← Chapters

အခန်း (၆၂၀)

Vol. 45 Ch. 620

အခန်း (၆၂၀)

Vol. 45 Ch. 620

ပတ်ဝန်းကျင်တွင်ရှိသော ဓားကျင့်ကြံသူများက ကြောက်ရွံ့စွာ ခေါင်းမော့ကြည့်မိသည်။

ထိုအရာသည် ကောင်းကင်တာအို၏ စွမ်းအားဖြစ်သည်။

အရှေ့ပင်လယ်တွင်မွေးဖွားလာခဲ့သော ဓားကျင့်ကြံသူများသည် ကောင်းကင်တာအို၏ချုပ်နှောင်ခြင်းကို မခံရပေ။ သို့သော် ယနေ့တွင် ကောင်းကင်တာအိုစွမ်းအားက အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများကို အပြစ်ပေးလိမ့်မည်ဟု သူတို့က ထင်မထားခဲ့ကြပေ။

“ကောင်းပြီလေ။ အလယ်ပိုင်းကုန်းမြေရဲ့အမိန့်စာက ငါတို့ရဲ့လုပ်ဆောင်ချက်နဲ့ ဆန့်ကျင်နေတာမျိုးမဟုတ်ပါဘူး”

ရှေ့တွင်ရှိနေသော အနက်ရောင်ဝတ်စုံနှင့်ဓားကျင့်ကြံသူက တည်ငြိမ်စွာပြောသည်။ သူ့လက်ထဲတွင်ရှိသောဓားက ပေတစ်သောင်းရှည်လျားသော နဂါးတစ်ကောင်ဖြစ်သွားပြီး ပေတစ်သိန်းမြင့်မားသော မိစ္ဆာဆီသို့ တိုးဝင်သွားသည်။

“ဘုန်း”

ဓားအလင်းက ပြိုကွဲသွားပြီး ဝိညာဉ်သံချပ်ကာမိစ္ဆာ၏ ကိုယ်ပေါ်တွင် အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။

ဓားအလင်းများ ထပ်မံပေါ်ထွက်လာပြီး ဝံပုလွေအုပ်၏ ဝိုင်းရံတိုက်ခိုက်မှုကဲ့သို့ ဧရာမဝိညာဉ်သံချပ်ကာမိစ္ဆာနှင့် ထိတွေ့သွားသည်။

ဓားအလင်းများသည် အလွန်ကြည့်ကောင်းလှသည်။

သိပ်မဝေးသောနေရာတွင် ဟွမ်ကျစ်ဟူနှင့်ယွင်သွမ့်က သင်္ဘောဦးထိပ်တွင်ရပ်ပြီး တိုက်ပွဲကို စောင့်ကြည့်နေသည်။

“အရှေ့ပင်လယ်ရဲ့ဓားကျင့်ကြံသူတွေက တကယ်သန်မာတာပဲ။ သူတို့က အလယ်ပိုင်းကုန်းမြေရဲ့ တစ်ဝက်လောက်ကို လွှမ်းမိုးနိုင်တယ်”

ယွင်သွမ့်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများသည် ကိုယ်ပိုင်စွမ်းရည်ဖြင့် သန်မာသည်။ အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအို ကျင့်ကြံသူများသည် ကောင်းကင်တာအို၏ အမိန့်အာဏာကို အသုံးပြုပြီး တခြားလူများကို လွှမ်းမိုးနိုင်သည်။

“မွေးစားအဖေက အရှေ့ပင်လယ်ဓားကျင့်ကြံသူတွေရဲ့ စွမ်းအားကို ငှားယူပြီး တာအိုဂိုဏ်းတွေကို ဖိနှိပ်ချင်တာ မထူးဆန်းတော့ပါဘူး” ဟွမ်ကျစ်ဟူက ခေါင်းညိတ်သည်။

ဟန်မူယဲ့၏အပြုအမူက မြင်သာသည်။ သူက အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများကို အသုံးချပြီး အလယ်ပိုင်းကုန်းမြေ၏ ဂိုဏ်းအသီးသီးကို ဖိနှိပ်ချင်သည်။

ထို့ကြောင့် သူတို့ ထွက်လာသောအချိန်တွင် အရှေ့တောင်ပိုင်း၏တာအိုဂိုဏ်းများက သူတို့ကို တိုက်ခိုက်ခဲ့သည်။

“လှုပ်ရှားကြတော့”

ယွင်သွမ့်က ခဏစောင့်ကြည့်နေပြီး လက်မြှောက်သည်။

သူ့နောက်တွင် ကုန်းစွန်းချင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ပျံသန်းသွားသည်။

ကုန်းစွန်းချင်ဖုန်း၏ ဓားကျင့်ကြံခြင်းက အရှေ့ပင်လယ်၏ မဟာကျင့်ကြံသူများနှင့် ယှဉ်နိုင်သည်။ သူ့ဓားချက်ကြောင့် မိုင်တစ်ရာရှည်လျားသောဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

သူ့နောက်တွင်ရှိသော စစ်တပ်ဝင်္ကပါများ၏အပေါ်တွင် ပုံရိပ်အမျိုးမျိုး ဖြစ်ပေါ်လာသည်။

ဓားကျင့်ကြံသူများက ဝင်္ကပါတစ်ခု ဖွဲ့စည်းလိုက်သည်။ ဓားချီများက ထောင်ချီနေသော နတ်ဘုရားသားရဲ၊ မိစ္ဆာသားရဲများအဖြစ် စုစည်းသွားပြီး ထက်မြိသောစွမ်းအားများကို ထုတ်လွှတ်နေသည်။

ကုန်းစွန်းချင်ဖုန်း၏ဓားအလင်းက သူ့နောက်တွင်ရှိသော ဓားအလင်းများကို လမ်းညွှန်ပေးလိုက်ပြီး ကောင်းကင်ထက်တွင်ရှိသော ဝိညာဉ်သံချပ်ကာမိစ္ဆာနှင့် ထိတွေ့သွားသည်။

လူတစ်သန်း၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မိစ္ဆာ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က တုန်ခါသွားပြီး ပြိုကျလုနီးပါး ဖြစ်လာသည်။

ပျံသန်းနေသောအမြန်နှုန်းကလည်း ချက်ချင်း ကျဆင်းသွားသည်။

အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများက အခွင့်ကောင်းယူပြီး ဓားအလင်းများကို ထုတ်ဖော်လိုက်ပြန်သည်။

လက်ထဲတွင်ရှိသောဓားကို ပေသုံးရာရှည်လျားသောဓားအလင်းအဖြစ် ပြောင်းလဲထားသည့် ဓားကျင့်ကြံသူတစ်ဦးက ကုန်းစွန်းချင်ဖုန်း၏ဓားအလင်းကို ကြည့်လိုက်ပြီး ပေါ့ပါးစွာပြောသည်။

“အလယ်ပိုင်းကုန်းမြေက အင်အားစုကြီးတစ်ခုကို စုစည်းထားနိုင်တာပဲ ....”

တခြားလူများကလည်း ထိုဓားအလင်းကို လှည့်ကြည့်လိုက်ပြီး မျက်ခမ်းစပ်များ တွန့်သွားကြသည်။

အလယ်ပိုင်းကုန်းမြေကသာ လူတစ်သန်းကိုဦးဆောင်ပြီး တိုက်ခိုက်နိုင်လိမ့်မည်။

အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများသည် တစ်ဦးတည်းတိုက်ခိုက်နိုင်စွမ်း ကောင်းမွန်သောကြောင့် ဝင်္ကပါတစ်ခုဖွဲ့စည်းပြီး တိုက်ခိုက်ရန် ခက်ခဲနေသည်။

သို့သော် အလယ်ပိုင်းကုန်းမြေ၏ ထိန်းချုပ်မှုအောက်တွင် မောက်မာတတ်သော တစ်ကိုယ်တော်ကျင့်ကြံသူများက စိတ်ကူးမယဉ်နိုင်သော တိုက်ခိုက်နိုင်စွမ်းကို လျင်မြန်စွာထုတ်ပြခဲ့သည်။

ထိုဓားချက်၏စွမ်းအားက သူတို့နှင့် ယှဉ်နိုင်သည်။

“ဘုန်း”

ကုန်းစွန်းချင်ဖုန်းက ဓားကျင့်ကြံသူတစ်သန်း၏စွမ်းအားများကို စုစည်းပြီး ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

ထိုဓားချက်ကြောင့် ဝိညာဉ်သံချပ်ကာမိစ္ဆာများ၏ မိစ္ဆာပုံရိပ်သည် အလွန်မှိန်ဖျော့လာသည်။

“အား ....”

မဟာမိစ္ဆာက ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး အလယ်ပိုင်းကုန်းမြေ၏စစ်တပ်ဆီသို့ ရုတ်တရက် ပြေးဝင်လာခဲ့သည်။

ကုန်းစွန်းချင်ဖုန်း၏ဓားအလင်းက နံရံတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

စန့်ယွီတွင် ဓားကျင့်ကြံသူများက မျက်လုံးများတောက်ပလာကြသည်။

“တိုက်”

ရှေ့ဆုံးတွင်ရပ်နေသော ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ဓားကျင့်ကြံသူက အော်ဟစ်လိုက်ပြီး ပျံတက်သွားသည်။

“အလယ်ပိုင်းကုန်းမြေရဲ့ အိမ်ရှေ့စံက ဒီနေရာမှာ ဒဏ်ရာရသွားခဲ့ရင် အရှေ့ပင်လယ်ရဲ့ဓားကျင့်ကြံသူတွေကို အလယ်ပိုင်းကုန်းမြေက ရှင်းထုတ်ပစ်လိမ့်မယ်”

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်က အော်ဟစ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသောဓားက ချိန်းကြိုးအဖြစ် ပြောင်းလဲသွားပြီး မဟာမိစ္ဆာဆီသို့ တိုးဝင်သွားသည်။

အလယ်ပိုင်းကုန်းမြေ၏ အမတ်ချုပ်ကြီးဝမ် ....

ကောင်းကင်ထက်တွင် တော်ဝင်အမိန့်စာက တောက်ပစွာတည်ရှိနေသည်။

ထိုအရာသည် ကောင်းကင်တာအိုစွမ်းအားဖြစ်သည်။ ဓားကျင့်ကြံသူများက ယွင်သွမ့်ကို မကယ်ခဲ့လျှင် အဆုံးမရှိသောလျှပ်စီးကြောင်းများ ကျဆင်းလာနိုင်သည်။

“ဘုန်း”

ဓားအလင်းများက ချိန်းကြိုးအဖြစ်ပြောင်းလဲသွားပြီး ဝိညာဉ်သံချပ်ကာမိစ္ဆာပုံရိပ်ကို နှေးကွေးသွားစေသည်။

သင်္ဘောဦးထိပ်တွင်ရှိနေသော ယွင်သွမ့်က ပြုံးလိုက်သည်။

“သူတို့က သိပ်ပြီးမတုံးဘူးပဲ”

သူမနှင့်ဟွမ်ကျစ်ဟူ၏နောက်တွင် မျက်နှာထားဖြူဖျော့နေသော ကောင်းကင်အဆင့်ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရှက်ရွံ့သွားကြသည်။

သူတို့က မိန်းကလေးနှစ်ယောက်ကဲ့သို့ တည်ငြိမ်မှုမရှိခဲ့ပေ။

ထိုမိန်းကလေးနှစ်ယောက်က လူဦးရေသန်းချီသောစစ်တပ်ကို ဦးဆောင်ထားပြီး အရှေ့ပင်လယ်ကိုလွှမ်းမိုးနိုင်သည့်အတွက် အံ့အားသင့်နေရန်မလိုတော့ပေ။

“မကောင်းဆိုးဝါးမိစ္ဆာတွေကို သတ်ဖြတ်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးရမယ်”

ယွင်သွမ့်၏လက်ထဲမှ ရွှေအလင်းတစ်ခု ပေါ်ထွက်လာသည်။ ကောင်းကင်ထက်တွင်ရှိသော အမိန့်စာက လျှပ်စီးကြောင်းများဖြင့် ဝိညာဉ်သံချပ်ကာမိစ္ဆာ၏ပုံရိပ်ကို ရိုက်ချသည်။

လျှပ်စီးကြောင်းများက ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားပြီး မိုးရွာနေသကဲ့သို့ ကျဆင်းလာသည်။

မိစ္ဆာပုံရိပ်က နာကျင်စွာညည်းညူလိုက်ပြီး သိန်းချီနေသော ဝိညာဉ်သံချပ်ကာမိစ္ဆာများအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ထိုမိစ္ဆာများက လျှပ်စီးကြောင်းများ၏လွှမ်းခြုံမှုကို ခံလိုက်ရပြီး ပျောက်ကွယ်သွားကြသည်။

မိုးကြိုးလျှပ်စီးများကြားတွင် မိစ္ဆာတစ်ဝက်ခန့် ပျောက်ကွယ်သွားခဲ့သည်။

ကျန်မိစ္ဆာများကလည်း ဒဏ်ရာရသွားခဲ့သည်။ သူတို့က နေရာအနှံ့သို့ ထွက်ပြေးလိုက်ကြသည်။

“လိုက်မယ်”

ဟွမ်ကျစ်ဟူ၏အသံကို ကြားနိုင်သည်။

စစ်တပ်ဝင်္ကပါများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။ သူတို့၏ခေါင်းပေါ်တွင်ရှိသော စစ်တပ်ဝင်္ကပါပုံရိပ်များက ဝိညာဉ်သံချပ်ကာမိစ္ဆာများ၏နောက်သို့ လိုက်သွားကြသည်။

တိုက်ခိုက်လိုစိတ်ပျောက်ဆုံးသွားသော ကျင့်ကြံသူများသည် သတ်ဖြတ်ခံရရန် စောင့်ဆိုင်းနေသော သိုးများနှင့်သာတူသည်။

အရှေ့ပင်လယ်ဓားကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပျံတက်လာကြသည်။

သူတို့က ယခုအချိန်တွင် တိုက်ခိုက်ရမည်။

ယွင်သွမ့်က ရှုံးနိမ့်သွားသော ဝိညာဉ်သံချပ်ကာမိစ္ဆာများ၊ လိုက်လံသတ်ဖြတ်နေသော စစ်တပ်ဝင်္ကပါနှင့် အရှေ့ပင်လယ်ဓားကျင့်ကြံသူများကို ကြည့်လိုက်ပြီး ပြုံးသည်။ သူမက ရှေ့သို့ ညွှန်ပြလိုက်သည်။

“စန့်ယွီကို သွားကြစို့”

သူမ၏နောက်တွင် သင်္ဘောဆယ်စင်းနှင့် သိန်းချီသောစစ်သည်များ ရှေ့တက်လာကြသည်။

အရှေ့ပင်လယ်၏ အကြွယ်ဝဆုံးနယ်မြေဖြစ်သော စန့်ယွီကို အပိုင်သိမ်းမည်။

ဓားကျင့်ကြံသူများက နောင်တရနေသောမျက်နှာထားဖြင့် နောက်သို့လှည့်ကြည့်မိသည်။

သို့သော် ယခုအချိန်တွင် တုံ့ဆိုင်းနေလျှင်လည်း အရေးမပါတော့ပေ။ ဝိညာဉ်သံချပ်ကာမိစ္ဆာများကို သတ်ဖြတ်ရန်အတွက် အခွင့်အရေးတစ်ခု ရထားသည်။ လက်လျော့လိုက်လျှင် ထိုက်တန်မည်မဟုတ်ပေ။

ထို့အပြင် အိမ်ရှေ့စံယွင်သွမ့်က အမိန့်စာထုတ်ခဲ့သည်။ ဝိညာဉ်သံချပ်ကာမိစ္ဆာများ လွတ်မြောက်သွားခဲ့လျှင် ဓားကျင့်ကြံသူများ၏အသက်နှင့် ပြန်လည်ပေးဆပ်ရမည်။

ဘုရင်တစ်ပါးသည် ပြောပြီးသားစကားကို ပြန်လည်ရုတ်သိမ်းမည်မဟုတ်ပေ။

ယွင်သွမ့်၏စကားကို ကောင်းကင်တာအိုက အတည်ပြုပေးခဲ့သည်။ သူမက ပြောသည့်အတိုင်း ဆောင်ရွက်လိမ့်မည်။

“သူတို့ကိုသတ်။ အရှေ့ပင်လယ်မှာ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေကို ရှင်းထုတ်ပစ်နိုင်ရင်လည်း မဆိုးဘူး”

အရှေ့ပင်လယ်ဓားကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်ပြီး ဦးဆောင်တိုက်ခိုက်ခဲ့သည်။

....

ထိုအချိန်၌ မိုင်သန်းချီသောနေရာတွင် ဓားအလင်းများက စကြဝဠာတစ်ခုသဖွယ် တောက်ပနေခဲ့သည်။

ဓားဝင်္ကပါတစ်ရာက မိုင်တစ်ရာပတ်လည်ကျယ်ဝန်းသော ယွီစန်းကို ဝိုင်းရံထားသည်။

ယွီစန်းသည် လွင့်မျောနေသောတောင်တစ်လုံးနှင့် တူသည်။ သို့သော် အမှန်တကယ်တွင် ပြင်ပဘုံနှင့် ဆက်သွယ်နေပြီး လေဟာနယ်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ဓားအလင်းကြောင့် လေဟာနယ်တွင် မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

“ဂါး ....”

ဟိန်း‌ဟောက်သံနှင့်အတူ ပေတစ်သောင်းရှည်လျားသော ကြေးခွံနက်မိစ္ဆာတစ်ကောင် ပြေးထွက်လာပြီး ဟန်မူယဲ့ကို ဝင်တိုက်သည်။

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ နေရာတွင် ရပ်နေသည်။

သူ့ဘေးတွင် ကူယွမ်လုံက ပျံထွက်သွားပြီး ဓားဖြင့်ထိုးချသည်။

“ဘုန်း”

ကြေးခွံနက်မိစ္ဆာ၏ခန္ဓာကိုယ်က ထိုးဖောက်ခံလိုက်ရသည်။

သို့သော် မိစ္ဆာ၏ခန္ဓာကိုယ်က ဦးတည်ချက်ပြောင်းမသွားဘဲ ဟန်မူယဲ့ဆီသို့ ဆက်လက်တိုးဝင်လာသည်။

ကူယွမ်လုံး၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ထပ်မံတိုက်ခိုက်တော့မည့်အချိန်တွင် ဟန်မူယဲ့က ဓားအလင်းဖြင့် ခုတ်ချသည်။

ဓားအလင်းသည် အဆုံးမရှိသောကြယ်အလင်းများဖြင့်ပြည့်နေသည့် ရှည်လျားသောမြစ်တစ်စင်းနှင့် ဆင်တူသည်။

မိစ္ဆာ၏ခန္ဓာကိုယ်က ဓားအလင်းထဲတွင် ဆက်တိုက်ကူးခပ်နေသော်လည်း နှေးကွေးလာပြီး ဖြည်းဖြည်းချင်း ဝေးကွာသွားသည်။

“ဘုန်း”

မဟာမိစ္ဆာ၏ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး လောကကို အားဖြည့်ပေးနေသော သွေးချီနှင့် မိစ္ဆာချီများကိုသာ ချန်ရစ်၍ ပျောက်ကွယ်သွားခဲ့သည်။

ကူယွမ်လုံ၏ခန္ဓာကိုယ်ပေါ်သို့ ချီစွမ်းအင်အလင်းများ ကျရောက်လာသည်။ သူက ရှက်ရွံ့နေပုံပေါ်သည်။

“အင်မော်တယ်ဟန်၊ ငါက ဂရုမစိုက်မိဘူး ဖြစ်သွားတယ်”

အရှေ့ပင်လယ်၏ဓားကျင့်ကြံသူများက ဟန်မူယဲ့ကဲ့သို့ မတိုက်ခိုက်နိုင်ပေ။

ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ရောက်နေသော မဟာမိစ္ဆာက ထိုသို့ အဆုံးသတ်သွားလိမ့်မည်ဟု ကူယွမ်လုံက မျှော်လင့်မထားခဲ့ပေ။

“ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက တခြားမျိုးနွယ်တွေနဲ့ မတူဘူး”

ဟန်မူယဲ့က ခေါင်းခါပြီး ရှေ့သို့ကြည့်သည်။

တစ်ဖက်တွင် ချီစွမ်းအင်အလင်းနှင့် လေဟာနယ်အက်ကွဲကြောင်းများက ဆက်တိုက်ကျယ်ပြန့်လာသည်။ အနက်ရောင်လေဟာနယ်တံခါးပေါက်များ ဆက်တိုက်ပေါ်လာသည်။

“ဘုန်း”

နောက်ထပ် မဟာမိစ္ဆာတစ်ကောင် ပြေးထွက်လာသည်။ သို့သော် ထိုမဟာမိစ္ဆာက ကံဆိုးသွားသည်။ ဟန်မူယဲ့ဆီသို့ မရောက်ခင် လေဟာနယ်အက်ကွဲကြောင်းတစ်ခုနှင့် ဆုံတွေ့ပြီး နှစ်ပိုင်းပြတ်သွားခဲ့သည်။

ဟန်မူယဲ့၏ခန္ဓာကိုယ်ပေါ်တွင် ဓားအလင်းများ ပေါ်ထွက်လာသည်။

သူ့ရှေ့တွင် ပျောက်ကွယ်သွားခဲ့သော ဓားအလင်းမြစ်က ပြန်လည်ပေါ်ထွက်လာသည်။

“ဒီနေရာမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိရမယ်။ အဲဒါကြောင့် ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက အသက်စွန့်ပြီး ကာကွယ်ပေးနေတာပဲ”

“ဝိညာဉ်သံချပ်ကာမိစ္ဆာတွေ အကြောက်အရွံ့ကင်းမဲ့နေအောင် ဘယ်လိုလျှို့ဝှက်ချက်မျိုး ရှိနေတာလဲ”

သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လက်ထဲတွင်ရှိသောဓားဖြင့် ညွှန်ပြသည်။

“လေဟာနယ်တာအို၊ ဓားတစ်လက်က မိုင်သန်းချီဖြတ်သန်းနိုင်တယ်”

“ငါ့မှာ လေဟာနယ်ဖြတ်တောက်ခြင်းလို့ခေါ်တဲ့ ဓားနည်းစနစ်တစ်ခု ရှိတယ်”

ဓားအလင်း၏ရှေ့တွင် အဆုံးမရှိသောလေဟာနယ်များ ထပ်ဆင့်ဖြစ်ပေါ်လာသည်။ ရောင်စုံအလင်းများကြားတွင် ဓားအလင်းက လေဟာနယ်ကို ထိုးဖောက်လိုက်သည်။

“ဘန်း”

ဓားအလင်းကြောင့် မိစ္ဆာများ၏ခန္ဓာကိုယ်က ပေါက်ကွဲသွားကြသည်။

နောက်ဆုံးတွင် လေဟာနယ်အတားအဆီးက ပျက်စီးသွားပြီး ယွီစန်းနယ်မြေကို ဖော်ပြလိုက်သည်။

All Chapters