← Chapters

အခန်း (၅၈၈)

Vol. 42 Ch. 588

အခန်း (၅၈၈)

Vol. 42 Ch. 588

ယုဖုန်းလင်းက ပန်းချီကားကိုယူပြီး ထွက်သွားသည်။

သူထွက်သွားသောအခါတွင် ထောင်ကျစ်ရှင်းက ခါးမတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ဆရာဟန်၊ ငါတို့ တာအိုဆွေးနွေးကြမလား”

တာအိုဆွေးနွေးခြင်း ....

သူတို့က တာအိုကို ဆွေးနွေးကြမည်။

“အဲဒါက ကျွန်တော်လိုချင်တာပါပဲ”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်သည်။

ကျင်းနန်နယ်မြေတွင် ကွန်ဖြူးရှပ်နှင့် တာအိုအယူဝါဒသည် လေးစားခံရသည်။ သူတော်စင်ဖြစ်သွားသော မဟာကျင့်ကြံသူကြီးများလည်း ရှိနေသည်။

ကျင်းနန်နယ်မြေ၏ ကွန်ဖြူးရှပ်တာအိုသည် သန့်စင်ခြင်းကို အလေးပေးသည်။ လောက၏ တိုးတက်မှုကို ရှာဖွေနိုင်သည်။

မဟာကျင့်ကြံသူအများစုသည် စုတ်တံနှင့်မင်ရည်ကိုအသုံးပြု၍ ပုံရိပ်ယောင်ကမ္ဘာတစ်ခုရေးဆွဲပြီး အစစ်အမှန်နှင့်အတုအယောင်ကို ခွဲခြားကြသည်။

ထိုသို့ဖြင့် နှလုံးသားတွင် ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖြစ်တည်လာသည်။ နှလုံးသားထဲတွင် အမှန်နှင့်အမှားရှိပြီး စိတ်ရှုပ်ထွေးသွားမည်ကို စိုးရိမ်ရန်မလိုတော့ပေ။

တစ်ဖက်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံခြင်းသည် ဉာဏ်အလင်းနှင့် လူသားဆန္ဒများစုစည်းခြင်းကို အလေးပေးသည်။

ထိုလမ်းစဉ်သည် သမာဓိစွမ်းအား၏အကူအညီဖြင့် မဟာတာအိုကို နားလည်နိုင်သည်။

သို့သော် စိတ်အခြေအနေကျင့်ကြံခြင်းတွင် ကျင်းနန်ကမ္ဘာကဲ့သို့ ခိုင်မာမှုမရှိပေ။

ထောင်ကျစ်ရှင်းက မျက်လုံးများ တောက်ပနေပြီး တီးတိုးပြောလိုက်သည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ နည်းစနစ်ကို ကိုးကားချက်အနေနဲ့ အသုံးချနိုင်တယ်”

ကျင်းနန်နယ်မြေတွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများသည် ပုံရိပ်ယောင်နှင့် စိတ်ပိုင်းဆိုင်ရာနည်းစနစ်များကို ကျင့်ကြံကြသည်။ သို့သော် သူတို့က မဟာတာအိုကို ရှာဖွေရန် နည်းလမ်းမရှိပေ။

သူတို့၏တိုက်ခိုက်နိုင်စွမ်းက ကောင်းမွန်သော်လည်း အဆင့်မြင့်ကျင့်ကြံသူများကို မြေတောင်မြှောက်မပေးနိုင်ပေ။

သူတို့က လူသားဆန္ဒစွမ်းအားကို စုစည်းပြီး ကောင်းကင်တာအိုကို သုံးသပ်နိုင်လျှင် ကျင်းနန်နယ်မြေ၏ ကွန်ဖြူးရှပ်တာအိုက တိုးတက်လာလိမ့်မည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာက ကွန်ဖြူးရှပ်တာအိုရဲ့ စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းနိုင်ရင် ကျင်းနန်နယ်မြေရဲ့နည်းစနစ်ကိုလည်း အသုံးချနိုင်တယ်”

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြုံးသည်။

ထိုအရာသည် တာအိုဆွေးနွေးခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။

“ဒါနဲ့ ဆရာဟန်၊ မင်းရဲ့ဓားပညာက အရမ်းကောင်းမွန်ပြီး ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းကလည်း လေးနက်တယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာရှိတဲ့ ကျင့်ကြံသူတိုင်းက ဓားပညာနဲ့ ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံကြတာလား”

ထောင်ကျစ်ရှင်းက မေးလိုက်သည်။

ဟန်မူယဲ့က ပြံးလိုက်ပြီး သမင်ဖြူတောင်တန်းကျောင်းတော်၏အကြောင်းကို ပြောပြသည်။

“ဓားကိုင်ထားတဲ့ ကျောင်းတော်သားတစ်ယောက်၊ ကဗျာကို ဓားအဖြစ်ပြောင်းလိုက်တာလား”

ထောင်ကျစ်ရှင်း၏အရှိန်အဝါများ ပေါ်ထွက်လာသည်။

“ကောင်းကင်နဲ့မြေကြီးအတွက် နှလုံးသားကို တည်ဆောက်တယ်”

“လူတွေအတွက် ဘဝကိုတည်ဆောက်တယ်”

“သူတော်စင်တွေရဲ့အမွေအနှစ်ကို လက်ဆင့်ကမ်းတယ်”

“ခေတ်အဆက်ဆက်အတွက် ငြိမ်းချမ်းရေးတည်ဆောက်တယ်”

ထောင်ကျစ်ရှင်း၏ခန္ဓာကိုယ်ပေါ်တွင် သမာဓိစွမ်းအားများ ပေါ်ထွက်လာသည်။ သူက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ငါတို့ကျင်းနန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ မယှဉ်နိုင်ပါဘူး”

သူက တောက်ပနေသောမျက်လုံးများနှင့် ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“ဒီလိုမျိုး ကွန်ဖြူးရှပ်တာအိုကို နှစ်တစ်ရာပြိုင်ပွဲက တားဆီးနိုင်မှာမဟုတ်ပါဘူး”

“ငါက ကျင်းနန်နယ်မြေကို ပြန်သွားလိုက်မယ်”

သူက ပြတ်သားသောအကြည့်များဖြင့် လေးနက်စွာပြောသည်။

“ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကူညီပေးဖို့အတွက် သူတော်စင်တွေကို ဆွဲဆောင်လိုက်မယ်”

ဟန်မူယဲ့က ပြုံးလိုက်ပြီး မတ်တပ်ရပ်၍ ဦးညွှတ်သည်။

“ကျေးဇူးပါဆရာထောင်”

ပြန့်ကျဲကြယ်ကျွန်းများပေါ်တွင် ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် မဟာမိတ်ရှာပေးရန် ရည်ရွယ်ခဲ့သည်။

ဟန်မူယဲ့က ကျင်းနန်နယ်မြေကဲ့သို့ အင်အားစုကြီးတစ်ခုနှင့် ပူးပေါင်းနိုင်သည့်အတွက် ပျော်ရွှင်မိသည်။

“ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး”

ထောင်ကျစ်ရှင်းက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဒီလိုမျိုး ကွန်ဖြူးရှပ်တာအိုအမွေအနှစ်တွေရှိနေတဲ့ ကမ္ဘာတစ်ခုက ကျဆုံးသွားခဲ့ရင် ငါတို့ကွန်ဖြူးရှပ်တာအိုအတွက် ဆုံးရှုံးမှုကြီးဖြစ်သွားမှာပေါ့”

“တခြားလူတွေ မလာရင်တောင် ငါက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ရောက်လာမှာပါ”

“ငါက တော်ဝင်ကျောင်းတော်နဲ့ သမင်ဖြူတောင်တန်းကျောင်းတော်ကို သွားကြည့်ချင်တယ်။ သခင်နွယ်စိမ်းနဲ့လည်း တွေ့ချင်တယ်”

တာအိုဆွေးနွေးပြီးသောအခါတွင် ထောင်ကျစ်ရှင်းက ကမ္ဘာသစ်တစ်ခုကို မြင်လိုက်ရသည်။

ကျင်းနန်နယ်မြေကဲ့သို့ ကွန်ဖြူးရှပ်တာအိုနယ်မြေတစ်ခု ရှိနေသည်။ သူက သွားမကြည့်ဘဲ နေနိုင်မည်မဟုတ်ပေ။

....

သူတို့နှစ်ယောက် အောက်ဆင်းလာသောအခါတွင် နေဝင်ချိန်ရောက်နေပြီဖြစ်သည်။

“မင်းတို့နှစ်ယောက်က တစ်ညလုံးစကားပြောနေတော့မယ်လို့ ငါထင်နေတာ”

ယုဖုန်းလင်းက ပြုံးသည်။

သူတို့က ထောင်ကျစ်ရှင်းကိုနှုတ်ဆက်ပြီး ကျန့်တနျိုကိုခေါ်၍ ပိုးစုန်းကြူးကျွန်းသို့ ပြန်လာခဲ့သည်။

ကျန့်တနျိုက ဝမ်ယွမ်စံအိမ်၏တပည့်များနှင့် စကားပြောပြီး ကလေးနှစ်ယောက်အတွက် စာသင်ကြားခွင့် ရခဲ့သည်။

ဝမ်ယွမ်စံအိမ်က တပည့်များမစုဆောင်းသော်လည်း အဆက်အသွယ်များရှိသည်။

ကျန့်တနျိုက ဟန်မူယဲ့နှင့်အတူ လာခဲ့သည်။ ထို့ကြောင့် သူ့ကို အခွင့်အရေးတချို့ပေးလိုက်လျှင်လည်း အရေးမကြီးပေ။

ထိုအရာသည် ကျင့်ကြံခြင်းလောက ဖြစ်သည်။

ကျင့်ကြံခြင်းလောကသို့ မဝင်ရောက်နိုင်လျှင် ဂရုစိုက်ပေးမည့်လူ မရှိပေ။

ကျန့်တနျိုက စံအိမ်မှ ထွက်လာသောအခါတွင် ကျင့်ကြံခြင်းလောကသည် အလွန်လှပနေသည်ဟု ခံစားလိုက်ရသည်။

ရှောက်ထျန်းရီ၊ ကျန်းဝူနှင့် ရှန်းဖူကွေ့တို့က ကြင်နာတတ်ပြီး သူ့ကို ကောင်းမွန်စွာဆက်ဆံသည်။

ဓားလာဝယ်သော ဧည့်သည်နှင့် ဓားဖိုမှလူများသည်လည်း လူကောင်းများဖြစ်ကြသည်။

သူက ဝမ်ယွမ်စံအိမ်သို့ရောက်လာသောအခါတွင် ယဉ်ကျေးသောလူများကို မြင်ရသည်။

သူက ဤကျင့်ကြံခြင်းလောကကို သဘောကျသည်။

ကျန့်တနျိုက လမ်းတစ်လျှောက်တွင် ပြုံးနေသည်။ မိုင်တစ်ထောင်ခန့် ပျံသန်းပြီးသောအခါတွင် ဟန်မူယဲ့က ရုတ်တရက် လက်မြှောက်သည်။

“ဘုန်း”

အဆုံးမရှိသောရေလှိုင်းများ မြင့်တက်လာပြီး လေပေါ်တွင်ပျံသန်းနေသော လူသုံးယောက်ကို လွှမ်းခြုံလိုက်သည်။

ယုဖုန်းလင်း၏မျက်နှာထားက ပြောင်းလဲသွားပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ဂရုစိုက်ကြ။ ဒါက အဆုံးမဲ့ပင်လယ်ပဲ”

ဤနေရာသည် ပြန့်ကျဲကြယ်ကျွန်းများ၏ တည်ငြိမ်သောရေပြင်မဟုတ်ဘဲ အဆုံးမဲ့ပင်လယ်ဖြစ်သည်။

ကြားဖြတ်တိုက်ခိုက်ရန်အတွက် အလွန်သင့်တော်သည်။

“ကျွန်တော်တို့က ဝမ်ယွမ်စံအိမ်ကနေထွက်လာတာ ဆယ့်ငါးမိနစ်ပဲရှိသေးတယ်။ ဆရာထောင်က ချက်ချင်းလှုပ်ရှားလာလိမ့်မယ်။ ကျွန်တော်က တကယ်သိချင်မိတယ်။ ဆရာထောင်ကို ဘယ်သူတားနိုင်တာလဲ”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ရှေ့သို့ကြည့်သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ယုဖုန်းလင်းက မျက်မှောင်ကြုတ်သည်။ သူ့လက်ထဲတွင် ရွှေရောင်တူတစ်လက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို ရွှေရောင်ချပ်ဝတ်က လွှမ်းခြုံသွားသည်။

ဘေးတွင်ရှိနေသော ကျန့်တနျိုက ငေးမောနေရာမှ နိုးလာပြီး ပတ်ဝန်းကျင်တွင်ရှိသော အနက်ရောင်ရေလွှာကိုကြည့်၍ တစ်ကိုယ်လုံးတုန်ခါသွားသည်။

အကယ်၍ သူပြုတ်ကျသွားလျှင် အလောင်းပင်ကျန်မည်မဟုတ်ပေ။

“ငါ ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းကိုရောက်တာ မကြာသေးပေမဲ့ လူအများကြီးကို ရန်စမိခဲ့တယ်”

ကျန့်တနျို၏ရှေ့တွင် ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။ သူ့နောက်ကျောတွင် ရှေးကျသောဓားအိမ်တစ်ခု ပေါ်လာသည်။

“ဒါပေမဲ့ ငါက တိုက်ရိုက်ကျတာကိုပဲ ကြိုက်တယ်။ အပြစ်မရှိတဲ့လူတွေကို ထိခိုက်အောင်လုပ်တာ မုန်းတယ်”

ဟန်မူယဲ့၏အသံက အေးစက်လာသည်။ သူ့မျက်လုံးထဲတွင် ဓားအလင်းများပေါ်လာသည်။

သူတို့က သူကိုဝိုင်းရံ၍ တိုက်ခိုက်နိုင်သည်။

သို့သော် ယခုအချိန်တွင်မဟုတ်ပေ။

သူနှင့်အတူ ကျန့်တနျိုရှိနေသည်။ ယုဖုန်းလင်းကလည်း ကြားညပ်သွားသည်။

ဟန်မူယဲ့၏ကိုယ်ထဲတွင် စွမ်းအားများစုစည်းလာသည်။

ထိုစွမ်းအားသည် အလွန်သန်မာပြီး ပတ်ဝန်းကျင်ရှိရေများကို အခိုးအငွေ့အဖြစ် ပြောင်းသွားစေသည်။

သူ့ကိုဝိုင်းရံထားသောလူများသည် သူက အလွန်သန်မာနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“ဆရာထောင်၊ ကျွန်တော့်ရဲ့ဝန်ထမ်းနဲ့ အကြီးအကဲယုကို အသက်ဆယ်ခါရှုချိန်လောက် ကာကွယ်ပေးထားနိုင်မလားမသိဘူး”

ဟန်မူယဲ့က ရုတ်တရက်ပြောလိုက်သည်။

“တကယ်လို့ မလုပ်နိုင်ရင် ခြောက်ထပ်စံအိမ်ရဲ့အကြီးအကဲတွေကို အကူအညီတောင်းလိုက်ပါ့မယ်”

ဟန်မူယဲ့၏အသံက မိုင်ထောင်ချီအထိ ပျံ့နှံ့သွားသည်။

ပြန့်ကျဲကြယ်ကျွန်းများတွင် ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ဝမ်ယွမ်စံအိမ်သခင်က အသက်ဆယ်ခါရှုကြိမ်ပင် ကာကွယ်မပေးနိုင်လျှင် ရှက်စရာကောင်းနေလိမ့်မည်။

လေထုထဲတွင် မရေမတွက်နိုင်လောက်သော နတ်အာရုံများရှိနေသည်။

“ကောင်းပြီ”

ထောင်ကျစ်ရှင်း၏အသံသည် ဖိနှိပ်နိုင်စွမ်းများကို သယ်ဆောင်ထားသည်။

“ခလွမ် ....”

ထောင်ကျစ်ရှင်းပြောလိုက်သောအချိန်တွင် ဟန်မူယဲ့၏ဓားထုတ်သံ ပေါ်ထွက်လာသည်။

ဓားသည် ကောင်းကင်အထိ ထိုးတက်သွားသည်။

ကောင်းကင်ထက်တွင် ဓားအလင်းသည် အဆုံးမရှိသောလေပြင်းနှင့် မိုးကြိုးလျှပ်စီးများကို လှုံဆော်လိုက်သည်။

ထိုအချိန်တွင် ဟန်မူယဲ့၏သွေးနှင့်ချီက ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်.

ကောင်းကင်ထက်ကို နတ်ဘုရားသားရဲပါ့ရှား၏ပုံရိပ်က လွှမ်းမိုးသွားသည်။

ဝိညာဉ်လိပ်ပြာဓား ပေါ်ထွက်လာသည်။ ချီပင်လယ်တွင်ရှိသော ဓားဆန္ဒသည် ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်လောက်သောဓားများကို တုန်ခါလာစေသည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် မဟာဓားကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာသည်။

ယခုအချိန်တွင် ပြန့်ကျဲကြယ်ကျွန်းများအားလုံးသည် ဓားအလင်းဖြင့် တောက်ပနေသည်။

ဝမ်ယွမ်စံအိမ်၏တတိယထပ်တွင်ရှိနေသော ထောင်ကျစ်ရှင်းက ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်တွင်ရှိသော နတ်ဘုရားသားရဲပါ့ရှား၏ပုံရိပ်နှင့် တောက်ပနေသောဓားအလင်းများကို ကြည့်လိုက်သည်။ သူက မနေနိုင်‌တော့ဘဲ ကျယ်လောင်စွာရယ်သည်။

“ရေဝိညာဉ်နန်းတော်၊ မင်းတို့က ဒီတစ်ကြိမ်မှာတော့ ကိုယ့်ခြေထောက်ကိုယ် ပြန်တက်နင်းမိတာပဲ ....”

သူနှင့်သိပ်မဝေးသောနေရာတွင် လေထုထဲ၌ လရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှိနေသည်။ သူမက တင်းမာသောမျက်နှာထားဖြင့် အဝေးတစ်နေရာသို့ ကြည့်သည်။

ထိုနေရာတွင် ဓားအလင်းများစုစည်းနေသည်။

“တုံးလိုက်တာ။ အခုအချိန်မှာ စောင့်မနေသင့်တော့ဘူးလေ”

အမျိုးသမီးကျင့်ကြံသူက စိတ်ပျက်နေ‌သောမျက်နှာထားဖြင့် ရေရွတ်သည်။

ထောင်ကျစ်ရှင်းက ကျယ်လောင်စွာရယ်သည်။

အဝေးတစ်နေရာတွင် ကောင်းကင်ထက်၌ ရှုချွမ်ဟယ်နှင့် ဆံဖြူလူအိုကြီးတစ်ယောက် ရှိနေသည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းများ ပေါ်ထွက်နေသည်။

သူတို့၏ရှေ့တွင်လည်း မဟာကျင့်ကြံသူအချို့ ရှိနေသည်။

“ဂိုဏ်းတူအစ်ကိုရှု၊ ဟန်မူယဲ့အတွက် ရေဝိညာဉ်နန်းတော်ကို တိုက်ခိုက်သင့်တယ်လို့ ထင်လား”

ဆံဖြူလူအိုကြီးက တီးတိုးပြောသည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် ရှုချွမ်ဟယ်က ရယ်သည်။

“ငါတို့က လှုပ်ရှားဖို့လိုမှာလား”

သူ့စကားအဆုံးတွင် လေထုကိုထိုးခွဲလာသော ဓားသံကို ကြားရသည်။

ကောင်းကင်ထက်မှ ဧရာမဓားတစ်လက် ကျဆင်းလာပြီး အဆုံးမဲ့ပင်လယ်၏ အနက်ရောင်ရေလှိုင်းများကို ခုတ်ချသည်။

ဝိညာဉ်လိပ်ပြာဓားသည် ပြိုင်ဘက်ကင်းစွမ်းအားများဖြင့် မူလဝိညာဉ်ပုံရိပ်သုံးခုကို ဖျက်ဆီးလိုက်သည်။

ရေလှိုင်းများ ကျဆင်းသွားသည်။ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူငါးယောက်၏ မူလဝိညာဉ်များက ထိတ်လန့်စွာ ရှိနေသည်။ ဝိညာဉ်လိပ်ပြာဓားက သူတို့၏ခေါင်းပေါ်သို့ ဆက်လက်ကျဆင်းလာသည်။

“မင်းက လုပ်ရဲတယ်လား ....”

ဒေါသတကြီးအော်ဟစ်သံ ပေါ်ထွက်လာသည်။

ထိုအသံနှင့်အတူ ကောင်းကင်ထက်တွင် ရေလှိုင်းများမြင့်တက်လာသည်။

“ငါက ဘာဖြစ်လို့ မလုပ်ရဲရမှာလဲ”

ဟန်မူယဲ့၏အသံက အေးစက်နေသည်။

ထိုသို့ဖြင့် ဓားချက်က ကျဆင်းလာသည်။

All Chapters