုကြည့်လိုက်ပြီး အနည်းငယ်အကူအညီမဲ့နေသည်။

ဆိုင်ရှင်၏ခွန်အားကြောင့် သူက ပျော်ရွှင်ရသည်။

သို့သော် ရှောက်ထျန်းရီ၏ ရုတ်တရက်ဆန်သောအပြုအမူကြောင့် သူက မသက်မသာဖြစ်နေသည်။

သူက အနည်းငယ်တုံးအပြီး စာမတတ်သော်လည်း ဦးနှောက်ကောင်းသည်။

ရှောက်ထျန်းရီက ဓားဆိုင်သို့ရောက်လာသောအချိန်တွင် တစ်ခုခုမှားယွင်းနေကြောင်း သူသတိထားမိသည်။

ရှောက်ထျန်းရီက ဆိုင်ရှင်ကို များသောအားဖြင့် လေးစားသော်လည်း ကြောက်ရွံ့မှုများ ပိုနေပုံရသည်။

“ညီအစ်ကိုရှောက်၊ ဆိုင်ရှင်က ကြင်နာတတ်ပြီး ဈေးဆိုင်ကလည်း ကောင်းတယ်။ မဟုတ်တာတွေ မလုပ်ပါနဲ့ ....”

သူက သစ်သားစင်ပေါ်တွင်ရှိသော ဓားများကို လှည့်ကြည့်သည်။

‘ဓားတစ်လက်ကို အသုံးပြုနိုင်ဖို့ ကြိုးစားကြည့်ရမလား’

“ဆိုင်ရှင်ရှိလား”

တံခါးဝတွင် အသံထွက်လာသည်။

မီးခိုးရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ဆိုင်ထဲသို့ဝင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ ထို့နောက် သူက သစ်သားစင်ပေါ်တွင်ရှိသော ဓားများကို ဆက်ကြည့်သည်။

“ဧည့်သည်က ဓားဝယ်ချင်လို့ပါလား။ ဆိုင်ရှင်က အပြင်ထွက်သွားပါတယ်”

ကျန့်တနျိုက လျင်မြန်စွာရှေ့တက်သွားပြီး ဧည့်သည်ကို ကြိုဆိုလိုက်သည်။ သူက သစ်သားစင်ကို ညွှန်ပြသည်။

“တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ဓားတွေက အကောင်းတွေချည်းပါပဲ။ ကြည့်လိုက်ပါအုံး”

သူက ဟန်မူယဲ့နှင့် မိန်းကလေးယုတို့၏စကားဝိုင်းကို အမှတ်ရလိုက်ပြီး ထပ်ပြောသည်။

“ဓားနဲ့ပိုင်ရှင်က အချင်းချင်းရွေးချယ်ကြပါတယ်။ ဧည့်သည်က သင့်တော်မယ့်ဓားကို ရှာကြည့်နိုင်ပါတယ်”

တည်ငြိမ်နေသော သက်လတ်ပိုင်းအရွယ်လူကြီးက ကျန့်တနျို၏စကားကို ကြားလိုက်ရသောအခါတွင် မျက်နှာထားပြောင်းလဲသွားပြီး မျက်လုံးများတောက်ပလာသည်။

သူက တိတ်ဆိတ်စွာ ရှေ့တက်သွားပြီး သစ်သားစင်များ၏ဘေးတွင် လျှောက်သွားနေသည်။ သူက မကြာခဏဆိုသလိုပင် ဓားတစ်လက်ကို ယူကြည့်လိမ့်မည်။

သူက ဓားများကို ဖြည်းညင်းစွာ သေချာကြည့်နေသည်။

ကျန့်တနျိုက သူ့နောက်တွင် ရှိနေသည်။

သက်လတ်ပိုင်းအရွယ်လူကြီးက ဓား ငါးလက်၊ ခြောက်လက်ခန့်ကို ရွေးယူပြီး ကျန့်တနျိုကို ကြည့်လိုက်သည်။

“ငါက ဒီဓားတွေကို လိုချင်တယ်”

တစ်ခါတည်း ဓားခြောက်လက်ဝယ်ချင်သည်။

ကျန့်တနျိုက ပျော်ရွှင်သွားပြီး သစ်သားစင်သို့သွား၍ ဓားများ၏တည်နေရာကို ကြည့်လိုက်သည်။

သူက စာသင်ပေးရန်အတွက် ရှောက်ထျန်းရီကို တောင်းဆိုခဲ့သည်။

“လူသားအဆင့်လက်နက် သုံးခု၊ ဝိညာဉ်တစ်ဝက်အဆင့်လက်နက် တစ်ခု၊ အဆင့်နိမ့်ဝိညာဉ်လက်နက် နှစ်ခု။ စုစုပေါင်း ဝိညာဉ်ကျောက်တုံး လေးသိန်းခြောက်သောင်းငါးထောင် ကျသင့်ပါတယ်”

“ဧည့်သည်၊ လူသားအဆင့်ဓားသုံးလက်က ဓားချီလိုအပ်နေတဲ့အတွက် ထက်မြိမှု လျော့နည်းနေတယ်။ ဓားတွေကို နောက်ထပ်နှစ်ဝက်လောက် ပျိုးထောင်ပေးဖို့ အကြံပေးချင်ပါတယ်”

“ဝိညာဉ်တစ်ဝက်အဆင့်လက်နက်ဖြစ်တဲ့ အရုဏ်ဦးမိုးဓားက မိုးသတ္တုကနေ ပြုလုပ်ထားပါတယ်။ ရေဓာတ်အင်းကွက်လည်း ပါဝင်တဲ့အတွက် ရေအမျိုးအစားဓားနည်းစနစ်နဲ့ သင့်တော်ပါတယ်”

ဟန်မူယဲ့က တစ်ခါတလေတွင် ဓားများနှင့်ပတ်သတ်၍ ရှင်းပြလိမ့်မည်။ ကျန့်တနျိုက ဟန်မူယဲ့၏စကားများကို မှတ်ထားသည်။

အထူးသဖြင့် သူက ရွာသို့ပြန်သွားပြီး ထောင်မိသားစုခေါင်းဆောင်နှင့်အတူ ပြန်လာသောအခါတွင် ဓားနှင့်ပတ်သတ်၍ အနည်းငယ်ပြောခဲ့သည်။ ထောင်မိသားစုခေါင်းဆောင်က အံ့အားသင့်စွာ ပင့်သက်ရှိုက်ခဲ့ရသည်။

ထို့ကြောင့် ကျန့်တနျိုက ပြန်ရောက်လာသောအခါတွင် ဟန်မူယဲ့၏စကားများကို အာရုံစိုက်၍ တစ်လုံးမကျန်မှတ်ထားသည်။

“မင်းက ပန်းပဲပညာရပ်ကိုလည်း သိတာလား”

သက်လတ်ပိုင်းအရွယ်လူကြီးက အံ့အားသင့်သွားပြီး ကျန့်တနျိုကိုကြည့်၍ မေးသည်။

ကျန့်တနျိုက ခေါင်းကုတ်လိုက်ပြီး ရှက်ရွံ့စွာပြောသည်။

“ဧည့်သည်က နောက်နေတာပဲဖြစ်ရမယ်။ ကျွန်တော်က သာမန်လူသားတစ်ယောက်ပါ။ ပန်းပဲပညာနဲ့ပတ်သတ်ပြီး ဘယ်လိုလုပ်သိနိုင်မှာလဲ”

“ကျွန်တော်က သေချာသင်ယူထားလို့ပါ”

သူက လက်နှစ်ဖက်ကိုဝှေ့ယမ်း၍ ပြုံးသည်။

“ဒါပေမဲ့ ကျွန်တော့်လက်တွေက အတော်လေးသန်မာတယ်။ ပန်းပဲပညာကို သင်ယူနိုင်မလား သိချင်မိတယ်”

သက်လတ်ပိုင်းအရွယ်လူကြီးက ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်တွင် ကျောက်စိမ်းသေတ္တာတစ်လုံးကို တင်လိုက်သည်။ ထို့နောက် သူက ဓားများကို သိမ်းသည်။

“ဓားနဲ့လူက အချင်းချင်းရွေးချယ်ကြတယ်။ မင်းရဲ့ဆိုင်ရှင်ပြန်လာရင် ဟုန်ယွင်ဓားသွန်းစံအိမ်ရဲ့ ကျူးမင်ရှန်းရောက်လာတယ်လို့ ပြောပေးပါ”

“ပြီးတော့ မင်းက ပန်းပဲပညာကိုသင်ယူချင်ရင် ငါတို့ရဲ့ ဓားသွန်းစံအိမ်ကို လာကြည့်လို့ရတယ်”

ထိုသို့ဖြင့် ကျူးမင်ရှန်းက ဓားဆိုင်ထဲမှ ထွက်သွားသည်။

‘ဓားသွင်းစံအိမ်တဲ့လား’

‘ပန်းပဲပညာကို သင်ရမှာလား’

ကျန့်တနျိုက နှလုံးခုန်မြန်နေသည်။

‘ငါက တကယ်ပဲ ပန်းပဲပညာသင်ကြားဖို့ အခွင့်အရေးရနိုင်တာလား’

ဟန်မူယဲ့ပြန်လာပြီး စားပွဲပေါ်တွင် အစားအစာများကို ချလိုက်သောအချိန်အထိ ကျန့်တနျိုက ငေးမောနေဆဲဖြစ်သည်။

“ရှောက်ထျန်းရီက ဘယ်မှာလဲ”

ဟန်မူယဲ့က လှည့်ကြည့်သည်။

“ညီအစ်ကိုရှောက်က ကိစ္စရှိလို့ အပြင်ထွက်သွားပါတယ်”

ကျန့်တနျိုက ဟန်မူယဲ့ကို မကြည့်ရဲပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။

“မင်းတို့အတွက် စားစရာဝယ်လာတယ်။ စားသောက်ဆိုင်ရဲ့ဝက်သားနှပ်က သိပ်မဆိုးဘူး။ ပူတုန်း စားကြည့်လိုက်ပါ”

ကျန့်တနျိုက ဟင်းပွဲကိုကြည့်လိုက်ပြီး သူရောင်းခဲ့သောဓားများကို ပြန်တွေးမိသည်။ သူက ဘေးတွင်ရှိသော ကျောက်စိမ်းသေတ္တာကိုယူလိုက်ပြီး ဟန်မူယဲ့နောက်သို့ လျင်မြန်စွာလိုက်သွားသည်။

“ဆိုင်ရှင်၊ အခုလေးတင် လူတစ်ယောက်က ဓားခြောက်လက်ဝယ်သွားတယ်”

‘ဓားခြောက်လက်လား’

‘တစ်ခါတည်း အများကြီးဝယ်သွားတာပဲ’

ဟန်မူယဲ့က သစ်သားစင်များနှင့် ကျောက်စိမ်းသေတ္တာကို လှည့်ကြည့်သည်။

“သူက ဘာပြောသွားသေးလဲ”

“သူ့က ဟုန်မင်ဓားသွန်းစံအိမ်ရဲ့ ကျူးမင်ရှန်းလို့ ပြောသွားတယ်”

ကျန့်တနျိုက တီးတိုးပြောလိုက်သည်။

‘ဟုန်ယွင်ဓားသွန်းစံအိမ်လား’

သူတို့က ဓားဆိုင်၏ အဓိက ကုန်ပစ္စည်းထောက်ပံ့သူဖြစ်သည်။

သူဝယ်သွားသောဓားများသည် ယခင်ဆိုင်၏ လက်ကျန်များဖြစ်သည်။

အဆင့်နိမ့်ဝိညာဉ်ဓားနှစ်လက်ကို ဟန်မူယဲ့က ဓားချီများဖြင့် ဖြည်းဖြည်းချင်းအားဖြည့်ပေးထားသည်။

“သူက ဘာပြောသွားသေးလဲ”

ဟန်မူယဲ့က ကျန့်တနျိုကို ပြောသည်။

ကျန့်တနျို၏မျက်နှာက နီရဲသွားသည်။

“ကျွန်တော်က ပန်းပဲပညာသင်ချင်ရင် သူတို့ဆီလာလို့ရတယ်လို့ ပြောသွားသေးတယ်”

ကျန့်တနျိုက အံတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။ ထို့နောက် လျင်မြန်စွာဆက်ပြောသည်။

“ဆိုင်ရှင်၊ ကျွန်တော်မသွားပါဘူး။ ကျွန်တော်က ဓားဆိုင်မှာပဲနေမှာ”

သူက ဆိုင်ရှင်ကို အမှန်အတိုင်းပြောရမည်။ သို့သော် ဆိုင်မှထွက်သွားမည်မဟုတ်ပေ။

ကျန့်တနျိုက တော်ဝင်ရှုခင်းဓားဆိုင်တွင် တစ်သက်လုံးနေရန် ဆုံးဖြတ်ထားသည်။

တော်ဝင်ရှုခင်းဓားဆိုင်က သူ့ကို ဘဝအသစ်ပေးခဲ့သည်။

သူ့မိသားစုက အိမ်ကြီးအိမ်ကောင်းတွင် နေထိုင်နေမည်ဖြစ်ကြောင်း တွေးမိသောအခါတွင် ဆုံးဖြတ်ချက်ပိုမိုခိုင်မာလာသည်။

သူ့မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက အပေါ်ထပ်သို့ တက်သွားသည်။

“ကျင့်ကြံခြင်းလောကမှာ အခွင့်အရေးတွေက အရေးကြီးတယ်။ တစ်ခါတလေမှာ အခွင့်အရေးတွေအတွက် တိုက်ခိုက်သင့်တယ်”

“ဓားဆိုင်မှာအလုပ်လုပ်ပြီး ပန်းပဲပညာကိုသင်ယူရင်လည်း ပြဿနာမရှိပါဘူး”

ဟန်မူယဲ့က အပေါ်ထပ်တွင် ပျောက်ကွယ်သွားသည်။

လှေကားခြေတွင် ကျန့်တနျိုက လမ်းပျောက်နေသည်။

‘ဆိုင်ရှင်က ဘာပြောချင်တာလဲ’

‘ငါပန်းပဲပညာသင်တာကို ထောက်ပံ့ပေးချင်တာလား။ ဒါမှမဟုတ် ဆိုင်ကနေထွက်သွားစေချင်တာလား’

သူမသိပေ။

သူက အလွန်တုံးအသည်။

ဒုတိယထပ်သို့ရောက်သွားသောဟန်မူယဲ့က ကျောက်စိမ်းသေတ္တာကို သိမ်းလိုက်ပြီး တိတ်ဆိတ်သောအခန်းထဲတွင် ထိုင်လိုက်သည်။

ဟုန်ယွင်ဓားသွန်းစံအိမ်မှ လူတစ်ယောက်ရောက်လာသည့်အတွက် အံ့အားသင့်မသွားပေ။

တော်ဝင်ရှုခင်းဓားဆိုင်နှင့် ဖောက်သည်ဟောင်းများဖြစ်သည်။

သို့သော် သူက ထိုဓားများကို ဓားချီဖြင့်အားဖြည့်ပေးပြီး ပြုပြင်ခဲ့သည်။ ဟုန်ယွင်ဓားသွန်းစံအိမ်၏လူများက ထိုဖြစ်ရပ်ကို ရှာတွေ့သွားလိမ့်မည်။

‘သူတို့ရဲ့သဘောထားက ဘယ်လိုနေမလဲမသိဘူး’

ဟန်မူယဲ့က သိပ်မတွေးတော့ဘဲ ဝင်္ကပါပြားကို အသက်သွင်းသည်။ သူ့စိတ်က ငြိမ်သက်နေပြီး ချီစွမ်းအင်များ လှုပ်ရှားလာသည်။

သူက ဓားများအပေါ်တွင်မှီခို၍ အသက်မွေးရန်မလိုပေ။

ထို့အပြင် သူက လေတောအုပ်ဓားဖိုနှင့် လမ်းဖောက်နိုင်ခဲ့သည်။

All Chapters