← Chapters

အခန်း (၅၇၆)

Vol. 42 Ch. 576

အခန်း (၅၇၆)

Vol. 42 Ch. 576

“ဒီဓားကို သလင်းကျောက်တုံးကနေ ပြုလုပ်ထားတယ်။ ပြီးတော့ ရွေးချယ်ခံအင်းကွက်သုံးခုကိုလည်း ထွင်းထုထားတယ်။ ဒီမှာ သလင်းကျောက်တုံးကိုလေ့လာနေတဲ့ မဟာကျင့်ကြံသူကြီးတွေ ရှိနိုင်တယ်။ ပြီးတော့ အင်းကွက်မှာကျွမ်းကျင်တဲ့ တာအိုတန်ခိုးရှင်တွေလည်း ရှိလိမ့်မယ်”

ရှုချွမ်ဟယ်က ဟန်မူယဲ့ကို ကြည့်သည်။

“သူတို့ကိုဖိတ်ခေါ်ပြီး နောက်တစ်ကြိမ်စစ်ဆေးကြည့်မလား”

ဓားအကဲဖြတ်သူများက ဓားကို အကဲဖြတ်ပေးရုံသာဖြစ်သည်။ သို့သော် အသုံးပြုသူအပေါ်တွင်မူတည်၍ ဓားနှင့်ကိုက်ညီမှုသည် ပြောင်းလဲသွားလိမ့်မည်။

ရှုချွမ်ဟယ်၏စကားကို ကြားလိုက်ရသောအခါ စင်အောက်တွင်ရှိသောလူများက စမ်းကြည့်ရန် စိတ်အားထက်သန်နေသည်။

ဟန်မူယဲ့က စကားမပြောဘဲ ချင်ကျောက်ယွဲ့ကို ကြည့်လိုက်သည်။

ချင်ကျောက်ယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားနေသည်။ ရုတ်တရက်ဆိုသလိုပင် သူက ပြောသည်။

“ဆိုင်ရှင်ဟန်၊ သလင်းကျောက်နဲ့ ဓားကိုပြုလုပ်တဲ့နေရာမှာ အဓိကအချက်ကို ကျေးဇူးပြုပြီး ပြောပြပေးပါ”

‘ဒါက ဘာလဲ’

‘သူ့ဓားက ချို့ယွင်းချက်ရှိနေတယ်လို့ ဝန်ခံလိုက်တာလား’

စင်ပေါ်တွင် ဓားအကဲဖြတ်သူများနှင့် ရှုချွမ်ဟယ်က မျက်မှောင်ကြုတ်လိုက်ကြသည်။

စင်အောက်တွင် ဆူညံသံများထွက်လာသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။

“ဆရာချင်၊ ကျွန်တော်က သလင်းကျောက်နဲ့ဓားသန့်စင်တာကို သိပ်မသိဘူး။ တခြားတစ်ယောက်ကို မေးသင့်တယ်”

‘ငြင်းလိုက်တာလား’

‘ဒါမှမဟုတ် ချင်ကျောက်ယွဲ့ကိုထိန်းချုပ်ဖို့ ကြိုးစားနေတာလား’

လူတိုင်းက ချင်ကျောက်ယွဲ့ကို ကြည့်လိုက်ကြသည်။

ချင်ကျောက်ယွဲ့၏မျက်နှာထားက ပြောင်းလဲသွားသည်။ ထို့နောက် သူက ကျယ်လောင်စွာရယ်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။

“တာအိုရောင်းရင်း၊ ငါမှားသွားပါတယ်”

သူက ဟန်မူယဲ့ကို ဦးညွှတ်သည်။

“ကျောက်ယွဲ့ဓားဖိုက စုန့်ယွမ်သလင်းကျောက်အဆီအနှစ်တစ်ခုကို ရခဲ့တယ်။ အဲဒီက အပိုင်းအစတချို့နဲ့ ဒီဓားကို သန့်စင်လိုက်တာပဲ။ ဓားကို ဖန်တီးပြီးတဲ့အချိန်မှာ ချို့ယွင်းချက်တစ်ခုရှိနေတယ်လို့ ခံစားရပေမဲ့ ရှာမတွေ့ခဲ့ဘူး။ အဲဒါကြောင့် ငါက သလင်းကျောက်အဆီအနှစ်ကိုသုံးပြီး ဓားမလုပ်ရဲတော့ဘူး”

“ငါက ဓားကိုစစ်ဆေးချင်တဲ့အတွက် ဒီကိုရောက်လာခဲ့တာပဲ။ ငါ့အသိစိတ်ကို ဆုံးရှုံးသွားခဲ့တယ်။ ဆရာဟန်နဲ့ ဓားအကဲဖြတ်သူတို့က ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့”

သလင်းကျောက် ....

သလင်းကျောက်အဆီအနှစ် ....

ထိုစကားလုံးနှစ်ခုသည် ကွဲပြားမှုသိပ်မရှိသော်လည်း တန်ဖိုးမတူပေ။

သလင်းကျောက်အဆီအနှစ်တစ်ပိုင်းကို မှော်ရတနာများသန့်စင်ရာတွင် အသုံးချနိုင်သည်။ ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများက ထိုပစ္စည်းအတွက် တိုက်ခိုက်ကြလိမ့်မည်။

သလင်းကျောက်ကတော့ အဖိုးတန်သော်လည်း ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများကို ဆွဲဆောင်ရန်မလုံလောက်ပေ။

ချင်ကျောက်ယွဲ့၏စကားများကြောင့် ခန်းဆောင်တစ်ခုလုံး ဆူပွက်သွားသည်။

“အဟမ်း၊ အဟမ်း ....”

ချောင်းဟန့်သံတစ်ချက် ထွက်လာသည်။

လူအုပ်က ငြိမ်သက်သွားသည်။

“ကျောက်ယွဲ့ဓားဖိုက သလင်းကျောက်အဆီအနှစ် ၉၀%ကို မူယန်ခန်းဆောင်ဆီရောင်းချဖို့ သဘောတူခဲ့တယ်။ ကျန်တဲ့ ၁၀%ကို လက်နက်သန့်စင်ဖို့အတွက် ယူထားခဲ့တယ်”

“သလင်းကျောက်အဆီအနှစ်နဲ့ပတ်သတ်ပြီး တခြားအကြံတွေမရှိဖို့ ငါက ပြောချင်တယ်”

ထိုအသံက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

စိတ်လှုပ်ရှားနေသောလူအုပ်ကလည်း ဖိနှိပ်ခံလိုက်ရသည်။

မူယန်ခန်းဆောင်ပါဝင်လာသောကြောင့် သလင်းကျောက်အဆီအနှစ်နှင့်ပတ်သတ်ပြီး အကြံများမထားရဲကြတော့ပေ။

စင်မြင့်ပေါ်တွင် ဓားအကဲဖြတ်သူများ၏မျက်နှာထားက ရှုပ်ထွေးနေသော်လည်း စကားမပြောကြပေ။

ချင်ကျောက်ယွဲ့အသုံးပြုထားသောကုန်ကြမ်းသည် သလင်းကျောက်မဟုတ်ဘဲ ရှားပါးသော သလင်းကျောက်အဆီအနှစ်ဖြစ်သည်။

ထိုအရာကို မည်သူက တွေးထားမည်နည်း။

ကုန်ကြမ်းက ကွဲပြားသွားသောကြောင့် အချက်အလက်များကလည်း တူညီတော့မည်မဟုတ်ပေ။

တစ်နည်းပြောရလျှင် ဓားအကဲဖြတ်သူရှစ်ယောက်၏ အသေးစိတ်အကဲဖြတ်မှုများအားလုံးက မှားယွင်းနေခဲ့သည်။

ထိုအရာက အလွန်ရှက်စရာကောင်းသည်ဟု မပြောနိုင်ပေ။ ချင်ကျောက်ယွဲ့၏ဓားသည် စည်းကမ်းနှင့်ကိုက်ညီမှုမရှိပေ။

သို့သော် ပွဲကြည့်နေသောတခြားလူများက ကိုယ်ပိုင်အမြင်များရှိနေကြသည်။

ချင်ကျောက်ယွဲ့က တခြားလူများကိုမကြည့်ဘဲ ဟန်မူယဲ့ကိုသာ ကြည့်နေသည်။

“သလင်းကျောက်အဆီအနှစ်က ရှာရခက်တယ်။ အဲဒါကို ဓားတစ်လက်အဖြစ် သန့်စင်ချင်ရင် တခြားဓားနဲ့ ပေါင်းစပ်ရမယ်။ ဒါမှမဟုတ် အဆီအနှစ်အရည်အဖြစ် ပြောင်းလဲပြီး ရေဓာတ်ဓားတစ်လက်အဖြစ် သန့်စင်ရမယ်”

ဟန်မူယဲ့က ညင်သာစွာပြောလိုက်သည်။

ချင်ကျောက်ယွဲ့က သလင်းကျောက်အဆီအနှစ်ကိုရခဲ့ကြောင်း ဝန်ခံလိုက်သည့်အတွက် ဟန်မူယဲ့က နှုတ်ဆိတ်နေရန်မလိုတော့ပေ။

သူက သလင်းကျောက်အဆီအနှစ်နှင့် ဓားသန့်စင်ရာတွင် အများဆုံးအသုံးပြုသော နည်းလမ်းနှစ်ခုကို ပြောပြလိုက်သည်။

သို့သော် ချင်ကျောက်ယန်က ထိုအရာကို မလိုချင်ပေ။

သလင်းကျောက်အဆီအနှစ်ကို တခြားဓားများနှင့်ပေါင်းစပ်ခြင်း၊ အရည်အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်လိုက်မည်ဆိုလျှင် ကိုယ်ပိုင်ဂုဏ်သတ္တိဆုံးရှုံးသွားပြီး အစွမ်းထက်တော့မည်မဟုတ်ပေ။

သလင်းကျောက်အဆီအနှစ်သည် တာအိုအင်းကွက်များကို သယ်ဆောင်ထားပြီး နည်းစနစ်အားလုံးကို ပယ်ဖျက်နိုင်သည်။

ထို့ကြောင့် သလင်းကျောက်အဆီအနှစ်က အများအပြားဖြစ်ပေါ်လေ့မရှိပေ။ တစ်ပိုင်းတစ်စစီ ကွဲထွက်သွားလေ့ရှိသည်။

“ဒါပေမဲ့ ဆရာချင်က အခွင့်အရေးထောင်ချီ ဓားသန့်စင်ခြင်းနည်းစနစ်ကို တတ်ကျွမ်းမယ်ဆိုရင် အဆင်ပြေလိမ့်မယ်”

ဟန်မူယဲ့က ချင်ကျောက်ယွဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

အခွင့်အရေးထောင်ချီ ဓားသန့်စင်ခြင်းနည်းစနစ် ....

ဓားအသေး အရေအတွက်တစ်ခုကို ပေါင်းစပ်ပြီး ဓားတစ်လက် ဖြစ်လာစေသည်။

ထိုဓားကို ခွဲဖြာပြီး ပေါင်းစပ်နိုင်သည်။ တိုက်ခိုက်နိုင်စွမ်း အလွန်ကောင်းသည်။

သလင်းကျောက်အဆီအနှစ်အပိုင်းအစများနှင့် အခွင့်အရေးထောင်ချီဓားကို သန့်စင်နိုင်လျှင် ပျက်စီးမှုနှင့်အက်ကွဲမှုများကို ရှောင်တိမ်းပြီး ထောင်ချီနေသော တာအိုအင်းကွက်များကိုလည်း ထိန်းသိမ်းနိုင်လိမ့်မည်။

‘အကြံကောင်းပဲ’

ချင်ကျောက်ယွဲ့က ပျော်ရွှင်သွားသည်။ သူက စကားပြောတောမည့်အချိန်တွင် လေထုထဲ၌ နတ်အာရုံတစ်ခု တုန်ခါလာသည်။

ချင်ကျောက်ယွဲ့က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။ မေးစရာရှိရင် ဆရာ့ကိုလာရှာပါ့မယ်”

ထိုသို့ဖြင့် သူက သစ်သားစင်ပေါ်တွင်ရှိသောဓားကို ဆွဲယူလိုက်ပြီး လှည့်ထွက်သွားသည်။

မူယန်ခန်းမ၏လူများသည် သလင်းကျောက်အဆီအနှစ်ဖြင့် အခွင့်အရေးထောင်ချီဓားကိုသန့်စင်ရန် စိတ်ဝင်စားနေပုံရသည်။ ထို့ကြောင့် သူတို့က ချင်ကျောက်ယွဲ့ဆီသို့ အသံပို့လိုက်သည်။

ခန်းဆောင်ထဲတွင်ရှိသော လူများအားလုံးက ချင်ကျောက်ယွဲ့ထွက်သွားသည်အထိ ငေးမောနေသည်။

လူအများအပြားက ပြန့်ကျဲကြယ်ကျွန်းများတွင် ပေါ်ထွက်လာမည့် အားကောင်းသော အခွင့်အရေးထောင်ချီဓားကို မျှော်လင့်နေကြသည်။

“တကယ်ကောင်းတဲ့အကွက်ပဲ”

ယုချန်ကွမ်က တီးတိုးပြောသည်။

ယုချင်းကျူးက ညင်သာစွာခေါင်းညိတ်သည်။

အစပိုင်းတွင် နှစ်ဖက်လုံးဆုံးရှုံးနိုင်သောအခြေအနေသို့ ရောက်နေသည်။ သို့သော် နှစ်ဖက်လုံးအကျိုးရှိသောရလဒ်အဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့က စင်ပေါ်တွင် တည်ငြိမ်စွာထိုင်နေပြီး နာမည်တစ်လုံးရလာသည်။ ချင်ကျောက်ယွဲ့က အခွင့်အရေးထောင်ချီဓားကို သန့်စင်ရန်အတွက် နည်းလမ်းတစ်ခုရှာပြီး အကျိုးအမြတ်ရသွားသည်။

ချင်ကျောက်ယွဲ့က တခြားဓားအကဲဖြတ်များကို တောင်းပန်ခဲ့သောကြောင့် ပြဿနာထပ်ရှိတော့မည်မဟုတ်ပေ။

စင်အောက်တွင် မရေမတွက်နိုင်လောက်သောလူများက ဟန်မူယဲ့ကို မော့ကြည့်လိုက်ကြသည်။

‘သူက တကယ်ပဲ ဓားကိုထွင်းဖောက်မြင်နိုင်ပြီး ဗလာကျောက်စိမ်းပေလွှာကို ထားခဲ့တာလား။ ဒါမှမဟုတ် အကြံအစည်တစ်ခုလား’

မူယန်ခန်းမကလည်း ဝင်ပါလာသောကြောင့် လူများက တွေးစရာပိုရသွားသည်။

ရှုချွမ်ဟယ်က ခပ်ဟဟရယ်လိုက်ပြီး ရှေ့တက်လာသည်။

“ဒီနေ့ ဓားအကဲဖြတ်ပွဲက နည်းနည်းလောက်ရှုပ်ထွေးနေပေမဲ့ တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်”

အမှန်ပင်ဖြစ်သည်။ ဤဓားအကဲဖြတ်ပွဲမျိုးကို သာမန်အားဖြင့် မမြင်နိုင်ပေ။

“တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ ဆိုင်ရှင်ဟန်က ပြန့်ကျဲကြယ်ကျွန်းတွေရဲ့အပြင်ကနေ ရောက်လာခဲ့တယ်။ သူ့ရဲ့ဗဟုသုတနဲ့ နည်းလမ်းတွေက ငါ့ကို ထိတ်လန့်စေခဲ့တယ်”

ရှုချွမ်ဟယ်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သက်ပြင်းချသည်။

“ငါက ပြန့်ကျဲကြယ်ကျွန်းတွေကိုရောက်လာတာ နှစ်ပေါင်းငါးရာရှိပြီ။ အဲဒီအချိန်အတွင်းမှာ ပြင်ပကမ္ဘာက ပြောင်းလဲသွားခဲ့ပြီ”

သူ့စကားကြောင့် စင်အောက်တွင်ရှိသော ကျင့်ကြံသူအများစုက တိတ်ဆိတ်သွားသည်။

တချို့ကျင့်ကြံသူများက ချမ်းသာချင်သည့်အတွက် ပြန့်ကျဲကြယ်ကျွန်းများသို့ ရောက်လာသည်။ တချို့က ပုန်းခိုရန်အတွက်ဖြစ်ပြီး တချို့က မတော်တဆ ရောက်လာကြသည်။

ပြန့်ကျဲကြယ်ကျွန်းများတွင် ကျွန်းပေါင်းတစ်ရာကျော်ရှိပြီး နေထိုင်ရန်အတွက် သင့်တော်သောနေရာကို အမြဲတမ်းရှာဖွေနိုင်သည်။

ပြင်ပကျင့်ကြံသူအများစုက ပြန့်ကျဲကြယ်ကျွန်းများမှ ထွက်မသွားတော့ပေ။

“ကောင်းပြီ။ နောက်ထပ်ဓားကို ဆရာကူချမ်ရှန်က ပြုလုပ်ထားပါတယ်”

“ဆရာကူရဲ့ဓားကို တွေ့ရခဲတယ်။ တာအိုရောင်းရင်းတို့ ဒီအခွင့်အရေးကို သေချာဆုပ်ကိုင်ထားကြပါ”

ရှုချွမ်ဟယ်က ဓားအကဲဖြတ်သူများကိုကြည့်လိုက်ပြီး ပြုံးပြသည်။

ကူချမ်ရှန်သည် ဆရာသခင်အဆင့်သို့ရောက်နေသော ဓားပြုလုပ်သူတစ်ဦးဖြစ်ပြီး ယုမိသားစု၏လူအိုကြီးနှင့်တန်းတူ နာမည်ကြီးသည်။

သူသန့်စင်ထားသောဓားတစ်လက် ပေါ်လာလိမ့်မည်ဟု ထင်မထားကြပေ။

စင်အောက်တွင် အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်သည်။

“ကျွန်တော်က ဆရာချမ်ရှန်ရဲ့မြေး ကူယွဲ့နင်ပါ”

“ကျွန်တော်က ပိုးစုန်းကြူးကျွန်းရဲ့ လက်နက်သန့်စင်ခြင်းနည်းလမ်းတွေကို ဖလှယ်ဖို့အတွက် အဘိုးရဲ့ဓားကို ယူလာခဲ့ပါတယ်”

လူငယ်က ချီစွမ်းအင်များဖြင့်ပြည့်နှက်နေပြီး ဖြောင့်မတ်သောမျက်နှာထားရှိသည်။ သူ၏စကားပြောဟန်က သင့်တော်သောကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြသည်။

ရှေ့တွင်ထိုင်နေသောလူများကလည်း အပြုံးတစ်ခုနှင့်အတူ နောက်လှည့်ကြည့်ပြီး ခေါင်းညိတ်ပြကြသည်။

ကူယွဲ့နင်၏အကြည့်က ယုချင်းကျူး၏အပေါ်တွင် ခဏတာရစ်ဝဲသွားသည်။ ယုချင်းကျူးက ခေါင်းညိတ်ပြလိုက်ပြီး စင်မြင့်ကို ဆက်ကြည့်သည်။

“ဓားအကဲဖြတ်ဆရာတို့၊ အဘိုးက ဓားရဲ့ချို့ယွင်းချက်တွေကိုပဲ ထောက်ပြပေးပြီး ချီးကျူးစရာမလိုဘူးလို့ ပြောလိုက်ပါတယ်”

“သူက ပန်းပဲပညာရပ်မှာ အဆင့်တက်အောင်လုပ်နေတဲ့အတွက် ကိုယ်တိုင်ရောက်မလာနိုင်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးကြပါ”

ကူယွဲ့နင်၏စကားများက နှိမ့်ချမှုရှိပြီး ယဉ်ကျေးသည်။ သူက တခြားလူများကို မသက်မသာဖြစ်သွားအောင် မလုပ်ခဲ့ပေ။

ဆရာချမ်ရှန်က ကူယွဲ့နင်ကိုလွှတ်လိုက်သည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။ သူက စိတ်သဘောထားကောင်းမွန်သည်။

စင်မြင့်ပေါ်တွင် ဓားအကဲဖြတ်ဆရာများက ရှေ့တက်လာပြီး ဓားကို သေချာစစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ကျောက်စိမ်းပေလွှာထဲတွင် အချက်အလက်များ ထည့်သွင်းသည်။

ယခုအချိန်တွင် တော်ဝင်ရှုခင်းဓားဆိုင်မှ ဆိုင်ရှင်ဟန်၏အကဲဖြတ်မှုကို အများဆုံးမျှော်လင့်နေကြသည်။

ဟန်မူယဲ့ထွက်လာသောအခါတွင် ခန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ကူယွဲ့နင်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

ဟန်မူယဲ့က ပိုးထည်စဖြင့် ဓားရိုးကို ရစ်ပတ်လိုက်သည်။ ထို့နောက် ဓားကို ညင်သာစွာဆွဲထုတ်လိုက်သည်။

ဓားကိုယ်ထည်က အေးစက်စွာတောက်ပနေပြီး ချီစွမ်းအင်အလင်းများ စိမ့်ထွက်နေသည်။

ဓားထဲသို့ ဓားချီအချို့ တိုးဝင်သွားပြီး ဓားက ညင်သာစွာတုန်ခါနေသည်။

ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များဖြတ်ပြေးသွားသည်။

ဓားကိုသန့်စင်ထားသော နည်းလမ်း၊ ဓား၏ မူလရင်းမြစ် ....

စိမ်းလမ်းခြင်းနယ်မြေမှ ကျဆင်းနေသောကူမိသားစု၏ အကြီးဆုံးသားဖြစ်သူ ကူချမ်ရှန်သည် ပြန့်ကျဲကြယ်ကျွန်းများတွင် နှစ်ပေါင်းသုံးထောင်ကြာအောင် ရှိနေခဲ့သည်။

ကူချမ်ရှန်က ဤဓားကို စိမ်းလန်းခြင်းနယ်မြေမှတစ်ဆင့် ယူလာခဲ့သည်။

စိမ်းလန်းခြင်းနယ်မြေတွင် ဓားတာအိုသည် တိုးတက်နေပြီး လွတ်လပ်စွာသွားလာနေသော ဓားကျင့်ကြံသူများကို မြင်နိုင်သည်။

ဟန်မူယဲ့က ဓားမှတစ်ဆင့် စိမ်းလန်းခြင်းနယ်မြေ၏ဓားနည်းစနစ်များကို သင်ယူနိုင်ခဲ့သည်။

ဟန်မူယဲ့က ဓားကိုချလိုက်ပြီး ထိုင်ခုံဆီသို့ ပြန်သွား၍ ကျောက်စိမ်းပေလွှာတွင် မှတ်သားလိုက်သည်။

ရှုချွမ်ဟယ်၏အကဲဖြတ်မှု ပြီးသွားသောအခါတွင် ကူယွဲ့နင်က စင်မြင့်ပေါ်သို့တက်လာပြီး သစ်သားစားပွဲ၏ရှေ့တွင် ရပ်လိုက်သည်။

သူက စင်အောက်သို့ကြည့်လိုက်ပြီး နောက်တွင်ရှိနေသော ဓားအကဲဖြတ်သူများကို လှည့်ကြည့်သည်။

“အကြီးအကဲတို့က ဆိုင်ရှင်ဟန်ရဲ့အကဲဖြတ်မှုကို မျှော်လင့်နေမှာပဲမဟုတ်လား”

သူက ဟန်မူယဲ့၏ကျောက်စိမ်းပေလွှာကို လက်ထဲတွင်ကိုင်ထားပြီး ညင်သာစွာချိန်ဆကြည့်လိုက်သည်။ သူက ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။

“ကျွန်တော်က ကျောက်စိမ်းပေလွှာတွေအားလုံးကို အသက်သွင်းလိုက်ပါမယ်။ အတူတူ ဖတ်ကြည့်ကြတာပေါ့”

ထိုသို့ဖြင့် သူက ကျောက်စိမ်းပေလွှာများအားလုံးကို အသက်သွင်းလိုက်သည်။ အလင်းလွှာနှင့်အတူ စာလုံးများပေါ်လာသည်။

ထိုအချိန်တွင် လူတိုင်းက ဟန်မူယဲ့၏ကျောက်စိမ်းပေလွှာကို ကြည့်နေပြီး အံ့အားသင့်သွားကြသည်။

All Chapters