အခန်း (၆၀၆)
Vol. 44 Ch. 606
ဟွမ်ကျစ်ဟူက မင်းသမီးယွင်ကျင်းဆီမှ သိပ်မသိခဲ့ရသော်လည်း နောက်ကွယ်တွင် ဇာတ်လမ်းတစ်ပုဒ်ရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။
ထိုသို့မဟုတ်လျှင် မင်းသမီးယွင်ကျင်းက သူမကို အလွန်ကောင်းမွန်စွာဆက်ဆံရန် အကြောင်းပြချက်မရှိပေ။
ယနေ့ မွန်းလွဲပိုင်းတွင် သူမက ဟန်မူယဲ့အကြောင်း သတင်းပေးရန်အတွက် ပိုးသားတိမ်တိုက် အင်မော်တယ်သင်္ဘောဆီသို့ သွားခဲ့သည်။ ယွင်ကျင်းက သူမကို ဝိညာဉ်ကျောက်တုံး သန်းချီတန်ဖိုးရှိသော ဆေးလုံးများနှင့် အရသာရှိသော ဝိညာဉ်သစ်သီးများကို ပေးလိုက်သည်။
အစပိုင်းတွင် သူမက ဝိညာဉ်ကျောက်တုံးတစ်သောင်းခန့် ညှစ်ထုတ်ပြီး ယွင်သွမ့်နှင့်အတူသောက်ရန် စီစဉ်ထားခဲ့သည်။
“မင်းကလည်း အရှေ့ပင်လယ်ကို သွားမှာမဟုတ်လား”
ဟန်မူယဲ့က ဟွမ်ကျစ်ဟူကို စိုက်ကြည့်သည်။
ဟွမ်ကျစ်ဟူက ပြုံးမိသော်လည်း လျင်မြန်စွာထိန်းသိမ်းလိုက်သည်။ သူမက တီးတိုးပြောသည်။
“ကျွန်မက ယွင်သွမ့်နဲ့ ဆက်ဆံရေးကောင်းတယ်လေ။ အရှေ့ပင်လယ်ကို တစ်ယောက်တည်းလွှတ်လိုက်ရင် စိတ်မချနိုင်ဘဲ ဖြစ်နေလိမ့်မယ် ....”
ဟန်မူယဲ့က နှာမှုတ်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားသည်။
‘မင်းတို့က အစစ်အမှန်သွေးစွန်းတိုက်ပွဲတွေကို မြင်ဖူးသွားတာပေါ့’
တာအိုပြိုင်ပွဲသည် ကစားစရာမဟုတ်ပေ။
ဟန်မူယဲ့ထွက်သွားသောအခါတွင် ဟွမ်ကျစ်ဟူက လျှာထုတ်ပြီး ကိုယ်ပိုင်အခန်းထဲသို့ ဝင်သွားသည်။
သူမက အရှေ့ပင်လယ်ကိုသွားရန် ကောင်းမွန်စွာပြင်ဆင်ထားသည်။
သို့သော် အခန်းထဲသို့ဝင်သွားသော ဟန်မူယဲ့က ချီစွမ်းအင်အလင်းအဖြစ်ပြောင်း၍ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ဝိညာဉ်ပုံရိပ်တစ်ခုသာဖြစ်သည်။
သူက ယုံတင်းမြစ်တွင် ရှိနေသည်။
အပျော်လှေတစ်စင်းပေါ်တွင် ပန်းချီကားနှင့် စာလုံးအချို့ကို ရှုဝေက ဖြန့်ကြည့်နေသည်။
“တကယ်သပ်ရပ်တာပဲ”
ရှုဝေက စစ်ဆေးကြည့်လိုက်ပြီး မှတ်ချက်ချသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကွန်ဖြူးရှပ်တာအိုလမ်းစဉ်မှာ ဒီလိုမျိုးသပ်ရပ်တဲ့လူတွေ သိပ်မရှိဘူး”
“ငါက အရမ်းတင်းကျပ်တဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို မထောက်ခံပေမဲ့ ဒီလိုမျိုး အသေးစိတ်ကျတဲ့နည်းစနစ်ကတော့ တကယ်မဆိုးဘူး”
“ကျင်းနန်နယ်မြေရဲ့ ကွန်ဖြူးရှပ်တာအိုက ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုပြီးသန်မာလိမ့်မယ်”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ရှုဝေ၏ခန့်မှန်းချက်သည် မမှားပေ။
လောကတွင် အရာအများစုကို ကြိုးစားအားထုတ်၍ ရရှိနိုင်သည်။
ပါရမီချင်းယှဉ်ပြိုင်နိုင်သော လူအနည်းငယ်သာရှိသည်။
အခြေခံအဆင့်ကျောင်းတော်သား၊ အဆင့်မြင့်ကျောင်းတော်သားနှင့် ဆရာအဆင့်သို့ လုံ့လဝီရိယရှိစွာ ကြိုးစားအားထုတ်ပြီး ရောက်ရှိနိုင်သည်။
သို့သော် အနာဂတ်တွင် ပါရမီအပေါ် မူတည်သွားလိမ့်မည်။
လုံလောက်သောပါရမီမရှိလျှင် ရှေ့ဆက်သွားနိုင်ရန် ခက်ခဲလိမ့်မည်။
ယခင်က ဟန်မူယဲ့သည်လည်း ပါရမီ၏ကန့်သတ်ခြင်းကို ခံခဲ့ရသည်။ သူက ထိုပြဿနာကို ဖြေရှင်းရန်အတွက် ကျင့်ကြံခြင်းပါရမီအား ပြောင်းလဲနိုင်သော ဆေးလုံးကို သန့်စင်ခဲ့သည်။
ဟန်မူယဲ့က ကျင်းနန်နယ်မြေ၏ ကျင့်ကြံခြင်းနည်းလမ်းကို ရှင်းပြလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ဆရာနွယ်စိမ်း၊ ခင်ဗျားရဲ့ ဇာတ်လမ်းကို အကြီးအကဲထောင်ကျစ်ရှင်းက တကယ်စိတ်ဝင်စားသွားတယ်”
“သူက မကြာခင်မှာ ခင်ဗျားဆီလာလည်လိမ့်မယ်ထင်တယ်”
ထောင်ကျစ်ရှင်းက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ လာခဲ့မည်ဟု ပြောထားသော်လည်း ချက်ချင်းလာမည်မဟုတ်ပေ။
တာအိုပြိုင်ပွဲနယ်မြေသည် အဝင်သာရှိပြီး အထွက်မရှိပေ။ ဤနေရာသို့ လာမည်ဆိုလျှင် ကြိုတင်ပြင်ဆင်ထားရလိမ့်မည်။
လူတိုင်းတွင် လမ်းညွှန်ပေးမည့် အဆုံးမဲ့နတ်ဘုရားဘုရင်ကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူများ မရှိကြပေ။
ရှုဝေကလည်း ကျင်းနန်နယ်မြေကို စိတ်ဝင်စားနေသည်။
သူက အသေးစိတ်ကျသော ကျင့်ကြံခြင်းနည်းစနစ်မျိုးကို လိုအပ်နေသည်။
သူ၏ ဂရုမစိုက်မှုကြောင့် ကောင်းကျိုးနှင့်ဆိုးကျိုးများ ဖြစ်ပေါ်လာရသည်။
ဟန်မူယဲ့က အပျော်လှေပေါ်တွင် ရှုဝေနှင့်အတူ သောက်ခဲ့သည်။ သူက ရောင်နီလာသောအချိန်တွင် ထွက်သွားခဲ့သည်။
သူထွက်သွားသောအခါတွင် ရှုဝေက လက်တစ်ဖက်ဖြင့် ပါးစပ်ကိုအုပ်ပြီး ချောင်းဆိုးလိုက်သည်။
“နင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်သင့်တယ် ....”
အသံတစ်သံ ပေါ်ထွက်လာသည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က ဝမ်းနည်းနေသော မျက်လုံးများနှင့်အတူ လျှောက်လာသည်။
“ဟီးဟီး၊ အဲဒီကလေးက ငါနဲ့ သောက်ဖောက်သောက်ဖက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါက သူနဲ့အတူ သောက်ရမယ်”
ရှုဝေက ဂရုမစိုက်ဘဲ ရယ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲတွင် အထီးကျန်နေသောအရိပ်အယောင်များ ပေါ်လာသည်။
“ပြီးတော့ နောက်ထပ် ဘယ်နှကြိမ်လောက် အတူတူသောက်နိုင်အုံးမလဲဆိုတာကို ငါမသိဘူး ....”
....
ဟန်မူယဲ့က မြစ်ကမ်းပါးသို့ ရောက်လာသောအခါ မနက်ခင်းနေရောင်ခြည်အောက်တွင် ရှိနေသော ခမ်းနားသည့် အင်မော်တယ်သင်္ဘောကို မြင်လိုက်ရသည်။
အင်မော်တယ်သင်္ဘော၏ တတိယထပ်တွင် လူတစ်ယောက်က သူ့ကို လှမ်းကြည့်နေပုံရသည်။
ဟန်မူယဲ့က အင်မော်တယ်သင်္ဘောဆီသို့ မသွားခဲ့ပေ။
တချို့အရာများကို နှလုံးသားထဲတွင် သိမ်းဆည်းထားသင့်သည်။
သုံးရက်အကြာတွင် အံ့ဖွယ်နေမင်း ကိုယ်ရံတော်စခန်းက ဂိတ်တံခါးပွင့်လာသည်။ အနက်ရောင်ချပ်ဝတ်နှင့်စစ်သည်များ အပြင်သို့ထွက်လာသည်။
ခေါင်းဆောင်များသည် မျက်နှာထားတည်ငြိမ်နေသော ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူတို့ ဖြစ်ကြသည်။
သူတို့၏နောက်တွင် အရှေ့ပင်လယ်၏ ယာယီခေါင်းဆောင်များ ပါလာသည်။
လက်ရွေးစင်သုံးရာ လိုက်လာခဲ့သည်။
“ဓားကျားရဲက အမျိုးသမီးအဝတ်အစားတွေ မဝတ်တော့တာ နှမြောစရာပဲ ....”
စစ်တပ်စခန်းတွင် ချမ်ယွီထန်က ခြံစည်းရိုးကိုမှီထားပြီး ထွက်သွားသောအုပ်စုကို လှမ်းကြည့်သည်။
“ဟမ့်၊ ဓားကျားရဲက ဒီလိုပဲဖြစ်သင့်တယ်။ သူမကို လက်ထပ်ပြီးသွားရင် အမျိုးသမီးအဝတ်အစားနဲ့ ကြည့်ချင်တဲ့အချိန်တိုင်း ကြည့်လို့ရတယ်”
ပိုင်ကျန့်ဖေးက ပြုံးသည်။
ချမ်ယွီထန်က တံတွေးထွေးလိုက်ပြီး လှည့်ထွက်သွားသည်။
“ငါက သခင်လုယန်ကို သွားပြီးတောင်းပန်မယ်။ နန်းမြို့တော်မှာ ပိတ်မိနေတာက အသုံးမဝင်ဘူး။ ယောင်္ကျားတစ်ယောက်က လောကကို မလွှမ်းမိုးနိုင်ရင် မိန်းမလှကို ဘယ်လိုလုပ်ပြီး ရမှာလဲ”
“ဓားကျားရဲနဲ့ထိုက်တန်တဲ့ ယောင်္ကျားက လောကမှာ အသန်မာဆုံးဖြစ်ရမယ်”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ပိုင်ကျန့်ဖေးက လျင်မြန်စွာလိုက်လာသည်။
“အတူတူသွားရအောင်။ ဓားကျားရဲ့ မွေးစားအဖေက သမက်တစ်ယောက်ရှာနေတယ်လို့ ကြားထားတယ်။ ယောက္ခထီးက ဘယ်သူလဲမသိဘူး။ ဘယ်လိုမျိုးအချက်တွေ လိုချင်တာလဲမသိဘူး ....”
“ထွက်သွားစမ်း”
....
ယုံတင်းမြစ်တွင် သင်္ဘောဆယ်စင်းရှိနေသည်။
အံ့ဖွယ်နေမင်းကိုယ်ရံတော်များသည် သင်္ဘောပေါ်တွင် လေးနက်သောမျက်နှာထားဖြင့် ရှိနေသည်။
ပတ်ဝန်းကျင်တွင်ရှိသော ကုန်သည်သင်္ဘောနှင့် အပျော်လှေများက သူတို့ကို ဂရုတစိုက် ရှောင်တိမ်းသွားကြသည်။
“ဝူ ....”
ခရာသံ ပေါ်ထွက်လာသည်။ ခေါင်းဆောင်သင်္ဘောတွင် ကောင်းကင်အံ့ဖွယ်တိုင်းပြည်၏ အလံကို လွှတ်တင်လိုက်သည်။
အဝေးတစ်နေရာတွင် အင်မော်တယ်မြို့တစ်မြို့နှင့်တူသော အင်မော်တယ်သင်္ဘောဆီမှ သီချင်းသံထွက်လာသည်။
“လူသားလောကဟာ အဓိပ္ပာယ်မဲ့လွန်းတယ်။ အရူးအမူးစွဲလမ်းခြင်းက ပြဿနာအများဆုံးပဲ ....”
ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် အင်မော်တယ်သင်္ဘောကို လှမ်းကြည့်သည်။ အဆုံးတွင် သူက ကုန်းပတ်ပေါ်၌ လေးနက်စွာမတ်တပ်ရပ်နေသော အနက်ရောင်ချပ်ဝတ်နှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်များကို လှည့်ကြည့်သည်။ သူက တည်ငြိမ်စွာပြောသည်။
“အခု အရှေ့ပင်လယ်ကို သွားတော့မယ်”
သူတို့က နန်းမြို့တော်မှထွက်လာပြီး အဆက်မပြတ်စီးဆင်းနေသော ယုံတင်းမြစ်တွင် ရွက်လွှင့်ခဲ့သည်။ ကွမ်မြစ်ဝသို့ ရောက်လာသောအခါတွင် မြစ်က ကွဲထွက်သွားသည်။ တစ်ခုသည် တုန်းရှန်ဒေသကို ရစ်ပတ်၍ အရှေ့ပင်လယ်သို့ စီးဝင်ပြီး နောက်တစ်ခုသည် တောင်ပိုင်းကုန်းမြေသို့ ဝင်ရောက်သွားသည်။
မြစ်ရေက စီးဆင်းနေပြီး မရေမတွက်နိုင်သော သင်္ဘောများ သွားလာနေကြသည်။
သက်ရှိများအားလုံးကို ပျိုးထောင်ပေးရန်အတွက် အရင်းအမြစ်များအားလုံးသည် နန်းမြို့တော်တွင် စုစည်းနေသည်။
ဟန်မူယဲ့က ပြတင်းတံခါးရှေ့တွင် ရပ်နေပြီး ရှေ့သို့ကြည့်သည်။ မြစ်ထဲတွင် ရေခိုးရေငွေ့များဖြင့် ပြည့်နှက်နေသည်။
လက်ရှိအချိန်၌ ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် တောင်တန်းနှင့်မြစ်များကို တရားဝင်နတ်များက အုပ်ချုပ်နေကြသည်။ နတ်ဘုရားတာအိုနှင့် ကွန်ဖြူးရှပ်တာအိုသည် အမွေးနံ့သာစွမ်းအားနှင့် လူသားဆန္ဒစွမ်းအားကို ရှင်းလင်းစွာ ခွဲယူထားကြသည်။
ထို့ကြောင့် တာအိုဂိုဏ်းနှင့် တခြားဂိုဏ်းများက ပုန်ကန်နေခြင်းဖြစ်သည်။
သူတို့၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က ယိုယွင်းသွားတော့မည်ဖြစ်သောကြောင့် မစိုးရိမ်ဘဲ မနေနိုင်ပေ။
“ကုန်းစွန်းချင်ဖုန်းက ဆရာမူယဲ့ကို နှုတ်ဆက်ပါတယ်”
မီးခိုးရောင်အဝတ်စဖြင့် ဓားကိုပတ်ထားသော အစိမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူတစ်ယောက်က ဟန်မူယဲ့ကို ဦးညွှတ်သည်။
တော်ဝင်မိသားစုမှ နံပတ်တစ်ဓားကျင့်ကြံသူ ကုန်းစွန်းရှု၏ မျိုးဆက်ဖြစ်သည်။
ကုန်းစွန်းရှုက ပြင်ပဘုံတွင် အဆင့်တက်သွားခဲ့သည်။ သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ထိပ်တန်းအဆင့်ဖြစ်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်တွင် ကုန်းစွန်းရှုက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အရှုပ်အထွေးများကို ဖြေရှင်းရန်အတွက် မကြာခဏ ပြန်လာခဲ့သည်။
သို့သော် ပြင်ပဘုံတိုက်ပွဲသည် ပြင်းထန်နေသောကြောင့် ကုန်းစွန်းရှုက ပြန်ထွက်သွားရသည်။
ကုန်းစွန်းချင်ဖုန်းသည် ဝိညာဉ်သူငယ် အဌမအဆင့်တွင်ရှိသည်။ သူက ကုန်းစွန်းမိသားစု၏ လူငယ်မျိုးဆက်သစ်ထဲတွင် အသန်မာဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည်။
သူက ယွင်သွမ့်၏ ကိုယ်ရံတော်ဖြစ်သည်။
ယွင်သွမ့်က အိမ်ရှေ့စံဖြစ်သည်။ သူမက အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ ကောင်းကင်ကျားဟူသော ဘွဲ့ထူးကို ရထားသော်လည်း သူမ၏ ကျင့်ကြံခြင်းနှင့် တိုက်ခိုက်နိုင်စွမ်းသည် နိမ့်ကျနေသေးသည်။
သို့သော် သူမကို ရန်စရဲသောလူ မရှိပေ။
ဟန်မူယဲ့က ကုန်းစွန်းချင်ဖုန်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
“မင်းရဲ့ကျင့်ကြံခြင်းနဲ့ဆိုရင် ယွင်သွမ့်ကိုကာကွယ်ဖို့ လုံလောက်ပါတယ်”
“ဒါပေမဲ့ အရှေ့ပင်လယ်မှာ ဓားကျင့်ကြံသူတွေ အများကြီးရှိတယ်။ တိုက်ပွဲကို အရမ်းဂရုစိုက်မနေနဲ့”
ဓားကျင့်ကြံသူများအားလုံးသည် မောက်မာကြသည်။ အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများသည် သန်မာကြသည်။ ကုန်းစွန်းချင်ဖုန်းက ဓားကျင့်ကြံသူများနှင့် တိုက်ခိုက်နေပြီး တာဝန်ကို မေ့လျော့သွားလျှင် အဆင်ပြေမည်မဟုတ်ပေ။
“မစိုးရိမ်ပါနဲ့ဆရာ။ ကုန်းစွန်းချင်ဖုန်းက တာဝန်ကို သိပါတယ်”
ကုန်းစွန်းချင်ဖုန်းက လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ပြောသည်။
သူက သင်္ဘောဝမ်းတွင်းမှထွက်ပြီး ကုန်းပတ်ပေါ်သို့ ရောက်လာသောအခါတွင် ဝိညာဉ်သစ်သီးများစားနေသော အိမ်ရှေ့မင်းသားယွင်သွမ့်နှင့် ဓားကျားဟွမ်ကျစ်ဟူတို့ကို တွေ့လိုက်ရသည်။
ဓားကျားဟွမ်ကျစ်ဟူသည် ဆရာမူယဲ့၏ မွေးစားသမီးဖြစ်သည်။ သူမက ဓားပညာရပ်တွင် အလွန်ထူးချွန်သည်။
ဟွမ်ကျစ်ဟူက ကုန်းစွန်းချင်ဖုန်းကို စိန်ခေါ်ခဲ့ဖူးသည်။ သူက ကျင့်ကြံဆင့်ကို ဖိနှိပ်ထားလိုက်လျှင် ဟွမ်ကျစ်ဟူကို အနိုင်ရမည်မဟုတ်ပေ။
“ကျွန်မရဲ့ မွေးစားအဖေနဲ့ တွေ့ခဲ့တာလား”
ဟွမ်ကျစ်ဟူက ကုန်းစွန်းချင်ဖုန်းကို လှည့်ကြည့်သည်။
“အစ်ကိုကုန်းစွန်းက မွေးစားအဖေနဲ့ လက်ရည်စမ်းမကြည့်တော့ဘူးလား”
ဟန်မူယဲ့နှင့် လုယွီကျိုးက တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုအဖြစ် သတ်မှတ်ထားကြသည်။ သူတို့က နန်းမြို့တော်တွင် အလွန်အဆင့်အတန်းမြင့်သည်။
ချင်စုယန်၊ ယန်ကျန်းချင်နှင့် သူတော်စင်တစ်ဝက်အဆင့်များသည် ဟန်မူယဲ့နှင့် အဆင့်တူသည်ဟု ပြောနိုင်သည်။
ထို့ကြောင့် ဟွမ်ကျစ်ဟူ၏ အဆင့်အတန်းသည် လူအများကို ခေါင်းကိုက်စေခဲ့သည်။
ကံကောင်းစွာဖြင့် ဟွမ်ကျစ်ဟူက ဉာဏ်ကောင်းသည်။ သူမက ကျင့်ကြံဆင့်မြင့်သောလူများကို အစ်ကိုကြီးအဖြစ် ခေါ်ဆိုပြီး ကမောက်ကမဖြစ်နိုင်သော အခြေအနေများကို ရှောင်ရှားခဲ့သည်။ သူမက ထိုလူများနှင့် နီးကပ်လာသည်။
လုယန်နှင့်လည်း အတူတူပင်ဖြစ်သည်။
ကုန်းစွန်းရှုက ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
“ငါက ဆရာမူယဲ့ရဲ့ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းကို တကယ်လေးစားမိတယ်။ ဒါပေမဲ့ ဓားတာအိုနဲ့ပတ်သတ်ပြီး တစ်ခါမှမမြင်ဖူးဘူး”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်ကျစ်ဟူက ပြုံးသည်။
“ကျွန်မရဲ့မွေးစားအဖေက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဓားအင်မော်တယ်အဖြစ် ကျော်ကြားတယ်”
“သူက ကောင်းကင်အတားအဆီးကို ဓားတစ်ချက်နဲ့ဖွင့်ပြီး ကောင်းကင်ဘုံဂိတ်တံခါးကို တည်ဆောက်ခဲ့တယ်”
‘ကောင်းကင်ဂိတ်တံခါးကို တည်ဆောက်ခဲ့တာလား’
ကုန်းစွန်းချင်ဖုန်းက ကြောင်အသွားသည်။
ယွင်သွမ့်က ဟွမ်ကျစ်ဟူကိုကြည့်လိုက်ပြီး ပြောသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဟန်မူယဲ့လား”
ထို့နောက် သူမက မျက်လုံးပြူးသွားသည်။
“ဓားအင်မော်တယ် ဟန်မူယဲ့၊ အာခီမီကျင့်ကြံသူ မူယဲ့၊ ပြီးတော့ သူက သမင်ဖြူတောင်တန်းကျောင်းတော်ရဲ့ ကျောင်းအုပ်လည်း ဖြစ်နေသေးတယ် ....”
ဟန်မူယဲ့က နောက်ခံကို လျှို့ဝှက်မထားပေ။ ရည်ရွက်ချက်ရှိသောလူများက စုံစမ်းကြည့်နိုင်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ် ဟန်မူယဲ့ ....
ရှုရှီဒေသတွင်ရှိသော သမင်ဖြူတောင်တန်းကျောင်းတော်၏ ကျောင်းအုပ် ဆရာသခင် ဟန်မူ ....
နန်းမြို့တော်ကို တုန်ခါသွားစေသော အာခီမီနှင့် ကွန်ဖြူးရှပ်ပညာရှင် ဆရာမူယဲ့ ....
ထိုနာမည်သုံးခုသည် တစ်လောကလုံးတွင် ကျော်ကြားသည်။
နာမည်တစ်ခုချင်းစီသည် ပြိုင်ဘက်ကင်းပါရမီနှင့် စိတ်ကူးမယဉ်နိုင်လောက်သော ကျင့်ကြံခြင်းကို ကိုယ်စားပြုသည်။
“ဓားအင်မော်တယ်လား”
ကုန်းစွန်းချင်ဖုန်းက မျက်လုံးများတောက်ပသွားပြီး နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေ ပွင့်သွားတဲ့အချိန်မှာ ဓားကိုင်ထားတဲ့လူတိုင်း ကောင်းကင်ဂိတ်တံခါးကို ဖြတ်သန်းနိုင်တယ်လို့ ပြောခဲ့တယ်။ ငါက သွားကြည့်ဖို့ အခွင့်အရေးမရခဲ့ဘူး။ တကယ်လို့ သွားနိုင်ခဲ့ရင် ....”
ထို့နောက် သူက ဟန်မူယဲ့ပြောလိုက်သောစကားကို သတိရမိသည်။
အရှေ့ပင်လယ်တွင် အားကောင်းသော ဓားကျင့်ကြံသူများ ရှိနေသည်။
“အရှေ့ပင်လယ်ကို ထိန်းချုပ်ပြီးသွားရင် ဆက်ပြောကြတာပေါ့”