← Chapters

အခန်း (၅၇၈)

Vol. 42 Ch. 578

အခန်း (၅၇၈)

Vol. 42 Ch. 578

ကျန့်တနျိုက ပြုံးလိုက်ပြီး တံခါးပိတ်သည်။

အလုပ်ရှုပ်နေလျှင် ကောင်းသည်။

အလုပ်များလာလျှင် ဝိညာဉ်ကျောက်တုံးများ ပိုရလိမ့်မည်။

ယခုအချိန်တွင် တော်ဝင်ရှုခင်းဓားဆိုင်၏ ဒုတိယထပ်၌ ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်နေသည်။

သူက စဉ်းစားလိုက်ပြီး စုတ်တံနှင့်စာရွက်များထုတ်ယူ၍ လက်ရေးလှစာနှင့်ပန်းချီကားများကို ထပ်မံဖန်တီးလိုက်သည်။ မနက်ဖြန်တွင် ဘောင်သွင်းရန်အတွက် ကျန့်တနျိုကို အလုပ်ခိုင်းရမည်။

ဓားအတွက် ဓားဖိုများဆီသို့ ရှောက်ထျန်းရီကိုလွှတ်ပြီး ဝယ်ယူခိုင်းရမည်။

ထိုအရာသည် ပထမခြေလှမ်းသာရှိသေးသည်။

စီးပွားရေးကောင်းမွန်လာလျှင် သူက ဓားဖိုလုပ်ငန်းစု၏ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့်ထိတွေ့ပြီး အရည်အသွေးကောင်းသောဓားများကို ရနိုင်လိမ့်မည်။

အဆင့်မြင့်ဝိညာဉ်လက်နက်နှင့် အဆင့်နိမ့်ဓမ္မရတနာများ ....

ဓားစံအိမ်သည် ခွန်အားတိုးလာရန်အတွက် အစစ်အမှန်ရတနာများကို လိုအပ်သည်။

ဟန်မူယဲ့က ခဏတာတိတ်ဆိတ်နေပြီး စုတ်တံကိုလှုပ်ရှား၍ အသိပေးစာရေးလိုက်သည်။

တော်ဝင်ရှုခင်းဓားဆိုင်သည် ကြိုတင်ချိန်းဆိုမှုဖြင့်သာ ဓားများကို အကဲဖြတ်ပေးမည်ဖြစ်သည်။ ထို့အပြင် အလယ်အလတ်အဆင့်ဝိညာဉ်လက်နက်ထက် အဆင့်နိမ့်လျှင် အကဲဖြတ်ပေးမည်မဟုတ်ပေ။

ယနေ့တွင် ရှုချွမ်ဟယ်က ဓားအကဲဖြတ်မှုနှင့်ပတ်သတ်၍ စည်းကမ်းများနှင့် ဈေးနှုန်းတိုးမြှင့်ခြင်းကို အကြံပြုခဲ့သည်။

ဓားအကဲဖြတ်သူများအားလုံးက သ‌ဘောတူညီခဲ့သည်။

ဓားအကဲဖြတ်သူအများစုအတွက် ဓားအကဲဖြတ်ခြင်းသည် ဓားဆိုင်၏ အရံစီးပွားရေးတစ်ခုသာဖြစ်သည်။

ဓားရောင်းချမှုနှင့် ယှဉ်လိုက်လျှင် ဓားအကဲဖြတ်ခြင်းမှရလာသော အမြတ်အစွန်းသည် မပြောပလောက်ပေ။

သို့သော် ယနေ့ပြီးနောက် ဓားအကဲဖြတ်ခြင်းသည် ပြန့်ကျဲကြယ်ကျွန်းများတွင် နာမည်ကြီးလာလျှင် အစစ်အမှန်စီးပွားရေးတစ်ခု ဖြစ်လာလိမ့်မည်။

ဓားဆိုင်၏ဒုတိယထပ်တွင် ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေရောင်ဝင်္ကပါကို အသက်သွင်းလိုက်သည်။ သူက မျက်လုံးမှိတ်ထားပြီး သူ့နောက်ကျောတွင် ပါ့ရှား၏ပုံရိပ် ပေါ်လာသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အနောက်ဘက်နယ်စပ်ကုန်းမြေမှ အံ့ဖွယ်ကိုးပါးတောင်တွင် ဟန်မူယဲ့၏ဝိညာဉ်ကိုယ်ပွားသည် ဓားစံအိမ်ထဲ၌ ပေါ်လာခဲ့သည်။

ဝိညာဉ်ကိုယ်ပွားပေါ်လာသောအခါတွင် ဓားစံအိမ်၏ဝင်္ကပါက လှုပ်ရှားသွားသည်။

အပြင်ထွက်သွားရန် အသားကျနေပြီဖြစ်သော လျှိုဟုန်က တိတ်ဆိတ်သောအခန်းထဲမှ ထွက်လာသည်။ သူက ဓားစံအိမ်၏အပြင်သို့ ရောက်သွားသောအချိန်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။

“ဂိုဏ်းတူအစ်ကိုဟန်လား”

ဒုတိယထပ်မှဆင်းလာသော ဟန်မူယဲ့၏ဝိညာဉ်ကိုယ်ပွားကို မြင်လိုက်ရသောအခါတွင် လျှိုဟုန်က အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

ယခင်က ဟန်မူယဲ့သည် နတ်ဘုရားသားရဲပါ့ရှား၏ကျောပေါ်သို့ ဓားစံအိမ်ကို တိုက်ရိုက်ဆင့်ခေါ်ခဲ့သည်။

ယခုအချိန်တွင် နတ်ဘုရားသားရဲပါ့ရှားသည် စိမ်းလန်းခြင်းနယ်မြေသို့ သွားနေသောကြောင့် ဓားစံအိမ်ကိုယူသွားရန် မလိုအပ်တော့ပေ။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့အခြေအနေက ဘယ်လိုရှိလဲ”

ဟန်မူယဲ့က လျှိုဟုန်ကိုကြည့်လိုက်ပြီး ညင်သာစွာမေးသည်။

‘အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အခြေအနေလား’

လျှိုဟုန်၏မျက်နှာထားက အနည်းငယ်လေးနက်နေပြီး တီးတိုးပြောသည်။

“လောကကြီးတစ်ခုလုံး ပြောင်းလဲသွားမယ်လို့ သတင်းတွေထွက်လာတယ်။ မဟာတာအိုက ယှဉ်ပြိုင်နေတယ်လို့ ပြောကြတယ်။ နှစ်တစ်ရာအတွင်းမှာ ပြောင်းလဲမှုကြီးဖြစ်လာမယ်တဲ့။ အင်အားစုတွေအားလုံးက ဖရိုဖရဲဖြစ်လာကြပါတယ်”

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ဂိုဏ်းတွေက အဆင်ပြေပေမဲ့ တောင်ပိုင်းကုန်းမြေကနေပြောင်း‌ရွှေ့လာတဲ့ မျိုးနွယ်စုတွေနဲ့ ကောင်းကင်အတားအဆီးကိုဖြတ်ကျော်လာတဲ့ အလယ်ပိုင်းကုန်းမြေရဲ့ ကျွမ်းကျင်သူတွေက မငြိမ်မသက်ဖြစ်နေကြတယ်”

“ဂိုဏ်းချုပ်က အဲဒီကိစ္စကိုဖြေရှင်းဖို့ အကြီးအကဲတွေနဲ့ ဆွေးနွေးနေပါတယ်”

လျှိုဟုန်၏ကျင့်ကြံဆင့်က သိပ်မမြင့်သော်လည်း သူ့နောက်ကွယ်တွင် ဓားစံအိမ်ရှိနေပြီး အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူက အများအပြားသိထားသည်။

တာအိုပြိုင်ပွဲစတင်သောအချိန်၌ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နေရာအနှံ့အပြားတွင် မငြိမ်မသက်ဖြစ်နေသောလက္ခဏာများ ပြသလာသည်။

ဂိုဏ်းကိုးဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ထားသောကြောင့် အဆင်ပြေသည်။

ဟန်မူယဲ့က ‌ခေါင်းညိတ်လိုက်ပြီး ဓားစံအိမ်မှထွက်၍ အံ့ဖွယ်ကိုးပါးတောင်ထိပ်ဆီသို့ သွားလိုက်သည်။

ထို့ပါ့ချန်က တောင်ထိပ်၏ခန်းဆောင်ထဲတွင် ရှိနေသည်။

ခေါင်းဆောင်တောက်ရင်ကလည်း အံ့ဖွယ်ကိုးပါးတောင်တွင် ရှိနေသည်။

လျှိုဟုန်က ထွက်သွားသောဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခေါင်းကုတ်သည်။ သူက တောင်အောက်သို့ဆင်းသွားရမည်လား သို့မဟုတ် ဓားစံအိမ်တွင် ဆက်နေရမည်လား ဝေခွဲမရတော့ပေ။

ဟန်မူယဲ့က တောင်ထိပ်ခန်းဆောင်သို့ ရောက်လာသောအခါတွင် ထို့ပါ့ချန်က စောင့်နေခဲ့သည်။

“မင်းက သီးသန့်ကျင့်ကြံနေရာကနေ ထွက်လာပြီလား”

ထို့ပါ့ချန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မေးသည်။

ဟန်မူယဲ့က ကျင်းခွန်းပေးထားသော အလင်းကျောက်စိမ်းသစ်သီးကို သုံးစွဲလိုက်သည့်အတွက် အပြင်လူများက ဝိညာဉ်ကိုယ်ပွားနှင့် အစစ်အမှန်ခန္ဓာကိုယ်ကို ခွဲခြား၍မပြောနိုင်ပေ။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဟန်မူယဲ့နှင့်ပတ်သတ်၍ သတင်းအများအပြားရှိသည်။

သူက တောင်ပိုင်းကုန်းမြေ၏ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေမှ ပြန်မရောက်သေးကြောင်း သတင်းများထွက်နေသည်။ သူပြန်လာသောသတင်းသည် အမှားဖြစ်သည်ဟု ပြောကြသည်။

ဟန်မူယဲ့က ဒဏ်ရာပြင်းထန်စွာဖြင့် ပြန်ရောက်လာပြီး တံခါးပိတ်ကျင့်ကြံနေသည်ဟုလည်း ပြောကြသည်။

သို့သော် ဟန်မူယဲ့၏ဝိညာဉ်ကိုယ်ပွားသည် ဤနှစ်များအတွင်း၌ တစ်ခါမှပေါ်မလာခဲ့ပေ။

“ဂိုဏ်းချုပ်၊ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့အခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ လိုအပ်နေတာလား”

ဟန်မူယဲ့က ထို့ပါ့ချန်ကိုကြည့်လိုက်ပြီး မေးသည်။

ထို့ပါ့ချန်၏မျက်လုံးများက တောက်ပသွားပုံရပြီး တည်ငြိမ်စွာပြောသည်။

“မင်းက ဘယ်လိုမြင်လဲ”

“လွယ်ပါတယ်။ ကျွန်တော်တို့ဓားစံအိမ်က ရတနာတစ်ဝက်အဆင့် ဓားဆယ့်သုံးလက်ကို ထုတ်ပေးမယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အင်အားစုတွေအားလုံးကို စုစည်းပြီး ယှဉ်ပြိုင်ခိုင်းလိုက်ရုံပေါ့”

“ငြင်းဆန်တဲ့လူမရှိရင် အနောက်ဘက်နယ်စပ်ကုန်းမြေက တည်ငြိမ်သွားမှာပဲ”

ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်ဖြစ်သော ဓမ္မရတနာတစ်ဝက်အဆင့် ဓား၁၃ချောင်း ....

အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိုသို့များပြားသော ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်များ မရှိခဲ့ပေ။

‘ဓမ္မရတနာတစ်ဝက်အဆင့် ဓားဆယ့်သုံးလက်နဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့အခြေအနေကို ပြောင်းလဲပစ်မှာလား’

ထို့ပါ့ချန်က မျက်ခမ်းစပ်များတွန့်သွားပြီး ဟန်မူယဲ့ကိုကြည့်သည်။

“ငြင်းဆန်တာတွေ ရှိလာရင်ရော”

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်ခြေကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဖျက်ဆီးပစ်လိုက်တာပေါ့”

စကားတစ်ခွန်းဖြင့် အင်အားစုတစ်ခုကို ဖျက်ဆီးပစ်မည်။

ထို့ပါ့ချန်က တည်ငြိမ်နေသောဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြုံးသည်။

ထိုလူငယ်က အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက ပြတ်သားစွာ သတ်ဖြတ်ရဲသည်။

“အဲဒါဆိုရင် စုစည်းလာတဲ့လူတွေကို မင်းက ဘယ်လိုအသုံးချချင်လဲ”

ထို့ပါ့ချန်က ဆက်မေးသည်။

ထိုအရာသည် သော့ချက်ဖြစ်သည်။

လူများ၏စိတ်ရင်းကိုရရှိရန်အတွက် ဓမ္မရတနာတစ်ဝက်အဆင့် ဓားဆယ့်သုံးလက်ကို ထုတ်ပေးမည်မဟုတ်ပေ။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး မျက်နှာထားလေးနက်သွားသည်။

“ဂိုဏ်းချုပ်၊ နှစ်တစ်ရာတာအိုပြိုင်ပွဲက အစစ်အမှန်ပဲ”

“အလယ်ပိုင်းကုန်းမြေမှာ ဖရိုဖရဲတွေ ဖြစ်လာနိုင်တယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံသူတွေက အကောင်းဆုံးကြိုးစားပြီး အလယ်ပိုင်းကုန်းမြေကို တည်ငြိမ်အောင်ထိန်းသိမ်းပေးသင့်တယ်”

“အလယ်ပိုင်းကုန်းမြေရဲ့လွှမ်းမိုးမှုမရှိရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက အနိုင်ရမှာမဟုတ်ဘူး”

ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။

“တာအိုပြိုင်ပွဲမှာ ရှုံးနိမ့်သွားရင် မြှုပ်နှံစရာနေရာမရှိဘဲ သေဆုံးရလိမ့်မယ်”

ထို့ပါ့ချန်၏မျက်နှာထားကလည်း လေးနက်နေပြီး ခေါင်းညိတ်သည်။

“အဲဒါဆို ငါတို့နိုင်သွားရင်ရော”

သူတို့နိုင်သွားလျှင် တာအိုဘိုးဘေးတစ်ယောက် ပေါ်ထွက်လာလိမ့်မည်။

ဟန်မူယဲ့က မဖြေခဲ့ပေ။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကိစ္စများနှင့်ပတ်သတ်၍ အလွန်အကျွံ ပါဝင်ပတ်သတ်မည်မဟုတ်ပေ။

အနောက်ဘက်နယ်စပ်ကုန်းမြေဂိုဏ်းများ၏ လက်ရွေးစင်စုဝေးပွဲကို ဆုံးဖြတ်ပြီးသောအခါတွင် ဟန်မူယဲ့က တောင်ထိပ်မှ ဆင်းလာခဲ့သည်။

ထို့ပါ့ချန်၏ခွန်အားသည် အနောက်ဘက်နယ်စပ်ကုန်းမြေကိုဖိနှိပ်ရန် လုံလောက်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်နိုင်သည်။

ဟန်မူယဲ့က ဓားစံအိမ်သို့ပြန်လာပြီး ဓမ္မရတနာတစ်ဝက်အဆင့် ဓားဆယ့်သုံးလက်ကို လျှိုဟုန်ဆီသို့ ပေးလိုက်သည်။ ထို့နောက် ဝိညာဉ်ကိုယ်ပွားက နတ်ဘုရားသားရဲပါ့ရှားဆီသို့ ပြန်ရောက်လာသည်။

ထိုအချိန်တွင် နတ်ဘုရားသားရဲပါ့ရှားက စိမ်းလန်းခြင်းနယ်မြေသို့ ရောက်လာသည်။ သူက ကူချမ်ရှန်ထွက်ပြေးခဲ့သောလမ်းကြောင်းမှတစ်ဆင့် နေရာတစ်ခုဆီသို့ ဦးတည်လိုက်သည်။

“ကျွန်တော်က ချန်ယွဲ့ကြယ်ရဲ့ ဝမ်မင်မြို့က ကူမိသားစုရဲ့ ကူယွဲ့နင်ပါ။ ကျွန်တော်က ခရီးကနေပြန်လာပြီး တာအိုရောင်းရင်းတို့နဲ့ ဆုံတွေ့လိုက်ရတယ်”

ကျောပေါ်တွင် ဓားအိမ်တစ်လက်လွယ်ထားပြီး အဖြူရောင်ဝတ်စုံဝတ်ထားသော ဟန်မူယဲ့က ဧရာမလိပ်၏ကျောပေါ်တွင် ရပ်နေပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။

အာကာသထဲတွင် ဓားကျင့်ကြံသူများက ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

လူတချို့က စိတ်လှုပ်ရှားနေပြီး တချို့က နားမလည်နိုင်ဖြစ်နေသည်။ တချို့ကတော့ ပျော်ရွှင်နေကြသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ဝိညာဉ်တစ်ဝက်အဆင့်လက်နက်တချို့ ပေါ်လာသည်။

“ကျွန်တော့်ရဲ့ဘိုးဘေး ကူချမ်ရှန်က ပန်းပဲဆရာသခင်တစ်ဦးပဲ။ ဒီဓားတွေကိုတော့ ကျွန်တော်ကိုယ်တိုင် သန့်စင်ထားတာပါ။ ဒါကို လက်ဆောင်အဖြစ် ယူဆလိုက်ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့လေးစားမှုကို လက်ခံပေးပါ”

“တာအိုရောင်းရင်းတို့က ကျွန်တော့်ကို ဝမ်မင်မြို့ဆီ လိုက်ပို့ပေးနိုင်မလားမသိဘူး”

ထိုဓားများသည် အဆင့်နိမ့်သော်လည်း ဝိညာဉ်ကျောက်တုံးတစ်သောင်းခန့် တန်ဖိုးရှိသည်။

သူတို့အားလုံးက ခရီးသွားနေသောကြောင့် ဝိညာဉ်ကျောက်တုံးအချို့ရနိုင်လျှင် သိပ်မဆိုးပေ။

“သခင်လေးကူက ပွင့်လင်းတာပဲ။ ငါလိုက်ပို့ပါရစေ”

“သခင်လေးကူ စိတ်မပူပါနဲ့။ ငါက ချန်ယွဲ့ကြယ်ကိုရောက်သည်အထိ ကာကွယ်ပေးပါ့မယ်”

“သခင်လေးကူက ရက်ရောတာပဲ။ ဒီကိစ္စကို ဖြေရှင်းပြီပြီလို့ သဘောထားလိုက်ပါ”

....

ချက်ချင်းဆိုသလိုပင် ဓားကျင့်ကြံသူ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်က ဟန်မူယဲ့ကို ချန်ယွဲ့ကြယ်ဆီသို့လိုက်ပို့ရန် ရှေ့ထွက်လာကြသည်။

ပိုးစုန်းကြူးကျွန်း၏ ယွီလန်လမ်းမှ တော်ဝင်ရှုခင်းဓားဆိုင်၏ ဒုတိယထပ်တွင် ဟန်မူယဲ့က နေ့လယ်အချိန်၌ သီးသန့်ကျင့်ကြံရာမှ ပြန်ထွက်လာခဲ့သည်။

သူက အောက်ထပ်သို့ဆင်းသွားပြီး စားပွဲရှေ့တွင် အကူအညီမဲ့စွာရပ်နေသော ကျန့်တနျိုနှင့် ရှောက်ထျန်းရီကို မြင်လိုက်ရသည်။

ဆိုင်ထဲတွင် မည်သည့်အရာမှမရှိပေ။ ဧည့်သည်များရောက်လာသောအခါတွင် ဓားအကဲဖြတ်မှုအတွက် စာရင်းပေးရန်သာ တတ်နိုင်သည်။

“ဆိုင်ရှင် ....”

ကျန့်တနျိုက ဟန်မူယဲ့ကို မြင်ရသောအခါတွင် စာအုပ်တစ်အုပ်‌ပေးလိုက်သည်။

စာအုပ်ထဲတွင် ရှောက်ထျန်းရီမှတ်သားထားသော ဓားအကဲဖြတ်ပေးရန်အတွက် နာမည်စာရင်းများရှိနေသည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး လက်ရေးလှစာနှင့်ပန်းချီကားများကို ထုတ်ပေးသည်။

“ဒါတွေကို လမ်းအဆုံးမှာရှိတဲ့ ပရိဘောဂဆိုင်ကိုပို့ပြီး ဘောင်သွင်းလိုက်ပါ”

ရှောက်ထျန်းရီ၏မျက်လုံးများက တောက်ပသွားသည်။ သူက ဆိုင်ရှင်၏ လက်ရေးလှစာနှင့်ပန်းချီကားများ ကုန်ဆုံးသွားမည်ကို စိုးရိမ်နေခဲ့သည်။

ထိုပစ္စည်းများမရှိလျှင် သူက ဓားတာအိုကို မည်သို့သုံးသပ်ရမည်နည်း။

ကျန့်တနျိုက စာလိပ်များကို သေချာယူလိုက်ပြီး ဘောင်သွင်းရန်အတွက် ထွက်သွားသည်။

အစပိုင်းတွင် သူက သိပ်မတွေးခဲ့သော်လည်း မနေ့က လက်ရေးလှစာနှင့် ပန်းချီကားများအားလုံး ရောင်းထွက်သွားသောအခါတွင် ဓားများထက်ပို၍ တန်ဖိုးရှိကြောင်း နားလည်လိုက်သည်။

ထိုအရာသည် လက်ရေးလှစာနှင့် ပန်းချီကားများမဟုတ်ပေ။ ဝိညာဉ်ကျောက်တုံးနှင့် ဝိညာဉ်ပုလဲများဖြစ်သည်။

ဆိုင်ထဲတွင် ဟန်မူယဲ့က ရှောက်ထျန်းရီကို လှည့်ကြည့်သည်။

“အနီးအနားမှာရှိတဲ့ ဓားဖိုနဲ့ဓားအလုပ်ရုံတွေဆီကို သွားပြီး တော်ဝင်ရှုခင်းဓားဆိုင်က ဓားကောင်းတွေလိုအပ်နေတယ်လို့ ပြောလိုက်ပါ”

ဟန်မူယဲ့က လက်မြှောက်ပြီး ရေးသားထားသော နာမည်ကတ်ကို ပေးလိုက်သည်။

ဓားအကဲဖြတ်ပွဲကြောင့် လူတိုင်းက သူ့ကို မျက်နှာသာပေးလိမ့်မည်။

ရှောက်ထျန်းရီက မနက်ခင်းတစ်ခုလုံး ဓားအကဲဖြတ်ရန်လာခဲ့သော ဓားကျင့်ကြံသူများနှင့် ရင်ဆိုင်ခဲ့‌ရသောကြောင့် ဆိုင်ရှင်၏ဂုဏ်သတင်းကို သတိထားမိနေသည်။ သူက ပြုံးလိုက်ပြီး နာမည်ကတ်နှင့်အတူ ထွက်သွားသည်။

All Chapters