← Chapters

အခန်း (၆၂၂)

Vol. 45 Ch. 622

အခန်း (၆၂၂)

Vol. 45 Ch. 622

သူက ဤနေရာမှ ထွက်သွားပြီး ကောင်းကင်နှင့်မြေကြီး၏အချုပ်အနှောင်ကို ရှင်းထုတ်နိုင်လျှင် ထိုဓားချက်မှ လွတ်မြောက်နိုင်လိမ့်မည်။

သူက မိုင်တစ်ထောင်အထိ ပျံသန်းသွားပြီး စိတ်သက်သာရာရစွာ သက်ပြင်းချသည်။

ဤနေရာတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက လျော့နည်းနေပြီး ကံကြမ္မာစွမ်းအား၏သက်ရောက်မှုလည်း မရှိတော့ပေ။

သို့သော် သူသက်ပြင်းချလိုက်သောအချိန်တွင် မျက်လုံးပြူးသွားပြီး ဖြည်းဖြည်းချင်း ခေါင်းငုံ့ကြည့်မိသည်။

သူ့ရင်ဘတ်တွင် ဓားဒဏ်ရာတစ်ခု ရှိနေသည်။

သူက ထိုဓားချက်ရောက်လာသောအချိန်ကို မသိလိုက်ပေ။ ယခုအချိန်မှ ဓားဒဏ်ရာကို သတိထားမိသည်။

‘ငါထွက်ပြေးနေတဲ့အချိန်တုန်းကလား ဒါမှမဟုတ် ဓားအလင်းဖြစ်ပေါ်လာတဲ့အချိန်မှာလား’

“ဘုန်း”

အားဖြည့်ပေးနေသော ချီစွမ်းအားများ ပေါ်ထွက်လာသည်။

ဝိညာဉ်ကိုယ်ခွဲအထွတ်အထိပ်အဆင့် မဟာမိစ္ဆာတစ်ယောက် ကျဆုံးသွားခဲ့သည်။

ဟန်မူယဲ့က ခွန်အားပြောင်းလဲမှုကို အာရုံခံကြည့်ပြီး လေဟာနယ်အက်ကွဲကြောင်း၏ရှေ့တွင် တည်ငြိမ်စွာရပ်နေသည်။

သူ့နောက်တွင် တောက်ပနေသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ တည်ရှိသည်။

ယခုအချိန်တွင် သူက ဝမ်မော့ရှန်နှင့် ချန်ချင်းကျစ်တို့ကဲ့သို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပေါင်းစပ်လိုက်သည်။

လောက၏စွမ်းအားကို ငှားယူပြီး သန်းချီသောမိစ္ဆာများကို သတ်ဖြတ်မည်။

ထိုအရာသည် ကျင့်ကြံခြင်းပင်ဖြစ်သည်။

သတ် ....

ဟန်မူယဲ့၏ရှေ့တွင် ကောင်းကင်အဆင့်ဖြစ်စေ၊ ကမ္ဘာမြေအဆင့်ဖြစ်စေ၊ ကြေးခွံနက်မိစ္ဆာဖြစ်စေ၊ သက်တံရောင်ကြေးခွံမိစ္ဆာဖြစ်စေ သူ၏ဓားကို တားဆီးနိုင်သောလူ မရှိခဲ့ပေ။

ကြယ်အလင်းသည် ဓားတစ်လက်ဖြစ်လာသည်။ ထိုဓားသည် လေဟာနယ်အတားအဆီးများကို လျစ်လျူရှုထားနိုင်သည်။ မိစ္ဆာတစ်ကောင်က မိုင်ထောင်ချီအကွာအထိ ထွက်ပြေးသွားမည်ဆိုလျှင်ပင် ဓားချက်ကြောင့် တစ်ခါတည်း အသတ်ခံလိုက်ရလိမ့်မည်။

ဝိညာဉ်သူငယ်အဆင့်၊ ဝိညာဉ်ကိုယ်ခွဲအဆင့်၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်များအတွက် ဓားချက်အနည်းငယ် ပိုသုံးပေးလိုက်ရုံသာဖြစ်သည်။

လေဟာနယ်အက်ကွဲကြောင်း၏တခြားဘက်တွင် ဟန်မူယဲ့၏ဓားအလင်းကို တားဆီးနိုင်သောလူ မရှိခဲ့ပေ။

သူက ဓားနည်းစနစ်များအားလုံးကို အဆုံးစွန်အထိ ထုတ်သုံးနိုင်သည်။

သူ၏ သာမန်ဓားချက်တစ်ချက်သည် ကောင်းကင်အဆင့်ကျင့်ကြံသူတစ်ဦးကို ခေါင်းဖြတ်ပစ်နိုင်သည်။

သူ၏ဓားနည်းစနစ်များကို မခန့်မှန်းနိုင်ပေ။

သူက အဆုံးမရှိသောသတ်ဖြတ်မှုများကြောင့် စိတ်အခြေအနေ မြင့်မားလာသည်။

ဟန်မူယဲ့က ဓားအလင်းများနှင့်အတူ လေဟာနယ်အက်ကွဲကြောင်း၏ရှေ့တွင် သုံးလတိတိ မတ်တပ်ရပ်နေခဲ့သည်။

ထိုသုံးလအတွင်း၌ သူက လေဟာနယ်အက်ကွဲကြောင်း၏ရှေ့တွင် ခြေတစ်လှမ်းနောက်ဆုတ်မသွားဘဲ မရေမတွက်နိုင်သော ဝိညာဉ်သံချပ်ကာမိစ္ဆာများကို သတ်ဖြတ်နေခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲသို့ ချီစွမ်းအင်များ ဆက်တိုက်ရောက်လာပြီး ကျင့်ကြံဆင့် မြင့်တက်လာသည်။

ယခုအချိန်တွင် သူက ဝိညာဉ်ကိုယ်ခွဲအဌမအဆင့်သို့ ရောက်နေခဲ့သည်။

သူက ကျင့်ကြံခြင်းအမြန်နှုန်းကို မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားနေရသည်။

တာအိုပြိုင်ပွဲနယ်မြေတွင် အခွင့်အရေးရှာဖွေရန်အတွက် လူအများအပြားရောက်လာခဲ့သည့်အတွက် အံ့အားသင့်နေရန် မလိုအပ်တော့ပေ။

ဤအထောက်အပံစွမ်းအားမျိုးသည် လူများကို ရူးသွပ်သွားစေနိုင်သည်။

“ဘုန်း”

ဓားချက်ကျဆင်းလာပြီး လေဟာနယ်သည် ဗလာဖြစ်သွားခဲ့သည်။

နောက်ဆုံးကျန်နေသော ဝိညာဉ်သံချပ်ကာမိစ္ဆာက သတ်ဖြတ်ခံလိုက်ရသည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာများ နောက်ဆုတ်သွားကြသည်။

ဟန်မူယဲ့က ကျယ်လောင်စွာရယ်သည်။

သူ့ခေါင်းပေါ်တွင်ရှိသော ဓားကလည်း တုန်ခါနေသည်။

ဓားတာအို၊ ပြီးပြည့်စုံခြင်း ....

ထိုအဆင့်ကို စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။

သူက လူသားလောက၏ ဓားတာအိုကျင့်ကြံခြင်းတွင် အထွတ်အထိပ်အဆင့်သို့ ရောက်သွားခဲ့သည်။ သူက ရှေ့ဆက်သွားလျှင် တခြားလူများမလျှောက်ဘူးသော လမ်းစဉ်ကို လျှောက်လှမ်းရတော့မည်။

ထိုအချိန်တွင် သူက ကိုယ်ပိုင်လမ်းစဉ်၏ ဘိုးဘေးတစ်ယောက်ဖြစ်လာပြီး ဓားတာအိုဘိုးဘေးဟု ခေါ်ဆိုခံရမည်။

“ငါက ဒီလိုဖြစ်လာခဲ့ပေမဲ့လည်း ခရီးရှည်ကြီး ဆက်လျှောက်ရအုံးမယ် ....”

ဟန်မူယဲ့၏ပတ်ဝန်းကျင်တွင် ဓားအမြုတေများ လွင့်မျောနေသည်။ သူက တီးတိုးရေရွတ်လိုက်ပြီး ချီစွမ်းအင်အလင်းများကို ရုတ်သိမ်းသည်။

သူက အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် ဆုံတွေ့ပြီး အထွတ်အထိပ်လမ်းစဉ်ကို မမြင်ခဲ့လျှင် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေလိမ့်မည်။

သို့သော် ထိုသို့ အထွတ်အထိပ်စွမ်းအားကို မြင်ခဲ့ရသောကြောင့် သူက အောင်မြင်မှုအသေးစားလေးများကို ဂရုမစိုက်တော့ပေ။

ဓားတာအိုကို ပြီးပြည့်စုံသောအဆင့်အထိ လေ့ကျင့်နိုင်ခဲ့သော်လည်း တာအိုဘိုးဘေးတစ်ယောက်ဖြစ်မလာလျှင် ဂုဏ်ယူစရာမရှိပေ။

“ဘုန်း”

လေဟာနယ်အက်ကွဲကြောင်းက ဖြည်းဖြည်းချင်း ပိတ်သွားသည်။

ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကြောင့် ဖြစ်သည်။

ဟန်မူယဲ့က အထောက်အပံ့ချီစွမ်းအင်များကြောင့် ဝိညာဉ်ကိုယ်ခွဲအဌမအဆင့်သို့ ရောက်လာခဲ့သည်။

ဟန်မူယဲ့က တိုးတက်လာသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို ခံစားကြည့်နိုင်သည်။

ထိုအရာသည် သူတစ်ယောက်တည်း၏ဆောင်ရွက်ချက် မဟုတ်ပေ။

သူက အရှေ့ပင်လယ်၏ ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကို ရှင်းထုတ်ပစ်နိုင်ခဲ့သည်။

အရှေ့ပင်လယ်တွင် နှစ်ပေါင်းတစ်သောင်းအထိ ကျူးကျော်ထားခဲ့သော ဝိညာဉ်သံချပ်ကာမိစ္ဆာက ဤတစ်ကြိမ်တွင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။ တချို့နေရာများတွင် မိစ္ဆာအနည်းငယ် ပုန်းအောင်းနေသေးသော်လည်း ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။

ကောင်းကင်ထက်တွင် လေဟာနယ်အက်ကွဲကြောင်းက အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။

ဟန်မူယဲ့က ကျောပေါ်တွင် ဓားအိမ်သယ်ထားပြီး ခြေတစ်လှမ်းချင်းစီ ပြန်လှည့်လာသည်။

ယွီစန်းနယ်မြေသို့ ပြန်ရောက်လာသောအချိန်တွင် စိမ်းလန်းသောပတ်ဝန်းကျင်ကို မြင်လိုက်ရသည်။

ဓားကျင့်ကြံသူများ၏ကိုယ်ပေါ်တွင် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ ရှိနေသည်။

သူတို့က သိပ်မသန်မာပေ။ အများစုက ကောင်းကင်တစ်ဝက်အဆင့်တွင် ရှိနေသည်။ တချို့က ရွှေအမြုတေ သတ္တမအဆင့်နှင့် အဌမအဆင့်တွင် ရှိကြသည်။

သူ့နောက်သို့ ဓားကျင့်ကြံသူနှစ်သိန်းကျော် လိုက်လာခဲ့သည်။ သူတို့က ကမ္ဘာမြေသွေးကြောဖွင့်အဆင့်သို့ ရောက်ခါစဖြစ်ကြသည်။ အများစုသည် အခြေခံအုတ်မြစ်အဆင့်တွင်သာ ရှိနေခဲ့သည်။

ယခုအချိန်တွင် သူတို့က အနိမ့်ဆုံး ရွှေအမြုတေအဆင့်သို့ ရောက်နေခဲ့သည်။

ကောင်းကင်နှင့်မြေကြီး၏ အထောက်အပံ့ချီစွမ်းအားများကြောင့် ဓားကျင့်ကြံသူများက လျင်မြန်စွာတိုးတက်လာခဲ့သည်။

“အင်မော်တယ်ဟန်၊ ကျွန်တော်တို့က ယွီစန်းနယ်မြေမှာရှိတဲ့ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေကို ရှင်းထုတ်လိုက်ပါပြီ။ ကောင်းကင်နဲ့မြေကြီးရဲ့ အထောက်အပံ့ချီစွမ်းအားတွေကြောင့် ကျွန်တော်တို့အားလုံးက လျင်လျင်မြန်မြန် တိုးတက်လာခဲ့ပါတယ်”

ကူယွမ်လုံက ဦးညွှတ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“ကျွန်တော်တို့က အရိုးဖြူတောင်တန်းကို ပင်လယ်ကြမ်းပြင်မှာ မြှုပ်နှံလိုက်ပါတယ်။ ပြီးတော့ ပင်လယ်ကြမ်းပြင်က ကျောက်တုံးတွေကိုယူပြီး လွင့်မျောတောင်တန်းအသစ် တည်ဆောက်ခဲ့ပါတယ်”

ကောင်းထန်ကျင်းက ရှေ့တွင်ရှိသော တောင်တန်းကို ညွှန်ပြသည်။

“ကျေးဇူးပြုပြီး နာမည်ပေးလိုက်ပါ အင်မော်တယ်ဟန်”

နာမည်ပေးရမည်။

လူတိုင်းက ဟန်မူယဲ့နှင့် လွင့်မျောတောင်တန်းကို ကြည့်လိုက်ကြသည်။

အရိုးဖြူတောင်တန်းမဟုတ်တော့ဘဲ တောင်တန်းအစစ်ဖြစ်သည်။

ထိုနေရာတွင်ရှိသောအပင်များကို သူတို့အားလုံးက စိုက်ပျိုးခဲ့ကြသည်။

အစစ်အမှန်ကုန်းမြေဖြစ်သည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး ဓားအလင်းတစ်ခုက တောင်တန်းပေါ်သို့ ကျဆင်းသွားခဲ့သည်။

ချီစွမ်းအင်အလင်းများနှင့်အတူ စာလုံးနှစ်လုံး ပေါ်ထွက်လာသည်။

အောင်ပွဲခံခြင်းဟုအဓိပ္ပာယ်ရသော ‘ချင်းယွီ’တောင်တန်း ဖြစ်သည်။

ယွီစန်းသည် အောင်ပွဲနယ်မြေတစ်ခု ဖြစ်လာသည်။

လေဟာနယ်စွမ်းအားများ ပျောက်ကွယ်သွားပြီး သဘာဝစွမ်းအင်များ စုစည်းလာခဲ့သည်။

ဟန်မူယဲ့က အဝတ်များကို ဆွဲဆန့်လိုက်ပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။

“ဓားအင်မော်တယ်ကို သတင်းပို့ပါတယ်။ အိမ်ရှေ့စံယွင်သွမ့်က စန့်ယွီကို သိမ်းပိုက်ပြီးသွားပါပြီ။ ဓားကျင့်ကြံသူသုံးသန်းက စန့်ယွီကိုစောင့်ကြပ်နေပြီး ဝိညာဉ်သတ္တုမိုင်းတွင်းနဲ့ ဝိညာဉ်ပုလဲလုံးတွေကို အစွမ်းကုန်တူးဖော်နေပါတယ်”

“အရှေ့ပင်လယ်ရဲ့ ဓားကျင့်ကြံသူတွေက ဝိညာဉ်သံချပ်ကာမိစ္ဆာတွေကို သတ်ဖြတ်ခဲ့ပါတယ်။ အရှေ့ပင်လယ်တစ်ခုလုံးမှာ ပုန်းအောင်းနေတဲ့ ဝိညာဉ်သံချပ်ကာမိစ္ဆာအချို့ပဲ ကျန်ပါတော့တယ်”

ကူယွမ်လုံနှင့်တခြားလူများက ရှုပ်ထွေးနေသောမျက်နှာထားများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

လူတစ်ယောက်နှင့် အမိန့်စာတစ်ခုက အရှေ့ပင်လယ်၏အခြေအနေကို ပြောင်းလဲသွားစေခဲ့သည်။

ကောင်းကင်ထက်တွင် ဓားတစ်လက်ရှိနေပြီး ပြင်ဘုံရန်သူများကို တားဆီးထားခဲ့သည်။

သန်းချီသော တစ်ကိုယ်တော်ကျင့်ကြံသူများက စန့်ယွီကို သိမ်းပိုက်ထားသည်။ အင်အားစုကြီးများက စကားတစ်ခွန်းမှ မပြောရဲပေ။

ယခင်က အရှေ့ပင်လယ်၏ အင်အားစုအမျိုးမျိုးသည် ဟန်မူယဲ့၏စိန်ခေါ်ပွဲကို တွေးကြည့်ဖူးသည်။

ဟန်မူယဲ့က ဓားတစ်လက်ကိုင်ထားပြီး အဓိကဂိုဏ်းကြီးများကို တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း စိန်ခေါ်နိုင်သည်။

သို့မဟုတ် အလယ်ပိုင်းကုန်းမြေ၏စွမ်းအားကို အသုံးပြုပြီး ဂိုဏ်းအသီးသီးကို ဖိနှိပ်နိုင်သည်။

သူက ထိုသို့မလုပ်ခဲ့ပေ.

ဟန်မူယဲ့က လွန်ခဲ့သောနှစ်ဝက်ခန့်တွင် အရှေ့ပင်လယ်သို့ ရောက်လာပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော ဝိညာဉ်သံချပ်ကာမိစ္ဆာကလန်ကို ဖျက်ဆီးခဲ့သည်။

သူက ပြောသည့်အတိုင်း ဆောင်ရွက်ခဲ့သည်။

ထို့နောက် သူက အရှေ့ပင်လယ်၏ဓားကျင့်ကြံသူများကို စိန်ခေါ်လိမ့်မည်။

ကူယွမ်လုံနှင့်တခြားလူများက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေကြသည်။

သူတို့က ဟန်မူယဲ့၏နောက်သို့လိုက်ပြီး အရှေ့ပင်လယ်ကိုလွှမ်းမိုးရန် စိတ်အားထက်သန်နေကြသည်။

“ကောင်းတယ်။ အခု ဝိညာဉ်သံချပ်ကာမိစ္ဆာတွေကို ဖြေရှင်းပြီးသွားပြီဆိုတော့ အရှေ့ပင်လယ်ရဲ့ ဓားကျင့်ကြံသူတွေက စိုးရိမ်စရာမရှိတော့ဘူးပေါ့”

ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် ပေါ့ပါးစွာပြောသည်။

“အရှေ့ပင်လယ်ရဲ့ ဓားတာအိုက ဘယ်လောက်ကောင်းသလဲဆိုတာကို ငါမြင်ချင်တယ်”

ဟန်မူယဲ့၏နောက်တွင် မူလဝိညာဉ်ဓား ပေါ်ထွက်လာသည်။

သူက တင်ပျဉ်ခွေထိုင်ပြီး ဖြည်းဖြည်းချင်းမျက်လုံးမှိတ်သည်။ သူ့ရှေ့တွင် တောက်ပနေသော အလင်းလွှာတစ်ခု ပေါ်လာသည်။

အလင်းလွှာထဲတွင် မိုင်ထောင်ချီအကွာအထိ ပျံသန်းသွားသော မူလဝိညာဉ်ဓားကို မြင်နိုင်သည်။

ဟန်မူယဲ့က အစစ်အမှန်ခန္ဓာကိုယ်ကို မလှုပ်ရှားဘဲ မူလဝိညာဉ်ဓားဖြင့် အရှေ့ပင်လယ်ကို စိန်ခေါ်တော့မည်။

‘ဒါက မောက်မာတာလား ဒါမှမဟုတ် ယုံကြည်ချက်ရှိတာလား’

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဟန်မူယဲ့က ထန်တောင်ကုန်းဓားဂိုဏ်းရဲ့ ဓားတာအိုကျင့်ကြံခြင်းကို လေးစားပါတယ်။ အဲဒါကြောင့် တိုက်ခိုက်လို့ရနိုင်မလား ....”

သူ့အသံက မိုင်ထောင်ချီအကွာအထိ ပဲ့တင်ထပ်သွားသည်။

ဓားတစ်လက်ဖြင့် အရှေ့ပင်လယ်တစ်ခုလုံးကို စိန်ခေါ်သည်။

ထန်တောင်ကုန်းဓားဂိုဏ်း၏ ဂိတ်ပေါက်ဝတွင် လူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။

အစိမ်းရောင်ဝတ်စုံနှင့် မော့ယွမ်က အပြုံးတစ်ခုနှင့်အတူ ရေညှိတက်နေသောလှေကားထစ်တွင် ရပ်နေသည်။

“ဆရာမော့၊ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အင်မော်တယ်ဟန်က ဓားတစ်လက်နဲ့ အရှေ့ပင်လယ်ကို ဖိနှိပ်ချင်နေတယ်။ ဆရာမော့က ဘယ်လိုထင်မိလဲ”

အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က တိုက်ခိုက်လိုစိတ်များဖြင့် ကျယ်လောင်စွာပြောသည်။

သူ့နောက်တွင် မကျေမနပ်ဖြစ်နေပုံရသော လူငယ်အများအပြား ရှိနေကြသည်။

သူတို့၏အမြင်တွင် ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်တာအိုစွမ်းအားကို အသုံးပြုပြီး အရှေ့ပင်လယ်တွင် သောင်းကျန်းနေသည်။ သူက တခြားလူ၏စွမ်းအားဖြင့် ဂိုဏ်းများကို အသံမထွက်နိုင်အောင် ဖိနှိပ်ထားသည်။

အကယ်၍ သူ့တွင် စွမ်ရည်အစစ်အမှန်ရှိလျှင် အဆင်ပြေသည်။

သို့သော် အလယ်ပိုင်းကုန်းမြေမှ အမတ်ချုပ်ကြီးဝမ်၏စွမ်းအားကို ငှားယူထားသည်။

All Chapters