← Chapters

အခန်း (၆၂၁)

Vol. 45 Ch. 621

အခန်း (၆၂၁)

Vol. 45 Ch. 621

“ဟူး ....”

ကူယွမ်လုံ၊ ကောင်းထန်ကျင်းနှင့် အရှေ့ပင်လယ်ဓားကျင့်ကြံသူများက မျက်လုံးပြူးသွားကြသည်။

သူတို့ရှေ့တွင်ရှိသော စိမ်းလန်းနေသည့်တောင်တန်းက ပျောက်ကွယ်သွားပြီး အရိုးတောင်တန်းတစ်ခုကိုသာ ချန်ရစ်ခဲ့သည်။

ထိုအရိုးတောင်တန်းကို ဖွဲ့စည်းရန်အတွက် အရှေ့ပင်လယ်တွင် မည်မျှ သတ်ဖြတ်ခဲ့သနည်း။

ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် အမှန်တကယ်ပင် မကောင်းဆိုးဝါးဆန်သည်။

အရိုးဖြူများပေါ်တွင် ရွှေရောင်ချီစွမ်းအင်အလင်းများ ဖြတ်ပြေးသွားကြပြီး ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဝင်္ကပါပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်များက မျက်လုံးဖွင့်ကြည့်သည်။

သူတို့အားလုံးက လူသားအသွင်ယူထားသော မဟာမိစ္ဆာများ ဖြစ်ကြသည်။ သူတို့၏ခန္ဓာကိုယ်သည် ချီစွမ်းအင်အလင်းဖြင့် တောက်ပနေသည်။

ကောင်းကင်အဆင့် ....

ထောင်ချီနေသော ကောင်းကင်အဆင့်မိစ္ဆာများ ဖြစ်ကြသည်။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဝင်္ကပါကို ကြည့်သည်။

“ဝိညာဉ်သံချပ်ကာမိစ္ဆာတွေထဲမှာ မဟာကျင့်ကြံသူတွေ ပေါ်ထွက်လာတာ မထူးဆန်းတော့ပါဘူး။ သူတို့က ကြီးထွားမှုမြှင့်တင်ဖို့အတွက် လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးထားတာပဲ”

သူက အရိုးဖြူတောင်တန်းကို ကြည့်လိုက်သည်။

“သူတို့က ကောင်းကင်ပြစ်ဒဏ်ကို မကြောက်ဘူးလား”

သူက ထိုသို့ပြောလိုက်ပြီး အံ့အားသင့်သွားသည်။

‘ငါက ဝိညာဉ်သံချပ်ကာမိစ္ဆာတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ကောင်းကင်တာအိုစွမ်းအားက ထောက်ပံ့ပေးနေတယ်လို့ ခံစားရတယ်။ အဲဒီတော့ ဒီလိုမျိုးဖြစ်နေတာပဲ’

‘ပြီးတော့ ငါက ဒီနေရာကို ဘာဖြစ်လို့ ရောက်လာခဲ့တာလဲ။ ငါ့ရဲ့ တွက်ချက်မှုတွေကြောင့်လား။ ဒါမှမဟုတ် ကောင်းကင်တာအိုရဲ့ လမ်းညွှန်မှုကြောင့်လား’

‘ငါက ကောင်းကင်ပြစ်ဒဏ်တစ်မျိုးပဲ’

“အားလုံးပဲ မင်းတို့ မြင်ကြလား”

ဟန်မူယဲ့က ဓားဖြင့်ညွှန်ပြပြီး အော်ပြောသည်။

သူတို့ မြင်သည်။

အရိုးတောင်တန်းကို မြင်နေရသည်။

သိန်းချီသောဓားကျင့်ကြံသူများက အံတင်းတင်းကြိတ်ထားပြီး အရိုးဖြူတောင်တန်းကို စိုက်ကြည့်နေသည်။

အရိုးဖြူတောင်တန်းအတွက် မရေမတွက်နိုင်သောအသက်များ ဆုံးရှုံးခဲ့ရလိမ့်မည်။

“ငါတို့က ဝိညာဉ်သံချပ်ကာမိစ္ဆာတွေကို သတ်ဖြတ်သင့်လား”

ဟန်မူယဲ့က ခမ်းနားသောဓားအလင်းကို ထုတ်လွှတ်ပြီး အော်ဟစ်သည်။

“သတ်”

“သတ်”

“သတ်”

ဓားဝင်္ကပါများက သူ့အမိန့်ပေးရန်မလိုဘဲ အသက်ဝင်လာသည်။ ဓားအလင်းများက ဧရာမဓားကြီးများအဖြစ် ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်းထလာသော မိစ္ဆာများ၏ဦးခေါင်းကို ခုတ်ချသည်။

‘ထောင်ချီနေတဲ့ ကောင်းကင်အဆင့်မိစ္ဆာတွေရှိနေရင်ရော ဘာဖြစ်လဲ’

‘ငါတို့က တိုက်ပွဲမှာသေသွားရင်ရော ဘာဖြစ်လဲ’

နှလုံးသားထဲတွင်ရှိသော အမှန်တရားနှင့်အတူ နောင်တမရှိဘဲ သေဆုံးသွားမည်။

“ဘုန်း”

ဓားအလင်း ဆင်းသက်လာသောအခါတွင် ခွန်အားစုစည်းရန် ကြိုးစားနေသော မဟာမိစ္ဆာတစ်ယောက်က ချက်ချင်း သေဆုံးသွားခဲ့သည်။ ထို့နောက် များပြားလှသော ချီစွမ်းအားများ ပေါ်ထွက်လာသည်။

ထိုမဟာမိစ္ဆာများသည် ကောင်းကင်အဆင့်တွင် ရှိနေကြသော်လည်း ကိုယ်ပိုင်ခွန်အားကို မထိန်းချုပ်နိုင်သေးပေ။

ထိုအရာကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ရယ်မောလိုက်ပြီး ပျံထွက်သွားသည်။

ကူယွမ်လုံ၊ ကောင်းထန်ကျင်းနှင့် တခြားလူများကလည်း ဟန်မူယဲ့နောက်မှ လိုက်လာပြီး မိစ္ဆာများကို တိုက်ခိုက်လိုက်ကြသည်။

ကောင်းကင်အဆင့်မိစ္ဆာကို သတ်ဖြတ်နိုင်လျှင် ချီစွမ်းအားအများအပြား ပြန်ရလိမ့်မည်။

“ဘုန်း”

လေထုထဲတွင် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲသွားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ကောင်းကင်ထက်မှ မရေမတွက်နိုင်သော ဝိညာဉ်သံချပ်ကာမိစ္ဆာများ ဆင်းသက်လာကြသည်။

ဟန်မူယဲ့က ခေါင်းမော့ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာက မင်းတို့ လုပ်ချင်းတိုင်းလုပ်လို့ရတဲ့နေရာ မဟုတ်ဘူး”

ဟန်မူယဲ့၏နောက်တွင် ဓားတစ်လက်ပေါ်လာသည်။

ဓားတာအိုဝိညာဉ်သူငယ် ....

သူက တခြားလူများနှင့် မတူပေ။ သူက ဓားတာအိုဝိညာဉ်သူငယ်ကို ဖွဲ့စည်းပြီး မူလဝိညာဉ်ကို ဆက်လက်ဖြစ်ပေါ်စေခဲ့သည်။ ထိုဓားသည် သူ၏ ဝိညာဉ်သူငယ်နှင့် မူလဝိညာဉ် ဖြစ်သည်။

ဓားချက် ကျဆင်းလာခဲ့သည်။

ထိုဓားချက်တွင် ဟန်မူယဲ့၏ ဓားတာအိုဉာဏ်အလင်းများ ပါဝင်နေပြီး ချက်ချင်းဆိုသလိုပင် မိစ္ဆာများဆီသို့ ရောက်သွားသည်။

ထိုဓားချက်သည် ဓားတာအိုကျင့်ကြံခြင်းနှင့် ဓားတာအိုအမှန်တရားများကို စုစည်းထားသည်။

ထိုဓားချက်သည် ဖိနှိပ်နိုင်သောစွမ်းအားကို သယ်‌ဆောင်ထားသည်။

ထိုဓားချက်ကို တားဆီးချင်လျှင် ဟန်မူယဲ့ထက် ကျင့်ကြံဆင့်မြင့်ပြီး ဓားတာအိုဉာဏ်အလင်းတွင်လည်း သာလွန်နေရမည်။

လောကတွင် ဟန်မူယဲ့ထက် ကျင့်ကြံဆင့်နှင့် ဓားတာအိုဉာဏ်အလင်းတွင် သာလွန်နေသောလူများ သိပ်မရှိပေ။

ဓားသူတော်စင်တစ်ယောက် ဖြစ်နေမှ ရမည်။

ကံမကောင်းစွာဖြင့် ဝိညာဉ်သံချပ်ကာမိစ္ဆာများတွင် ဓားသူတော်စင် မရှိပေ။

သူ့ဓားချက်ကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ဆင်းသက်လာသော ဝိညာဉ်သံချပ်ကာမိစ္ဆာများအားလုံး အသတ်ခံလိုက်ရသည်။

တစ်ဖက်သတ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ထိုအရာသည် ကမ္ဘာနှစ်ခုကြားရှိ တိုက်ပွဲဖြစ်သည်။ မျှတမှုရှိမည်မဟုတ်ပေ။

“ဘုန်း”

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများက ရေလှိုင်းသဖွယ် လှုပ်ရှားလာသည်။

ဟန်မူယဲ့က လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဓားတစ်လက်က လေထုထဲတွင် လွင့်မျောနေသည်။ သူက ကောင်းကင်ထက်တွင်ရှိနေသော အက်ကွဲကြောင်းဆီသို့ ရောက်လာသည်။

လူတစ်ယောက်နှင့်ဓားတစ်လက်က ကောင်းကင်ဂိတ်တံခါးကို စောင့်ကြပ်ထားသည်။

သူက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဓားတစ်ချက်ဖြင့် ကောင်းကင်ဂိတ်တံခါးကိုဖွင့်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေမှ ကျင့်ကြံသူများအတွက် လမ်းဖောက်ပေးခဲ့သည်။

ယနေ့တွင် အရှေ့ပင်လယ်၌ သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပြင်ပဘုံကို ဆက်သွယ်ထားသော အာကာသလမ်းကြောင်းကို တစ်ယောက်တည်း တားဆီးထားသည်။

သူ၏ဓားချက်နှင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဝိညာဉ်သံချပ်ကာမိစ္ဆာများ ဝင်‌ရောက်မလာနိုင်အောင် ပြုလုပ်ခဲ့သည်။

ဟန်မူယဲ့က အဆုံးမရှိသောချီစွမ်းအားများကို ရရှိခဲ့သည်။

သူက လောက၏ပျော်ရွှင်မှုကိုလည်း ခံစားနိုင်သည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက ဆူပွက်နေသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်တာအိုက သူ့ကို လက်ဆောင်တစ်ခုပေးခဲ့သည်။ သူက မိုင်တစ်သိန်းပတ်ဝန်းကျင်၏ မြေဓာတ်စွမ်းအားကို အသုံးပြုနိုင်သည်။

မူလမီးတောက်ကမ္ဘာတွင် ကောင်းကင်တာအို၏ ပျော်ရွှင်မှုကြောင့် သူ၏ မီးဓာတ်လိုက်ဖက်ညီမှုက ပြီးပြည့်စုံသွားခဲ့သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အရှေ့ပင်လယ်အတွက် ဝိညာဉ်သံချပ်ကာမိစ္ဆာများသည် ကျူးကျော်သူများဖြစ်ကြသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက သည်းမခံနိုင်တော့ဘဲ သက်ရှိများ၏စွမ်းအားကို ငှားယူအသုံးပြုခဲ့ရသည်။

ယခုအချိန်တွင် ဟန်မူယဲ့က အရှေ့ပင်လယ်နှင့် တူညီစွာ အလဲအလှယ်လုပ်နိုင်သည်။

သူက ထိုအခွင့်အရေးမျိုးကို အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် မူလမီးတောက်ကမ္ဘာတွင် ရရှိခဲ့သည်။

ယခု အရှေ့ပင်လယ်တွင် အခွင့်အရေးရလာပြန်သည်။

ပူးပေါင်းဆောင်ရွက်ခြင်း ....

ဟန်မူယဲ့က ရှေ့သို့ပြေးထွက်လာသော ဝိညာဉ်သံချပ်ကာမိစ္ဆာများကို ကြည့်သည်။

လောကသည် မုန်းတီးစိတ်နှင့် သတ်ဖြတ်လိုစိတ်များကို ဖော်ပြနေသည်။

သူက လောက၏ဓား ဖြစ်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ဓားရိုးကို ကိုင်သည်။

သူ၏ ရုပ်ခန္ဓာစွမ်းအားသည် ဝိညာဉ်သူငယ်နှင့် မပေါင်းစပ်ရသေးပေ။

ရုပ်ခန္ဓာစွမ်းအားနှင့် ဝိညာဉ်သူငယ် ပေါင်းစပ်သွားခဲ့လျှင် သူက သူတော်စင်တစ်ဝက်အဆင့်၊ ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်သွားလိမ့်မည်။

သူက ကောင်းကင်အဆင့်ကို ကျော်ဖြတ်ပြီး လူသားအင်မော်တယ်အဆင့်သို့ ရောက်သွားလိမ့်မည်။

သို့သော် ဟန်မူယဲ့က အချိန်လိုအပ်နေသည်။

သူက နတ်ဘုရားသားရဲပါ့ရှားကို သန့်စင်ထားသောကြောင့် ရုပ်ခန္ဓာစွမ်းအားက အလွန်သန်မာနေသည်။

သူက ရုပ်ခန္ဓာစွမ်းအားကို ဓားတာအိုဝိညာဉ်သူငယ်နှင့် ပေါင်းစပ်ချင်လျှင် ဓားတာအိုဝိညာဉ်သူငယ်က နတ်ဘုရားသားရဲပါ့ရှား၏အဆင့်တွင် ရှိနေရမည်။

ထိုသို့လုပ်ရန် အလွန်ခက်ခဲသည်။

ခက်ခဲသောကြောင့် စိတ်ဝင်စားဖွယ်ကောင်းသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်၏ အထွတ်အထိပ်လမ်းစဉ်ကို မြင်ပြီးသွားသောအခါတွင် ဟန်မူယဲ့က ဓားတာအိုကျင့်ကြံခြင်းနှင့်ပတ်သတ်၍ ကိုယ်ပိုင်နားလည်မှုများ ရလာခဲ့သည်။

သူက တခြားလူများမလျှောက်ဘူးသော လမ်းသစ်ကို လျှောက်နေသည်။

“ဘေးဖယ်”

မှောင်မည်းနေသော လေဟာနယ်ထဲတွင် အသံတစ်သံ ပေါ်ထွက်လာသည်။

မျက်နှာတွင် ကြေးခွံများဖုံးလွှမ်းနေသော အရပ်ဆယ်ပေရှည်သည့် မိစ္ဆာတစ်ယောက်က ဖြည်းဖြည်းချင်း‌ ရှေ့ထွက်လာသည်။

သူက လက်ထဲတွင် လှံရှည်တစ်ချောင်းကိုင်ထားပြီး မျက်လုံးများက နီရဲနေသည်။

သူ၏ တိုက်ခိုက်လိုစိတ်များက ပတ်ဝန်းကျင်လေဟာနယ်ကို စုတ်ဖြဲပစ်နိုင်ပုံရသည်။

ဟန်မူယဲ့က စကားမပြောပေ။

သူ့ပတ်ဝန်းကျင်တွင် ဓားအမြုတေ ၃၆၁လုံး ပေါ်လာသည်။

ဓားအမြုတေတစ်ခုချင်းစီသည် မှော်ရတနာတစ်ဝက်အဆင့်စွမ်းအားကို ဖော်ထုတ်နိုင်သည်။ သူက ထိုဓားအမြုတေများကို ဒန်ထျန်ထဲတွင် နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးခဲ့သည်။

ဓားအမြုတေ ၃၆၁လုံးက လေထုထဲတွင် လွင့်မျောနေပြီး ကြယ်များအဖြစ် ပြောင်းလဲသွားသည်။

ကြယ်များသည် ဓားအလင်းဖြစ်သည်။

ကြယ်အလင်းများက ကောင်းကင်ထက်တွင် ပြည့်နှက်နေခဲ့သည်။

ကောင်းကင်စက်ဝန်းဓားဝင်္ကပါ ....

လှံရှည်ကိုင်ထားသော အနက်ရောင်ချပ်ဝတ်မိစ္ဆာ၏မျက်နှာထားက ပြောင်းလဲသွားသည်။ လှံရှည်က အနက်ရောင်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင်ရှိသော ကြယ်များဆီသို့ ပျံသန်းထွက်လာသည်။

သို့သော် အနက်ရောင်နဂါးက ပေတစ်‌‌သောင်းအထိသာ ပျံသန်းနိုင်ပြီး ဓားအလင်းများကြောင့် ရပ်တန့်သွားခဲ့သည်။

ကြယ်အလင်းများသည် ဓားအလင်းဖြစ်သည်။

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အထက်ဘုံသုံးပါးက ဓားဝင်္ကပါပဲ။ မင်းက ဘယ်သူလဲ”

အနက်ရောင်ချပ်ဝတ်မိစ္ဆာက အံတင်းတင်းကြိတ်ထားပြီး နက်ရှိုင်းသောအသံဖြင့် မေးသည်။

ဟန်မူယဲ့က တည်ငြိမ်စွာရှိနေသည်။ သူက စကားမပြောပေ။ ဓားဝင်္ကပါက လှုပ်ရှားလာခဲ့သည်။

“ဘုန်း”

မရေမတွက်နိုင်သောဓားအလင်းများ သွယ်ယှက်သွားသည်။ ဓားအလင်းများက မဟာမိစ္ဆာ၏ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်သည်။

ကောင်းကင်စက်ဝန်းဓားဝင်္ကပါ၏ ချုပ်နှောင်တိုက်ခိုက်နိုင်စွမ်းက အဆုံးမရှိပေ။

“ရွှပ်”

ဓားအလင်းက မိစ္ဆာ၏အနက်ရောင်ချပ်ဝတ်နှင့် ထိတွေ့သွားပြီး အလင်းများ ဖြာထွက်လာစေသည်။

ဓားအလင်းက မိစ္ဆာ၏ချပ်ဝတ်ကို မထိုးဖောက်နိုင်ခဲ့ပေ။

ဝိညာဉ်ဖွဲ့စည်းခြင်းတစ်ဝက်အဆင့်မိစ္ဆာ၏ ခုခံကာကွယ်နိုင်စွမ်းက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

လောက၏စွမ်းအားနှင့် ဖိနှိပ်ခံရလျှင်ပင် ကောင်းမွန်စွာ ရှိနေလိမ့်မည်။

မဟာမိစ္ဆာက ဆိုးယုတ်စွာရယ်လိုက်ပြီး ရှေ့တစ်လှမ်းတိုးလာသည်။ သူက လက်ထဲတွင်ရှိသော လှံရှည်ဖြင့် ဟန်မူယဲ့၏ခေါင်းကို ရိုက်ချသည်။

လှံအရိပ်က ဟန်မူယဲ့၏ ပတ်ဝန်းကျင်ပေတစ်ထောင်ကို ဖိနှိပ်လိုက်သည်။

လေဟာနယ်အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။ ဟန်မူယဲ့က ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်အက်ကွဲကြောင်းများကြောင့် အချိန်မရွေး တစ်ပိုင်းတစ်စစီဖြစ်သွားနိုင်သည်။

ထိုလှံရှည်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်သည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ငါက မင်းကို ချုပ်နှောင်မထားနိုင်ရင် ငါ့ရဲ့ဓားဝင်္ကပါက ပြီးပြည့်စုံမှု မရှိသေးလို့ပဲ”

“ငါက မင်းရဲ့အကာအကွယ်ကို မချိုးဖောက်နိုင်ရင် ငါ့ရဲ့ ဓားဝင်္ကပါက မသန်မာသေးလို့ပဲ”

“ငါ့နှလုံးသားထဲမှာ ဓားတစ်လက်ရှိသလို ငါ့လက်ထဲမှာလည်း ဓားတစ်လက်ရှိတယ်။ ငါက ရန်သူကို မသတ်ဖြတ်နိုင်ရင် ဘာဖြစ်လို့ ဓားတာအိုကို ကျင့်ကြံနေတော့မှာလဲ”

သူ့အသံနှင့်အတူ ကောင်းကင်စက်ဝန်းဓားဝင်္ကပါ၏ လျော့ရဲနေသောဓားအလင်းများက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။

ဓားအလင်းသည် သုံးပေခန့်သာ ရှည်လျားပြီး ကြည်လင်နေသောဓားသွားသည် အေးစက်မှုများကို ထုတ်လွှတ်ပေးနေသည်။

ထိုဓားပေါ်လာသောအချိန်တွင် အနက်ရောင်ချပ်ဝတ်မိစ္ဆာ၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

သူက ထိုဓား၏ အေးစက်နေသောသတ်ဖြတ်လိုစိတ်များကို ခံစားနိုင်သည်။

ထိုသတ်ဖြတ်လိုစိတ်က သူ့ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။

ထိုဓားက သူ့ကို သတ်ဖြတ်နိုင်သည်။

ထိုအရာသည် ကောင်းကင်အဆင့်ကို ကျော်လွန်နေသော ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းအဆင့်၏ စွမ်းအားဖြစ်သည်။

တာအိုပြိုင်ပွဲတွင် ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်းစွမ်းအားများကို ဖိနှိပ်ထားသော်လည်း သူက ထိုစွမ်းအား၏တည်ရှိမှုကို ခံစားမိနေသည်။

‘ထွက်ပြေးရမယ်’

မဟာမိစ္ဆာက တုံ့ဆိုင်းမှုမရှိဘဲ ထွက်ပြေးသွားသည်။

All Chapters