← Chapters

အခန်း (၆၃၇)

Vol. 46 Ch. 637

အခန်း (၆၃၇)

Vol. 46 Ch. 637

ဟန်မူယဲ့က လက်ထဲတွင်ရှိသောဓားဖြင့် တာအိုတန်ခိုးရှင်ကျန်းယွီကို ဖြည်းဖြည်းချင်း ညွှန်ပြသည်။

“မင်းက ဂိုဏ်းစောင့်ဝင်္ကပါကို ဖျက်ဆီးပေးဖို့ တောင်းဆိုခဲ့တယ်မဟုတ်လား”

တာအိုတန်ခိုးရှင်ကျန်းယွီက တစ်ကိုယ်လုံးတုန်ခါနေသည်။ သူ့မျက်နှာက နီတစ်လှည့် ဖြူတစ်လှည့် ဖြစ်နေပြီး သွေးအန်လိုက်ရသည်။

သူတို့ ဂုဏ်ယူခဲ့ရသော ဂိုဏ်းစောင့်ဝင်္ကပါသည် ဓားတစ်ချက်တည်းဖြင့် ပျက်စီးသွားခဲ့သည်။

ဂိုဏ်း၏ နောက်ဆုံးအကာအကွယ်သည် ထိုသို့ပင် ပျက်စီးသွားရသည်။

အံ့ဖွယ်ရွှေတာအိုဂိုဏ်းသည် အဆုံးသတ်သွားပြီဖြစ်သည်။

ပတ်ဝန်းကျင်တွင် ဖုံးကွယ်မထားသော အငွေ့အသက်အများအပြား ပေါ်ထွက်လာသည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသော တောင်တန်းတာအိုဓားကို လှုပ်ရှားလိုက်သည်။ ဓားချီများက တုန်ခါသွားပြီး ပတ်ဝန်းကျင်တွင်ရှိသော လူများက မလှုပ်ရှားရဲကြတော့ပေ။

“ငါလိုချင်တဲ့လူတွေကို ပေးလိုက်။ မင်းရဲ့ဂိုဏ်းကို ပြန်လည်တည်ဆောက်ဖို့အတွက် အချိန်တစ်ရက်ပေးမယ်”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

ဂိုဏ်းကို ပြန်လည်တည်ဆောက်ရန်အတွက် အချိန်တစ်ရက် ရမည်။

တာအိုတန်ခိုးရှင်ကျန်းယွီက ဟန်မူယဲ့ကို‌ မော့ကြည့်သည်။

ခဏအကြာတွင် သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ကောင်းပြီ”

ဤတစ်ကြိမ်တွင် ထုတ်ပေးလိုက်သော လူနှစ်ယောက်သည် စွန်းကျန်းနှင့် လုယွင်ရီအစစ် ဖြစ်သည်။

ထူစွန်းရှစ်တို့ ရောက်လာသောအခါတွင် သူတို့ခုနစ်ယောက်က ပျော်ရွှင်စွာ ရယ်မောနေကြသည်။

....

တစ်ရက်အကြာတွင် မ‌ရေမတွက်နိုင်သော မုဆိုးများက ဂိုဏ်းစောင့်ဝင်္ကပါပျက်စီးသွားသော အံ့ဖွယ်ရွှေတာအိုဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသည်။

တာအိုတန်ခိုးရှင်ကျန်းယွီက ဝိညာဉ်ကိုယ်ခွဲအဆင့် ကျွမ်းကျင်သူများ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သေဆုံးသွားခဲ့သည်။

အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏ နှစ်ပေါင်းမ‌ရေမတွက်နိုင်အောင် စုစည်းထားသော အရင်းအမြစ်များက လုယူခံလိုက်ရသည်။ အဆင့်နိမ့်တပည့်အများအပြားကို ဖမ်းဆီး၍ ကျင့်ကြံခြင်းချိပ်ပိတ်ပြီး ဖရိုဖရဲနတ်ဘုရားခန်းဆောင်တွင် ရောင်းစားလိုက်ကြသည်။

ဖရိုဖရဲနတ်ဘုရားခန်းဆောင်တွင် ကျင့်ကြံသူများသည်လည်း ကုန်ပစ္စည်းတစ်မျိုးပင် ဖြစ်သည်။

“ဒါက ရှေးတိမ်တိုက်စကြဝဠာရဲ့ ကျင့်ကြံခြင်းလောကပဲ။ ငါတို့ရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာနဲ့ လုံးဝမတူဘူး”

ထူစွန်းရှစ်က ချောက်ကမ်းပါးတစ်ခုပေါ်တွင် ရပ်နေပြီး လွမ်းဆွတ်စွာပြောသည်။

အဝေးတစ်နေရာတွင် အံ့ဖွယ်ရွှေတာအိုဂိုဏ်း ရှိနေသည်။ ထိုနေရာတွင် ချီစွမ်းအင်အလင်းများ ပေါ်ထွက်နေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် တိုက်ပွဲများရှိသော်လည်း စည်းကမ်းများကို လိုက်နာရသည်။

ဤနေရာတွင် အင်အားစုများက မှီခိုစရာမရှိဘဲ ဝါးမြိုခံရလိမ့်မည်။

သန်မာသူများက အားနည်းသူကို အမဲလိုက်သည်။ အသန်မာဆုံးလူက ရှင်သန်နိုင်မည်။ ရှေးတိမ်တိုက်စကြဝဠာက ထိုပုံစံကို အပြည့်အဝ ဖော်ပြနေသည်။

“သခင်လေးဟန်၊ ကျွန်တော်က ဖရိုဖရဲနတ်ဘုရားခန်းဆောင်မှာ အံ့ဖွယ်ရွှေတာအိုဂိုဏ်းရဲ့ လူတွေကို သတ်ဖြတ်နိုင်ရင် အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ် ပေးမယ်လို့ တာဝန်ထုတ်ခဲ့ပါတယ်”

တုမင်ထောင်က ဓားအိမ်ကို ကိုင်ထားပြီး ရှေ့တက်လာသည်။

ဟန်မူယဲ့က ဓားအိမ်ကိုယူလိုက်ပြီး ခေါင်းညိတ်သည်။

“ငါက အဲဒီတာဝန်ကို သွားပြီး ဖျက်သိမ်းလိုက်ပါ့မယ်”

သူက တုမင်ဟောင်၏စကားကို နားလည်သည်။

အံ့ဖွယ်ရွှေတာအိုဂိုဏ်းနှင့်တိုက်ပွဲသည် ဓားအိမ်ကြောင့် စဖြစ်လာသည်။ ထိုဓားအိမ်ကို တုမင်ထောင်တို့က ယူထားရန် မသင့်တော်ပေ။ ဟန်မူယဲ့ကို လူသိရှင်ကြား ပေးလိုက်လျှင် ပိုကောင်းသည်။

ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် အံ့ဖွယ်ရွှေတာအိုဂိုဏ်း၏ ဂိုဏ်းစောင့်ဝင်္ကပါကို ဖျက်ဆီးနိုင်သောကြောင့် ဓားအိမ်ကိုလည်း ကာကွယ်နိုင်လိမ့်မည်။

တုမင်ထောင်က လှည့်ထွက်သွားသည်။ ဟန်မူယဲ့က ထူစွန်းရှစ်ကို ကြည့်သည်။

“အကြီးအကဲထူ၊ အခု ဘာဆက်လုပ်မှာလဲ”

ဟန်မူယဲ့၏စကားကြောင့် ထူစွန်းရှစ်က စိတ်ရှုပ်သွားသည်။

ဟန်မူယဲ့က သူ့ကို ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တာအိုပြိုင်ပွဲအကြောင်း အသိပေးခဲ့သည်။

သူက တာအိုပြိုင်ပွဲတွင် အကျိုးဆောင်ပေးရန်အတွက် ပြန်သွားနိုင်သည်။ သို့မဟုတ် ဤနေရာတွင် ဆက်နေနိုင်သည်။

အစပိုင်းတွင် ထူစွန်းရှစ်က ကျင်းခယ်ကြယ်ပေါ်၌ တိုးတက်လာခဲ့သည်။ သူက မိစ္ဆာဘုရင်တစ်ပါးဖြစ်သွားသော ဟွမ်ခြောက်နှင့် မယှဉ်နိုင်သော်လည်း မဆိုးသေးပေ။

သို့သော် ဟန်မူယဲ့နှင့် ထပ်တွေ့ပြီး ထိုးနှက်ကြီးတစ်ခုကို ခံစားလိုက်ရသည်။

ယခင်က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားကျင့်ကြံသူသည် ယခုအချိန်တွင် ဟာသတစ်ခု ဖြစ်နေသည်။

“ငါ့ရဲ့ ကျင့်ကြံခြင်းနဲ့ တိုက်ခိုက်နိုင်စွမ်းအရ ‌ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ပြန်လာရင်လည်း အများကြီး ကူညီပေးနိုင်မှာမဟုတ်ဘူး”

“ဒီမှာပဲ တစ်ကိုယ်တော်ကျင့်ကြံသူအနေနဲ့ လွတ်လွတ်လပ်လပ် မုဆိုးတစ်ယောက်လုပ်နေတာက ပိုကောင်းလိမ့်မယ်”

ထူစွန်းရှစ်က တီးတိုးရေရွတ်သည်။

‘တစ်ကိုယ်တော်ကျင့်ကြံသူလား’

ဟန်မူယဲ့၏အမြင်အရ ကျင်းခယ်ကြယ်ပေါ်တွင် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင် သိပ်မကောင်းပေ။

သို့သော် ထူစွန်းရှစ်နှင့် တခြားလူများ၏ ကျင့်ကြံဆင့်အရ တခြားဂိုဏ်းများကို ဝင်ရောက်လျှင်လည်း မသင့်တော့ပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။

“အဲဒါဆိုရင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကို ပြန်ပြီးတည်ဆောက်ဖို့ ကြိုးစားကြည့်လို့ရတာပဲ”

‘အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကို ပြန်ပြီးတည်ဆောက်ရမှာလား’

ထူစွန်းရှစ်က အဝေးတစ်နေရာတွင်ရှိနေသော တုမင်ထောင်ကို လှမ်းကြည့်သည်။

ဟန်မူယဲ့က မည်သည့်အရာမှ ဆက်မပြောပေ။ သူက မိုင်တစ်သောင်းပတ်ဝန်းကျင်တွင် ဆက်သွယ်နိုင်သော ကျောက်စိမ်းအဆောင်လက်ဖွဲ့တစ်ခုကို ပေးလိုက်ပြီး ဖရိုဖရဲနတ်ဘုရားခန်းဆောင်သို့ ထွက်လာခဲ့သည်။

ကျင်းခယ်ကြယ်ပေါ်တွင် များပြားလှသော ဖရိုဖရဲနတ်ဘုရားခန်းဆောင်များ ရှိနေကြသည်။ ဟန်မူယဲ့၏အမြင်တွင် ထိုခန်းဆောင်များအားလုံးသည် စီးပွားရေးအတွက်သာ ဖြစ်သည်။

ဤနေရာတွင်ရှိနေ‌သော ဖရိုဖရဲနတ်ဘုရားခန်းဆောင်၏ တာဝန်များသည် ဆည်နှင့် သိပ်မဆိုင်တော့ပေ။ များသောအားဖြင့် အရင်းအမြစ်များ၊ ဝိညာဉ်သတ္တုများ၊ ကုန်သည်များ၊ လုပ်ကြံသတ်ဖြတ်ခြင်းများနှင့်သာ ပိုဆိုင်သည်။

ဟန်မူယဲ့က အံ့ဖွယ်ရွှေတာအိုဂိုဏ်းနှင့် ပတ်သတ်သောတာဝန်ကို ပယ်ဖျက်ပြီး လူအများ၏ရှေ့တွင် အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကို ထုတ်ယူခဲ့သည်။

တာဝန်များ အဆုံးသတ်ခြင်းကို လျှို့ဝှက်စွာလုပ်ဆောင်နိုင်သည်။ သို့မဟုတ် လူအများ၏ရှေ့တွင်လည်း လုပ်ဆောင်နိုင်သည်။

ဟန်မူယဲ့က အာရုံစိုက်မှုများကို ဆွဲယူရန်အတွက် လူအများ၏ရှေ့တွင် ဆောင်ရွက်ခဲ့သည်။

အနာဂတ်တွင် အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကို အလိုရှိပါက သူ့ကို လာရှာနိုင်သည်။ လျှိုချွမ်၏ အမှန်တရားခုနစ်ပါးအဖွဲ့နှင့် မသက်ဆိုင်တော့ပေ။

ပတ်ဝန်းကျင်တွင်ရှိသော လူများက မျက်လုံးများ တောက်ပနေကြသည်။ တချို့က အားပေးပြီး တချို့က ခေါင်းခါသည်။

ဟန်မူယဲ့က ဂရုမစိုက်ဘဲ ဖရိုဖရဲနတ်ဘုရားခန်းဆောင်မှ ထွက်လာခဲ့သည်။

သူက အလွန်လျင်မြန်စွာ ပျံသန်းလာပြီး နောက်မှလိုက်လာသော ကျင့်ကြံသူများကို မျက်ခြေဖြတ်ခဲ့သည်။ ထို့နောက် သူက မိုင်ထောင်ချီအကွာအဝေးကို ကျော်ဖြတ်၍ နောက်ထပ် ဖရိုဖရဲနတ်ဘုရားခန်းဆောင်တစ်ခုသို့ ‌ရောက်လာခဲ့သည်။

သူက စံချိန်မီဓားများနှင့် ဝိညာဉ်ဆေးပင်များ ဝယ်ယူရန်အတွက် လျှို့ဝှက်စွာ တာဝန်များ ထုတ်ပေးခဲ့သည်။

ကံကောင်းစွာဖြင့် သူက အံ့ဖွယ်ရွှေတာအိုဂိုဏ်းနှင့် ပတ်သတ်သော တာဝန်ကို ပြီးပြည့်စုံအောင် လုပ်ခဲ့သည်။ ထိုသို့မဟုတ်လျှင် တာဝန်များကို ထုတ်ပေးရန်အတွက် အဆင့်မီမည်မဟုတ်ပေ။

သူက ဖရိုဖရဲနတ်ဘုရားခန်းဆောင်မှ ထွက်လာသောအခါတွင် ဆက်သွယ်ရေးအဆောင်က ချီစွမ်းအင်အလင်းဖြင့် တောက်ပလာသည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပျံသန်းသွားလိုက်သည်။

ခဏအကြာတွင် အနက်ရောင်ဝတ်စုံနှင့် တုမင်ထောင်က သူ့ရှေ့တွင် ပေါ်လာသည်။

“သခင်လေးဟန်က ကျွန်တော်တို့ရဲ့ အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ကူညီပေးနိုင်တယ်လို့ လူအိုကြီးထူက ပြောလိုက်တယ်။ အဲဒါက တကယ်ပဲလား”

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် တုမင်ထောင်က အချိန်ဖြုန်းမနေဘဲ တိုက်ရိုက်ပြောလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ဟုတ်တယ်”

တုမင်ထောင်က ပျော်ရွှင်သွားပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ပြောသည်။

“သခင်လေးဟန်က ဘာလိုချင်တာလဲမသိဘူး။ ကျွန်တော်တို့က သခင်လေးဟန်အတွက် ဘာလုပ်ပေးရမလဲ”

‘သူက ဉာဏ်ကောင်းသားပဲ’

သို့မဟုတ် ရှေးတိမ်တိုက်စကြဝဠာ၏ ကျင့်ကြံသူများက ထိုသို့ပင် တွေးတောခြင်း ဖြစ်လိမ့်မည်။ အကျိုးအမြတ်ရှိလျှင် ပေးဆပ်ရမည့်တန်ဖိုးလည်း ရှိသည်။

“ငါက တချို့ကိစ္စတွေကို လုပ်ဖို့အတွက် အချိန်မရှိဘူး။ ပြီးတော့ ဝိညာဉ်ဆေးပင်တွေ အများကြီးလိုအပ်နေတယ်”

ဝိညာဉ်‌ဆေးပင် ....

တုမင်ထောင်က ဟန်မူယဲ့ကို မော့ကြည့်သည်။

“ငါက မင်းတို့ဂိုဏ်းကို တည်ထောင်ဖို့အတွက် ရန်ပုံငွေထုတ်ပေးမယ်။ ပြီးတော့ ဂိုဏ်းရဲ့ အမွေအနှစ်နည်းစနစ်ကို သုံးသပ်ပြီး တပည့်တွေကိုလည်း ပျိုးထောင်ပေးအုံးမယ်”

ဟန်မူယဲ့က ထပ်ပြောသည်။

ဂိုဏ်းကို တည်ဆောက်ရန်အတွက် ငွေကြေးလိုအပ်သည်။

ထို့အပြင် အမွေအနှစ်စွမ်းအား မရှိလျှင် ဂိုဏ်းက အဓိပ္ပာယ်မရှိပေ။

တုမင်ထောင်က ခေါင်းညိတ်လိုက်ပြီး ဦးညွှတ်သည်။

“ကျွန်တော်က သခင်လေးဟန်ကို အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်းရဲ့ မဟာအကြီးအကဲအဖြစ် ဖိတ်ခေါ်လိုက်ပါတယ်”

လက်တွေ့ကျသော အကျိုးအမြတ်များအပြင် အဆင့်အတန်းလည်း ရှိသေးသည်။

ဟန်မူယဲ့နှင့် တုမင်ထောင်တို့က အလွန်ပွင့်လင်းစွာ စကားပြောခဲ့သည်။

ထို့ကြောင့် သူတို့နှစ်ယောက်က ထူစွန်းရှစ်နှင့်ဆွေးနွေးရန် ရှောင်ရှားခဲ့သည်။

ဟန်မူယဲ့က ရယ်လိုက်ပြီး ပြောသည်။

“ကောင်းပြီ”

....

သုံးလအကြာတွင် ကျင်းခယ်ကြယ်နှင့် မိုင်သုံးထောင်ဝေးသော မိုင်တစ်ရာကျယ်ဝန်းသည့် ကြယ်တစ်စင်းပေါ်တွင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ ဂိတ်တံခါးကို တိတ်ဆိတ်စွာ တည်ဆောက်ခဲ့သည်။

ဟန်မူယဲ့က ဂိုဏ်း၏ ပထမဆုံးအကြီးအကဲဖြစ်ပြီး ဂိုဏ်း၏ အခြေခံအုတ်မြစ်လည်း ဖြစ်သည်။

လျှိုချွမ်၊ လီယွင်ချီနှင့် တခြားလူများက အကြီးအကဲနှင့် ဂိုဏ်းခွဲမှူးများ ဖြစ်လာကြသည်။ တုမင်ထောင်က ဂိုဏ်းချုပ်ဖြစ်သည်။

ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် သူတို့ရှစ်ယောက်ကသာ တိုက်ခိုက်နိုင်စွမ်းရှိသည်။ အသစ်စုစည်းထားသော ရာချီနေသည့်တပည့်များက ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ မရောက်သေးပေ။

ကျန်းချန်နှင့် တခြားလူများက တပည့်များကို နေ့စဉ် သင်ကြားပေးနေကြသည်။ ထူစွန်းရှစ်နှင့် တခြားလူများက ဖရိုဖရဲနတ်ဘုရားခန်းဆောင်သို့ မကြာခဏသွား၍ ဟန်မူယဲ့လိုအပ်သော ဓားနှင့် ဝိညာဉ်ဆေးပင်များကို ယူပေးနေသည်။

စံချိန်မီဓားများကို စုစည်းရန် မလွယ်ကူပေ။ ပန်းပဲပညာဂိုဏ်းကြီးများကြားတွင် အ‌ရောင်းအဝယ်ရှိသော်လည်း ဆက်သွယ်ရန် အချိန်ယူရသည်။

ဝိညာဉ်ဆေးပင်များကိုတော့ လျင်မြန်စွာ စုဆောင်းနိုင်သည်။ ထို့အပြင် တုမင်ထောင်က ဂိုဏ်း၏ ကောင်းချီးနယ်မြေသို့ အကြိမ်ရေအနည်းငယ်သွား၍ ဝိညာဉ်ဆေးပင်အများအပြား ယူလာခဲ့သည်။ ဟန်မူယဲ့က သိန်းချီသောဓားအမြုတေများကို သန့်စင်ရန်အတွက် လုံလောက်သော ဝိညာဉ်ဆေးပင်များကို ရရှိလာခဲ့သည်။

သို့သော် ဓားကျင့်ကြံသူအရေအတွက်က သန်းဆယ်ချီသောကြောင့် အလွန်လိုအပ်နေသေးသည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ တောင်တန်းအနောက်ဘက်တွင် ရွှေအလင်းရောင်ဖြင့်တောက်ပနေသော စံအိမ်တစ်လုံးရှိသည်။

ထိုနေရာသည် ဟန်မူယဲ့နေထိုင်သော ဓားစံအိမ်ဖြစ်သည်။

ထိုစံအိမ်ကို ပုံစံတူသာ တည်ဆောက်ထားပြီး ဓားစံအိမ်၏စွမ်းအားမျိုး မရှိပေ။

ဟန်မူယဲ့က များသောအားဖြင့် ဓားစံအိမ်ထဲတွင် ကျင့်ကြံနေတတ်သည်။

ဓားစံအိမ်၏ တတိယထပ်တွင် ဟန်မူယဲ့က အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်ကို ရှေ့တွင်ချထားပြီး ထိုင်နေသည်။ သူ့ဘေးတွင် ကျောက်စိမ်းပေလွှာတချို့ ရှိနေသည်။

ထိုကျောက်စိမ်းပေလွှာထဲတွင် အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ အမွေအနှစ်ဖြစ်သော ကျင့်ကြံခြင်းနည်းစနစ်နှင့် ဓားနည်းစနစ်များကို မှတ်သားထားသည်။

ဟန်မူယဲ့က အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ အမွေအနှစ်များကို တစ်ယောက်တည်းသိမ်းထားရန် ရည်ရွယ်ချက်မရှိပေ။ သူ့တွင် ရတနာများ မရှားပေ။

ထိုကျောက်စိမ်းပေလွှာများကို တုမင်ထောင်ဆီသို့ ပေးလိုက်မည်ဖြစ်သည်။ တုမင်ထောင်က သင့်တော်သောတပည့်များကို ရွေးထုတ်ပြီး သင်ကြားပေးလိမ့်မည်။

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာများကို သိမ်းလိုက်ပြီး ဓားအိမ်ပေါ်တွင် လက်တင်သည်။

“ဝီ”

ဓားချီများ ပေါ်ထွက်လာသည်။ ဓားအိမ်က ပွင့်သွားပြီး မ‌ရေမတွက်နိုင်သော ဓားအလင်းများကို မြင်ရသည်။

ဓားအိမ်ထဲတွင် သောင်းချီသောဓားများ သိုလှောင်ထားသည်။ ထိုဓားများသည် အနည်းဆုံး ဝိညာဉ်အဆင့်တွင် ရှိနေသည်။

ထိုဓားများထဲတွင် အသန်မာဆုံးဓားသည် သုံးပေနှင့်သုံးလက်မ ရှည်လျားသော မည်းနက်နေသည့် ဓားတစ်လက်ဖြစ်သည်။

ဤဓားအိမ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ဓားများအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်သည်။

ဤအရာသည် စိတ်ဝိညာဉ်ရတနာဖြစ်သော အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ် ဖြစ်သည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားဂိုဏ်း၏ ဂိုဏ်းစောင့်ရတနာသည် ဤဓားအိမ် ဖြစ်သည်။ သူမမြင်ဘူးသော မှော်ရတနာအဆင့်ဓား မဟုတ်ပေ။

“ဝီ”

ဓားအိမ်ထဲသို့ ဓားချီများ စိမ့်ဝင်သွားသည်။ သောင်းချီသောဓားများက ဓားတစ်လက်အဖြစ် စုစည်းသွားသည်။ ဟန်မူယဲ့၏ရှေ့တွင် အစိမ်းရောင်ဓားတစ်လက် ပေါ်လာသည်။

All Chapters