← Chapters

အခန်း (၆၂၆)

Vol. 45 Ch. 626

အခန်း (၆၂၆)

Vol. 45 Ch. 626

ဓား၏မှတ်ဉာဏ်များအရ ဆည်သည် အလွန်အဆင့်မြင့်သော ကျင့်ကြံခြင်းလောကတစ်ခုဖြစ်ပြီး ရှေးတိမ်တိုက်စကြဝဠာကိုပင် လွှမ်းမိုးနိုင်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် အကြောင်းပြချက်တချို့ကြောင့် ရှေးခေတ်မဟာကျင့်ကြံသူကြီးများ ပါဝင်လာသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ကောင်းကင်နှင့်မြေကြီးက ပြိုကျသွားပြီး ကြယ်များ ပေါက်ကွဲသွားသည်။ နောက်ဆုံးတွင် ဆည်တစ်ခု ဖြစ်လာခဲ့သည်။

ဆည်ပြင်ပတွင်ရှိသော ကျင့်ကြံသူများက ဆည်အတွင်းပိုင်းကို စစ်ဆေးကြည့်ချင်သော်လည်း ဝင်ရောက်ရန် ခက်ခဲသည်။ ဆည်အတွင်းမှ ထွက်သွားချင်သူများကလည်း ထွက်မသွားနိုင်တော့ပေ။

နောက်ပိုင်းတွင် ဆည်ပြင်ပ၏ကျင့်ကြံသူများက အမွေအနှစ်များကို လက်ဆင့်ကမ်းပေးပြီး ဖြည်းဖြည်းချင်း သန်မာလာသည်။ ဆည်၏အမွေအနှစ်ကတော့ ပြတ်တောက်သွားပြီး မဟာကျင့်ကြံသူကြီးများ ကျဆုံးသွားသည့်အတွက် ဖြည်းဖြည်းချင်း အားနည်းလာသည်။

နှစ်သောင်းချီအကြာတွင် ဆည်ပြင်ပ၏ကျင့်ကြံသူများက သူတို့ကြောက်ရွံ့ခဲ့ရသော နတ်ဘုရားကျဆုံးနယ်မြေသည် အလွန်အားနည်းသွားကြောင်း သိလိုက်ကြသည်။

ကျန်ရှိနေသော ကျွမ်းကျင်သူအချို့က ဆည်ပြင်ပမှ ကျင့်ကြံသူများကို ခုခံထားသောကြောင့် ဆည်က သူတို့၏လက်တွင်းသို့ ကျရောက်မသွားခဲ့ပေ။

ဟန်မူယဲ့က စစ်ပွဲမြင်ကွင်းများကို ပြန့်ကျဲကြယ်ကျွန်းတွင် မြင်ခဲ့ရသည်။

ဆည်အတွင်းရှိကျင့်ကြံသူများကို ရှင်းထုတ်ရန်အတွက် စစ်တပ်ကို မကြာခဏ စေလွှတ်ခဲ့သည်။ သူတို့က နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။ ဥပမာအနေဖြင့် ဝိညာဉ်သံချပ်ကာမိစ္ဆာများကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ရှေးတိမ်တိုက်စကြဝဠာ၏ အထိန်းအကွပ်မဲ့နေသော ကျင့်ကြံသူများက အောင်မြင်သွားခဲ့သည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာများက အဆုံးမရှိသောအရင်းအမြစ်များကို သိမ်းယူထားပြီး နေရာအနှံ့တွင် တိုက်ခိုက်နေသည်။ သူတို့က အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ကျွမ်းကျင်သူများကိုပင် သေဆုံးစေခဲ့သည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာက အင်အားစုများကို မထိန်းချုပ်နိုင်တော့ဘဲ ဖရိုဖရဲဖြစ်လာသည်။

ဆည်အတွင်းသို့ တိတ်ဆိတ်စွာဝင်ရောက်လာပြီး လုယက်သတ်ဖြတ်မှုများကို ပြုလုပ်နေသော ကျင့်ကြံသူအချို့လည်း ရှိကြသည်။

ဆည်ပြင်ပတွင် ထိုဖြစ်ရပ်မျိုးကို အားပေးသည်။ လုယက်လာသောပစ္စည်းများကို လဲလှယ်ရန်အတွက် အထူးနေရာတစ်ခုပင် ရှိနေသေးသည်။

“ဖရိုဖရဲနတ်ဘုရားခန်းမ”

ရှေးတိမ်တိုက်စကြဝဠာ၏ အစွန်အဖျားတွင် ရှေးနတ်ဘုရားကျဆုံးနယ်မြေနှင့် ပတ်သတ်သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးသည့် နေရာများ ရှိနေကြသည်။

ထိုနေရာတွင် သူတို့က ဆည်၏ အရင်းအမြစ်နှင့် သတင်းအချက်အလက်များကို လဲလှယ်ကြသည်။ တိုက်ခိုက်မှုပြုလုပ်ရန်အတွက် စီစဉ်ကြသည်။

“အဆုံးမဲ့ပင်လယ်ရဲ့ ပြန့်ကျဲကြယ်ကျွန်းက ဖရိုဖရဲနတ်ဘုရားခန်းမမှာ ပါဝင်နေတာ အချိန်အတော်ကြာသွားပြီပဲ”

ဓား၏မှတ်ဉာဏ်များမှတစ်ဆင့် ဟန်မူယဲ့က အဆုံးမဲ့ပင်လယ်၏ပုံရိပ်များကို မြင်လိုက်ရသည်။

အဆုံးမဲ့နတ်ဘုရားဘုရင်များတွင် ဆည်အပြင်ဘက်မှရောက်လာသော ဓားတစ်လက် ရှိနေသည်။ သူတို့က ထိုဓားကို နားလည်ရန်အတွက် နည်းလမ်းရှာကြလိမ့်မည်။

သူတို့အတွက် ကောင်းခြင်း၊ ဆိုးခြင်း မရှိပေ။ သူတို့က ကိုယ်ပိုင်လွတ်မြောက်ရာလမ်းစဉ်ကိုသာ ရှာဖွေကြသည်။

ပြန့်ကျဲကြယ်ကျွန်းများကို မရေမတွက်နိုင်သော နတ်ဘုရားဘုရင်များက ပူးပေါင်းတည်ဆောက်ထားခဲ့သည်။ ထိုနေရာသည် ရှေးခေတ်နတ်ဘုရားများ ကျဆုံးသွားသောနေရာဖြစ်ပြီး ရှေးတိမ်တိုက်စကြဝဠာနှင့် အရောင်းအဝယ်လုပ်သောနေရာလည်း ဖြစ်သည်။ ဖရိုဖရဲနတ်ဘုရားခန်းမများနှင့်လည်း ဆက်သွယ်နေသည်။

စန့်ယွီတွင်ရှိနေသော အရိုးစုများသည် ရေနဂါးများကိုအမဲလိုက်ရန်အတွက် ဖရိုဖရဲနတ်ဘုရားခန်းမမှ တာဝန်ပေးထားသော ရှေးတိမ်တိုက်စကြဝဠာ၏ ကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော် ထိုလူများက ကံဆိုးသွားသည်။ သူတို့ရောက်လာ‌သောအချိန်တွင် ရေနဂါးများ၏လက်ချက်ကြောင့် ချက်ချင်းသေဆုံးသွားခဲ့သည်။

ဝိညာဉ်သံချပ်ကာမိစ္ဆာကလည်း သေဆုံးသွားခဲ့သော်လည်း အကြွင်းအကျန်ဝိညာဉ်တစ်ခုကို ဖွက်ထားခဲ့သည်။

ထိုသို့ဖြင့် တာအိုဆရာတယန်က ဤနေရာကို မတော်တဆ ရှာတွေ့ခဲ့သည်။

ဟန်မူယဲ့က ဓားကိုင်ထားပြီး မျက်လုံးများတောက်ပလာသည်။

သူက လိုအပ်နေသောအရာကို ရရှိသွားပြီဖြစ်သည်။

ဆည်ပြင်ပတွင်ရှိသော ရှေးတိမ်တိုက်စကြဝဠာသည် အဆုံးမရှိသောအရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီး စံချိန်မီဓားအမျိုးမျိုးကို အများအပြား ထုတ်လုပ်နိုင်သည်။

ထို့အပြင် ဓားအမြုတေအဖြစ် သန့်စင်နိုင်သော မရေမတွက်နိုင်သည့် ဝိညာဉ်ဆေးပင်များလည်း ရှိနေသည်။

ဟန်မူယဲ့က လက်မြှောက်၍ ပတ်ဝန်းကျင်တွင်ရှိသောဓားများကို စုစည်းလိုက်သည်။

ခဏအကြာတွင် ကြယ်မြေပုံတစ်ခု ပေါ်လာသည်။

ဆည်ထဲသို့ ဝင်လာချင်လျှင် အန္တရာယ်ရှိသောနေရာများကို ဖြတ်သန်းရမည်။ ထို့အပြင် စောင့်ကြပ်နေသော ကျွမ်းကျင်သူများလည်း ရှိကြသည်။

ဆည်ထဲတွင် ရှေးခေတ်နတ်ဘုရားများ၏ တိုက်ပွဲကြောင့် ရှေးခေတ်စွမ်းအားအကြွင်းအကျန်များ ရှိနေသည်။ လူတစ်ယောက်က ဂရုမစိုက်မိလျှင် သေဆုံးသွားလိမ့်မည်။

ဖရိုဖရဲနတ်ဘုရားခန်းမတွင် တာဝန်လက်ခံထားသောလူများက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားတွင် သွားလာနေပြီး ကြွယ်ဝမှုကို ရှာဖွေလိုသောလူများ ဖြစ်ကြသည်။

“စွန့်စားသူတွေအတွက် ကောင်းကင်ဘုံတစ်ခုပဲ”

ဟန်မူယဲ့က လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ရှေ့တွင်ရှိနေသော ကြယ်မြေပုံကို ဖြိုခွဲလိုက်သည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်သွားကြမယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်ပြီး အနောက်အရပ်သို့ လှည့်ကြည့်သည်။

သူက ဆည်ပြင်ပသို့ သွားလိမ့်မည်။ သို့သော် ဤခန္ဓာကိုယ်နှင့် သွားမည်မဟုတ်ပေ။ နတ်ဘုရားသားရဲကိုယ်ပွားက သွားလိမ့်မည်။

ကူယွဲ့နင်အဖြစ်ပြောင်းလဲထားသော နတ်ဘုရားသားရဲကိုယ်ပွားသည် စိမ်းလန်းခြင်းနယ်မြေတွင် အခြေကျနေခဲ့သည်။ သူက တာအိုဆွေးနွေးပွဲမှတစ်ဆင့် စိမ်းလန်းခြင်းနယ်မြေတွင် အသက်အငယ်ဆုံး ဓားကျွမ်းကျင်သူတစ်ဦး ဖြစ်လာသည်။

ဝမ်မင်မြို့တွင် သိန်းချီသော ဓားကျင့်ကြံသူများ စုဝေးနေကြသည်။ ဟန်မူယဲ့က လက်တစ်ချက်ဝှေ့ယမ်းပြီး ထိုဓားကျင့်ကြံသူများကို တာအိုပြိုင်ပွဲနယ်မြေသို့ ခေါ်လာနိုင်သည်။

စိမ်းလန်းခြင်းနယ်မြေမှ အင်အားစုများ၏အမြင်တွင် မြင့်တက်လာသော ကူမိသားစုက အရင်းအမြစ်အများအပြားကို လိုအပ်နေလိမ့်မည်။

ကူယွဲ့နင်က ထိုအခွင့်အရေးကို အသုံးချပြီး ကုန်သွယ်ရေးလမ်းကြောင်းဖောက်ရန်အတွက် စိမ်းလန်းခြင်းနယ်မြေမှ ထွက်လာနိုင်သည်။

သုံးရက်အကြာတွင် စိမ်းလန်းခြင်းနယ်မြေ၌ ပေတစ်ထောင်ရှည်လျားသော သင်္ဘောပျံတစ်စင်းက ဝမ်မင်မြို့မှ ထွက်ခွာလာခဲ့သည်။

သခင်လေးကူသည် ပြင်ပဘုံတွင် လွှမ်းမိုးနိုင်စွမ်းတချို့ရှိနေကြောင်း ဝမ်မင်တစ်မြို့လုံးက သိထားကြသည်။

ဤတစ်ကြိမ်တွင် သခင်လေးကူက ပြင်ပဘုံသို့သွားရောက်ပြီး ကူမိသားစုအတွက် အရင်းအမြစ်များ စုဆောင်းတော့မည်ဖြစ်သည်။

အရင်းအမြစ်များ ရောက်လာလျှင် ကူမိသားစု၊ ဝမ်မင်မြို့နှင့် ချန်ယွဲ့ကြယ်တစ်စင်းလုံးက တိုးတက်လာလိမ့်မည်။

....

အနောက်ဘက်နယ်စပ်ကုန်းမြေ၊ တိမ်မြုံကမ်းပါး ....

ဟန်မူယဲ့က တောင်ပိုင်းကုန်းမြေတွင် ချင်းရီမင်နှင့် ခဏတာဆုံတွေ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ပြန်လာခဲ့သည်။

ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ဆယ်နှစ်နီးပါး ပြန်မလာခဲ့ပေ။

ဟန်မူယဲ့က များသောအားဖြင့် အံ့ဖွယ်ကိုးပါးတောင်သို့ ဝိညာဉ်ကိုယ်ပွားဖြင့်သာ ဆင်းသက်လာလေ့ရှိသည်။

သူက တိမ်မြုံကမ်းပါးတွင်ရပ်ပြီး အတိတ်ကို သတိရနေသည်။

သူက မိုင်ပေါင်းသန်းဆယ်ချီအထိ ခရီးသွားပြီး နောက်ဆုံးတွင် ပြန်လာနိုင်ခဲ့သည်။

ဟွမ်လောင်လျှို၊ ကောင်းရှောင်ရွှမ်နှင့် ထူစွန်းရှစ်တို့ မည်သည့်နေရာသို့ ရောက်နေကြသနည်း။

ဟန်မူယဲ့က မိစ္ဆာလမ်းစဉ်နှင့်ပတ်သတ်၍ ရှာကြည့်ခဲ့သေးသည်။

သို့သော် မိုင်ပေါင်း သန်းတစ်ထောင်ပတ်ဝန်းကျင်တွင် အားကောင်းသော မိစ္ဆာလမ်းစဉ်အင်အားစုများ မရှိခဲ့ပေ။

အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် မိစ္ဆာလမ်းစဉ်ရှိသော်လည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ကျူးကျော်လာသော မိစ္ဆာများနှင့် မသက်ဆိုင်ပေ။

ဤနေရာတွင်ရှိသော အာကာသလမ်းကြောင်းကို ချိတ်ပိတ်ထားပြီး ဖျက်ဆီးခဲ့သည်။ ထိုသို့မဟုတ်လျှင် ဟန်မူယဲ့က တစ်ချက်သွားကြည့်လိမ့်မည်။

သူ၏ လက်ရှိကျင့်ကြံဆင့်နှင့်ဆိုလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ သေချာပေါက် ပြန်လာနိုင်လိမ့်မည်။

“ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေကို ပြန်ရောက်လာခဲ့ပြီ။ တာအိုရောင်းရင်းတွေက ကြိုဆိုဖို့ စိတ်ကူးရှိကြလား”

ဟန်မူယဲ့က တိမ်မြုံကမ်းပါးပေါ်တွင် ရပ်နေပြီး ခပ်ဟဟရယ်လိုက်သည်။

သူ့အသံက မိုင်ထောင်ချီအထိ ပျံ့နှံ့သွားပြီး တိမ်တိုက်များကို လှုပ်ရှားလာစေသည်။

တာအိုပြိုင်ပွဲစတင်ချိန်တွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားက ပြောင်းလဲသွားခဲ့သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေကလည်း သက်ရောက်ခံလိုက်ရသည်။

အံ့ဖွယ်ကိုးပါးတောင်က အနောက်ဘက်နယ်စပ်ကုန်းမြေတွင် လေးစားခံရဆဲ ဖြစ်သော်လည်း ဆန့်ကျင်မှုများ ရှိလာခဲ့သည်။

အထူးသဖြင့် ဓားစံအိမ်က ဓမ္မရတနာတစ်ဝက်အဆင့် ဓား ၁၃လက်ကို ထုတ်ယူပြီး အင်အားစုများကို ယှဉ်ပြိုင်စေခဲ့သည်။ ဓား ၁၃လက်ကို ရရှိသွားသော ဂိုဏ်းများက ခွန်အားတိုးလာပြီး အံ့ဖွယ်ကိုးပါးတောင်ကို လေးစားမှု သိပ်မရှိတော့ပေ။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံးကို ခြောက်လှန့်ရန်အတွက် ထင်ပေါ်စွာ ပြန်ရောက်လာခဲ့သည်။

“ဘုန်း”

လောကသည် တုန်ခါသွားသည်။

မြေပြင်နှင့် ထိတွေ့လိုက်သော ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ပျော်ရွှင်မှုကို ခံစားကြည့်နိုင်သည်။

သူက အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်သို့ ရောက်လာခဲ့သောအချိန်တွင် မရေမတွက်နိုင်သော ဓားနည်းစနစ်များကို လေ့လာခဲ့သည်။

ထို့နောက် သူက တောင်ပိုင်းကုန်းမြေ၊ အလယ်ပိုင်းကုန်းမြေနှင့် ပြင်ပဘုံသို့ သွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူက အရှေ့ပင်လယ်၌ မော့ယွမ်နှင့် တိုက်ခိုက်ခဲ့သည်။

မော့ယွမ်၏ ဓားတစ်သောင်းတို့အိမ်အပြန် နည်းစနစ်သည် တတိယအဆင့်တွင် ရပ်တန့်သွားခဲ့သည်။

ဟန်မူယဲ့၏ နားလည်နိုင်စွမ်းက တတိယအဆင့်ကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်သည်။

ဟန်မူယဲ့က မော့ယွမ်နှင့်တိုက်ခိုက်ပြီး ဓားတာအိုဉာဏ်အလင်းများ ပိုရလာခဲ့သည်။

သူက ခြေတစ်လှမ်းချင်းစီ ရှေ့ဆက်လျှောက်လာပြီး ခန္ဓာကိုယ်တွင် ပုံရိပ်များ ပေါ်လာကြသည်။

လေသည် ညင်သာပြီး သွက်လက်သည်။ ဓားအဖြစ် အသုံးချနိုင်သည်။

လေဓာတ်မျိုးဆက် ဓားနည်းစနစ်သည် လျင်မြန်သွက်လက်မှုရှိသည်။

ကောင်းကင်ထက်တွင်ရှိနေသော တိမ်တိုက်များကိုလည်း ဓားအဖြစ် သုံးနိုင်သည်။

တိမ်တိုက်မျိုးဆက်ဓားနည်းစနစ်၊ ကျင်းရှု ....

ကမ္ဘာမြေသည် လေးလံပြီး တောင်တန်းနှင့်မြစ်များကို ဓားအဖြစ် သုံးနိုင်သည်။

မြေဓာတ်မျိုးဆက်ဓားနည်းစနစ်၊ တောင်တန်းသဏ္ဍာန် ....

....

သူ၏ ခြေတစ်လှမ်းချင်းစီသည် ဓားနည်းစနစ်အသစ်တစ်ခု ဖြစ်နေသည်။

ဤလောကတွင် ဓားတာအိုမရှိပေ။ လူအများအပြားက ဓားကို လေ့ကျင့်ခဲ့သောကြောင့် ဓားထဲတွင် မရေမတွက်နိုင်သော မဟာတာအိုများ ရှိလာခဲ့သည်။

မိုင်တစ်သောင်းအထိ ရောက်လာသောအချိန်တွင် ဟန်မူယဲ့၏ပတ်ဝန်းကျင်၌ သောင်းချီသော ဓားနည်းစနစ်ပုံရိပ်များ စုစည်းနေပြီဖြစ်သည်။

ထိုအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံး၏ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများ စုစည်းလာသည်။

တာအိုပြိုင်ပွဲမတိုင်ခင် ထိုဓားနည်းစနစ်များဖြင့် သူတော်စင်တစ်ဝက်အဆင့်သို့ ဝင်ရောက်နိုင်ပြီး လူသားအင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မည်။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင်ရှိသော ကျင့်ကြံသူများက မလှုပ်ရှားရဲကြပေ။

သူတို့က ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိနေသော ဓားပုံရိပ်တစ်ခုကိုပင် ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

ထိုကျွမ်းကျင်သူမျိုးကို မည်သူက ထိရဲမည်နည်း။

ယခုအချိန်မှစ၍ ဟန်မူယဲ့က ဘုံကိုးပါးအထိ ထိုးတက်သွားပြီး အင်မော်တယ်ကမ္ဘာသို့ ပြန်ရောက်သွားပြီဖြစ်သည်။

ဟန်မူယဲ့က မိုင်ရှစ်သောင်းလမ်းလျှောက်လာပြီး အံ့ဖွယ်ကိုးပါးတောင်ခြေသို့ ရောက်သွားသောအချိန်တွင် စုစည်းနေသောဓားပုံရိပ်က ပေတစ်သန်းအထိ မြင့်မားနေခဲ့သည်။

သူက အံ့ဖွယ်ကိုးပါးတောင်ပေါ်သို့ တက်သွားသောအချိန်တွင် တုန်ခါသံများကို ကြားလိုက်ရသည်။

ဟန်မူယဲ့၏နောက်တွင်ရှိသော ဓားပုံရိပ်က ခါးတွင် ဓားတစ်လက်လွယ်ထားပြီး ဝတ်ရုံရှည်နှင့် သရဖူဆောင်းထားသော မဟာကျင့်ကြံသူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

သူက ဓားစံအိမ်ထဲသို့ ဝင်ရောက်သွားသောအချိန်တွင် ထိုပုံရိပ်က ပျောက်ကွယ်သွားပြီး အံ့ဖွယ်ကိုးပါးတောင်က သတင်းလွှင့်လိုက်သည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဓားအင်မော်တယ်ဟန်မူယဲ့က ဓားနည်းစနစ်တစ်သိန်းကို ဖန်တီးပြီး ဓားစံအိမ်၏အပြင်ဘက်တွင် ချန်ထားခဲ့သည်။ ဓားကျင့်ကြံသူများအားလုံးက ဓားနည်းစနစ်များကို လာရောက်လေ့လာနိုင်သည်။

All Chapters