အခန်း (၅၈၆)
Vol. 42 Ch. 586
ကျန့်တနျိုက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ခေါင်းခါသည်။
“ငါက ပန်းပဲပညာကို သင်ယူချင်တယ်”
“ဒါပေမဲ့ ငါ့ကလေးနှစ်ယောက်က စာသင်ကြားဖို့အခွင့်အရေးရမယ်ဆိုရင် ကောင်းလိမ့်မယ် ....”
ဟန်မူယဲ့က အောက်ထပ်သို့ဆင်းလာသောအချိန်တွင် ရှောက်ထျန်းရီနှင့် ကျန့်တနျိုက ထောင်ကျစ်ရှင်းရောက်လာခဲ့ကြောင်း ပြောပြလိုက်သည်။
ထိုလူက ယန်ကျန်းချင်၏လက်ရေးစာကို ဝယ်ယူချင်သည်ဟု ရှောက်ထျန်းရီက ပြောသည်။
ဟန်မူယဲ့က ရတနာမျှော်စင်ကိုကြည့်လိုက်ပြီး အတွေးများနေသည်။
သူက ပြန့်ကျဲကြယ်ကျွန်းတွင် ကြာမြင့်စွာနေထိုင်ခဲ့သောကြောင့် တခြားအကြောင်းအရာများကို ပိုသိလာသည်။
အထူးသဖြင့် ရှုချွမ်ဟယ်၏လမ်းပြမှုကြောင့် ပြန့်ကျဲကြယ်ကျွန်းတွင်ရှိသော အင်အားစုများ၏အကြောင်းကို ရှင်းလင်းစွာသိလာသည်။
ဝမ်ယွမ်စံအိမ်သခင် ထောင်ကျစ်ရှင်းသည် တာအိုနယ်မြေကို ဖွဲ့စည်းထားသော ကွန်ဖြူးရှပ်တာအို၏ မဟာကျင့်ကြံသူကြီးတစ်ဦးဖြစ်သည်။
ဝမ်ယွမ်စံအိမ်၏နောက်ကွယ်တွင် ကွန်ဖြူးရှပ်တာအိုထွန်းကားသော ကျင်းနန်ကြယ်ရှိသည်။
ပြန့်ကျဲကြယ်ကျွန်းများတွင် ဝမ်ယွမ်စံအိမ်တွင်သာ ကွန်ဖြူးရှပ်တာအိုနောက်ခံရှိသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည်လည်း ကွန်ဖြူးရှပ်တာအိုထွန်းကားသည်။
ထိုအင်အားစုနှစ်ခု ပူးပေါင်းနိုင်လျှင် တာအိုပြိုင်ပွဲတွင် အနိုင်ရရန် အခွင့်အရေးပိုများလာလိမ့်မည်။
သို့သော် ဟန်မူယဲ့က ကျင်းနန်နယ်မြေ၏သဘောထားကို မသိသေးပေ။
တာအိုပြိုင်ပွဲသည် အန္တရာယ်များပြီး လူတိုင်းပါဝင်ချင်သောအရာမျိုး မဟုတ်ပေ။
“မိန်းကလေးယု”
တံခါးဝတွင် ကျန့်တနျို၏အသံ ထွက်လာသည်။
ဟန်မူယဲ့က လှည့်ကြည့်လိုက်သောအခါတွင် ဆံပင်ဖြူလူအိုကြီးတစ်ယောက်နှင့်အတူ ဖြည်းဖြည်းချင်းလျှောက်လာသော ယုချင်းကျူးကို မြင်လိုက်ရသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
“ဟန်မူယဲ့က ဆရာယုကို နှုတ်ဆက်ပါတယ်”
ထိုလူသည် ဓားဖိုပိုင်ရှင် ယုဖုန်းလင်းဖြစ်သည်။ သူက ပန်းပဲပညာ၏ ဆရာသခင်တစ်ဦးဖြစ်ပြီး ရတနာများကို ဖန်တီးခဲ့သည်။
“ဟီးဟီး၊ ဆိုင်ရှင်ဟန်က တားဆီးလို့မရတဲ့ထက်မြိမှုတွေနဲ့ လူငယ်သူရဲကောင်းတစ်ယောက်ပါပဲ။ ဒီလူအိုကြီးက မယှဉ်နိုင်ပါဘူး”
ယုဖုန်းလင်းက အပြုံးတစ်ခုနှင့်အတူ ပြောသည်။ သူက ပတ်ဝန်းကျင်တွင်ရှိသော သစ်သားစင်များနှင့် နံရံတွင်ရှိသော ပန်းချီကားများကို ကြည့်လိုက်သည်။
“ပြန့်ကျဲကြယ်ကျွန်းတွေမှာ ဝမ်ယွမ်စံအိမ်ရဲ့ ကျင့်ကြံသူထောင်ကျစ်ရှင်းက ကွန်ဖြူးရှပ်တာအိုနဲ့ပတ်သတ်ပြီး အကျွမ်းကျင်ဆုံးပဲ။ မင်းကလည်း ကွန်ဖြူးရှပ်တာအိုကို နားလည်ရင် ငါက သူနဲ့ မိတ်ဆက်ပေးနိုင်တယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ကျေးဇူးပါအကြီးအကဲ”
ထိုသို့ဖြင့် သူက ယုဖုန်းလင်းနှင့် ယုချင်းကျူးတို့ကို အပေါ်ထပ်သို့ ခေါ်သွားသည်။
“စောနလေးတုန်းကပဲ လာသွားတာမဟုတ်ဘူးလား ....”
ကျန့်တနျိုက ရှောက်ထျန်းရီကို နားမလည်နိုင်စွာကြည့်သည်။
ရှောက်ထျန်းရီက လက်ကို ဝှေ့ယမ်းလိုက်သည်။
‘ဒါက ငါတို့ဝင်ပါနိုင်တဲ့အရာမျိုးလား’
“ကျားဝူက ယွီလန်လမ်းကနေ ထွက်သွားတော့မှာ။ တနျို၊ သူ့ကို တစ်ခုခုကူညီပေးနိုင်တာရှိမလား သွားကြည့်လိုက်ပါအုံး”
ရှေဦက်ထျန်းရီက ပြုံးလိုက်ပြီး ဘေးတွင်ရှိသောဆိုင်ကို ညွှန်ပြသည်။
ကျန့်တနျိုက ခေါင်းညိတ်လိုက်ပြီး ထွက်သွားသည်။
ဟန်မူယဲ့က ယုဖုန်းလင်းရောက်လာသည့်အတွက် အံ့အားသင့်မသွားပေ။
ဓားဖိုနှင့် ဓားဆိုင်များ၏ဆက်ဆံရေးသည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည်။
သူတို့က နေရာယူပြီး စကားအနည်းငယ်ပြောပြီးသောအခါတွင် ယုဖုန်းလင်းက ရှေးခေတ်ကြေးဓားတစ်လက်ကို ထုတ်ယူသည်။
“မိတ်ဆွေလေး ဒီဓားနဲ့ပတ်သတ်ပြီး ထူးခြားချက်ကို ပြောပြနိုင်မလား”
‘ဓားအကဲဖြတ်တာလား’
‘စီးပွားရေးလား’
‘ဒါမှမဟုတ် မျက်နှာသာပေးတာလား’
ဟန်မူယဲ့က ဈေးနှုန်းအကြောင်းမပြောဘဲ အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်၍ ဓားကိုယူသည်။
ဓားက အနည်းငယ်လေးလံပြီး အေးစက်မှုများ စိမ့်ထွက်နေသည်။
သူက ဓားရိုးကို ကိုင်ကြည့်လိုက်သောအခါတွင် အသိစိတ်တစ်ခုကို ခံစားမိသည်။
ဓားသည် သုံးပေရှည်လျားပြီး ၃၅၂ပေါင်လေးသည်။ ရေခဲအဆီအနှစ်သံမဏိဖြင့် ပြုလုပ်ထားသည်။
ယုဖုန်းလင်းက ဓားနှင့်ပတ်သတ်၍ မမေးလောက်ပေ။
ဟန်မူယဲ့က လက်သီးဆုပ်ထားပြီး ဓားချီအချို့က ဓားထဲသို့ စိမ့်ဝင်သွားသည်။ ဓားမြည်သံပေါ်ထွက်လာသည်။
သူက ပုံရိပ်များကို မြင်လိုက်ရသည်။
“ဘုန်း”
ကျယ်လောင်သောအသံနှင့်အတူ ဓားတစ်လက်ပေါ်လာသည်။
တောင်တစ်လုံးကဲ့သို့လေးလံသော ကြိတ်ဆုံတစ်ခုရှိနေသည်။ ကြိတ်ဆုံလှုပ်ရှားသွားသောအချိန်တိုင်းတွင် ဓားဆယ်လက်ဖြစ်ပေါ်လာသည်။
‘ဒီနည်းလမ်း ....’
ဟန်မူယဲ့က မျက်လုံးပြူးသွားသည်။
‘ကျင့်ကြံခြင်းလောကမှာ ဒီလိုနည်းလမ်းမျိုး ရှိတယ်လား’
အင်းကွက်များထွင်းထုပြီး အချောသတ်ထားသောဓားများသည် တစ်ကြိမ်လျှင် ဆယ်လက်၊ အလက်တစ်ရာခန့် တစ်ပြိုင်နက်ထွက်လာသည်။
ထို့နောက် ဓားများကို ဓားကျင့်ကြံသူများဆီသို့ ဝေပေးလိုက်သည်။
ထိုဓားကျင့်ကြံသူများသည် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဖြောင့်မတ်စွာရပ်နေကြသည်။
သူတို့က ရန်သူများကိုသတ်ဖြတ်ရန်အတွက် လေ့ကျင့်ထားသော ဓားကျင့်ကြံသူများဖြစ်ကြသည်။
တစ်နေ့တွင် ဓားကျင့်ကြံသူတစ်ယောက်က ဓားကျင့်ကြံသူစစ်တပ်နှင့်အတူ ပြေးဝင်လာခဲ့သည်။
“ဆည်ထဲမှာရှိတဲ့ကျင့်ကြံသူလေးတစ်ယောက်က ငါတို့ကို စောင့်ကြည့်ရဲတယ်လား”
“သတ်”
ဟန်မူယဲ့က ထိုဆည်ကို မသိပေ။ သို့သော် သူက အဆုံးမဲ့ပင်လယ်၊ ပျက်စီးခြင်းစကြဝဠာ၏ အစိတ်အပိုင်းများနှင့် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးကို မြင်ခဲ့ရသည်။
စစ်တပ်သည် ရေလှိုင်းများကဲ့သို့ လမ်းတစ်လျှောက်တွင် အရာအားလုံးကိုသတ်ဖြတ်ပြီး ထွက်သွားခဲ့သည်။
ထိခိုက်မှုနှင့် ဆုံးရှုံးမှုများ ရှိနေသည်။ ဓားပိုင်ရှင်သည် အဆုံးမဲ့ပင်လယ်တွင် သေဆုံးသွားခဲ့သည်။
“ဆည် ....”
ဟန်မူယဲ့က ကောင်းကင်တစ်ခုကို မြင်ခဲ့ရသည်။ ထိုကောင်းကင်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အလယ်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေအား ပိုင်းခြားထားသော ကောင်းကင်နှင့် တူသည်။
သို့သော် ထိုကောင်းကင်အလင်းလွှာသည် ကမ္ဘာများကို သီးခြားခွဲထုတ်ရုံသာမက အဆုံးမဲ့ပင်လယ်ကို ဆည်တစ်ခုသဖွယ် ဝိုင်းရံထားသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာ၊ အဆုံးမဲ့ပင်လယ်နှင့် စကြဝဠာများအားလုံးသည် အကျဉ်းကျနေပုံရသည်။
‘ဆည်ရဲ့အပြင်ဘက်မှာ ဘယ်လိုကမ္ဘာမျိုးရှိနေတာလဲ’
ဟန်မူယဲ့၏မျက်လုံးများ တောက်ပလာသည်။
မရေမတွက်နိုင်သောဓားများကို တစ်ပြိုင်နက်သန့်စင်ပြီး ကျင့်ကြံသူအများအပြားကို ပျိုးထောင်ပေးနိုင်သောလူများသည် အလွန်သန်မာလိမ့်မည်။
သူတို့က အလွန်သန်မာသောကြောင့် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၊ အဆုံးမဲ့ပင်လယ်နှင့် ပျက်စီးခြင်းစကြဝဠာသည် ရှုံးနိမ့်သွားခဲ့သည်။
“ဝီ”
ညင်သာသောအသံတစ်ခုနှင့်အတူ ပုံရိပ်များ ပျောက်ကွယ်သွားသည်။
သို့သော် ပုံရိပ်များမပျောက်ကွယ်ခင် ဟန်မူယဲ့က အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူအိုကြီးက လက်ထဲတွင် ဓားတစ်လက်ကိုင်ထားပြီး ယုဖုန်းလင်းဆီသို့ ပစ်ပေးလိုက်သည်။
သို့သော် ထိုပုံရိပ်သည် ဟန်မူယဲ့၏စိတ်ထဲတွင်ရှိသော မြင်ကွင်းများကို ပြိုကျသွားစေသည်။
ယခင်တစ်ခေါက်က ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးကြောင့် သူ့စိတ်ထဲတွင်ရှိသော မြင်ကွင်းသည် ပြိုကျသွားခဲ့သည်။
ယုဖုန်းလင်းကို ဓားပေးလိုက်သော လူအိုကြီးသည် တာအိုဘိုးဘေးအဆင့်ကျွမ်းကျင်သူ ဖြစ်လိမ့်မည်။
အဆုံးမဲ့ပင်လယ်တွင် နတ်ဘုရားဘုရင်များသာမက တာအိုဘိုးဘေးများလည်း ရှိနေသည်။
ဟန်မူယဲ့က ဓားကို ဖြည်းဖြည်းချင်းလွှတ်လိုက်ပြီး ယုဖုန်းလင်းကို ကြည့်သည်။
“အကြီးအကဲက ဒီဓားရဲ့သန့်စင်ခြင်းနည်းစနစ်ကို လေ့လာချင်တာလား”
ယုဖုန်းလင်းက လေးနက်သောမျက်နှာထားဖြင့် ခေါင်းညိတ်သည်။
ဟန်မူယဲ့က တွေးကြည့်လိုက်ပြီး ခေါင်းခါသည်။
“ကျွန်တော့်ခန့်မှန်းချက်အရဆိုရင် ဒီဓားကို ဝိညာဉ်သတ္တုတွေပေါင်းစပ်ပြီး တစ်ခါတည်းထုတ်လုပ်လိုက်တာပဲ။ အသေးစိတ်သန့်စင်ထားတာမျိုး မရှိဘူး”
“အဲဒါကြောင့် တစ်ခါတည်း ဓားတွေအများကြီးထုတ်လုပ်နိုင်ပေမဲ့ အဆင့်မြင့်ဓားကိုတော့ ရမှာမဟုတ်ဘူး”
“အကြီးအကဲရဲ့ ပန်းပဲပညာရပ်အတွက် အများကြီးအကူအညီဖြစ်မှာမဟုတ်ဘူး”
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ယုဖုန်းလင်းက အံ့အားသင့်သွားပြီး ကျယ်လောင်စွာရယ်လိုက်သည်။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် တူညီသောဓားဆယ်လက် ပေါ်လာသည်။
“ဒီလိုမျိုးဓားတွေကို အမှားအယွင်းမရှိဘဲ ဘယ်ပန်းပဲပညာရှင်က သန့်စင်နိုင်တာလဲလို့ ငါတွေးနေခဲ့တာ”
“ဒီလိုနည်းစနစ်မျိုးက တကယ်စိတ်ဝင်စားဖို့ကောင်းတယ်”
အမှန်ပင်ဖြစ်သည်။
ဥပမာအနေဖြင့် ဓားဝင်္ကပါတစ်ခုတည်ဆောက်ရန်အတွက် ဓားများသန်မာလေ ပိုကောင်းလေဖြစ်သည်။
ပြီးပြည့်စုံသောဓားများသည် ဓားဝင်္ကပါအတွက် အသင့်တော်ဆုံးဖြစ်သည်။
‘ဓားဝင်္ကပါလား’
ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။
‘ဟယ်ယွီဟူက သလင်းကျောက်အဆီအနှစ်နဲ့ ဓားဝင်္ကပါတစ်ခုကို တည်ဆောက်နေတာမဟုတ်လား’
‘အခွင့်ရေးထောင်ချီဓားကို အဆုံးမဲ့ပင်လယ်က အသုံးချလိုက်ပြီထင်တယ်’
ဟန်မူယဲ့၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ဟယ်ယွီဟူ၏အပြုံးက ပိုမိုအသက်ဝင်လာသည်။
ဉာဏ်ကောင်းသောလူများနှင့် လွယ်ကူစွာစကားပြောနိုင်သည်။ သူက ထုတ်ပြောရန်မလိုအပ်ဘဲ တစ်ဖက်လူက သူ့နောက်တွင် အဆုံးမဲ့ပင်လယ်ရှိနေကြောင်း သိသွားသည်။
“ဘုန်း”
အဝေးတစ်နေရာတွင် မိုးကြိုးများဆင်းသက်လာသည်။
မဟာကျင့်ကြံသူကြီးတစ်ယောက် အဆင့်တက်သွားခဲ့သည်။
ဟန်မူယဲ့နှင့်ယုဖုန်းလင်းက မတ်တပ်ရပ်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
အဆင့်တက်ရန် အခွင့်အရေးရှိသောလူသည် ဓားသွန်းပညာရှင် ကူချမ်ရှန်ပင် ဖြစ်လိမ့်မည်။
“ညီအစ်ကိုချမ်ရှန်က မိတ်ဆွေလေးရဲ့အကူအညီကြောင့် အဆင့်တက်သွားနိုင်တာပါ ....”
ယုဖုန်းလင်းက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ရယ်လိုက်သည်။
ဟန်မူယဲ့က အတော်လေးပျော်ရွှင်နေသည်။
ထိုအရာသည် အကျိုးဆောင်မှုကြီးတစ်ခုဖြစ်သည်။
ယနေ့တွင် ယုဖုန်းလင်းရောက်လာသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။ သူက ကူချမ်ရှန်အဆင့်တက်တော့မည်ကို သိထားပုံရသည်။
မျှော်လင့်ထားသည့်အတိုင်း နာရီဝက်အကြာတွင် မိုးကြိုးများပျောက်ကွယ်သွားသည်။ အဆင့်တက်သွားသော ဆရာသခင်ကူချမ်ရှန်သည် တော်ဝင်ရှုခင်းဓားဆိုင်သို့ အရင်ဆုံးအလည်ရောက်လာသည်။
ဓားဆိုင်ထဲတွင် သူက ဆိုင်ရှင်နှင့်စကားပြောနေသော ယုဖုန်းလင်းနှင့် တိုက်ဆိုင်စွာတွေ့ခဲ့သည်။ သူတို့သုံးယောက်က ပျော်ရွှင်စွာစကားပြောပြီး သေရည်သောက်ခဲ့သည်။
ထိုဖြစ်ရပ်ကို ယုဖုန်းလင်း၏မြေး၊ ယုမိသားစု၏ သမီးကြီးဖြစ်သူ ယုချင်းကျူးက ကိုယ်တိုင်ပြောခဲ့သည်။
တော်ဝင်ရှုခင်းဓားဆိုင်၏ ဆိုင်ရှင်ဟန်က ခြောက်ထပ်စံအိမ်၏ ဓားတာအိုပြိုင်ပွဲသို့ ဖိတ်ခေါ်ခံရသည်ဟု မိန်းကလေးယုက ဆက်ပြောခဲ့သည်။ အချိန်ကျလာလျှင် သူမက ဆိုင်ရှင်ဟန်ကိုအဖော်ပြုပြီး ဓားတာအိုပြိုင်ပွဲသို့ လိုက်သွားလိမ့်မည်။
ဓားအကဲဖြတ်ပွဲ၊ အသက်ခိုးယူခြင်းမျှော်စင်နှင့် နှလုံးသားသန့်စင်ခြင်းဓားဝင်္ကပါတို့သည် ဆိုင်ရှင်ဟန်နှင့် ပတ်သတ်နေသည်။
ပြန့်ကျဲကြယ်ကျွန်းများက သက်ဝင်လှုပ်ရှားနေသောအချိန်တွင် ပင်လယ်ထဲမှ နားအူလောက်သောအသံများ ပေါ်ထွက်လာသည်။
နေ့တစ်ဝက်အကြာတွင် ထိတ်လန့်ဖွယ်သတင်းကို ကြားလိုက်ရသည်။
အဆုံးမဲ့ပင်လယ်၏ကြယ်ပွင့် ပိုင်ကျီယုသည် အခွင့်အရေးထောင်ချီဓားဖြင့် ရေဝိညာဉ်နန်းတော်၏ သခင်မလေးကို အနိုင်ယူခဲ့သည်။
ရေဝိညာဉ်နန်းတော်၏သခင်မလေး ရွှေယွဲ့အာသည် ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး နန်းတော်၏ တားမြစ်နယ်မြေတွင် ပြန်လည်ကုသနေသည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်သည် အပြင်းအထန်ထိခိုက်သွားခဲ့သည်ဟု ပြောကြသည်။
အခွင့်အရေးထောင်ချီဓား ....
ထိုဓားကို ဓားအကဲဖြတ်ပွဲတွင် တော်ဝင်ရှုခင်းဓားဆိုင်၏ ဆိုင်ရှင်ဟန်က အကြံပြုခဲ့သည်။ ပန်းပဲပညာရှင် ဟယ်ယွီဟူက ကိုယ်တိုင်သန့်စင်ခဲ့သည်။
“အဲဒီတော့ ရေဝိညာဉ်နန်းတော်က ကျွန်တော့်ကို ပြဿနာရှာချင်တာလား”
တော်ဝင်ရှုခင်းဓားဆိုင်၏ ဒုတိယထပ်တွင် ဟန်မူယဲ့က မျက်နှာထားလေးနက်နေသော ရှုချွမ်ဟယ်ကို ကြည့်လိုက်သည်။
ရှုချွမ်ဟယ်က ခေါင်းညိတ်သည်။
‘ဒါက အလိုလိုရောက်လာတဲ့ ကပ်ဘေးများလား’
ဟန်မူယဲ့က ဖျော့တော့စွာပြုံးသည်။
သူ့မျက်လုံးများက တောက်ပနေသည်။
သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ပြဿနာက လုံလောက်စွာ မကြီးမားမည်ကိုသာ သူစိုးရိမ်သည်။
နန်းတော်သုံးခု၊ စံအိမ်ခုနစ်ခုနှင့် အင်အားစုဆယ့်ငါးခု။ နန်းတော်သုံးခု၏နောက်ကွယ်တွင်ရှိသော အင်အားစုများသည် အလွန်အားကောင်းသည်။
ယွီလင်နန်းတော်၏နောက်ကွယ်တွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါး ရှိသည်။ မိစ္ဆာတစ်သောင်းနန်းတော်၏ နောက်ကွယ်တွင် ထူးခြားသောမိစ္ဆာတစ်ယောက် ရှိသည်။
ရေဝိညာဉ်နန်းတော်တွင် အမျိုးသမီးကျင့်ကြံသူများနှင့် တပည့်များ ရှိသည်။ သူတို့၏နောက်ကွယ်တွင်ရှိသော အင်အားစုကို ခန့်မှန်းရန် ခက်ခဲသည်။
သို့သော် နန်းတော်သခင်သည် အဆုံးမဲ့ပင်လယ်တွင် ကောင်းကင်ဘုံဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ပြီး ခေတ်တစ်ခေတ်ကို ဖိနှိပ်ခဲ့သည်။
ရေဝိညာဉ်နန်းတော်၏ခွန်အားကို လူတိုင်းက အသိအမှတ်ပြုထားသည်။
ခြောက်ထပ်စံအိမ်ကပင် ထိုအင်အားစုမျိုးကို ထိပ်တိုက်ရင်ဆိုင်ရန် အလိုမရှိပေ။
ဟန်မူယဲ့၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ရှုချွမ်ဟယ်က ခေါင်းခါသည်။