← Chapters

အခန်း (၅၈၉)

Vol. 43 Ch. 589

အခန်း (၅၈၉)

Vol. 43 Ch. 589

ဓားရှည်ကို တာအိုနယ်မြေတစ်ခု ဖွဲ့စည်းထားနိုင်သော သူတော်စင်တစ်ဝက်အဆင့် ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူ၏ သမာဓိစွမ်းအားများဖြင့် စုစည်းထားသည်။

သမာဓိစွမ်းအားသည် မူလဝိညာဉ်များကို ဖိနှိပ်နိုင်သည်။

ရွှေရောင်ဓားအလင်းသည် လေထုထဲတွင်ရှိသော အလင်းလွှာနှင့် ထိတွေ့ပြီး ခဏသာ ရပ်တန့်သွားသည်။ ထို့နောက် အလင်းလွှာကိုထိုးခွဲ၍ ပြင်းထန်စွာကျဆင်းလာသည်။

ဓားအလင်းသည် မူလဝိညာဉ်ငါးခု၏ပုံရိပ်ကို တစ်ပိုင်းတစ်စစီ ဖြစ်သွားစေသည်။

ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူရှစ်ယောက်၏ မူလဝိညာဉ်ကိုယ်ပွားရှစ်ခုသည် ဓားနှစ်လက်ကြောင့် ပျက်စီးသွားခဲ့သည်။

မူလဝိညာဉ်ပျက်စီးသွားခဲ့လျှင် အစစ်အမှန်ခန္ဓာကိုယ်က သေဆုံးမသွားနိုင်သော်လည်း အပြင်းအထန် ဒဏ်ရာရသွားလိမ့်မည်။ နှစ်တစ်ထောင်ခန့် မကြိုးစားဘဲ ပြန်လည်ကောင်းမွန်လာမည် မဟုတ်ပေ။

တစ်နည်းပြောရလျှင် ဟန်မူယဲ့၏ ဓားနှစ်လက်ကြောင့် တစ်ဖက်အင်အားစုသည် ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူရှစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်။

မဟာကျင့်ကြံသူကြီးများ၏ မူလဝိညာဉ် ကျဆုံးသွားသောကြောင့် လောကသည် မုန်တိုင်းထန်နေသည်။ ရေလှိုင်းလွှာဝင်္ကပါသည်လည်း အလိုလျောက် ပျက်စီးသွားခဲ့သည်။

ယုဖုန်းလင်းက ဓားကိုင်ထားသောဟန်မူယဲ့ကို လှမ်းကြည့်သည်။ သူက လက်ကိုဝှေ့ယမ်း၍ ကျန့်တနျိုကိုကာကွယ်ပြီး ရှေ့တွင်ရှိသောကျွန်းပေါ်သို့ တိတ်ဆိတ်စွာဆင်းသက်သွားသည်။

ပြန့်ကျဲကြယ်ကျွန်း၏စည်းကမ်းများအရ အဆုံးမဲ့ပင်လယ်၏ရေပြင်မှ ထွက်ခွာပြီး တခြားလူများကို ကြားဖြတ်တိုက်ခိုက်လျှင် အဆုံးမဲ့ပင်လယ်၏အင်အားစုများက ပြင်းထန်စွာအပြစ်ပေးလိမ့်မည်။

ယခုအချိန်တွင် ဟန်မူယဲ့က တိုက်ခိုက်ခဲ့ပြီး မဟာကျင့်ကြံသူကြီးများ ကျဆုံးသွားသည်အထိ အသက်သုံးခါရှုချိန်သာ ကုန်ဆုံးသေးသည်။

သူက ထောင်ကျစ်ရှင်းကို အသက်ဆယ်ခါရှုချိန် ကာကွယ်ပေးရန်အတွက် တောင်းဆိုခဲ့သည်။ သူက အဘယ်ကြောင့် အသက်ဆယ်ခါရှုချိန်ကို လိုအပ်သနည်း။

“ဓားကောင်းပဲ”

ရှုချွမ်ဟယ်၏မျက်လုံးများက တောက်ပလာသည်။

“သမာဓိစွမ်းအားကို ဓားတစ်လက်အဖြစ် အသုံးချထားတယ်။ ဒီလိုမျိုးပေါ့ ....”

ဝမ်ယွမ်စံအိမ်တွင် ထောင်ကျစ်ရှင်း၏ခန္ဓာကိုယ်ပေါ်၌ သမာဓိစွမ်းအားများ ဖြည်းဖြည်းချင်းစုစည်းလာသည်။ သူ့မျက်နှာထားက လေးနက်နေသည်။

လေထုထဲတွင် ပုံရိပ်များပေါ်လာသည်။

ဟန်မူယဲ့၏ဓားချက်သည် အလွန်တောက်ပလွန်းသည်။

“နင့်ကို ရပ်ဖို့ပြောပေမဲ့ နင်က ဆက်ပြီးတိုက်ခိုက်ခဲ့တယ်။ နင်က ငါတို့ရေဝိညာဉ်နန်းတော်ကို အလေးအနက်မထားဘူးပဲ”

ဟန်မူယဲ့၏ရှေ့တွင် အဖြူရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး ရပ်နေသည်။ သူမ၏မျက်နှာထားက အေးစက်နေပြီး မျက်လုံးထဲတွင် မီးတောက်များရှိနေသည်ဟု ထင်ရသည်။

“သူတို့က ငါ့ကိုသတ်ချင်တယ်”

ဟန်မူယဲ့က ညင်သာစွာပြောလိုက်သည်။ သူက ဓားဦးကို အောက်ချထားပြီး တည်ငြိမ်စွာရှိနေသည်။

“အဲဒီတော့ ဘာဖြစ်လဲ။ ငါတို့ရေဝိညာဉ်နန်းတော်က ....”

အမျိုးသမီးကျင့်ကြံသူ၏စကားမဆုံးခင် ဟန်မူယဲ့၏မျက်လုံးများက ဓားအလင်းဖြင့် တောက်ပလာသည်။ သူက ဓားဦးဖြင့် ရှေ့သို့ညွှန်သည်။

“သူတို့က ငါ့ကိုသတ်ချင်တယ်”

ဟန်မူယဲ့၏အသံက အေးစက်နေသည်။ ဓားသွားသည်လည်း အေးစက်နေသည်။

အမျိုးသမီးကျင့်ကြံသူက စကားဆက်မပြောနိုင်တော့ဘဲ မျက်လုံးများမှေးကျဉ်းလိုက်သည်။

သူမ၏ခန္ဓာကိုယ်ပေါ်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ပြင်းထန်သောစွမ်းအားများ ပေါ်ထွက်လာသည်။ တိမ်တိုက်မြူခိုးများသည် နေရာအနှံ့သို့ ဖြာထွက်လာခဲ့သည်။

ပြန့်ကျဲကြယ်ကျွန်းတွင်ရှိသော ရေဝိညာဉ်နန်းတော်သည် အသန်မာဆုံးအင်အားစုသုံးခုထဲတွင် ပါဝင်သည်။ ရေဝိညာဉ်နန်းတော်ကို ပြန့်ကျဲကြယ်ကျွန်းတွင်ရှိသော မရေမတွက်နိုင်လောက်သည့်ကျင့်ကြံသူများက လေးစားရသည်။

ရေဝိညာဉ်နန်းတော်က တစ်စုံတစ်ယောက်ကို သတ်ဖြတ်ချင်လျှင် ထိုလူက နာခံမှုရှိစွာ သေပေးရမည်။

နန်းတော်သုံးခု၊ စံအိမ်ခုနစ်ခုနှင့် အင်အားစုဆယ့်ငါးခု၏ ကြီးကျယ်ခမ်းနားမှုသည် လူတိုင်း၏နှလုံးသားထဲတွင် နက်ရှိုင်းစွာတည်ရှိနေသည်။

ယနေ့ဓားချက်သည် မဟာကျင့်ကြံသူကြီးများနှင့် ရေဝိညာဉ်နန်းတော်အတွက် ရန်စမှုတစ်ခုပင် ဖြစ်သည်။

ယနေ့တွင် ဟန်မူယဲ့ရှင်သန်နိုင်ခဲ့လျှင် ပြန့်ကျဲကြယ်ကျွန်းများတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော စည်းကမ်းများသည် ပြိုကျသွားလိမ့်မည်။

“ဘုန်း”

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ ဦးခေါင်းထက်တွင် အစိမ်းရောင်ချီစွမ်းအင်အလင်းသည် အနက်ရောင်အလင်းစက်ကွင်းကို ထုတ်ပေးနေသည်။

ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။

“မင်းတို့ပဲ”

ဟန်မူယဲ့က အနက်ရောင်အလင်းစက်ကွင်းနှင့် ရင်းနှီးနေသည်။

သူတို့က အကြိမ်ပေါင်းများစွာ ထိတွေ့ခဲ့ဖူးသည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာကလန် ....

ရေဝိညာဉ်နန်းတော်ကို ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်က တည်ဆောက်ထားသည်။

“ငါက တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ ဟန်မူယဲ့ကို ကာကွယ်ပေးချင်တယ်။ ရေဝိညာဉ်နန်းတော်က ချွင်းချက်ထားပေးလို့ရမလားမသိဘူး”

ထောင်ကျစ်ရှင်း၏အသံ ပေါ်ထွက်လာသည်။

ရွှေရောင်သမာဓိစွမ်းအားများသည် တိမ်တိုက်နှင့်မြူခိုးများအဖြစ် ပြောင်းလဲပြီး ခမ်းနားသောနန်းတော်တစ်ခုကို ဖန်တီးလိုက်သည်။

ကျင်းနန်နယ်မြေ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းနည်းစနစ်၊ ပုံရိပ်ယောင် ....

ထောင်ကျစ်ရှင်း၏စကား အဆုံးသတ်သွားသောအချိန်တွင် ဓားအလင်းတစ်ခု မြင့်တက်လာသည်။

“ခြောက်ထပ်စံအိမ်ကလည်း ဒီမှာရှိနေတယ်”

ထိုစကားသည် ခိုင်မာသောထောက်ခံမှုကို ရည်ညွှန်းသည်။

စံအိမ်ခုနစ်ခုတွင် စံအိမ်နှစ်ခုသည် လူတစ်ယောက်အတွက် ရေဝိညာဉ်နန်းတော်ကို ဆန့်ကျင်ခဲ့သည်။

လေထုထဲတွင် ချီစွမ်းအင်အလင်းနှင့် ဓားချီများ တုန်ခါနေသည်။

ဟန်မူယဲ့၏ရှေ့တွင်ရပ်နေသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူက အံတင်းတင်းကြိတ်ထားသည်။ သို့သော် သူမ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများရှိနေသည်။

“ကောင်းပြီ။ ကောင်းပြီ။ ငါတို့ ရေဝိညာဉ်နန်းတော်က ....”

“ဘုန်း”

လေထုထဲတွင် ပေါက်ကွဲသံထွက်လာပြီး အမျိုးသမီးကျင့်ကြံသူ၏ စကားသံကို ဖြတ်တောက်လိုက်သည်။

ပေတစ်သိန်းရှည်လျားသောပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ပုံရိပ်၏ခေါင်းတွင် ဦးချိုနှစ်ချောင်းရှိပြီး တစ်ကိုယ်လုံးကို ကြေးခွံများဖြင့် ဖုံးလွှမ်းထားသည်။ ထိုပုံရိပ်၏ပါးစပ်သည် ကြီးမားပြီး ခွာလေးဖက်သည် လေပြင်းများကို ထုတ်ပေးသည်။

ချီလင် ....

ရှေးခေတ်နတ်ဘုရားသားရဲ ချီလင် ....

“ပါ့ရှားသွေးမျိုးဆက်နဲ့ လူတစ်ယောက်ကိုတွေ့ရတာ ရှားပါးလွန်းတယ်။ ငါ့ရဲ့ မိစ္ဆာတစ်သောင်းနန်းတော်က မင်းကို ကာကွယ်ပေးမယ်”

ချီလင်ပုံရိပ်သည် လှုပ်ရှားလိုက်ပြီး တိမ်တိုက်နှင့်လေထုကို ထိုးခွဲ၍ ဟန်မူယဲ့ကို ခေါ်ဆောင်သွားသည်။

ဟန်မူယဲ့က လုံခြုံသွားပြီဖြစ်သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအမျိုးသမီးသည် ဖြူဖျော့နေသောမျက်နှာထားဖြင့် နေရာတွင်ကျန်ရစ်ခဲ့သည်။

လေထုသည် တိတ်ဆိတ်နေသည်။

မိစ္ဆာတစ်သောင်းနန်းတော် ပါဝင်လာပြီဖြစ်သောကြောင့် မည်သူက စကားဆက်ပြောနိုင်မည်နည်း။

နတ်အာရုံများ တစ်ခုပြီးတစ်ခု ဆုတ်ခွာသွားသည်။

ပုံရိပ်များ တစ်ယောက်ပြီးတစ်ယောက် ပျံထွက်သွားသည်။

ခဏအကြာတွင် ရေဝိညာဉ်နန်းတော်၏ ကျင့်ကြံသူအချို့သာ ကျန်ရစ်ခဲ့သည်။

“သွားကြစို့”

အသံတစ်သံပေါ်ထွက်လာပြီး ရေဝိညာဉ်နန်းတော်မှလူများ ပျောက်ကွယ်သွားသည်။

လေထုထဲတွင် ပြန့်ကျဲနေသောတိမ်တိုက်နှင့် ရေခိုးရေငွေ့များသာ ကျန်ရစ်ခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင် လူတိုင်းက အတွေးများနေသည်။

ရေဝိညာဉ်နန်းတော်၏ သခင်မလေးကို အဆုံးမဲ့ပင်လယ်၏ လူငယ်မျိုးဆက်သစ်က အနိုင်ယူခဲ့သည်။ ယနေ့တွင် မိစ္ဆာတစ်သောင်းနန်းတော်က ရေဝိညာဉ်နန်းတော်ကို ဂရုမစိုက်ဘဲ ဟန်မူယဲ့ကို ကာကွယ်ပေးခဲ့သည်။

‘ပြန့်ကျဲကြယ်ကျွန်းက ပြောင်းလဲသွားတော့မှာလား’

‘နှစ်တစ်သောင်းအကြာမှာ ပြောင်းလဲမှုတွေ ဖြစ်လာတော့မှာလား’

တချို့အရာများကို သူတို့ မတွေးရဲပေ။

သို့သော် အတွေးသည် အပင်ပေါက်လာမည့် ရည်မှန်းချက်တစ်ခုပင် ဖြစ်သည်။

....

ဟန်မူယဲ့က စိမ်းလန်းသောနေရာတစ်ခုသို့ ရောက်လာသည်။ သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

“ပျက်စီးခြင်းတောရိုင်းလား”

သူ့ရှေ့တွင် ရွှေရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဒါက ပျက်စီးခြင်းတောရိုင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ”

သူက နတ်ဘုရားသားရဲ ချီလင်ဖြစ်သည်။

သူက မိစ္ဆာတစ်သောင်းနန်းတော်၏ သခင်လည်းဖြစ်သည်။

“အကြီးအကဲကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့က လျင်မြန်စွာနှုတ်ဆက်သည်။

ချီလင်က သူ့ကိုကြည့်လိုက်ပြီး ပြောသည်။

“ပါ့ရှားက ကျောပေါ်မှာ ကမ္ဘာ့အစိတ်အပိုင်းတစ်ခုကိုတင်ပြီး ထွက်သွားခဲ့တယ်။ မင်းက ဘယ်လိုလုပ်ပြီး သူ့သွေးမျိုးဆက်ကို ရလာတာလဲ”

သူတို့အားလုံးက ပျက်စီးခြင်းတောရိုင်းမှဖြစ်သောကြောင့် ဟန်မူယဲ့က မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေ၏ အကြောင်းကို ပြောပြလိုက်သည်။

ပျက်စီးခြင်းစကြဝဠာ၏ သွေးမျိုးဆက်ကို ဆက်လက်ရှင်သန်စေရန်အတွက် ပါ့ရှားနှင့် တခြားနတ်ဘုရားသားရဲများသည် ဝိညာဉ်စွမ်းအားဖြင့် ကမ္ဘာ့အစိတ်အပိုင်းကို စောင့်ရှောက်ခဲ့သည်။

မိစ္ဆာများတွင် အမွေအနှစ်အမျိုးမျိုးရှိသည်။

သွေးမျိုးဆက်စွမ်းအားများ ပေါင်းစပ်ခြင်းဖြင့် မျိုးနွယ်စုအသစ်များ ပေါ်ထွက်လာသည်။

ဟန်မူယဲ့၏စကားကြောင့် ချီလင်၏မျက်နှာထားက ပြောင်းလဲသွားသည်။

ဟန်မူယဲ့က မှူးမတ်ဝူ၊ ချန်ချင်းကျစ်၏အကြောင်းကိုလည်း ပြောပြခဲ့သည်။

“အစိမ်းရောင်နဂါးလား”

ချီလင်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ညင်သာစွာပြောသည်။

“သူတို့တွေ သေသွားပြီလို့ ထင်နေတာ”

“ကောင်းပြီ။ မင်းက ပျက်စီးခြင်းတောရိုင်းကို ကာကွယ်ပေးခဲ့တယ်။ ပါ့ရှားသွေးမျိုးဆက်က မင်းကို အသိအမှတ်ပြုထားတယ်။ ဒါက မင်းရဲ့အခွင့်အရေးဖြစ်သလို ပျက်စီးခြင်းတောရိုင်းရဲ့ အခွင့်အရေးလည်း ဖြစ်တယ်”

ချီလင်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

“တာအိုပြိုင်ပွဲအတွက် ငါလူလွှတ်လိုက်ပါ့မယ်”

ပျက်စီးခြင်းတောရိုင်း၏ အစိတ်အပိုင်းသည် ဆယ်စုနှစ်အချို့အကြာတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်လာလိမ့်မည်။

ပျက်စီးခြင်းတောရိုင်း၏ နတ်ဘုရားသားရဲဖြစ်သော ချီလင်က ထိုင်ကြည့်နေမည်မဟုတ်ပေ။

“အကြီးအကဲ၊ ရေဝိညာဉ်နန်းတော်ရဲ့ နောက်ကွယ်မှာရှိနေတဲ့မျိုးနွယ်စုက ဘယ်ကနေရောက်လာတာလဲ”

ဟန်မူယဲ့က နှလုံးသားထဲတွင်ရှိသောမေးခွန်းကို မေးလိုက်သည်။

သူက လောက၏လျှို့ဝှက်ချက်များကို သိထားပြီး ဆည်၏အပြင်ဘက်တွင်ရှိသော မြင်ကွင်းများကိုလည်း မြင်ဖူးသည်။

သို့သော် ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်၏ မူလရင်းမြစ်ကို သူမသိပေ။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအချိန်တွင် ချီလင်က သူ့ကို ကြည့်သည်။

ခဏအကြာတွင် ချီလင်က တီးတိုးပြောသည်။

“ငါတို့ကမ္ဘာမှာ အဆုံးသတ်ရှိတယ်လို့ မင်းထင်လား”

‘အဆုံးသတ်တစ်ခု ရှိနေလား’

ယခင်က လောကသည် အဆုံးအစမဲ့သည်ဟု သူထင်ခဲ့သည်။

သို့သော် ဓား၏မှတ်ဉာဏ်မှတစ်ဆင့် ဆည်၏အပြင်ဘက်ကို မြင်ခဲ့ရပြီး တစ်ခုခုကို နားလည်သွားသည်။

လောကသည် အကန့်အသတ်မဲ့သည်။ သို့သော် ဤလောကတွင် အဆုံးသတ်ရှိသည်။

သူ့မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ချီလင်က ပြောသည်။

“မင်းက ငါထင်ထားတာထက် ပိုသိနေတဲ့ပုံပဲ”

“အဲဒါဆိုရင် မင်းကို ပြောပြလိုက်မယ်။ ဒီကမ္ဘာက ရေကန်တစ်ခုလိုပဲ။ ငါတို့က ငါးနဲ့ပုစွန်တွေပဲ။ ငါတို့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်”

“ဒါပေမဲ့ ရေကန်ဖြစ်နေတဲ့အတွက် ငါးမျှားတဲ့လူတွေ၊ ကွန်ပစ်တဲ့လူတွေ၊ ခြေဆေးတဲ့လူတွေ ရှိနေတယ်”

“ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်က ဒီရေကန်ထဲကို မတော်တဆရောက်လာခဲ့တဲ့ အပြင်လူတွေပဲ”

“ဒါပေမဲ့ သူတို့က ရှင်သန်နေပြီး ငါးနဲ့ပုစွန်တွေပိုင်ဆိုင်တဲ့ နယ်မြေကို သိမ်းယူထားလိမ့်မယ်လို့ ဘယ်သူမှမထင်ခဲ့ကြဘူး”

အပြင်လူ ....

သူခန့်မှန်းထားသည့်အတိုင်း ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်သည် ဤလောကမှ မဟုတ်ပေ။

‘သူတို့ကလည်း ဆည်အပြင်ဘက်မှာရှိတဲ့ အင်အားစုလား’

“ငါးကန်ရဲ့အပြင်ဘက်မှာ ရှိနေတဲ့ လူတွေက ကန်ထဲမှာပွားများနေတဲ့ ငါးနဲ့ပုစွန်တွေကို ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ဂရုမစိုက်ကြဘူး။ ပြီးတော့ ကျူးကျော်မျိုးစိတ်တွေမှာ ကိုယ်ပိုင်အားသာချက်တွေရှိတယ်။ သူတို့ကို ထိန်းသိမ်းထားနိုင်ရင်လည်း အဆင်ပြေတယ်”

“ငါးနဲ့ပုစွန်တွေက ငါးနဲ့ပုစွန်ထက် မပိုဘူး”

ဟန်မူယဲ့က ချီလင်၏မျက်လုံးထဲတွင်ရှိသော အကူအညီမဲ့မှုများကို မြင်လိုက်ရသည်။

‘ပျက်စီးခြင်းတောရိုင်းရဲ့ မဟာကျင့်ကြံသူကြီး၊ ကြီးကျယ်မြင့်မြတ်တဲ့ နတ်ဘုရားသားရဲက အကူအညီမဲ့နေတာလား’

ဟန်မူယဲ့က ဆည်၏အပြင်ဘက်တွင်ရှိသော မြင်ကွင်းများကို ပြန်တွေးကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားသည်။ သူက တီးတိုးပြောသည်။

“အကြီးအကဲ၊ ငါးကန်ရဲ့အပြင်ဘက်မှာရှိနေတာက သုခံဘုံတစ်ခုမဟုတ်တာလည်း ဖြစ်နိုင်တာပဲ”

ချီလင်က ကြောင်အသွားသည်။

“ဒီငါးကန်ကို တကယ်ပဲထိန်းချုပ်နိုင်တယ်ဆိုရင် အပြင်ဘက်မှာရှိတဲ့သတင်းတွေကို ဘာဖြစ်လို့ အများကြီးကြားနေရတာလဲ”

“ငါးကန်က လှောင်အိမ်တစ်ခုမဟုတ်ဘဲ အပြင်လူတွေအတွက် အကာအကွယ်တစ်ခု ဖြစ်နေရင်ရော”

ဟန်မူယဲ့က နေရာအနှံ့သို့ချီတက်လာသော စစ်တပ်ဝင်္ကပါကို မြင်ခဲ့သည်။

ပျက်စီးခြင်းစကြဝဠာ၊ အင်မော်တယ်ရင်းမြစ်ကမ္ဘာနှင့် အဆုံးမဲ့ပင်လယ်ကသာ သူတို့ကို တားဆီးနိုင်သည်။

သို့သော် ဤလောကသည် ခုခံမှုကင်းမဲ့နေသည်မဟုတ်ပေ။

အစစ်အမှန်ကျင့်ကြံသူကြီးများက အစွမ်းကုန်မတိုက်ခိုက်ခဲ့ပေ။

“အပြင်လူတွေအတွက် အကာအကွယ်တစ်ခုလား”

“ငါတို့ကို ဖမ်းထားတာမဟုတ်ဘူးလား ....”

ချီလင်၏မျက်လုံးများက တောက်ပနေပြီး ညင်သာစွာလက်သီးဆုပ်သည်။

“ဟုတ်တယ်။ ငါက ပြန့်ကျဲကြယ်ကျွန်းမှာ အချိန်အကြာကြီးနေပြီ ထက်မြိမှုတွေ ပျောက်ဆုံးသွားတာပဲ”

All Chapters