အခန်း (၆၃၁)
Vol. 46 Ch. 631
“ဘန်း”
ဟန်မူယဲ့က တိုက်ခိုက်ရန်ပြင်နေသော ဘေးတွင်ရှိနေသည့် ကျင့်ကြံသူကို ကန်ထုတ်လိုက်သည်။ ထို့နောက် လက်မြှောက်ပြီး တာအိုဆရာတယန်၏ သိုလှောင်အိတ်ကို ဆွဲယူသည်။
ဟန်မူယဲ့က နတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး တာအိုဆရာတယန်ကို လှည့်ကြည့်သည်။
တာအိုဆရာတယန်က အမှန်တကယ်ပင် ရတနာအများအပြားကို ခိုးယူခဲ့သည်။
ပေသုံးရာပတ်လည်ကျယ်ဝန်းသော သိုလှောင်အိတ်ထဲတွင် အမျိုးမျိုးသော ဝိညာဉ်သတ္တုနှင့် ဝိညာဉ်ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။
ပစ္စည်းအများစုသည် ကျင့်ကြံခြင်းလောကတွင် ပျောက်ကွယ်သွားပြီဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ပေ။
‘ပွတာပဲ’
ဟန်မူယဲ့က သိုလှောင်အိတ်ကို ချိန်ဆကြည့်လိုက်ပြီး တည်ငြိမ်စွာသိမ်းယူသည်။
မည်သို့ပင်ဖြစ်စေ တာအိုဆရာတယန် ရှာတွေ့သောအရာသည် သူ့ပစ္စည်းပင် ဖြစ်သည်။
ဟန်မူယဲ့က သိုလှောင်အိတ်ကို သိမ်းလိုက်သောအခါတွင် တာအိုဆရာတယန်၏မျက်နှာက ရှုံ့တွသွားပြီး မျက်လုံးထဲတွင် နာကျင်မှုများဖြင့် ပြည့်နေသည်။
သို့သော် သူက ပြန်မတောင်းရဲပေ။
သူက တစ်ဖက်သို့လှည့်လိုက်ပြီး ဟန်မူယဲ့၏ကန်ချက်ကြောင့် လွင့်စင်သွားသော ကျင့်ကြံသူကို ခုန်အုပ်သည်။
“ဘန်း”
တာအိုဆရာတယန်က လွင့်စင်သွားသည်။
သူက ထိုလူများ၏ပြိုင်ဘက် မဟုတ်ပေ။
ဟန်မူယဲ့၏လက်သီးချက်ကြောင့် မြေပြင်ပေါ်တွင်လဲကျနေသော ကျင့်ကြံသူကလည်း ပြန်ထလာသည်။
သူတို့နှစ်ယောက်က ဟိန်းဟောက်လိုက်ပြီး ချီစွမ်းအင်အလင်းများကို ထုတ်လွှတ်၍ ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် နားလည်ထားသည်။
သူတို့နှစ်ယောက်က ဆည်ထဲတွင် မန္တန်ရွတ်ဆိုနိုင်သောကြောင့် ရှားပါးသောလူများ ဖြစ်ကြသည်။
ပြန့်ကျဲနေသောဥက္ကာခဲများက စုစည်းလာပြီး အလုံးတစ်ခုအသွင်ပြောင်းလဲ၍ ဟန်မူယဲ့ကို ဝင်တိုက်ရန် ပြင်ဆင်သည်။
ကြယ်လေပြင်းများက ပေါက်ကွဲလုနီးပါး တိုက်ခတ်လာသည်။
ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားသော်လည်း လက်သီးဆုပ်ထားသည်။
ဤဆည်ထဲတွင် ဓားတစ်လက်ဖြင့် ခုတ်ချရခြင်းထက် လက်သီးဖြင့် ထိုးနှက်ခြင်းက စိတ်ကျေနပ်စရာ ပိုကောင်းသည်။
အထူးသဖြင့် သူက နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် အလွန်ခွန်အားကောင်းသည်။
သူက ဆည်ပြင်ပတွင် မန္တန်များ၏စွမ်းအားကို မြင်ဖူးသည်။
ယခုအချိန်တွင် ထိုမန္တန်များက အလွန်အားနည်းနေသည်ဟု ခံစားရသည်။
ဆည်ထဲတွင်ရှိသော ဖရိုဖရဲဖြစ်နေသည့်စွမ်းအားများကြောင့် မန္တန်များက အစွမ်းထုတ်ပြရန် ခက်ခဲသည်။
သူက လက်သီးချက်ဖြင့် အရာအားလုံးကို ဖြေရှင်းမည်။
“ဟူး ....”
ခြေလှမ်းပြီး ခန္ဓာကိုယ်ကို လှုပ်ရှား၍ လက်သီးထိုးချသည်။
ဟန်မူယဲ့၏လှုပ်ရှားမှုများက တည်ငြိမ်ပြီး အဆက်မပြတ်ဖြစ်နေသည်။
ဤတစ်ကြိမ်တွင် တစ်ဖက်ကျင့်ကြံသူက ရင်ညွန့်ရိုးကျိုးပြီး လေထုထဲတွင် သေဆုံးသွားခဲ့သည်။
ဟန်မူယဲ့က တစ်ဖက်သို့လှည့်ပြီး အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူ၏ရင်ဘတ်ကို ကန်ချလိုက်သည်။
“ဂျွတ် ....”
အရိုးကျိုးသွားသောအသံကို ကြားနိုင်သည်။
ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်လုံးက ပြန်ထမလာကြတော့ပေ။
ဟန်မူယဲ့က ဆည်ထဲတွင် မည်သူ့ကိုမှ အသက်ရှင်လျက်ချန်ထားရန် စိတ်မဝင်စားပေ။
တာအိုဆရာတယန်က ဂုဏ်ယူဝင့်ကြွားစွာ ရှေ့တက်လာသည်။ သူက အနည်းငယ်လှုပ်ရှားလိုက်ပြီး ဓားနှစ်လက်၊ လေးတစ်လက်နှင့် လက်ပတ်နှစ်ခုကို ထုတ်ယူသည်။
သူက ရွှေရောင်တူတစ်လက်နှင့် သိုလှောင်အိတ်တစ်လုံးကိုလည်း ကိုင်ထားသည်။
ရွှေရောင်တူသည် တာအိုဆရာတယန်ပြောနေသော ရတနာဖြစ်သည်။
ဟန်မူယဲ့က ထိုတူကို မယူခဲ့ပေ။
ထိုတူသည် နတ်စစ်သူကြီး၏ လက်နက်ဖြစ်သည်။ ဟန်မူယဲ့က လှံရှည်၏မှတ်ဉာဏ်များထဲတွင် ထိုတူကို မြင်ခဲ့သည်။
ထိုတူက အလယ်အလတ်အဆင့် မှော်ရတနာနှင့် ယှဉ်နိုင်သည်။
သို့သော် တူက မှော်ရတနာတစ်ခု၏ သွက်လက်မှုမျိုး မရှိပေ။
ဟန်မူယဲ့က တာအိုဆရာတယန်ပေးသော ဓားကို ကိုင်ထားသည်။ သူက ဓားထဲသို့ ဓားချီများ ထည့်သွင်းလိုက်ပြီး မျက်လုံးများ တောက်ပလာသည်။
ဖရိုဖရဲနတ်ဘုရားခန်းဆောင်၏ သာမန်အစောင့်များသည် ကောင်းကင်တစ်ဝက်အဆင့်တွင် ရှိနေပြီး သာမန်ဆန်သော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။
ဆည်၏အပြင်ဘက်တွင် ကောင်းကင်တစ်ဝက်အဆင့်သို့ရောက်အောင် လွယ်ကူစွာကျင့်ကြံနိုင်သည်။
ဆေးလုံးအမျိုးမျိုးနှင့် စံချိန်မီထုတ်လုပ်ထားသော ချပ်ဝတ်တန်ဆာအမျိုးမျိုးသည် ကောင်းကင်တစ်ဝက်အဆင့်အောက်ရှိ ကျင့်ကြံသူများကို အများအပြား မွေးထုတ်ပေးနိုင်သည်။
ကောင်းကင်အဆင့် ကျင့်ကြံသူများကိုတော့ အများအပြား မွေးထုတ်မပေးနိုင်ပေ။
ဖရိုဖရဲနတ်ဘုရားခန်းဆောင်၏ အစစ်အမှန်ကျွမ်းကျင်သူများသည် ဆည်ထဲသို့ ခိုးဝင်ပြီး ရှေးခေတ်နတ်ဘုရားများ ကျဆုံးသွားသောနေရာသို့ သွားနေကြသည်။
ဆည်၏အပြင်ဘက်တွင် ရှေးတိမ်တိုက်စကြဝဠာ၏ ကျင့်ကြံသူများက စောင့်ကြပ်နေကြသည်။ သူတို့က ဆည်ထဲမှထွက်လာသော ကျင့်ကြံသူများကို စစ်ဆေးခြင်း၊ တိုက်ခိုက်ခြင်းများ ပြုလုပ်လေ့ရှိသည်။
ဆည်ကို ချိပ်ပိတ်ထားသော ဖရိုဖရဲဖြစ်နေသည့် စွမ်းအားများနှင့် ရှေးခေတ်နတ်ဘုရားများ ကျဆုံးသွားသောနေရာသည် လွန်ခဲ့သောနှစ်သောင်းချီတွင် စတင်ခဲ့သည်။
ဟန်မူယဲ့က အစောင့်နှစ်ယောက်ပိုင်ဆိုင်သော ဓား၏မှတ်ဉာဏ်များကို ကြည့်လိုက်ပြီး လက်မြှောက်၍ တာအိုဆရာတယန်ကို လှမ်းခေါ်သည်။
သူက အစိမ်းရောင် အသိအမှတ်ပြုတံဆိပ်ပြားတစ်ခုကို ပေးလိုက်သည်။
ထိုတံဆိပ်ပြားများကို အစောင့်နှစ်ယောက်က ပိုင်ဆိုင်ခဲ့သည်။
“ငါတို့ တစ်ယောက်တစ်ခုစီပေါ့။ ဒီတံဆိပ်ပြားက လူတွေကို မှတ်မထားဘူး”
တာအိုဆရာတယန်က တံဆိပ်ပြားကိုယူလိုက်ပြီး သေချာစစ်ဆေးကြည့်နေသည်။ ထို့နောက် ရင်ဘတ်တွင် ချိတ်ထားလိုက်သည်။
သူတို့က ဆည်ထဲမှထွက်လာသောအချိန်တွင် ဖရိုဖရဲနတ်ဘုရားခန်းဆောင်၏ တံဆိပ်ပြားကို ချိတ်ဆွဲထားသော အနက်ရောင်ဝတ်ရုံများနှင့် အစောင့်နှစ်ယောက် ဖြစ်သွားကြသည်။
“ဒါက ဆည်အပြင်ဘက်လား”
တာအိုဆရာတယန်က တီးတိုးရေရွတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
ဟန်မူယဲ့က ဆည်၏အကြောင်းကို ပြောပြခဲ့သည်။ သူက အပြင်ဘက်တွင် အလွန်တောက်ပသော လောကတစ်ခု ရှိနေလိမ့်မည်ဟု ထင်ထားခဲ့သည်။
သို့သော် မှောင်မည်းနေသော အာကာသတစ်ခုသာ ဖြစ်သည်။
ပိုမိုသန့်စင်သော သဘာဝစွမ်းအားများ ရှိနေခြင်းသာ ပြောင်းလဲသွားခဲ့သည်။
သို့သော် မဟာတာအိုစွမ်းအားက ပေါ်လွင်မှုမရှိသောကြောင့် သဘာဝစွမ်းအားများ သန့်စင်နေခြင်း ဖြစ်သည်။
‘မဟာတာအိုစွမ်းအား လျော့နည်းနေတဲ့နေရာက ဘာကောင်းလို့လဲ’
တာအိုဆရာတယန်က စိတ်ပျက်သွားသည်။
ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ဒီနေရာကို ငါးကန်ထဲမှာရှိနေတဲ့ မဟာကျင့်ကြံသူကြီးတွေအားလုံး လာချင်ကြတယ်”
ဟန်မူယဲ့က တာအိုဆရာတယန်နှင့်မတူဘဲ မျက်လုံးများ တောက်ပနေခဲ့သည်။
နတ်ဘုရားမရှိသောနယ်မြေ ....
ရှေးတိမ်တိုက်စကြဝဠာတွင် ကောင်းကင်နှင့်မြေကြီး၏တာအို မရှိသလို ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်လည်း မရှိပေ။
ထို့ကြောင့် ဤနေရာသည် နတ်ဘုရားများကို မွေးထုတ်ပေးနိုင်သည်။
ဤနေရာတွင် လူတိုင်းက နယ်မြေတစ်ခုကိုအုပ်စိုးသော နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်သည်။ ရှေးခေတ်မှ ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရားများကဲ့သို့ ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် အစားထိုးမည်။
မဟာကျင့်ကြံသူကြီးများက ဤနေရာသို့ လာချင်သည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
ကျင့်ကြံခြင်း၏အထွတ်အထိပ်သို့ရောက်ပြီး လွတ်မြောက်ရန်ခက်ခဲနေသော မဟာကျင့်ကြံသူကြီးများက အထွတ်အထိပ်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဤနေရာသို့ ရောက်လာခဲ့လျှင် ထာဝရတည်ရှိနေမည့် နတ်ဘုရားနှင့် အင်မော်တယ်များ ချက်ချင်းဖြစ်သွားနိုင်သည်။
ထိုစွမ်းအားသည် ဝမ်မော့ရှန်၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် မတူပေ။
နတ်ဘုရားနှင့်အင်မော်တယ်များက အုပ်ချုပ်သူဖြစ်ပြီး မဟာမိတ်မဟုတ်ပေ။
သူတို့၏ဆက်ဆံရေးက အလွန်ကွာခြားသည်။
ဟန်မူယဲ့က ဆည်အပြင်ဘက်သို့ရောက်ရန် ဖြတ်သန်းခဲ့သောခရီးကို ပြန်တွေးမိပြီး မျက်လုံးများ မှေးကျဉ်းသွားခဲ့သည်။
သူက နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသောကြောင့် ဆည်ကိုဖြတ်သန်းရန် မခက်ပေ။
ထို့အပြင် သူက လမ်းကြောင်းပြမြေပုံကိုလည်း သိထားသောကြောင့် အန္တရာယ်များသော နေရာတချို့တွင် ဂရုစိုက်ထားလျှင် ဆည်ကို လုံခြုံစွာ ဖြတ်သန်းနိုင်သည်။
သို့သော် ရှေးနတ်ဘုရားကျဆုံးနယ်မြေ၏ မဟာကျင့်ကြံသူကြီးများက သန်မာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်မထားလျှင် ဆည်ထဲတွင် သေဆုံးသွားလိမ့်မည်။
ထို့ကြောင့် ....
ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။
ထို့ကြောင့် ပျက်စီးခြင်းတောရိုင်းကို ကျွမ်းကျင်သူများက ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။
သူတို့က ရှေးခေတ်နတ်ဘုရားသားရဲများ၏ ခန္ဓာကိုယ်ကို လိုချင်ခဲ့သည်။
ဟန်မူယဲ့က ကျောရိုးတစ်လျှောက်တွင် အေးစက်မှုများကို ခံစားလိုက်ရသည်။
ထိုလျှို့ဝှက်ချက်ကြောင့် မရေမတွက်နိုင်သော မဟာကျင့်ကြံသူများက ပျက်စီးခြင်းတောရိုင်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။
ပျက်စီးခြင်းတောရိုင်း၏စစ်ပွဲတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကျွမ်းကျင်သူများလည်း ပါဝင်ခဲ့ကြသည်။ ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက နတ်ဘုရားသားရဲခွေကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်။
‘အဲဒါဆိုရင် ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ မဟာကျင့်ကြံသူကြီးတွေက အခု ဘယ်ရောက်သွားကြတာလဲ’
‘သူတို့က အထက်ဘုံသုံးပါးတိုက်ပွဲမှာ တကယ်ပဲ သေဆုံးသွားကြတာလား’
‘ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ရှိနေတဲ့ အာကာသလမ်းကြောင်းတွေက ဘယ်ကို ဦးတည်သွားတာလဲ’
‘တိမ်မြုံကမ်းပါးမှာ မိစ္ဆာကျင့်ကြံခြင်းနယ်မြေနဲ့ ဆက်သွယ်ထားတဲ့ အာကာသလမ်းကြောင်းက ဆည်ရဲ့အပြင်ဘက်ကို ဦးတည်သွားတာလား’
ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့က သံသယများ ဝင်လာခဲ့သည်။
“ဖရိုဖရဲနတ်ဘုရားခန်းဆောင်ကို သွားကြရအောင်”
သူ့တွင် မေးခွန်းအများအပြားရှိသော်လည်း အဖြေများကို တစ်ခုချင်းစီရှာရမည်။
အတိတ်ကဖြစ်ရပ်များနှင့်ပတ်သတ်၍ မေးခွန်းများလည်း ရှိနေသည်။ ထိုမေးခွန်းများ၏အဖြေကို ရှာဖွေနေလျှင်လည်း အဓိပ္ပာယ်မရှိပေ။
တာအိုဆရာတယန်က လေပြေလေညင်းအဖြစ် ပြောင်းလဲ၍ ဟန်မူယဲ့၏နောက်မှ လိုက်လာသည်။ ဟန်မူယဲ့က သာမန်ဓားတစ်လက်အဖြစ် ပြောင်းလဲထားသော တောင်တန်းတာအိုဓားပေါ်သို့ တက်၍ ပျံသန်းသွားသည်။
သူက လမ်းတစ်လျှောက်တွင် ကျင့်ကြံသူအများအပြားကို တွေ့ခဲ့ရသည်။ သို့သော် သူတို့က ဟန်မူယဲ့နှင့် တာအိုဆရာတယန်ကို ရန်မပြုကြပေ။
သူသိထားသည့်အတိုင်း ဖရိုဖရဲနတ်ဘုရားခန်းဆောင်သည် တံဆိပ်ကိုသာ အသိအမှတ်ပြု၍ လူကို အသိအမှတ်မပြုပေ။
သူတို့က မိုင်တစ်ရာပတ်လည်ကျယ်ဝန်းသော တောက်ပနေသည့် ကြယ်တစ်စင်းအပေါ်သို့ ရောက်လာခဲ့သည်။
ကြယ်ပေါ်တွင် သဘာဝစွမ်းအင်အလင်းများ ပြေးလွှားနေသည်။
ခေါင်းမော့ကြည့်လိုက်လျှင် ထိုကြယ်မျိုးကို နေရာအနှံ့တွင် မြင်နေရသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ပတ်ဝန်းကျင်တွင်ရှိသော သောင်းချီနေသည့် ကြယ်သေများနှင့် မတူဘဲ ဤနေရာတွင်ရှိသော ကြယ်များအားလုံးသည် အသက်စွမ်းအား၊ သဘာဝစွမ်းအားဖြင့် ပြည့်နှက်နေသည်။
သို့သော် ဟန်မူယဲ့က ကြယ်ပေါ်သို့ ဆင်းသက်လာသောအခါတွင် ကွဲပြားခြားနားမှုကို ခံစားမိသည်။
ဤကြယ်များတွင် ကောင်းကင်နှင့်မြေကြီး၏တာအို မရှိပေ။ ထို့ကြောင့် သူတို့က ခုခံနိုင်စွမ်း မရှိကြပေ။
ဤကြယ်များက အခွံခွာထားသော ကြက်ဥတစ်လုံးနှင့်တူပြီး မဟာကျင့်ကြံသူကြီးများက သန့်စင်ချင်လျှင် အချိန်မရွေး သန့်စင်နိုင်သည်။
ဟန်မူယဲ့က အဝေးတစ်နေရာတွင်ရှိသော တောက်ပနေသည့်စကြဝဠာကို ကြည့်လိုက်ပြီး မျက်လုံးများ မှေးကျဉ်းသည်။
ဤကြယ်က မိုင်တစ်ရာသာ ကျယ်ဝန်းသောကြောင့် သန့်စင်ထားသောလူ မရှိပေ။ သူက မိုင်တစ်သောင်း၊ မိုင်တစ်သိန်း၊ မိုင်တစ်သန်း ကျယ်ဝန်းသည့် ကြယ်များ၏အကြောင်းကို တွေးနေမိသည်။
ရှေးတိမ်တိုက်စကြဝဠာတွင် သူမသိသေးသော လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်။
ဟန်မူယဲ့နှင့် တာအိုဆရာတယန်တို့က ကြယ်ပေါ်တွင် လမ်းလျှောက်လာခဲ့သည်။
ကြယ်ပေါ်တွင် အဆောက်အအုံများ အပြည့်ရှိနေသည်။ သို့သော် ရှေးနတ်ဘုရားကျဆုံးနယ်မြေနှင့် မတူဘဲ အဆောက်အအုံများက အကြမ်းထည်ဆန်နေသည်။
ဟန်မူယဲ့က မိုင်ဆယ်ချီအထိ လျှောက်သွားလိုက်ပြီး အနည်းငယ် နားလည်သွားခဲ့သည်။
ဆည်၏အပြင်ဘက်တွင်ရှိသော ချိပ်ပိတ်ထားသည့်ကြယ်များကို ဖရိုဖရဲနတ်ဘုရားခန်းဆောင်၏ ကျွမ်းကျင်သူများက သယ်ယူလာခဲ့ကြသည်။
ဤနေရာသို့ ရောက်လာသော ကျင့်ကြံသူများအားလုံးသည် ယေဘုယျအားဖြင့် ဖရိုဖရဲနတ်ဘုရားခန်းဆောင်၏ တာဝန်များကြောင့် ဖြစ်သည်။
ဖရိုဖရဲနတ်ဘုရားခန်းဆောင်သည် နန်းတော်တစ်ခုထက် ခံတပ်မြို့တစ်မြို့နှင့် တူသည်။
မြို့ထဲတွင် အိမ်များက ကြီးမားပြီး မြို့နံရံကို တည်ဆောက်မထားပေ။
ဟန်မူယဲ့ကလည်း ကျင့်ကြံသူများအတွက် မြို့နံရံတည်ဆောက်ထားခြင်းသည် အဓိပ္ပာယ်မရှိဟု ခံစားရသည်။
ဤနေရာတွင် အထောက်အပံ့ပစ္စည်းများရောင်းချသော ပြခန်း၊ တာဝန်များ ထုတ်ပေးသော နေရာ၊ အရင်းအမြစ်များ စုဆောင်းထားသော ခန်းဆောင်နှင့် ကျင့်ကြံသူများကို ငှားရမ်းပြီး သတင်းအချက်အလက်များ ရောင်းချသော နေရာလည်း ရှိကြသည်။ ဖရိုဖရဲနတ်ဘုရားခန်းဆောင်သည် ဘက်ပေါင်းစုံတွင် အထောက်အပံ့များ ပေးအပ်ထားသည်။