← Chapters

အခန်း (၆၁၈)

Vol. 45 Ch. 618

အခန်း (၆၁၈)

Vol. 45 Ch. 618

ယွင်သွမ့်စုစည်းထားသော တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် အသန်မာဆုံးလူသည် ဝိညာဉ်သူငယ်အဌမအဆင့်တွင် ရှိနေသည်။ သူက ကုန်းစွန်းချင်ဖုန်းဆီမှ ဓားကွက်ငါးကွက်ကို ခုခံနိုင်ပြီး စစ်သည်သုံးသောင်းကို ဦးဆောင်ခွင့်ရခဲ့သည်။

မောက်မာသော ဓားကျင့်ကြံသူများသည် အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် ရင်ဆိုင်လိုက်ရ‌သောအချိန်တွင် မာန်စွယ်ကျိုးသွားကြသည်။

အရှေ့ပင်လယ်၏ တစ်ကိုယ်တော်ကျင့်ကြံသူများက အလယ်ပိုင်းကုန်းမြေ၏ခွန်အားကို သိသွားကြသည်။

သူတို့က ခိုင်မာသော စစ်တပ်ဝင်္ကပါကို မထိုးဖောက်နိုင်ပေ။

ယွင်သွမ့်က တစ်ကိုယ်တော်ကျင့်ကြံသူများကို ချိုတစ်လှည့် ခါးတစ်လှည့် ခံစားစေ၍ ထိန်းချုပ်ထားခဲ့သည်။

ထိုသို့ဖြင့် သူမက ပင်လယ်ဝတွင် ခွန်အားကြီးလာခဲ့သည်။

ဟွမ်ကျစ်ဟူနှင့် အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့၏ ယာယီခေါင်းဆောင်များက တစ်ကိုယ်တော်ကျင့်ကြံသူများကို နေ့စဉ်လေ့ကျင့်ပေးနေသည်။

ထို့အပြင် ဟန်မူယဲ့ကလည်း အမျိုးမျိုးသော ကျောက်စိမ်းပေလွှာများကို ပို့ပေးခဲ့သည်။ ထိုကျောက်စိမ်းပေလွှာများထဲတွင် ဓားဝင်္ကပါများအပြင် ဓားနည်းစနစ်များလည်း ပါဝင်နေသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများက ကောင်းမွန်စွာလေ့ကျင့်ထားလျှင် ထိုဓားနည်းစနစ်များကို ဖတ်ရှုနိုင်သည်။

ဓားကျင့်ကြံသူများအတွက် ဓားနည်းစနစ်များထက် အရေးကြီးသောအရာ မရှိပေ။

‘ငါတို့က အမိန့်နာခံရုံပဲမဟုတ်လား’

‘ဘာခက်လို့လဲ’

‘တစ်နေ့ကို အကြိမ်ရေတစ်ထောင်လောက် ဓားလွှဲခုတ်နေရတာထက် ပိုခက်လို့လား’

....

ကျွန်းတစ်ကျွန်းပေါ်တွင် ကူယွမ်လုံ၊ ကောင်းထန်ကျင်းနှင့် ဓားကျင့်ကြံသူလူငယ်များက ဟန်မူယဲ့၏ရှေ့တွင် လေးနက်သောမျက်နှာထားဖြင့် ရှိနေကြသည်။

သူတို့အားလုံးက လက်ထဲတွင် ကျောက်စိမ်းပေလွှာများ ကိုင်ထားကြသည်။

“အင်မော်တယ်ဟန်၊ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက တကယ်ပဲ အရှေ့ပင်လယ်မှာ ပျံ့နှံ့နေပြီလား”

ကောင်းထန်ကျင်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။

ကျောက်စိမ်းပေလွှာထဲတွင် ဟန်မူယဲ့က အရှေ့ပင်လယ်တွင်ရှိသော ဝိညာဉ်သံချပ်ကာမိစ္ဆာများ၏ တည်နေရာကို ဖော်ပြထားသည်။

ထိုမိစ္ဆာများက ရေထဲတွင်သာ နေထိုင်သော်လည်း ကိုယ်ပိုင်စခန်းများ ရှိနေကြသည်။

ကျောက်စိမ်းပေလွှာထဲတွင်ပါဝင်‌နေသော အချက်အလက်များအရ ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် အရှေ့ပင်လယ်၏ နေရာအနှံ့တွင် ရှိနေသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာပြောသည်။

“ဒီအချက်အလက်တွေကို မင်းတို့ရဲ့ဂိုဏ်းတွေဆီ ပြန်ပို့ပေးစေချင်တဲ့အတွက် မင်းတို့ကို ခေါ်လိုက်တာပဲ”

ထို့နောက် သူက ရပ်တန့်လိုက်ပြီး တီးတိုးပြောသည်။

“ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်က သာမန်ကလန်တစ်ခုမဟုတ်ဘူး။ သူတို့က ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ လုပ်ချင်တာလုပ်နိုင်တဲ့ မျိုးနွယ်စုကြီးတစ်ခုပဲ”

သူတို့ကို ဆည်၏တည်ရှိမှုနှင့် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါး၏ ကျင့်ကြံသူကြီးများအကြောင်း ပြောပြရန် မလိုအပ်ပေ။

အဆင့်နိမ့်ကျင့်ကြံသူများက မျှော်လင့်ချက်ကိုသာ မြင်ရသင့်သည်။ သူတို့က ဘယ်သောအခါမှ ထွက်သွားနိုင်မည်မဟုတ်သော ဆည်၏အကြောင်းကို မသိသင့်ပေ။

“ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက ဂိုဏ်းတွေအတွက် အစီအစဉ်တွေချထားတယ်။ သူတို့က အသွင်ပြောင်းပြီး ဂိုဏ်းသားအဖြစ် ရှိနေတယ်။ ဒါမှမဟုတ် ဂိုဏ်းသားတွေကို လာဘ်ထိုးထားတယ်။ ဂိုဏ်းတစ်ဂိုဏ်းလုံးကိုတောင် ထိန်းချုပ်ထားနိုင်သေးတယ်။ အရှေ့ပင်လယ်မှာ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေရဲ့ သူလျှိုနဲ့ ကင်းလွတ်နေတဲ့ဂိုဏ်း မရှိဘူး”

ဟန်မူယဲ့က သူတို့အားလုံးကို ကြည့်လိုက်သည်။

သူ့စကားကြောင့် လူငယ်များ၏မျက်နှာထားက မှုန်မှိုင်းသွားသည်။

“ဝိညာဉ်သံချပ်ကာမိစ္ဆာတွေရဲ့ တော်ဝင်မျိုးနွယ်က သက်တံရောင်ကြေးခွံကို ပိုင်ဆိုင်ထားတယ်။ သူတို့က ဝိညာဉ်ကိုထိန်းချုပ်နိုင်တဲ့ ပြင်ပဘုံရဲ့ ကောင်းကင်မိစ္ဆာတွေနဲ့ စွမ်းရည်ချင်း ဆင်တူတယ်”

“ကောင်းကင်မိစ္ဆာတွေက ဝိညာဉ်သံချပ်ကာမိစ္ဆာမျိုးနွယ်ရဲ့ သန္ဓေပြောင်းသွားတဲ့သားရဲတွေတောင် ဖြစ်နိုင်သေးတယ်”

ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ခဲ့ဖူးသည်။ သူက ကောင်းကင်မိစ္ဆာနှင့် သက်တံရောင်ကြေးခွံမိစ္ဆာများ၏ ဆင်တူမှုကို အမြဲတွေးကြည့်နေခဲ့သည်။

“နှစ်လအတွင်းမှာ ဂိုဏ်းတွေအားလုံးက တစ်ပြိုင်နက်လှုပ်ရှားပြီး အရှေ့ပင်လယ်ရဲ့ ဝိညာဉ်သံချပ်ကာမိစ္ဆာမျိုးနွယ်စုကို ဖျက်ဆီးပစ်မယ်”

ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေသည်။

“တကယ်လို့ ဒီတိုက်ပွဲမှာ ဝင်မပါဘူးဆိုရင် ဝိညာဉ်သံချပ်ကာမိစ္ဆာတွေရဲ့ ထိန်းချုပ်မှုကို ခံထားရတာပဲ ဖြစ်လိမ့်မယ်။ ငါ ဟန်မူယဲ့က အဲဒီဂိုဏ်းတွေကို ဖျက်ဆီးပစ်မယ်”

ဟန်မူယဲ့၏လေသံက အေးစက်နေသည်။

လူငယ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

အင်မော်တယ်ဟန်ကသာ အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများကို စုစည်းနိုင်လိမ့်မည်။

ထို့အပြင် မလှုပ်ရှားသောအင်အားစုများကို ဝိညာဉ်သံချပ်ကာမိစ္ဆာများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ဟန်မူယဲ့က သတ်မှတ်မည်ဖြစ်သည်။

ထိုဖိအားကြောင့် မည်သူက မလှုပ်ရှားဘဲ နေရဲမည်နည်း။

‘ဒါက အလယ်ပိုင်းကုန်းမြေမှာ နေထိုင်ပြီး ပြင်ပဘုံမှာ တိုက်ခိုက်ဖူးတဲ့ မဟာဓားကျင့်ကြံသူကြီးရဲ့ ပုံစံလား’

သူက အရှေ့ပင်လယ်၏အင်အားစုများကို ဖိနှိပ်နိုင်သည်။

“အင်မော်တယ်ဟန်၊ ဒီကျောက်စိမ်းပေလွှာရဲ့အချက်အလက်တွေကို ဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူး။ တကယ်လို့ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက ကြိုသိထားခဲ့ရင် ....”

ကူယွမ်လုံက လူတိုင်းသိချင်နေသောမေးခွန်းကို မေးလိုက်သည်။

အရှေ့ပင်လယ်မှ ဓားကျင့်ကြံသူများအားလုံး၏ လှုပ်ရှားမှုကို ဝိညာဉ်သံချပ်ကာမိစ္ဆာများဆီမှ ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။

မိစ္ဆာများက ပြန်လည်ပုန်းအောင်းသွားလျှင် အရာအားလုံး အလကားဖြစ်သွားလိမ့်မည်။

မိစ္ဆာများက ကြိုတင်စီစဉ်ပြီး ဓားကျင့်ကြံသူများကိုပင် ပြန်လည်သတ်ဖြတ်နိုင်သည်။

အရှေ့ပင်လယ်သည် အလွန်ကျယ်ဝန်းသည်။ ဝိညာဉ်သံချပ်ကာမိစ္ဆာများက နည်းလမ်းအမျိုးမျိုးသုံးပြီး ဓားကျင့်ကြံသူများနှင့် ရင်ဆိုင်နိုင်သည်။

ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေပြီး ညင်သာစွာပြောသည်။

“အိမ်ရှေ့စံယွင်သွမ့်ရဲ့စစ်တပ်နဲ့ ငါက မတော်တဆဖြစ်ရပ်တွေကို ရင်ဆိုင်သွားမှာပါ”

သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ လူငယ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဦးညွှတ်၍ ထွက်ခွာသွားသည်။

နေရာတွင်ထိုင်နေသောဟန်မူယဲ့က ချီစွမ်းအင်အလင်းကို ထုတ်လွှတ်သည်။ သူ့ရှေ့တွင် ဆေဘာဓား၊ လှံရှည်နှင့် အမျိုးမျိုးသောလက်နက်များ ကျဆင်းလာသည်။

ထိုလက်နက်များထဲသို့ ဓားချီများ တိုးဝင်သွားပြီး ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များပေါ်လာသည်။

သူက လက်ကိုဆန့်ထုတ်ပြီး လေထုထဲတွင် စာလုံးများရေးသားလိုက်သည်။

နောက်ဆုံးတွင် စာလုံးများက အလင်းစက်နှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ရေနဂါးကလန်ထိန်းချုပ်ထားခဲ့တဲ့ အရှေ့ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာရှိတဲ့ စန့်ယွီ”

“ရေနဂါးကလန်ရဲ့ တားမြစ်နယ်မြေ ယွီစန်းမှာရှိတဲ့ ပြင်ပဘုံအက်ကွဲကြောင်း”

စန့်ယွီတွင် မရေမတွက်နိုင်သော ရတနာများရှိသည်။ အရှေ့ပင်လယ်၏ ဝိညာဉ်ပုလဲအများစုသည် စန့်ယွီတွင် ရှိနေသည်။

ယွီစန်းတွင် ပြင်ပဘုံနှင့်ဆက်သွယ်နေသော အက်ကွဲကြောင်းတစ်ခုရှိသည်။ ဝိညာဉ်သံချပ်ကာမိစ္ဆာများက ထိုလမ်းကြောင်းမှတစ်ဆင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်လာခဲ့သည်ဟု ဟန်မူယဲ့က သံသယရှိသည်။

လက်နက်အမျိုးမျိုး၏ မှတ်ဉာဏ်များသည် ထိုနေရာနှစ်ခုတွင် တူညီနေသည်။

“အမိန့်ထုတ်လိုက်။ အိမ်ရှေ့စံယွင်သွမ့်ရဲ့စစ်တပ်ကို စန့်ယွီဆီ နေရာရွှေ့ပြောင်းရမယ်”

“အဲဒီကနေရရှိလာတဲ့ အကျိုးအမြတ် ၃၀%ကို အရှေ့ပင်လယ်ရဲ့ဓားကျင့်ကြံသူတွေက ရလိမ့်မယ်”

အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က ဦးညွှတ်လိုက်သည်။ သူက ရွှေရောင်တောက်ပနေသော စာလုံးများကိုယူလိုက်ပြီး ပျံထွက်သွားသည်။

ဟန်မူယဲ့က မတ်တပ်ရပ်လိုက်ပြီး လက်မြှောက်သည်။ ကောင်းကင်ထက်တွင် အဆုံးမရှိသောဓားအလင်းများ ပေါ်ထွက်လာသည်။

ပတ်ဝန်းကျင်တွင်ရှိနေ‌သော သိန်းချီနေသည့် ဓားကျင့်ကြံသူများက စုစည်းလာကြသည်။

“သွားကြစို့”

စန့်ယွီ ....

တစ်ရက်အတွင်း၌ အရှေ့ပင်လယ်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။

အိမ်ရှေ့စံယွင်သွမ့်၏ လက်အောက်တွင်ရှိနေသော ဓားကျင့်ကြံသူများက စန့်ယွီသို့ ချီတက်လာကြသည်။

စန့်ယွီကို သိမ်းယူပြီးလျှင် အရင်းအမြစ် ၃၀%ကို ဓားကျင့်ကြံသူများက ရရှိလိမ့်မည်။

ထိုအရာသည် သတင်းကြီးတစ်ခုပင်ဖြစ်သည်။

စန့်ယွီသည် အရှေ့ပင်လယ်၏ ရတနာနယ်မြေဖြစ်သည်။

ထိုနေရာတွင်ရှိသော ရတနာအနည်းငယ်ဖြင့် ဘဝတစ်လျှောက်လုံး သက်တောင့်သက်သာနေနိုင်လိမ့်မည်။

စန့်ယွီမှ အရင်းအမြစ်များ၏ ၃၀%ကို ရရှိမည်ဆိုလျှင် ဘဝတစ်လျှောက်လုံး ကောင်းမွန်စွာကျင့်ကြံနိုင်မည်။

အရေးအကြီးဆုံးအနေဖြင့် ယွင်သွမ့်တွင် စန့်ယွီကိုတိုက်ခိုက်ရန် အကြောင်းပြချက်ရှိနေသည်။

အရှေ့ပင်လယ်၏ ရေနဂါးမျိုးနွယ်သည် အလယ်ပိုင်းကုန်းမြေမှ မှူးမတ်ဝူ၏ မျိုးဆက်ဖြစ်သည်။

ရေနဂါးမျိုးနွယ်က ထွက်ခွာသွားခဲ့သောကြောင့် အလယ်ပိုင်းကုန်းမြေက ရေနဂါးမျိုးနွယ်၏ ပိုင်ဆိုင်မှုများကို ပြန်လည်သိမ်းယူသင့်သည်။

ထို့အပြင် စန့်ယွီတွင် ဝိညာဉ်သံချပ်ကာမိစ္ဆာများနှင့် ဓားဂိုဏ်းများက တိုက်ခိုက်နေပြီး ပိုင်ရှင်အသစ် ပေါ်မလာသေးပေ။

ထို့ကြောင့် ယွင်သွမ့်၏စစ်တပ်က လှုပ်ရှားလာသောအခါတွင် သိန်းချီသော တစ်ကိုယ်တော်ကျင့်ကြံသူများက ထောက်ပံ့ပေးလိုက်ကြသည်။

ချက်ချင်းဆိုသလိုပင် ဓားကျင့်ကြံသူများ၏အရေအတွက်က တစ်သန်းအထိရောက်သွားပြီး တည်ငြိမ်စွာချီတက်လာကြသည်။

အရှေ့ပင်လယ်၏ အင်အားစုများက စောင့်ကြည့်နေပြီး မတားဆီးရဲပေ။

ထို့ကြောင့် တုံ့ဆိုင်းနေသော တစ်ကိုယ်တော်ဓားကျင့်ကြံသူများက ဆက်လက်ဝင်ရောက်လာကြသည်။

ဆယ်ရက်အကြာတွင် ယွင်သွမ့်က ဓားကျင့်ကြံသူနှစ်သန်းနှင့် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ပိုင်ဆိုင်သွားခဲ့သည်။

ယွင်သွမ့်က ထိုသို့များပြားလှသော ဓားကျင့်ကြံသူများကို ထိန်းချုပ်နိုင်လိမ့်မည်ဟု စိတ်မကူးခဲ့ပေ။

“ကျစ်ဟူ၊ နင့်မွေးစားအဖေရဲ့အမိန့်ကြောင့် အရှေ့ပင်လယ်တစ်ခုလုံး လှုပ်ရှားသွားရတယ်။ မဟာကျင့်ကြံသူကြီးတွေက ဒီလိုမျိုးပဲ လွှမ်းမိုးနိုင်စွမ်း ရှိကြတာလား”

ပိုးသားဝတ်စုံကိုဝတ်ထားသော ယွင်သွမ့်သည် သင်္ဘောထိပ်တွင်ရပ်နေပြီး ရှေ့သို့ကြည့်၍ တီးတိုးပြောလိုက်သည်။

ဟွမ်ကျစ်ဟူက နောက်တွင်ရှိသော ဝင်္ကပါဖွဲ့စည်းထားသည့် ဓားကျင့်ကြံသူများကို လှည့်ကြည့်သည်။ သူမက ပြုံးလိုက်ပြီး ပြောသည်။

“နင်က ငါ့မွေးစားအမေ ဖြစ်ချင်နေတာမဟုတ်ဘူးလား။ နင်က ငါ့မွေးစားအမေ ဖြစ်လာရင် မွေးစားအဖေအကြောင်းကို ပိုသိလာလိမ့်မယ်”

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ယွင်သွမ့်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ခေါင်းခါသည်။

“ထားလိုက်ပါတော့”

“အရမ်းပင်ပန်းတယ်”

သူမ၏စကားကြောင့် ဟွမ်ကျစ်ဟူက ရယ်သည်။

သို့သော် ယွင်သွမ့်က အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။

ဟန်မူယဲ့၏စကားနှင့် အပြုအမူသည် လောကတစ်ခုလုံးကို လှုပ်ရှားသွားစေနိုင်သည်။ ထိုပုဂ္ဂိုလ်မျိုး၏ ဇနီးသည်ဖြစ်လာလျှင် အလွန်ပင်ပန်းလိမ့်မည်။

“ဒါပေမဲ့ ငါတို့က သူငယ်ချင်းအရင်းကြီးတွေ မဟုတ်လား။ ငါ့အစ်မက ဘာဖြစ်လို့ အင်မော်တယ်သင်္ဘောပေါ်ကနေ ထွက်မလာတာလဲမသိဘူး”

ယွင်သွမ့်က ဖြူဖွေးနေသောသွားများ ပေါ်လာအောင် တခစ်ခစ်ရယ်လိုက်သည်။

ဟွမ်ကျစ်ဟူက နှာမှုတ်လိုက်ပြီး ပြောသည်။

“နင်က ငါ့ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာလား”

ယွင်သွမ့်က ချောင်းဟန့်လိုက်ပြီး ဟွမ်ကျစ်ဟူ၏ မင်္ဂလာလက်ဖွဲ့ပစ္စည်းများကို လုယူသွားမည်ဟု ပြောသည်။

သူတို့နှစ်ယောက်က ရယ်မောလိုက်ပြီး အချင်းချင်းစနောက်နေသောကြောင့် နောက်တွင်ရပ်နေသော မဟာကျင့်ကြံသူကြီးများက သက်ပြင်းချမိသည်။

‘ဘယ်လိုလူမျိုးက အရှေ့ပင်လယ်ကို တုန်ခါသွားစေပြီး လွတ်လပ်တဲ့ မိန်းကလေးနှစ်ယောက်ရဲ့ လက်အောက်ကို စစ်တပ်ကြီးတစ်ခု ရောက်လာအောင် လုပ်ပေးနိုင်တာလဲ’

ကုန်းစွန်းချင်ဖုန်းက မျက်လုံးများတောက်ပနေပြီး ပင်လယ်ပြင်ကို ကြည့်သည်။

ဟန်မူယဲ့ကို စိန်ခေါ်ချင်သောဆန္ဒများ ပျောက်ကွယ်သွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ဟန်မူယဲ့၏ ဓားကျင့်ကြံခြင်းနှင့် ယှဉ်လိုက်လျှင် အရှေ့ပင်လယ်ကို နောက်ကွယ်မှတစ်ဆင့် ထိန်းချုပ်ထားနိုင်သောနည်းလမ်းက ပိုမိုထိတ်လန့်ဖွယ်ကောင်းသည်။

ယွင်သွမ့်၏စစ်တပ်က ဆက်လက်ချီတက်သွားပြီး ဓားဂိုဏ်းများက တိတ်ဆိတ်စွာ လှုပ်ရှားနေကြသည်။

ဓားကျင့်ကြံသူအုပ်စုများက ဂိုဏ်းပတ်ဝန်းကျင်တွင်ရှိသော ဝိညာဉ်သံချပ်ကာမိစ္ဆာများကို အမဲလိုက်နေကြသည်။

သူတို့က မလှုပ်ရှားဘဲ မနေနိုင်ပေ။

မလှုပ်ရှားဘဲနေလိုက်လျှင် ဝိညာဉ်သံချပ်ကာမိစ္ဆာများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ထင်သွားကြလိမ့်မည်။

ဂိုဏ်းများက အချင်းချင်းစောင့်ကြည့်နေပြီး ဂိုဏ်းသေးတချို့နှင့်ပတ်သတ်၍ တစ်ခုခုမှားယွင်းနေကြောင်း သတိထားမိလိုက်ကြသည်။

All Chapters