အခန်း (၆၀၂)
Vol. 43 Ch. 602
ရွှေရောင်ဓားတစ်လက်က ဟန်မူယဲ့၏ဘေးတွင် ရှိနေသည်။
ထိုဓားသည် သူ၏ မူလဝိညာဉ်ဖြစ်သည်။
တခြားလူများ၏ မူလဝိညာဉ်သည် ကိုယ်ပွားများဖြစ်ကြသည်။ သို့သော် သူ့ဝိညာဉ်သည် ဓားဖြစ်သည်။
ဓားအလင်းသည် တဖျပ်ဖျပ်တောက်ပနေသည်။ ဓားက လည်ပတ်ပြီး အသက်ရှူနေသည်ဟု ထင်ရသည်။
ဟန်မူယဲ့က မူလဝိညာဉ်ဓား၏စွမ်းအားကို မခန့်မှန်းနိုင်ပေ။
မည်သို့ပင်ဖြစ်စေ ဝိညာဉ်ကိုယ်ခွဲအဆင့်ကပ်ဘေးသည် သူ့ကို မထိခိုက်စေနိုင်ခဲ့ပေ။
အဆုံးတွင် မိုးကြိုးနဂါးကိုးကောင်ကို မူလဝိညာဉ်က ဝါးမြိုပစ်ခဲ့သည်။
“ဘန်း”
အခန်း၏အပြင်ဘက်၌ ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး မူလဝိညာဉ်က ပျောက်ကွယ်သွားသည်။ သူက တစ်ချက်လှုပ်ရှားလိုက်ပြီး ခြံဝိုင်းထဲသို့ ရောက်လာသည်။
သန်းခေါင်အချိန်သို့ ရောက်နေပြီဖြစ်သည်။ သွေးများစွန်းပေနေသော အစိမ်းရောင်ဝတ်စုံနှင့်ဟွမ်ကျစ်ဟူက ဓားကိုင်ထားပြီး မည်းမှောင်နေသောမျက်နှာထားဖြင့် ရှိနေသည်။
သူမက ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားပြီး ပြုံးသည်။
“မွေးစားအဖေ”
“မွေးစားအဖေက ပြန်ရောက်လာပြီလား”
“တခြားလူလို့ ထင်နေတာ”
သတိရှိနေသော ဟွမ်ကျစ်ဟူကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ခေါင်းညိတ်သည်။
သူမက အသက်ဆယ်နှစ်အရွယ်မှစ၍ သမင်ဖြူတောင်တန်းကျောင်းတော်တွင် တစ်ယောက်တည်းနေခဲ့ရသည်။
ဟန်မူယဲ့က သူမအတွက် လောက၏ အကောင်းဆုံးကျင့်ကြံခြင်းကို ပေးနိုင်သည်။ သို့သော် လုံလောက်သော စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို မပေးနိုင်ခဲ့ပေ။
“မင်းရဲ့ဓားပညာရပ်ကို ကြည့်ကြရအောင်”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“မွေးစားအဖေ၊ ကျွန်မရဲ့ ဓားပညာရပ်က ....”
သူမ၏စကားမဆုံးခင် လက်ထဲတွင်ရှိသော ဓားရှည်က ဟန်မူယဲ့ဆီသို့ တိုးဝင်သွားသည်။
‘ဒီကောင်မလေးက သူ့အဖေထက် ပိုပြီးပါးနပ်တာပဲ’
ဟန်မူယဲ့က သက်ပြင်းချလိုက်ပြီး လက်မြှောက်သည်။
“ခလွမ် ....”
ဓားက တုန်ခါသွားသည်။ သို့သော် ဟွမ်ကျစ်ဟူက နောက်မဆုတ်ခဲ့ပေ။ သူမက ဘယ်ဘက်လက်တွင်ရှိသော ဓားတိုဖြင့် ထိုးချသည်။
ရေလှိုင်းကိုဆန့်ကျင်သော လခြမ်းကွေးဓား ....
ထိုအနီးကပ်ဓားကွက်သည် လျင်မြန်ပြီး သွက်လက်သည်။
“မဆိုးဘူး”
ဟန်မူယဲ့က ညင်သာစွာပြောသည်။ သူက ဓားတိုကို လက်ချောင်းဖြင့် တောက်ထုတ်လိုက်သည်။
“အစ်မသုံးနဲ့ ကျောက်ယိုကျစ်က မင်းကို ဒီနှစ်ကွက်ပဲ သင်ပေးလိုက်တာလား”
အကြင်နာကင်းမဲ့သော ထိုဓားကွက်သည် လီသုံး၏ဓားနည်းစနစ် ဖြစ်သည်။
ဟန်မူယဲ့က လခြမ်းကွေးဓားကွက်၏အကြောင်းကို ကျောက်ယိုကျစ်အား ရှင်းပြခဲ့သည်။
“အစ်ကိုလုယန်က ပြိုင်ပွဲကို တာဝန်ယူထားတယ်။ ဆရာဦးလေးနဲ့ တခြားလူတွေကလည်း ပြိုင်ပွဲကိုစောင့်ကြည့်ဖို့အတွက် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာပဲ ရှိနေတယ်”
ဟွမ်ကျစ်ဟူက ဓားရှည်နှင့်ဓားတိုကို သိမ်းဆည်းလိုက်ပြီး တီးတိုးပြောသည်။
‘လုယန်က ပြိုင်ပွဲကို တာဝန်ယူထားတာလား’
လုယန်သည် အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ အနာဂတ်ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် ယာယီခေါင်းဆောင်ပြိုင်ပွဲကို တာဝန်ယူရန် သင့်တော်သည်။
ထို့အပြင် တာအိုပြိုင်ပွဲသည် အစပိုင်းသာရှိသေးသည်။ ကမ္ဘာနှစ်ခုလုံးသည် အခြေခံတည်ငြိမ်အောင် ကြိုးစားနေကြသည်။ လုယန်က ပြင်ပဘုံတွင်တိုက်ခိုက်ရန် မလိုအပ်သေးပေ။
“ဆေးကြောပြီး အိပ်လိုက်တော့။ မနက်ဖြန်ကျရင် မင်းနဲ့အတူ အံ့ဖွယ်နေမင်းကိုယ်ရံတော်စခန်းကို လိုက်ခဲ့မယ်”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားသည်။
ဟွမ်ကျစ်ဟူက ခြံဝိုင်းထဲတွင် တိတ်ဆိတ်စွာရပ်နေပြီး ပြုံးလိုက်သည်။
“ဟားဟား၊ ငါ့နောက်ခံကြီး ပြန်ရောက်လာပြီ”
“နန်းမြို့တော်မှာ ငါလုပ်ချင်တာ လုပ်လို့ရပြီ”
ဟွမ်ကျစ်ဟူက တံခါးကို ကန်ဖွင့်လိုက်ပြီး အခန်းထဲသို့ ဝင်သွားသည်။
....
သူမက အိမ်ယာနိုးလာသောအခါတွင် နေမြင့်နေပြီဖြစ်သည်။
ဟွမ်ကျစ်ဟူက ဝတ်ရုံတစ်ထည်ကို ပေါ့ပါးစွာဝတ်ထားပြီး ရှုပ်ပွနေသောဆံပင်များနှင့် အပြင်သို့ထွက်လာသည်။ ဟန်မူယဲ့က ခြံဝိုင်းထဲရှိ ကျောက်စားပွဲတွင် ထိုင်နေသည်။
“မွေးစားအဖေ ....”
ဟွမ်ကျစ်ဟူက လျှာထုတ်လိုက်သည်။
“မင်းက နေ့တိုင်း နေ့လယ်အထိအိပ်တယ်လို့ စွေ့စွေ့က ပြောတယ်။ တစ်ခါတလေဆိုရင် ညဘက်တွေလည်း ပြန်မလာဘူးတဲ့”
ဟန်မူယဲ့က သူမကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
“မိန်းကလေးအဝတ်တွေ လဲလိုက်”
ဟွမ်ကျစ်ဟူက ကြောင်အသွားပြီး လျင်မြန်စွာပြောသည်။
“မွေးစားအဖေ၊ မိန်းကလေးအဝတ်တွေက မသင့်တော်ဘူး။ ကျွန်မက ဘယ်တော့မှ ....”
ဟန်မူယဲ့က စိုက်ကြည့်လိုက်သည်။
စွေ့စွေ့က တီးတိုးရေရွတ်ပြီး အခန်းထဲသို့ ပြန်ဝင်သွားသည်။ ဆယ့်ငါးမိနစ်အကြာတွင် သူမက အဝါရောင်ဝတ်စုံဖြင့် ပြန်ထွက်လာသည်။
“စွေ့စွေ့ကို ခေါင်းဖြီးပေးဖို့ ပြောလိုက်”
ဟန်မူယဲ့က ပြောသည်။
ဟွမ်ကျစ်ဟူက သာမန်ကာလျှံကာထုံးဖွဲ့ထားသော ဆံပင်ကို ထိကြည့်လိုက်ပြီး စွေ့စွေ့တို့ဆိုင်ဘက်သို့ ထွက်သွားသည်။
“ဟူး၊ ကောင်မလေးကို ဒီလိုမျိုးပျိုးထောင်မိတဲ့အတွက် အစ်ကိုခြောက်က ငါ့ကို အပြစ်တင်နေတော့မှာပဲ”
ဟန်မူယဲ့က ခြံဝိုင်းထဲတွင် တီးတိုးရေရွတ်လိုက်သည်။
ဟွမ်ကျစ်ဟူက အမျိုးသမီးအဝတ်အစားများနှင့် ရောက်လာသောအခါတွင် ကျားပေါက်လေးနှင့် တခြားကလေးနှစ်ယောက်က ကြောင်အသွားသည်။
‘မင်းတို့က ဘာကြည့်နေတာလဲ”
ဟွမ်ကျစ်ဟူက မျက်လုံးပြူးပြလိုက်သောကြောင့် ကလေးသုံးယောက်က နောက်သို့ ဆုတ်လိုက်မိသည်။
သူမက တစ်ခုခုတွေးမိသွားပြီး ခါးကုန်း၍ ကျားပေါက်လေး၏နားရွက်ကို ဆွဲထားသည်။
“ကျေားပေါက်လေး၊ ငါက လှလား”
ကျားပေါက်လေးက ခေါင်းညိတ်သည်။
“ဟားဟား။ အဒေါ်စွေ့၊ ကျားပေါက်လေးအတွက် ကြက်ဥတစ်လုံး ပိုထည့်ပေးလိုက်ပါ”
ဟွမ်ကျစ်ဟူက စွေ့စွေ့ကို ရှာရန်အတွက် ဆိုင်ထဲသို့ ပြေးဝင်သွားသည်။
သူမက လှပသောဆံထုံးနှင့်အတူ ပြန်ထွက်လာသည်။
“ကျွန်မတို့စွေ့စွေ့လေးက နန်းမြို့တော်မှာ ရှားပါးတဲ့အလှလေးပဲ။ ဘာဖြစ်လို့ ယောင်္ကျားလေးအဝတ်အစားတွေ ဝတ်နေရတာလဲ”
“ကြည့်လိုက်အုံး။ ဟိုမှာရှိနေတဲ့လူက ပေါက်စီကို နှာခေါင်းထဲထည့်မိတော့မယ်”
စွေ့စွေ့က အပြုံးတစ်ခုနှင့်အတူ ပြောလိုက်ပြီး အနည်းငယ်ရှက်နေသောစွေ့စွေ့ကို ခေါ်ထုတ်လာသည်။
ဟွမ်ကျစ်ဟူက ရှားရှားပါးပါး ရှက်ရွံ့နေသည်။ သူမက စွေ့စွေ့၏အင်္ကျီလက်ကို ဆွဲလိုက်ပြီး ပြောသည်။
“ဒေါ်လေးစွေ့၊ ကျွန်မအတွက် အမဲသားခေါက်ဆွဲတစ်ပွဲ ပေးပါ။ ပြီးတော့ ပေါက်စီသုံးလုံးလည်း လိုချင်တယ်”
စွေ့စွေ့က ခေါင်းညိတ်တော့မည့်အချိန်တွင် ဟန်မူယဲ့၏အသံကို ကြားလိုက်ရသည်။
“မင်းက ဘာဖြစ်လို့ စားချင်နေတာလဲ။ ကျင့်ကြံသူတစ်ယောက်က အစားအသောက်အပေါ်မှာ အချိန်မဖြုန်းသင့်ဘူး”
“စားချင်စိတ်ကို ရပ်လိုက်တော့”
‘စားချင်စိတ်ကို ရပ်ရမယ်တဲ့လား’
ဟွမ်ကျစ်ဟူ၏မျက်နှာထားက ရှံ့တွသွားသည်။
“အံ့ဖွယ်နေမင်းကိုယ်ရံတော်စခန်းကို သွားကြမယ်”
ဟန်မူယဲ့က ထပ်ပြောသည်။
ဟွမ်ကျစ်ဟူက အဝတ်အစားများကို ကြည့်လိုက်သည်။
“ဒီပုံစံနဲ့ သွားရမှာလား”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဇူအော်လင်း၏မြင်းလှည်းပေါ်သို့ တက်သွားသည်။
“မဟုတ်ဘူး။ ငါ့ရဲ့ နန်းမြို့တော်ကျားရဲဂုဏ်ပုဒ်က ပျက်စီးသွားတော့မှာပဲ ....”
ဟွမ်ကျစ်ဟူက မျက်နှာကို လက်ဖြင့်အုပ်ထားပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။
“သခင်မလေး ....”
အသံတစ်သံ ပေါ်ထွက်လာသည်။
“ထွက်သွား”
ဟွမ်ကျစ်ဟူက အေးစက်စွာပြောသည်။ သူမက ခြေလှမ်းအနည်းငယ်ဖြင့် မြင်းလှည်းအတွင်းသို့ ဝင်သွားသည်။
“မင်းက ငါ့ခြေထောက်ကိုလည်း တက်နင်းသေးတယ် ငါ့ကိုလည်း အော်ပြောသွားသေးတယ် ....”
လမ်းဘေးတွင် လူတစ်ယောက်က ကြောင်အစွာ ရေရွတ်လိုက်သည်။
....
မြင်းလှည်းထွက်ခွာလာသောအခါတွင် ဟန်မူယဲ့က တိုးတက်နေဆဲဖြစ်သော တော်ဝင်ဥယျာဉ်လမ်းကို မြင်လိုက်ရသည်။ သို့သော် လှုပ်ရှားမှုများ ပိုများလာပုံပေါ်သည်။
လူအများစုသည် လေးနက်သောမျက်နှာထားဖြင့် ဓားများသယ်ထားကြသည်။
နားမလည်နိုင်ဖြစ်သော လူများလည်းရှိသည်။
နန်းမြို့တော်က နန်းမြို့တော်ပင်ဖြစ်သော်လည်း နေရာတိုင်းတွင် အရှုပ်အထွေးများ ရှိနေသည်။
လက်ရှိအခြေအနေအရ လုံခြုံသောနေရာ မရှိပေ။
မြင်းလှည်းထဲတွင် ဖြောင့်မတ်စွာထိုင်နေသော ဟွမ်ကျစ်ဟူက နန်းမြို့တော်နှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏အခြေအနေကို တီးတိုးရှင်းပြနေသည်။
နန်းမြို့တော်၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူအများစုသည် ပြင်ပဘုံတွင် ရှိနေကြသည်။ ယုံတင်းမြစ်တွင် ပညာသင်ကြားပေးနေသော သခင်နွယ်စိမ်းမှလွဲ၍ ဟန်မူယဲ့နှင့်ရင်းနှီးသောလူများ မရှိတော့ပေ။
ယခုအချိန်တွင် တော်ဝင်ကျောင်းတော်၌ ဆရာသခင်များ သိပ်မရှိတော့ပေ။ ဆရာသခင်အများစုသည် အခြေအနေကို ထိန်းသိမ်းရန်အတွက် တခြားနေရာများသို့ ရောက်နေကြသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ကျွမ်းကျင်သူအများစုသည်လည်း ပြင်ပဘုံတွင် ရှိနေသည်။ သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ပြီး လေ့ကျင့်နေကြသည်။
“မွေးစားအဖေ၊ ကျွန်မက နန်းမြို့တော်ကနေ ထွက်သွားဖို့အတွက် အိမ်ရှေ့မင်းသားယွင်သွမ့်နဲ့ ဆွေးနွေးပြီးသွားပြီ”
ဟွမ်ကျစ်ဟူက ခေါင်းမော့လိုက်ပြီး တီးတိုးပြောသည်။
‘နန်းမြို့တော်ကနေ ထွက်သွားမှာလား’
‘တကယ်ကို ရဲတင်းတာပဲ။ နန်းမြို့တော်ကနေထွက်သွားဖို့ တွေးရဲတယ်’
နန်းမြို့တော်၏အပြင်ဘက်တွင် တော်ဝင်မိသားစုကိုသတ်ဖြတ်ချင်သော အင်အားစုများ စောင့်ဆိုင်းနေကြသည်။
ကွန်ဖြူးရှပ်တာအိုက နိမ့်ကျသွားသည်။ အံ့ဖွယ်နေမင်းကိုယ်ရံတော်များက နေရာတိုင်းတွင် တိုက်ခိုက်နေကြသည်။ ဟွမ်ကျစ်ဟူနှင့် ယာယီခေါင်းဆောင်များက နန်းမြို့တော်၏ပတ်ဝန်းကျင်တွင်သာ တာဝန်ထမ်းဆောင်ရသည်။
ဟွမ်ကျစ်ဟူနှင့်ယွင်သွမ့်က အတော်လေး ရဲတင်းသည်။ သူတို့က နန်းမြို့တော်မှထွက်ခွာပြီး ယုံတင်းမြစ်တွင် လျှောက်သွားလေ့ရှိသည်။
ဟွမ်ကျစ်ဟူ၏စကားအရ ကျင့်ကြံသူအများအပြားသည် ဥပဒေကိုချိုးဖောက်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ငြိမ်းချမ်းမှုကို နှောင့်ယှက်နေသည်။ သူတို့ကို သတ်ပစ်သင့်သည်။
မနေ့ညတွင် ဒေသတစ်ခု၏ အခွန်များ လုယူခံလိုက်ရသောကြောင့် ယွင်သွမ့်က ဟွမ်ကျစ်ဟူကို လာရှာခဲ့သည်။
ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ခေါင်းညိတ်သည်။
“အဲဒီအကြောင်းကို တွေးကြည့်ကြတာပေါ့”
သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တည်ငြိမ်စေရန်အတွက် ရည်ရွယ်ထားသည်။
သို့သော် ဟွမ်ကျစ်ဟူ၏ တိုက်ပွဲလေးများနှင့် မတူပေ။ သူက တစ်လောကလုံးကို တုန်လှုပ်သွားအောင် တိုက်ခိုက်လိမ့်မည်။
မြင်းလှည်းက ခရီးရောက်လာပြီး အနက်ရောင်ဝတ်စုံနှင့် လမ်းသွားလမ်းလာများကို မြင်လိုက်ရသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်များ ....
သူတို့က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း နှလုံးသားထဲတွင် အလင်းရောင်ရှိနေသည်။
ရှေ့တွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်စခန်းကို မြင်နိုင်သည်။
ယာယီခေါင်းဆောင်များအားလုံးသည် တာဝန်လက်ခံပြီး စနစ်တကျလေ့ကျင့်ရန်အတွက် ဤနေရာတွင် စုစည်းနေကြသည်။
“ဓားကျားရဲ့ မြင်းလှည်းပဲ”
ဇူအော်လင်း၏မြင်းလှည်းကို မြင်လိုက်ရသောအခါတွင် လူတစ်ယောက်က တီးတိုးရေရွတ်သည်။
သူတို့အားလုံးက တိတ်ဆိတ်စွာ လမ်းဖွယ်ပေးလိုက်သည်။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို ကြည့်သည်။
“အမ် အဲဒါက၊ ကျွန်မရဲ့ဓားနည်းစနစ်က ပိုကောင်းနေရုံပါပဲ ....”
ဟွမ်ကျစ်ဟူက လက်ချောင်းများချိတ်ထားပြီး ခေါင်းငုံ့သည်။
မြင်းလှည်းက စခန်းနှင့်သုံးမိုင်အကွာတွင် ရပ်တန့်သွားပြီး ဟန်မူယဲ့က အပြင်သို့ထွက်လာသည်။
ပတ်ဝန်းကျင်တွင်ရှိသော လူများက ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် ကြောင်အသွားကြသည်။
‘အဲဒီမြင်းလှည်းက ဓားကျားဟွမ်ကျစ်ဟူရဲ့ မြင်းလှည်းမဟုတ်ဘူးလား’
ထို့နောက် အဝါရောင်ဝတ်စုံဖြင့် သပ်ရပ်စွာထုံးဖွဲ့ထားသော ဟွမ်ကျစ်ဟူက မြင်းလှည်းပေါ်မှ ဆင်းလာသည်။
ပတ်ဝန်းကျင်တွင်ရှိသော အံ့ဖွယ်နေမင်းကိုယ်ရံတော်များက သူမကို စိုက်ကြည့်နေကြသည်။
ဟွမ်ကျစ်ဟူက သူတို့ကို ကြမ်းတမ်းစွာကြည့်လိုက်သည်။ သူမက မွေးစားအဖေ၏နောက်သို့ ပြေးလိုက်သွားချင်သော်လည်း အမျိုးသမီးဝတ်စုံကြောင့် ခြေလှမ်းငယ်လေးများကိုသာ လှမ်းနိုင်သည်။
“အဲဒါက .... ဓားကျားလား”
အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်က ပါးပြင်ကို လက်ဖြင့်အုပ်ထားသည်။
“ဒီလိုမှန်းသိခဲ့ရင် ပိုပြီးအရိုက်ခံလိုက်ပါတယ်”
“နန်းမြို့တော်ရဲ့ဓားကျားက ဒီလိုအလှလေးတစ်ယောက်လား”
လူတစ်ယောက်က မျက်လုံးများတောက်ပလာပြီး ပခုံးကို ထိကြည့်သည်။ အနည်းငယ်နာကျင်နေခဲ့သော ပခုံးက မနာတော့ပေ။
ဟန်မူယဲ့က စခန်း၏ရှေ့တွင် ရပ်တန့်လိုက်သည်။
အနက်ရောင်ချပ်ဝတ်နှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်အချို့က လေးနက်သောမျက်နှာထားဖြင့် သတိထားနေသည်။
“အံ့ဖွယ်နေမင်းကိုယ်ရံတော်စခန်းကို ဘယ်သူမှ ဝင်ရောက်ခွင့်မရှိဘူး”