← Chapters

အခန်း (၅၉၁)

Vol. 43 Ch. 591

အခန်း (၅၉၁)

Vol. 43 Ch. 591

ခြောက်ထပ်စံအိမ် ....

ရွှေရောင်သန်းနေသော ခြောက်ထပ်စံအိမ်ကို ဓားဆန္ဒများက ရစ်ပတ်ထားသည်။

ဟန်မူယဲ့ရောက်လာသောအချိန်တွင် စံအိမ်၌ ဓားကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။

ခြောက်ထပ်စံအိမ်တွင် ရဲတင်းသောစကားများ မရှိသလို ငြီးငွေ့ဖွယ်ကောင်းသော လုပ်ငန်းစဉ်များလည်း မရှိပေ။

ဓားကျင့်ကြံသူများက ပွင့်လင်းသည်။

“ဟန်မူယဲ့လား”

သူရောက်လာသောအခါတွင် လူတစ်ယောက်က ရေရွတ်လိုက်သည်။

ဟန်မူယဲ့က တစ်ဖက်လူကို လှည့်ကြည့်သည်။ ကျောတွင် ဓားတစ်လက်လွယ်ထားသော အစိမ်းရောင်ချပ်ဝတ်နှင့် အရပ်ရှည်သည့်လူငယ်တစ်ယောက်ကို မြင်ရသည်။

“ငါ့နာမည်က ပိုင်ကျီယုပါ”

လူငယ်က ပြုံးပြသည်။

“အခွင့်အရေးထောင်ချီဓားက တကယ်အသုံးဝင်တယ်”

အဆုံးမဲ့ပင်လယ်၏ကြယ်ပွင့် ပိုင်ကျီယုသည် ရေဝိညာဉ်နန်းတော်၏ သခင်မလေးကို အနိုင်ယူခဲ့သည်။

ဟန်မူယဲ့က တခြားဘက်ကို လှည့်ကြည့်သည်။

ထိုနေရာတွင် အဖြူရောင်ဝတ်စုံနှင့် ကျင့်ကြံသူများ စုစည်းနေကြသည်။

ရှေ့ဆုံးတွင်ရှိသော အမျိုးသမီးကျင့်ကြံသူ၏ မျက်လုံးထဲတွင် အမုန်းတရားများကို မြင်နိုင်သည်။

ရေဝိညာဉ်နန်းတော်၏ သခင်မလေး ရွှေယွဲ့အာ ....

“မင်းမတတ်နိုင်ရင် ငါ့ကို အကူအညီတောင်းဖို့ မမေ့နဲ့နော်”

ပိုင်ကျီယုက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းလည်း အတူတူပဲ”

‘မင်းလည်း အတူတူပဲ’

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ပိုင်ကျီယုက ကြောင်အသွားသည်။ ထို့နောက် အပြုံးတစ်ခုနှင့်အတူ ရှေ့ဆက်လျှောက်သွားသည်။

ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူများက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

‘အဆုံးမဲ့ပင်လယ်ရဲ့ ပါရမီရှင်ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တယ်။ သူက ဘယ်သူများလဲ’

ပိုင်ကျီယုသည် ရေဝိညာဉ်နန်းတော်၏ သခင်မလေးကို အနိုင်ယူခဲ့ပြီး လက်ရှိအချိန်တွင် ပြိုင်ဘက်ကင်းနေသည်။

“သူက တော်ဝင်ရှုခင်းဓားဆိုင်ရဲ့ ဟန်မူယဲ့ပဲ”

လူတစ်ယောက်က အော်ပြောလိုက်သည်။

ဓားအကဲဖြတ်မှုတွင် ထိပ်တန်းအဆင့်ဖြစ်သော တော်ဝင်ရှုခင်းဓားဆိုင်၏ ဟန်မူယဲ့ ....

‘သူလား’

သူက ပြန့်ကျဲကြယ်ကျွန်းများတွင် နာမည်အကြီးဆုံးဓားကျင့်ကြံသူ ဖြစ်လိမ့်မည်။

ဓားအကဲဖြတ်ခြင်း၊ ဓားဝင်္ကပါတည်ဆောက်ပေးခြင်း၊ အသက်ခိုးယူခြင်းမျှော်စင်ကို ဖျက်ဆီးခဲ့ခြင်း ....

ပိုင်ကျီယုက သူ့ကို နှုတ်ဆက်လိုက်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

“ဆရာဟန်၊ နှလုံးသားသန့်စင်ခြင်းဓားဝင်္ကပါအတွက် ကျေးဇူးတင်ပါတယ်”

အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ယောက်က ဟန်မူယဲ့ကို ဦးညွှတ်သည်။

လူအများအပြားက လိုက်လံဦးညွှတ်လိုက်ကြသည်။

ဤနေရာတွင်ရှိသော ဓားကျင့်ကြံသူအများစုသည် နှလုံးသားသန့်စင်ခြင်းဝင်္ကပါသို့ ရောက်ခဲ့သည်။

“ဆရာဟန်၊ အသက်ခိုးယူခြင်းမျှော်စင်ကို ဖျက်ဆီးပေးခဲ့တဲ့အတွက် ကျင်းချန်က‌ ကျေးဇူးတင်ပါတယ်”

ကျောပေါ်တွင် ဓားကြီးတစ်လက်လွယ်ထားသော ခန္ဓာကိုယ်တောင့်တင်းသည့်လူတစ်ဦးက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဦးညွှတ်သည်။

ယခုအချိန်၌ ခြောက်ထပ်စံအိမ်၏ရှေ့တွင်ရှိနေသော လူအားလုံးနီးပါးက ဟန်မူယဲ့ကို ကြည့်နေကြသည်။

ဟန်မူယဲ့က လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြန်လည်နှုတ်ဆက်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ လှေကားပေါ်သို့ တက်သွားသည်။

ရှေ့တွင်ရှိနေသော ခြောက်ထပ်စံအိမ်၏တပည့်များက သူ့ကို ဦးညွှတ်လိုက်ပြီး စံအိမ်ထဲသို့ ဖိတ်ခေါ်သည်။

ခြောက်ထပ်စံအိမ်၏အပြင်ဘက်တွင် ဇူအော်ထျန်းယာ၏မျက်လုံးများက တောက်ပသွားပြီး တီးတိုးပြောသည်။

“ငါတို့က အဲဒီကလေးကို အသက်ရှင်ခွင့်ပေးလို့မဖြစ်ဘူး”

သူ့ဘေးတွင်ရှိနေသော ကျူးဝူရှစ်၏မျက်နှာထားက မည်းမှောင်နေသည်. သူက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်က စံအိမ်ထဲသို့ ဝင်သွားကြသည်။

ထိုအချိန်တွင် ဟန်မူယဲ့က စွန့်ပစ်မြေတစ်ခုသို့ ရောက်နေသည်။

ခြောက်ထပ်စံအိမ်သည် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၏ ဓားစံအိမ်ဖြစ်သည်။ တာအိုနယ်မြေဖြင့် ဖန်တီးထားပြီး ကိုယ်ပိုင်နေရာလွတ်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။

ဓား ....

စွန့်ပစ်မြေသည် ပျက်စီးနေသောဓားများဖြင့် ပြည့်နေသည်။

ထူးဆန်းသောသားရဲများကပင် ဓားရှည်များကို သယ်ဆောင်ထားပုံပေါ်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားတစ်လက်ကို လှမ်းယူသည်။

ဓားက သူ့လက်ထဲတွင် ပျက်စီးသွားသည်။

သူက ကြောင်အသွားပြီး ရယ်လိုက်သည်။

ဓားသည် အတုဖြစ်သည်။

ဓားစံအိမ်ထဲတွင် ဓားများကို စုဆောင်းထားသည်ဟု သူထင်ခဲ့သည်။ သို့သော် ဓားများအားလုံးက အတုဖြစ်နေသည်။

ထိုဓားများသည် ဆွေးမြည့်နေသော သစ်သားများသာဖြစ်သည်။

ထိုသို့ မဟုတ်သေးပေ။

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော သိပ်သည်းနေသည့်ဓားများကို ကြည့်လိုက်ပြီး ထိုင်ချသည်။

ဓားများကို စွန့်ပစ်မြေတွင် ထည့်သွင်းထားခြင်းမဟုတ်ဘဲ ပေါက်ရောက်နေခြင်းဖြစ်သည်။

‘ဓားတွေက စွန့်ပစ်မြေမှာ ကြီးထွားလာတာလား’

ဟန်မူယဲ့က အရိုးပေါ်အရေတင်ဖြစ်နေသော ထူးဆန်းသည့်သားရဲများကို လှမ်းကြည့်သည်။

ထိုသားရဲများ၏ကျောပေါ်တွင် ဓားများတင်ထားခြင်းမဟုတ်ဘဲ ဓားများ ပေါက်နေခြင်း ဖြစ်သည်။

‘စွန့်ပစ်မြေမှာ ပေါက်တဲ့ဓား ၊ သားရဲပေါ်မှာ ပေါက်တဲ့ဓားလား’

ဟန်မူယဲ့ တွေးလိုက်သည်။

သူက လက်မြှောက်ပြီး ကိုယ်ပိုင်ဓားကို ဆင့်ခေါ်မည့်အချိန်တွင် ဓားနှင့်ဓားအိမ်ကို ထုတ်မသုံးနိုင်ကြောင်း သိလိုက်ရသည်။

ထိုအရာသည် တာအိုနယ်မြေ၏ ကန့်သတ်ချက်စွမ်းအားဖြစ်သည်။

“ဝေါင်း ....”

ထူးဆန်းသောသားရဲတစ်ကောင်က ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

သားရဲ၏ခန္ဓာကိုယ်ပေါ်တွင် ကြမ်းတမ်းသောအငွေ့အသက်များ ပွတ်တိုက်သွားပြီး ဓားအလင်းများကို ထုတ်ပေးသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက သားရဲကို ရှောင်တိမ်းပြီး လက်မြှောက်၍ သားရဲ၏ကျောပြင်ကို ဖိချသည်။

“ခလွမ် ....”

သားရဲ၏ကျောပေါ်တွင်ရှိသော ဓားရှည်ကို ဆွဲထုတ်လိုက်သည်။

ဟန်မူယဲ့က ဓားနှင့်တူ ခုတ်ချသည်။

ပေသုံးဆယ်ရှည်လျားသော ဓားအလင်းသည် သားရဲကို နှစ်ပိုင်းပြတ်သွားစေခဲ့သည်။

သားရဲ၏ခန္ဓာကိုယ်သည် အစိမ်းရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားကို လွှမ်းခြုံလိုက်သည်။

မြူခိုးများကြားတွင်ရှိနေသော ဓားသည် သိစိတ်အချို့ကို ထုတ်လွှတ်ပေးသည်။

ဝိညာဉ်တစ်ဝက်အဆင့်လက်နက် ....

ဟန်မူယဲ့က ဓားကိုင်ထားပြီး ဓားတာအိုပြိုင်ပွဲ၏စည်းမျဉ်းများကို နားလည်သွားသည်။

သားရဲများကိုသတ်ဖြတ်ပြီး ဓားများကို စုဆောင်းရမည်။

ပြိုင်ပွဲ၏ပထမအဆင့်တွင် ဓားကို အဆင့်နိမ့်ဝိညာဉ်လက်နက်အဖြစ် ပြောင်းလဲရမည်။

ထိုသို့လုပ်ရန် မခက်ပေ။

ဟန်မူယဲ့က ဓားကိုင်ထားပြီး အဝေးတစ်နေရာသို့ ကြည့်သည်။

ထိုနေရာမှ သားရဲအချို့ ပြေးထွက်လာသည်။

“ဘုန်း”

ဓားအလင်းကျဆင်းလာပြီး သားရဲများအားလုံးကို အစိမ်းရောင်မြူခိုးအဖြစ် ပြောင်းလဲလိုက်သည်။

ဟန်မူယဲ့က ရှေ့တွင်ရှိနေသော သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူကို ကြည့်လိုက်ပြီး ရယ်မောလျက် ပျောက်ကွယ်သွားသည်။

သူ့ဓားက အဆင့်နိမ့်ဝိညာဉ်လက်နက် ဖြစ်လာသောကြောင့် ဓားစံအိမ်၏ နောက်တစ်ဆင့်သို့ ဝင်ရောက်ရန် လုံလောက်သည်။

ဟန်မူယဲ့က ခေါင်းခါသည်။

သူက လက်ထဲတွင်ရှိသောဓားကို ကြည့်သည်။

ဓားသည် သုံးပေရှည်လျားပြီး ရှေးကျသည်။

ဓားချီများကို ထည့်သွင်းလိုက်သောအခါတွင် ဝိညာဉ်သွေးကြောတစ်ခုနှင့်တူသော လမ်းကြောင်းကို ခံစားနိုင်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး စွန့်ပစ်မြေတွင်ရှိနေသော ဓားတစ်လက်ကို ကိုင်ကြည့်သည်။

ဓားချီအချို့ စိမ့်ဝင်သွားသည်။

ထိုဓားတွင်လည်း ဝိညာဉ်သွေးကြောရှိနေသည်။

သို့သော် စွန့်ပစ်မြေတွင်ရှိသော ဓားများသည် အပြည့်အဝယိုယွင်းသွားပုံပေါ်သည်။ ဓားချီများထည့်သွင်းလိုက်သော်လည်း တုံ့ပြန်မှုမရှိပေ။

“ဘုန်း”

ရှေ့တွင် လူရိပ်များက ထူးဆန်းသောသားရဲများကို သတ်ဖြတ်ပြီး ထွက်သွားကြသည်။

ဤစွန့်ပစ်မြေတွင် သားရဲအများအပြားရှိသည်။

“ခလွမ်”

ဓားကျင့်ကြံသူက သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေသည်။

ဓားအလင်းများ ထိတွေ့သွားပြီး ဓားချီများ ပြန့်ကျဲလာသည်။

အဆုံးတွင် ဓားကျင့်ကြံသူ၏လက်မောင်းကို ဓားတစ်လက်က ထိုးဖောက်သွားသည်။ သွေးများကျဆင်းလာပြီး ဓားကျင့်ကြံသူက ထွက်ပြေးသွားသည်။

တခြားလူတစ်ယောက်က သားရဲကိုသတ်ဖြတ်ပြီး အနိုင်ရခဲ့သည်။ သူ့လက်ထဲတွင်ရှိသော ဓားသည် တောက်ပလာပြီး သူ့ကို တခြားအဆင့်သို့ ခေါ်သွားသည်။

ဟန်မူယဲ့က ရှေ့ဆက်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဤနေရာတွင်ရှိသော ယိုယွင်းနေသည့်ဓားအများအပြားသည် တိုက်ပွဲကြောင့် ပျက်စီးသွားသည်။ သို့သော် ဓားအချို့ ကျန်နေခဲ့သည်။

ဟန်မူယဲ့က ထိုဓားများကို စစ်ဆေးကြည့်လိုက်သောအခါတွင် ဓားများက ပျက်စီးလုနီးပါးဖြစ်နေသော်လည်း စွမ်းအားတချို့ရှိနေကြောင်း သိလိုက်ရသည်။

အလွန်အားနည်းသည်။

သူက အနီးဆုံးတွင်ရှိသော ဓားတစ်လက်ကို ကိုင်ကြည့်လိုက်သောအခါတွင် မျက်နှာထားပြောင်းလဲသွားသည်။

ဓားပေါ်တွင် သွေးချီတချို့ရှိနေသည်။

ဒဏ်ရာနှင့်ထွက်ပြေးသွားသော ဓားကျင့်ကြံသူ၏သွေး ဖြစ်သည်။

ဓား၏ ခြောက်သွေ့နေသောသွေးကြောသည် အနည်းငယ်စိုစွတ်လာသည်။

အသက်စွမ်းအားလည်း အနည်းငယ်ပြန်ရလာသည်။

‘သွေးချီနဲ့ ရေလောင်းပေးတာလား’

သူက ကျယ်ပြန့်သောစွန့်ပစ်မြေကို လှမ်းကြည့်သည်။

‘သွေးချီတွေ အများကြီးလိုမှာပဲ ....’

“ခလွမ် ....”

ဟန်မူယဲ့က ဓားထုတ်ပြီး သိပ်မဝေးသောနေရာတွင်ရှိသည့် ဓားကျင့်ကြံသူကို ခုတ်ချသည်။

ဓားသွားက ခန္ဓာကိုယ်ကို ရှပ်တိုက်သွားပြီး သွေးအချို့ကျဆင်းလာစေသည်။

ဓားကျင့်ကြံသူ၏မျက်နှာက ဖြူဖျော့သွားသည်။ သူက စွန့်ပစ်မြေတွင် ကြောင်အစွာရပ်နေမိသည်။

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

“ထွက်သွားတော့”

‘ထွက်သွားရမှာလား’

‘ငါ့ကို မသတ်ဘူးပေါ့’

ဓားကျင့်ကြံသူက ငေးမောစွာထွက်သွားသည်။ သူက ပေဆယ်ချီအကွာသို့ ရောက်လာသောအခါတွင် နောက်သို့ ပြန်လှည့်ကြည့်မိသည်။

ဟန်မူယဲ့က စစ်ဆေးကြည့်လိုက်သည်။ သွေးချီနှင့်ထိတွေ့သွားသော ဓားများသည် အသက်စွမ်းအား ပြန်ရလာသည်။

သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ပြုံးသည်။

“ဘုန်း”

သူ့လက်ထဲတွင်ရှိသော ဓားရှည်သည် အဆုံးမရှိသောဓားအလင်းများအဖြစ် ပြောင်းလဲပြီး အဝေးတစ်နေရာသို့ ပြေးထွက်သွားသည်။

....

ဓားစံအိမ်၏အပြင်ဘက်တွင် ရှုချွမ်ဟယ်အပါအဝင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးတချို့က ပခုံးချင်းယှဉ်၍ ရပ်နေကြသည်။

သူတို့၏မျက်နှာထားက လေးနက်နေသည်။

ဓားစံအိမ်၏ပတ်ပတ်လည်တွင် ခြောက်ထပ်စံအိမ်၏တပည့်များက ဓားစံအိမ်လည်ပတ်နိုင်ရန် စွမ်းအားများထည့်သွင်းပေးနေကြသည်။

ခြောက်ထပ်ဓားစံအိမ်သည် ပိုင်ရှင်သေဆုံးသွားသောကြောင့် ဖြည်းဖြည်းချင်း ယိုယွင်းလာသည်။

ပြင်ပစွမ်းအားများ၏ ထောက်ပံ့မှုမရှိလျှင် ပျက်စီးသွားလိမ့်မည်။

သို့သော် ခြောက်ထပ်ဓားစံအိမ်သည် မဟာဓားကျင့်ကြံသူတစ်ဦး၏ တာအိုနယ်မြေဖြစ်သည်။ ခြောက်ထပ်စံအိမ်၏တပည့်များက ဓားစံအိမ်ပျက်စီးသွားမည်ကို ကြည့်မနေနိုင်ပေ။

“ဒီတစ်ကြိမ်မှာ ဓားစံအိမ်ရဲ့သခင်ကို ရှာနိုင်မလားမသိဘူး”

မုတ်ဆိတ်ရှည်အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာပြောသည်။

“ကျူးယွီရန်၊ ကျန့်ထောင်နဲ့ ဝမ်မင်ရှုတို့က ဓားစံအိမ်ရဲ့ လက်ရွေးစင်တွေပဲ။ သူတို့ကို ဓားစံအိမ်က အသိအမှတ်ပြုလိမ့်မယ်လို့ မျှော်လင့်တယ်”

ဆံဖြူလူအိုကြီးတစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်စွာပြောသည်။

“ပြီးတော့ ဟန်မူယဲ့လည်း ရှိနေတယ်”

ရှုချွမ်ဟယ်၏မျက်လုံးများက တောက်ပနေသည်။

အကြီးအကဲများက ခေါင်းညိတ်လိုက်ကြသည်။

ဓားစံအိမ်အား အပြင်လူများယူသွားမည်ကို စိုးရိမ်ရန်မလိုအပ်ပေ။ သူတို့ဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်မရှိလျှင် ဓားစံအိမ်ကိုသန့်စင်ရန် မဖြစ်နိုင်ပေ။

“ဟန်မူယဲ့က လူတွေအများကြီးကို ရန်စခဲ့တာ နှမြောစရာပဲ။ ရေဝိညာဉ်နန်းတော်ရဲ့ ရွှေယွဲ့အာလည်း ရှိနေတယ် ....”

လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။

ရှုချွမ်ဟယ်နှင့် တခြားလူများက မျက်နှာထားပြောင်းလဲသွားသည်။

ဓားစံအိမ်ပြိုင်ပွဲတွင် သေခြင်းရှင်ခြင်းကို မခန့်မှန်းနိုင်ပေ။

“ဝီ”

ရွှေရောင်စံအိမ်က ဓားချီများနှင့်အတူ ရုတ်တရက် တုန်ခါလာသည်။

“ဆရာ၊ ဓားစံအိမ်က နိုးထလာတဲ့ပုံပဲ”

တပည့်တစ်ယောက်က အော်ပြောသည်။

‘နိုးထလာတယ်’

‘ဓားစံအိမ်က နိုးထလာနိုင်တာလား’

‘မဖြစ်နိုင်ပါဘူး။ ဓားစံအိမ်သခင်ဟောင်း သေဆုံးသွားတဲ့အချိန်မှာ ဓားစံအိမ်က တိတ်ဆိတ်သွားခဲ့တယ်’

သို့သော် ယခုအချိန်တွင် ဓားစံအိမ်၏အရောင်အဝါက ပိုမိုအသက်ဝင်လာသည်။

‘ဓားစံအိမ်က တကယ်ပဲ နိုးထလာတော့မှာလား’

‘ဓားစံအိမ်ထဲမှာ ဘာဖြစ်နေတာလဲ’

ရှုချွမ်ဟယ်နှင့်အကြီးအကဲများက နားမလည်နိုင်ဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

All Chapters