← Chapters

အခန်း (၅၉၀)

Vol. 43 Ch. 590

အခန်း (၅၉၀)

Vol. 43 Ch. 590

ချီလင်က အပြုံးတစ်ခုနှင့်အတူ ပေါ့ပါးစွာပြောသည်။

“ငါက အဆုံးမဲ့ပင်လယ်ကိုသွားပြီး နတ်ဘုရားဘုရင်တွေရဲ့အမြင်ကို မေးကြည့်လိုက်မယ်”

သူက ခဏရပ်လိုက်ပြီး ဆက်ပြောသည်။

‘မင်းက အဆုံးမဲ့နတ်ဘုရားဘုရင်တွေအကြောင်းကို သိလား”

ဟန်မူယဲ့က ခေါင်းခါသည်။

ချီလင်က ရယ်လိုက်ပြီး ပြောသည်။

“အဲဒီတော့ မင်းမသိတာလည်း ရှိသေးတယ်ပေါ့”

ထိုသို့ဖြင့် သူက လက်ကိုဝှေ့ယမ်းလိုက်သည်။ အစိမ်းရောင်ကမ္ဘာက ပျောက်ကွယ်သွားပြီး သူကလည်း ထွက်သွားသည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက ပိုးစုန်းကြူးကျွန်း၏ မြို့အပြင်ဘက်တွင် ရှိနေသည်။

‘နတ်ဘုရားဘုရင်တွေရဲ့အကြောင်းကို ဘာဖြစ်လို့ပြောမသွားတာလဲ’

‘အကျင့်မကောင်းတဲ့လူပဲ’

သူက ခေါင်းခါလိုက်ပြီး မြို့ထဲသို့ ဝင်သွားသည်။

တော်ဝင်ရှုခင်းဓားဆိုင်သို့ ပြန်ရောက်လာသောအခါတွင် ရှောက်ထျန်းရီနှင့် ကျန့်တနျိုတို့က သူ့ကို စောင့်နေကြသည်။

“ဆိုင်ရှင် ....”

ကျန့်တနျိုက ခြေထောက်များပျော့ခွေသွားပြီး ဟန်မူယဲ့ကို အရိုအသေပေးချင်နေသည်။

အစပိုင်းတွင် သူက နားမလည်သော်လည်း ရှောက်ထျန်းရီက သူ့ကို ရှင်းပြခဲ့သည်။ ယနေ့ဖြစ်ရပ်သည် အလွန်အန္တရာယ်များပြီး ဟန်မူယဲ့က သူ့အတွက် ထိပ်တန်းအင်အားစုကြီးတစ်ခုကို ရင်ဆိုင်ခဲ့သည်။ ကျန့်တနျိုက ငိုချင်နေသည်။

‘ငါ့ရဲ့ ဈေးပေါတဲ့အသက်က ထိုက်တန်လို့လား’

ဟန်မူယဲ့က ကျန့်တနျိုကို ဆွဲထူပြီး ပခုံးပုတ်ပေးလိုက်သည်။ သူက ညင်သာစွာပြောသည်။

“နောက်ကျ မင်းအားရင် ဓားဖိုကိုသွားပြီး ပန်းပဲပညာသင်လို့ရတယ်။ ကလေးနှစ်ယောက်ကိုလည်း ဝမ်ယွမ်စံအိမ်ဆီ ပို့လိုက်ပါ”

“မင်းတို့ဘဝတွေ ပိုကောင်းလာလိမ့်မယ်”

ကျန့်တနျိုက မျက်လုံးများနီရဲလာပြန်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက ဓားဆိုင်အတွင်းသို့ဝင်၍ ဒုတိယထပ်သို့ တက်သွားသည်။

သူ့အရှိန်အဝါများ လှုပ်ရှားလာသည်။

စိတ်နယ်ပယ်ထဲတွင် ယန်ကျန်းချင်ပေးထားသော ရွှေရောင်သမာဓိစွမ်းအားဓားသည် ပြိုကွဲပြီး ရွှေအလင်းများအဖြစ် ပြောင်းလဲသွားသည်။

ရွှေအလင်းသည် ဟန်မူယဲ့၏ ဝိညာဉ်လိပ်ပြာဓားကို ရစ်ပတ်ပြီး ရွှေအလင်းဓားတစ်ရှည်တစ်လက် ဖြစ်လာစေသည်။

ဓား၏အပြင်ဘက်တွင် ရွှေရောင်စာလုံးများ ရစ်ဝဲနေသည်။

ကွန်ဖြူးရှပ်တာအိုသည် အရေပြားဖြစ်ပြီး ဓားသည် အရိုးဖြစ်သည်။

လောကသည် ကျယ်ပြန့်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုသည် ပျက်စီးမသွားနိုင်ပေ။

ယနေ့တွင် သူက ရေဝိညာဉ်နန်းတော်၏ မဟာကျင့်ကြံသူနှင့် ရင်ဆိုင်ပြီး နောက်မဆုတ်ခဲ့ပေ။ သူ့စိတ်က လှုပ်ရှားသွားခဲ့သည်။

သူက ကျန့်တနျိုနှင့် ရှောက်ထျန်းရီကို မြင်လိုက်ရ‌သောအခါတွင် ဉာဏ်အလင်းပိုရလာသည်။

သူက နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ရရှိလာသောအချိန်တွင် ခွန်အားများကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် လူသားလောကတွင် နှလုံးသားကို ကျင့်ကြံခဲ့သည်။ သူ၏ နှလုံးသားကျင့်ကြံမှုသည် အဆုံးသတ်မသွားခဲ့ပေ။

နန်းမြို့တော်၏ လောကီကိစ္စရပ်များကြားတွင် စွေ့စွေ့က ကလေးမွေးပြီး သူတို့စုံတွဲ၏ပျော်ရွှင်မှုကို ရှာဖွေခဲ့ကြသည်။

သူက မူဝမ်၊ ယွင်ကျင်းတို့နှင့် ပတ်သတ်ပြီး အနာဂတ်အတွက် မျှော်လင့်ခဲ့သော်လည်း သဘောမပေါက်ခဲ့ပေ။

သူက ရှောက်တထျန်းနှင့် စွေ့စွေ့တို့ကဲ့သို့ နေထိုင်ပြီး ကလေး၏အနာဂတ်ကို စောင့်ရှောက်ပေးနိုင်လျှင် ကောင်းချီးတစ်ခုဖြစ်လိမ့်မည်။

သူတို့က ကျင်းယန်မြို့သို့ ပြန်သွားချင်သော ဟွမ်လောင်လျှိုတို့နှင့် တူသည်။

ခွန်အားနှင့်အတူ တာဝန်နှင့် အန္တရာယ်တို့ ကပ်ပါလာသည်။

ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် အန္တရာယ်များကို သတ်ဖြတ်နိုင်သည်။

သူက လက်ထဲတွင် ဓားကိုင်ထားသောအချိန်၌ နှလုံးသားတွင်ရှိသောဓားကို ထုတ်သုံးသည်။

ဓားသည် သတ်ဖြတ်ရန်အတွက်သာမဟုတ်ဘဲ ကာကွယ်ရန်အတွက်လည်း ဖြစ်သည်။

ကျန့်တနျိုကဲ့သို့ သာမန်လူသားများ၏ပျော်ရွှင်မှုကို ကာကွယ်ပေးရမည်။

ထိုအရာသည် ဓားကျင့်ကြံခြင်း၏ အစစ်အမှန်အဓိပ္ပာယ်ဖြစ်သည်။

ထို့ကြောင့် မော့ယွမ်က အံ့ဖွယ်ကိုးပါးတောင်တွင် နှစ်ပေါင်းနှစ်ရာကြသည်အထိ မတိုက်ခိုက်ခဲ့ပေ။ သူက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ဂရုမစိုက်ဘဲ နှလုံးသားတွင်ရှိသော ဓားကိုသာ ဂရုစိုက်သည်။

ဟန်မူယဲ့က တင်ပျဉ်ခွေထိုင်နေပြီး သက်ပြင်းချသည်။

သာမန်လူတစ်ယောက်အဖြစ် နေထိုင်ခြင်းသည် နှလုံးသားကိုကျင့်ကြံရန်အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

သူက လိုအပ်နေသေးသည်။

“ဝီ”

သူ၏ ဝိညာဉ်စွမ်းအားတိုးတက်မှုနှင့် စိတ်အခြေအနေတိုးတက်မှုတို့ကြောင့် ချီစွမ်းအင်ကျင့်ကြံခြင်းသည် ရွှေအမြုတေနဝမအဆင့်သို့ ရောက်သွားခဲ့သည်။

နေရာအနှံ့သို့ စွမ်းအားများဖြာထွက်သွားသော်လည်း ရွှေရောင်အလင်းလွှာက တားဆီးထားခဲ့သည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် ....

ဟန်မူယဲ့က ပြုံးသည်။

မိုင်ထောင်ချီအကွာတွင်ရှိသော ချန်ယွဲ့ကြယ်ပေါ်၌ တောအုပ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။

မဟုတ်သေးပေ။ ဤနေရာတွင် သူ့နာမည်က ကူယွဲ့နင်ဖြစ်သည်။

“သခင်လေးကူ၊ စွန်းမိသားစုနဲ့ ချီမိသားစုရဲ့ ကျွမ်းကျင်သူတွေ ရောက်လာကြပြီ။ ကျွန်တော်တို့က သူတို့ကို တိုက်ရိုက် တိုက်ခိုက်လိုက်ရမလား။ ဒါမှမဟုတ် ရှောင်သွားရမလား”

ဟန်မူယဲ့၏ရှေ့တွင် ဓားရှည်တစ်လက်လွယ်ထားသော သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူက တီးတိုးမေးသည်။

ပတ်ဝန်းကျင်တွင် တင်ပျဉ်ခွေထိုင်နေသော ဒါဇင်ချီသည့် ဓားကျင့်ကြံသူများ ရှိနေကြသည်။

ဟန်မူယဲ့က ဝမ်မင်မြို့သို့ပြန်ပြီး ကူမိသားစုကို ပြန်လည်တည်ဆောက်ရန်အတွက် လမ်းတစ်လျှောက်တွင် ကာကွယ်ပေးရန် သူတို့ကို ငှားရမ်းထားသည်။

စွန်းမိသားစုနှင့် ချီမိသားစုတို့သည် ကူမိသားစုကို ဖျက်ဆီးခဲ့သော အင်အားစုများထဲတွင် ပါဝင်သည်။

ကူယွဲ့နင်ရောက်လာသောကြောင့် သူတို့က ချက်ချင်းလှုပ်ရှားလာသည်။

ထိုအင်အားစုနှစ်ခုနှင့် ယှဉ်လိုက်လျှင် ကူယွဲ့နင်နှင့် ဓားကျင့်ကြံသူများသည် မပြောပလောက်ပေ။

ယခုအချိန်တွင် ဓားကျင့်ကြံသူများက ဟန်မူယဲ့ကို ကြည့်နေသည်။

ဝမ်မင်မြို့၏ အတွင်းနှင့်အပြင်တွင် ကူမိသားစု၏ မဟာမိတ်များ ရှိနေသေးသည်။

‘သူက တိုက်ခိုက်မှာလား။ ဒါမှမဟုတ် မဟာမိတ်တွေဆီကနေ အကူအညီတောင်းမှာလား’

‘သခင်လေးကူကို အားကောင်းတဲ့မိစ္ဆာသားရဲတစ်ကောင်က ကာကွယ်ပေးနေပေမဲ့ သူကိုယ်တိုင် တိုက်ခိုက်တာကို မမြင်ရသေးဘူး’

သူတို့၏မျက်လုံးများ တောက်ပနေသည်။

သခင်လေးကူက လုံလောက်သောခွန်အားကို ပြသမည်ဆိုလျှင် သူတို့က အစွမ်းကုန်တိုက်ခိုက်ပေးမည်။

သခင်လေးကူက အသုံးမကျလျှင်တော့ သူတို့က ကြာမြင့်စွာရှိနေမည်မဟုတ်ပေ။

ဓားကျင့်ကြံသူများတွင် အတွေးတစ်ခုတည်းသာမရှိပေ။

တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က ဖြည်းဖြည်းချင်းထရပ်သည်။

အဓိကခန္ဓာကိုယ်က ကျင့်ကြံခြင်းနှင့် စိတ်အခြေအနေတွင် အဆင့်တက်သွားသောကြောင့် ကိုယ်ပွားကလည်း ခွန်အားတိုးလာသည်။

နတ်ဘုရားသားရဲကိုလည်း ပိုမိုထိန်းချုပ်နိုင်လာသည်။

သို့သော် မူဝမ်က အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါးသို့ ရောက်သွားခဲ့သည်။ ထိုသို့မဟုတ်လျှင် ....

“ဘုန်း”

ပေတစ်ထောင်ရှည်လျားသောဓားအလင်း ပေါ်ထွက်လာသည်။

သူက ရှောင်တိမ်းသွားရန် ရည်ရွယ်ချက်မရှိပေ။

ကူမိသားစု၏ရန်သူများရှေ့တွင် အဘယ်ကြောင့် ထွက်ပြေးရမည်နည်း။

ဟန်မူယဲ့၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပေါ်ထွက်လာသည်။

‘ချန်ယွဲ့ကြယ်မှာ ခွန်အားကို လေးစားကြတယ်မဟုတ်လား’

‘အဲဒါဆိုရင် ငါက လေးစားခံရလိမ့်မယ်’

ဟန်မူယဲ့က ဖြည်းဖြည်းချင်းလက်မြှောက်ပြီး လက်သီးဆုပ်သည်။

“ဝီ”

မိုင်တစ်သောင်းပတ်လည်တွင် ဓားများတုန်ခါလာသည်။

ယခုအချိန်တွင် သူက အစွမ်းကုန်ထုတ်သုံးလိုက်သည်။

သူ၏ လက်ရှိကျင့်ကြံခြင်းအရ ဖုံးကွယ်ထားရန်မလိုတော့ပေ။

ဓားအလင်းသည် မိုင်တစ်သောင်းပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

လူတိုင်း၏ဓားများအားလုံး ပျံတက်ပြီး ကောင်းကင်ထက်တွင်ရှိသော နဂါးဓားအလင်းနှင့် ပေါင်းစပ်သွားသည်။

ဟန်မူယဲ့က နဂါး၏ခေါင်းပေါ်သို့ ပျံတက်သွားသည်။

သူက မိုင်တစ်ရာအကွာတွင်ရှိနေသော မြို့ကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ကူမိသားစုရဲ့ကူယွဲ့နင်က ခရီးသွားရာကနေ ပြန်ရောက်လာပြီး ကူမိသားစုကို ပြန်လည်တည်ဆောက်တော့မယ်။ ငါက သုံးရက်ကြာရင် မိသားစုအတွက် ဓားတစ်ချက်နဲ့ လက်စားချေမယ်”

“မင်းတို့က ငါ့ရဲ့ဓားချက်ကနေ ရှင်သန်နိုင်ရင် ရန်ငြိုးတွေအားလုံးကို ပယ်ဖျက်ပေးမယ်”

ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။

ရုတ်တရက်ဆန်သောဓားချက်နှင့်အတူ ရောက်လာပြီး ရန်ငြိုးနှင့်ကျေးဇူးတရာကို ဓားတစ်လက်ဖြင့် တုံ့ပြန်မည်။

“မိုင်တစ်သောင်းပတ်ဝန်းကျင်မှာရှိနေတဲ့ ဓားတွေအားလုံး တုန်ခါနေတယ်။ ဒီနည်းစနစ်နဲ့ ဓားတာအိုကျင့်ကြံခြင်းက အရမ်းသန်မာလွန်းတယ်”

“သခင်လေးကူက တကယ်သန်မာတာပဲ။ သူက ငါတို့ကို အဖော်ပြုပေးဖို့ပဲ ပြောခဲ့တယ်။ တိုက်ခိုက်ပေးဖို့ မပြောခဲ့ဘူး။ သူ့စကားက အမှန်ပဲ ....”

ဟန်မူယဲ့ငှားထားသော ဓားကျင့်ကြံသူများက လေထုထဲတွင်ရှိနေသော နဂါးဓားအလင်းကို အံ့အားသင့်စွာ မော့ကြည့်သည်။

ဟန်မူယဲ့က ဓားအလင်းကို အသက်သွင်းထားပြီး ကောင်းကင်ထက်တွင် သုံးရက်ကြာအောင် ရှိနေခဲ့သည်။ ထို့နောက် သူက စွန်းမိသားစုကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့သည်။ ချီမိသားစု၏ ကျွမ်းကျင်သူ ၁၇ယောက်နှင့် မိုင်တစ်သိန်းပတ်ဝန်းကျင်တွင်ရှိသော အင်အားစုသုံးထောင်၏ ကျွမ်းကျင်သူများလည်း ထိုဓားချက်အောက်တွင် အသက်ပျောက်သွားခဲ့သည်။

ကူမိသားစု၏သခင်လေး ကူယွဲ့နင်သည် လွှမ်းမိုးနိုင်စွမ်းရှိသောပုံစံဖြင့် ပြန်ရောက်လာခဲ့သည်။

ထိုဓားချက်ကြောင့် ဝမ်မင်မြို့တွင် ကူမိသားစုသည် ခွန်အားအကောင်းဆုံးဖြစ်လာခဲ့သည်။ မိုင်တစ်သိန်းပတ်ဝန်းကျင်၌ ကူမိသားစုကို ရန်စရဲသောလူများ မရှိတော့ပေ။

ဓားကျင့်ကြံသူအများအပြားသည် သခင်လေးကူ၏ဓားချက်ကို အရိုအသေပေးရန်အတွက် ရောက်လာခဲ့သည်။

ဟန်မူယဲ့က ဆေးလုံးနှင့်ဓားအမျိုးမျိုးကို ထုတ်ယူပြီး ကိုယ်ပိုင်အင်အားစုကို တည်ထောင်ခဲ့သည်။

....

ပြန့်ကျဲကြယ်ကျွန်း၊ ယွီလန်လမ်းမှ တော်ဝင်ရှုခင်းဓားဆိုင် ....

ဟန်မူယဲ့က နှစ်လကြာသည်အထိ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

လွန်ခဲ့သောနှစ်လခန့်တွင် ပြန့်ကျဲကြယ်ကျွန်းသည် ပြောင်းလဲသွားခဲ့သည်။

နှလုံးသားသန့်စင်ခြင်းဓားဝင်္ကပါတွင် ဓားကျင့်ကြံသူအများအပြား အဆင့်တက်သွားခဲ့သည်။ သူတို့က တော်ဝင်ရှုခင်းဓားဆိုင်၏ ဆိုင်ရှင်ဟန်ကို အလွန်ကျေးဇူးတင်နေသည်။

အင်အားစုများအားလုံးသည် ခြောက်ထပ်စံအိမ်၏ ဓားတာအိုပြိုင်ပွဲသို့ လက်ရွေးစင်များစေလွှတ်ခဲ့သည်။ သူတို့က ပြိုင်ပွဲစတင်ချိန်ကို စောင့်ဆိုင်းနေသည်။

ရေဝိညာဉ်နန်းတော်၏ သခင်မလေးရွှေယွဲ့အာသည် ကျင့်ကြံရာမှ ပြန်ထွက်လာခဲ့သည်။ သူမက ခွန်အားများ ပြန်ရသွားပြီဟု ပြောကြသည်။

မိစ္ဆာတစ်သောင်းနန်းတော်သခင်က ပြန့်ကျဲကြယ်ကျွန်းမှ ယာယီထွက်ခွာသွားသောကြောင့် မိစ္ဆာတစ်သောင်းနန်းတော်၏ အင်အားစုများသည် နှိမ့်ချစွာရှိနေသည်။

အဆုံးမဲ့ပင်လယ်သို့ ရောင်းချခဲ့သော အခွင့်အရေးထောင်ချီဓားသည် ပုံစံတူတစ်ခုဖြစ်သည်။

ဝမ်ယွမ်စံအိမ်သခင် ထောင်ကျစ်ရှင်းသည် တံခါးပိတ်ကျင့်ကြံနေသည်။ သူက ဓားပညာရပ်ကို လေ့လာချင်သည်ဟု ပြောကြသည်။

....

ထိုဖြစ်ရပ်များသည် ဟန်မူယဲ့နှင့် ပတ်သတ်နေသော်လည်း အမှန်တကယ် မသက်ဆိုင်ပေ။

ခြောက်ထပ်စံအိမ်၏ ဓားတာအိုပြိုင်ပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။

သူက အောက်ထပ်သို့ဆင်းသွားသောအခါ ဆိုင်တစ်ဆိုင်လုံး ဗလာဖြစ်နေသည်။

“ဆိုင်ရှင်၊ နောက်ဆုံးတော့ ထွက်လာပြီပေါ့ ....”

ကျန့်တနျိုက ရှေ့တက်လာပြီး သေချာသိမ်းထားသောကျောက်စိမ်းသေတ္တာကို ထုတ်ပေးလိုက်သည်။

“လက်ရေးလှစာ၊ ပန်းချီကားနဲ့ ဓားတွေအားလုံး ရောင်းထွက်သွားပြီ”

“ဓားဖိုကနေပို့လိုက်တဲ့ နောက်ဆုံးထွက်ဓားတွေလည်း ကုန်သွားပြီ”

ရှောက်ထျန်းရီက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ဆိုင်ရှင်က ထိုကိစ္စများကို ဂရုမစိုက်ကြောင်း သူတို့က သိထားသော်လည်း အလုပ်ကြိုးစားပြရမည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ကျောက်စိမ်းသေတ္တာကို သိမ်းသည်။ သူက ပုံမှန်အတိုင်း ဝိညာဉ်ပုလဲလုံးများကို ထုတ်ပေးလိုက်ပြန်သည်။

“အခုအချိန်ကစပြီး မင်းတို့က အမြတ်အပြည့်ရလိမ့်မယ်။ ကောင်းကောင်းလုပ်ကြပါ”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပြောသည်။

“ငါက ‌ခြောက်ထပ်စံအိမ်ရဲ့ ဓားတာအိုပြိုင်ပွဲကို သွားတော့မယ်။ ဓားဆိုင်ကို မင်းတို့နဲ့ ထားခဲ့မယ်”

ထို့နောက် သူက ရပ်တန့်လိုက်ပြီး ဆက်ပြောသည်။

“ငါပြန်မလာတော့ရင် ဓားဆိုင်က မင်းတို့အပိုင်ပဲ”

‘ပြန်မလာတော့ဘူးလား’

ကျန့်တနျိုနှင့် ရှောက်ထျန်းရီတို့၏ မျက်နှာထားက ပြောင်းလဲသွားသည်။

ဟန်မူယဲ့က ရယ်လိုက်သည်။ သူက အဝတ်များကို ဆွဲဆန့်ပြီး ဓားဆိုင်ထဲမှ ထွက်သွားသည်။

“စိတ်မပူပါနဲ့ ဆိုင်ရှင်က သေချာပေါက်ပြန်လာမှာပါ”

ရှောက်ထျန်းရီက လက်သီးဆုပ်ထားပြီး တီးတိုးပြောသည်။

“မင်း သေချာလား”

ကျန့်တနျို၏မျက်နှာက ဖြူဖျော့နေသည်။

ရှောက်ထျန်းရီက ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“ကျားဝူက ငါ့ကို ပြောခဲ့တယ်”

All Chapters