← Chapters

အခန်း (၆၃၄)

Vol. 46 Ch. 634

အခန်း (၆၃၄)

Vol. 46 Ch. 634

တုမင်‌ဟောင်၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်သည်။

“အဆင့်မြင့်မှော်ရတနာတဲ့လား”

“ဒါက အနည်းဆုံး စိတ်ဝိညာဉ်ရတနာပဲ”

စိတ်ဝိညာဉ်ရတနာ ....

မည်သည့်ရတနာမျိုးက စိတ်ဝိညာဉ်ရတနာဖြစ်သနည်း။

ထိုရတနာသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ကံကြမ္မာကို စောင့်ရှောက်ပေးနိုင်သည်။ ထိုရတနာကို အသုံးပြုသူမရှိလျှင်ပင် ရတနာကိုယ်တိုင်က ဝိညာဉ်ကိုယ်ခွဲပဥ္စမအဆင့် ကျင့်ကြံသူများကို လွယ်ကူစွာသတ်ဖြတ်နိုင်သည်။

ထိုရတနာကို ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူတစ်ယောက်က ကိုင်ဆောင်ထားလျှင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို တိုက်ခိုက်နိုင်လိမ့်မည်။

ဝိညာဉ်ရတနာများတွင် ကိုယ်ပိုင်အသိဉာဏ်ရှိသည်။ သူတို့က အသွင်ပြောင်းထားသော မှော်ရတနာများထက်ပင် ဉာဏ်ကောင်းသည်။

“ကျွန်တော်တို့ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းရဲ့ အဆုံးမဲ့ညီညွတ်ခြင်းဓားက အဆင့်မြင့်မှော်ရတနာတစ်ခုပဲ။ ဒီဓားအိမ်မှာ ဂိုဏ်းရဲ့အမွေအနှစ် ကျင့်ကြံခြင်းနည်းစနစ်ကို ရေးထွင်းထားပေမဲ့ ....”

တုမင်ထောင်က စကားအဆုံးထိ မပြောနိုင်ဘဲ မျက်လုံးပြူးသွားသည်။

ဟန်မူယဲ့က လက်ဝါးဖြင့်ဖိချပြီး ဓားအိမ်ကို ဖွင့်လိုက်သည်။ တုမင်ထောင်က အစွမ်းကုန်ကြိုးစားကြည့်ခဲ့သော်လည်း ထိုဓားအိမ်ကို မဖွင့်နိုင်ခဲ့ပေ။

ဓားအိမ်က ဗလာဖြစ်နေသည်။

သို့သော် ဟန်မူယဲ့က အော်ဟစ်ပြီး ဓားချီများ ထည့်သွင်းသည်။ ဗလာဖြစ်နေသော ဓားအိမ်ထဲတွင် မရေမတွက်နိုင်သော တောက်ပနေသည့်ဓားရှည်များ ပေါ်ထွက်လာသည်။

ဓားအိမ်သည် ငါးပေသာရှည်လျား‌သော်လည်း မရေမတွက်နိုင်သောဓားများကို သယ်ဆောင်ထားနိုင်သည်။ ထိုမြင်ကွင်းက သဘာဝကျနေသည်ဟု လူတိုင်းက ခံစားလိုက်ရသည်။

“လေဟာနယ်စွမ်းအား ....”

ကျန်းချန်က ကြောင်အသွားပြီး ရေရွတ်လိုက်သည်။

လေဟာနယ်စွမ်းအား ဓားအိမ် ....

ထိုဓားအိမ်သည် စိတ်ကူမယဉ်နိုင်လောက်သော လျှို့ဝှက်ချက်ကို သယ်‌ဆောင်ထားသည်။

ဟန်မူယဲ့က ဓားအိမ်ကို ပြန်ပိတ်ပြီး တုမင်ထောင်ဆီသို့ ပစ်ပေးလိုက်သည်။

ထိုရတနာမျိုးကို ပေါ့ပါးစွာ ပြန်ပေးလိုက်သည်။

တုမင်ထောင်က တစ်ကိုယ်လုံးတုန်ခါနေပြီး ဓားအိမ်ကို ဖမ်းယူသည်။ သူက ဟန်မူယဲ့ကို ဦးညွှတ်လိုက်သည်။

“သခင်လေးဟန်၊ ကျွန်တော်က ....”

သူ့စကားမဆုံးခင် ဟန်မူယဲ့က လက်ကိုဝှေ့ယမ်း၍ ချီစွမ်းအင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“မင်းတို့တွေ သွားနှင့်ပါ။ ငါက သူတို့နဲ့ ရင်ဆိုင်လိုက်မယ်”

သူက ထိုသို့ပြောလိုက်ပြီး ပျံထွက်သွားသည်။

“ဘုန်း”

အသက်တစ်ခါရှုကြိမ်အကြာတွင် ပေါက်ကွဲသံကို ကြားလိုက်ရသည်။

သူက အလွန်လျင်မြန်နေသည်။

တုမင်ထောင်တို့က တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

“လူအိုကြီးထူ၊ သူက ခင်ဗျားရဲ့ မျိုးဆက်သစ်လေးတစ်ယောက်လား”

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော အနက်ရောင်မုတ်ဆိတ်နှင့် တာအိုတန်ခိုးရှင်တစ်ယောက်က တီးတိုးမေးသည်။

ထူစွန်းရှစ်က နှာမှုတ်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။

“အရင်တုန်းက ငါ ထူစွန်းရှစ်က ခေတ်တစ်ခေတ်ကို ဖိနှိပ်ခဲ့တယ်။ ဒီလူငယ်လေးတွေက ....”

သူ့စကားမဆုံးခင် ကျန်းချန်က ဖြတ်ပြောသည်။

“လူအိုကြီးထူ၊ ခင်ဗျားက ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ကိုတောင် သိနေတယ်။ ကျွန်တော်တို့က ဘိုးဘေးမိစ္ဆာကြယ်ကို သွားကြမလား”

ထူစွန်းရှစ်က ကျန်းချန်ကို လှည့်ကြည့်သည်။ သူက ကျန်းချန်၏မျက်လုံးထဲတွင်ရှိသော ဉာဏ်များသည့်အရိပ်အယောင်ကို မြင်ရသည်။

“ကောင်စုတ်လေး၊ ဒီလူအိုကြီးက ဘာဖြစ်လို့ မိစ္ဆာလမ်းစဉ်ကို ဝင်ရောက်ရမှာလဲ”

ထူစွန်းရှစ်က သူ့ကို စိုက်ကြည့်သည်။

သူက ထိုသို့ ရှက်ရွံ့ဖွယ်ကိစ္စရပ်ကို မလုပ်နိုင်ပေ။

“အဲဒါဆိုရင် သူကရော”

ကျန်းချန်က ပြုံးလိုက်ပြီး ကောင်းကင်ကို လက်ညှိုးထိုးပြသည်။

ထိုအချိန်တွင် ဟန်မူယဲ့က ကျွမ်းကျင်သူများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။

ထူစွန်းရှစ်က မျက်မှောင်ကြုတ်သည်။ သူက ဓားဆန္ဒများကို ထုတ်ဖော်ပြီး ကူညီပေးရန်အတွက် ပျံသန်းသွားချင်သော်လည်း မလှုပ်ရှားခဲ့ပေ။

ထိုနေရာတွင်ရှိသော ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများကို သူက မကိုင်တွယ်နိုင်ပေ။

ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ မရောက်သေးဘဲ တိုက်ပွဲတွင် ဝင်ပါနိုင်မည်မဟုတ်ပေ။

ဟန်မူယဲ့က ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေခဲ့သည်။

ကောင်းကင်အဆင့်တွင် ဝိညာဉ်သူငယ်အဆင့်၊ ဝိညာဉ်ကိုယ်ခွဲအဆင့်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဟူ၍ ခွဲခြားထားသည်။

အဆင့်ကျော်၍ တိုက်ခိုက်နိုင်သော ကောင်းကင်ကိုဖီဆန်နေသည့် ပါရမီရှင်များ ရှိနေကြသော်လည်း လူအများစု၏ တိုက်ခိုက်နိုင်စွမ်းသည် ကျင့်ကြံဆင့်နှင့် တူညီကြသည်။

ထူစွန်းရှစ်က ဝိညာဉ်သူငယ်ဆဌမအဆင့်တွင် ရှိနေသော်လည်း ဝိညာဉ်သူငယ် သတ္တမအဆင့်၊ အဌမအဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရဲသည်။ သို့သော် ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူ၏ရှေ့တွင် ခေါင်းမော့ရဲမည်မဟုတ်ပေ။

ထူစွန်းရှစ်က တိတ်ဆိတ်စွာရပ်နေသောအခါတွင် ဓားအိမ်ကိုင်ထားသော တုမင်ထောင်က ရုတ်တရက် မေးလိုက်သည်။

“လူအိုကြီးထူ၊ ခင်ဗျားတို့ မျိုးဆက်သစ်လေးရဲ့ အကျင့်စရိုက်က ဘယ်လိုရှိလဲ”

တုမင်ထောင်၏မေးခွန်းကို ကြားရသောအခါတွင် ထူစွန်းရှစ်က ရယ်မောလိုက်ပြီး သူက ဟန်မူယဲ့ကို နားလည်ကြောင်း၊ ဟန်မူယဲ့နှင့်အတူ တိုက်ခိုက်ဖူးကြောင်း ပြောလိုက်သည်။

ဟန်မူယဲ့က မိတ်ဆွေဆက်ဆံရေး၊ သစ္စာတရားနှင့် ကိုယ်ကျင့်တရားကို တန်ဖိုးထားသည်။ သူက ဓားကျင့်ကြံသူတစ်ယောက်တွင် ရှိသင့်သော သူရဲကောင်းစိတ်ဓာတ်နှင့် ဆုံးဖြတ်ချက်ပြတ်သားမှုလည်း ရှိသည်။

ထိုလူမျိုးသည် မုဆိုးများနှင့်ပြည့်နေသော ကျင်းခယ်ကြယ်ပေါ်တွင် ရှားပါးလှသည်။

အသက်ရှင်သန်ရန်အတွက် ကျင့်ကြံနေသော တစ်ကိုယ်တော်ကျင့်ကြံသူအများစုသည် ထိုစိတ်ဓာတ်နှင့် တာဝန်သိစိတ်မျိုး မရှိကြပေ။

ထူစွန်းရှစ်တို့ လူခုနစ်ယောက်အုပ်စုက သွေးသောက်ညီအစ်ကိုများ ဖြစ်လာကြပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို အတူတကွ ဖြတ်ကျော်ဖူးသောကြောင့် မုဆိုးများကြားတွင် နာမည်ရလာခဲ့သည်။

“ဒီလိုမျိုး ကျင့်ကြံဆင့်မြင့်မားပြီး ကိုယ်ကျင့်တရားကောင်းတဲ့ လူတစ်ယောက်ပဲ ....”

တုမင်ထောင်က ဓားအိမ်ကို တင်းကျပ်စွာကိုင်ထားပြီး မျက်လုံးများတောက်ပလာသည်။

“ဂိုဏ်းတူအစ်ကိုက ဘာပြောချင်တာလဲ”

ကျန်းချန်က သူ့ကိုကြည့်သည်။

တုမင်ထောင်က ညင်သာစွာပြောသည်။

“အမွေအနှစ်ရတနာပဲဖြစ်ဖြစ် ကောင်းချီးနယ်မြေပဲဖြစ်ဖြစ် သက်မဲ့ပစ္စည်းတွေပဲ။ အဲဒီပစ္စည်းတွေကို အသုံးချနိုင်မှ ငါတို့က အခွင့်အရေးရလိမ့်မယ်”

သူက ကျန်းချန်ကို ဓားအိမ်ပေးလိုက်ပြီး ပြောသည်။

“ဖွင့်နိုင်လားကြိုးစားကြည့်လိုက်”

ကျန်းချန်က ဓားအိမ်ကိုယူလိုက်ပြီး ချီစွမ်းအင်၊ ဓားဆန္ဒ၊ နတ်အာရုံတို့ဖြင့် လှုံ့ဆော်ကြည့်သည်။

သို့သော် တုံ့ပြန်မှုမရှိပေ။ ဓားအိမ်က သေဆုံးသွားသကဲ့သို့ ဗလာဖြစ်နေသည်။

တခြားလူများကလည်း ရှေ့တက်လာပြီး ကြိုးစားကြည့်လိုက်သည်။ သို့သော် သူတို့က ဓားအိမ်၏ ထူးခြားမှုကို မမြင်နိုင်ခဲ့ပေ။

ထိုဓားအိမ်က ဟန်မူယဲ့၏လက်ထဲတွင် အလွန်တောက်ပပြီး မရေမတွက်နိုင်သော ဓားရှည်များဖြင့် ပြည့်နေခဲ့သည်။

“ကျင့်ကြံခြင်းလောကမှာ အခွင့်အရေးတွေက အရေးအကြီးဆုံးပဲ။ ရတနာတွေကို ကံပါလာတဲ့လူကပဲ ရလိမ့်မယ်လို့ ပြောကြတယ်။ အခု ကြည့်ရတာ တကယ်ပဲထင်တယ် ....”

ဓားအိမ်က တုမင်ထောင်၏လက်ထဲသို့ ပြန်ရောက်လာသည်။ သူက ဓားအိမ်ကို ခါးသီးစွာ ကြည့်လိုက်သည်။

သူ့စကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းက တိတ်ဆိတ်သွားသည်။

ထိုဓားအိမ်သည် သူတို့၏လက်ထဲတွင် သာမန်ပစ္စည်းတစ်ခုသာ ဖြစ်သော်လည်း ဟန်မူယဲ့၏လက်ထဲတွင် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သွားသည်။

ရတနာသည် ပစ်မှတ်ကို ရွေးချယ်ခဲ့သည်။

တုမင်ထောင်က ဓားအလင်းများ သွယ်ယှက်နေပြီး ချီစွမ်းအင်အလင်းများ ဖိနှိပ်ထားခံရသော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး နက်ရှိုင်းစွာပြောသည်။

“ငါက ညီအစ်ကိုနှစ်ယောက်ကို ကယ်တင်ပေးဖို့အတွက် ဒီဓားကို သခင်‌လေးဟန်ဆီ ပေးလိုက်မယ်”

ဂိုဏ်း၏အမွေအနှစ်ရတနာကို သွေးသောက်ညီအစ်ကိုနှစ်ယောက်အား ကယ်တင်ပေးရန် အသုံးချခဲ့သည်။

ကျန်လူများက တုမင်ထောင်၏ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ မကန့်ကွက်ကြပေ။

ထိုကိစ္စကို တုမင်ထောင်ကသာ ဆုံးဖြတ်နိုင်သည်။

ကျန်းချန်က တုမင်ထောင်ကို ကြည့်လိုက်သော်လည်း စကားမပြောခဲ့ပေ။

တုမင်ထောင်က အမွေအနှစ်ရတနာ၏ ပိုင်ရှင်ဖြစ်ပြီး ဂိုဏ်းချုပ်ရှိစဉ်က ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ် သတ်မှတ်ခံထားရသည်။

ကျန်းချန်က တုမင်ထောင်၏ဆုံးဖြတ်ချက်ကို ငြင်းဆန်မည်မဟုတ်ပေ။

“ဘုန်း”

ရှေ့တွင် ပေထောင်ချီရှည်လျားသော ဓားအလင်းတစ်ခု ဆင်းသက်လာပြီး ချီစွမ်းအင်အလင်းများ ငြိမ်းသက်သွားခဲ့သည်။

ဟန်မူယဲ့က ပြန်ရောက်လာသောအခါတွင် လူတိုင်း၏အကြည့်များကို ခံစားလိုက်ရသည်။

“ဟီးဟီး၊ ငါက ဝိညာဉ်ကိုယ်ခွဲအဆင့်ကိုရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ပါပဲ။ ငါ့ခွန်အားက သိပ်မကောင်းပါဘူး”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ခပ်ဟဟရယ်သည်။

ကျင်းခယ်ကြယ်၏ ကျင့်ကြံခြင်းနည်းစနစ်နှင့် တိုက်ပွဲဝင်နည်းစနစ်များကို လေ့လာချင်သောကြောင့် တိုက်ပွဲက အနည်းငယ် ကြာမြင့်သွားခဲ့သည်။ ထိုသို့မဟုတ်လျှင် သူက တစ်ဖက်လူကို တစ်ချက်တည်း သတ်ပစ်နိုင်သည်။

“သခင်လေးဟန်၊ ကျွန်တော့်မှာ တောင်းဆိုစရာ ရှိပါတယ်”

တုမင်ထောင်က ဟန်မူယဲ့ကို ဦးညွှတ်လိုက်သည်။

‘တောင်းဆိုစရာလား’

ဟန်မူယဲ့က နှလုံးခုန်မှားသွားပြီး ခေါင်းညိတ်သည်။

“ရတာပေါ့။ မင်းက အကြီးအကဲထူရဲ့ သွေးသောက်ညီအစ်ကိုပဲ။ ငါက ကူညီနိုင်တယ်ဆိုရင် မငြင်းပါဘူး”

သူ့စကားကြောင့် လူတိုင်းက ပျော်ရွှင်သွားကြသည်။

တုမင်ထောင်က ဓားအိမ်ကိုမြှောက်လိုက်ပြီး ပြောသည်။

“ကျွန်တော်က အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကို ကမ်းလှမ်းချင်ပါတယ်။ သခင်လေးဟန်က ကျွန်တော့်ရဲ့ ညီအစ်ကိုနှစ်ယောက်ကို ကယ်ပေးပါ”

အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကို ကမ်းလှမ်းသည်။

ဟန်မူယဲ့က ဓားအိမ်ကို ကြည့်လိုက်သည်။

ထိုဓားအိမ်သည် စိတ်ဝိညာဉ်ရတနာတစ်ပါး ဖြစ်သည်။

သူက တစ်ချက်ကြည့်ရုံဖြင့် ထိုဓားအိမ်၏ထူးခြားချက်ကို သိနိုင်သည်။

‘ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို ကယ်တင်ဖို့အတွက် ဒီလိုရတနာမျိုးကို ထုတ်ပေးလိုက်တာလား’

‘သူက ဒီရတနာကို ဆုကြေးအနေနဲ့ အသုံးပြုပြီး တာဝန်တစ်ခု ထုတ်လိုက်ရင် အံ့ဖွယ်ရွှေတာအိုဂိုဏ်းကိုတောင် ရှင်းထုတ်နိုင်လိမ့်မယ်’

ဟန်မူယဲ့က ထိုသို့တွေးလိုက်ပြီး စိတ်ထဲတွင် ပြုံးသည်။ ထိုသို့ဆိုလျှင် တုမင်ထောင်တို့အဖွဲ့က အဆုံးသတ်ကောင်းမည်မဟုတ်‌ပေ။ ဤနေရာတွင် ကြမ်းတမ်းသောမုဆိုးများ ရှိနေကြသည်။

“ကောင်းပြီ။ ငါက ဒီတာဝန်ကို လက်ခံလိုက်မယ်”

ဟန်မူယဲ့က ထိုသို့ပြောလိုက်ပြီး ဓားအိမ်ကို မယူခဲ့ပေ။

“ဒီဓားအိမ်ကို မင်းဆီမှာပဲ ထားလိုက်အုံးမယ်”

ထို့နောက် သူက ပျံသန်းသွားပြီး ချက်ချင်းဆိုသလိုပင် မိုင်တစ်ထောင်အကွာသို့ ရောက်သွားခဲ့သည်။

“ဓားကျင့်ကြံသူဟန်မူယဲ့က အံ့ဖွယ်ရွှေတာအိုဂိုဏ်းကို စိန်ခေါ်ဖို့ ရောက်လာပါတယ် ....”

သူ့အသံက လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။

သူက တိုက်ရိုက် စိန်ခေါ်ခဲ့သည်။

မဟာဓားကျင့်ကြံသူတစ်ယောက်၏ အပြုအမူပင် ဖြစ်သည်။

ထူစွန်းရှစ်က ရှုပ်ထွေးသောမျက်နှာထားဖြင့် ပျောက်ကွယ်သွားသောဓားအလင်းကို ကြည့်နေခဲ့သည်။

ဟန်မူယဲ့၏ကျင့်ကြံဆင့်က အလွန်မြင့်မားနေပြီဖြစ်သည်။

“ငါသွားကြည့်လိုက်အုံးမယ်”

ထူစွန်းရှစ်က လှုပ်ရှားလိုက်ပြီး ဓားအလင်းအဖြစ်ပြောင်းလဲ၍ ထွက်သွားသည်။

ကျန်လူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နောက်မှ လိုက်လာသည်။

ဟန်မူယဲ့က ယုံကြည်ချက်ရှိ‌‌သောကြောင့် စိန်ခေါ်ခဲခြင်းဖြစ်လိမ့်မည်။

သူက ညီအစ်ကိုနှစ်ယောက်ကို မကယ်တင်နိုင်ခဲ့လျှင် သူတို့၏ လျှိုချွမ်အမှန်တရားခုနစ်ပါးအဖွဲ့က ပျောက်ကွယ်သွားရလိမ့်မည်။

“ဘုန်း”

ချီစွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်တစ်ဝက်ခန့်ကို နီရဲသွားစေသည်။

ရွှေရောင်ပုံရိပ်များ ပေါ်ထွက်လာကြသည်။

အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏ ကျွမ်းကျင်သူများက တုံ့ပြန်ခဲ့သည်။

ပတ်ဝန်းကျင်တွင် နတ်အာရုံအများအပြားက စပ်စုနေကြသည်။

ဟန်မူယဲ့က ရန်သူများကိုမကြည့်ဘဲ ကိုယ်ပိုင်ဝိညာဉ်ကို ကြည့်နေသည်။

သူက စောင့်ကြည့်နေသော ကျင့်ကြံသူများကို ဂရုမစိုက်ပေ။ အံ့ဖွယ်ရွှေတာအိုဂိုဏ်းကိုလည်း မကြောက်ပေ။

သို့သော် သူက ကျင်းခယ်ကြယ်၏ ပိုင်ရှင်ဖြစ်‌သော ကျင်းမင်တာအိုဂိုဏ်းနှင့် ရင်ဆိုင်ရမည်။

ကျင်းမင်တာအိုဂိုဏ်းသည် ကောင်းကင်တာအိုပင် ဖြစ်သည်။

“ဝီ”

သူ၏ မူလဝိညာဉ်ဓားက တုန်ခါသွားသည်။ ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားသည်။

ကျင်းမင်တာအိုဂိုဏ်းက အမှန်ပင် ရောက်လာခဲ့သည်။

ကောင်းကင်တာအိုနှင့်ယှဉ်နိုင်သော စွမ်းအားတစ်မျိုးက သူ့ဝိညာဉ်ထဲသို့ ကျူးကျော်လာသည်ဟု မူလဝိညာဉ်ဓားက သတိပေးနေသည်။

ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားပေ။ သူက သွေးချီစွမ်းအားကို အသုံးပြုပြီး ထိုစွမ်းအားကို နှောင့်ယှက်လိုက်သည်။

လူသားခန္ဓာကိုယ်သည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကိုယ်ပိုင်မဟာတာအိုကို ဖန်တီးနိုင်သည်။ လူတစ်ယောက်တွင် ခုခံလိုသောနှလုံးသား ရှိနေလျှင် ကောင်းကင်တာအိုပင် လက်လျော့သွားရလိမ့်မည်။

ထိုစွမ်းအားက ကြာမြင့်စွာမနေဘဲ အသက်တစ်ခါရှုကြိမ်အတွင်း၌ ပြန်ထွက်သွားသည်။

ကျင်းမင်တာအိုဂိုဏ်းသည် ကျင်းခယ်ကြယ်တစ်ခုလုံးကို ထိန်းချုပ်သည်။ ထို့ကြောင့် နေရာတိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများကို ဖြုန်းတီးမည်မဟုတ်ပေ။

All Chapters