← Chapters

အခန်း (၆၁၇)

Vol. 45 Ch. 617

အခန်း (၆၁၇)

Vol. 45 Ch. 617

သူက သန့်စင်လေဓားဂိုဏ်း၏ ခေါင်းဆောင်ကို ဓားအမြုတေဆယ်လုံး လက်ဆောင်ပေးမည်။

သူက သန့်စင်လေဓားဂိုဏ်းကို ကူညီပြီး မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် ဝိညာဉ်သံချပ်ကာမိစ္ဆာများကို ရှင်းလင်းပေးမည်။

သန့်စင်လေဓားဂိုဏ်း၏ ခေါင်းဆောင်က ထိုအခြေအနေနှစ်ခုကို သဘောတူခဲ့သည်။ သန့်စင်လေဓားဂိုဏ်း၏ တပည့်များအားလုံးက အင်မော်တယ်ဟန်၏နောက်သို့လိုက်၍ တိုက်ခိုက်လိုကြသည်။

သန့်စင်လေဓားဂိုဏ်း၏ ဂိတ်ပေါက်ဝတွင် ရွှေအမြုတေအဆင့် ဂိုဏ်းသားငါးရာနှင့် ကောင်းကင်အဆင့် ဓားကျင့်ကြံသူသုံးဆယ် စုစည်းနေကြသည်။

ဟန်မူယဲ့က သုံးရက်အတွင်း၌ သူတို့အားလုံးကို ဦးဆောင်ပြီး မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် ရှင်းလင်းရေးလုပ်မည်ဖြစ်သည်။

ကျန်တပည့်များက တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် ပူးပေါင်းပြီး လူဦးရေးတစ်သိန်းရှိသော ဓားကျင့်ကြံသူအုပ်စု ဖြစ်လာခဲ့သည်။

ကောင်းကင်ထက်တွင် ဓားကျင့်ကြံသူတစ်သိန်း ပျံသန်းသွားသည်။ ဓားအလင်းများက မိုင်တစ်သိန်းအထိ ပျံ့နှံ့သွားသည်။ တိမ်တိုက်များကလည်း ပြင်းထန်စွာလှုပ်ရှားနေကြသည်။

ဟန်မူယဲ့က ဓားကျင့်ကြံသူတစ်သိန်းကို ကျွန်းတစ်ကျွန်းပေါ်တွင် ဆယ်ရက်ကြာသည်အထိ လေ့ကျင့်ပေးခဲ့သည်။ သူတို့ထဲတွင် ဝိညာဉ်နိုးထခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်သို့ရောက်နေသော ဓားကျင့်ကြံသူ သုံးထောင့်ခြောက်ရာက ဓားအမြုတေတစ်ခုစီ ရခဲ့သည်။ သူတို့က ဆယ်ယောက်ပူးပေါင်းပြီး ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို ထုတ်‌ဖော်နိုင်မည်။

ဓားကျင့်ကြံသူများက အာခီမီပညာရှင်များကဲ့သို့ ဓားဝင်္ကပါကို အချိန်ကြာမြင့်စွာ မလေ့ကျင့်ခဲ့ရပေ။ သူတို့က နှစ်ရက်သုံးရက်အတွင်း၌ လျင်မြန်စွာတတ်မြောက်သွားကြသည်။

နောက်ရက်များတွင် သူတို့က ဝင်္ကပါကိုအသုံးချပြီး နေရာတိုင်းတွင် ဝိညာဉ်သံချပ်ကာမိစ္ဆာများကို သတ်ဖြတ်နေကြသည်။

ကမ္ဘာမြေအဆင့် ဓားကျင့်ကြံသူများ၏ ဓားဝင်္ကပါသည် ဝိညာဉ်သူငယ်ပဥ္စမအဆင့် ကျင့်ကြံသူကို တိုက်ခိုက်နိုင်သည်။

ဓားဝင်္ကပါနှစ်ခု ပူးပေါင်းလိုက်လျှင် ဝိညာဉ်သူငယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူကို တိုက်ခိုက်နိုင်လိမ့်မည်။

ထို့ကြောင့် ဓားကျင့်ကြံသူများက အဆင့်တူတွင် ပြိုင်ဘက်ကင်းနေသည်။

ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ ရောက်ခါစ ကြေးခွံနက်မိစ္ဆာကပင် ဓားဝင်္ကပါနှစ်ခု၏ ပူးပေါင်းမှုကို မခုခံနိုင်ပေ။

“ဘုန်း”

ဓားအလင်းက နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။ ဓားအမြုတေ ၃၆၁ခုသည် လေထုထဲတွင် လွင့်မျောနေသည်။

တစ်ဖက်တွင် အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ဦးက အံ့အားသင့်နေသောမျက်နှာဖြင့် ပေတစ်ထောင်အကွာသို့ ဆုတ်ပေးလိုက်ရသည်။

“အင်မော်တယ်ဟန်ရဲ့ဓားဝင်္ကပါက တကယ်အားကောင်းတာပဲ။ ငါတို့ရဲ့ အရှေ့ပင်လယ်ကို လွှမ်းမိုးနိုင်တယ်”

ကူယွမ်လုံ ....

ထန်တောင်ကုန်းဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်သည် ယခုအချိန်တွင် ဝိညာဉ်သူငယ်ပဥ္မအဆင့်သို့ ရောက်နေသော မဟာဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ကူယွမ်လုံက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အတွေ့အကြုံများရခဲ့ပြီး လျင်မြန်စွာတိုးတက်လာသည်။ အရှေ့ပင်လယ်၏ မျိုးဆက်သစ်များထဲတွင် သူနှင့်ယှဉ်နိုင်သောလူ အနည်းငယ်သာရှိသည်။

ယခုအချိန်တွင် သူက ဟန်မူယဲ့၏သတင်းကို ကြားလိုက်ရသောကြောင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ရောက်လာခဲ့သည်။

သို့သော် သူက ဟန်မူယဲ့နှင့် မတိုက်ခိုက်နိုင်ခဲ့ပေ။

သူက ဓားဝင်္ကပါကို မခုခံနိုင်လျှင် ဟန်မူယဲ့ကိုစိန်ခေါ်ရန် အခွင့်အရေးမရှိပေ။

“အစ်ကိုဟန်၊ ဆရာမော့က ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်မှာ ဘယ်အဆင့်ကိုရောက်နေပြီလဲလို့ မေးခိုင်းလိုက်ပါတယ်”

ကူယွမ်လုံက တောက်ပနေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

ထို့ကြောင့် သူက ဤနေရာသို့ ရောက်လာခဲ့သည်။

သူက ဆရာမော့ယွမ်၏ ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကို ကိုယ်တိုင်မြင်ဖူးသည်။

သူက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ရသည်။

သူက ဟန်မူယဲ့၏ ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်ကိုလည်း အမှန်တကယ်ပင် သိချင်နေသည်။

“ငါက ထန်တောင်ကုန်းဓားဂိုဏ်းကို နှစ်ဝက်ကြာရင် ရောက်လာမယ်လို့ ဆရာမော့ယွမ်ကို ပြောလိုက်ပါ”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ညင်သာစွာပြောသည်။

နှစ်ဝက် ....

ကျင့်ကြံသူများအတွက် နှစ်ဝက်အချိန်သည် ခဏသာဖြစ်သည်။

ကူယွမ်လုံက ‌ခေါင်းညိတ်သည်။ ထို့နောက် လေးနက်သောမျက်နှာထားဖြင့် တီးတိုးပြောသည်။

“အင်မော်တယ်ဟန်၊ အိမ်ရှေ့စံယွင်သွမ့်က အရှေ့ပင်လယ်ကို ရောက်လာပြီ။ သူတို့က အရှေ့ပင်လယ်ရဲ့ဓားဂိုဏ်းတွေကို တကယ်ပဲ ဖိနှိပ်တော့မှာလား”

လွန်ခဲ့သောသုံးရက်ခန့်တွင် ယွင်သွမ့်က အရှေ့ပင်လယ်ဝသို့ ရောက်လာခဲ့သည်။

ထို့နေ့တွင် အရှေ့ပင်လယ်တစ်ခုလုံး တုန်ခါသွားပြီး လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။

ကောင်းကင်ထက်တွင် ရွှေရောင်အမိန့်စာတစ်ခု လွင့်မျောနေပြီး မိုးကြိုးလျှပ်စီးများကို ဖြစ်ပေါ်လာစေသည်။

အလယ်ပိုင်းကုန်းမြေမှ အမတ်ချုပ်ကြီးဝမ်၏အမိန့်စာသည် အရှေ့ပင်လယ်၏ ကောင်းကင်တာအိုကို ဖိနှိပ်ထားနိုင်သည်။

အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများက ပထမဆုံးအကြိမ်အဖြစ် အလယ်ပိုင်းကုန်းမြေ၏စွမ်းအားကို ခံစားလိုက်ရသည်။

အမတ်ချုပ်ကြီးဝမ်က အရှေ့ပင်လယ်သို့ လူကိုယ်တိုင်လာရောက်ရန် မလိုအပ်ပေ။ အမိန့်စာတစ်ခုဖြင့် အရှေ့ပင်လယ်၏ကောင်းကင်တာအိုကို ဖိနှိပ်နိုင်သည်။

လွန်ခဲ့သောသုံးရက်တွင် အရှေ့ပင်လယ်၏ဂိုဏ်းများက အလွန်ထိတ်လန့်နေကြသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သောဂိုဏ်းများက အလယ်ပိုင်းကုန်းမြေ၏ လက်အောက်ခံဘဝသို့ ကျရောက်သွားတော့မည်လား။

ဓားကျွမ်းကျင်သူအများအပြားက အလယ်ပိုင်းကုန်းမြေကို သေဆုံးသည်အထိ တိုက်ခိုက်သွားမည်ဟု ကြေညာခဲ့သည်။

သို့သော် အရှေ့ပင်လယ်တွင် ဝိညာဉ်သံချပ်ကာမိစ္ဆာများက သောင်းကျန်းနေသည်။ ထို့အပြင် အလယ်ပိုင်းကုန်းမြေ၏အမိန့်စာကလည်း ရောက်လာခဲ့သည်။ အရှေ့ပင်လယ်၏အနာဂတ်က အလွန်ပင် မှုန်ဝါးနေသည်။

ကူယွမ်လုံက ဟန်မူယဲ့၏သဘောထားကို သိချင်သောကြောင့် ရောက်လာခဲ့သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အင်မော်တယ်ဟန်သည် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ ထို့အပြင် အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအို ဆရာသခင်တစ်ဦးလည်း ဖြစ်သည်။

သူ၏သဘောထားက အရှေ့ပင်လယ်အတွက် အလွန်အရေးပါသည်။

“ငါက နှစ်ဝက်အတွင်းမှာ အရှေ့ပင်လယ်ရဲ့ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေအားလုံးကို ရှင်းပစ်ချင်တယ်။ ပြီးရင် ထန်တောင်ကုန်းဓားဂိုဏ်းကိုလာပြီး အရှေ့ပင်လယ်ရဲ့ဓားကျင့်ကြံသူတွေနဲ့ တိုက်ခိုက်မယ်”

“အရှေ့ပင်လယ်ရဲ့ဓားတွေက လုံလောက်အောင်ထက်မြိနေရင်တော့ အမွေအနှစ်ကို ထိန်းသိမ်းထားနိုင်လိမ့်မယ်”

ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မြူစိုင်းနေသောပင်လယ်ပြင်ကို ကြည့်သည်။

သူ့စကားများကြောင့် ကူယွမ်လုံက ထိတ်လန့်သွားခဲ့သည်။

ကူယွမ်လုံက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး အသက်ရှူရန် ခက်ခဲလာသည်။

ယခင်က အင်မော်တယ်ဟန်သည် ဓားပညာရပ်တွင်သာ ကျွမ်းကျင်ခဲ့သည်။ သို့သော် ယခုအချိန်တွင် သူ့ကျင့်ကြံခြင်းက အလွန်မြင့်မားနေပြီဖြစ်သည်။

‘ငါက အရှေ့ပင်လယ်မှာအနေကြာပြီး ရေတွင်းထဲဖားသူငယ် ဖြစ်လာပြီပဲ ....’

“အင်မော်တယ်ဟန်၊ ပြင်ပဘုံမှာ တိုက်ပွဲက တကယ်ပဲ ပြင်းထန်နေတာလား”

ကူယွမ်လုံက ညင်သာစွာပြောသည်။

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်မသွားဘူးသောကြောင့် ပြင်ပဘုံကို စိတ်ကူးမကြည့်နိုင်ပေ။

‘ပြင်ပဘုံတိုက်ပွဲလား’

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်သည်။

“သန်းဆယ်ချီနေတဲ့စစ်သည်တွေက အာကာသထဲမှာ တိုက်ခိုက်နေကြတယ်။ တစ်ခါတိုက်ခိုက်လိုက်ရင် သိန်းချီနေတဲ့စစ်သည်တွေ သေဆုံးသွားကြတယ်”

ဟန်မူယဲ့က ရေရွတ်သည်။

ကူယွမ်လုံက မျက်လုံးပြူးသွားသည်။

“သူတော်စင်တစ်ဝက်အဆင့်နဲ့ သူတော်စင်တွေရဲ့တိုက်ခိုက်မှုကြောင့် ကြယ်တွေကြွေကျလာပြီး မဟာတာအိုလည်း ပျက်စီးသွားခဲ့တယ်”

သူတော်စင်များ၏တိုက်ပွဲ ....

ကူယွမ်လုံက အာခေါင်ခြောက်သွားသည်။

“သူတော်စင်ရဲ့အထက်မှာ ကြီးကျယ်ခမ်းနားတဲ့ တာအိုဘိုးဘေးတွေ ရှိနေတယ်။ တာအိုဘိုးဘေးတွေရဲ့အထက်မှာတော့ အမြင့်မြတ်ဆုံး နတ်ဘုရားဘုရင်တွေရှိတယ်။ ငါက နတ်ဘုရားဘုရင်တစ်ပါးနဲ့ စကားပြောခဲ့ဖူးတယ်”

“အဲဒီနတ်ဘုရားဘုရင်က မရေမတွက်နိုင်လောက်တဲ့ ဝိညာဉ်တွေကို မဟာတာအိုအဖြစ် အသုံးပြုပြီး ငရဲကြီးဆယ့်ရှစ်ထပ်ကို တည်ဆောက်ခဲ့တယ်။ ငရဲမှာ ဝိညာဉ်တွေရှိနေသေးရင် သူက ထွက်သွားမှာမဟုတ်ဘူးလို့ ကျိန်ဆိုခဲ့တယ်”

တာအိုဘိုးဘေး၊ နတ်ဘုရားဘုရင်၊ မဟာတာအို ....

အလွန်တောက်ပသော လောကပင် ဖြစ်သည်။

ကျင့်ကြံသူများက ထိုနေရာသို့ သွားရောက်သင့်သည်။

ကူယွမ်လုံက မထိန်းချုပ်နိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ခါလာသည်။

‘အရှေ့ပင်လယ်မှာပဲ ပိတ်မိနေရင် ဘာအသုံးကျမှာလဲ’

‘ဒီဘဝမှာ ပြင်ပဘုံကိုထွက်ပြီး အဲဒီလိုမျိုး ကျွမ်းကျင်သူတွေနဲ့ မတွေ့နိုင်ဘူးဆိုရင် ကျင့်ကြံခဲ့တာတွေအားလုံးက အလကားဖြစ်သွားမှာပေါ့’

“အင်မော်တယ်ဟန်၊ ငါ့ကိုလည်း ဓားအမြုတေတစ်ခု ပေးပါ”

ကူယွမ်လုံက လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ပြောလိုက်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး ဓားအမြုတေတစ်ခုကို ပစ်ပေးသည်။

ကူယွမ်လုံက ဓားအမြုတေကိုယူပြီး လှည့်ထွက်သွားသည်။

ဆယ်ရက်အကြာတွင် ထန်တောင်ကုန်းဓားဂိုဏ်း၏ ကူယွမ်လုံက သတင်းပို့ပေးခဲ့သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဟန်မူယဲ့သည် နှစ်ဝက်အကြာတွင် ထန်တောင်ကုန်းဓားဂိုဏ်း၌ အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများအားလုံးကို စိန်ခေါ်လိမ့်မည်။

အရှေ့ပင်လယ်၏ဓားကျင့်ကြံသူများက ဟန်မူယဲ့ကို‌ မောက်မာသည်ဟု ထင်လိုက်ကြသည်။ သို့သော် နောက်ထပ်ထွက်လာသောသတင်းကြောင့် သူတို့အားလုံးက ကြောင်အသွားကြသည်။

ကူယွမ်လုံက ထိုသတင်းကို ပို့ပေးပြီး ထန်တောင်ကုန်းဓားဂိုဏ်း၏ လက်ရွေးစင်သုံးရာကိုဦးဆောင်၍ ဓားအင်မော်တယ်ဟန်၏နောက်သို့ လိုက်သွားခဲ့သည်။

အရှေ့ပင်လယ်၏လက်ရွေးစင်ဖြစ်သော အနာဂတ်တွင် တာဝန်ကြီးများကိုထမ်းရွက်မည့် ကူယွမ်လုံက အနောက်ဘက်နယ်စပ်ကုန်းမြေမှ အင်မော်တယ်ဟန်၏နောက်သို့ လိုက်သွားသည်။

ထိုမျှသာ မကသေးပေ။ တိမ်တိုက်ပင်လယ်ဓားဂိုဏ်း၏ ကောင်းထန်ကျင်းက ဓားကျင့်ကြံသူတစ်ထောင်ကို ဦးဆောင်၍ ဟန်မူယဲ့ဆီသို့ ရောက်သွားခဲ့သည်။ အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများအားလုံးက တိတ်ဆိတ်သွားရသည်။

ကောင်းထန်ကျင်းနှင့် ကူယွမ်လုံသည် အရှေ့ပင်လယ်၏ အနာဂတ်ထောက်တိုင်နှစ်ခု ဖြစ်သည်။

သူတို့နှစ်ယောက်လုံးက ဟန်မူယဲ့နှင့် ပူးပေါင်းလိုက်သောကြောင့် တစ်ခုခုတော့ ရှိနေလိမ့်မည်။

ဟန်မူယဲ့က ကျွန်းပေါ်တွင် လေ့ကျင့်ပေးနေသောအချိန်၌ ဓားကျင့်ကြံသူသုံးသောင်းကျော် ရောက်လာခဲ့သည်။

သူက မည်သည့်အရာကိုမှ ကွယ်ဝှက်မထားခဲ့ပေ။

ကောင်းကင်ထက်တွင် ရာချီနေသော ကောင်းကင်စက်ဝန်းဓားဝင်္ကပါများ ပေါ်ထွက်လာပြီး အရှေ့ပင်လယ်၏ ရာသီဥတုကို ပြောင်းလဲသွားစေသည်။

ဓားကျင့်ကြံသူများက ကိစ္စရပ်များကို ပွင့်လင်းစွာဆောင်ရွက်ကြသည်။

ဓားဝင်္ကပါတစ်ရာကြောင့် ဝိညာဉ်သံချပ်ကာမိစ္ဆာများက ထွက်မလာရဲတော့ပေ။

အရှေ့ပင်လယ်တွင် သောင်းကျန်းနေခဲ့သော ဝိညာဉ်သံချပ်ကာမိစ္ဆာများက အရိပ်အယောင်ချန်မထားဘဲ ပျောက်ကွယ်သွားကြသည်။

ဟန်မူယဲ့နှင့်ယှဉ်လိုက်လျှင် ယွင်သွမ့်၏ ဓားကျင့်ကြံသူများကို သိမ်းသွင်းနေသော ဖြစ်စဉ်က ထင်ပေါ်မှုမရှိပေ။

ယွင်သွမ့်က ဓားကျင့်ကြံသူများ ခန့်မှန်းထားသကဲ့သို့ ဂိုဏ်းများကို မဖိနှိပ်ခဲ့ပေ။

သူတို့က ပင်လယ်ဝတွင် စခန်းချပြီး ဓားကျင့်ကြံသူများကို စုဆောင်းနေခဲ့သည်။

သူတို့က လုံလောက်သော အခကြေးငွေ၊ ကျင့်ကြံခြင်းအရင်းအမြစ်၊ ဆေးလုံးနှင့် ဓားများကို ကမ်းလှမ်းထားသည်။

အလယ်ပိုင်းကုန်းမြေ၏ ကြွယ်ဝမှုသည် ဒဏ္ဍာရီဆန်သည်။

အရှေ့ပင်လယ်ကလည်း ကြွယ်ဝသော်လည်း ရေနဂါးကလန်က လွှမ်းမိုးထားခဲ့သည်။ ဂိုဏ်းများက အဆင်ပြေသော်လည်း တစ်ကိုယ်တော်ဓားကျင့်ကြံသူများက အလွန်ဆင်းရဲသည်။

ယခင်က တစ်ကိုယ်တော်ဓားကျင့်ကြံသူများသည် သာမန်ဆန်သောအဝတ်များနှင့် သံမဏိဓားကိုသာ ကိုင်ဆောင်ထားပြီး အရှေ့ပင်လယ်တွင် လျှောက်သွားနေခဲ့ကြသည်။ သို့သော် ယွင်သွမ့်၏ကျေးဇူးကြောင့် ဝိညာဉ်သံချပ်ကာကို ဝတ်ဆင်ထားပြီး ဝိညာဉ်အလယ်အလတ်အဆင့်ဓားကို ကိုင်ဆောင်နိုင်လာသည်။

ထိုဖြစ်ရပ်၏ အကျိုးသက်ရောက်မှုကို အပြင်လူများ မသိနိုင်ပေ။

‘ငါက သူနဲ့ အဆင့်တူပဲ။ သူကတောင် ဒီလိုမျိုး ဖြစ်လာနိုင်ရင် ငါလည်း လုပ်နိုင်တာပဲ’

တစ်ကိုယ်တော်ကျင့်ကြံသူများက တွေးမိကြသည်။

ယွင်သွမ့်က လဝက်အတွင်း၌ တစ်ကိုယ်တော်ဓားကျင့်ကြံသူ သုံးသိန်းကို စုဆောင်းနိုင်ခဲ့သည်။

All Chapters