အခန်း (၅၈၄)
Vol. 42 Ch. 584
“ဦးလေးဝူက ထွက်သွားတော့မယ်ဆိုရင် ကျွန်တော့်ဆီမှာ ဆိုင်အပ်ခဲ့လို့ရပါတယ်။ ဦးလေးဝူပြန်လာရင် ကျွန်တော်က ဆိုင်ကို ပြန်ပေးပါ့မယ်”
ကျားဝူက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
သူက ချက်ချင်းထွက်သွားမည်မဟုတ်သေးပေ။ ကျားဝူက စကားအနည်းငယ်ဆက်ပြောပြီး ဆိုင်သို့ပြန်သွားသည်။
ဟန်မူယဲ့က နားမလည်နိုင်ဖြစ်နေသော ကျန့်တနျိုနှင့် မတ်တပ်ရပ်လာသော ရှောက်ထျန်းရီကို ဦးဆောင်၍ ဆိုင်ထဲသို့ ဝင်သွားသည်။
သူက ဒုတိယထပ်သို့ တိုက်ရိုက်တက်သွားပြီး ဝင်္ကပါကို အသက်သွင်းသည်။ သူ့မျက်လုံးများက တောက်နေသည်။
သူက လမ်းတစ်လျှောက်တွင် ရှုချွမ်ဟယ်နှင့် စကားပြောပြီး ဓားစံအိမ်အမွေအနှစ်အကြောင်းကို သိခဲ့ရသည်။
သူက ဓားစံအိမ်၏ စမ်းသပ်ခံတပည့်တစ်ယောက်ဖြစ်ကြောင်း ဖော်ပြလိုက်သည်။
ပြန့်ကျဲကြယ်ကျွန်းများတွင် ခြောက်ထပ်ဓားစံအိမ်ကိုထိန်းချုပ်ထားသော မဟာကျင့်ကြံသူကြီးတစ်ယောက်၏ အမွေအနှစ်ရှိသည်။
ထိုကျင့်ကြံသူကြီးက ကွယ်လွန်သွားပြီး ဓားစံအိမ်တွင်ရှိသောလူများက အမွေမဆက်ခံနိုင်ခဲ့ပေ။ ထို့ကြောင့် ခြောက်ထပ်စံအိမ်က ခွန်အားကျဆင်းလာသည်။
ခြောက်ထပ်စံအိမ်တွင် မဟာဓားကျင့်ကြံသူတချို့ ရှိနေသောကြောင့် တခြားအင်အားစုများကို ခုခံနိုင်ခဲ့သည်။
ပြန့်ကျဲကြယ်ကျွန်းတွင်ရှိသော အင်အားစုများ၏တိုက်ခိုက်မှုသည် အဆင့်နိမ့်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုထက် ပိုမိုရက်စက်သည်။
အဆုံးမဲ့ပင်လယ်၏ နတ်ဘုရားဘုရင်များသည် အင်အားစုများကြားတွင် ရန်စပေးရသည်ကို နှစ်သက်ပုံပေါ်သည်။
“သုံးလကြာရင် ခြောက်ထပ်စံအိမ်က မျိုးဆက်သစ်တပည့်တွေကို စုစည်းပြီး ခြောက်ထပ်ဓားစံအိမ်ကို စေလွှတ်လိမ့်မယ်”
“မင်းက အဲဒီဓားစံအိမ်ကို ထိန်းချုပ်နိုင်ရင် ခြောက်ထပ်စံအိမ်ရဲ့ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”
ရှုချွမ်ဟယ်က ဟန်မူယဲ့ကို လေးနက်စွာကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ဒါပေမဲ့ ခြောက်ထပ်ဓားစံအိမ်က တာအိုနယ်မြေတစ်ခုကို စုစည်းထားတယ်။ မင်းက အထဲမှာသေသွားခဲ့ရင် အပြင်မှာရှိနေတဲ့လူတွေ ဘာမှတတ်နိုင်မှာမဟုတ်ဘူး”
တာအိုနယ်မြေ ....
အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါးမှ ခြောက်ထပ်ဓားစံအိမ်ပိုင်ရှင် မဟာကျင့်ကြံသူကြီးသည် တာအိုနယ်မြေတစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်။
ထိုမဟာဓားကျင့်ကြံသူကြီးက သေဆုံးသွားမည်ဆိုလျှင်ပင် တာအိုနယ်မြေက ဆက်ရှိနေလိမ့်မည်။
သို့သော် ဓားစံအိမ်ကို အမွေဆက်ခံမည့်လူမရှိလျှင် တာအိုနယ်မြေသည် အချိန်နှင့်အမျှ ပျက်စီးသွားလိမ့်မည်။
ဟန်မူယဲ့က လက်မြှောက်ပြီး ကျောက်စိမ်းရောင်ဓားလေးကို ထုတ်ယူသည်။
ထိုဓားသည် ခြောက်ထပ်ဓားစံအိမ်သို့ဝင်ရောက်ရန် သော့တစ်ချောင်းဖြစ်သည်။
ကျောက်ယုကျင့်က ထိုဓားကို ရရှိခဲ့သော်လည်း ဓားစံအိမ်ထဲသို့မဝင်နိုင်ခင် ပြန့်ကျဲကြယ်ကျွန်းများ၏အပြင်၌ သေဆုံးသွားခဲ့သည်။
ယခု ဟန်မူယဲ့က ရှုချွမ်ဟယ်၏ဖိတ်ခေါ်ချက်ကို ရခဲ့သောကြောင့် ခြောက်ထပ်ဓားစံအိမ်သို့ ပွင့်လင်းစွာဝင်ရောက်နိုင်သည်။
ပြန့်ကျဲကြယ်ကျွန်းများသို့လာရောက်ခဲ့သော သူ့ရည်ရွယ်ချက်က အောင်မြင်သွားခဲ့သည်။
ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ဓားလေးကို သိမ်းသည်။ သူ့ရှေ့တွင် ချီစွမ်းအင်အလင်းများ လှုပ်ရှားနေပြီး ဓားများ တစ်လက်ပြီးတစ်လက် ထွက်လာသည်။
အသက်ခိုးယူခြင်းမျှော်စင်မှ ဓားများဖြစ်သည်။
ထိုဓားများသည် သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
ဟန်မူယဲ့က ဓားတစ်လက်ကိုဆုပ်ကိုင်ပြီး ဓားချီကိုထည့်သွင်း၍ သတ်ဖြတ်မှုများကို မြင်လိုက်ရသည်။
ဓား၏သတ်ဖြတ်ခြင်းအငွေ့အသက်များသည် အလွန်ပြင်းထန်သည်။ သာမန်ဓားကျင့်ကြံသူတစ်ယောက်က ဤဓားများကို သယ်ထားလျှင် ဝိညာဉ်ကို ထိခိုက်စေလိမ့်မည်။
ဟန်မူယဲ့၏လက်ထဲတွင် သမာဓိစွမ်းအားများ ဖြည်းဖြည်းချင်းစုစည်းလာသည်။
သမာဓိစွမ်းအားသည် ငြိမ်းချမ်းပြီး သတ်ဖြတ်လိုစိတ်နှင့် မကောင်းဆိုးဝါးဝိညာဉ်များကို ဖိနှိပ်နိုင်သည်။
ဟန်မူယဲ့က လက်ထဲတွင်ရှိသောဓားကို ကြည့်လိုက်ပြီး သမာဓိစွမ်းအားကို ရပ်တန့်လိုက်သည်။
‘ငါက ဘာဖြစ်လို့ သတ်ဖြတ်ခြင်းအငွေ့အသက်တွေကို ဖယ်ရှားပစ်ရမှာလဲ’
‘သာမန်ဝိညာဉ်လက်နက်နဲ့ ဝိညာဉ်တစ်ဝက်အဆင့်ဓားရှည်တွေ ရလာအောင်လို့လား’
‘ငါ့မှာ အဲဒီလိုမျိုးဓားတွေ လိုအပ်နေလို့လား’
ဓားရှည်နှင့်ယှဉ်လိုက်လျှင် ဓား၏ သတ်ဖြတ်ခြင်းအငွေ့အသက်များက ပိုမိုတန်ဖိုးရှိသည်။
ဟန်မူယဲ့က ထိုသို့တွေးလိုက်ပြီး ခပ်ဟဟရယ်၍ ဓားကို သိမ်းသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ချီစွမ်းအင်အလင်းများဖြင့် တောက်ပလာပြီး ကျင့်ကြံလိုက်သည်။
သူ့ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်လောက်သော ဝိညာဉ်ပုလဲလုံးများ ပျက်စီးသွားပြီး တစ်ကိုယ်လုံးကိုဖုံးအုပ်ထားသော ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။
သူက ဆယ်ရက်ကြာအောင် ကျင့်ကြံခဲ့သည်။
တစ်ချိန်တည်းတွင် နတ်ဘုရားသားရဲပါ့ရှားက ချန်ယွဲ့ကြယ်နှင့် သိပ်မဝေးတော့ကြောင်း ခံစားလိုက်မိသည်။
သူက ကျင့်ကြံရာမှ ထွက်လာသောအခါတွင် ရှုချွမ်ဟယ်ဆီသို့ တိုက်ရိုက်သွားလိုက်သည်။
“နှလုံးသားကို ဓားနဲ့သန့်စင်မှာလား”
ဟန်မူယဲ့၏အကြံပြုချက်ကို ကြားလိုက်ရသောအခါတွင် ရှုချွမ်ဟယ်က စိတ်ရှုပ်သွားသည်။
ဟန်မူယဲ့က သတ်ဖြတ်လိုစိတ်များဖြင့်ပြည့်နေသော ဓားကို ထုတ်ယူသည်။
ရှုချွမ်ဟယ်က ဓားကိုယူကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး ပြောသည်။
“မင်းက ဓားကျင့်ကြံသူရဲ့ဝိညာဉ်စွမ်းအားကို သန့်စင်ဖို့အတွက် ဒီသတ်ဖြတ်ခြင်းအငွေ့အသက်ကို သုံးမယ်လို့ ပြောတာလား”
“ဒီနည်းလမ်းက မသင့်တော်ဘူး”
“အဆင့်နိမ့်ကျင့်ကြံသူအများစုက စိတ်ခွန်အားနည်းတယ်။ ဒီဓားရဲ့ရှေ့မှာ သူတို့က ဒဏ်ရာရသွားပြီး ပြန်ကောင်းလာနိုင်တော့မှာမဟုတ်ဘူး”
သူက ပြုံးလိုက်ပြီး ဆက်ပြောသည်။
“မင်းရဲ့အကြံက ကောင်းပါတယ်။ ဒါပေမဲ့ ခြေလှမ်းကျယ်နေတယ်။ မင်းက .... ဟီးဟီး ....”
သူ့ရယ်သံမဆုံးခင် ဟန်မူယဲ့က လက်မြှောက်၍ ရွှေအလင်းနှင့်အတူ ဓားအိမ်ကို ဖိချသည်။
သမာဓိစွမ်းအားများသည် ထူးခြားသောအင်းကွက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဓားကို ရစ်ပတ်လိုက်သည်။
သမာဓိစွမ်းအား၏ဖိနှိပ်မှုကြောင့် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပေါ်ထွက်လာရန် ခက်ခဲသွားသည်။
သမာဓိစွမ်းအားသည် ငြိမ်းချမ်းသည်။
ရှုချွမ်ဟယ်က ဓားအလင်းမှတစ်ဆင့် ပုံရိပ်များကို မြင်လိုက်ရသည်။
သတ်ဖြတ်ခြင်း ....
ဓားအလင်းနှင့် သွေးများ ....
မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သော ရှုချွမ်ဟယ်ကပင် မျက်နှာထားလေးနက်လာသည်။
ဓားပိုင်ရှင်သည် ကျင့်ကြံသူ ၃၅ယောက်ကို တစ်ခါတည်းသတ်ဖြတ်ခဲ့သည်။ သူ့ပြိုင်ဘက် ၁၃ယောက်ကလည်း ဤဓားကြောင့် သေဆုံးသွားခဲ့သည်။
ထိုသို့ဖြင့် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပေါ်ထွက်လာသည်။
ပုံရိပ်များပျောက်ကွယ်သွားပြီး ရှုချွမ်ဟယ်က ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သည်။
အချိန်အတော်ကြာသွားသောအခါတွင် သူက ဟန်မူယဲ့ကို ကြည့်သည်။
“မင်းက ဒီဓားထဲမှာရှိတဲ့ ပုံရိပ်တွေကို တခြားလူတွေမြင်အောင်ပြပြီး ကျင့်ကြံခြင်းရဲ့အခက်အခဲတွေကို သိစေချင်တာလား”
“သတ်ဖြတ်လိုစိတ်ကြောင့် မိစ္ဆာတွေဖြစ်လာမှာကို မစိုးရိမ်ဘူးလား”
လူတချို့က ရှင်သန်ခြင်းနှင့်သေဆုံးခြင်း၏အခက်အခဲကို နားလည်ပြီး နှလုံးသားထဲတွင် ကရုဏာတရားရှိသည်။ လူတချို့က ကျင့်ကြံခြင်း၏အခက်အခဲကို နားလည်ပြီး နှလုံးသားထဲတွင် လေးစားမှုရှိသည်။ သို့သော် တခြားလူများက သတ်ဖြတ်ခြင်းကို စွဲလမ်းနေကြသည်။
ဟန်မူယဲ့၏နည်းလမ်းကို ကောင်းသည် ဆိုးသည်ဟု ဆုံးဖြတ်ရန် မလွယ်ကူပေ။
“အကြီးအကဲချွမ်ဟယ်၊ ဒီနည်းလမ်းကနေတစ်ဆင့် အကျိုးအမြတ်ရသွားတဲ့လူတွေ ပိုများမလား။ ဒါမှမဟုတ် မိစ္ဆာဖြစ်သွားတဲ့လူတွေ ပိုများမလား”
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ညင်သာစွာမေးသည်။
ရှုချွမ်ဟယ်က ကြောင်အသွားပြီး ခေါင်းညိတ်၍ ပြောသည်။
“အကျိုးအမြတ်တွေ ပိုရမှာပေါ့။ လူအများစုက သန့်စင်တဲ့နှလုံးသားကို ပိုင်ဆိုင်ထားတယ်။ ကျင့်ကြံသူတွေကတောင် သတ်ဖြတ်ခြင်းကို အလေးမပေးဘူး”
“အဲဒါဆိုရင် နှလုံးသားကို ဓားနဲ့သန့်စင်တဲ့နည်းလမ်းက ကောင်းလား ဆိုးလား”
ဟန်မူယဲ့က ထပ်မေးလိုက်သည်။
ရှုချွမ်ဟယ်က စဉ်းစားကြည့်လိုက်ပြီး ပြောသည်။
“ငါက သေချာမတွေးမိဘူးပဲ”
“ပြန့်ကျဲကြယ်ကျွန်းမှာ အနေကြာလာတော့ တိုးတက်လိုစိတ် ပျောက်ဆုံးသွားတယ်”
“ကောင်းပြီ။ ငါက မင်းကို ကူညီမယ်”
ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း ဤနည်းလမ်းက လူအများကို ကူညီနိုင်သောကြောင့် အသုံးပြုသင့်သည်။
မိစ္ဆာများပေါ်ပေါက်လာမည်ကို စိုးရိမ်ပြီး ဤနည်းလမ်းကို ဖယ်ရှားရမည်လား။
မိစ္ဆာဖြစ်ချင်သောလူသည် နှလုံးသားသန့်စင်ခြင်းနည်းစနစ်ကို အသုံးမပြုလျှင်ပင် မိစ္ဆာဖြစ်လာလိမ့်မည်။
သုံးရက်အကြာတွင် အသက်ခိုးယူခြင်းမျှော်စင်ရှိခဲ့သော ကျွန်းပေါ်၌ ဓားဝင်္ကပါတစ်ခု ပေါ်လာသည်။
ဓားဝင်္ကပါကို ထောင်ချီသောဓားရှည်များဖြင့် တည်ဆောက်ထားသည်။ ဓားများကို ထုံးကျောက်တုံးထဲတွင် ထိုးစိုက်ပြီး နဂါးတစ်ကောင်အဖြစ် ပုံဖော်ထားသည်။
ထိုဓားများသည် အနိမ့်ဆုံး အဆင့်မြင့်လူသားလက်နက်များ ဖြစ်ပြီး တစ်ဝက်ခန့်သည် ဝိညာဉ်လက်နက်များ ဖြစ်ကြသည်။
အရည်အသွေးမြင့်ဓားများ စုစည်းနေသောကြောင့် မရေမတွက်နိုင်သောလူများကို ဆွဲဆောင်ခဲ့သည်။
လူတစ်ယောက်က ကျောက်တုံးထဲတွင်စိုက်ဝင်နေသော ဓားများဆီသို့ ချဉ်းကပ်သွားပြီး ဓားရိုးကို ထိကြည့်လိုက်သောအခါ မျက်နှာထားပြောင်းလဲသွားသည်။
ဓားရိုးတွင် ရွှေရောင်အင်းကွက်များ ရစ်ပတ်ထားပြီး ပုံရိပ်များပေါ်လာသည်။
ဓားတစ်လက်ဖြင့် သတ်ဖြတ်ခြင်း ....
ဓားကိုင်ထားပြီး ပတ်ဝန်းကျင်တွင်ရှိသောလူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်သည်။
သူက ထိုမြင်ကွင်းများကို ကိုယ်တိုင်ကြုံတွေ့လိုက်ရပုံပေါ်သည်။
ဓားကိုင်ထားသော ပထမဆုံးလူက အဆုံးထိတောင့်မခံနိုင်ဘဲ ပါးစပ်ကိုလက်ဖြင့်အုပ်၍ ထွက်ပြေးသွားသည်။ သူပြန်လာသောအခါတွင် မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။
တခြားလူများက မနေနိုင်တော့ဘဲ စပ်စုလိုစိတ်များနှင့် ရှေ့တက်လာသည်။
တစ်ရက်အကြာတွင် ပြန့်ကျဲကြယ်ကျွန်းများပေါ်၌ ထူးဆန်းသောဓားဝင်္ကပါအကြောင်း ပျံ့နှံ့သွားသည်။
ကမ္ဘာမြေ ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူတစ်ယောက်က ဓား ၁၃လက်ကို ဆက်တိုက်ကိုင်ပြီး ဉာဏ်အလင်းရသွားခဲ့သည်။ သူ၏ စိတ်အခြေအနေနှင့် ကျင့်ကြံဆင့်သည် ပြိုင်တူအဆင့်တက်သွားခဲ့သည်။ သူက ဓားဝင်္ကပါရှေ့တွင် အချိန်အတော်ကြာအောင် ဒူးထောက်နေခဲ့ပြီး ဓားဝင်္ကပါ၏လျှို့ဝှက်ချက် ပေါ်ထွက်လာသည်။
သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် နှလုံးသားကို သန့်စင်ခြင်း ....
ထိုဓားများအားလုံးသည် အသက်ခိုးယူခြင်းမျှော်စင်မှ လုပ်ကြံသူများ၏ ဓားဖြစ်သည်။
ထိုဓားများသည် လူအများအပြားသတ်ဖြတ်ခဲ့ပြီး အဆုံးမရှိသော သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။
လူတစ်ယောက်က ထူးခြားသောနည်းစနစ်တစ်ခုဖြင့် ဓားထဲတွင်ရှိသော သတ်ဖြတ်ခြင်းအငွေ့အသက်များကို ပုံရိပ်အဖြစ်ပြောင်း၍ ဓားပိုင်ရှင်များ၏ဘဝကို ပြန်လည်ပြသခဲ့သည်။
လူသတ်သမားများက အမြဲလူသတ်သည်။
ထိုဝင်္ကပါကို တည်ဆောက်ခဲ့သောလူသည် အမှန်တကယ်သဘောထားကြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ဝင်္ကပါတည်ဆောက်ထားသော ၁၃ရက်မြောက်နေ့တွင် မဟာဓားကျင့်ကြံသူတစ်ဦး ရောက်လာခဲ့သည်။ သူက ဓား ၁၃၂လက်ကို ဆက်တိုက်ကြည့်ပြီး ကောင်းကင်အထိ ဓားအလင်းများ ထိုးတက်သွားသည်။
“အသက်ခိုးယူခြင်းမျှော်စင်ရဲ့ တိလင်းယန်၊ မင်းနဲ့ငါက ကမ္ဘာမကျေရန်သူတွေပဲ”
ကောင်းကင်အဆင့်သို့ရောက်နေသော တပည့်တစ်ယောက်က ပျောက်ကွယ်သွားခဲ့သည်။ သူက အဆုံးမဲ့ပင်လယ်ထဲတွင် ကျဆုံးသွားခဲ့သည်ဟု လူများထင်ခဲ့သည်။
သို့သော် ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူက ဓားပုံရိပ်များထဲတွင် လုပ်ကြံခံလိုက်ရသောတပည့်ဖြစ်သူကို မြင်ခဲ့ရသည်။
ထိုအမုန်းတရားကို ဖိနှိပ်မထားနိုင်ပေ။
ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူက အသက်ခိုးယူခြင်းမျှော်စင်ကို အပြတ်ရှင်းပစ်ရန် ကျိန်ဆိုခဲ့သည်။
ထိုသတင်းပြန့်သွားသောအခါတွင် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့သည်။ လူအများအပြားက ဓားပုံရိပ်ထဲတွင် တပည့်များ၊ ဂိုဏ်းတူအစ်ကိုများနှင့် ဆွေမျိုးများကို မြင်ခဲ့ရသည်။
သုံးရက်အတွင်း၌ ပြန့်ကျဲကြယ်ကျွန်းများတွင်ရှိသော လူတိုင်းက အသက်ခိုးယူခြင်းမျှော်စင်၏ မကောင်းသောလုပ်ရပ်များကို ပြောလာကြသည်။
ခုနစ်ရက်အကြာတွင် အသက်ခိုးယူခြင်းမျှော်စင်၏ ခေါင်းဆောင်ဖြစ်သူ တိလင်းယန်က ဝိညာဉ်သူငယ်အဆင့်ကျွမ်းကျင်သူ ၁၃ယောက်၏ ပူးပေါင်းသတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
အင်အားစု ၁၅ခုထဲတွင် ပါဝင်သော အသက်ခိုးယူခြင်းမျှော်စင်သည် အမှန်တကယ်အဆုံးသတ်သွားပြီဖြစ်သည်။
မိုင်ထောင်ချီကျယ်ဝန်းသော ဧရာမကျွန်းတစ်ကျွန်းပေါ်တွင် ဓားကျင့်ကြံသူများနှင့် မြို့ကြီးတစ်မြို့ရှိသည်။
မြို့လယ်တွင် ထူးခြားသောအငွေ့အသက်များနှင့် ခုနစ်လွှာစံအိမ်တစ်ခု ရှိနေသည်။
အလင်းခုနစ်ပါးစံအိမ် ....
ပြန့်ကျဲကြယ်ကျွန်းများတွင် အလင်းခုနစ်ပါးဓားဂိုဏ်းသည် အင်အားစုကြီးတစ်ခုဖြစ်သည်။
ယခုအချိန်တွင် ခုနစ်လွှာစံအိမ်၏ အပေါ်ဆုံးအထပ်၌ ကျူးဝူရှစ်နှင့် ဇူအော်ထျန်းယာတို့က အငွေ့အသက်များကို ထိန်းသိမ်းထားပြီး မတ်တပ်ရပ်နေသည်။
ယခင်က အလင်းခုနစ်ပါးစံအိမ်၏ အပေါ်ဆုံးထပ်သို့သွားပြီး စံအိမ်သခင်နှင့် တွေ့နိုင်လျှင် ဂုဏ်ယူစရာတစ်ခုဖြစ်သည်။