← Chapters

အခန်း (၅၈၀)

Vol. 42 Ch. 580

အခန်း (၅၈၀)

Vol. 42 Ch. 580

ဟန်မူယဲ့က ရပ်တန့်လိုက်သည်။

ချမ်ဟယ်ရွှင်းက နောက်ကျောတွင် လက်သီးဆုပ်ထားမိသည်။

“တိုက်ခိုက်နိုင်စွမ်းက သုံးဆကျော်တိုးလာလိမ့်မယ်”

ဟန်မူယဲ့က တီးတိုးပြောလိုက်သည်။

ချမ်ဟယ်ရွှင်းက မျက်ခမ်းစပ်များတွန့်သွားသည်။

ဓမ္မရတနာတစ်ဝက်အဆင့်ကို ကိုင်ဆောင်ထားသော ကျင့်ကြံသူက တိုက်ခိုက်နိုင်စွမ်းသုံးဆ တိုးလာနိုင်လျှင် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းနေလိမ့်မည်။

ထိုဓားမျိုးကို တန်ဖိုးမဖြတ်နိုင်ပေ။

ချမ်ဟယ်ရွှင်းက ခေါင်းညိတ်လိုက်ပြီး တီးတိုးပြောသည်။

“ရတနာမျှေ်စင်ကို တကယ်ပဲရောင်းမှာလား”

‘ရောင်းရမှာလား’

“ခေါင်းဆောင်ချမ်၊ အဆုံးမဲ့ပင်လယ်ရဲ့မိစ္ဆာတွေကလည်း ကွန်ဖြူးရှပ်တာအိုကို သုံးသပ်ချင်တာလား”

ဟန်မူယဲ့က ပြုံးသည်။

ပညာသင်ကြားခြင်း ....

ထိုလက်ရေးလှစာတွင်ရှိနေသော သမာဓိစွမ်းအားသည် အလွန်နက်ရှိုင်းသည်။

ကောင်းကင်အဆင့်ကျင့်ကြံသူတစ်ယောက်မဟုတ်လျှင် ရတနာမျှော်စင်လက်ရေးစာကြောင့် လွှမ်းမိုးခံလိုက်ရပြီး ကျောင်းတော်သားဝတ်စုံနှင့် ခေါက်ယပ်တောင်တစ်ချောင်းကိုင်ထားသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦး ဖြစ်လာလိမ့်မည်။

ကြေးခွံများရှိနေသော အဆုံးမဲ့ပင်လယ်၏မဟာမိစ္ဆာတစ်ယောက်က ကျောင်းတော်သားဝတ်စုံဝတ်ပြီး ခေါက်ယပ်တောင်ကိုင်ထားလျှင် အလွန်စိတ်ဝင်စားဖွယ်ကောင်းလိမ့်မည်။

ချမ်ဟယ်ရွှင်းက ပါးစပ်ဟလိုက်သော်လည်း အဆုံးတွင် ခေါင်းခါလိုက်သည်။ သူက ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူပြီး စားပွဲပေါ်တွင်တင်၍ လှည့်ထွက်သွားသည်။

“နောက်လည်းလာခဲ့ပါ ခေါင်းဆောင်ချမ်”

ဟန်မူယဲ့က ကျောက်စိမ်းသေတ္တာကို ကိုင်ထားပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ဟန်မူယဲ့က မျက်ခမ်းစပ်များတွန့်သွားသည်။

ကျောက်စိမ်းသေတ္တာထဲတွင် ဝိညာဉ်ကျောက်တုံးတစ်တုံးသာ ရှိသည်။

ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ဖြစ်သည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး နှစ်တုံးကိုသာ ရှာတွေ့ခဲ့သည်။

ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သန်းနှင့် တန်ဖိုးချင်းတူပြီး လေဟာနယ်အစီအရင်များကို အသက်သွင်းရာတွင် အသုံးပြုနိုင်သည်။

ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး၏ တည်ငြိမ်သောချီစွမ်းအင်သည် မိုင်သောင်းချီအကွာသို့ တည်နေရာရွှေ့ပြောင်းနိုင်သော လေဟာနယ်အစီအရင်ကို ထောက်ပံ့ပေးနိုင်သည်။

‘ဒါက ချမ်ဟယ်ရွှင်းရဲ့ရည်ရွယ်ချက်လား ဒါမှမဟုတ် သူ့နောက်ကွယ်မှာရှိနေတဲ့ အဆုံးမဲ့ပင်လယ်အင်အားစုရဲ့ ရည်ရွယ်ချက်လား။ ဒါမှမဟုတ် အဆုံမဲ့နတ်ဘုရားဘုရင်တွေရဲ့ ရည်ရွယ်ချက်လား’

‘အဆုံးမဲ့ပင်လယ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ဆက်သွယ်ပြီး ပူးပေါင်းချင်တာလား’

ဟန်မူယဲ့၏မျက်လုံးထဲတွင် အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီး ကျောက်စိမ်းသေတ္တာကို သိမ်းထားလိုက်သည်။

စစ်ဆေးမှုတစ်ခုပင်ဖြစ်စေ တန်ဖိုးပေးချေသွားခြင်းဖြစ်စေ သူက ဤဝိညာဉ်ကျောက်တုံးကို သိမ်းဆည်းထားရမည်။

သူက ကိုယ်ပိုင်စွမ်းရည်ဖြင့် ထိုဝိညာဉ်ကျောက်တုံးကို ရခဲ့သည်။ ထို့ကြောင့် ယူထားသင့်သည်။

ကျန့်တနျိုနှင့်ရှောက်ထျန်းရီတို့ ပြန်လာခဲ့သည်။ ကျန့်တနျိုက စာလိပ်များသယ်ထားပြီး ‌ရှောက်ထျန်းရီက ဓားဖိုနှင့်ဓားအလုပ်ရုံမှ ဆိုင်ဝန်ထမ်းများကိုဦးဆောင်၍ ဒါဇင်ချီသောဓားများကို သယ်လာသည်။

မွန်းလွဲပိုင်းတွင် ဓားကျင့်ကြံသူတစ်ယောက် ရောက်လာပြီး ဝိညာဉ်ပုလဲလုံးငါးဆယ်ပေး၍ ဓားအကဲဖြတ်ရန် တောင်းဆိုခဲ့သည်။

ထိပ်တန်းအဆင့်ဝိညာဉ်လက်နက် ဖြစ်သည်။

ဟန်မူယဲ့က သူ့ကို ဒုတိယထပ်တွင် လက်ခံတွေ့ဆုံခဲ့သည်။ ဓားအကဲဖြတ်မှု၏ရလဒ်ကို မည်သူမှမသိနိုင်ပေ။

သို့သော် ဓားကျင့်ကြံသူထွက်သွားသောအခါတွင် အတော်လေးပျော်ရွှင်နေပုံရသည်။

နောက်ရက်များတွင် ဟန်မူယဲ့က များသောအားဖြင့် ကျင့်ကြံနေခဲ့သည်။ သူက ကျင့်ကြံရာမှ ထွက်လာသောအခါတွင် ကံကြမ္မာအလျောက် တခြားလူများကို ဓားအကဲဖြတ်ပေးလိမ့်မည်။

တော်ဝင်ရှုခင်းဓားဆိုင်၏ရှေ့တွင် ဓားကျင့်ကြံသူအများအပြား ရောက်လာခဲ့သည်။

ထို့ကြောင့် ကျားဝူနှင့် တခြားဆိုင်များက ရောင်းကောင်းလာသည်။

စီးပွားရေးကောင်းမွန်နေသောကြောင့် ဟန်မူယဲ့က ဝိညာဉ်ကျောက်တုံးနှင့် ဝိညာဉ်ပုလဲလုံးများကို သိမ်းဆည်းပြီးသောအခါတွင် ဝိညာဉ်ပုလဲလုံးလက်တစ်ဆုပ်ကို ထုတ်ယူ၍ ကျန့်တနျိုနှင့်ရှောက်ထျန်းရီတို့အား ပေးခဲ့သည်။

ကျန့်တနျိုက ယခင်တစ်ခေါက်ရထားသော ဝိညာဉ်ပုလဲလုံးများဖြင့် ရှောက်ထျန်းရီကိုအကူအညီတောင်းပြီး ရုပ်ခန္ဓာကြံ့ခိုင်ဆေးနှင့် ရုပ်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို ဝယ်ယူခဲ့သည်။

လွန်ခဲ့သောရက်များတွင် ကျန့်တနျိုက ကြိုးစားကျင့်ကြံပြီး သွေးချီများတိုးတက်လာအောင် လုပ်ဆောင်ခဲ့သည်။ သူက ရုပ်ခန္ဓာကျင့်ကြံသူတစ်ဦး ဖြစ်လာသည်။

သို့သော် သူက ဝိညာဉ်ပုလဲလုံးများကြောင့် ငေးမောနေဆဲဖြစ်သည်။

ယနေ့တွင် ဟန်မူယဲ့က ဝိညာဉ်ပုလဲလုံးများ ထပ်ပေးခဲ့သည်။ ဟန်မူယဲ့က အပေါ်ထပ်သို့ တက်သွားသောအခါတွင် ကျန့်တနျိုက ရှောက်ထျန်းရီဆီသို့ လျင်မြန်စွာပြေးသွားပြီး ပြောလိုက်သည်။

“ညီအစ်ကိုရှောက်၊ ငါပြန်သွားချင်တယ် ....”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ရှောက်ထျန်းရီက ကောင်းကင်ကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။

“ညီအစ်ကိုတနျို၊ မင်းက အခု မြန်မြန်သွားနိုင်နေပြီ။ မမှောင်ခင် ပြန်လာခဲ့ပါ”

ကျန့်တနျိုက ပြုံးလိုက်ပြီး ဝိညာဉ်ပုလဲလုံးများကို သေချာသိမ်းလိုက်သည်။ ထို့နောက် ကလေးနှစ်ယောက်အတွက်ဝယ်ထားသော အရုပ်များနှင့် ဇနီးသည်အတွက်ဝယ်ထားသော ရွှေရောင်ဆံညှပ်ကို ယူလိုက်ပြီး အပြင်ထွက်သွားသည်။

ရှောက်ထျန်းရီက ထွက်သွားသောကျန့်တနျိုကို ကြည့်လိုက်ပြီး မျက်လုံးများတောက်ပလာသည်။ သူက ခဏတာတိတ်ဆိတ်နေပြီး ကျားဝူ၏ဆိုင်သို့သွား၍ ဓားဆိုင်တွင် ကျားဝူကို ခေါ်ထားလိုက်သည်။

ဓားဆိုင်က ထိုသို့ပင်ဖြစ်သည်။ ဟန်မူယဲ့က ဓားအကဲဖြတ်မပေးလျှင် ဓားဝယ်သောလူများသာ ရှိနေလိမ့်မည်။

“ဆိုင်ရှင်၊ ကျန့်တနျိုက မိသားစုဆီကို အလည်ပြန်သွားပါတယ်။ ကျွန်တော်က သူ့ကိုကာကွယ်ပေးဖို့အတွက် လိုက်သွားလိုက်ပါအုံးမယ်”

ရှောက်ထျန်းရီက ဒုတိယထပ်၏လှေကားတွင် ရပ်နေပြီး ဦးညွှတ်လိုက်သည်။

“သွားပါ”

အပေါ်ထပ်မှ ဟန်မူယဲ့၏အသံ ထွက်လာသည်။

ခဏအကြာတွင် ဟန်မူယဲ့က အပေါ်ထပ်မှဆင်းလာသည်။

“ဘာလဲ။ မင်းက စိုးရိမ်နေတာလား”

စားပွဲတွင်ထိုင်‌နေသောကျားဝူက ပြုံးလိုက်ပြီး ပြောသည်။

“သူက သတ်ဖြတ်ခြင်းအရှိန်အဝါကို ဖုံးကွယ်မထားနိုင်ဘူး။ ကျန့်တနျိုကို ကောင်းကောင်းကာကွယ်ပေးနိုင်မှာပါ”

ကျားဝူ၊ ရှန်းဖူကွေ့နှင့် တခြားဆိုင်ရှင်များ၏ ကျင့်ကြံဆင့်နှင့် ထိုးထွင်းမြင်နိုင်စွမ်းသည် မဆိုးပေ။

ပြန့်ကျဲကြယ်ကျွန်းများတွင် နှစ်ရာချီ၍ဆိုင်ဖွင့်နိုင်သောလူများသည် သာမန်လူမဟုတ်ပေ။

“အသက်ခိုးယူခြင်းမျှော်စင်ကို တကယ်စိတ်ဝင်စားမိတယ်”

ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေပြီး လက်မြှောက်လိုက်သည်။ သစ်သားစင်ပေါ်တွင်ရှိသော ဓားတစ်လက်က သူ့လက်ထဲသို့ ရောက်လာသည်။

အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ....

ဆိုင်ထဲမှထွက်သွားသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ကျားဝူက ခေါင်းခါသည်။

သူ၊ ရှန်းဖူကွေ့နှင့် တခြားလူများက ကျင့်ကြံခြင်းလောက၏တိုက်ပွဲများတွင် ဝင်မပါတော့ပေ။ သူတို့က အသေးစားစီးပွားရေးလုပ်ငန်းများကိုသာ အေးအေးဆေးဆေးလုပ်ချင်သည်။

သို့သော် ဟန်မူယဲ့က သူတို့နှင့်မတူပေ။

သူက နှလုံးသားထဲတွင်ဓားရှိသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။

“ပြန့်ကျဲကြယ်ကျွန်းတွေရဲ့အပြင်ဘက်မှာ အရောင်အသွေးစုံနေတုန်းပဲလား”

ကျားဝူက တီးတိုးပြောသည်။ သူက ဓားချီများထုတ်လွှတ်နေသော ဆိုင်ထဲရှိဓားရှည်များကို လှည့်ကြည့်သည်။

....

ကျန့်တနျိုက အလွန်လျင်မြန်စွာပြေးသွားသည်။

သူက အဆုံးမရှိ‌သောခွန်အားများကို ပိုင်ဆိုင်ထားသည်ဟု ခံစားရသည်။

‘ဒါက ရုပ်ခန္ဓာကျင့်ကြံခြင်းရဲ့ ခံစားချက်လား’

အစပိုင်းတွင် သူက ခြေတစ်လှမ်းဖြင့် ငါးပေသွားနိုင်သည်။ နောက်ပိုင်းတွင် သူက ခြေတစ်လှမ်းဖြင့် ဆယ်ပေသွားနိုင်သည်။ ယခုအချိန်တွင် သူက ခြေတစ်လှမ်းဖြင့် ပေသုံးဆယ်သွားနေသည်။

သူက လေတိုးသံများကို ကြားနေရသည်။ သူက လေလှိုင်းများကို ခံစားမိသည်။

သူက အမြန်နှုန်းကို ထုတ်ဖော်နေသည်။

သူက လမ်းတစ်လျှောက်တွင် ပြေးသွားပြီး ဖုန်မှုန့်တန်းကို ချန်ရစ်ခဲ့သည်။

“ဝှစ် ....”

ညင်သာသောအသံတစ်ခုနှင့်အတူ ကျန့်တနျိုက နားရွက်ဘေးတွင် တစ်ခုခုဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရသည်။

‘ငါက အရမ်းမြန်လွန်းလို့ ငှက်တွေတောင်လန့်သွားတာလား’

သူက ပျော်ရွှင်စွာတွေးလိုက်သည်။

‘မြန်မြန်ဆက်ပြေးမယ်’

သူက အသံများကို ဆက်ကြားနေရသည်။

ဓားများထိတွေ့သွားသောအသံနှင့် ဆင်တူသည်။

ဓားဆိုင်တွင်အလုပ်လုပ်သော ကျန့်တနျိုက ထိုအသံများနှင့် အလွန်ရင်းနှီးနေသည်။

‘ငါက ဓားဆိုင်မှာ အနေများလို့ ဓားချီတွေရဲ့သက်ရောက်မှုကိုခံရပြီး လျှောက်ကြားနေတာလား’

ကျန့်တနျိုက အနည်းငယ်ထိတ်လန့်နေပြီး ရှေ့တွင်ရှိသောမြို့၏ပုံရိပ်ကို မြင်ရသည်အထိ ပိုမိုလျင်မြန်စွာဆက်ပြေးသွားသည်။

သူက ရယ်မောလိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့် ဆက်ပြေးသည်။

သူ့နောက်တွင် ရှောက်ထျန်းရီက သွေးများနှင့်စွန်းပေနေပြီး ဓားတစ်လက်ကိုင်လျက် ရပ်နေကြောင်း သတိမထားမိခဲ့ပေ။ သူက အထီးကျန်တောင်တစ်လုံးနှင့် တူနေသည်။

ရှောက်ထျန်းရီက ဓားကိုလှုပ်ရှားလိုက်ပြီး လူဆယ်ယောက်ကျော်ကို တားဆီးထားသည်။

သူက ဖြူဖျော့နေသောမျက်နှာထားနှင့်အတူ ပြုံးလိုက်ပြီး ဝိုင်းရံလာသောလူများကိုကြည့်၍ တည်ငြိမ်စွာပြောသည်။

“ငါ့ညီအစ်ကိုက မိသားစုဆီကို သွားလည်ချင်ရုံတင်ပါ”

“သူ့မှာ မိဘတွေရှိသေးတယ်။ မိန်းမတစ်ယောက်နဲ့ ကလေးနှစ်ယောက်လည်းရှိတယ်”

“သူ့ကို ဘာလို့သွားရှာတာလဲ”

“ငါ့ကိုပဲ လာရှာပါ”

“ငါ့မှာ စိုးရိမ်စရာမရှိဘူး”

“ငါ့အသက်က အဖိုးမတန်ဘူး”

အသက်ခိုးယူခြင်းမျှော်စင်မှ လုပ်ကြံသူများအားလုံး၏အသက်သည် တန်ဖိုးမရှိပေ။

ဝိညာဉ်ကျောက်တုံးအတွက် အသက်စွန့်ထားသောလူများသည် တန်ဖိုးမရှိသောဘဝကို ပိုင်ဆိုင်ထားသည်။

ရှောက်ထျန်းရီက ခန္ဓာကိုယ်ထဲမှထွက်သွားသော သွေးများကို ခံစားမိလိုက်ပြီး မျက်လုံးများမှေးကျဉ်းသည်။

သူက ငယ်ရွယ်စဉ်မှစ၍ မိဘမဲ့တစ်ယောက်ဖြစ်ခဲ့သည်။ သူက အသက်ခိုးယူခြင်းမျှော်စင်သို့ဝင်ရောက်ပြီး အသက်ရှင်နိုင်ရန်အတွက် သတ်ဖြတ်ခြင်းနည်းလမ်းများကို သင်ယူခဲ့သည်။

သူက တော်ဝင်ရှုခင်းဓားဆိုင်တွင် ဆိုင်ရှင်၏ နက်နဲသောကျင့်ကြံခြင်း၊ ဓားအကဲဖြတ်ခြင်းစွမ်းရည်၊ မဟာတာအိုပါဝင်နေသော လက်ရေးလှစာနှင့်ပန်းချီကားများကို အားကျခဲ့သည်။ သို့သော် သူအားအကျဆုံးလူသည် ကျန့်တနျိုဖြစ်သည်။

ထိုသာမန်လူသားသည် မိဘများ၊ ဇနီးသည်နှင့် ကလေးများအကြောင်းကို နေ့စဉ်ပြောနေခဲ့သည်။ သူတို့မိသားစု၏လယ်ယာတွင် စိုက်ပျိုးထားသော ပျိုးပင်များ၏အကြောင်းကိုလည်း တွေးပူနေသည်။

သူက အလွန်နှမြောတတ်သည်။ အစားလျော့စားနိုင်လျှင် လျော့စားပြီး ရုပ်ခန္ဓာကျင့်ကြံခြင်းအတွက် ဈေးအပေါဆုံးဆေးလုံးများကို ဝယ်ယူသည်။

သို့သော် သူက အလိမ်ခံပြီး ဝိညာဉ်ကျောက်တုံးဆယ်တုံးအသုံးပြု၍ သာမန်ရွှေရောင်ဆံထိုးကို ဝယ်ယူခဲ့သည်။ ထိုဆံထိုးသည် လူတစ်ယောက်၏ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး အသက်ရှည်စေသည်ဟု ဆိုင်ရှင်က ပြောခဲ့သည်။

သူက ဇနီးဖြစ်သူနှင့်အတူ ပိုမိုကြာမြင့်စွာ နေထိုင်ချင်သည်။

အစပိုင်းတွင် ရှောက်ထျန်းရီက ရယ်ချင်နေပြီး ဝိညာဉ်ကျောက်တုံးများ၊ အရုပ်များ၊ ဝိညာဉ်ပုလဲများ စုဆောင်းနေသော ကျန့်တနျိုကို ကြည့်နေခဲ့သည်။

သို့သော် သူက ဖြည်းဖြည်းချင်း အားကျလာသည်။

သူက အသက်စွန့်ပြီး ဝိညာဉ်ကျောက်တုံးများရှာဖွေနေသော်လည်း ရည်ရွယ်ချက်မရှိပေ။

ကောင်းမွန်စွာအိပ်စက်ပြီး ညလယ်တွင်ထရယ်နိုင်သော ကျန့်တနျိုနှင့် မတူပေ။

ယနေ့တွင် ရှောက်ထျန်းရီက အသက်ခိုးယူခြင်းမျှော်စင်၏ လုပ်ကြံသူများကို ဆိုင်ထဲတွင် မြင်ခဲ့ရသည်။

သူတို့က ဓားအကဲဖြတ်ရန် ဟန်ဆောင်ပြီး ဆိုင်ရှင်အတွက် ဓားတစ်လက်ပင် ပေးခဲ့သည်။

ထိုအရာသည် ရန်စခြင်းဖြစ်သည်။ သူတို့က ဆိုင်ရှင်ဟန်ကို အချိန်မရွေးသတ်ပစ်နိုင်သည်ဟု ရှောက်ထျန်းရီကို ပြောပြနေသည်။

ရှောက်ထျန်းရီက မလှုပ်ရှားသေးလျှင် သူတို့က ယဉ်ကျေးနေတော့မည်မဟုတ်ပေ။

ယခင်က ရှောက်ထျန်းရီသည် အသက်ခိုးယူခြင်းမျှော်စင်၏ လုပ်ကြံသူတချို့ကို သတ်ဖြတ်ပြီး ခေါင်းဆောင်ဖြစ်သူကို အနိုင်ယူခဲ့သည်။ ထို့ကြောင့် သူက အဆင့်အတန်းမြင့်မားလာခဲ့သည်။

ထိုသို့မဟုတ်လျှင် သူ့ကိုသတ်ဖြတ်ရန်အတွက် လုပ်ကြံသူများ ထပ်ရောက်လာလိမ့်မည်။

အသက်ခိုးယူခြင်းမျှော်စင်သည် ထိုသို့ပင်ဖြစ်သည်။ ခွန်အားသည် အရာရာဖြစ်သည်။

“ရှောက်ထျန်းရီ၊ ဟန်မူယဲ့ကိုသတ်ဖို့အတွက် ဝိညာဉ်ပုလဲလုံးသုံးထောင်ပေးမယ်လို့ မျှော်စင်သခင်က ပြောလိုက်တယ်”

ပိန်ပါးသောလူငယ်တစ်ယောက်က အေးစက်နေသောမျက်နှာထားဖြင့် ပြောလိုက်သည်။ သူ့လက်ထဲတွင်ရှိသောဓားတိုတွင် သွေးများစွန်းထင်းနေသည်။

ရှောက်ထျန်းရီ၏သွေး ဖြစ်သည်။

“ဝိညာဉ်ပုလဲလုံးသုံးထောင်က ဒုတိယအဆင့်ဆုကြေးဖြစ်နေပြီ”

ခါးတွင် အနက်ရောင်ကျောက်စိမ်းပြားဆွဲထားသော အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက ဂရုမစိုက်စွာပြောသည်။

“ရှောက်ထျန်းရီ၊ ဒီတာဝန်ကိုလက်ခံမယ့်လူတွေ အများကြီးရှိတယ်နော်”

ဘယ်နှင့်ညာမှ လူနှစ်ယောက်ပြေးထွက်လာပြီး ရှောက်ထျန်းရီကိုကျော်ဖြတ်၍ ကျန့်တနျိုဆီသို့ပြေးဝင်ရန် ကြိုးစားလိုက်သည်။

သူတို့က ရှောက်ထျန်းရီကို ရွေးချယ်မှုလုပ်ရန် တွန်းအားပေးနေသည်။

All Chapters