← Chapters

အခန်း (၅၉၇)

Vol. 43 Ch. 597

အခန်း (၅၉၇)

Vol. 43 Ch. 597

သခင်လေးကူ၏လမ်းညွှန်ချက်သည် ရှင်းလင်းပြီး အသေးစိတ်ကျသည်။

ဝမ်မင်မြို့တွင် သခင်လေးကူက ဓားတာအို၏ အစစ်အမှန်အဓိပ္ပာယ်ကို နားလည်ထားသည်ဟု သတင်းများထွက်နေသည်။ လောကတွင် ဓားတာအိုနှင့်ပတ်သတ်၍ သူနားမလည်သောအရာ မရှိပေ။

လွန်ခဲ့သောသုံးနှစ်တွင် ချန်ယွဲ့ကြယ်မှ ဝမ်မင်မြို့၏ သခင်လေးကူယွဲ့နင်သည် စိမ်းလန်းခြင်းနယ်မြေတစ်ခုလုံးတွင် နာမည်ကြီးလာသည်။

မရေမတွက်နိုင်သော ဓားကျင့်ကြံသူများသည် ဓားနည်းစနစ်များကို ဖတ်ရှုရန်အတွက် ရောက်လာကြသည်။

နောက်ပိုင်းတွင် ပိုမိုများပြားသောလူများက သခင်လေးကူယွဲ့နင်ကို တွေ့ချင်သည့်အတွက် ရောက်လာကြသည်။

ဝမ်မင်မြို့၏ ကူယွဲ့နင်ကို မသိလျှင် အသုံးမကျသော ဓားကျင့်ကြံသူတစ်ယောက်သာ ဖြစ်လိမ့်မည်။

“ဝီ”

ဝမ်မင်မြို့တွင် ဓားအလင်းသည် ကောင်းကင်အထိ ထိုးတက်သွားသည်။

ထိုဓားအလင်း၏နောက်တွင် ခမ်းနားသောအလင်း ၁၂ခု လိုက်လာသည်။ ထို့နောက် ရာချီသောဓားများ လွင့်မျောသွားကြသည်။

“ကူမိသားစုရဲ့ သခင်လေးကူယွဲ့နင်က မင်ချန်ကြယ်ကိုသွားပြီး တာအိုဆွေးနွေးတော့မယ်”

လူတစ်ယောက်က မျှော်လင့်နေသောမျက်နှာထားဖြင့် တီးတိုးရေရွတ်လိုက်သည်။

“ဟားဟား၊ မင်ချန်ကြယ်ရဲ့ တာအိုဆွေးနွေးပွဲက စိမ်းလန်းခြင်းနယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားမယ့် အဓိကပွဲကြီးတစ်ခုပဲ။ ငါတို့ရဲ့ သခင်လေးကူက ပါဝင်ဆင်နွှဲဖို့အတွက် ဖိတ်ကြားခံရတယ်။ ပြီးတော့ သူက အသက်အငယ်ဆုံး တန်ခိုးရှင်ပဲ”

လူတစ်ယောက်က တောက်ပနေသောမျက်လုံးများဖြင့် ကျယ်လောင်စွာပြောလိုက်သည်။

“မင်းရဲ့သခင်လေးကူတဲ့လား။ ငါ့ရဲ့သခင်လေးကူကွ ....”

....

လူတစ်ယောက်က လမ်းလျှောက်လာသည်။ သူ့နောက်တွင် ဓားအလင်း ၁၂ခုနှင့် ဓားရှည်အချောင်းတစ်ရာ လွင့်မျောနေသည်။

ဟန်မူယဲ့က ဈေးကြီးပေးပြီး အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ၁၂ယောက်ကို ငှားရမ်းခဲ့သည်။

စိမ်းလန်းခြင်းနယ်မြေတွင် ဓားကျင့်ကြံသူများငှားရမ်းသော စီးပွားရေးသည် အလွန်တည်ငြိမ်သည်။ ထိုကျင့်ကြံသူများက သစ္စာဖောက်သွားမည်ကို စိုးရိမ်ရန်မလိုအပ်ပေ။

ထို့အပြင် လွန်ခဲ့သောနှစ်များတွင် ဟန်မူယဲ့၏ ပါရမီနှင့် ဓားကျင့်ကြံခြင်းက မဟာကျင့်ကြံသူကြီး၁၂ယောက်ကို လွှမ်းမိုးနိုင်ခဲ့သည်။

နောက်တွင်ရှိနေသော ရွှေအမြုတေအဆင့် ဓားကျင့်ကြံသူတစ်ရာသည် ကူမိသားစုတွင်နေထိုင်ရန် ဆန္ဒရှိသော ကျင့်ကြံသူများဖြစ်ကြသည်။

ဟန်မူယဲ့က သူတို့ကို ပျိုးထောင်ပေးရန်အတွက် ဝိညာဉ်ကျောက်တုံးအများအပြား သုံးစွဲခဲ့သည်။ သူတို့၏ ဓားကျင့်ကြံခြင်းနည်းစနစ်ကိုလည်း သေချာညွှန်ပြပေးခဲ့သည်။

ထိုဓားကျင့်ကြံသူတစ်ရာသည် အဆင့်ကျော်၍တိုက်ခိုက်နိုင်သည်။

ကံကောင်းစွာဖြင့် စိမ်းလန်းခြင်းနယ်မြေတွင် ဓားကျင့်ကြံသူအများအပြား ရှိနေခဲ့သည်။ ထိုသို့မဟုတ်လျှင် ပါရမီကောင်းသော ဓားကျင့်ကြံသူတစ်ရာကို ရှာဖွေရန်အတွက် လွယ်ကူမည်မဟုတ်ပေ။

“သခင်လေး၊ မင်ချန်ကြယ်ရဲ့ ဓားတာအိုဆွေးနွေးပွဲက စိမ်းလန်းခြင်းနယ်မြေမှာ အခမ်းနားဆုံးပွဲပဲ။ အဲဒီမှာ နာမည်တစ်ခုရနိုင်ရင် သခင်လေးက အရမ်းကျော်ကြားလာလိမ့်မယ်”

ဟန်မူယဲ့၏ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက တီးတိုးပြောလိုက်သည်။

ထိုလူ၏နာမည်က ကျန့်ယွမ်ဖြစ်သည်။ သူက အခြေတည်ဝိညာဉ် အဌမအဆင့်တွင် ရှိခဲ့သည်။ သို့သော် ဟန်မူယဲ့နှင့် ဆုံတွေ့ပြီး ဉာဏ်အလင်းတချို့ ရလာသောကြောင့် အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်သို့ ရောက်လာသည်။

ကျန့်ယွမ်က သစ္စာရှိပြီး သန်မာသည်။ ဟန်မူယဲ့က များသောအားဖြင့် တံခါးပိတ်ကျင့်ကြံနေတတ်သည်။ ကျန့်ယွမ်က ကူမိသားစုနှင့်ပတ်သတ်၍ ကိစ္စအများအပြားကို တာဝန်ယူထားသည်။

“ဒါပေမဲ့ သခင်လေးက ငယ်သေးတယ်။ တာအိုဆွေးနွေးပွဲမှာ တစ်ခုခုဖြစ်သွားရင် အနာဂတ်ကျင့်ကြံခြင်းအပေါ်မှာ သက်‌ရောက်မှုရှိလာလိမ့်မယ်”

ကျန့်ယွမ်က ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။

“သူက သခင်လေးကို တန်ဖိုးထားတဲ့အတွက် တာအိုဆွေးနွေးပွဲကို ဖိတ်ခေါ်လိုက်တာလား။ ဒါမှမဟုတ် သခင်လေးကို ဖျက်ဆီးချင်လို့လား ....”

မဟာတာအိုတိုက်ပွဲသည် အလွန်အန္တရာယ်များသည်။

တာအိုဆွေးနွေးပွဲသည် တာအိုတိုက်ပွဲကဲ့သို့ အန္တရာယ်မများသော်လည်း မဟာတာအိုတွင် အခြေမခိုင်သေးသော ကျင့်ကြံသူများအတွက် အန္တရာယ်ရှိသည်။

ကျန့်ယွမ်၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးသည်။

လွန်ခဲ့သော ၂နှစ်ခန့်တွင် မဟာဓားကျင့်ကြံသူကြီးတစ်ဦးက ဝမ်မင်မြို့သို့‌ရောက်လာပြီး ဟန်မူယဲ့နှင့် အချိန်ကြာမြင့်စွာ စကားပြောခဲ့သည်။ ထိုကျင့်ကြံသူက ဓားတာအိုနှင့်ပတ်သတ်သော ဟန်မူယဲ့၏အသိအမြင်ကို လေးစားသွားပြီး တာအိုပြိုင်ပွဲသို့ ဖိတ်ခေါ်ခဲ့သည်။

အပြင်လူများက ဟန်မူယဲ့၏ နက်ရှိုင်းလှသော ဓားတာအိုအခြေခံအုတ်မြစ်ကို နားလည်နိုင်မည်မဟုတ်ပေ။

“မင်ချန်ကြယ်မှာ တာအိုဆွေးနွေးပွဲရှိတဲ့အတွက် အပြင်လူတွေ ရပ်တန့်ပေးပါ”

ရှေ့တွင်ရှိသောကြယ်သည် တောက်ပနေပြီး အသံတစ်သံ ပေါ်ထွက်လာသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ညွှန်ပြသည်။ ရွှေအလင်းတစ်ခုနှင့်အတူ သူ့နာမည်ကို ဖော်ပြလိုက်သည်။

ကြယ်၏အထက်တွင် ချီစွမ်းအင်အလင်းများသည် တံခါးတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။

“ဘုရားရေ၊ နောက်ထပ် မဟာကျင့်ကြံသူကြီးတစ်ယောက်ပဲ”

ဟန်မူယဲ့တို့က ကြယ်ထဲသို့ဝင်ရောက်လာသောအခါတွင် စကားသံများကို ကြားလိုက်ရသည်။

“တာအိုဆွေးနွေးပွဲကို ရောက်လာတဲ့လူတိုင်းက ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူကြီးတွေပဲမဟုတ်လား”

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်သည်။ ဟန်မူယဲ့တို့ဝင်လာသောတံခါးက ပိတ်သွားသည်။

“အဲဒီလိုလည်း မဟုတ်သေးဘူး။ ဒီတစ်ကြိမ်မှာ လူငယ်ဓားကျင့်ကြံသူတစ်ဦးကို ဖိတ်ခေါ်ထားတယ်တဲ့”

စိမ်းလန်းခြင်းနယ်မြေတွင် လူတိုင်းက ဓားသယ်ထားသည်။

မင်ချန်ကြယ်သည် ဓားတာအို၏ တော်ဝင်နယ်မြေဖြစ်သောကြောင့် ဓားကျင့်ကြံသူအများအပြား ရှိနေသည်။

ဟန်မူယဲ့တို့က အောက်သို့ ဆင်းသက်လာပြီး လမ်းလျှောက်သွားလိုက်သည်။

သူတို့၏ရှေ့တွင် ဓားကျင့်ကြံသူများ တာအိုဆွေးနွေးသော မိုင်တစ်ထောင်ရှည်လျားသည့် အနန္တဓားကမ်းပါး ရှိနေသည်။

ကမ်းပါးတွင်ရှိနေသော ဓားချီများကိုကြည့်လိုက်ပြီး လူတိုင်း၏မျက်နှာထားက လေးနက်သွားသည်။

အနန္တဓားကမ်းပါးတွင် မရေမတွက်နိုင်သောဓားများ မြှုပ်နှံထားသည်။

ထိုနေရာသည် စိမ်းလန်းခြင်းနယ်မြေမှ ဓားကျင့်ကြံသူများ၏ သင်္ချိုင်းဖြစ်သည်ဟု ပြောကြသည်။

တစ်ချိန်တည်းမှာပင် အနန္တဓားကမ်းပါး၌ စိမ်းလန်းခြင်းနယ်မြေ၏ ဓားသူတော်စင်က သူတော်စင်တစ်ယောက် ဖြစ်လာခဲ့သည်။

“ငါရဲ့ဓားကို ဒီနေရာမှာ မြှုပ်နှံနိုင်ရင် ငါ့ဘဝက အလကားဖြစ်တော့မှာမဟုတ်ဘူး ....”

ဟန်မူယဲ့၏နောက်တွင် အဖြူရောင်မုတ်ဆိတ်များနှင့် လူအိုကြီးတစ်ယောက်က တီးတိုးပြောသည်။

သူ့နာမည်က သွမ်ခုန်းဖြစ်ပြီး အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်တွင်ရှိသော မဟာဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သို့သော် သူက သက်တမ်းသိပ်မကျန်တော့ပေ။ သူက ဝမ်မင်မြို့တွင် အနားယူချင်သောကြောင့် ဟန်မူယဲ့ထံတွင် အလုပ်လုပ်ခဲ့သည်။

ထို့ကြောင့် သူက ကူမိသားစုနှင့်ပတ်သတ်၍ ပိုဂရုစိုက်သည်။ ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံနေသောအချိန်တွင် ကျန့်ယွမ်က ကိစ္စရပ်များကို သူနှင့်အတူ ဆွေးနွေးလိမ့်မည်။

သွမ်ခုန်း၏စကားကြောင့် ဓားကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြသည်။

စိမ်းလန်းခြင်းနယ်မြေတွင် ဓားကျင့်ကြံသူတိုင်းက အနန္တဓားကမ်းပါးတွင် သေဆုံးချင်ကြသည်။

သို့သော် အနန္တဓားကမ်းပါးသို့ သွားနိုင်သောလူများ သိပ်မရှိပေ။

ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး စိမ်းလန်းခြင်းနယ်မြေ၏ ဓားတာအိုလမ်းစဉ်အတွက် အကျိုးဆောင်မှုများ မရှိလျှင် အနန္တဓားကမ်းပါးသို့ ဝင်ရောက်ခွင့်မရှိပေ။

“လူတိုင်းက အနန္တဓားကမ်းပါးမှာ သေချင်ကြတာလား။ ဟီးဟီး”

သိပ်မဝေးသောနေရာတွင် လူတစ်ယောက်က ရယ်လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူအချို့ကို မြင်နိုင်သည်။

သူတို့က ဂိုဏ်းတူတပည့်များ ဖြစ်ပုံရသည်။

ခေါင်းဆောင်၏ကျင့်ကြံခြင်းသည် အလွန်နက်ရှိုင်းသည်။ သူ့ဆံပင်များက ဖြူဖွေးနေပြီး ရှည်လျားသောမုတ်ဆိတ်နှင့် ရှေးကျသောအငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။

“အနန္တဓားကမ်းပါးက ဓားကျင့်ကြံသူတွေခေါင်းချဖို့ မျှော်လင့်တဲ့နေရာပဲ။ ဘာလို့မပြောနိုင်ရမှာလဲ”

ကျန့်ယွမ်က အေးစက်စွာပြောလိုက်သည်။

သွမ်ခုန်း၏သက်တမ်းက နှစ်တစ်ရာခန့်သာ ကျန်တော့သည်။ သူက နှစ်တစ်ရာအတွင်း၌ ဝိညာဉ်ကိုယ်ခွဲအဆင့်သို့တက်ရောက်ရန် အလွန်ခက်ခဲလိမ့်မည်။

အကယ်၍ သခင်လေးက ကူညီပေးရန် ဆန္ဒရှိလျှင် သွမ်ခုန်းက အဆင့်တက်သွားပြီး အနန္တဓားကမ်းပါးသို့ ဝင်ရောက်နိုင်လိမ့်မည်။

ကျန့်ယွမ်နှင့်သွမ်ခုန်းက ထိုအကြောင်းနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့သေးသည်။

သွမ်ခုန်း၏နှလုံးသားထဲတွင် မျှော်လင့်ချက်တချို့ ရှိနေသေးသည်။

ယခုအချိန်တွင် တစ်ယောက်ယောက်က သွမ်ခုန်းကို လှောင်ပြောင်လိုက်လျှင် စိတ်အခြေအနေအပေါ်တွင် သက်ရောက်မှုရှိလာလိမ့်မည်။

ကျန့်ယွမ်၏စကားကို ကြားလိုက်ရသောအခါတွင် ဆံပင်ဖြူလူအိုကြီးက မည်သည့်အရာမှ မပြောပေ။ သူ့ဘေးတွင် ဓားရှည်တစ်လက်လွယ်ထားသော အသက်သုံးဆယ်အရွယ် လူငယ်တစ်ယောက်က သူတို့ဘက်သို့ လှည့်လာသည်။

“အနန္တဓားကမ်းပါးမှာ ဝိညာဉ်ကိုယ်ခွဲအဆင့်ကို ဝင်ရောက်ပြီး ဓားတာအိုအတွက်အကျိုးပြုထားတဲ့လူတွေပဲ မြှုပ်နှံခွင့်ရှိတယ်။ အဲဒါကြောင့် လေးစားခံရတာပဲ”

“အနန္တဓားကမ်းပါးမှာ လူတိုင်းမြှုပ်နှံနိုင်ရင် သန်းချီဓားကမ်းပါး၊ ဓားငိုကြွေးကမ်းပါးအဖြစ် နာမည်ပြောင်းလိုက်ရမှာလား”

သူ့စကားများသည် ကြမ်းတမ်းပြီး ရက်စက်သည်။

သို့သော် အမှန်ပင်ဖြစ်သည်။

တော်ဝင်နယ်မြေသည် ကန့်သတ်ချက်များကြောင့် တော်ဝင်နယ်မြေဖြစ်လာသည်။

ဤလောကတွင် စည်းမျဉ်းများမရှိလျှင် ကျင့်ကြံနိုင်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။

ကျန့်ယွမ်က တစ်ခုခုပြောချင်သော်လည်း သွမ်ခုန်းက လက်မြှောက်ပြီး ခေါင်းခါ၍ တားဆီးလိုက်သည်။

ထိုကိစ္စနှင့်ပတ်သတ်၍ အငြင်းပွားနေရန် မလိုအပ်ပေ။

ထို့အပြင် တစ်ဖက်လူများ၏ပုံစံအရ ဤနေရာသို့ရောက်လာသော ရည်ရွယ်ချက်ကို ရှင်းလင်းစွာမြင်နိုင်သည်။

“ဟီးဟီး၊ သူတို့ကို အပြစ်မတင်ပါနဲ့။ ငါက ဒီကို သေဖို့ရောက်လာတာ။ ဒီတပည့်လေးတွေက နည်းနည်း စိတ်ဆတ်နေတယ်”

ခေါင်းဆောင်လူအိုကြီးက ရုတ်တရက် ပြောလိုက်သည်။

သူက သေရန်အတွက် ရောက်လာခဲ့သည်။

သူက အနက်ရောင်ဝတ်စုံဝတ်ထားပြီး မစိုးရိမ်ဘဲ ပျော်ရွှင်နေသည်။

“ငါက ဓားတောအုပ်ဂိုဏ်းရဲ့ ကျူးဝမ်လင်းပါ”

လူအိုကြီးက ညင်သာစွာပြောသည်။

သွမ်ခုန်း၏မျက်နှာထားက ပြောင်းလဲသွားပြီး လျင်မြန်စွာမေးလိုက်သည်။

“အနန္တတောအုပ်ဓားဝင်္ကပါကို ဖန်တီးခဲ့တဲ့ အကြီးအကဲလား”

သူ့ဘေးတွင်ရှိနေသော ဓားကျင့်ကြံသူများကလည်း မျက်နှာထားပြောင်းလဲသွားသည်။

နောက်ဆုံးတွင် ဟန်မူယဲ့က တစ်ဖက်လူကို ကြည့်လိုက်သည်။

သူက အနန္တတောအုပ်ဓားဝင်္ကပါနှင့်ပတ်သတ်၍ သိထားသည်။

ထိုဓားဝင်္ကပါနှင့်ဆိုလျှင် အားနည်းသူက သန်မာသူကို အနိုင်ယူနိုင်သည်။ သစ်သားဓာတ် ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ဖြစ်သည်။

ဟန်မူယဲ့က ဝမ်မင်မြို့တွင် ဝင်္ကပါနှင့်ပတ်သတ်၍ ဓားကျင့်ကြံသူများအား ရှင်းပြဖူးသည်။ အနန္တတောအုပ်ဓားဝင်္ကပါကိုလည်း ရှင်းပြခဲ့ဖူးသည်။

“အရင်တုန်းက ကျင့်ကြံဆင့်မတက်နိုင်တဲ့အတွက် ငါက အဲဒီဓားဝင်္ကပါကို ဖန်တီးခဲ့တယ်။ အခုတော့ နာမည်တစ်ခုနဲ့ ဖြစ်လာပြီ”

ကျူးဝမ်လင်းက ခါးသီးသောအပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။

သွမ်ခုန်းနှင့် တခြားလူများက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ကျူးဝူရှစ်ကို နှုတ်ဆက်လိုက်ကြသည်။

ဓားဝင်္ကပါတစ်ခုကို ဖန်တီးပေးခဲ့သော မဟာဓားကျင့်ကြံသူကြီးအတွက် လေးစားမှုဖြစ်သည်။

“အနန္တတောအုပ်ဓားဝင်္ကပါက သစ်တစ်ပင်ပြပွဲလောက် မကောင်းဘူး”

“တကယ့်ကို ခုခံခြင်းနည်းစနစ်တစ်ခုပဲ”

ရှေ့ဆုံးတွင်ရှိနေသော ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။

သူ့စကားကြောင့် ကျူးဝမ်လင်း၏နောက်တွင်ရှိသော တပည့်များက မျက်နှာထားပြောင်းလဲသွားကြသည်။

“မောက်မာလိုက်တာ”

“ဘာမှမသိတဲ့လူငယ်တစ်ယောက်က အနန္တတောအုပ်ဓားဝင်္ကပါကို မှတ်ချက်ပေးရဲတယ်ပေါ့”

“ဒီကလေးက သေချင်နေတာလား”

ကျူးဝူရှစ်က လက်မြှောက်ပြီး လူတိုင်းကို တားဆီးသည်။ သူက ရှေ့ဆက်လျှောက်သွားသော ဟန်မူယဲ့တို့အုပ်စုကို ကြည့်လိုက်သည်။

“သူပြောတာ မှန်တယ်။ ဒါပေမဲ့ ငါက အဲဒါကို အခုထိ နားမလည်သေးဘူး”

All Chapters