← Chapters

အခန်း (၅၇၅)

Vol. 42 Ch. 575

အခန်း (၅၇၅)

Vol. 42 Ch. 575

ကျင့်ကြံသူများက မည်သည့်အရာကို အလိုရှိကြသနည်း။

သူတို့က ကျင့်ကြံဆင့်တိုးမြင့်လာပြီး ထာဝရရှင်သန်ချင်ကြသည်။

အာခီမီနှင့် ပန်းပဲပညာရှင်များက မည်သည့်အရာကို အလိုရှိကြသနည်း။

သူတို့တွင် ထာဝရရှင်သန်ခြင်းမှလွဲ၍ အပိုစွဲလမ်းမှုတစ်ခု ရှိကြသည်။ သူတို့၏ ပန်းပဲပညာနှင့် အာခီမီပညာရပ်များကို တိုးတက်လာစေချင်သည်။

ဟန်မူယဲ့က ဖုန်းဟွာဓား၏ လျှို့ဝှက်ပန်းပဲနည်းစနစ်ကို ထုတ်ပြောလိုက်သော်လည်း ဟယ်ယွီဟူက စိတ်မဆိုးပေ။

တစ်ယောက်ယောက်က ထိုနည်းစနစ်ကို သင်ယူသွားလျှင်ပင် သူနှင့်ယှဉ်နိုင်မည်မဟုတ်ပေ။

သူက ကျောက်စိမ်းပေလွှာထဲတွင် ဟန်မူယဲ့ပြောထားသော အဆင့်မြှင့်တင်နိုင်သည့်နည်းလမ်းကိုသာ စိတ်ဝင်စားသည်။

ထိုနည်းလမ်းက အလုပ်ဖြစ်သွားခဲ့လျှင် ဘက်ပေါင်းစုံတွင် တိုးတက်လာလိမ့်မည်။

ထိုအရာသည် သူ၏ လက်နက်သန့်စင်ခြင်းကျင့်ကြံမှုအတွက် အလွန်အရေးကြီးသည်။

“ခင်ဗျားတို့အားလုံးက ပန်းပဲပညာရှင်နဲ့ ဓားကျင့်ကြံသူတွေပါပဲ။ နည်းနည်းလောက် သေချာတွေးလိုက်ရင် တွက်ချက်ကြည့်နိုင်မှာပါ”

ဟန်မူယဲ့က ထိုင်ခုံတွင်ထိုင်နေပြီး တည်ငြိမ်စွာပြောလိုက်သည်။

သူက ပတ်ဝန်းကျင်ကို ကြည့်သည်။

“ရာချီမူလမြက်ပင်က ဓားရဲ့ကြံ့ခိုင်မှုကို တိုးလာစေနိုင်တယ်။ သေချာသန့်စင်လိုက်မယ်ဆိုရင် ဓားရဲ့အရည်အသွေးကို တိုးမြှင့်ပေးနိုင်တယ်။ နှစ်တစ်သောင်းရေခဲကျောက်တုံးကတော့ ....”

လူတစ်ယောက်က တီးတိုးပြောလိုက်သည်။

“အံ့အားသင့်စရာပဲ။ နှစ်တစ်သောင်းရေခဲကျောက်တုံးနဲ့ ရာချီမူလမြက်ပင်တို့ ပေါင်းစပ်လိုက်ရင် ဓားရဲ့အအေးဓာတ်ကို မထိခိုက်ဘဲ ဓားရဲ့ကြံ့ခိုင်မှုကို တိုးမြှင့်နိုင်လိမ့်မယ်။ ဓားကိုအသက်သွင်းလိုက်ရင် နှစ်တစ်သောင်းရေခဲကျောက်တုံးရဲ့စွမ်းအားကိုပါ အသက်သွင်းနိုင်လိမ့်မယ်”

ဟန်မူယဲ့၏ဘေးတွင်ထိုင်နေသော ဓားအကဲဖြတ်သူတစ်ယောက်က ခေါင်းလှည့်ကြည့်သည်။

စင်အောက်တွင်ရှိနေသော ပန်းပဲပညာရှင်နှင့် ဓားကျင့်ကြံသူများက သေချာတွေးကြည့်လိုက်သည်။

“ဦးလေးနှစ်၊ အဲဒီနည်းလမ်းက ဒီဓားတစ်လက်ကိုပဲ အဆင့်မြှင့်နိုင်တာမဟုတ်ဘူး ....”

ယုချင်းကျူးက ဦးလေးနှစ် ယုချန်ကွမ်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ယုချန်ကွမ်က လေးနက်နေသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

“ဒါနဲ့ ကောင်မလေး၊ ဆိုင်ရှင်ဟန်ရဲ့ကိစ္စကို လူအိုကြီးဆီ သတင်းပို့လိုက်တဲ့အချိန်မှာ တစ်ခုခုပြောလိုက်သေးလား”

ယုချန်ကွမ်က အရေးကြီးအချက်အလက်တချို့ကို လျစ်လျူရှုခဲ့မိသည်ဟု ခံစားလိုက်ရသည်။

သူ့စကားကို ကြားရသောအခါတွင် ယုချင်းကျူးက ညင်သာစွာပြောသည်။

“အဘိုးက ကိုယ်တိုင်အလည်သွားချင်ပေမဲ့ ကျွန်မက တားလိုက်တယ်”

ယုချန်ကွမ်က သူမကို လှည့်ကြည့်သည်။ ယုချင်းကျူးက ပြုံးလိုက်ပြီး ပြောသည်။

“ဓားဖိုပိုင်ရှင်တွေက ဓားဆိုင်တစ်ဆိုင်ကို သွားမလည်ကြဘူးလေ”

“ကျွန်မတို့က အခြေအနေကို ကောင်းကောင်းမဆုပ်ကိုင်နိုင်ရင် ဘာဖြစ်သွားမလဲ”

ယုချန်ကွမ်က စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့နှင့် ပတ်ဝန်းကျင်တွင်ရှိသော တခြားဓားဖိုများမှလူများကို ကြည့်သည်။ သူက ခေါင်းညိတ်လိုက်သည်။

စိုးရိမ်စိတ်များသည် စိတ်ရှုပ်ထွေးမှုကို ဖြစ်စေလိမ့်မည်။

ယခုအချိန်တွင် စင်အောက်၌ လူအများအပြား ဖရိုဖရဲဖြစ်နေသည်။

‘လူအိုကြီးက ဒီတူမကိုအလေးထားတာ မထူးဆန်းတော့ပါဘူး။ သူမက ထူးခြားတဲ့အသိစိတ်ကို ပိုင်ဆိုင်ထားတာပဲ’

စင်မြင့်ပေါ်တွင် ဟယ်ယွီဟူက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ဆရာဟန်၊ ငါက ဒီဓားကို အခုပဲပြန်ပြီး သန့်စင်လိုက်ပါ့မယ်။ မေးချင်တာရှိရင် လာပြီးမေးလို့ရမလားမသိဘူး”

ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြန်လည်နှုတ်ဆက်သည်။

“စိတ်မပူပါနဲ့ဆရာဟယ်။ မေးချင်တာရှိရင် ကျွန်တော့်ကို အချိန်မရွေး လာရှာနိုင်ပါတယ်”

ဟယ်ယွီဟူက ခေါင်းညိတ်လိုက်ပြီး ရှုချွမ်ဟယ်ကို လှည့်ကြည့်သည်။

“ညီအစ်ကိုရှု၊ ဒီကျောက်စိမ်းပေလွှာကို ဆက်ကြည့်ချင်သေးလား”

ဟန်မူယဲ့၏အချက်အလက်များသည် အလွန်အသေးစိတ်ကျပြီး အဆင့်မြှင့်နိုင်သောနည်းလမ်းလည်း ပါဝင်နေသည်။ တခြားဓားအကဲဖြတ်သူများက သူနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ရှုချွမ်ဟယ်က ရယ်လိုက်ပြီး ပြောသည်။

“ဆိုင်ရှင်ဟန်ရဲ့ ဓားအကဲဖြတ်စွမ်းရည်က တကယ်ထူးခြားတာပဲ။ ပထမပွဲမှာ ငါက အရှုံးပေးပါတယ်”

သူက ကျောက်စိမ်းပေလွှာထဲတွင် ဓားကို အသေးစိတ်အကဲဖြတ်ခဲ့သော်လည်း ဟန်မူယဲ့နှင့် မယှဉ်နိုင်ပေ။

လူတိုင်းက စည်းကမ်းလိုက်နာလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် သူက သွေးပူသောလူတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသည်။

ဟယ်ယွီဟူက နှုတ်ဆက်လိုက်ပြီး ဖုန်းဟွာဓားနှင့်အတူ လှည့်ထွက်သွားသည်။

ရေခဲဓားနည်းစနစ်များကို လေ့ကျင့်ထားသော ဓားကျင့်ကြံသူအချို့က မနေနိုင်တော့ဘဲ သူ့နောက်မှ လိုက်သွားကြသည်။

ထိုဓားကို အောင်မြင်စွာအဆင့်မြှင့်နိုင်လျှင် မှော်ရတနာတစ်ဝက် ဖြစ်လာလိမ့်မည်။

ထိုရတနာမျိုးကို မလိုချင်သောလူ မရှိပေ။

ပြန့်ကျဲကြယ်ကျွန်းများတွင် မှော်ရတနာနှင့် မှော်ရတနာတစ်ဝက်အဆင့် လက်နက်များ၏ ရောင်းဝယ်မှုအများစုကို အင်အားစုကြီးများက ထိန်းချုပ်ထားသည်။

ယနေ့တွင် သူတို့က ဓားကို ကိုယ်တိုင်အသုံးပြုရန်ဖြစ်စေ ပြန်လည်ရောင်းချရန်ဖြစ်စေ ဝယ်ယူနိုင်ခဲ့လျှင် အကျိုးအမြတ်များ ရလိမ့်မည်။

ရှုချွမ်ဟယ်က သူတို့ကို လျစ်လျူရှုလိုက်ပြီး ဒုတိယမြောက်ဓားကို ညွှန်ပြသည်။

“အားလုံးပဲ ဆိုင်ရှင်ဟန်ရဲ့ ဓားအကဲဖြတ်စွမ်းရည်က မဆိုးဘူး။ သူ့ဆီကနေ သင်ယူသင့်တယ်”

ပထမဆုံးဓားကို အကဲဖြတ်ပြီးသွားသောအခါတွင် ထောင်ချီနေသောပရိသတ်များက တော်ဝင်ရှုခင်းဓားဆိုင်၏ ဟန်မူယဲ့ကို မှတ်မိသွားသည်။

ဟန်မူယဲ့က ပထမအချီတွင် ဓားအကဲဖြတ်စွမ်းရည်ကို ဖော်ပြနိုင်ခဲ့သော်လည်း တခြားလူများအပေါ်တွင် အမြတ်ထုတ်သွားသည်ဟု ထင်ရသည်။

ရှုချွမ်ဟယ်က တခြားဓားအကဲဖြတ်သူများကို ကျွမ်းကျင်မှုထုတ်ပြရန် သတိပေးလိုက်သည်။ သူတို့က ဒုတိယအချီတွင် သတိလွတ်မနေသင့်ပေ။

သူတို့က အပြောင်းအလဲများမလုပ်နိုင်လျှင် တော်ဝင်ရှုခင်းဓားဆိုင်က နာမည်ကြီးသွားလိမ့်မည်။

ရွှေမြစ်ဓားဆိုင်၏ ကျန့်တချွမ်က အရင်ဆုံးရှေ့ထွက်လာသည်။

သူက ဓားကို သေချာလေ့လာလိုက်ပြီး အချိန်အတော်ကြာအောင်စဉ်းစား၍ ထိုင်ခုံဆီသို့ ပြန်လာသည်။

ဤတစ်ကြိမ်တွင် သူက အချိန်ယူ၍ ကျောက်စိမ်းပေလွှာတွင် အချက်အလက်များ ထည့်သွင်းခဲ့သည်။

တခြားလူများကလည်း အချိန်ကြာမြင့်စွာယူခဲ့ကြသည်။

စင်အောက်တွင်ရှိသော ဓားကျင့်ကြံသူများ၊ ဓားဖိုနှင့် ဓားအလုပ်ရုံမှလူများသည် မျှော်လင့်နေသောမျက်နှာထားဖြင့် စောင့်ဆိုင်းနေကြသည်။

ယနေ့ဓားအကဲဖြတ်ပွဲသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလိမ့်မည်။

ဝိညာဉ်ကျောက်တုံးများ အပိုပေးရန်မလိုဘဲ ကျွမ်းကျင်မှုများထုတ်ပြနေသော ဓားအကဲဖြတ်ပွဲကို တက်ရောက်နိုင်ခြင်းသည် ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်သည်။

ဟန်မူယဲ့က ရှေ့ထွက်လာသောအခါတွင် စင်ပေါ်နှင့်စင်အောက်သည် တိတ်ဆိတ်သွားခဲ့သည်။

ဟန်မူယဲ့က ဓားကိုစစ်ဆေးပြီး ထိုင်ခုံဆီသို့ပြန်သွားသည်။ သူက ကျောက်စိမ်းပေလွှာတွင် မှတ်သားပြီး တိတ်ဆိတ်စွာ မျက်လုံးမှိတ်ထားသည်။

ဤတစ်ကြိမ်တွင် ရှုချွမ်ဟယ်ကလည်း အချိန်ပိုယူခဲ့သည်။

စင်အောက်တွင်ရှိသောလူများက စိတ်မရှည်ဖြစ်လာသည်။

ရှုချွမ်ဟယ်က ကျောက်စိမ်းပေလွှာ၌ မှတ်သားပြီးသောအခါတွင် အသာအယာချောင်းဟန့်၍ စင်အောက်သို့ကြည့်လိုက်သည်။

သူစကားမပြောနိုင်ခင် အရပ်ရှည်ပြီးသန်မာသော ပန်းပဲပညာရှင်တစ်ယောက်က စင်မြင့်ပေါ်သို့ တက်လာသည်။

“ကျောက်ယွဲ့ဓားဖိုရဲ့ ချင်ကျောက်ယွဲ့ပါ”

ပန်းပဲပညာရှင်က လက်သီးဆုပ်၍ နှုတ်လိုက်ပြီး သစ်သားစင်ဆီသို့ လျှောက်လာသည်။

စင်အောက်တွင် ဆူညံသံများကို ကြားလိုက်ရသည်။

ကျောက်ယွဲ့ဓားဖို၏ ချင်ကျောက်ယွဲ့သည် ပြန့်ကျဲကြယ်ကျွန်းများတွင် နာမည်ကြီးပန်းပဲဆရာဖြစ်သည်။

ဒုတိယမြောက်ဓားကို သူကိုယ်တိုင် သန့်စင်ထားခဲ့သည်။

ထိုဓား၏အကဲဖြတ်မှုကို သူတို့က သိချင်လာကြသည်။

ချင်ကျောက်ယွဲ့ကလည်း စိတ်မရှည်ဖြစ်နေပုံပေါ်သည်။ သူက ကျောက်စိမ်းပေလွှာတစ်ခုကို ကောက်ယူလိုက်သည်။

ချီစွမ်းအင်အလင်းရောင်နှင့်အတူ အလင်းလွှာတစ်ခု ပေါ်လာသည်။

‘ဓားရဲ့နာမည်က ထင်ရှူးလေပြေပဲ။ သုံးပေနဲ့ နှစ်လက်မရှည်ပြီး ငါးဆယ့်ရှစ်ပေါင်နဲ့ ဆယ့်နှစ်အောင်စလေးတယ်။ ဓားကိုယ်ထည်ကို စုန့်ယွမ်သလင်းကျောက်တုံး၊ ဟယ်ယွမ်သံမဏိ ဆယ်အောင်စ၊ ရှောင်လင်သံမဏိ လေးအောင်စနဲ့ ပြုလုပ်ထားတယ်’

‘ဓားကို နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး ပုံသွင်းထားတယ်။ ဓားက သလင်းကျောက်ရဲ့ဂုဏ်သတ္တိကို အများဆုံးပိုင်ဆိုင်ထားပြီး ပုံသွင်းနေတဲ့အချိန်မှာ ချီစွမ်းအင်နဲ့ အင်းကွက်တွေကို ထွင်းထုခဲ့တယ်’

....

ပထမဆုံးကျောက်စိမ်းပေလွှာတွင် အချက်အလက်အများအပြားရှိနေသည်။

အချက်အလက်အများစုသည် ပန်းပဲနည်းစနစ်များနှင့်သက်ဆိုင်ပြီး ထောက်ခံပေးထားသော ဓားနည်းစနစ်တချို့လည်း ရှိနေသည်။

အချက်အလက်များကို ဖတ်ပြီးသောအခါ စင်ပေါ်နှင့်စင်အောက်တွင်ရှိသော လူများအားလုံး တိတ်ဆိတ်သွားသည်။

ချင်ကျောက်ယွဲ့က တခြားကျောက်စိမ်းပေလွှာတစ်ခုကို ကောက်ယူသည်။

အချက်အလက်များ ပေါ်ထွက်လာပြန်သည်။

ဓား၏အရှည်နှင့် ကိုယ်ထည်ကို ဘက်ပေါင်းစုံမှနေ၍ သုံးသပ်ထားသည်။

ထို့အပြင် ဓားကျင့်ကြံသူများနှင့်လိုက်ဖက်ညီသော နည်းစနစ်များကိုလည်း မှတ်ချက်ပေးထားသည်။

အကဲဖြတ်သူငါးယောက်၏ကျောက်စိမ်းပေလွှာများကို ကြည့်ပြီးသောအခါတွင် တခြားအရာများကို ထပ်ကြည့်ရန်မလိုတော့ကြောင်း လူတိုင်းက ခံစားလိုက်ရသည်။

စွမ်းရည်အစစ်အမှန်ကို ထုတ်သုံးလိုက်သောအခါတွင် အကဲဖြတ်သူများအားလုံးက အတူတူလောက်ပင်ဖြစ်သည်။

သူတို့က တော်ဝင်ရှုခင်းဓားဆိုင်၏ဟန်မူယဲ့ကို ထူးခြားသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ထိုသို့ ဖြစ်ပုံမရပေ။

သို့သော် ယုချန်ကွမ်နှင့် ယုချင်းကျူးအပြင် ကျူးမင်ရှန်ကလည်း ဟန်မူယဲ့၏ကျောက်စိမ်းပေလွှာကို မျှော်လင့်နေသည်။

ရှုချွမ်ဟယ်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို လှည့်ကြည့်သည်။

တခြားလူများက ပထမအချီတွင်မြင်ခဲ့သော ဟန်မူယဲ့၏အကဲဖြတ်မှုနှင့် ယခုအချီတွင်မြင်ခဲ့သော အကဲဖြတ်မှုများ၏ ကွာခြားချက်ကို မသိနိုင်ပေ။

ဓားအကဲဖြတ်သူတစ်ယောက်မဟုတ်လျှင် ကွာခြားမှုကိုသတိထားမိရန် ခက်ခဲသည်။

တခြားဓားအကဲဖြတ်သူများက ဟန်မူယဲ့၏နည်းလမ်းအတိုင်း အကဲဖြတ်လိုက်သောအခါတွင် အစစ်အမှန်ဓားကျွမ်းကျင်သူနှင့် ပန်းပဲဆရာမဟုတ်သူများက ကွာခြားမှုကို သတိမထားမိတော့ပေ။

ထို့ကြောင့် ဟန်မူယဲ့၏အားသာချက်က ချက်ချင်းဖိနှိပ်ခံလိုက်ရသည်။

ချင်ကျောက်ယွဲ့က အမူအယာမဲ့နေ‌‌သောမျက်နှာထားဖြင့် ကိုးခုမြောက်ကျောက်စိမ်းပေလွှာကို လှမ်းယူလိုက်သည်။

လူတိုင်းက ကျောက်စိမ်းပေလွှာကို ကြည့်လိုက်ကြသည်။

“ဝီ”

ကျောက်စိမ်းပေလွှာထဲတွင်ရှိသော အချက်အလက်များကို ထုတ်ယူသည်။

“ဘာမှမရှိဘူးလား”

စင်အောက်တွင်ရှိနေသောလူတစ်ယောက်က ပြောလိုက်သည်။

ကျောက်စိမ်းပေလွှာက ဗလာဖြစ်နေသည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

‘သူက ဓားကို အကဲမဖြတ်နိုင်တာလား။ ဒါမှမဟုတ် အာရုံစိုက်မှုရအောင် တမင်သက်သက်လုပ်နေတာလား’

ရှုချွမ်ဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“ဆိုင်ရှင်ဟန်၊ အလှည့်ကျော်မယ်ဆိုရင်လည်း ကျောက်စိမ်းပေလွှာက ဗလာဖြစ်နေတဲ့အကြောင်း သေချာပြောထားသင့်တယ်။ ဒါက ဘာကိုဆိုလိုချင်တာလဲ”

သူက ဓားအကဲဖြတ်ပွဲ၏ စီစဉ်သူအဖြစ် တာဝန်ယူထားသည်။

ကျောက်စိမ်းပေလွှာတွင် မည်သည့်အချက်အလက်မှ မထည့်သွင်းခဲ့လျှင် ဓားအကဲဖြတ်ပွဲကို မလေးစားရာကျသည်။

တခြားဓားအကဲဖြတ်သူများကလည်း မကျေမနပ်ဖြစ်နေပုံရသည်။

ဟန်မူယဲ့က ပထမဆုံးပွဲတွင် အာရုံစိုက်မှုများကို ခိုးယူသွားခဲ့သည်။ ဒုတိယပွဲတွင် ဗလာကျောက်စိမ်းပေလွှာကို ချန်ရစ်ခဲ့သည်။

“ဦးလေးနှစ် ....”

ယုချင်းကျူးက နားမလည်သောမျက်နှာထားဖြင့် ယုချန်ကွမ်ကို ကြည့်သည်။

ယုချန်ကွမ်၏မျက်နှာထားက လေးနက်နေသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“ဓားအကဲဖြတ်သူရဲ့ကျောက်စိမ်းပေလွှာက ဗလာဖြစ်နေတယ်။ သူက အလှည့်ကျော်တာမဟုတ်ရင် ဓားနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေလို့ပဲ”

“ဘာပဲဖြစ်ဖြစ် အခုကိစ္စကို လွယ်လွယ်ဖြေရှင်းလို့ရမှာမဟုတ်ဘူး”

ယုချန်ကွမ်က ချင်ကျောက်ယွဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ချင်ကျောက်ယွဲ့မဟုတ်ရင် ဟန်မူယဲ့က နာမည်ပျက်သွားနိုင်တယ်”

နာမည်ပျက်သွားခြင်း ....

ခန်းဆောင်ထဲတွင် ဆူညံသံများထွက်လာသည်။ ခဏအကြာတွင် လူအများစုက ဗလာကျောက်စိမ်းပေလွှာ၏အဓိပ္ပာယ်ကို သိသွားကြသည်။ သူတို့က ဟန်မူယဲ့နှင့်ချင်ကျောက်ယွဲ့ကို ကြည့်နေကြသည်။

“ညီအစ်ကိုချင်၊ ဒီနေ့ဓားအကဲဖြတ်ပွဲမှာ ဓားတွေအားလုံးကို ပိုင်ရှင်တွေက ကိုယ်တိုင်ပို့ပေးခဲ့တယ်”

ရှုချွမ်ဟယ်က ချင်ကျောက်ယွဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“ဆိုင်ရှင်ဟန်က ဗလာကျောက်စိမ်းပေလွှာကို ချန်ရစ်ခဲ့တယ်။ ညီအစ်ကိုချင်က ဒီကိစ္စကို ဆက်ပြီးလုပ်ချင်လား”

စင်ပေါ်တွင်မဟုတ်လျှင် တခြားလူများက ဓားအကဲဖြတ်ပွဲကို မြင်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဤဖြစ်ရပ်ကို ဆက်မပြောလျှင်လည်း အဆင်ပြေသည်။

သို့သော် ယခုအခြေအနေတွင် ဖြေရှင်းချက်တစ်ခုမရလျှင် ချင်ကျောက်ယွဲ့၏ဓားဖိုသည် ဓားများရောင်းနိုင်တော့မည်မဟုတ်ပေ။

All Chapters