အခန်း (၆၁၆)
Vol. 44 Ch. 616
အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူများ ပျံသန်းလာကြသည်။
ဟန်မူယဲ့က ဓားကို ဆွဲထုတ်သည်။ သွေးနဂါးက ပြန်လည်စုစည်းလာပြန်သည်။
“ကောင်းပြီ။ ဒီနေ့မှာ ဘယ်သူက ဓားပိုထက်လဲ သိရဖို့အတွက် သန့်စင်လေဓားဂိုဏ်းရဲ့ တာအိုရောင်းရင်းတွေနဲ့ လက်ရည်ယှဉ်ကြည့်မယ် ....”
ဟန်မူယဲ့က ကျယ်လောင်စွာရယ်လိုက်ပြီး သူ့နောက်တွင်ရှိနေသော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် လေသန့်စင်ဓားဂိုဏ်း၏ တပည့်များကို လှည့်ကြည့်သည်။
“မင်းတို့ တိုက်ခိုက်နိုင်သေးလား”
‘တိုက်ခိုက်နိုင်သေးလား’
“တိုက်ခိုက်နိုင်ပါတယ်”
မရေမတွက်နိုင်သောအသံများ ပြိုင်တူပေါ်ထွက်လာသည်။
သူတို့က စွမ်းအားမဲ့နေသော တစ်ကိုယ်တော်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ အရှေ့ပင်လယ်တွင် သူတို့ကို မည်သူမှ ဂရုမစိုက်ကြပေ။
ယနေ့တွင် သူတို့က အခြေတည်ဝိညာဉ် အထွတ်အထိပ်အဆင့်ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့သည်။ အဆုံးမရှိသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများကြားတွင် လွတ်လပ်စွာ သွားလာနိုင်ခဲ့သည်။ သူတို့က တိုက်ပွဲတွင် သေဆုံးသွားရမည်ဆိုလျှင်ပင် နောင်တမရှိပေ။
နောက်ထပ် အကြိမ်ပေါင်းများစွာ ဆက်လက်တိုက်ခိုက်ရမည်ဆိုလျှင်ပင် ဆန္ဒရှိသည်။
ဟန်မူယဲ့က ရယ်မောလိုက်ပြီး ရှေ့တွင်ရှိနေသော မိစ္ဆာချီများထဲသို့ တိုးဝင်သွားသည်။
“အဲဒါဆိုရင် အတူတူတိုက်ကြရအောင်”
သွေးရောင်နဂါးက သူ့နောက်မှ နီးကပ်စွာလိုက်လာသည်။ နဂါးက လက်သည်းနှင့် အမြီးကို လှုပ်ရှားပြီး မိစ္ဆာများ၏ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နေသည်။
လေထုထဲတွင် ဓားအလင်းများ ရစ်ဝဲနေသည်။
ယခုအချိန်တွင် မဟာတာအိုစွမ်းအားများ ဆင်းသက်လာပုံရသည်။ သွေးနဂါး၏စွမ်းအားက ပိုမိုခမ်းနားလာသည်။
“အားလုံးပဲ ငါတို့က အင်မော်တယ်ဟန်ကို အနိုင်ပေးလို့မဖြစ်ဘူး”
သန့်စင်လေဓားဂိုဏ်း၏ လူများကြားတွင် ရွှေရောင်ဝတ်စုံနှင့် ရွှေရောင်သရဖူကို ဝတ်ဆင်ထားသော ဂိုဏ်းချုပ်က ရယ်မောလိုက်သည်။ သူ့လက်ထဲတွင်ရှိသော ဓားက ပျံသန်းထွက်သွားသည်။
ဓားက လေပြေလေညင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့နောက်တွင်ရှိနေသော ဂိုဏ်းတပည့်များ၏ ဓားဆန္ဒနှင့် ပေါင်းစပ်သွားခဲ့သည်။
လေစီးကြောင်းများက သွယ်ယှက်နေပြီး မိစ္ဆာချီများနှင့် ထိတွေ့သွားသည်။
မိစ္ဆာချီက ပြိုကွဲသွားပြီး လမ်းပေါက်လာသည်။
သွေးနဂါးက ပြင်းထန်စွာ သောင်းကျန်နေသည်။ ပတ်ဝန်းကျင်တွင်ရှိနေသော ဝိညာဉ်သံချပ်ကာမိစ္ဆာများက တစ်ပိုင်းတစ်စစီ ဖြစ်သွားကြသည်။
ထိုအရာသည် ဓားကျင့်ကြံသူများ၏ ခွန်အားဖြစ်သည်။
ပင်လယ်ထဲတွင်ရှိနေသော ကြေးခွံနက်ငါးမိစ္ဆာများက ဓားအလင်း၏ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သေဆုံးသွားကြသည်။
ဓားက ထက်မြိနေသ၍ ဓားကျင့်ကြံသူကို တားဆီးနိုင်သောအရာ မရှိပေ။
သွေးနဂါး၏ တိုက်ခိုက်မှုနှင့်အတူ ဟန်မူယဲ့၏နောက်တွင် ပါလာသော တစ်ကိုယ်တော်ကျင့်ကြံသူများက အော်ဟစ်လိုက်ကြသည်။
ယနေ့တိုက်ပွဲသည် အမှန်တကယ်ပင် လွတ်လပ်သည်။
တစ်ဖက်တွင် လေစီးကြောင်းများက လေနှင့်ရေထဲတွင် ရှိနေသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများကို သတ်ဖြတ်နေသည်။
“ဘုန်း”
ရှေ့တွင် ပေတစ်ထောင်မြင့်မားသော ပုံရိပ်တစ်ခု ပေါ်လာပြီး လေစီးကြောင်းများကို လှံဖြင့်ထိုးချသည်။
လှံရှည်ပေါ်တွင် အစိမ်းရောင်မိစ္ဆာစွမ်းအင်အလင်းများက လေစီးကြောင်းကို ရပ်တန့်သွားစေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်သည်။
ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများ ရှိနေကြသည်။
ထိုအချက်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် သတင်းကောင်းမဟုတ်ပေ။
ဟန်မူယဲ့က မျက်နှာထားလေးနက်နေသည်။ သူက လက်ထဲတွင်ရှိသောဓားကို လွှတ်မပေးဘဲ စုစည်းထားသည်။
လေသန့်စင်ဓားဂိုဏ်း၏ လေစီးကြောင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
ဂိုဏ်းချုပ်၏မျက်နှာထားက မှုန်မှိုင်းနေပြီး သူ့နောက်တွင်ရှိသော ဂိုဏ်းသားများ၏စွမ်းအားကို စုဆောင်း၍ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။
ရေထုသည် လှုပ်ရှားနေပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှင့် အဆင့်တူသော အရှိန်အဝါသုံးခု ပေါ်ထွက်လာသည်။
ဝိညာဉ်သံချပ်ကာမိစ္ဆာမျိုးနွယ်စု၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက် ထပ်ရောက်လာသည်။
လေသန့်စင်ဓားဂိုဏ်း၏ ကျွမ်းကျင်သူများက မျက်နှာထားပြောင်းလဲသွားကြသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက် ထပ်ရောက်လာခဲ့လျှင် လေသန့်စင်ဓားဂိုဏ်းသည် ပျက်စီးသွားလိမ့်မည်။
ဟန်မူယဲ့က မျက်လုံးများတောက်ပနေပြီး ပင်လယ်ပြင်ကို ကြည့်သည်။
ဝိညာဉ်သံချပ်ကာမိစ္ဆာများက ပါးနပ်ပြီး တာအိုပြိုင်ပွဲတွင် စောင့်ကြည့်နေလိမ့်မည်ဟု သူထင်ထားခဲ့သည်။
သို့သော် သူတို့က တာအိုပြိုင်ပွဲတွင် ဝင်ပါရန် ကြံစည်ရဲသည်။
‘သူတို့က ဆည်အပြင်ဘက်ကနေရောက်လာတဲ့ စမ်းသပ်ခံပစ္စည်းတွေပဲ။ ဒီကမ္ဘာရဲ့အရှင်သခင် ဖြစ်လာမယ်လို့ တကယ်ထင်နေတာလား’
ဟန်မူယဲ့က တွေးမိသည်။
‘အသိဉာဏ်နည်းလိုက်တာ’
ထိုသို့ဆိုလျှင် သူက ငါးကန်ထဲတွင်ရှိနေသော ဝိညာဉ်သံချပ်ကာမိစ္ဆာများကို အရင်ဆုံး ရှင်းလင်းပစ်ရမည်။
သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။ ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး လက်ထဲတွင်ရှိသောဓားကို မြှောက်သည်။
“သန့်စင်လေဓားဂိုဏ်းရဲ့ တာအိုရောင်းရင်းတို့၊ ငါက လွင့်မျောတိမ်တိုက်ဓားနည်းစနစ်ကို နားလည်ထားတယ်”
“အဲဒါက လေဓာတ်မျိုးဆက် ဓားနည်းစနစ်တစ်ခုပဲ။ ကျေးဇူးပြုပြီး ကြည့်လိုက်ပါ”
သူ့လက်ထဲတွင်ရှိနေသော ဓားသည် လေပြေလေညင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လေပြေလေညင်းက ပြန့်ကျဲသွားပြီး သန့်စင်လေဓားဂိုဏ်း၏ လေစီးကြောင်းနှင့် ပေါင်းစပ်သွားသည်။
ရပ်တန့်နေခဲ့သော လေစီးကြောင်းက ပြိုကွဲသွားပြီး သန်းချီသော လေစီးကြောင်းငယ်များအဖြစ် ပြောင်းလဲသွားသည်။
အေးခဲနေခဲ့သောလေစီးကြောင်းက ဦးတည်ချက်မရှိဘဲ ပြန့်ကျဲသွားသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ လှံရှည်က ပစ်မှတ်ပျောက်ဆုံးသွားပြီး ဗလာဖြစ်နေသော လေထုကိုသာ ရိုက်ခတ်မိသွားသည်။
“လေပြင်းကြောင့် တိမ်တိုက်တွေ ပြိုကွဲသွားပြီး ပြန်လည်စုစည်းလာခဲ့တယ်။ ကောင်းကင်ဘုံကိုးပါးကနေ နဂါးက ဟိန်းဟောက်လိုက်တယ်”
ဟန်မူယဲ့က လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ဓားနှစ်လက်ကို သွယ်ယှက်ထားသည်။
ညာဘက်လက်တွင်ရှိသော ဓားသည် လေအဖြစ် ပြောင်းလဲသွားသည်။
ဘယ်ဘက်လက်တွင်ရှိသော ဓားသည် ရေအဖြစ် ပြောင်းလဲသွားသည်။
လေဓာတ်မျိုးဆက်ဓားနည်းစနစ်၏ ဒုတိယဓားကွက်၊ တိမ်နှင့်လေများ စုစည်းခြင်း ....
ရေဓာတ်မျိုးဆက် ဓားနည်းစနစ်၏ တတိယဓားကွက်၊ နဂါးကိုးကောင်ဟိန်းသံ ....
ဓားနှစ်လက်၏စွမ်းအားက အချင်းချင်းအထောက်အပံ့ပေးလိုက်ပြီး တိမ်တိုက်နှင့်လေပြင်းများအဖြစ် ပြောင်းလဲ၍ ကောင်းကင်ကို လွှမ်းမိုးလိုက်သည်။
တိမ်တိုက်နှင့်လေပြင်းများ ဆုံတွေ့သွားပြီး ဘုံကိုးပါးမှ နဂါးဟိန်းသံ ပေါ်ထွက်လာသည်။
တိမ်တိုက်နှင့် လေပြင်းများ၏ ဓား ....
ဓားအလင်းသည် အရှေ့ပင်လယ်၏ ရေခိုးရေငွေ့များကို လှုံ့ဆော်ပြီး ပေတစ်သောင်းရှည်လျားသော နဂါးကိုးကောင်ကို ဖွဲ့စည်းလိုက်သည်။
တိမ်တိုက်များ လှုပ်ရှားနေပြီး လေပြင်းများ တိုက်ခတ်နေသည်။ ထိုစွမ်းအားသည် လေသန့်စင်ဓားဂိုဏ်း၏ ဓားဆန္ဒနှင့် ပေါင်းစပ်သွားပြီး နေရာအနှံ့သို့ ရိုက်ခတ်သွားသည်။
သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအား၊ လေသန့်စင်ဓားဂိုဏ်း၏စွမ်းအားကို အသုံးပြုခဲ့သည်။
ဟန်မူယဲ့က ဉာဏ်အလင်းရပြီး လေထုထဲတွင် ရပ်နေသည်။ သူ့လက်ထဲတွင်ရှိသော ဓားအလင်းက တုန်ခါသွားသည်။
ဓားတွင် စွမ်းအားနှင့် ဥပဒေသများ ရှိနေသည်။
ဓားတာအိုသည် ကောင်းကင်တာအိုပင်ဖြစ်သည်။
အရှေ့ပင်လယ်၏ ကောင်းကင်တာအိုသည် ဓားဖြစ်ပြီး တိမ်တိုက်နှင့်လေပြင်းများ စုစည်းလာသည်။ နဂါးများက ကောင်းကင်ဘုံကိုးပါးအထိ ထိုးတက်သွားလိမ့်မည်။
သူက ဤနေရာတွင် ရှိနေရုံသာဖြစ်သည်။
“ဒါက တာအိုပြိုင်ပွဲပဲ ....”
ကောင်းကင်နှင့်မြေကြီး၏ စစ်ပွဲ။
သက်ရှိများက ဤနေရာတွင် အချိန်ကိုက်ရောက်နေရုံသာ ဖြစ်သည်။
ထိုအခြေအနေကို အခွင့်ကောင်းယူနိုင်သော လူများသည် မဟာတာအို၏မျိုးစေ့ ဖြစ်လာလိမ့်မည်။
သူကလည်း တစ်ယောက်အပါအဝင် ဖြစ်သည်။
“ဝေါင်း ....”
နဂါးကိုးကောင်က ဟိန်းဟောက်လိုက်ပြီး မိုင်ထောင်ချီပတ်ဝန်းကျင်တွင်ရှိနေသော တိမ်တိုက်နှင့်လေပြင်းများကို လှုပ်ရှားလာစေသည်။ တိမ်တိုက်များက အဖြူရောင်ကျားပျံတစ်ကောင်အဖြစ် စုစည်းသွားသည်။
နဂါးများနှင့်ကျားက အသင့်နေရာယူထားပြီး အနက်ရောင်ချပ်ဝတ်မိစ္ဆာများကို စိုက်ကြည့်နေသည်။
ပင်လယ်ထဲမှ ခေါင်းထွက်လာသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသုံးယောက်က လှုပ်ရှားလိုက်ပြီး လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
အလွန်သန်မာသည်။
ကောင်းကင်ထက်တွင်ရှိနေသော နဂါးကိုးကောင်နှင့် ကျားတစ်ကောင်သည် ကောင်းကင်အဆင့်ကို ကျော်လွန်နေသည်။
ထိုစွမ်းအားသည် ကံကြမ္မာစွမ်းအားများ မပါဝင်ပေ။
“ဘုန်း”
ကျားဖြူက လက်ဝါးချက်ဖြင့် ရိုက်ချသည်။ ချောင်ပိတ်မိသွားသော အနက်ရောင်ချပ်ဝတ်မိစ္ဆာက လှံရှည်ဖြင့် ထိုးသွင်းလိုက်သည်။
ကျား၏လက်ဝါးက လှံရှည်နှင့် ထိတွေ့သွားပြီး လှံကို ပေါက်ကွဲသွားစေသည်။ ဟန်မူယဲ့က လှံကျိုးတစ်ဝက်ကို ဖမ်းယူလိုက်သည်။
မှော်ရတနာက တစ်ချက်တည်း ပျက်စီးသွားခဲ့သည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ကြောက်ရွံ့သွားပြီး ထွက်ပြေးတော့မည့်အချိန်တွင် နဂါးကိုးကောင်က ပြေးဝင်လာခဲ့သည်။
“ဘုန်း”
နဂါး၏ခန္ဓာကိုယ်က ပြိုကွဲသွားပြီး ဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။
နဂါးကိုးကောင်က ဓားအလင်းပိုးအိမ်တစ်ခုကို ဖန်တီးပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို ရစ်ပတ်ထားသည်။
မိစ္ဆာချီနှင့် သွေးများက နေရာအနှံ့တွင် ဖြာထွက်လာသည်။
လေထုထဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ဟစ်သံကို ကြားနိုင်သည်။
အောက်တွင် ပင်လယ်ရေသည် ဖြည်းဖြည်းချင်း တည်ငြိမ်သွားခဲ့သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ဓားအလင်းပိုးအိမ်ထဲတွင် ပိတ်မိနေပြီး ဖြည်းဖြည်းချင်း အသတ်ခံလိုက်ရသည်။
‘ဒါက ဘယ်လိုစွမ်းအားမျိုးလဲ’
အနက်ရောင်ချပ်ဝတ်မိစ္ဆာများက ကြောက်ရွံ့စွာ နောက်ဆုတ်သွားပြီး ရေထုထဲတွင် ပုန်းအောင်းနေကြသည်။
သူတို့က အသတ်မခံချင်ပေ။
သွေးချီများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ သွေးချီအများစုက ဓားကျင့်ကြံသူများအပေါ်သို့ ကျရောက်လာသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားဖြစ်သည်။
လေသန့်စင်ဓားဂိုဏ်း၏ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူများက ပျော်ရွှင်သွားကြသည်။ သူတို့က လက်ကို ဆန့်ထုတ်ပြီး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ စွမ်းအားများကို ခံစားကြည့်နေသည်။
သူတို့၏ခန္ဓာကိုယ်ထဲတွင် ဓားချီများ လှုပ်ရှားလာကြသည်။
မိုင်တစ်ထောင်အတွင်း၌ မိစ္ဆာချီများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
သန့်စင်လေဓားဂိုဏ်း၏ ဂိုဏ်းချုပ်က ရှေ့သို့ခြေတစ်လှမ်းတိုးလာပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဟန်မူယဲ့ကို ကျေးဇူးတင်သည်။
“အင်မော်တယ်ဟန်၊ ဒီနေ့အတွက် ....”
သူ့စကားမဆုံးခင် ဟန်မူယဲ့က ဓားနှစ်လက်ကို မြှောက်လိုက်သည်။
“ဘာကိုလဲ။ ဟန်မူယဲ့က အရှေ့ပင်လယ်ကို စိန်ခေါ်ဖို့အတွက် ရောက်လာခဲ့တာ။ ဒီနေ့တိုက်ပွဲက သိပ်မဆိုးဘူးပဲ”
စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကျေးဇူးတင်ရန် မလိုအပ်ပေ။
သူတို့အားလုံးက ဓားကျင့်ကြံသူများ ဖြစ်ကြသည်။ သွေးထွက်နိုင်သော်လည်း လွယ်ကူစွာ အရှံးမပေးသင့်ပေ။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ဂိုဏ်းချုပ်က ပြုံးသည်။
“တာအိုရောင်းရင်းတို့၊ ဝိညာဉ်သံချပ်ကာမိစ္ဆာမျိုးနွယ်စုက ယာယီနောက်ဆုတ်သွားတယ်ဆိုပေမဲ့ သူတို့ရဲ့နောက်ကွယ်မှာ မဟာကျင့်ကြံသူကြီးတွေ ရှိနေတုန်းပဲ။ ငါတို့က ဒီလိုမျိုး လွှတ်မပေးလိုက်သင့်ဘူး”
ဟန်မူယဲ့က လေးနက်သောမျက်နှာထားဖြင့် လေသန့်စင်ဓားဂိုဏ်းကို ကြည့်သည်။
“ငါနဲ့အတူ ပခုံးချင်းယှဉ်ပြီး တိုက်ခိုက်ချင်တဲ့ တာအိုရောင်းရင်းတွေ ရှိမလားမသိဘူး”
‘နောက်ထပ်တိုက်ပွဲလား’
လေသန့်စင်ဓားဂိုဏ်း၏ လူများက အံ့အားသင့်သွားကြသည်။
သူတို့က ကြေးခွံနက်မိစ္ဆာများကို အခုလေးတင် မောင်းထုတ်ခဲ့သော်လည်း ဟန်မူယဲ့က ဆက်လက်တိုက်ခိုက်ချင်နေသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ လေထုထဲတွင် ကြယ်ပွင့်နှင့်တူသော မရေမတွက်နိုင်သည့် ဓားအမြုတေများ ပေါ်ထွက်လာသည်။
“အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေက ဓားအမြုတေကို သိမှာပါ။ ငါက ဓားအမြုတေတစ်သိန်းကိုယူပြီး အရှေ့ပင်လယ်ကို ရောက်လာခဲ့တယ်။ ငါနဲ့အတူ တိုက်ခိုက်ဖို့ ဆန္ဒရှိတဲ့လူတွေက တစ်ခုစီ ယူနိုင်တယ်”
ဓားအမြုတေ ....
ပြင်ပဘုံတွင် အာခီမီကျင့်ကြံသူ သုံးသိန်းခြောက်သောင်းက ဓားအမြုတေကို အသုံးချ၍ သူတော်စင်တစ်ပါးနှင့် ယှဉ်ပြိုင်ခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဓားအမြုတေတစ်ခုလျှင် ဝိညာဉ်ကျောက်တုံး သန်းသုံးဆယ်ကုန်ကျပြီး အလွန်အဖိုးတန်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အင်မော်တယ်ဟန်က ဓားအမြုတေများကို ယူလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
သန့်စင်ဓားဂိုဏ်း၏လူများက လေထုထဲတွင် ပြည့်နှက်နေသော ဓားအမြုတေများကို ထူးဆန်းသောမျက်နှာထားဖြင့် ကြည့်လိုက်ကြသည်။
‘သူက ဓားပြအတိုက်ခံရမှာ မကြောက်ဘူးလား’