← Chapters

အခန်း (၆၂၇)

Vol. 45 Ch. 627

အခန်း (၆၂၇)

Vol. 45 Ch. 627

ဓားစံအိမ်၏တတိယထပ်တွင် တံခါးပိတ်ကျင့်ကြံနေသော ဟန်မူယဲ့က ကောင်းကင်အဆင့်၏ အမြင့်ဆုံးဖြစ်သော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်ရောက်ရန် ကြိုးစားနေသည်။

သူက တာအိုပြိုင်ပွဲနယ်မြေတွင် အသန်မာဆုံးတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာလိမ့်မည်။

သိပ်မကြာခင်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ ထိပ်တန်းအဆင့်စစ်ပွဲများတွင် ပါဝင်နိုင်သော မဟာကျင့်ကြံသူကြီးတစ်ယောက် ရှိလာလိမ့်မည်။

ထိုသတင်းအပြင် အရှ့ပင်လယ်နှင့် အလယ်ပိုင်းကုန်းမြေမှ အရှေ့တောင်ဒေသကို ဖိနှိပ်ခဲ့သော ဟန်မူယဲ့၏ လုပ်ဆောင်ချက်များ ပေါ်ထွက်လာသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အခြေအနေက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ယခင်က ဓားအင်မော်တယ်ဟန်မူယဲ့သည် ယခု အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လေးစားခံပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာသည်။

နောက်ဆုံးတွင် အံ့ဖွယ်ကိုးပါးတောင်သည် ဓားတာအိုအတွက် ထိုက်တန်မှုရှိသော တော်ဝင်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

မရေမတွက်နိုင်သော ဓားကျင့်ကြံသူများသည် အံ့ဖွယ်ကိုးပါးတောင်သို့ ရောက်လာကြပြီး ဓားစံအိမ်၏အပြင်ဘက်တွင် ဓားနည်းစနစ်များကို သုံးသပ်နေသည်။

သူတို့က တံခါးပိတ်ကျင့်ကြံနေသော ဟန်မူယဲ့ကို မနှောင့်ယှက်ရဲကြပေ။

လူတိုင်းက ပထမဆုံးပေါ်ထွက်လာမည့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို စောင့်ဆိုင်းနေကြသည်။

....

စုဝေကမ္ဘာ ....

ပေတစ်ထောင်ရှည်လျားသော သင်္ဘောပျံတစ်စင်း ရောက်လာခဲ့သည်။

အဖြူရောင်ဝတ်စုံနှင့်ဟန်မူယဲ့က ကောင်းကင်၏အပြင်ဘက်တွင် ဆင်းသက်လိုက်သည်။

မဟာကျင့်ကြံသူအများအပြား ထွက်ပေါ်လာပြီး ဦးညွှတ်လိုက်ကြသည်။

တစ်ရက်အကြာတွင် ဟန်မူယဲ့က ပေတစ်ရာရှည်လျားသောဓားပျံဖြင့် ထွက်ခွာသွားခဲ့သည်။

ပေတစ်ထောင်ရှည်လျားသော သင်္ဘောပျံသည် စုဝေကမ္ဘာတွင် ကျန်ရစ်ခဲ့သည်။ စိမ်းလန်းခြင်းနယ်မြေမှ ဝမ်မင်မြို့၏ ကူကလန်သားများသည် စုဝေကမ္ဘာနှင့် အရောင်းအဝယ်ပြုလုပ်လိမ့်မည်။

အင်အားစုနှစ်ခုလုံးသည် ဓားတာအိုထွန်းကားသည်။ ထို့ကြောင့် လဲလှယ်နိုင်သောအရင်းအမြစ်များ ပေါများနေလိမ့်မည်။

ဟန်မူယဲ့၏နောက်သို့လိုက်လာသော ဓားကျင့်ကြံသူများ၏ တွက်ချက်မှုအရ ကူမိသားစု တိုးတက်လာရန်အတွက် နှစ်တစ်ရာသာ အချိန်ယူရလိမ့်မည်။

ထိုအရာကို သူတို့၏ရောင်းဝယ်မှုအပေါ်တွင် အခြေခံ၍ တွက်ချက်ထားသည်။

တာအိုဓားနှင့်အတူ ထွက်သွားသော ဟန်မူယဲ့ကို ထည့်တွက်မထားပေ။

တာအိုဓား ....

တောင်တန်းတာအိုဓားကို ပြုပြင်ပြီးသွားပြီဖြစ်သည်။ ဟန်မူယဲ့က ဓားကို သန့်စင်လိုက်ပြီး ပျံသန်း၍ ထွက်ခွာသွားသည်။

တာအိုဓား၏စွမ်းအားသည် လောကကို ဓားတစ်ချက်ဖြင့်ခုတ်ပိုင်းနိုင်သော ဝိညာဉ်ရတနာဓားနှင့် မတူညီပေ။ တာအိုဓားထဲတွင်ရှိသော နေရာလွတ်သည် အလွန်ကျယ်ဝန်းပြီး ဂိုဏ်းတစ်ဂိုဏ်းကို သယ်ဆောင်ထားနိုင်သည်။ ထို့ကြောင့် ကမ္ဘာအသီးသီးကို လွှမ်းမိုးနိုင်ခဲ့သည်။

သူက ဤဓားကိုအသုံးပြုပြီး ဓားကျင့်ကြံသူတစ်သိန်းနှင့် ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို အသက်သွင်းလိုက်လျှင် တာအိုဘိုးဘေးတစ်ယောက်ကိုပင် ခုခံနိုင်လိမ့်မည်ဟု တွေးမိသည်။

တာအိုဓားကို အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဂိုဏ်းတစ်ဂိုဏ်းက အစွမ်းကုန်သုံး၍ သန့်စင်ထားသည်။ ကောင်းကင်စက်ဝန်းဓားဝင်္ကပါသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါးမှ ဆင်းသက်လာသည်။ ဓားကျင့်ကြံသူတစ်သိန်းနှင့် ပေါင်းလိုက်လျှင် ထိုအင်အားစုမျိုးသည် လောကတွင် ရှားပါလှသည်။

ဟန်မူယဲ့က တာအိုဓားနှင့် သုံးလတိတိ ပျံသန်းလာပြီး ပျက်စီးမှုများနှင့်ပြည့်နေသော မှောင်မည်းနေသည့်နယ်မြေတစ်ခုသို့ ရောက်လာခဲ့သည်။

မရေမတွက်နိုင်သော ဥက္ကာခဲများက စွမ်းအားအမျိုးမျိုးနှင့်အတူ ရောယှက်နေသည်။

ဟန်မူယဲ့က အပြင်ဘက်တွင်ရပ်နေပြီး အနက်ရောင်လက်သည်းတစ်ခုကြောင့် ပုံရိပ်ယောင်ထဲသို့ ဆွဲသွင်းခံလိုက်ရသော ကမ္ဘာမြေသွေးကြောဖွင့်အဆင့်တွင် ရှိနေသည့် သားရဲတစ်ကောင်ကို မြင်လိုက်ရသည်။

“ဘုန်း”

ဆယ်မိုင်ခန့်ရှိသော ဥက္ကာခဲတစ်ခုက ဟန်မူယဲ့၏ဦးခေါင်းဆီသို့ ပြေးဝင်လာသည်။

ထိုဥက္ကာခဲက အလွန်လျင်မြန်ပြီး ချက်ချင်းဆိုသလိုပင် ရောက်လာသည်။ ဥက္ကာခဲက အသံများပေးနေပြီး ပတ်ဝန်းကျင်ကို ထိုးခွဲသွားသည်။

ဟန်မူယဲ့က တည်ငြိမ်စွာ ရပ်နေခဲ့သည်။

ဥက္ကာခဲက ဟန်မူယဲ့ကို ဖြတ်ကျော်သွားပြီး အဝေးတစ်နေရာတွင်ရှိနေသော ကြယ်တစ်လုံးပေါ်သို့ ကျရောက်သွားသည်။ ကြယ်က ပျက်စီးသွားခဲ့သည်။

ထိုအရာကို မြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးသည်။

သူ့မျက်လုံးများက တောက်ပလာပြီး ရှေ့တွင်ရှိနေသော ပုံရိပ်ယောင်နယ်မြေက ပျောက်ကွယ်သွားခဲ့သည်။

သားရဲများ၊ ဥက္ကာခဲများနှင့် ကြယ်များ မရှိကြပေ။

ဖရိုဖရဲဖြစ်နေသော လေဟာနယ်တစ်ခုသာ ရှိသည်။

ဤနေရာသည် ဆည်ဖြစ်သည်။

သူက ဤနေရာကို ဖြတ်သွားချင်သည်။

ဟန်မူယဲ့က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

ဆည်ထဲတွင် စွမ်းအင်အမျိုးမျိုးက ဖရိုဖရဲဖြစ်နေသည်။

သူ၏ ဓားတာအိုကျင့်ကြံခြင်းကပင် ဖိနှိပ်ခံလိုက်ရသည်။

သူ့လက်ထဲတွင်ရှိသောဓားသည် သုံးပေ ပတ်ဝန်းကျင်တွင်ရှိသော ရန်သူကိုသာ သတ်ဖြတ်နိုင်တော့သည်။

မဟာကျင့်ကြံသူကြီးများက ဆည်ကို မဖြတ်ရဲသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

သူတို့က ပိုမိုသန်မာလေ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များကို ငှားယူရလေ ဖြစ်သည်။

လောကတွင် မဟာကျင့်ကြံသူမည်မျှသည် ကိုယ်ပိုင်ခွန်အားကို ပိုင်ဆိုင်ထားကြသနည်း။

တိုက်ဆိုင်စွာဖြင့် ဟန်မူယဲ့က ကိုယ်ပိုင်ခွန်အားရှိသော မဟာကျင့်ကြံသူတစ်ယောက် ဖြစ်နေသည်။

ဓားအလင်းက လှုပ်ရှားသွားသည်။ တာအိုဓားက ငါးပေရှည်လျားသော ဓားတစ်လက်ဖြစ်သွားပြီး ဟန်မူယဲ့၏လက်ထဲသို့ ရောက်လာသည်။ သူသန့်စင်ထားသော နတ်ဘုရားသားရဲပါ့ရှား၏ ချီနှင့်သွေးများက ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြသည်။

သူ့ရင်ဘတ်တွင် ခွေပုံရိပ် ရှိနေသည်။ သူ့နောက်တွင် ပါ့ရှား၏ပုံရိပ် ရှိနေသည်။ ဟန်မူယဲ့က ဓားကိုင်ထားပြီး လျင်မြန်စွာလျှောက်သွားခဲ့သည်။

“ဂါး ....”

ဟိန်းဟောက်သံနှင့်အတူ ခေါင်းနှစ်လုံး၊ ခြေလေးဖက်၊ အနက်ရောင်ဦးချိုနှစ်ခု၊ နှစ်ပေကျော်ရှည်လျားသော သွားစွယ်များနှင့် ကြေးခွံများဖုံးလွှမ်းနေသော သားရဲတစ်ကောင်က ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

ထိုသားရဲက သန်မာပြီး လျင်မြန်သည်။ ထို့အပြင် သတ်ဖြတ်လိုစိတ်များကိုလည်း ထုတ်လွှတ်နေသေးသည်။

“ဘန်း”

သားရဲက အမြီးရှည်ကို လှုပ်ရှားလိုက်ပြီး ဆယ်ပေအရွယ်အစားရှိသော ဥက္ကာခဲကို ဖျက်ဆီး၍ ဟန်မူယဲ့ကို ကိုက်ချသည်။

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ဓားရှည်ဖြင့် လွှဲခုတ်သည်။

“ရွှပ် ....”

သားရဲက ခေါင်းတစ်လုံးပြတ်သွားပြီး အနက်ရောင်သွေးများ ပန်းထွက်လာသည်။

ဟန်မူယဲ့က သွေးပုလဲလုံးကို လှမ်းယူလိုက်သောအခါတွင် သူ၏သွေးချီများ လှုပ်ရှားသွားခဲ့သည်။

“ရှေးခေတ်ဖျက်ဆီးခြင်းသားရဲရဲ့ သွေးမျိုးဆက်လား”

ဟန်မူယဲ့က အံ့အားသင့်သွားသည်။

‘ဒီဆည်ထဲမှာ ရှေးခေတ်သားရဲတွေ ရှိနေတာလား’

ဟန်မူယဲ့က ‌ခေါင်းတစ်လုံးပြတ်သွားသော သားရဲကို ကြည့်လိုက်ပြီး ရှေးခေတ်၏ အနက်ရောင်အစင်းကြောင်းနွားသိုးနှင့် ဆင်တူသည်ဟု ခံစားလိုက်ရသည်။

သို့သော် ရှေးခေတ်အချိန်တွင် ခေါင်းနှစ်လုံးနှင့် ကြေးခွံပါသောသားရဲများ မရှိခဲ့ပေ။

ဆည်၏စွမ်းအားများသည် ထိုသားရဲများ၏သွေးမျိုးဆက်ကို ဖရိုဖရဲဖြစ်သွားအောင် ပြောင်းလဲလိုက်ပုံပေါ်သည်။

ဟန်မူယဲ့က သားရဲကို အဆုံးသတ်ပေးလိုက်ပြီး ဓားတစ်လက်နှင့်အတူ ရှေ့ဆက်လျှောက်သွားသည်။

လက်လေးဖက်လူဝံ၊ ပေသုံးရာရှည်လျားသော ခေါင်းကိုးလုံးမြွေ၊ ခန္ဓာကိုယ်တစ်ဝက်သာ ကျန်ရှိနေသော်လည်း အသက်ရှင်နေသော အနက်ရောင်ငါး ....

ဆည်ထဲတွင် ဟန်မူယဲ့က စိတ်ကူးမယဉ်ဘူးသော မရေမတွက်နိုင်လောက်သည့် သားရဲများကို မြင်လိုက်ရသည်။

ထိုသားရဲများသာမက ပေတစ်သိန်းမြင့်မားသော ‌ကျောက်တိုင်၊ မိုင်ထောင်ချီရှည်လျားသော မြစ်နှင့် တစ်နေရာတည်းတွင်ရှိနေသော နေတစ်စင်းကိုလည်း မြင်ခဲ့ရသည်။

“ဘုန်း”

ဟန်မူယဲ့၏ရှေ့တွင် ဓားအလင်းတစ်ခု ကျဆင်းလာသည်။

ရွှေရောင်ချပ်ဝတ်နှင့် မျက်နှာတစ်ခုလုံးမည်းနက်နေသော ဓားကျင့်ကြံသူတစ်ယောက် ဓားကြီးတစ်လက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ထားပြီး ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသည်။

“သစ်သားနတ်ဘုရားနန်းတော်က နတ်ဘုရားခုံရုံးရဲ့ တားမြစ်နယ်မြေတစ်ခုပဲ။ ဖြတ်သန်းသွားလာဖို့ ခွင့်မပြုဘူး”

ထိုဓားကျင့်ကြံသူ အော်ပြောလိုက်သည်။

‘သစ်သားနတ်ဘုရားနန်းတော်တဲ့လား’

ဟန်မူယဲ့က ဓားကျင့်ကြံသူကိုကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သည်။

ထိုဓားကျင့်ကြံသူကလည်း နောက်ဆုတ်သွားသည်။

ဟန်မူယဲ့က ရုတ်တရက် ခြေတစ်လှမ်းတိုးသည်။

“ဘုန်း”

ဓားအလင်းက ကျဆင်းလာပြန်သည်။

“သစ်သားနတ်ဘုရားနန်းတော်က နတ်ဘုရားခုံရုံးရဲ့ တားမြစ်နယ်မြေတစ်ခုပဲ။ ဖြတ်သန်းသွားလာဖို့ ခွင့်မပြုဘူး”

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က တစ်ဖက်ဓားကျင့်ကြံသူသည် ရုပ်သေးရုပ်တစ်ရုပ်သာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

‘နှစ်ပေါင်းမ‌ရေမတွက်နိုင်အောင် တည်ရှိနေခဲ့တဲ့ ရုပ်သေးရုပ်လား’

‘သစ်သားနတ်ဘုရားနန်းတော်က ရှိနေသေးလား’

ဟန်မူယဲ့က အနက်ရောင်မျက်နှာနှင့် ဓားကျင့်ကြံသူ၏နောက်သို့ ကြည့်လိုက်သည်။

“သစ်သားနတ်ဘုရားနန်းတော်ကို ကျူးကျော်လာတဲ့အတွက် သတ်ဖြတ်ခံရမယ်”

မျက်နှာမည်းကျင့်ကြံသူက အော်ဟစ်လိုက်ပြီး လက်ထဲတွင်ရှိသောဓားဖြင့် ဟန်မူယဲ့ကို ခုတ်ချသည်။

ဓားအလင်းက အလွန်လျင်မြန်သည်။

ဤဆည်ထဲတွင် ခွန်အားနှင့်အမြန်နှုန်း ကောင်းမွန်နေမှ သန်မာသည်ဟု ယူဆနိုင်သည်။

ထိုဓားချက်သည် လျင်မြန်မှုတွင် အားသာသည်။

မျက်နှာမည်းကျင့်ကြံသူက နှစ်ပေါင်းများစွာကြာသည်ထိ ရှိနေခဲ့သောကြောင့် အံ့အားသင့်နေရန် မလိုတော့ပေ။

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ညွှန်ပြသည်။

သူက နှေးကွေးနေပုံပေါ်သော်လည်း ဓားချက်ကို တားဆီးနိုင်ခဲ့သည်။

“ခလွမ် ....”

သူ့လက်ချောင်းက ဓားကိုယ်ထည်ကို လက်ချောင်းဖြင့်တောက်လိုက်သည်။

အစိမ်းရောင်ဓားက ပြုတ်ကျသွားခဲ့သည်။

မျက်နှာမည်းဓားကျင့်ကြံသူက တစ်ကိုယ်လုံးတုန်ခါလာပြီး တစ်ပိုင်းတစ်စစီ ဖြစ်သွားခဲ့သည်။

ထိုလက်ချောင်းသည် နတ်ဘုရားသားရဲပါ့ရှား၏ ခွန်အားဖြစ်သည်။ အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် တောင်တစ်လုံးကို ဖျက်ဆီးပစ်နိုင်သည်။

ဟန်မူယဲ့က ဓားကို ဆင့်မခေါ်နိုင်ခင် မျက်နှာမည်းကျင့်ကြံသူနှင့် အောက်သို့ပြုတ်ကျလာသောဓားက ချက်ချင်းပျောက်ကွယ်သွားသည်။

“သစ်သားနတ်ဘုရားနန်းတော်ကို ကျူးကျော်လာတဲ့အတွက် သတ်ဖြတ်ခံရမယ်”

ဓားအလင်းတစ်ခုက ဟန်မူယဲ့၏ခေါင်းကို ခုတ်ချလာသည်။ ထိုဓားချက်က ယခင်ဓားချက်များထက် သုံးဆပိုမြန်သည်။

ယခု အဖြေရသွားပြီဖြစ်သည်။

ရုပ်သေးရုပ်က မသေဆုံးနိုင်ပေ။

ဟန်မူယဲ့က မျက်လုံးများတောက်ပသွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လက်မြှောက်သည်။

“ခလွမ် ....”

ဓားက လွင့်စင်သွားပြန်သည်။

ဟန်မူယဲ့က လွင့်စင်သွားသောဓားကို ချက်ချင်းဖမ်းယူလိုက်သည်။

ဓားထဲသို့ ဓားချီများဝင်သွားသောအခါတွင် ဗလာဖြစ်နေသည်။ သူက ဓားကို သိမ်းမယူနိုင်ပေ။

သို့သော် ဟန်မူယဲ့က ဓား၏အကြောင်းကို ဂရုမစိုက်ပေ။ သူက ဓား၏မှတ်ဉာဏ်ကိုသာ သိချင်သည်။

“ဝီ”

သူ့စိတ်ထဲတွင် မရေမတွက်နိုင်သောမြင်ကွင်းများ ပေါ်ထွက်လာသည်။

ရှေးခေတ်ကျင့်ကြံသူများ၏ တိုက်ပွဲဖြစ်သည်။

စကြဝဠာတစ်ခုကို လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရုံဖြင့် တားဆီးနိုင်သော မရေမတွက်နိုင်သည့် မဟာကျင့်ကြံသူကြီးများက ချီစွမ်းအင်အလင်းများကို ထုတ်ဖော်ထားသည်။ မရေမတွက်နိုင်သောကြယ်များ ပျက်စီးသွားကြသည်။

ဓားကျင့်ကြံသူတစ်ယောက်က ဓားတစ်ချက်ဖြင့် ထောင်ချီသောကမ္ဘာများကို ဖျက်ဆီးပစ်လိုက်သည်။

မဟာကျင့်ကြံသူကြီးတစ်ယောက်က အချိန်နှင့်တည်နေရာကို ထိန်းချုပ်ထားသည်။ သူက လက်တစ်ဖက်ဝှေ့ယမ်းပြီး အချိန်ကို နောက်ပြန်ရစ်ခဲ့သည်။

ရွှေရောင်ဝတ်စုံနှင့် သရဖူဆောင်းထားသော နတ်ဘုရားတစ်ပါး ရှိခဲ့သည်။ သူ၏လှုပ်ရှားမှုတိုင်းမှာ မဟာတာအိုစွမ်းအားများ ပါဝင်နေသည်။

....

ဟန်မူယဲ့က တစ်စစီဖြစ်သွားသော ပျက်စီးခြင်းစကြဝဠာ၊ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ တိုက်ပွဲနှင့် ဆည်အပြင်ဘက်ရှိစစ်တပ်ကို မြင်ဖူးခဲ့သည်။ သို့သော်‌ ရှေးခေတ်တွင် သောင်းကျန်းနေသော မဟာကျင့်ကြံသူများ၏ပုံစံကို စိတ်ကူးမကြည့်နိုင်ခဲ့ပေ။

ထိုကျင့်ကြံသူကြီးများနှင့် ယှဉ်လိုက်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ တာအိုပြိုင်ပွဲက ကလေးကစားပွဲတစ်ခုသာ ဖြစ်သည်။

ထိုအရာသည် အစစ်အမှန် မဟာတာအိုတိုက်ပွဲ ဖြစ်သည်။

ဟန်မူယဲ့၏ရှေ့တွင် ခမ်းနားသော နန်းတော်ကြီးတစ်ခု ပေါ်လာသည်။

အစိမ်းရောင်ဝတ်စုံနှင့် နူးညံ့သောပန်းပွင့်များကို ဆင်မြန်းထားသည့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက ဖြည်းဖြည်းချင်း ရှေ့တက်လာသည်။

“သစ်သားနတ်ဘုရားမကို နှုတ်ဆက်ပါတယ် ....”

မရေမတွက်နိုင်သောအသံများ ပေါ်ထွက်လာသည်။

ရွှေရောင်ချပ်ဝတ်နှင့် မျက်နှာမည်းကျင့်ကြံသူက ဦးညွှတ်လိုက်သည်။

အဆုံးမရှိသော စစ်တပ်ဝင်္ကပါကို မြင်နိုင်သည်။

သူမသည် ရှေးခေတ်၏ မဟာကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သော သစ်သားနတ်ဘုရားမ ဖြစ်သည်။

သူမက သစ်သားနတ်ဘုရားနန်းတော်၏ သခင်မဖြစ်သည်။

“ဘုန်း”

ကောင်းကင်ထက်တွင် ဧရာမလက်ကြီးတစ်ဖက် ဆင်းသက်လာသည်။

သစ်သားနတ်ဘုရားမ၏မျက်နှာထားက လေးနက်နေပြီး သူမ၏နောက်တွင် အစိမ်းရောင်နွယ်ပင်၊ အစိမ်းရောင်သစ်ရွက်နှင့် အနီရောင်ပန်းပွင့်များ ပေါ်ထွက်လာသည်။

စွမ်းအားများအားလုံး စုစည်းသွားပြီး ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲ၍ ဧရာမလက်ကြီးကို ရစ်ပတ်လိုက်သည်။

All Chapters