အခန်း (၅၉၄)
Vol. 43 Ch. 594
ဓားစံအိမ်၏သခင် မရှိလျှင် ခြောက်ထပ်စံအိမ်ကို တခြားအင်အားစုများက ဖိနှိပ်သွားလိမ့်မည်။
သို့သော် ဓားစံအိမ်က သခင်ရသွားလျှင် တခြားလူ၏အပိုင် ဖြစ်သွားလိမ့်မည်။
ဓားစံအိမ်ထဲတွင် အဖိုးတန်ဓားများလည်း ရှိနေသေးသည်။
မည်သူက မနာကျင်ဘဲ နေနိုင်မည်နည်း။
“ဓားစံအိမ်က ဘယ်သူ့ကို အသိအမှတ်ပြုလိုက်တာလဲမသိဘူး”
လူတစ်ယောက်က ညင်သာစွာပြောသည်။
အမှန်အတိုင်းပြောရလျှင် ထိုအပြောင်းအလဲများသည် ဟန်မူယဲ့၏လက်ချက် ဖြစ်နိုင်ကြောင်း သူတို့အားလုံး နားလည်ကြသည်။
တပည့်တစ်ယောက်က ဓားစံအိမ်ထဲတွင်ရှိသော ဟန်မူယဲ့၏အပြုအမူကို သတင်းပို့ခဲ့သည်။
“ဟန်မူယဲ့မှာ ကောင်းမွန်တဲ့အသိစိတ်ရှိတယ်။ ပြီးတော့ သူက အစစ်အမှန်ဓားကျင့်ကြံသူတစ်ယောက်ပဲ”
ရှုချွမ်ဟယ်က အပြုံးမျက်လုံးများနှင့်အတူ ပြောသည်။
ဓားအကဲဖြတ်ပွဲနှင့် အသက်ခိုးယူခြင်းမျှော်စင်တွင် ဟန်မူယဲ့က ဓားကျင့်ကြံသူတစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။
ထို့ကြောင့် လူတိုင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ဓားစံအိမ်၏သခင်သည် ခြောက်ထပ်စံအိမ်၏ခေါင်းဆောင် ဖြစ်လာလိမ့်မည်။ အကျင့်စရိုက်ဆိုးဝါးသော ခေါင်းဆောင်ကို မည်သူမှ မလိုချင်ကြပေ။
“ဘုန်း”
ဟန်မူယဲ့က စတုတ္ထထပ်သို့ ရောက်လာသောအချိန်တွင် ဓားအလင်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
ကျူးဝူရှစ်ဖြစ်သည်။
အလင်းခုနစ်ပါးဓားဂိုဏ်း၏ ကျွမ်းကျင်သူ ကျူးဝူရှစ်သည် အလင်းခုနစ်ပါးစံအိမ်တွင် နေထိုင်ခဲ့သည်။
ဓားအလင်းသည် ခမ်းနားပြီး ဟန်မူယဲ့ကို ပြေးပေါက်ပိတ်ထားသည်။
ထိုဓားချက်ကြောင့် ပတ်ဝန်းကျင်တွင် ချီစွမ်းအင်အလင်းများ တောက်ပလာသည်။ ဓား၏ လေထိုးခွင်းသံသည် အလွန်စူးရှပြီး တည်နေရာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပုံပေါ်သည်။
ရုတ်တရက်ထွက်ပေါ်လာသော ဓားချက်ကြောင့် ဟန်မူယဲ့က ထိတ်လန့်သွားပုံပေါ်သည်။ သူက လေထုထဲတွင် ရပ်နေပြီး တုံ့ပြန်မှုမရှိပေ။
“အဲဒါက ဟန်မူယဲ့ပဲ”
အဝေးတစ်နေရာတွင် လူတစ်ယောက်က အော်ဟစ်လိုက်သည်။
“အဲဒီဓားချက်က အနည်းဆုံး ဝိညာဉ်ကိုယ်ခွဲတတိယအဆင့်မှာ ရှိနေတယ်။ မရပ်တန့်နိုင်ဘူး”
ကူညီချင်သော ဓားကျင့်ကြံသူက မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များပေါ်လာပြီး နေရာမှာပင် ရပ်တန့်လိုက်သည်။
ဓားစံအိမ်ကို တာအိုနယ်မြေက ဖိနှိပ်ထားသောကြောင့် အပြင်လောကနှင့် မတူပေ။
ကောင်းကင်အဆင့် ဓားကျင့်ကြံသူ၏ စွမ်းအားများကို အဆုံးစွန်အထိ စုစည်းထားနိုင်သည်။
ယခုအချိန်တွင် ကျူးဝူရှစ်၏ဓားချက်က ပတ်ဝန်းကျင်တွင်ရှိသော ကူညီချင်သည့်ဓားကျင့်ကြံသူများကို ခြောက်လှန့်လိုက်သည်။
“သူက တကယ်ပဲ မတားနိုင်ဘူးလား”
အဝေးတစ်နေရာတွင်ရှိသော တောင်တန်းပေါ်တွင် ပိုင်ကျီယုက မျက်မှောင်ကြုတ်သည်။
“ဟီးဟီး၊ သူက တကယ်ပဲ သေသွားမယ်ဆိုရင် ဘိုးဘေးက သူ့ကို မှားယွင်းပြီး ဆုံးဖြတ်မိတာပဲ”
သူက ရယ်လိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်သည်။
ထိုနေရာတွင် ရေဝိညာဉ်နန်းတော်၏ ရွှေယွဲ့အာက ဓားကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဓားဖြင့် ထိုးလိုက်သည်။
ဓားကျင့်ကြံသူ၏ တစ်သက်လုံးကျင့်ကြံထားသော သွေး၊ ချီနှင့် ဓားဆန္ဒများသည် အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုစွမ်းအားများကို ရွှေယွဲ့အာ၏ဓားက စုပ်ယူလိုက်သည်။
ဓားကို ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများအားလုံးဖြင့် ပျိုးထောင်ပေးသည်။
စတုတ္ထထပ်သည် လူသတ်ကွင်းဖြစ်သည်။
ရွှေယွဲ့အာက ခေါင်းမော့လိုက်ပြီး အေးစက်နေသောမျက်လုံးများဖြင့် ပိုင်ကျီယုကို ကြည့်သည်။
သူမ၏ဓားက လှုပ်ရှားသွားပြီး တခြားဓားကျင့်ကြံသူတစ်ယောက်ဆီသို့ တိုးဝင်သွားသည်။
“သူတို့က ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကပဲ။ သူတို့ရဲ့ သွေးအေးသတ္တဝါတွေဖြစ်တယ်လို့ ဘိုးဘေးက ပြောခဲ့တယ်။ အရင်တစ်ခေါက်တုန်းက ငါအရသာခံမိတယ် ....”
ပိုင်ကျီယု၏မျက်နှာထားက လေးနက်နေပြီး ဟန်မူယဲ့ကို ပြန်ကြည့်သည်။
ထိုအချိန်တွင် ကျူးဝူရှစ်၏ဓားအလင်းသည် ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။ သို့သော် ဟန်မူယဲ့က မလှုပ်ရှားသေးပေ။
“ဘုန်း”
ဟန်မူယဲ့၏နောက်တွင် အဆုံးမရှိသောအလင်းစီးကြောင်းများ ပေါ်ထွက်လာသည်။
တတိယထပ်မှ စတုတ္ထထပ်သို့ လိုက်လာသောဓားများ ဖြစ်ကြသည်။
ဟန်မူယဲ့၏နောက်ကျောတွင် အလင်းတောင်ပံတစ်စုံ လှုပ်ရှားလာသည်။ သူက ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ကျူးဝူရှစ်၏ဓားအလင်းက အရင်ဆုံး ဖျက်ဆီးခံလိုက်ရသည်။
သူက မတုံ့ပြန်နိုင်ဘဲ ဓားအလင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။
“ဝီ”
မရေမတွက်နိုင်လောက်သောဓားများသည် နဂါးအဖြစ်ပြောင်းလဲပြီး ဟန်မူယဲ့၏နောက်သို့ လိုက်လာသည်။
ကျူးဝူရှစ်ကတော့ တစ်ခါမှမတည်ရှိသကဲ့သို့ ပျောက်ကွယ်သွားသည်။
ကောင်းကင်ဘုံ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူသည် စတုတ္ထထပ်တွင် တိတ်ဆိတ်စွာသေဆုံးသွားခဲ့သည်။
ထိုအရာသည် သတ်ဖြတ်ခြင်းဖြစ်သည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး ပျံသန်းသွားသည်။
သူက အဝေးတစ်နေရာတွင်ရှိနေသော တောင်တန်းဆီသို့ ဦးတည်လာသည်။
သူ့နောက်တွင် ဓားအလင်းနဂါးတစ်ကောင် လိုက်လာသည်။
တောင်ထိပ်တွင်ရှိနေသော ပိုင်ကျီယုက အစပိုင်းတွင် ပြုံးနေသော်လည်း ထိုအပြုံးက အေးခဲသွားသည်။
ဟန်မူယဲ့က သူ့ဆီသို့ ပျံသန်းလာနေသည်။
“ညီအစ်ကိုပိုင်၊ ကူညီပါအုံး”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
‘စောက်ကျိုးနည်း’
ပိုင်ကျီယုက ထွက်ပြေးသွားသည်။
‘ဒါက ငါဝင်ပါနိုင်တဲ့အရာလား’
သူထွက်ပြေးသွားသောအခါတွင် ဟန်မူယဲ့က ကျယ်လောင်စွာရယ်ပြီး ဓားအလင်းနဂါးကို ရွှေယွဲ့အာဆီသို့ ဦးတည်လိုက်သည်။
ရွှေယွဲ့အာကလည်း မျက်နှာထားပြောင်းလဲသွားပြီး အဆုံးတွင် ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။
သူမက လွတ်မြောက်သွားခဲ့သည်။
ယခုအချိန်တွင် စတုတ္ထထပ်တစ်ခုလုံး ဖရိုဖရဲဖြစ်နေသည်။
ဟန်မူယဲ့က ဓားအလင်းနဂါးကို ဦးဆောင်၍ နေရာအနှံ့တွင် သောင်းကျန်းနေသည်။ သူ့ကို တားဆီးရဲသောလူများ မရှိခဲ့ပေ။
ဟန်မူယဲ့က အလယ်တွင်ဖြစ်သည်။ ဓားအလင်းနဂါးက သူ့နောက်တွင် ရှိနေပြီး သူ့ရှေ့တွင် ကျင့်ကြံသူများ ထွက်ပြေးနေကြသည်။
တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ရမည်ဖြစ်သော ဓားစံအိမ်၏ စတုတ္ထထပ်သည် အပြေးပြိုင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
“တာအိုရောင်းရင်းတို့၊ ငါတို့က အတူတူပူးပေါင်းပြီး အခက်အခဲကို ကျော်လွှားသင့်တယ်”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
ရှေ့တွင်ရှိသော ဓားကျင့်ကြံသူများက ပိုမိုလျင်မြန်စွာ ထွက်ပြေးသွားကြသည်။
“အားလုံးပဲ ဒီဓားအလင်းက အခွင့်အရေးတစ်ခုနော်။ ဓားအလင်းနဂါးကို ဖြိုခွင်းနိုင်ရင် ဓားစံအိမ်ရဲ့သခင် ဖြစ်လာလိမ့်မယ်”
ဟန်မူယဲ့က အော်ဟစ်လိုက်ပြန်သည်။
‘စောက်ကျိုးနည်း။ အဲဒါကို ဘယ်သူကယုံမှာလဲ’
ဓားကျင့်ကြံသူများက အရှိန်ထပ်မြှင့်လိုက်ကြသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ဓားကျင့်ကြံသူများ၏နောက်သို့ ဆက်လိုက်သွားသည်။
သူ့နောက်တွင်ရှိသော ဓားအလင်းသည် လက်မလျော့ဘဲ ရေလှိုင်းတစ်ခုကဲ့သို့ လှုပ်ရှားနေသည်။
တစ်ရက် ....
သုံးရက် ....
ဆယ်ရက် ....
ကျင့်ကြံဆင့်နိမ့်ကျသော ဓားကျင့်ကြံသူများက ချီစွမ်းအင်ကုန်ခန်းလာသည်။ သူတို့က လက်ထဲတွင်ရှိသော ဓားများကို လွှင့်ပစ်လိုက်ပြီး ပျောက်ကွယ်သွားကြသည်။ သူတို့က ဓားစံအိမ်ထဲမှ ကန်ထုတ်ခံလိုက်ရသည်။
သူတို့၏ဓားများသည် နဂါးဓားအလင်းနှင့် ပေါင်းစပ်သွားသောကြောင့် နဂါးဓားအလင်းက ပိုမိုသန်မာလာသည်။
အစပိုင်းတွင် ဓားကျင့်ကြံသူများ သောင်းချီ၍ရှိသော်လည်း ယခုအချိန်တွင် တစ်သောင်းအောက်သာ ကျန်တော့သည်။
ပိုင်ကျီယုနှင့် ရွှေယွဲ့အာက တင်းမာသောမျက်နှာထားများဖြင့် ပခုံးချင်းယှဉ်၍ ပြေးနေသည်။
“ဒီလိုမှန်းသိခဲ့ရင် ဓားကျင့်ကြံသူတွေကို ပိုသတ်ပြီး ချီနဲ့သွေးကို စုပ်ယူခဲ့ပါတယ်။ ဒီအဆင့်မှာ ထွက်သွားရမယ်ဆိုရင်လည်း တခြားလူတွေထက်တော့ သာနေအုံးမှာပဲ”
ပိုင်ကျီယုက တီးတိုးကျိန်ဆဲလိုက်သည်။
ဘေးတွင်ရှိနေသော ရွှေယွဲ့အာက စကားမပြောပေ။ သူမ၏မျက်လုံးများက တောက်ပနေပြီး ပိုင်ကျီယုနှင့် အတွေးတူသည်။
စတုတ္ထအဆင့်တွင် ဟန်မူယဲ့က ဤသို့လုပ်ဆောင်လိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
ယခုအချိန်တွင် ရပ်တန့်ရဲသောလူ မရှိပေ။ ဓားအလင်းနဂါး၏ ဝါးမြိုခြင်းကို ခံရလျှင် အသက်ပျောက်သွားလိမ့်မည်။
ထို့အပြင် ဤအခြေအနေတွင် တခြားလူများကို သတ်ဖြတ်ရဲသောလူက အားလုံး၏မုန်းတီးခြင်းကို ခံရပြီး ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလိမ့်မည်။
ဟန်မူယဲ့ကို ရပ်တန့်နိုင်သောလူ မရှိပေ။
“ငါတို့က ဟန်မူယဲ့ကို သတ်လိုက်ရင်ရော”
လူတစ်ယောက်က ပြောသည်။
လူတိုင်းက သူ့ကို အရူးတစ်ယောက်အဖြစ် သဘောထားပြီး လျစ်လျူရှုလိုက်ကြသည်။
ဟန်မူယဲ့ကို သတ်ဖြတ်လိုက်လျှင် ဓားအလင်းပျောက်ကွယ်သွားမည်ဟု သေချာပေါက်မပြောနိုင်ပေ။
အကယ်၍ ဟန်မူယဲ့ကို သတ်မည်ဆိုလျှင်လည်း မည်သူက သွားသတ်မည်နည်း။
မည်သို့ပင်ဖြစ်စေ သူတို့က အနှေးဆုံးလူဖြစ်မနေသ၍ အဆင်ပြေသည်။
“ဘုန်း”
ရက်နှစ်ဆယ်ကုန်ဆုံးသွားသည်။
ဓားစံအိမ်၏ စတုတ္ထထပ်တွင် ဓားကျင့်ကြံသူသုံးထောင်သာ ကျန်ရစ်တော့သည်။
ဟန်မူယဲ့၏နောက်တွင်ရှိသော ဓားအလင်းသည် အလွန်သန်မာပြီး နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်နေသည်။
ဓားအလင်းနဂါးသည် အလွန်သန်မာသောကြောင့် တိုက်ရိုက်ကြည့်ရဲသောလူများ မရှိပေ။
ပိုင်ကျီယုက နောင်တရနေသည်။ ဤသို့ဖြစ်လာမည်ဟု သိခဲ့လျှင် သူက စတုတ္ထထပ်တွင် ဟန်မူယဲ့ကို တိုက်ခိုက်ခဲ့လိမ့်မည်။
“မင်းက ဘာဖြစ်လို့ ငါ့ကိုမသတ်တာလဲ”
ပိုင်ကျီယုက အနည်းငယ်အသက်ရှူမြန်နေပြီး ရွှေယွဲ့အာကို ကြည့်သည်။
“မင်းရဲ့သွေးကို အပူပေးလို့ရလား သိချင်မိတယ်”
ရွှေယွဲ့အာက တစ်ကိုယ်လုံးတုန်ခါသွားပြီး အကြည့်များရှုပ်ထွေးနေသည်။
သူမက ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်လှည့်၍ ဟန်မူယဲ့ဆီသို့ ပြေးဝင်သွားသည်။
ရေဝိညာဉ်နန်းတော်၏ သခင်မလေးသည် လှုပ်ရှားလိုက်ပြီဖြစ်သည်။
လူတချို့က ဆက်ပြေးနေသည်။ လူတချို့က ရပ်တန့်လိုက်ပြီး စောင့်ကြည့်နေသည်။
ရွှေယွဲ့အာ ရှုံးနိမ့်သွားခဲ့လျှင် ဤပြိုင်ပွဲသည် ကျရှုံးသွားပြီဖြစ်သည်။
“သေစမ်း”
ပိုင်ကျီယုက အံတင်းတင်းကြိတ်ထားပြီး ဟိန်းဟောက်၍ နောက်လှည့်သွားသည်။
ပိုင်ကျီယု၏ဓားသည် အလွန်ပါးလွှာသည်။
ရွှေယွဲ့အာ၏ဓားသည် အလွန်တိုသည်။
ဓားနှစ်လက်သည် ရေခိုးရေငွေ့များဖြင့် ပြည့်နှက်နေသည်။ ဓားအလင်းနှစ်ခုသည် သွယ်ယှက်သွားပြီး ရေနဂါးတစ်ကောင်အဖြစ်ပြောင်းလဲ၍ ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။
ဟန်မူယဲ့၏နောက်တွင် နဂါးဓားအလင်းသည် ဟိန်းဟောက်လိုက်သည်။
ဟန်မူယဲ့၏ရှေ့တွင် ရေနဂါးတစ်ကောင်က တားဆီးနေသည်။ ဟန်မူယဲ့၏နောက်တွင် ဝါးမြိုရန်အသင့်စောင့်နေသော နဂါးဓားအလင်းရှိသည်။
ယခုအချိန်တွင် ဟန်မူယဲ့က အန္တရာယ်ရှိနေပုံပေါ်သည်။
“မင်းက ဓားကို စွန့်ပစ်လိုက်လို့ရတယ်”
ပိုင်ကျီယု၏အသံ ပေါ်ထွက်လာသည်။
‘ငါ့ဓားကို စွန့်ပစ်ရမှာလား’
ဟန်မူယဲ့က ပြုံးသည်။
သူက လက်ဖြန့်သည်။
သူ့လက်ထဲတွင်ရှိသောဓားသည် ဖြည်းဖြည်းချင်း ပြုတ်ကျသွားသည်။
ပိုင်ကျီယုက မျက်လုံးပြူးသွားသည်။
‘ဓားကို တကယ်ပဲ စွန့်ပစ်လိုက်တာလား’
‘သူက ပြိုင်ပွဲကို အရှုံးပေးလိုက်ပြီလား’
‘သူက ဓားကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဓားကို စွန့်ပစ်တာလဲ’
‘တကယ်လို့ ဟန်မူယဲ့က ဓားကိုစွန့်ပစ်ပြီး ထွက်သွားရင် ငါက နဂါးဓားအလင်းနဲ့ ရင်ဆိုင်ပြီး သေဆုံးသွားရတော့မှာလား’
‘ငါ့အတွေးက မှားနေတာလား’
‘မဟုတ်သေးဘူးဟ’
ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ဓားရှည်သည် ပေတစ်သိန်းရှည်လျားသော ရွှေခြင်္သေ့တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ နောက်တွင်ရှိသော နဂါးဓားအလင်းက ရွှေခြင်္သေ့ကို ရစ်ပတ်လိုက်သည်။
ဓားအလင်းများ တုန်ခါနေပြီး ချီစွမ်းအင်အလင်းများ ပေါက်ကွဲသွားသည်။
အလင်းနှင့်အရိပ်များအားလုံး ပျောက်ကွယ်သွားသောအချိန်တွင် ဟန်မူယဲ့ကလည်း မရှိတော့ပေ။
‘သူ့ကို ဓားအလင်းက ဝါးမြိုသွားတာလား’
“သူ .... သူ့ကို ဓားအလင်းက အသိအမှတ်ပြုထားတာမဟုတ်လား ....”
ရွှေယွဲ့အာက ရှုပ်ထွေးသောမျက်နှာထားဖြင့် ရေရွတ်လိုက်သည်။
ဟန်မူယဲ့က ဓားအလင်း၏အသိအမှတ်ပြုခြင်းကို အချိန်ကြာမြင့်စွာ ရရှိထားခဲ့သည်။
ပိုင်ကျီယုက အံတင်းတင်းကြိတ်ထားပြီး ခေါင်းညိတ်သည်။
နဂါးဓားအလင်းသည် ဟန်မူယဲ့ကိုဖမ်းရန်အတွက် ရောက်လာသည်ဟု သူတို့အားလုံး ထင်ခဲ့ကြသည်။
ကျူးဝူရှစ်ကို ဝါးမြိုခဲ့သော ဓားအလင်း၏လုပ်ရပ်ကို သူတို့က မြင်ခဲ့သည်။
သို့သော် ဟန်မူယဲ့က သူတို့အားလုံးကို လှည့်စားသွားသည်။
ဓားအလင်းသည် ဟန်မူယဲ့ကို သခင်အဖြစ် အသိအမှတ်ပြုချင်သောကြောင့် နောက်မှလိုက်လာခြင်းဖြစ်သည်။
ယခုအချိန်တွင် ဓားအလင်းသည် ဟန်မူယဲ့၏ဓားနှင့် ပေါင်းစပ်ပြီး သူ့ကို ပဥ္စမထပ်သို့ ခေါ်သွားသည်။
“ငါတို့က တိုက်ခိုက်ကြအုံးမှာလား”
ပိုင်ကျီယုက ရွှေယွဲ့အာကို ကြည့်သည်။