← Chapters

အခန်း (၅၇၇)

Vol. 42 Ch. 577

အခန်း (၅၇၇)

Vol. 42 Ch. 577

လေထုထဲတွင်ပြည့်နေသောစကားလုံးများကို မည်သူမှဂရုမစိုက်ကြပေ။

သူတို့က ဟန်မူယဲ့၏ကျောက်စိမ်းပေလွှာထက်တွင်ရှိနေသော ပန်းချီကားကို ကြည့်နေကြသည်။

ခြံဝိုင်းသည်ကျယ်ဝန်းပြီး သစ်ပင်များက စိမ်းလန်းနေသည်။

ခြံဝိုင်းပန်းချီကား၏ဘေးတွင် စာလုံးများရှိနေသည်။

“ပြန့်ကျဲကြယ်ကျွန်းက ကောင်းမွန်ပေမဲ့ ကူအိမ်တော်မဟုတ်ခဲ့ဘူး”

ကူယွဲ့နင်က စာလုံးများကို တီးတိုးရေရွတ်သည်။

“ပြန့်ကျဲကြယ်ကျွန်းက ကောင်းပေမဲ့ ကူအိမ်တော်မဟုတ်ဘူး ....”

“ကူအိမ်တော် ....”

သူက မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ဆရာဟန်၊ ဒါက .... ဒါက ....”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဆရာချမ်ရှန်က ကျင့်ကြံခြင်းမှာ အရေးကြီးတဲ့အချိန်ကို ရောက်နေတယ်။ ဒီကျောက်စိမ်းပေလွှာက သူ့ကို ကူညီပေးနိုင်လိမ့်မယ်”

ကူချမ်ရှန်က အဆင့်မတက်နိုင်လျှင် သက်တမ်းကုန်သွားလိမ့်မည်။

သို့သော် သူက စိမ်းလန်းခြင်းနယ်မြေမှထွက်လာပြီး မိသားစုအတွက် စိုးရိမ်နေသောကြောင့် အဆင့်တက်ရန် စိတ်ငြိမ်အောင်မထားနိုင်ခဲ့ပေ။

ဟန်မူယဲ့က ဓားထဲမှ ကူအိမ်တော်၏ပုံရိပ်ကို မြင်ခဲ့ပြီး ကျောက်စိမ်းပေလွှာထဲတွင် ထည့်သွင်းလိုက်သည်။ ကူချမ်ရှန်က ကူအိမ်တော်ကို မြင်ရလျှင် အတားအဆီးကိုကျော်ဖြတ်၍ သေချာပေါက်အဆင့်တက်နိုင်လိမ့်မည်။

ဟန်မူယဲ့ကတော့ နတ်ဘုရားသားရဲကိုယ်ပွားအတွက် ကောင်းမွန်သောအထောက်အထားတစ်ခုကို ရှာတွေ့ခဲ့သည်။

သူက အပြုံးတစ်ခုနှင့်အတူ ကူယွဲ့နင်ကို လှမ်းကြည့်သည်။

ကူမိသားစု၏မျိုးဆက် ကူယွဲ့နင်က ပြန့်ကျဲကြယ်ကျွန်းများမှ ပြန်လာပြီး စိမ်းလန်းခြင်းနယ်မြေတွင် ကူမိသားစုကို ပြန်လည်တည်ထောင်မည်။ ထိုအရာသည် အခွင့်ကောင်းတစ်ခုဖြစ်သည်။

ကူယွဲ့နင်က ကျောက်စိမ်းပေလွှာကိုယူလိုက်ပြီး လှည့်ထွက်သွားသည်။

ယခုအချိန်တွင် ပေါက်ကရများပြောနေရန် မလိုတော့ပေ။ သူ့အဘိုးအဆင့်တက်ပြီး ကူမိသားစုနှင့်ဓားဖို တည်ငြိမ်ရန်အတွက် ကျောက်စိမ်းပေလွှာကို အမြန်ဆုံးပို့ဆောင်ပေးရမည်။

တခြားကိစ္စများကို အဘိုးဖြစ်သူအဆင့်တက်ပြီးမှ ဖြည်းဖြည်းချင်းစီစဉ်နိုင်သည်။

ကူယွဲ့နင်က ဟန်မူယဲ့၏ကျောက်စိမ်းပေလွှာနှင့်အတူ ထွက်သွားပြီး တခြားကျောက်စိမ်းပေလွှာများ၏ အချက်အလက်ကို ချန်ရစ်ခဲ့သည်။

‘ဓားရဲ့နာမည်က ချင်းဟယ်ပဲ။ သုံးပေရှည်လျားပြီး ၁၈ပေါင်လေးတယ်။ လရွှေသတ္တုနဲ့ ပြုလုပ်ထားပြီး လဝိညာဉ်အင်းကွက်သုံးခုကို ထွင်းထုထားတယ် ....”

‘ဓားရဲ့နာမည်က ချင်းဟယ်ဖြစ်တယ်။ ဓားက ၁၈.၃ပေါင်လေးပြီး ၃.၁၂ပေ ရှည်လျားတယ်။ လရွှေသတ္တုနဲ့ ပြုလုပ်ထားပြီး လအနှစ်သာရကို ထည့်သွင်းထားတယ် ....’

‘ဓားရဲ့နာမည်က ချင်းဟယ်ဖြစ်ပြီး အလေးချိန်က ....’

ယခုအချိန်၌ ဓားအကဲဖြတ်စာများသည် လေထုထဲတွင်ရှိနေသောလည်း လျစ်လျူရှုထားခံရသည်။

ပန်းချီကားတစ်ချပ်သည် လူတိုင်း၏မှတ်ချက်များကို အနိုင်ယူသွားခဲ့သည်။

သူတို့က ဓားကို သေချာအကဲဖြတ်နိုင်လျှင်ပင် အသုံးမဝင်ပေ။ တစ်ဖက်လူက မတူညီသောနည်းလမ်းဖြင့် သူတို့ကို ဖြတ်ကျော်သွားခဲ့သည်။

“ဓားကိုရွေးချယ်တယ်။ ပိုင်ရှင်ကို ရွေးချယ်တယ်။ အဲဒီတော့ ဒီလိုမျိုးပေါ့ ....”

စင်အောက်တွင် ကျူးမင်ရှန်းက မှတ်ချက်များကိုကြည့်လိုက်ပြီး နားလည်သွားသည်။

သူက တောက်ပနေသောမျက်လုံးများဖြင့် ယုချန်ကွမ်ကို လှည့်ကြည့်သည်။

ဓားအကဲဖြတ်ခြင်းသည် ဓားတစ်ခုတည်းကိုသာ အကဲဖြတ်ခြင်းမဟုတ်ပေ။

အကဲဖြတ်သူသည် ဓား၏နောက်ကွယ်တွင်ရှိသော အရာများကိုလည်း မြင်ရမည်။

ယနေ့အကဲဖြတ်ခဲ့သော ဓားသုံးလက်တွင် ပထမဆုံးဓားသည် အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။ ထို့ကြောင့် ဟန်မူယဲ့က ဟယ်ယွီဟူကို အဆင့်မြှင့်ရမည့်နည်းလမ်း ပြောပြခဲ့သည်။

ဒုတိယဓားတွင် ချင်ကျောက်ယွဲ့က သလင်းကျောက်အဆီအနှစ်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ဓားတစ်လက်ဖန်တီးရန် ယုံကြည်ချက်မရှိသောကြောင့် အကူအညီလာရှာသည်။

ဟန်မူယဲ့က အခွင့်အရေးထောင်ချီဓားကို သန့်စင်ရန်အတွက် ပြောခဲ့သည်။

တတိယဓားတွင် ကူချမ်ရှန်က ကျင့်ကြံခြင်းအတားအဆီးနှင့် ကြုံတွေ့နေရသည်။ ဟန်မူယဲ့က ဓားကိုလေ့လာပြီး နောက်ကွယ်တွင်ရှိသောအဓိပ္ပာယ်ကို နားလည်ခဲ့သည်။ သူက ကူအိမ်တော်ပန်းချီကားနှင့် ကူချမ်ရှန်အဆင့်တက်နိုင်အောင် ကူညီပေးလိုက်သည်။

ကူချမ်ရှန်က အဆင့်တက်နိုင်သည်ဖြစ်စေ ကျရှုံးသွားသည်ဖြစ်စေ အကြွေးတင်သွားပြီဖြစ်သည်။

သူက ဓားကိုအကဲဖြတ်ပြီး ပိုင်ရှင်ကိုစစ်ဆေးခဲ့သည်။

လူအားလုံးက ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားသည်။

ရှုချွမ်ဟယ်က လေးနက်သောမျက်နှာထားဖြင့် ထရပ်လိုက်ပြီး ကျန်ရှိနေသောဓားခုနစ်လက်ကို ကြည့်သည်။

သူက မလွယ်ကူသောခံစားချက်နှင့်အတူ တစ်ဖက်သို့လှည့်ပြီး ဓားအကဲဖြတ်သူများကို ကြည့်သည်။

“တာအိုရောင်းရင်တို့ တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ ဆိုင်ရှင်ဟန်က ငါတို့ကို သင်ပြပေးသွားခဲ့တယ် ....”

ဓားအကဲဖြတ်ခြင်းတွင် ဓားတင်မကဘဲ ဓား၏နောက်ကွယ်တွင်ရှိသော ပိုင်ရှင်၏လိုအပ်ချက်ကိုလည်း မြင်အောင်ကြည့်ရမည်။

ဟန်မူယဲ့ထုတ်ပြလိုက်သောနည်းလမ်းကို ဓားအကဲဖြတ်ခြင်းနယ်ပယ်တွင် ပေါင်းထည့်နိုင်မည်ဆိုလျှင် သေချာပေါက်နာမည်ကြီးလာလိမ့်မည်။

ဓားအကဲဖြတ်သူများ၏အဆင့်အတန်းကလည်း ပိုမိုမြင့်မားလာလိမ့်မည်။

ရှုချွမ်ဟယ်၏စကားကို ကြားလိုက်ရသောအခါတွင် ဓားအကဲဖြတ်သူများက မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဟန်မူယဲ့ကို နှုတ်ဆက်လိုက်ကြသည်။

ဟန်မူယဲ့ကလည်း အပြုံးတစ်ခုနှင့်အတူ ပြန်လည်နှုတ်ဆက်လိုက်သည်။

ဓားအကဲဖြတ်သူများနှင့် ဓားဖိုများသည် လိုက်ဖက်ညီသောအတွဲများဖြစ်သည်။

ယနေ့တွင် နှစ်ဖက်လုံးအကျိုးရှိလိမ့်မည်။

ဟန်မူယဲ့က ဓားအကဲဖြတ်သူတစ်ယောက်အနေဖြင့် မတူညီသောပုံစံကို ပြသခဲ့သည်။ အနာဂတ်တွင် တခြားလူများက ဓားအကဲဖြတ်ခြင်းနှင့်ပတ်သတ်၍ ပိုမိုသိချင်လာလိမ့်မည်။

လောကတွင် တစ်ယောက်ယောက်က တစ်စုံတစ်ခုကို သိချင်လာလျှင် စီးပွားရေးလုပ်ရန် လွယ်ကူသွားလိမ့်မည်။

“အားလုံးပဲ ဓားအကဲဖြတ်ပွဲကို ဆက်လုပ်ချင်လား ဒါမှမဟုတ် ဒီမှာပဲ ရပ်လိုက်ကြမလား”

ရှုချွမ်ဟယ်က ညင်သာစွာပြောသည်။

အကဲဖြတ်မှုသုံးခုသည် လူတိုင်းကို နားလည်စေခဲ့သည်။

ဟန်မူယဲ့က ယနေ့ပွဲ၏ အဓိကလူဖြစ်သည်။

တခြားလူများက ဆက်လက်အကဲမဖြတ်ရလျှင်လည်း ကိစ္စမရှိပေ။

ထို့အပြင် ဓားများအားလုံးသည် အဆင့်မြင့်လက်နက်များဖြစ်ကြသည်။ သူတို့က အလကားအကဲဖြတ်ပေးရသည့်အတွက် ဆုံးရှုံးမှုများသည်။

ရှုချွမ်ဟယ်၏စကားကို ကြားလိုက်ရသောအခါတွင် ထောင်ချီနေသောပရိသတ်များက စိတ်ပျက်သွားသည်။

သို့သော် ပွဲအကြောင်းကို ပြန်တွေးလိုက်သောအခါတွင် ယနေ့မြင်ခဲ့ရသော ဓားအကဲဖြတ်မှုများသည် ပွဲလက်မှတ်ဖိုးနှင့် ထိုက်တန်မှုရှိသည်။

ဝိညာဉ်ကျောက်တုံးတစ်ရာနှင့် အများအပြားမတောင်းဆိုသင့်ပေ။

စင်မြင့်ပေါ်တွင် ဓားအကဲဖြတ်သူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။ ဓားအကဲဖြတ်ပွဲက ဤနေရာတွင် အဆုံးသတ်သွားသည်။ ရှုချွမ်ဟယ်က သူတို့အားလုံးကို နေ့လယ်စာစားရန်အတွက် တတိယထပ်သို့ ခေါ်သွားခဲ့သည်။

သူက ညစာအတွက် စီစဉ်ထားခဲ့သည်။ သို့သော် ဓားအကဲဖြတ်ပွဲက စောစီးစွာ ပြီးဆုံးသွားခဲ့သည်။

စင်မြင့်ပေါ်တွင်ရှိသောလူများ ထွက်သွားကြသည်။ စင်အောက်တွင်ရှိသောလူများက တွန့်ဆုတ်နေသော်လည်း ဖြည်းဖြည်းချင်း ထွက်သွားကြသည်။

သို့သော် ဓားဖိုနှင့် ဓားအလုပ်ရုံမှလူများဖြင့် စကားပြောရန်ရှေ့တက်လာကြသော ဓားကျင့်ကြံသူများ ရှိနေသည်။

ယနေ့ဓားအကဲဖြတ်ပွဲသည် ဆွေးနွေးရန်ထိုက်တန်သည်။

“ညီအစ်ကိုကျူး၊ အတူတူသွားသောက်ကြရအောင်”

ယုချန်ကွမ်က လမ်းလျှောက်လာသော ကျူးမင်ရှန်းကိုကြည့်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ကျူးမင်ရှန်းက ခေါင်းညိတ်သည်။ ထို့နောက် သူက နောင်တအချို့နှင့်အတူ စင်မြင့်ကို ကြည့်သည်။

“ငါက ငါယူလာတဲ့ဓားကို အကဲဖြတ်ပေးဖို့ စောင့်နေခဲ့တာ။ ဒါပေမဲ့ ရှုချွမ်ဟယ်က ဓားအကဲဖြတ်ပွဲကို အစောကြီးသိမ်းသွားတယ်”

သူယူလာခဲ့သောဓားက သစ်သားစင်ပေါ်တွင် ရှိနေသည်။ ဆဌမမြောက်ဓားဖြစ်သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ယုချန်ကွမ်က ရယ်သည်။

“ရှုချွမ်ဟယ်၊ အဲဒီမြေခွေးအိုကြီးက ငါတို့က အခွင့်ကောင်းယူခွင့်ပေးမှာမဟုတ်ဘူး”

“ဒီနေ့ပွဲပြီးသွားရင် သူက ဓားအကဲဖြတ်သူတွေရဲ့ဈေးနှုန်းကို မြှင့်တင်လိမ့်မယ်။ မင်းယုံလား”

အမှန်ပင်ဖြစ်သည်။ ဈေးမြှင့်လိမ့်မည်။

ယနေ့တွင်ကျင်းပခဲ့သော ဓားအကဲဖြတ်ပွဲသည် ပြန့်ကျဲကြယ်ကျွန်းများတွင် ရေပန်းစားသောသတင်းတစ်ခု ဖြစ်လာလိမ့်မည်။

ဈေးနှုန်းက ယခင်အတိုင်းပင်ဖြစ်နေလျှင် သူတို့က ဓားများကို အကဲဖြတ်ပေးမည်မဟုတ်ပေ။

“သွားကြစို့။ ညီအစ်ကိုချန်ကွမ်နဲ့ ချင်းကျူးကိုတွေ့ရတာ ရှားတယ်။ ဒီနေ့ ငါကျွေးပါ့မယ်”

ကျူးမင်ရှန်းက ပြုံးလိုက်ပြီး ယုချန်ကွမ်နှင့် ယုချင်းကျူးကို ဦးဆောင်သွားသည်။

သူတို့က ဟန်မူယဲ့နှင့် တော်ဝင်ရှုခင်းဓားဆိုင်၏အကြောင်းကို မပြောခဲ့ပေ။

ထိုအကြောင်းကို ထုတ်ပြောရန်လည်း မလိုအပ်ပေ။ သူတို့က လုပ်ရမည့်အရာကို သိထားလျှင် အဆင်ပြေသည်။

“တကယ့်ကို စိတ်လှုပ်ရှားစရာပဲ ....”

ကျားဝူက သက်ပြင်းချလိုက်ပြီး ခေါင်းခါသည်။ သူက ရှန်းဖူကွေ့၊ တခြားလူများနှင့်အတူ ဖြည်းဖြည်းချင်းမတ်တပ်ရပ်သည်။

“ညီအစ်ကိုကျား၊ သူက တကယ်ပဲ ယွီလန်လမ်းက တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ ဆိုင်ရှင်လား”

အစိမ်းရောင်ဝတ်စုံနှင့်လူအိုကြီးက ကျားဝူကိုကြည့်လိုက်ပြီး တီးတိုးမေးသည်။

ကျားဝူနှင့်ရှန်းဖူကွေ့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။

ယနေ့ဓားအကဲဖြတ်ပွဲသည် အနာဂတ်တွင် သူတို့အတွက် အဆုံးမရှိသောအကျိုးအမြတ်များကို ယူဆောင်လာလိမ့်မည်။

ပိုးစုန်းကြူးကျွန်းပေါ်တွင် တော်ဝင်ရှုခင်းဓားဆိုင်သည် နာမည်ကြီးလာလိမ့်မည်။ သူတို့က ဟန်မူယဲ့နှင့် ရင်းနှီးသောကြောင့် အကူအညီများရလိမ့်မည်။

တော်ဝင်ရှုခင်းဓားဆိုင်သည် အင်အားစုကြီးများနှင့်ပင် ချိတ်ဆက်လာနိုင်သည်။

ထိုအရာသည် ကျားဝူတို့အတွက် အခွင့်အရေးပင်ဖြစ်သည်။

“ပြန်သွားပြီး တစ်ခုခုစားကြရအောင်”

ရှန်းဖူကွေ့က ဝမ်းဗိုက်ကိုပုတ်လိုက်ပြီး ပျော်ရွှင်စွာပြောသည်။

သူတို့အားလုံးက ပြုံးလိုက်ပြီး အတူတူထွက်သွားကြသည်။

....

ဟန်မူယဲ့က ညနေအထိစောင့်ပြီး ယွီလန်လမ်းတွင်ရှိသော တော်ဝင်ရှုခင်းဓားဆိုင်သို့ ပြန်လာခဲ့သည်။

သူပြန်လာသောအခါ ကျန့်တနျိုက တံခါးဝတွင် စိတ်လှုပ်ရှားစွာထိုင်နေသည်။

“ဆိုင်ရှင်၊ ရောင်းထွက်သွားပြီ။ အကုန်လုံး ရောင်းထွက်သွားပြီ ....”

ရှောက်ထျန်းရီက မည်းမှောင်နေသောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။

ဟန်မူယဲ့က အနည်းငယ်အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။

ဆိုင်က ဗလာဖြစ်နေသည်။

အမှန်တကယ်ပင် ဗလာဖြစ်နေသည်။

သစ်သားစင်အချို့မှလွဲ၍ မည်သည့်အရာမှ မကျန်တော့ပေ။

ရှောက်ထျန်းရီစိတ်ဓာတ်ကျနေသည့်အတွက် အံ့အားသင့်စရာမလိုတော့ပေ။ နံရံပေါ်တွင်ရှိ‌သော လက်ရေးလှစာနှင့်ပန်းချီများအားလုံး ရောင်းထွက်သွားသည်။ သူလေ့လာနေသော ဓားစာလုံးကိုလည်း ဝယ်သွားကြသည်။

“ဆိုင်ရှင်၊ ဒီမှာ ဝိညာဉ်ကျောက်တုံးနဲ့ ဝိညာဉ်ပုလဲလုံးတွေရှိတယ်။ ပြီးတော့ ဝိညာဉ်သတ္တုနဲ့ ဝိညာဉ်ဆေးပင်တွေရောပဲ”

ရှောက်ထျန်းရီက ကျောက်စိမ်းသေတ္တာနှင့်အဝတ်အိတ်များကို ထုတ်ယူပြီး ဟန်မူယဲ့ကို ပေးလိုက်သည်။

ဝိညာဉ်ကျောက်တုံး သန်းဆယ်ချီ၍ တန်ဖိုးရှိသည်။

ဟန်မူယဲ့က ဝိညာဉ်ပုလဲလုံးလက်တစ်ဆုပ်ကို စားပွဲပေါ်တွင်တင်ခဲ့ပြီး အပေါ်ထပ်သို့ တက်သွားသည်။

ကျန့်တနျိုက ဝိညာဉ်ပုလဲလုံးတစ်ဒါဇင်ခန့်ကို ကြည့်လိုက်ပြီး သွားရည်များမြိုချမိသည်။

‘ဒါတွေကို ကျောက်စိမ်းခရုခွံအဖြစ်ပြောင်းလိုက်ရင် ဘယ်လောက်တောင်တန်လိုက်မလဲ’

ရှောက်ထျန်းရီက တစ်ချက်ကြည့်ပြီး ဝိညာဉ်ပုလဲလုံးတစ်ဝက်ကို သိမ်းလိုက်သည်။

“ကြည့်နေတာရပ်ပြီး သိမ်းလိုက်တော့”

ရှောက်ထျန်းရီက အပြုံးတစ်ခုနှင့်အတူ ကျန့်တနျို၏ပခုံးကို ပုတ်လိုက်သည်။

“မင်းရဲ့ သွေးချီ၊ ကြွက်သားနဲ့အရိုးတွေကို အားဖြည့်ပေးနိုင်မယ့် ဝိညာဉ်ဆေးပင်တွေ ဝယ်လိုက်ပါ။ ရုပ်ခန္ဓာနည်းစနစ်တချို့လည်း ဝယ်လို့ရတယ်”

ရှောက်ထျန်းရီက ညင်သာစွာပြောသည်။

ဝိညာဉ်ပုလဲရှစ်လုံးသည် ဝိညာဉ်ကျောက်တုံးရှစ်ထောင်နှင့် တူညီသည်။ ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ဝယ်ယူရန် လုံလောက်သည်။

အဆင့်နိမ့်နည်းစနစ်ဆိုလျှင်ပင် သူက ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေချနိုင်ပြီဟု ပြောနိုင်သည်။

ကျန့်တနျိုက ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်ပုလဲလုံးများကို ဂရုတစိုက်သိမ်းသည်။ ထို့နောက် သူက မှောင်ရိပ်သန်းလာသောကောင်းကင်ကို လှည့်ကြည့်သည်။

“မင်းက မိသားစုဆီကို ပြန်သွားချင်လို့လား”

ရှောက်ထျန်းရီက ခေါင်းခါလိုက်ပြီး ပြောသည်။

“တော်ဝင်ရှုခင်းဓားဆိုင်က နာမည်ကြီးလာတဲ့အတွက် ရက်နည်းနည်းလောက် အလုပ်ရှုပ်နေလိမ့်မယ်လို့ ကျားဝူတို့က ပြောသွားတယ်”

All Chapters