← Chapters

အခန်း (၆၀၇)

Vol. 44 Ch. 607

အခန်း (၆၀၇)

Vol. 44 Ch. 607

သင်္ဘောဆယ်စီးပေါ်တွင် အံ့ဖွယ်နေမင်းကိုယ်ရံတော် သုံးထောင်၊ မီးတောက်နီစစ်သည် တစ်သောင်း၊ ဒါဇင်ချီနေသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူနှင့် ချီကျင့်ကြံသူများ ရှိနေကြသည်။

ထိုကျင့်ကြံသူများအားလုံးသည် ရွှေအမြုတေအဆင့်နှင့် ကောင်းကင်အဆင့်တွင် ရှိကြသည်။

ကျင့်ကြံသူအများစုသည် ဓားကျွမ်းကျင်သူများ ဖြစ်ကြသည်။

သူတို့က အရှေ့ပင်လယ်သို့ ဓားတာအိုကျွမ်းကျင်သူများမပါဘဲ မသွားနိုင်ပေ။

ဓားနည်းစနစ်များသည် အရာအားလုံးကို ဓားတစ်ချက်ဖြင့် ဖြတ်တောက်နိုင်သောကြောင့် ကျော်ကြားသည်။ သာမန်ကျင့်ကြံသူများက အရှေ့ပင်လယ်ကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က အဓိကသင်္ဘော၏ ထိပ်ဆုံးအထပ်တွင် တံခါးပိတ်ကျင့်ကြံနေသည်။ ယွင်သွမ့်နှင့်ဟွမ်ကျစ်ဟူက အရာအားလုံးကို စီမံနေသည်။

သူတို့နှစ်ယောက်သည် ယာယီခေါင်းဆောင်စမ်းသပ်ပွဲတွင် လေ့ကျင့်ခဲ့သောကြောင့် စစ်ချီတက်ခြင်း၊ ဝင်္ကပါတည်ဆောက်ခြင်းတို့နှင့် ပတ်သတ်၍ အလွန်ရင်းနှီးသည်။

အစပိုင်းရက်များတွင် အနည်းငယ်အဆင်မပြေဖြစ်ခဲ့သော်လည်း နောက်ရက်များတွင် အစီအစဉ်တကျ ဖြစ်သွားခဲ့သည်။

အထူးသဖြင့် ဟွမ်ကျစ်ဟူက အလွန်ပါးနပ်သည်။ သူမက ကလေးဘဝတွင် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေ၌ လေ့ကျင့်ပြီး မျိုးနွယ်စုအသီးသီးမှ ကျွမ်းကျင်သူများနှင့် ထိတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် သမင်ဖြူတောင်တန်းကျောင်းတော်၌ သင်ယူခဲ့ပြီး သူမ၏ ဉာဏ်ရည်နှင့် နည်းလမ်းများသည် ပထမတန်းစား ဖြစ်ခဲ့သည်။

တော်ဝင်ကျောင်းတော်တွင်လည်း နာမည်တစ်ခု ရလာခဲ့သည်။

အံ့ဖွယ်နေမင်းကိုယ်ရံတော်များကြားတွင် ဓားကျားဟူ၍ နာမည်ကြီးခဲ့သည်။

သူမက နန်းမြို့တော်မှ ထွက်လာသောအချိန်တွင် စွေ့စွေ့နှင့်ရှောက်တထျန်းတို့က ဟွမ်ကျစ်ဟူအနိုင်ကျင့်ခံရမည်ကို မစိုးရိမ်ကြောင်း တီးတိုးပြောခဲ့သည်။

သင်္ဘောတပ်သည် တစ်ရက်လျှင် မိုင်ငါးထောင်နှုန်းဖြင့် ခရီးသွားနေသည်။

ဟန်မူယဲ့၏အခန်းထဲတွင် ပုံရိပ်များက ဦးညွှတ်လိုက်ကြသည်။

သူတို့က အလင်းရောင်ဖြင့်တောက်ပနေသော နတ်ဘုရားတာအိုကျင့်ကြံသူများ ဖြစ်ကြသည်။

ရေဓာတ်မျိုးဆက်၏ တရားဝင်နတ်များ ....

ဟန်မူယဲ့က လမ်းတစ်လျှောက်တွင် တောင်နှင့်မြစ်များ၏ တရားဝင်နတ်များအားလုံးကို ဆင့်ခေါ်ခဲ့သည်။

“ဆရာ၊ ရှေ့က တိမ်ထူချောက်နက်မှာ တာအိုကျင့်ကြံသူသုံးထောင် စုစည်းနေပါတယ်”

ရွှေရောင်ချပ်ဝတ်နှင့် တောင်နတ်တစ်ပါးက တီးတိုးပြောသည်။

“ဆရာ၊ အရှေ့တောင်ပိုင်းရဲ့ ဒေသရှစ်ခုမှာရှိတဲ့ တာအိုဂိုဏ်းနဲ့ မိစ္ဆာကျင့်ကြံသူတွေက လှုပ်ရှားနေပါပြီ။ သူတို့က ကျွန်တော်တို့ကို ဝိုင်းရံတိုက်ခိုက်ပါတော့မယ်”

စကားပြောလိုက်သောလူက ကွမ်မြစ်ဝတွင် မြစ်စောင့်နတ်ဖြစ်လာသော ချီကျစ်ယွီဖြစ်သည်။

ထိုစဉ်က အရှေ့တောင်ပိုင်း၏ ဒေသရှစ်ခုသည် ဟန်မူယဲ့၏အမိန့်စာကြောင့် သက်‌ရောက်ခံလိုက်ရပြီး တာအိုဂိုဏ်းများ၏အရှိန်အဟုန်ကို တိုက်ရိုက်ချိုးဖျက်ခဲ့သည်။

ဂိုဏ်းအများအပြားသည် တခြားနေရာများသို့ ပြောင်း‌ရွှေ့သွားကြသည်။

တာအိုပြိုင်ပွဲ စတင်သောအချိန်တွင် အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းအများအပြားက ပုန်ကန်ခဲ့သည်။

သို့သော် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကွန်ဖြူးရှပ်တာအိုက လွှမ်းမိုးထားသည်။ တာအိုဂိုဏ်းများသည် အပေါ်ယံတွင် လိုက်လျောထားသော်လည်း နောက်ကွယ်တွင် လှုပ်ရှားနေခဲ့သည်။

သခင်ရွှယ်မင်နှင့် သူတော်စင်တစ်ဝက်အဆင့် ဝမ်မူယန်တို့၏ တိုက်ပွဲအပြီးတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အခြေအနေသည် ပြောင်းလဲသွားပြီး တာအိုဂိုဏ်းများက ပုန်ကန်ရန် အစပျိုးလာကြသည်။

“ဆရာ၊ အရှေ့တောင်ပိုင်းရဲ့ တာအိုဂိုဏ်းတွေက ဒီလုပ်ကြံသတ်ဖြတ်မှုကို တာအိုဂိုဏ်းတွေ ပေါ်ထွက်လာဖို့အတွက် အရေးကြီးဖြစ်ရပ်အဖြစ် ခံယူထားကြတယ်။ နတ်သခင်အများအပြားကို ဆက်သွယ်ထားကြတယ်”

ချီကျစ်ယွီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး စိုးရိမ်စွာပြောသည်။

“နတ်သခင်ရွှယ်မင်ကလည်း ကိုယ်တိုင်ရောက်လာမယ်လို့ ကြားမိတယ်”

လုပ်ကြံတိုက်ခိုက်ခြင်း ....

အရှေ့ပင်လယ်၏စစ်ဆင်ရေးကို ကြေညာလိုက်သောအချိန်တွင် လုပ်ကြံတိုက်ခိုက်ခြင်းနှင့် ကြုံတွေ့ရန်အတွက် ကံပါလာပြီဖြစ်သည်။

အရှေ့ပင်လယ်က တည်ငြိမ်သွားခဲ့လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အများအပြား ပြောင်းလဲသွားတော့မည်မဟုတ်ပေ။

ဤတစ်ကြိမ်တွင် အိမ်ရှေ့မင်းသာ ယွင်သွမ့်နှင့် ဆရာသခင်မူယဲ့တို့က အရှေ့ပင်လယ်သို့ ထွက်လာသည်။

အိမ်ရှေ့မင်းသား ယွင်သွမ့်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ တော်ဝင်မိသားစု၏ ဂုဏ်ကျက်သရေဖြစ်သည်။ ဆရာသခင်မူယဲ့က ကွမ်မြစ်ဝကို ချိပ်ပိတ်ပြီး အရှေ့တောင်ပိုင်းမှ တာအိုဂိုဏ်းများ၏ခွန်အားကို ဖျက်ဆီးခဲ့သည်။

သူတို့ထဲမှတစ်ယောက်က အရှေ့တောင်ပိုင်းတွင် ကျဆုံးသွားခဲ့လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ဇာတ်သိမ်းသွားလိမ့်မည်။

အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများက ဟန်မူယဲ့နှင့်ယွင်သွမ့်ကို သတ်ဖြတ်ရန်အတွက် အစွန်းကုန်ထုတ်သုံးထားသည်။

“နတ်သခင်ရွှယ်မင်လား”

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားပေ။

သူတော်စင်တစ်ဝက်အဆင့်ကို အနိုင်ယူခဲ့သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသည် အလွန်သန်မာလိမ့်မည်။

သူက တိုက်ပွဲတစ်ခုတည်းဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အခြေအနေကို ပြောင်းလဲနိုင်ခဲ့သောကြောင့် ကံကောင်းခြင်းကို ပိုင်ဆိုင်ထားသည်။

သို့သော် ဟန်မူယဲ့က ပြန့်ကျဲကြယ်ကျွန်းတွင် လောက၏ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်သော နတ်ဘုရားဘုရင်ကို မြင်ခဲ့သည်။ အထက်ဘုံသုံးပါး၏မြင်ကွင်းကိုလည်း မြင်ခဲ့သည်။ ဆည်၏အပြင်ဘက်တွင်ရှိသော စစ်တပ်ကိုလည်း မြင်ခဲ့သည်။

“လုယန်က ဘယ်လိုစီစဉ်ထားလဲ”

ဟန်မူယဲ့က ဘေးတွင်ရပ်နေသော အနက်ရောင်ဝတ်စုံနှင့်လူကို လှည့်ကြည့်သည်။

“ဆရာ၊ ခေါင်းဆောင်က မီးတောက်နီစစ်သည် သုံးသန်းနဲ့ အံ့ဖွယ်နေမင်းကိုယ်ရံတော် တစ်သိန်းကို စုစည်းထားပါတယ်။ ကျွန်တော်တို့က ဆရာ့ရဲ့အမိန့်ကို စောင့်နေတာပါ”

အနက်ရောင်ဝတ်စုံနှင့်လူက ဦးညွှတ်လိုက်သည်။

သူက ဝိညာဉ်ကိုယ်ခွဲ သတ္တမအဆင့်တွင် ရှိနေပြီး အံ့ဖွယ်နေမင်းကိုယ်ရံတော်များ၏ အကြီးအကဲတစ်ဦးဖြစ်သည်။

သူက လုယန်နှင့်ဆက်သွယ်ပြီး ဆရာမူယဲ့၏သတင်းကို ပို့ပေးရမည်။

အစပိုင်းတွင် သူက ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ယောက်၏ အကြံဉာဏ်ကို သိပ်လက်မခံချင်ပေ။

သို့သော် လုယန်ပြောပြခဲ့သော သတင်းက အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့သည် လက်ရွေးစင် ၃၀%ကို ထုတ်သုံးခဲ့သည်။ မီးတောက်နီစစ်သည် သုံးသန်းကလည်း အသင့်ရှိနေသည်။ ကောင်းကင်အဆင့် ကျွမ်းကျင်သူများအားလုံးသည် ဆရာမူယဲ့၏အမိန့်ကို စောင့်နေကြသည်။

‘ဆရာသခင်မူယဲ့က ကွန်ဖြူးရှပ်တာအိုရဲ့ ဆရာသခင်တစ်ယောက်ပဲ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ်ပြီး အံ့ဖွယ်နေမင်းကိုယ်ရံတော်တွေနဲ့ မီးတောက်နီစစ်တပ်ကို အသုံးပြုနိုင်တာလဲ’

‘ဒီလောကမှာ အမတ်ချုပ်ကြီးဝမ်နဲ့ မှူးမတ်ဝူကပဲ ဒီလိုမျိုး အာဏာရှိတာမဟုတ်လား’

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ လူတိုင်းက အခန်းထဲမှ ထွက်သွားကြသည်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လူစုခွဲသည်။

အခန်းထဲတွင် ဟန်မူယဲ့က ဖြည်းဖြည်းချင်း ထရပ်သည်။ သူ့ကိုယ်ပေါ်တွင်ရှိသော အဝတ်သည် ဖြူစွတ်နေသော သိုင်းဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။ ဝတ်စုံ၏အနားသတ်များသည် သပ်ရပ်နေပြီး ခါးတွင်ရှိသော ကျောက်စိမ်းခါးပတ်သည် တင်းကျပ်နေသည်။

ကျောပေါ်တွင် ဓားအိမ်တစ်ခု ရှိသည်။

ယခုအချိန်မှစ၍ သူက ဓားကျင့်ကြံသူ ဟန်မူယဲ့ဖြစ်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ် ဟန်မူယဲ့ဖြစ်သည်။

ကွန်ဖြူးရှပ်တာအိုနှင့် အာခီမီတာအိုတို့သည် အထောက်အပံ့သာဖြစ်သည်။

ခေါင်းဆောင်တောက်ရင်က လက်ထဲတွင်ရှိသောဓားကို သန်မာလာစေရန်အတွက် ဆေးလုံးသန့်စင်ပြီး စာအုပ်ဖတ်ခဲ့သည်။

“ဝူ ....”

ရှေ့တွင် ခရာသံထွက်လာသည်။

ကုန်းပတ်ပေါ်တွင် အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် မီးတောက်နီစစ်သည်များသည် လူစုခွဲလိုက်သည်။ အနီရောင်နှင့်အနက်ရောင်က ရောနှောသွားပြီး မီးသွေးများကဲ့သို့ တောက်ပနေသည်။

သင်္ဘောက ရှေ့တက်သွားပြီး ရေလှိုင်းများက လှုပ်ရှားနေသည်။

တိမ်ထူချောက်နက်ကို လှမ်းမြင်ရသည်။

“အရှေ့တောင်ပိုင်းရဲ့ တာအိုဂိုဏ်း ချုံးမင်ဘုရားကျောင်းက တိမ်ထူချောက်နက်မှာ ဧည့်ခံပွဲကျင်းပနေပါတယ်။ အိမ်ရှေ့စံ ယွင်သွမ့်နဲ့ ဆရာသခင်မူယဲ့ကို ဖိတ်ခေါ်လိုက်ပါတယ် ....”

လေထုထဲတွင် အသံတစ်သံထွက်လာသည်။

ကောင်းကင်နှင့်မြေကြီးက တုန်ခါသွားပြီး မြစ်ရေသည် ရပ်တန့်သွားခဲ့သည်။

ကောင်းကင်နှင်မြေကြီး၏စွမ်းအားသည် ဖိနှိပ်ခံလိုက်ရသည်။ တာအိုနယ်မြေတစ်ခုနှင့် ဆင်တူသည်။

သို့သော် ဤအရာသည် တာအိုအတွက်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုဖြစ်သည်။

တစ်ဖက်လူသည် သူတော်စင်တစ်ဝက်အဆင့် မဟုတ်သော်လည်း ကောင်းကင်အဆင့် ထိပ်တန်းကျင့်ကြံသူ ဖြစ်သည်။

ခွန်အားကို ထုတ်ပြနေသည်။

ကုန်းပတ်ပေါ်တွင် ကုန်းစွန်းချင်ဖုန်းက ဓားရိုးပေါ်တွင် လက်တင်ထားလိုက်သည်။

အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် မီးတောက်နီစစ်သည်များက အသင့်ရှိနေသည်။

သင်္ဘော၏တတိယထပ်တွင် တာအိုဝတ်စုံနှင့်လူအိုကြီးတစ်ယောက်က ညင်သာစွာ ပြောသည်။

“ဒီကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းလို့ရမှာမဟုတ်ဘူး ....”

သူ့ဆီမှ ကောင်းကင်အဆင့်စွမ်းအားများ ပေါ်ထွက်လာသည်။

“အရှေ့တောင်ပိုင်းရဲ့ တာအိုဂိုဏ်းတွေက မောက်မာလွန်းတယ်။ သူတို့က အရှေ့ပင်လယ်ကိုထွက်လာတဲ့ အိမ်ရှေ့မင်းသားယွင်သွမ့်ကိုတောင် တားဆီးရဲတယ်”

ကျောပေါ်တွင် ဆေဘာဓားနှစ်လက်လွယ်ထားသော ခန္ဓာကိုယ်တောင့်တင်းသည့်လူတစ်ယောက်က စိုးရိမ်နေပုံပေါ်သည်။

သူတို့၏ဘေးတွင် မျက်နှာထားလေးနက်နေသော ကျင့်ကြံသူများ ရှိကြသည်။

သူတို့က အိမ်ရှေ့မင်းသားကို ကာကွယ်ရန်အတွက် အရှေ့ပင်လယ်သို့ လိုက်လာခဲ့သည်။

သူတို့၏အတွေးအရ အရှေ့ပင်လယ်သို့‌ရောက်လျှင် အခက်အခဲများကို ရင်ဆိုင်ရလိမ့်မည်။

အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများက မောက်မာသည်ဖြစ်စေ ဝိညာဉ်သံချပ်ကာမိစ္ဆာများက သောင်းကျန်းနေသည်ဖြစ်စေ အရှေ့ပင်လယ်သို့ရောက်မှ ကြုံတွေ့ရမည်။

သို့သော် အရှေ့တောင်ပိုင်းမှ တာအိုဂိုဏ်းများသည် နန်းမြို့တော်နှင့် မိုင်ငါးသောင်းအကွာတွင် လမ်းပိတ်ထားရဲနေသည်။

သူတို့က ကောင်းကင်အံ့ဖွယ်တိုင်းပြည်ကို လေးစားမှုမရှိပေ။

“ဟမ့်၊ အရှေ့တောင်ပိုင်းရဲ့ တာအိုဂိုဏ်းတွေက ဖျက်ဆီးခံရသင့်တယ်”

ကျောင်းတော်သားဝတ်စုံနှင့် ဆရာသခင်တစ်ယောက်က အေးစက်စွာနှာမှုတ်သည်။ သူ့ခန္ဓာကိုယ်ထဲမှ သမာဓိစွမ်းအားများ ပေါ်ထွက်လာသည်။

ကျန်လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သော်လည်း စကားမပြောပေ။

တာအိုပြိုင်ပွဲမတိုင်ခင်တွင် ကွန်ဖြူးရှပ်တာအို ကျွမ်းကျင်သူများသည် အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများကို စကားတစ်ခွန်းဖြင့် ဖျက်ဆီးပစ်နိုင်သည်။

သို့သော် တာအိုပြိုင်ပွဲအတွင်း၌ သူတော်စင်များက ဖိနှိပ်ခံထားရသည်။ ကွန်ဖြူးရှပ်တာအို၏ ကျွမ်းကျင်သူများအားလုံးသည် ပြင်ပဘုံတွင် တိုက်ခိုက်နေကြသည်။ ကွန်ဖြူးရှပ်တာအိုက အရှေ့တောင်ပိုင်း၏တာအိုဂိုဏ်းများကို မည်သို့ဖျက်ဆီးမည်နည်း။

“ဆရာသခင်မူယဲ့ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြရအောင်”

လူတစ်ယောက်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

အရှေ့ပင်လယ်၏ ခရီးစဉ်ကို အိမ်ရှေ့စံယွင်သွမ့်က ဦးဆောင်ထားသည်။ သို့သော် အမှန်တကယ်တွင် ဆရာသခင်မူယဲ့က အရာအားလုံးကို ကြီးကြပ်ပေးနေသည်။

ဆရာသခင်မူယဲ့က အရာအားလုံးကို ဆုံးဖြတ်လိမ့်မည်။

ဆရာသခင်မူယဲ့က သီးသန့်ကျင့်ကြံနေလျှင် ဓားကျားဟွမ်ကျစ်ဟူက တာဝန်ယူထားသည်။

သို့သော် ကွန်ဖြူးရှပ်တာအို၏ ဆရာသခင်တစ်ယောက်သည် အရှေ့တောင်ပိုင်းမှ တာအိုဂိုဏ်းများ၏ ထိပ်တန်းကျွမ်းကျင်သူကို မည်သို့ ရင်ဆိုင်မည်နည်း။

သူတော်စင်တစ်ဝက်အဆင့် ဝမ်မူယန်ပင် ရှုံးနိမ့်သွားရသည်။

ကုန်းပတ်ပေါ်တွင် ယွင်သွမ့်က ဟွမ်ကျစ်ဟူကို လှည့်ကြည့်သည်။

“ကျစ်ဟူ၊ နင့်မွေးစားအဖေက ဘာလုပ်မယ်လို့ ထင်လဲ”

‘ငါ့မွေးစားအဖေက ဘာလုပ်မလဲ’

ဟွမ်ကျစ်ဟူက စဉ်းစားကြည့်လိုက်ပြီး ခေါင်းခါသည်။

“ငါသိသလောက်တော့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာဆိုရင် သူက သူတို့အားလုံးကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိမ့်မယ်”

သူက ပြုံးလိုက်ပြီး ဆက်ပြောသည်။

“ဒါပေမဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဓားအင်မော်တယ်ကို တိုက်ရိုက်ရင်ဆိုင်ရဲတဲ့လူ မရှိဘူး”

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဓားအင်မော်တယ်ဟန်မူယဲ့ကို လမ်းပိတ်ရဲသောလူ မရှိပေ။

ထိုသို့လုပ်လိုက်လျှင် သေဆုံးသွားလိမ့်မည်။

ယွင်သွမ့်က ညင်သာစွာသက်ပြင်းချလိုက်ပြီး ရှေ့သို့ကြည့်သည်။

“ဒါပေမဲ့ ဒါက အနောက်ဘက်နယ်စပ်ကုန်းမြေမဟုတ်ဘူး”

သူမက ထိုနေ့ည၏မြင်ကွင်းကို ပြန်မြင်ယောင်မိသည်။ သူမက ခေါင်းငုံ့ထားပြီး ရေပြင်ကို ကြည့်သည်။

“ဒီနေရာမှာ ဆရာသခင်မူယဲ့ပဲရှိတယ်။ ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းက ဓားတာအိုကျင့်ကြံခြင်း မဟုတ်ဘူး ....”

“ဝှစ် ....”

ဓားအလင်းတစ်ခု ပေါ်ထွက်လာပြီး ယွင်သွမ့်၏စကားသံကို ဖြတ်တောက်လိုက်သည်။

သင်္ဘော၏ ထိပ်ဆုံးအထပ်မှ အစိမ်းရောင်ဓားရှည်တစ်ချောင်း ပျံသန်းထွက်လာပြီး ပေတစ်သောင်းရှည်လျားသော ဓားအလင်းအဖြစ်ပြောင်း၍ ခုတ်ချလိုက်သည်။

“ဘုန်း”

ဓားအလင်းသည် ဓားချီများကို သယ်ဆောင်ထားပြီး မိုင်သုံးရာအကွာတွင်ရှိနေသော တိမ်ထူချောက်နက်ကို ထိုးဖောက်သွားသည်။

မိုင်သုံးရာပတ်ဝန်းကျင်တွင် အေးစက်သောဓားအလင်းဖြင့် ပြည့်နှက်သွားသည်။

စကားတစ်ခွန်းမှမပြောဘဲ ဓားဖြင့် တုံ့ပြန်ခဲ့သည်။

ကုန်းပတ်ပေါ်တွင် ယွင်သွမ့်က မျက်လုံးပြူးသွားပြီး လက်သီးဆုပ်ထားမိသည်။

All Chapters