← Chapters

အခန်း (၅၈၂)

Vol. 42 Ch. 582

အခန်း (၅၈၂)

Vol. 42 Ch. 582

သူတို့စားသောက်နေသောအချိန်တွင် ရှောက်ထျန်းရီက ကျန့်တနျိုကို လယ်ခင်းနှင့်ပတ်သတ်၍ အပင်များပေါက်နေပြီလားဟု မေးလိုက်သည်။ ကျန့်တနျိုက ပြုံးလိုက်ပြီး အပင်မပေါက်သေးသောကြောင့် ပြန်စိုက်ရမည်ဟု ပြောသည်။

ထိုအချိန်တွင် အလွန်ဝေးကွာသောနေရာမှ တုန်ခါသံတစ်ခုကို ကြားလိုက်ရသည်။

ရှောက်ထျန်းရီ၏လက်ထဲတွင်ရှိသော ဝါးတူက အနည်းငယ်တုန်ခါသွားသည်။ သူ့မျက်နှာက ဖြူဖျော့နေသည်။

အသက်ခိုးယူခြင်းမျှော်စင်ဖြစ်သည်။

....

ဟန်မူယဲ့က ရှောက်ထျန်းရီကိုကယ်တင်ပြီး အသက်ခိုးယူခြင်းမျှော်စင်မှ လုပ်ကြံသူများကို ဝိညာဉ်စွမ်းအားဖြင့်ဖိနှိပ်၍ လမ်းပြခိုင်းလိုက်သည်။

အသက်ခိုးယူခြင်းမျှော်စင်က တည်နေရာကို ဖုံးကွယ်ထားခြင်းမရှိပေ။

အလွန်လျှို့ဝှက်နေလျှင် တခြားလူများက သူတို့ကို ရှာနိုင်တော့မည်မဟုတ်ပေ။

ဟန်မူယဲ့က ရေပြင်သုံးခုကိုဖြတ်ကျော်ပြီး ကျွန်းတစ်ကျွန်းဆီသို့ ‌ရောက်လာသည်။ သူက ရှေ့တွင်ရှိသော သွေးများဖြင့်လွှမ်းခြုံနေသည့် မြို့တစ်မြို့ကို မြင်လိုက်ရသည်။

ထိုနေရာတွင် အသက်ခိုးယူခြင်းမျှော်စင် တည်ရှိနေသည်။

ကျွန်းပေါ်တွင်ရှိသော လူအများစုသည် အသက်ခိုးယူခြင်းမျှော်စင်မှ လုပ်ကြံသူများဖြစ်ကြသည်။

ဟန်မူယဲ့ရောက်လာသောအခါတွင် မရေမတွက်နိုင်လောက်သောလုပ်ကြံသူများက သူ့ကို စောင့်ကြိုနေသည်။

ပြန့်ကျဲကြယ်ကျွန်းများတွင် လျှို့ဝှက်ချက်မရှိပေ။

ယခုအချိန်တွင် အင်အားစုအများအပြားက ရေပြင်သုံးခုကိုဖြတ်ကျော်၍ အသက်ခိုးယူခြင်းမျှော်စင်အား ပြဿနာလာရှာသော လူတစ်ယောက်၏အကြောင်းကို သိနေကြသည်။

ယခင်ကလည်း ထိုကိစ္စမျိုး ဖြစ်လေ့ရှိသည်။

အားကောင်းသော ကျင့်ကြံသူများ၊ အင်အားစုကြီးများမှ လူများ၊ ပြင်ပဘုံမှ ကျွမ်းကျင်သူများ ....

သို့သော် အသက်ခိုးယူခြင်းမျှော်စင်က ဆက်ရှိနေသေးသည်။

“သတ်”

ဓားအလင်းနှင့် မန္တန်အလင်းများက ဟန်မူယဲ့နှင့် ဘေးတွင်ရှိသော ထိန်းချုပ်ခံထားရသည့် လုပ်ကြံသူများဆီသို့ တိုးဝင်သွားသည်။

ချီစွမ်းအင်အလင်းနှင့် မန္တန်အလင်းများသည် မျက်စိကျိန်းလောက်အောင် တောက်ပနေခဲ့သည်။

ပေါက်ကွဲမှုနှင့် ဖုန်မှုန့်များ ပျောက်ကွယ်သွားသောအခါတွင် ဟန်မူယဲ့တစ်ယောက်သာ ကျန်ခဲ့တော့သည်။ သူ့ဘေးတွင်ရှိသော လုပ်ကြံသူများအားလုံး သေဆုံးသွားခဲ့သည်။

ထိုအရာသည် အသက်ခိုးယူခြင်းမျှော်စင်ဖြစ်သည်။

သူတို့က ကိုယ်ပိုင်လူများ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ဂရုမစိုက်ပေ။

သူတို့၏ပူးပေါင်းတိုက်ခိုက်မှုသည် ဟန်မူယဲ့ကို မထိခိုက်စေခဲ့ပေ။ လုပ်ကြံသူများ၏မျက်နှာထားက လေးနက်နေသည်။

ထိုကျွမ်းကျင်သူမျိုးကို သူတို့က မကိုင်တွယ်နိုင်ပေ။

“သူ့ကို လာခိုင်းလိုက်ပါ”

အဝေးတစ်နေရာမှ အသံတစ်သံထွက်လာသည်။

လုပ်ကြံသူများက လျင်မြန်စွာဘေးဖယ်ပေးလိုက်ပြီး ဟန်မူယဲ့က ရှေ့ဆက်လျှောက်သွားသည်။

ဟန်မူယဲ့က ယိုယွင်းနေသောလမ်းတွင် လျှောက်လှမ်းလာခဲ့ပြီး သွေးရောင်အဆောက်အအုံ၏ရှေ့သို့ ရောက်လာသည်။

နန်းတော်သုံးခု၊ စံအိမ်ခုနစ်ခု၊ အင်အားစု ဆယ့်ငါးခု ....

အသက်ခိုးယူခြင်းမျှော်စင် ....

သွေးရောင်စာလုံးများသည် မိစ္ဆာဆန်သောအငွေ့အသက်ကို ထုတ်ပေးနေသည်။

အသက်ခိုးယူခြင်းမျှော်စင်၏ရှေ့တွင် မီးခိုးရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက် ရှိနေသည်။ သူ့မျက်နှာထားက လေးနက်နေသည်။

“တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ဟန်မူယဲ့က တာအိုပြိုင်ပွဲနယ်မြေကနေ လွန်ခဲ့တဲ့နှစ်လမှာ ရောက်လာခဲ့တယ်။ အလင်းခုနစ်ပါးစံအိမ်နဲ့ အငြင်းပွားမှုလေးတွေ ရှိခဲ့တယ်”

“လွန်ခဲ့တဲ့ရက်အနည်းငယ်မှာ ဟန်မူယဲ့က ဓားအကဲဖြတ်စွမ်းရည်ကို ပြသပြီး ဓားကျင့်ကြံသူတွေအလိုရှိတဲ့ ဓားအကဲဖြတ်ဆရာတစ်ဦး ဖြစ်လာခဲ့တယ်”

လူအိုကြီးက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ငါတို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိနေမယ်ထင်တယ်”

“ငါတို့အားလုံးက စီးပွားရေးသမားတွေပဲလေ။ နှိမ့်ချပြီးနေတာ ကောင်းလိမ့်မယ်”

ဟန်မူယဲ့က စကားတစ်ခွန်းမှမပြောဘဲ နေရာတွင်ရပ်နေသည်။

လူအိုကြီးက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မျက်နှာထားတည်ငြိမ်နေသည်။ သူက ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ့အတွက် ဓားဆယ်လက်ကို အကဲဖြတ်ပေးပြီး ရှောက်ထျန်းရီကို ပြန်ပို့လိုက်”

“အဲဒါဆိုရင် ငါက မင်းနဲ့ပတ်သတ်တဲ့စီးပွားရေးတွေကို တစ်ခုမှလက်မခံတော့ဘူး”

“မင်းသိမှာပါ။ အလင်းခုနစ်ပါးစံအိမ်တင်မကဘဲ တခြားလူတွေကလည်း မင်းရဲ့ဓားအကဲဖြတ်စွမ်းရည်ကို မနာလိုဖြစ်နေကြတယ်”

ဓားဆယ်လက်ကို အကဲဖြတ်ပေးပြီး ရှောက်ထျန်းရီကို ပြန်ပို့ခြင်းအားဖြင့် အသက်ခိုးယူခြင်းမျှော်စင်ကို အလျော့ပေးရမည်။

အနာဂတ်တွင် အသက်ခိုးယူခြင်းမျှော်စင်က ဟန်မူယဲ့နှင့်သက်ဆိုင်သော လုပ်ကြံခြင်းတာဝန်များကို လက်ခံလိမ့်မည်မဟုတ်ပေ။ အသက်ခိုးယူခြင်းမျှော်စင်က ခြေတစ်လှမ်းနောက်ဆုတ်ပေးသည်။

နှစ်ဖက်လုံးက အလျော့ပေးရမည်။ နှိမ့်ချခြင်းသည် ကောင်းမွန်သည်။

တစ်ဖက်သည် အင်အားစုဆယ့်ငါးခုထဲမှ တစ်ခုဖြစ်သည်။ တစ်ဖက်သည် ဓားဆိုင်ပိုင်ရှင်တစ်ယောက်သာ ဖြစ်သည်။

အသက်ခိုးယူခြင်းမျှော်စင်က ဟန်မူယဲ့ကို မျက်နှာသာပေးထားသည်။

လေထုထဲတွင် စောင့်ကြည့်နေသော နတ်အာရုံများက တုန်ခါသွားသည်။

အမြဲရက်စက်ပြီး စိတ်ရှိတိုင်းလုပ်ကြသော အသက်ခိုးယူခြင်းမျှော်စင်က အလျော့ပေးနေသည်။

‘ဟန်မူယဲ့ရဲ့ ဓားအကဲဖြတ်စွမ်းရည်ကြောင့်လား။ ဒါမှမဟုတ် တခြားအကြောင်းပြချက်တစ်ခု ရှိနေတာလား’

“ငါက လူသတ်ဖို့ပဲလုပ်ထားတဲ့ဓားတွေကို အကဲဖြတ်ပေးဖို့ စိတ်မဝင်စားဘူး”

“ရှောက်ထျန်းရီက ငါ့ဆိုင်က ဝန်ထမ်းတစ်ယောက်ပဲ”

ဟန်မူယဲ့က ပြောလိုက်သည်။

လေထုသည် ချက်ချင်းတင်းမာသွားသည်။

သူက လုံးဝအလျော့မပေးခဲ့ပေ။

ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ သူ့လက်ထဲတွင် အစိမ်းရောင်ဓားတစ်လက်ပေါ်လာသည်။

သူက နောက်တစ်ခွန်းပြောသည်။

“ငါက ဓားကျင့်ကြံသူတစ်ယောက်ပဲ”

ဓားကျင့်ကြံသူ ....

ဓားကျင့်ကြံသူတစ်ယောက်သည် နှလုံးသား၏အလိုကို လိုက်သည်။

ဓားကျင့်ကြံသူတစ်ယောက်တွင် ခိုင်မာသောနှလုံးသားရှိရမည်။

ဓားကျင့်ကြံသူတစ်ယောက်အတွက် ဓားတစ်လက်သည် အရာအားလုံးဖြစ်သည်။

သူက ဓားထုတ်လိုက်သည်။

“ခလွမ် ....”

ထောင့်ဖြတ်အတိုင်းတိုးဝင်လာသော ဓားတစ်လက်သည် နှစ်ပိုင်းပြတ်သွားခဲ့သည်။

ဟန်မူယဲ့က ဓားကို လှုပ်ရှားလိုက်သည်။ အစိမ်းရောင်ဓားအလင်းက တစ်ဖက်လူ၏လည်ပင်းကို ဖြတ်သန်းသွားပြီး သွေးများထွက်လာစေသည်။

ဓားအလင်းက လှုပ်ရှားလိုက်ပြီဖြစ်သောကြောင့် ရပ်တန့်သွားမည်မဟုတ်ပေ။

ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားက မြေပြင်ပေါ်တွင် လှုပ်ရှားသွားသည်။ သူက ခြေလှမ်းတိုင်းတွင် ဓားတစ်ချက်ခုတ်သည်။ သူ့ရှေ့တွင်ရှိသောလူများသည် ဓားကျိုးပြီး လည်ပင်းပြတ်သွားသည်။

ခြေဆယ်လှမ်း ....

လူဆယ့်နှစ်ယောက် ....

ဓားများသည် တူညီသောနေရာတွင် ကျိုးသွားကြသည်။ သေစေနိုင်လောက်သောဒဏ်ရာများသည်လည်း တူညီသောနေရာတွင် ဖြစ်လာသည်။

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီး၏မျက်နှာထားက လေးနက်လာသည်။

လေထုထဲတွင်စောင့်ကြည့်နေသော နတ်အာရုံများက တိတ်ဆိတ်သွားသည်။

ဓားတာအိုကို ထိုအဆင့်အထိကျင့်ကြံနိုင်သည့်အတွက် မဖျက်ဆီးနိုင်သောစိတ်ဓာတ်ကို ပိုင်ဆိုင်ထားလိမ့်မည်။

ယနေ့ဖြစ်ရပ်ကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်တော့မည်မဟုတ်ပေ။

“မင်းက သေချင်နေတာပဲ”

ဟန်မူယဲ့က ဆယ်ပေအကွာတွင် ရှိနေသည်။ လူအိုကြီးက လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ထုတ်လိုက်သည်။

အဆုံးမရှိသောသွေးလှိုင်းများ ချက်ချင်းပေါ်ထွက်လာသည်။

ကောင်းကင်အဆင့် ....

ကောင်းကင်အဆင့်ကျင့်ကြံသူသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို အသုံးချပြီး တည်နေရာကို ပိတ်ဆို့လိုက်သည်။ သူ့လက်ဝါးချက်သည် လောကကို ဖျက်ဆီးနိုင်ပုံပေါ်သည်။

ဟန်မူယဲ့က ဓားဖြင့် ရှေ့သို့ညွှန်ပြသည်။

မည်သည့်ဓားကျင့်ကြံသူက ကောင်းကင်ကိုဆန့်ကျင့်ပြီး ကောင်းကင်အဆင့်ကျင့်ကြံသူနှင့် ယှဉ်ပြိုင်နိုင်မည်နည်း။

လူအိုကြီး၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ဖြတ်ပြေးသွားသည်။

ထိုသတ်ဖြတ်လိုစိတ်သည် အစိုင်အခဲတစ်ခုအဖြစ် စုစည်းလာပြီး လက်ဝါးချက်များကြားတွင် ရောနှောသွားသည်။

ပတ်ဝန်းကျင်တွင်ရှိသော နတ်အာရုံများက ဆက်လက်စောင့်ကြည့်နေသည်။

ဓားကျင့်ကြံသူများသည် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်သည်။ သို့သော် ကောင်းကင်နှင့် ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

ထိုဝိညာဉ်လက်နက်ဓားရှည်သည် လက်ဝါးချက်ကို ခုခံနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့သေဆုံးသွားသောအခါ နောက်ကွယ်တွင်ရှိသောအင်အားစုသည် အသက်ခိုးယူခြင်းမျှော်စင်နှင့် တိုက်ခိုက်လိမ့်မည်။

သို့မဟုတ် ဤဖြစ်ရပ်သည် စမ်းသပ်မှုတစ်ခုသာ ဖြစ်နိုင်သည်။

လက်ဝါးချက်သည် ဟန်မူယဲ့၏ခေါင်းပေါ်သို့ ရောက်လာသည်။

ဟန်မူယဲ့၏ ဓားအလင်းကလည်း ပျောက်ကွယ်သွားသည်။

သဏ္ဍာန်မဲ့ ....

ဓားသည် လက်ဝါးချက်ကို ထိုးဖောက်ပြီး လူအိုကြီး၏ရင်ဘတ်ကိုလည်း ထိုးဖောက်သွားသည်။

လေဟာနယ်တာအို ....

“ဘုန်း”

ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ သေဆုံးမှုကြောင့် ကောင်းကင်နှင့်မြေကြီးသည် တုန်ခါသွားခဲ့သည်။

အသက်ခိုးယူခြင်းမျှော်စင်၏ရှေ့တွင် သွေးများလျှံကျနေသည်။

ဟန်မူယဲ့က ဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်သည်။ ကျောက်လှေကားပေါ်တွင် သွေးစက်များကျဆင်းသွားသည်။

သူက ဓားရှည်နှင့်အတူ သွေးစက်များကိုချန်ထားပြီး သွေးရောင်မျှော်စင်ထဲသို့ ဝင်သွားသည်။

အသက်ခိုးယူခြင်းမျှော်စင်ထဲသို့ ဝင်ရောက်လိုက်သည်။

သူ ဟန်မူယဲ့သည် ကျားဝူနှင့် ရှန်းဖူကွေ့မဟုတ်ပေ။

သူက တည်ငြိမ်သောစီးပွားရေးတစ်ခုကို မလိုအပ်ပေ။

သူက ခွန်အားတိုးလာရန် ခြောက်ထပ်ဓားစံအိမ်ကို လိုချင်သောကြောင့် ပြန့်ကျဲကြယ်ကျွန်းများဆီသို့ ရောက်လာခဲ့သည်။

မူယန်ခန်းဆောင်၏ ချမ်ဟယ်ရွှင်းက သူ့ဆီသို့ ရောက်လာသောကြောင့် သူက အဆုံးမဲ့ပင်လယ်မှ အင်အားစုများ၏ စောင့်ကြည့်မှုအောက်တွင်ရှိနေသည်ဟု သိလိုက်ရသည်။

ထိုသို့ဆိုလျှင် သူက သူတို့ကို ခွန်အားပြလိုက်မည်။

ကျင့်ကြံခြင်းလောကတွင် ခွန်အားသည် အဆုံးအဖြတ်ဖြစ်သည်။

ဟန်မူယဲ့ဝင်လာသောအခါတွင် သွေးရောင်တံခါးသည် ပိတ်သွားခဲ့သည်။

ပတ်ဝန်းကျင်တွင် လူများစုစည်းနေပြီး ပြတင်းပေါက်များမှတစ်ဆင့် ခုန်ဝင်သွားသည်။

‘သူက တခြားလူတွေလိုပဲ အသက်ခိုးယူခြင်းမျှော်စင်မှာ သေဆုံးသွားမှာလား။ ဒါမှမဟုတ် အသက်ခိုးယူခြင်းမျှော်စင်ကို ဖျက်ဆီးပြီး ပြန့်ကျဲကြယ်ကျွန်းရဲ့ အင်အားစုတစ်ခု ဖြစ်လာမှာလား’

အပြင်ဘက်တွင်ရှိသောလူများက မျှော်လင့်နေကြသည်။

အသက်ခိုးယူခြင်းမျှော်စင်နှင့် သိပ်မဝေးသောနေရာတွင် ရှုချွမ်ဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“အဲဒီကောင်လေးက ငါ့ကိုရန်စဖို့ ကြိုးစားနေတာလား”

“ဂိုဏ်းတူအစ်ကိုရှု၊ သူက တကယ်ပဲ ဓားစံအိမ်ရဲ့ စမ်းသပ်ခံတပည့်တစ်ယောက်ဆိုရင် ကယ်လိုက်ပါ”

သူ့ဘေးတွင် ဆံပင်ဖြူလူအိုကြီးတစ်ယောက်က တည်ငြိမ်စွာပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ မျက်နှာပျက်လို့မရဘူး”

ရှုချွမ်ဟယ်က ခေါင်းညိတ်လိုက်သည်။ သူက ကျောက်လှေကား၏ရှေ့တွင်ရှိသော အလောင်းများကို ကြည့်သည်။

‘သူက ခြေဆယ်လှမ်းဓားနည်းစနစ်နဲ့ တမင်သက်သက် ခွန်အားထုတ်ပြနေတာလား’

‘ပြီးတော့ လေဟာနယ်ဓားနည်းစနစ်က ရှားပါးတယ်’

‘အဲဒီကလေးက တမင်သက်သက် ဒီလိုလုပ်နေတာပဲ’

ရှုချွမ်ဟယ်က ခပ်အုပ်အုပ်ညည်းညူလိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းအချို့ ပေါ်ထွက်လာသည်။ သူက ရှေ့တွင်ရှိသော မျှော်စင်ကို ကြည့်သည်။

‘သူ့ကို နည်းနည်းလောက် ခံစားခိုင်းလိုက်မယ်’

သူက တွေးသည်။

သူက ကိုယ်ပိုင်စွမ်းရည်နှင့်ပတ်သတ်၍ ယုံကြည်မှုလွန်ကဲနေပုံရသည်။

ဟန်မူယဲ့က အသက်ခိုးယူခြင်းမျှော်စင်ထဲသို့ ရောက်လာသည်။ အတွင်းပိုင်းသည် ရိုးရှင်းပြီး အပြင်အဆင်များမရှိပေ။

စားပွဲ၊ ကုလားထိုင်၊ နံရံ‌ဆေးရေးပန်းချီ၊ ပန်းအိုးနှင့် ခန်းစီးများ ....

အစိမ်းရောင်သစ်သားလှေကားသည် ဒုတိယထပ်သို့ ဦးတည်သွားသည်။

ဟန်မူယဲ့က လက်ထဲတွင် ဓားကိုင်ထားပြီး ရှေ့ဆက်လျှောက်သွားသည်။ သူ့ရှေ့တွင် လုပ်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

ပြတင်းပေါက်မှခုန်ဝင်လာသောလူများ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ရှိနေသည်။

“ဝီ”

သွေးရောင်အလင်းတန်းများ တိုးဝင်လာသည်။

“ရွှပ် ....”

လေးပစ်သံနှင့်အတူ မြားတစ်စင်းသည် ဟန်မူယဲ့၏ဦးခေါင်းဆီသို့ ပြေးဝင်လာခဲ့သည်။

အမှောင်ဓားချီသည် အသံမထွက်ဘဲ တိတ်ဆိတ်စွာတိုက်ခိုက်လာသည်။

မန္တန်၊ အဝေးရောက်တိုက်ခိုက်မှုနှင့် အမှောင်ဓားချီများ ....

လုပ်ကြံသတ်ဖြတ်ခြင်းတွင်ကျွမ်းကျင်သော အသက်ခိုးယူခြင်းမျှော်စင် ဖြစ်သည်။ သူတို့က နားလည်မှုရှိစွာ ချက်ချင်းတိုက်ခိုက်လိုက်ကြသည်။

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် လက်မြှောက်သည်။

သူက ဓားရှည်ကိုလှုပ်ရှားပြီး အချုပ်အနှောင်သွေးမန္တန်ကို ဖျက်ဆီးလိုက်သည်။

ဓားဦးသည် လှုပ်ရှားသွားပြီး မြားရှည်ကို ချိုးဖျက်လိုက်သည်။

သူက ဓားကိုပြန်သိမ်းလျက် ဓားပါးသုံးလက်ကို ကျိုးပဲ့သွားစေသည်။

သူက လက်ကိုဝှေ့ယမ်းပြီး ကျိုးပဲ့သွားသောဓားများကို ဆုပ်ကိုင်သည်။

“လျိုကျန့်၊ အသက် ၃၂နှစ်။ အသစ်ရှစ်နှစ်အရွယ်မှာ အသက်ခိုးယူခြင်းမျှော်စင်ကို ဝင်ရောက်ပြီး လူ ၇၈ယောက်ကို သတ်ခဲ့တယ်။ အပြစ်မဲ့တဲ့လူ ၂၆ယောက်ကို ထိခိုက်စေခဲ့တယ်။ သေစမ်း”

သူ့ဓားရှည်သည် သန့်စင်သောဓားအငွေ့အသက်ကို သယ်ဆောင်ထားပြီး အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီး၏လည်ပင်းကို ဖြတ်တောက်လိုက်သည်။

“ကျူးတင်းစစ်၊ အသက် ၄၆နှစ်၊ သွေးကြောဖွင့် အဌမအဆင့်။ အသက်ရှစ်နှစ်မှာ အသက်ခိုးယူခြင်းမျှော်စင်ကို ဝင်ရောက်ပြီး အပြစ်မဲ့တဲ့လူအပါအဝင် လူ ၁၆၃ယောက်ကို သတ်ဖြတ်ခဲ့တယ်”

“မင်းတို့နှစ်ယောက်က အသက်ခိုးယူခြင်းမျှော်စင်ရဲ့ လုပ်ဖော်ကိုင်ဖက်ခုနစ်ယောက်ကို ကယ်တင်ခဲ့တယ်။ မင်းတို့ဓားနည်းစနစ်က သုံးမှတ်နှေးနေတယ်။ နောက်ကျရင် ပြတ်ပြတ်သားသားလုပ်ဖို့ သတိရပါ”

သူက ဓားမြှောက်ပြီး ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းသည် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးကို ပြတင်းပေါက်မှတစ်ဆင့် လွင့်ထွက်သွားစေသည်။

“ဟူခယ့်၊ သတ်ဖြတ်မှုတွေ များလွန်းတယ်။ သေစမ်း”

All Chapters