အခန်း (၆၀၀)
Vol. 43 Ch. 600
ထိုကျင့်ကြံသူက သူတို့နှင့်သက်ဆိုင်လျှင် အကောင်းဆုံးကြိုးစားပြီး ကယ်တင်လိမ့်မည်။ ထိုသို့မဟုတ်လျှင် သတ်ဖြတ်ပစ်ရမည်။
“ဘုန်း”
အာကာသသည် တုန်ခါသွားသည်။ ဝိညာဉ်သူငယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူသုံးဦး တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
မိစ္ဆာကျင့်ကြံသူ၊ ဓားကျင့်ကြံသူနှင့် တာအိုဝတ်စုံဝတ်ထားသော လူအိုကြီးတစ်ယောက် ဖြစ်ကြသည်။
“ဟားဟား၊ ဓားကျင့်ကြံသူ။ မဆိုးဘူးပဲ”
မိစ္ဆာကျင့်ကြံသူက ကျယ်လောင်စွာရယ်လိုက်သည်။
“ကောင်လေး၊ မြန်မြန်ထွက်လာခဲ့။ ဒီဘုရင်က မင်းကို တပည့်အဖြစ် လက်ခံပေးမယ်”
“ဟမ့်၊ ဓားကျင့်ကြံသူက ငါ့တို့ဂိုဏ်းကို ဝင်ရောက်သင့်တာပေါ့”
ဓားကျင့်ကြံသူက ပြောလိုက်သည်။
တာအိုဝတ်စုံနှင့်လူအိုကြီးက ခပ်ဟဟရယ်လိုက်သည်။ သူ့လက်ထဲတွင် အစိမ်းရောင်ချီစွမ်းအင်အလင်းများ တောက်ပလာသည်။
ကောင်းကင်ထက်တွင်ရှိသော ဓားရှည်သည် ဖြည်းဖြည်းချင်း ပုံရိပ်ယောင်ဆန်လာသည်။
ချီစွမ်းအင်အလင်းများသည် ဓားပေါ်တွင် ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။
အခြေတည်ဝိညာဉ်ခန္ဓာကိုယ် ....
“အဲဒီလူက ငါတို့ရဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာနဲ့ မသက်ဆိုင်ဘူးထင်တယ်”
အခြေတည်ဝိညာဉ် တတိယအဆင့် ကျင့်ကြံသူက တီးတိုးပြောလိုက်ပြီး မျက်မှောင်ကြုတ်သည်။
“ပြင်ပဘုံကျင့်ကြံသူလား။ ဒါပေမဲ့ ပြင်ပဘုံကျင့်ကြံသူတစ်ယောက်က ဒီနေရာမှာ ကပ်ဘေးကျော်ဖြတ်လိုက်ရင် သေသည်အထိ တာအိုပြိုင်ပွဲနဲ့ ပတ်သတ်သွားမှာပေါ့”
လူတစ်ယောက်က အခြေတည်ဓားဝိညာဉ်ပုံရိပ်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ဆရာမူယဲ့”
အခြေတည်ဝိညာဉ် တတိယအဆင့် ဓားကျင့်ကြံသူက အော်ဟစ်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ပျံသန်းလာသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ တာအိုရောင်းရင်းတို့၊ ဆရာမူယဲ့ကို မြန်မြန်ကာကွယ်ပေးကြပါ”
ဆရာမူယဲ့ ....
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဆရာမူယဲ့၏အမည်ဖြင့် လေးစားခံရသောလူ တစ်ဦးသာရှိသည်။
ဆရာသခင်မူယဲ့ ....
ကွန်ဖြူးရှပ်နှင့် ဓားတာအို၏ မဟာကျင့်ကြံသူ ....
သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အလွန်လေးစားခံရသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။
သူ၏ တိမ်တိုက်ဆေးလုံးနည်းစနစ်သည် မရေမတွက်နိုင်လောက်သောအသက်များကို ကယ်တင်ပေးခဲ့သည်။
နတ်ဘုရားဘွဲ့ထူးယဇ်ပလ္လင်ကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ နတ်စစ်သည်များသည် သေဆုံးသွားမည်ကို စိုးရိမ်ရန်မလိုတော့ပေ။
“သတ်”
ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ဒါဇင်ချီသောကျင့်ကြံသူများ ပျံသန်းလာသည်။ အင်မော်တယ်ဝိညာဉ်ကမ္ဘာမှ ပိုမိုများပြားသောကျင့်ကြံသူများ ပြေးထွက်လာကြသည်။
အာကာသသည် ချက်ချင်းဆိုသလိုပင် စစ်မြေပြင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဟန်မူယဲ့က ရှုပ်ထွေးနေသောတိုက်ပွဲကို မြင်လိုက်ရသည်။
“ဆရာမူယဲ့က အခုမှ အဆင့်တက်ထားတာဆိုတော့ ကျင့်ကြံခြင်းအခြေခိုင်အောင် အရင်လုပ်လိုက်ပါ”
ဓားရှည်တစ်လက်ကိုင်ထားသော သက်လတ်ပိုင်းအရွယ်ဓားကျင့်ကြံသူက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ဆီသို့ လျှောက်လာသည်။
“စိတ်မပူပါနဲ့။ ကျွန်တော်တို့အားလုံး မသေမချင်း ဆရာမူယဲ့ကို အနှောင့်အယှက်မဖြစ်စေရပါဘူး”
ဓားကျင့်ကြံသူက ဦးညွှတ်လိုက်ပြီး တိုက်ပွဲအတွင်းသို့ ပြေးဝင်သွားသည်။
ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ သွယ်ယှက်နေသည်။
တာအိုမျိုးစေ့သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ဖြစ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားနေပြီး အစွမ်းကုန်ထုတ်သုံးလိုက်ကြသည်။
ဆရာမူယဲ့သည် တာအိုမျိုးစေ့ဖြစ်သည်။ သူကြီးပြင်းလာသောအချိန်တွင် တာအိုဘိုးဘေးတစ်ယောက်ဖြစ်လာပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် တာအိုပြိုင်ပွဲကို အနိုင်ရသွားလိမ့်မည်။
ဟန်မူယဲ့ပေါ်လာသောအခါတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများက တစ်ယောက်မှ နောက်ဆုတ်မသွားကြပေ။
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် နေရာတွင်ရပ်နေသည်။
ထိုအရာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာဖြစ်သည်။
သူကာကွယ်နေသော ကမ္ဘာဖြစ်သည်။
သူက တာအိုပြိုင်ပွဲနယ်မြေသို့ ပြန်ရောက်လာပြီး အစွမ်းကုန်တိုက်ခိုက်နေသော ကျင့်ကြံသူများကို မြင်လိုက်ရသည့်အခါတွင် အရာအားလုံးက ထိုက်တန်သည်ဟု ခံစားရသည်။
ဝမ်မော့ရှန်နှင့် မှူးမတ်ဝူတို့က နှစ်တစ်သောင်းကြာသော်လည်း ထွက်မသွားခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
“ဘုန်း”
မိစ္ဆာအလင်းတန်းသည် ရှေ့တွင်ရှိသော အလင်းလွှာကို တွန်းထုတ်လိုက်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများကို နောက်ဆုတ်သွားစေသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများသည် အရေးနိမ့်နေခဲ့သည်။
ထို့အပြင် အရေအတွက်ကလည်း အနည်းငယ်သာရှိသည်။
“ဆရာမူယဲ့ကို ကာကွယ်ထားကြ”
ပါးစပ်မှ သွေးများစီးကျနေသော ဓားကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်သည်။
ဟန်မူယဲ့က ထိုလူ၏နာမည်ကို မသိပေ။
သူ့ကို ကာကွယ်ပေးနေသော တခြားကျင့်ကြံသူများ၏နာမည်ကိုလည်း မသိပေ။
ထိုလူများက ဟန်မူယဲ့၏ကျင့်ကြံခြင်း တည်ငြိမ်စေရန် အချိန်အနည်းငယ်အတွက် အသက်စွန့်၍ တိုက်ခိုက်နေသည်။
ဟန်မူယဲ့က မဟာတာအို၏မျိုးစေ့ ဖြစ်နေသောကြောင့် ဖြစ်သည်။
“ဒါက ထိုက်တန်ရဲ့လား”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
သူ့အသံကို ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများက ကြားလိုက်ရသည်။
“ထိုက်တန်တယ်”
“ကျင့်ကြံသူတွေက ထာဝရရှင်သန်ဖို့တင်မကဘဲ ထိုက်တန်စွာသေဆုံးနိုင်ဖို့လည်း ကျင့်ကြံကြတယ်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အဆုံးမရှိတဲ့လှပမှုတွေကို ခံစားနိုင်မယ်ဆိုရင် ဒီအားထုတ်မှုက ထိုက်တန်တယ်”
“ဆရာမူယဲ့၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းအပြင် တချို့အရာတွေလည်း ရှိသေးတယ်။ ဒီတိုက်ပွဲကို တိုက်နေရတာ အရမ်းပျော်ဖို့ကောင်းတယ်”
တုံ့ပြန်သံများ ပေါ်ထွက်လာသည်။
ဟန်မူယဲ့အတွက် ထိုအဖြေများသည် အသက်စွန့်ထားသောကျင့်ကြံသူများက ပေးလိုက်သည့် ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် တူညီသည်။
ရည်မှန်းချက်မရှိလျှင် ကျင့်ကြံခြင်းနှင့် ထာဝရရှင်သန်ခြင်းသည် အဓိပ္ပာယ်မရှိပေ။
“ငါနားလည်ပြီ ....”
ဟန်မူယဲ့က ခေါင်းမော့ကြည့်သည်။
သူက အာကာသကို ကြည့်လိုက်သည်။
ထိုအချိန်တွင် တာအိုပြိုင်ပွဲကို တာဝန်ယူထားသော ကျင့်ကြံသူများက စောင့်ကြည့်နေသောမျက်လုံးတစ်စုံကို ခံစားမိလိုက်သည်။
“ငါက သာမန်လူတစ်ယောက်ပါပဲ”
“ငါတို့အားလုံးက ရှင်သန်ဖို့ကြိုးစားနေတယ်”
“ဒါပေမဲ့ ငါတို့ရဲ့ဘဝက ခက်ခဲတယ်”
“လောကမှာ ငါတို့အတွက် သက်တောင့်သက်သာနေနိုင်မယ့် နေရာတစ်ခု ရှိနေလား”
ဟန်မူယဲ့က ညင်သာစွာရေရွတ်လိုက်ပြီး လက်သီးဆုပ်ထားသည်။
ရှေ့တွင်တိုက်ခိုက်နေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများက သူ့စကားကို ကြားလိုက်ရပုံပေါ်သည်။ သူတို၏မျက်လုံးများက တောက်ပလာသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာ”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာ”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာ”
ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် လောကတွင် အလှပဆုံးနေရာတစ်ခု မဟုတ်သလို အတိုးတက်ဆုံးနေရာတစ်ခုလည်း မဟုတ်ပေ။
သို့သော် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် လောကတွင် အလုံခြုံဆုံးနေရာ ဖြစ်သည်။
ဟန်မူယဲ့က ပြုံးသည်။
ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက တာအိုပြိုင်ပွဲကိုအစပြုပြီး တိုက်ခိုက်ချင်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ထာဝရနေထိုင်ချင်သည့်အတွက် အံ့အားသင့်ရန် မလိုတော့ပေ။
အဆုံးမဲ့နတ်ဘုရားဘုရင်များကပင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကူညီပေးချင်သည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
သူက နှလုံးသားထဲတွင် ကျယ်ပြန့်စွာတွေးတောနေမိသည်။
အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျွမ်းကျင်သူများ ....
ဆည်အပြင်ဘက်တွင်ရှိသော အင်အားစုများ ....
‘သူတို့က ဒီတာအိုပြိုင်ပွဲကို တကယ်ပဲ မမြင်ကြဘူးလား’
‘သူတို့က တစ်ခုခုကို စောင့်နေတာလား’
“ကံကောင်းလိုက်တာ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
သူ့ခန္ဓာကိုယ်ထဲမှ သမာဓိစွမ်းအားများ ပေါ်ထွက်လာသည်။
ယန်ကျန်းချင်၏ ကျင့်ကြံခြင်းစွမ်းအားဖြစ်သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ကို ထောက်ပံ့ပေးနိုင်သော ဝိညာဉ်လိပ်ပြာဓားက တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။
ထိုဓား ပေါ်လာသောအခါတွင် ကြမ်းတမ်းသောစွမ်းအားများက ပြင်းထန်သောစစ်မြေပြင်ကို တိတ်ဆိတ်သွားစေသည်။
ထိုဓားသည် အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
“ဆရာမူယဲ့က အရမ်းသန်မာတာပဲ။ ငါမသိခဲ့ဘူး ....”
သေသွားပြီဟုထင်နေသော မျက်နှာတစ်ခုလုံးဖြူဖျော့နေသည့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ကျင့်ကြံသူက တီးတိုးရေရွတ်လိုက်သည်။
လက်ထဲတွင် ဓားကျိုးတစ်လက်ကိုင်ထားသော အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ဦးက ရယ်မောလိုက်သည်။ သူ့ပါးစပ်ထဲမှ သွေးများစီးကျလာသည်။
တစ်ဖက်တွင် မောက်မာနေခဲ့သော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက ဝိညာဉ်လိပ်ပြာဓားကို စိုးရိမ်စွာကြည့်နေကြသည်။
ထိုဓား၏အရှိန်အဝါကြောင့် သူတို့က မလှုပ်ရှားရဲတော့ပေ။
“သူ့ဝိညာဉ်က အရမ်းသန်မာတဲ့အတွက် အကောင်အထည်ဖြစ်တည်နိုင်တာလား”
“အဲဒီဓားရှည်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကိုတောင် သတ်နိုင်လိမ့်မယ်”
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကျင့်ကြံသူများက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြသည်။
သို့သော် အလွန်နောက်ကျသွားသည်။
ဟန်မူယဲ့၏ ခေါင်းထက်တွင်ရှိသော ဝိညာဉ်လိပ်ပြာဓားသည် ဘန်းခနဲ ကွဲထွက်သွားပြီး မရေမတွက်နိုင်သောဓားများအဖြစ် ပြောင်း၍ တိုးဝင်လာသည်။
ဓားတစ်ချက် ....
ထိုဓားချက် ပြီးသောအခါတွင် အရာအားလုံး ပျောက်ကွယ်သွားသည်။
အခြေတည်ဝိညာဉ်အဆင့် ဖြစ်စေ ဝိညာဉ်ကိုယ်ခွဲအဆင့် ဖြစ်စေ မလွတ်မြောက်နိုင်ခဲ့ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများက မျက်လုံးပြူးသွားပြီး စကားမပြောနိုင်ခဲ့ပေ။
“အရမ်း .... သန်မာတာပဲ ....”
ထိုအရာသည် မဟာကျင့်ကြံသူ အစစ်အမှန်ဖြစ်သည်။
ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး အော်ဟစ်သည်။
“မြန်မြန်ထွက်သွားကြတော့။ ငါ့ရဲ့ ဝိညာဉ်ကိုယ်ခွဲအဆင့်ကပ်ဘေးက ရောက်လာပြီ ....”
ဝိညာဉ်ကိုယ်ခွဲအဆင့်ကပ်ဘေး ....
ယခင်က အံ့ဖွယ်နေမင်းကိုယ်ရံတော်ခေါင်းဆောင် လုယန်သည် အဆင့်ချိုးဖျက်ပြီး အခြေတည်ဝိညာဉ် နဝမအဆင့်သို့ ချက်ချင်းရောက်သွားခဲ့သည်။
သူက အဆုံးမရှိသောစုဆောင်းမှုများကို ပြုလုပ်ခဲ့ပြီး ကောင်းကင်သို့ ခြေတစ်လှမ်းတည်းဖြင့် ရောက်သွားသည်။
ယနေ့တွင် ဟန်မူယဲ့က လုယန်ကို ကျော်ဖြတ်ပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ ဝင်ရောက်တော့မည်ဖြစ်သည်။
သူက ရွှေအမြုတေအဆင့်တွင် ဝိညာဉ်စွမ်းအားနှင့် ဓားဆန္ဒများ အလွန်များပြားစွာ စုဆောင်းမိခဲ့သည်။
သူ၏ ဝိညာဉ်စွမ်းအားသည် ကောင်းကင်အဆင့်ကို ကျော်ဖြတ်ပြီး ကံကြမ္မာအဆင့်သို့ဝင်ရောက်၍ ပြန်လည်မွေးဖွားခြင်းစွမ်းအားနှင့် အချိန်ကြာမြင့်စွာ ထိတွေ့နိုင်ခဲ့သည်။
သူက ပြန်လည်မွေးဖွားခြင်း၏ အထက်တွင်ရှိသော အဆင့်ကိုပင် ကြုံတွေ့ခဲ့သည်။
သူ့စိတ်နယ်ပယ်ထဲတွင် နတ်ဘုရားတာအို၏ သူတော်စင်တစ်ပါး ချီးမြှင့်ပေးထားသော ကွန်ဖြူးရှပ်တာအို၏ သမာဓိစွမ်းအားများ ရှိနေသည်။
ထိုစွမ်းအားများ၏ ပေါင်းစပ်မှုသည် အခြေတည်ဝိညာဉ်အဆင့်၏ ကန့်သတ်ချက်ကို ကျော်လွန်နေသည်။
ပျောက်ကွယ်သွားသောမိုးကြိုးနဂါးသည် ကောင်းကင်ထက်တွင် ပြန်လည်ပေါ်ထွက်လာသည်။
ဟန်မူယဲ့၏နောက်တွင်ရှိသော ဓားတာအိုအခြေတည်ဝိညာဉ်သည် ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
ပြန့်ကျဲသွားသော ဝိညာဉ်လိပ်ပြာဓားသည် ဓားတာအိုအခြေတည်ဝိညာဉ်ဆီသို့ ပြန်လည်စုစည်းလာသည်။
တာအိုပြိုင်ပွဲတွင် တခြားကျင့်ကြံသူများကို သတ်ဖြတ်နိုင်လျှင် အကျိုးအမြတ်တချို့ ရလိမ့်မည်။
ထိုအကျိုးအမြတ်သည် သိပ်မများသော်လည်း ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် ရန်သူအများအပြားကို သတ်ဖြတ်ခဲ့သည်။ သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သော ကျင့်ကြံသူအများအပြား ရှိနေခဲ့သည်။
ထို့ကြောင့် ချီစွမ်းအားအများအပြား ပြန်ရလာသည်။
ယခုအချိန်တွင် ဟန်မူယဲ့က ထိုချီစွမ်းအင်ကို ဂရုမစိုက်နိုင်ပေ။
သူ၏ ဝိညာဉ်လိပ်ပြာဓားသည် ဓားဆန္ဒနှင့် ပေါင်းစပ်သွားပြီး ကိုယ်ပိုင်စွမ်းအားများ လျင်မြန်စွာ တိုးတက်လာသည်။
“ခေါင်းဆောင်လုယန်က အခြေတည်ဝိညာဉ် နဝမအဆင့်ကို တစ်ခါတည်း ရောက်သွားခဲ့တယ်။ ခြောက်နှစ်အတွင်းမှာ ဆရာမူယဲ့က ခြေတစ်လှမ်းတည်းနဲ့ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူ ဖြစ်လာတယ်”
“ဆရာမူယဲ့က တစ်ခါတည်း ဝိညာဉ်ကိုယ်ခွဲအဆင့်ကို ရောက်သွားတယ်။ အဲဒါဆိုရင် အနာဂတ်မှာ ....”
သူက တာအိုမျိုးစေ့ဖြစ်လာသည့်အတွက် အံ့အားသင့်ရန်မလိုတော့ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျင့်ကြံသူများက ပျော်ရွှင်သွားသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တိတ်ဆိတ်စွာထွက်သွားသည်။
ဝိညာဉ်ကိုယ်ခွဲအဆင့် ကပ်ဘေးသည် အခြေတည်ဝိညာဉ်ကပ်ဘေးထက် အဆပေါင်းထောင်ချီ၍ ပိုမိုပြင်းထန်သည်။
သူတို့က မကူညီနိုင်တော့ပေ။ ဟန်မူယဲ့ကိုလည်း ကာကွယ်နိုင်တော့မည်မဟုတ်ပေ။
မိုးကြိုးကပ်ဘေးက အလွန်ပြင်းထန်ပြီး တိုက်ခိုက်လာမည့်လူများကိုလည်း သူတို့က မတားဆီးနိုင်တော့ပေ။
“ဘုန်း”
မိုးကြိုးကပ်ဘေး ဆင်းသက်လာသည်။
မိုးကြိုးနဂါးကိုးကောင် ပေါ်ထွက်လာသည်။
ဟန်မူယဲ့က ကျယ်လောင်စွာရယ်သည်။ ဓားတာအိုအခြေတည်ဝိညာဉ်နှင့် ဝိညာဉ်လိပ်ပြာဓားက ပေါင်းစပ်ထားပြီး ပြေးထွက်သွားသည်။
သူ့လက်ထဲတွင်ရှိသော ဓားနှစ်လက်သည် ပြင်းထန်စွာကျဆင်းလာသည်။
မိုးကြိုးကပ်ဘေးကို ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲရန် သူက ရွေးချယ်မည်။
“ဘုန်း ဘုန်း ဘုန်း .....”
ကောင်းကင်နှင့်မြေကြီးကြားတွင် ကပ်ဘေးတိမ်တိုက်များ အဆုံးမရှိ စုစည်းလာသည်။
မိုးကြိုးကပ်ဘေးသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို လှုံ့ဆော်လိုက်သောကြောင့် တာအိုပြိုင်ပွဲနယ်မြေအတွင်း၌ အုံကြွမှုဖြစ်လာသည်။
မဟာတာအိုစွမ်းအား စုစည်းလာသောကြောင့် တာအိုဘိုးဘေးများက အာရုံစိုက်ထားလိုက်ကြသည်။
....
တစ်နှစ်အကြာတွင် မရေမတွက်နိုင်သော ကျောက်တုံးများဖြင့်ပြည့်နေသည့် အာကာသသည် ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားသည်။
သွယ်ယှက်နေသော မိုးကြိုးအလင်းနှင့် ဓားအလင်းများသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။
မိုးကြိုးကပ်ဘေး ပျောက်ကွယ်သွားသောအခါတွင် ကျောက်တုံးများလည်း မရှိတော့ပေ။ ဟန်မူယဲ့ကိုလည်း မမြင်ရတော့ပေ။